← Chapters

အခန်း ၁၂၆၃

Vol. 85 Ch. 1263

အခန်း ၁၂၆၃

Vol. 85 Ch. 1263

အခန်း (၁၂၆၃) မကြောက်တရား

"အဲ၊ ဘာလို့လဲ"

သို့သော် သူပို၍တွေးမရသည်က ထိုမေးခွန်းမျိုး ခုနက တစ်ယောက်ယောက် မေးပြီးသလိုလိုခံစားရသည်။

"ကျုန်းရှန်ပြည်နယ်တိုက်ပွဲကို မင်းဘယ်လိုထင်လဲ"

"ရှေးဟောင်းခေတ်မှာရော ခေတ်သစ်မှာရော အမြင့်ဆုံးတိုက်ပွဲပါ"

ရှေးဟောင်းခေတ်မှ ယနေ့ထိ ကျုန်းရှန်တိုက်ပွဲသည် အပြင်းထန်ဆုံးဖြစ်သည်မှာ သံသယဖြစ်စရာမလို။

"နိုင်ငံ့စွမ်းအား မှော်စက်ဝန်းအကာအကွယ်သာမရှိရှင် ကျုန်းရှန်တိုက်ပွဲအကျိုးဆက်က ဘယ်လိုဖြစ်သွားမယ်ထင်လဲ"

လုယန် မင်သက်မိသွားသည်။ သူကြက်သီးထသွားသည်။ ထိုအချက်ကို သူတကယ်မစဉ်းစားခဲ့မိ။

သံသယဖြစ်စရာမလို။ သက်ရှိအားလုံး ထင်မှတ်မထားဘဲ ဒုက္ခရောက်ကြမည့် တိုက်ပွဲတစ်ခု ဖြစ်ခဲ့လိမ့်မည်။

နတ်မယ်နှင့် ပဲပြာအရှင်တိုက်ပွဲကပင် သက်သေတစ်ခုဖြစ်သည်။ နတ်ဆိုးနယ်မြေမှ ဝူလင်တိုက်နယ်အထိ တိုက်ခိုက်ကြသည်။ ထို့နောက် ပြန်ဆင်းလာသည်။

ကေင်းကင်တက်၍ မြေပြင်ဆင်းသည်ဟုပြောလျှင် ပိုမှန်မည်။

ထိုထက်ပိုပြင်းထန်သည့် ကျုန်းရှန်တိုက်ပွဲတွင် မှော်စက်ဝန်းသာ ကာမထားလျှင် တိုက်ပွဲရောက်သည့်နေရာတိုင်း သေကြေပျက်စီးမှုများစွာ ဖြစ်လိမ့်မည်။

"ယော်စိန့်က နောက်ကွယ်ကရန်သူ ဖန်တီးထားတဲ့ ရုပ်သေးလေးပါ။ ဒီတော့ ရန်သူက ဒီထက်ပိုပြီးစွမ်းအားကြီးတဲ့သဘောပဲ။ မဟာရှားနိုင်ငံ့ကြမ္မာစွမ်းအားက အတော်များများကုန်သွားပြီ။

ငါသာ ရန်သူနဲ့တိုက်ခိုက်မယ်ဆိုရင် ကျင့်ကြံသူလောက ပျက်စီးသွားမှာ သေချာတယ်။ ဒီလောကက ဒီလောက်အဆင့်တိုက်ပွဲတွေကို ခံနိုင်ရည်မရှိဘူး။ ငါတို့တိုက်ပွဲကွင်းက အလုံပိတ်လောကအပြင်ဘက်မှာပဲ ဖြစ်ရမယ်"

အကျဉ်းထောင်တောင်ထိပ်တွင် သတင်းစာထုတ်‌ဝေရေးတာဝန် ကျလာသည်။ သတင်းစာအကြောင်းအရာကြောင့် သူတို့အကြီးအကျယ် အံ့အားသင့်သွားကြသည်။

မဟာချန်နှင့် မဟာယုအဖွဲ့ ယာယီငြိမ်းချမ်းရေးယူလိုက်သည်။

"သူတို့က လောကမှော်စက်ဝန်းကို ဖွင့်တော့မှာလား"

ကောင်းကင်အင်ပါယာ မချင့်မချင်မရဲဖြစ်နေသည်။ သူလုပ်ခဲ့သမျှအားလုံးက ထိုလောကနံရံကိုဖွင့်၍ အပြင်လောကကို ကြည့်လိုခြင်းဖြစ်သည်။

သို့သော်ယခု လောကနံရံဖွင့်တာ့မည့်အချိန်တွင် သူက အကျဉ်း‌ထောင်ထဲရောက်နေသည်။

"ဆိုးလိုက်တဲ့ကံကွာ"

