← Chapters

အခန်း ၁၂၆၂

Vol. 85 Ch. 1262

အခန်း ၁၂၆၂

Vol. 85 Ch. 1262

အခန်း (၁၂၆၂) နောက်ကွယ်ကလူသေမသေ

ထိုအဖြေကို လုယန်မကြားချင်ဆုံးဖြစ်သည်။

သိစိတ်နယ်မြေတွင် ခြောက်ကပ်တိတ်ဆိတ်နေသည်။ ခပ်ပေါပေါနေတတ်သည့်နတ်မယ်ပင် ပါးစပ်အဟောင်းသားဖြစ်သွားသည်။

"ပေါင်းစပ်ခြင်းအဆင့်ရောက်ဖို့ အချိန်ဘယ်လောက်လိုသေးလဲ အမယွမ်"

နာကျင်နေသည့်စိတ်ကိုထိန်း၍ လုယန် မေးလိုက်သည်။

"နှစ်တစ်ထောင်ကျော်"

ထိုခန့်မှန်းချက်ကို ယွမ်ကျိ သိပ်တော့ယုံကြည်ချက်မရှိ။

"နှစ်တစ်ထောင်..."

လုယန် လည်နင်မတတ်ဖြစ်သွားသည်။ တကယ်အဝေးကြီးလိုသေးသည်။

ယခုချိန် သူ့ကျင့်စဉ်စွမ်းအားပျက်စီး၍ ဆယ်ကြိမ်လောက် တစ်ကပြန်စလျှင်ပင် နှစ်တစ်ထောင်မပြည့်နိုင်။

"ပြီးတော့ ယော်စိန့်ကပြောသေးတယ်။ အမယွမ် ပိုလှုပ်ရှားလေ ပေါင်းစပ်ခြင်းအဆင့်ရောက်မယ့်အချိန် ပိုတိုလေတဲ့။ နောက်ထပ် ဘယ်နှကြိမ်လှုပ်ရှားနိုင်သေးလဲ"

ယွမ်ကျိ လက်ဖျောက်တစ်ချက်တီးလိုက်သည်။ သိစိတ်နယ်မြေက အလုံပိတ်လောကအသွင်ပြောင်းသွားသည်။ သူတို့သုံးယောက်က တောက်ပသည့်ကြယ်များ ဝန်းရံနေသည့် အလုံပိတ်လောကအလယ်တွင် ရောက်နေသည်။

"ငါ့ရွှေသန္ဓေကြယ်တွေက ငါ့ရဲ့လမ်းညွှန်မှတ်တွေပဲ။ ဒီလောကမှာ ငါ့ရဲ့ဖြစ်တည်မှုကို ကိုယ်စားပြုတယ်။ ငါတစ်ကြိမ်လှုပ်ရှားတိုင်း ရွှေသန္ဓေကြယ်တစ်လုံးပျောက်သွားတယ်။

ရွှေသန္ဓေကြယ်အားလုံးကုန်ရင် ငါ့ခန္ဓာက ပေါင်းစပ်ခြင်းအဆင့်ကိုရောက်မယ်။ ငါ့စိတ်နှလုံးက ကောင်းကင်နေရာမှာ အစားဝင်လာမယ်။ အဲဒီ့အချိန်ကျရင် ဒီလောကမှာ ငါ့သဲလွန်စ လုံးဝမရှိတော့ဘူး။

အားလုံးက ငါ့ဖြစ်တည်မှုကို မေ့သွားကြမယ်"

ထိုစကားကြောင့် ပြင်းထန်သည့်နာကျင်မှုနှင့် အပြစ်စိတ်ကို ခံစားလိုက်ရသည်။ သူ့ကိုကူညီသည့်အချိန်တိုင်း အမယွမ် ထိုမျှပြင်းထန်သည့် အကျိုးဆက်မျိုးရင်ဆိုင်ရကြောင်း သူလုံးဝနားမလည်ခဲ့။

"ဒါဆို အရိပ်တုလက်သီးပညာနဲ့ ကျုပ်အမယွမ်ကို မကြာခဏအကူအညီတောင်းခဲ့တာတွေက ပေါင်းစပ်ခြင်းအဆင့်ရောက်အောင် အရှိန်မြှင့်ပေးသလို ဖြစ်ခဲ့တာပေါ့"

ယွမ်ကျိက အရေးမကြီးဟန်ဖြင့်လက်ခါပြသည်။

"ဒါတွေက အသေးအဖွဲ့တွေပါ။ ငါလှုပ်ရှားတယ်လို့ သတ်မှတ်လို့မရဘူး"

လုယန်မေးလိုက်ချင်သည်။ ထိုအသေးအဖွဲဆိုသည်များက ယင်ယန်မသေမျိုးကို လေဟာနံရံနှင့်တိုက်မိအောင် ရိုက်ခဲ့ခြင်း သို့မဟုတ် ကိုးဆမသေမျိုးကို စရိုက်ပြောင်းသည်အထို ရိုက်ခဲ့ခြင်းများကို ဆိုလိုသလော...