ကောင်းကင်အင်ပါယာသခင် ငိုရခက်ရယ်ရခက်ဖြစ်နေသည်။

"အကောင်းဘက်ကတွေးပါ။ ယော်စိန့် မသေမျိုးနန်းတော်ကို ထိုးဖောက်ဝင်လာပြီး အချိန်အရိယဖလက တာအိုလမ်းစဉ်ဂိုဏ်းမှာရှိတယ်လို့ သတင်းပေးခဲ့တယ်။

လောကနံရံကိုဖွင့်ချင်တဲ့ သူ့ရည်ရွယ်ချက်က ငါတို့နဲ့အတူတူပဲလို့ ပြောတယ်။ အနည်းဆုံးတော့ ငါတို့က ယော်စိန့်ထက် ကံကောင်းသေးတယ်။ အလုံပိတ်လောကပွင့်တာကို ကိုယ်တိုင်မြင်ခွင့်ရသေးတယ်။ သူက အဲလိုအခွင့်အရေးတောင်မရဘူး"

"ဒါလည်းဟုတ်တာပဲ"

အင်ပါယာသခင် ခေါင်းငြိမ့်သည်။

ကျင့်ကြံသူအပတ်စဉ် ထုတ်ဝေမှုအသစ်ထွက်လာသည်။ ကျင့်ကြံသူလောကတစ်ခုလုံး ထိုသတင်းကြောင့် ဂယက်ထသွားသည်။

"ရှေးဟောင်းမသေမျိုးလေးယောက်ပေါ်လာတယ်ပေါ့။ အလုံပိတ်လောကကို ဖွင့်တော့မယ်တဲ့လား"

ရှေးဟောင်းမသေမျိုးလေးယောက်သည် ခေတ်ကလနှင့်လျှို့ဝှက်ဆန်းကျယ်မှု တစ်ထပ်တည်းကျသည်။ ရှေးဟောင်းခေတ်ဆုံးကတည်းက နှစ်သုံးသိန်းကြာအောင် လူပေါင်းများစွာ ထိုမသေမျိုးများကို ခြေရာခံခဲ့သော်လည်း အချည်းနှီးသာဖြစ်သည်။

လုယန်နှင့်မုန်ကျင်းကျိုး ကူးဖြတ်ခြင်းအဆင့်တက်ချိန်တွင် ယင်ထန်မသေမျိုးသာ ပေါ်လာသေးသည်။

သို့သော် ထင်မှတ်မထားပဲ နောက်ထပ်သုံးယောက် တစ်ပြိုင်တည်းပေါ်လာသည်။

"ဒါပေမယ့် အလုံပိတ်လောကဆိုတာက ဘာလဲ။ အဲဒါဘယ်မှာလဲ"

သာမန်လူများနှင့် ကျင့်ကြံသူအများစုက တစ်သက်လုံး သူတို့ကောင်တီများ ပြည်နယ်များမှ လုံးဝမထွက်ခဲ့။ လောက၏ပုံစံအစစ်ကို မသိကြ။

တွေးရခက်နေကြစဉ်မှာပင် သတင်းစာပေါ်မှ စာသားက ပြောင်းလဲသွားသည်။ ကုဗပုံ ပုံရိပ်တစ်ခုဖြစ်လာသည်။ မျက်နှာပြင်ခြောက်ခုပေါ်တွင် အမှတ်အသားများပါသည်။ နတ်ဆိုးနယ်မြေ၊ အရှေ့ပင်လယ်...

လူအားလုံး တိမ်ဖုံးနေရာမှ နေ့အလင်းကို မြင်ရသလို ခံစားကြရသည်။ ယခုမှ လောက၏ပုံသဏ္ဌာန်အစစ်ကို နားလည်လာသည်။

"ဒီလောကကြီးတောင် ကျယ်လှပြီလို့ ငါထင်ခဲ့တာ။ ငါတို့လောကအလွန်မှာ တစ်ခြားလောကရှိသေးတာပဲ"

"ဒါပေမယ့် ဒီကိစ္စက ငါတို့နဲ့ဘာမှမဆိုင်ဘူးမဟုတ်လား"

လောကမြေပုံပိုကျယ်သွားလဉ်း ဘာထူးမည်နည်း။ သူတို့နှင့် ဘာဆိုင်သနည်း။

သူတို့အအံ့ဩဆုံးကိစ္စက ရှေးဟောင်းမသေမျိုးလေးယောက် ပေါ်လာသည့်ကိစ္စသာဖြစ်သည်။

လောကပုံစံအစစ်ကိုသိကြသည့် ကျင့်ကြံသူများ၊ အထူးသဖြင့် လေဟာနယ်ကို ရုပ်ခန္ဓာဖြင့်ဖြတ်ကျော်၍ အာကသသို့ ခရီးဆန့်နိုင်သူများက စိတ်အလှုပ်ရှားဆုံးဖြစ်သည်။