လုယန်စိတ်ထဲမှအတွေးကို ယွမ်ကျိမသိ။ စကားလုံးဝမပြောဘဲ ရိုးသားသယောင်ရှိနေသည့် နတ်မယ်ကိုသာ တစ်ချက်ကြည့်သည်။

"တကယ်လို့ နတ်မယ်က စွမ်းအားအပြည့်အဆုံးအခြေအနေကိုရောက်ပြီး ငါနဲ့တိုက်ခိုက်မယ်ဆိုရင်တော့ ငါလှုပ်ရှားတယ်လို့ သတ်မှတ်လို့ရတယ်"

စကားထဲမှ သွယ်ဝိုက်အဓိပ္ပါယ်ကို အာရုံခံမိသဖြင့် နတ်မယ်က လုယန်မမြင်နိုင်သည့်နေရာတွင်ရပ်လျက် ယွမ်ကျိကို နှာခေါင်းရှုံ့ပြသည်။

"အမယွမ်၊ အရိယဖလက အမအပေါ်သက်ရောက်မှုရှိနိုင်လား"

လုယန်မေးပြီးနောင် ခဏခေါင်းငုံ့စဉ်းစားနေသည်။

"သက်ရောက်နိုင်တယ်။ အရိယဖလဆိုတာ စည်းမျဉ်းတစ်မျိုးပဲ။ စည်းမျဉ်းတွေက ကောင်းကင်ရဲ့အစိတ်အပိုင်းပဲ။ ငါကောင်းကင်အဖြစ်ပြောင်းသွားရင်တောင် အရိယဖလက ငါ့ကိုလွမ်းမိုးနိုင်တယ်"

ထိုစကားကြောင့် လုယန်စိတ်ထဲ ဆုံးဖြတ်ချက်ချလိုက်သည်။ အမယွမ် ပေါင်းစပ်ခြင်းအဆင့်ရောက်သည့်အဖြစ်ကို တားဆီးနိုင်သည့် အရိယဖလသန္ဓေကို သူကြိုးစားတည်ဆောက်မည်။

"နောက်တစ်ခုရှိသေးတယ် အမယွမ်။ နောက်ကွယ်ကရန်သူဟာ တကယ်သေသွားပြီလို့ထင်လား"

ထိုမေးခွန်းကြောင့် ယွမ်ကျိနည်းနည်းအံ့ဩသွားပြီး စိတ်ဝင်စားဟန်ဖြင့်ပြုံးလိုက်သည်။

"မင်းကဘယ်လိုထင်လို့လဲ"

"ကျုပ်ကတော့ သူအသက်ရှင်နေသေးတယ်လို့ ယုံကြည်တယ်"

"အဲ..ဘာလို့လဲ"

နတ်မယ်ခေါင်းကုတ်နေသည်။ ရှောင်ယန်ဘာကြောင့် ရုတ်တရက် ထိုသို့ကောက်ချက်ချလိုက်သည်ကို နားမလည်။

"လူဝင်စားအရိယဖလသန္ဓေကြောင့်ပေါ့။ နောက်ကွယ်ကရန်သူက စကားလုံးမှော်စွမ်းအားရှိတဲ့ ယော်စိန့်သာဆိုရင် လူဝင်စားအရိယဖလကို ခိုးနေစရာမလိုဘူး။

စကားလုံးမှော်အရိယဖလက လူဝင်စားအရိယဖလသန္ဓေဖန်တီးတာမျိုးကို လုပ်နိုင်တယ်။ ဒီတော့ ကျုန်းရှန်ပြည်နယ်မှာ ကျုပ်တို့တိုက်ခိုက်ခဲ့တဲ့လူဟာ ယော်စိန့်မဟုတ်ဘူးလို့ယူဆတယ်။

ယော်စိန့်အစစ်က ရှေးဟောင်းခေတ်မှာ သေသွားပြီ။ ကျုပ်တို့တိုက်ခိုက်ခဲ့တဲ့လူက နောက်ကွယ်ကရန်သူ ဖန်တီးထားတဲ့ ရုပ်သေးတစ်ခုသက်သက်ပဲ။

ပြီးနောက် ရန်သူက လူဝင်စားအရိယဖလကို လုယူနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။ ဒါပေမယ့် ပေါ်ပေါ်ထင်ထင်လာခိုးတယ်။

ကျုပ်တို့သူ့ကို တိုက်ခိုက်သတ်ဖြတ်နိုင်အောင် ဟာကွက်တွေ တမင်ထုတ်ပြထားသလိုပဲ။ နောက်ကွယ်ကရန်သူက သူသေပြီလို့ ကျုပ်တို့ကိုထင်စေချင်တာ"

ယွမ်ကျိက သူ့ကို သဘောကျသည့်အကြည့်ဖြင့်ကြည့်သည်။ သူ့ဆရာတူမောင်လေး တကယ်ရင့်ကျက်လာသည်။

"ဒါဆို ဒီမေးခွန်းကို သိစိတ်နယ်မြမှာ မင်းမေးတာက နောက်ကွယ်ကရန်သူ အသက်ရှင်နေသေးတယ်ထင်လို့ပေါ့"

"ဟုတ်ပါတယ်"

လုယန် ယွမ်ကျိကို သိစိတ်နယ်မြေသို့ခေါ်ရသည့် အကြောင်းရင်း နှစ်ခုရှိသည်။ တစ်ခုက ကိုယ့်သတ္တိကိုယ် မြှင့်တင်ဖို့။ နောက်တစ်ခုက နောက်ကွယ်ကရန်သူ ရိပ်မိသွားမည်စိုးသောကြောင့်ဖြစ်သည်။

"ကျုပ်ဝိညာဉ်ပြောင်း ကောင်းကင်ဆင်းရဲဖြတ်တော့ ယင်ထန်ရဲ့သိစိတ်ဝိညာဉ်ကပြောတယ်။ နတ်မယ်လုပ်ကြမခံရမီ မြောက်ပိုင်းကြယ်ကလှုပ်ရှားမှုတွေကို သေချာစောင့်ကြည့်နေတာတဲ့။

ဒါပေမယ့် လုပ်ကြံမှုဖြစ်ပြီးတဲ့ထိ ရန်သူရဲ့အရိပ်အယောင်ကို မတွေ့ဘူး။ ပြီးတော့ ယော်စိန့်ပေါ်မလာခင်မှာ အမယွမ်ရော နတ်မယ်ရော သူအနားမှာရှိနေတာကို သတိမထားမိဘူး။

ဒါကိုကြည့်ရင် ရန်သူက ပုန်းကွယ်တဲ့နေရာမှာ အလွန်တော်တဲ့သဘောပဲ။ ဒါကြောင့် ကျုပ်တို့ပြောတာကို ရန်သူမကြားဖို့ဆိုရင် အမရောနတ်မယ်ပါ သိစိတ်နယ်မြေမှာ ရှိနေမှပဲဖြစ်မယ်"

သိစိတ်နယ်မြေတွင် ဝိညာဉ်ခန္ဓာများသာရှိသည်။ လုယန်သိသလောက် သိစိတ်နယ်မြေထဲမှာပင် သဲလွန်စမပေါ်လောက်အောင် ပုန်းခိုနိုင်သည့် နည်းလမ်းမျိုးမရှိ။

ရှိခဲ့လျှင် အရှုံးပေးလိုက်ရုံသာဖြစ်သည်။ ထိုထက်စိတ်ချသည့်နေရာမျိုး သူမတွေးတတ်တော့။

"ဒါဆို ရှောင်ယန်၊ နောက်ကွယ်ကရန်သူက မသေတဲ့အပြင် ငါတို့ကြားမှာပါ ရှိနေနိုင်တဲ့သဘောပေါ့"

လုယန် ခေါင်းငြိမ့်၍ ရှင်းပြသည်။

"နတ်မယ်၊ ဗုဒ္ဓနိုင်ငံမှာတုန်းက အချိန်လမ်းကြောင်း ပြောင်းသွားတဲ့ကိစ္စကို မှတ်မိသေးလား"

"မှတ်မိပါတယ်။ ဘာလို့လဲ"

"ရန်သူလုပ်လိုက်တဲ့ အသေးစိတ်အချိန်လမ်းကြောင်းအပြောင်းအလဲတွေကိ မသိပေမယ့် အဲဒါက ကျုပ်တို့ကြုံခဲ့တဲ့ အဖြစ်အပျက်နဲ့ ဆက်နွယ်နေတယ်ဆိုတာ သတိထားမိလား။

အဲဒီတုန်းက နောက်ကွယ်ကရန်သူနဲ့ပတ်သက်တဲ့ သဲလွန်စတစ်ခုခု ကျုပ်တို့ရခဲ့လိမ့်မယ်။ ဒါကြောင့် အချိန်လမ်းကြောင်းကို သူပြောင်းလိုက်တာ"

လုယန် လက်နှစ်ချောင်းထောင်သည်။

"ဖြစ်နိုင်ခြေနှစ်ခုရှိတယ်။ ပထမတစ်ခုက တားမြစ်စကားလုံးတစ်ချို့ကို ရန်သူကကြိုတင်(စည်းမျဉ်း)သတ်မှတ်ထားလိမ့်မယ်။ အဲဒီ့ထဲက စကားတစ်လုံးကို ကျုပ်တို့ပြောမိတာနဲ့ အချိန်လမ်းကြောင်း ပြောင်းသွားမယ်။

ကျုပ်တို့က အဲဒီ့စကားတစ်လုံးကို ပြောမိခဲ့တာပဲ"

ထိုသို့ပြောရင်း လုယန်မျက်နှာ လေးနက်တည်ကြည့်သွားသည်။

"နောက်ဖြစ်နိုင်ခြေကတော့ သူကအရိပ်ထဲမှာပုန်းနေပြီး ကျုပ်တို့ကို စောင့်ကြည့်နေတာပဲ"

တစ်ချို့ကိစ္စများကို အပြင်လောကတွင် သူပြော၍မရ။ ယွမ်ကျိနှင့် နတ်မယ်ရှိသည့် သိစိတ်နယ်မြေတွင်သာ ပြောမှဖြစ်မည်။

လုယန်၏ သုံးသပ်ချက်ကြောင့် နတ်မယ်မှင်သက်မိနေသည်။ ရှောင်ယန်က သူ့ထက်ပင် ဉာဏ်ရည်ထက်မြက်သည်ဟု ခံစားရသည်။

လုယန်အတွေးကို ယွမ်ကျိ အကြမ်းဖျင်းနားလည်သည်။ မေးခွန်းတစ်ခုသာကျန်သည်။

"ဒါဆို ဒီလောကကိုဖွင့်ဖို့ မင်းဘာလို့သဘောတူလိုက်တာလဲ"

လုယန် မချိပြုံးပြုံး၍ လက်ဖြန့်သည်။

"သဘောမတူစရာ အကြောင်းမရှိလို့ပေါ့။ ရန်သူက သူသေဟန်ဆောင်တာ အောင်မြင်ပြီးလို့တွေးပြီး သူ့ဘာသာဟာကွက်တစ်ခုခု ပေါ်လာအောင် ကျုပ်စောင့်နေတာ။

လောကဖွင့်မယ့်ကိစ္စ ကျုပ်ငြင်းလိုက်ရင် နောက်ကွယ်ကရန်သူက ပိုသတိထားပြီး ပုန်းနေမှာပေါ့။ အချိန်ဆွဲဖို့အတွက် လောကဖွင့်ဖို့ကိစ္စ အလျင်စလိုလုပ်လို့မဖြစ်ဘူး ကြိုတင်ပြင်စရာတွေအများကြီးရှိတယ်လို့ ကျုပ်ပြောခဲ့တာလေ။

ဒီအစီအစဉ်ကို ဘယ်လိုထင်လည်း အမယွမ်"

လုယန်က ယွမ်ကျိကို မျှော်လင့်ချက်အကြည့်ဖြင့် ကြည့်သည်။ လောကဖွင့်မည့်ကိစ္စနှင့်ပတ်သက်ပြီး တားမြစ်စရာအကြောင်းတစ်ခုခု ယွမ်ကျိကို သူထုတ်ပြောစေချင်သည်။

လုယန်ထိုမျှအတွေးစေ့စပ်မည်ဟု ယွမ်ကျိထင်မထား။

"နောက်ကွယ်ကရန်သူ သေဟန်ဆောင်နေတယ်လို့ ငါလည်းထင်ပါတယ်။ ဒါပေမယ့် လောကကိုဖွင့်တာက အကောင်းဆုံးပဲလို့ ငါယူဆတယ်"

********************************

All Chapters