အတော်များများက အချိန်မဆိုင်းဘဲ ငွေအမြောက်အများသုံး၍ ဝိုင်ဆိုင်များ ဆောင်ကြာမြိုင်များ တစ်ခုလုံးအပြတ်ငှားကြသည်။

ဆောင်ကြာမြိုင်ဖောက်သည်တစ်ချို့က ထိုသတင်းကြားပြီးနောက် သူတို့အခန်းထဲမှ ချက်ချင်းထွက်လာပြီး ဘေးခန်းမှမိတ်ဆွေများနှင့် စိတ်အားထက်သန်စွာ စကားပြောကြသည်။

မိသားစုအကြီးအကဲများ အသံတိတ်သွားသည်။ အပြင်လောကသို့ စွန့်စားသွားလာချင်စိတ်ပေါ်လာသည်။

"တစ်ခါမှမတွေးမိခဲ့ဘူး။ ငါတို့တကယ်ကံကောင်းတာပဲ။ အလုံပိတ်လောကဖွင့်မယ့်နေ့ကို ကိုယ်တွေ့မြင်ခွင့်ရတော့မယ်"

"မဟာကပ်နီးလာရင် ရှေးဟောင်းခေတ်ကနေ့ရက်တွေ ပြန်ရောက်လာတယ်လို့ပြောကြတယ်။ ဒါက ရောက်လာတော့မယ့်မဟာကပ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်မယ်"

"အပြင်လောကကြီးက ဘယ်လိုပုံများရှိမလဲ"

"ပြောရခက်တယ်။ အပြင်ဘက်မှာ အန္တရာယ်တွေပြည့်ချင်ပြည့်နေမှာ"

"ဘာလို့လဲ"

"စည်းစားကြည့်လေ။ ငါတို့လောက ဒီလောက်ပဲကျယ်တာတောင် ကျင့်ကြံသူတွေ မသေမျိုးတစ်ဝက်တွေ မသေမျိုးတွေ အများကြီးပေါ်လာသေးတာပဲ။ ရှေးဟောင်းမှတ်တမ်းတွေအရ အပြင်လောကဟာ အဆုံးမရှိကျယ်ပြန့်တယ်တဲ့။ အဲဒီ့မှာ ကျင့်ကြံသူတွေ ဒီထက်ပိုများမှာပဲ။

ငါတို့နဲ့ကျင့်စဉ်အဆင့်တူတဲ့ စုစည်းခြင်းကျင့်ကြံသူမျိုး အများကြီးတွေ့ရနိုင်တယ်"

"လောကနံရံပွင့်တဲ့အချိန်ကျရင် အပြင်လောကကို ငါတို့အတူသွားသင့်တယ်ထင်တယ်။ တစ်ယောက်နဲ့တစ်ယောက် ကူညီလို့ရတာပေါ့"

"အဲဒါဟုတ်တယ်"

"မဟာရှားက အပြင်လောကကို လေ့လာရေးအဖွဲ့တစ်ခု သေချာပေါက်လွှတ်မှာပဲ။ ငါတို့ရုံးတော်အရာရှိမဟုတ်တာဆိုးတယ်ကွာ။ အဲလိုဆို အများကြီးပိုဘေးကင်းမှာ"

ရွှေစီးပွားကုန်သည်အသင်းက အခွင့်အရေးကိုမြင်သဖြင့် အပြင်လောကသို့ လေ့လာရေးခရီးထွက်မည့် လူများအတွက် တစ်ကိုယ်ရေထိခိုက်မှုအာမခံများ စတင်ရောင်းချသည်။

အင်ပါယာရှား၊ ကျောင်းထိုင်မိန်ယု၊ ကျူးထန်၊ နဂါးအင်ပါယာနှင့် အငြိမ်းစားယူထားသည့် နှင်းအင်ပါယာတို့က နယ်မြေကိုယ်စားပြုများအဖြစ် လောကဖွင့်မည့်ကိစ္စအတွက် အသေးစိတ်ဆွေးနွေးကြသည်။

သူတို့ကို ကိုယ်စားပြုသည့် ကျန်းပင်ကန်း၊ အချိန်မသေမျိုး၊ ကျန်းလျန်ယိ၊ အောင်းလင်းနှင့် ကိုးဆမသေမျိုးက အလွတ်တန်းတာဝန်ခံများသာဖြစ်သည်။ ကိုယ့်အဖွဲ့အစည်းအခြေအနေအကြောင်း သိပ်မသိကြ။

အသေးစိတ်ဆွေးနွေးသည့်ကိစ္စများကို အုပ်ချုပ်ရေးတာဝန်ခံအစစ်များက လုပ်ကြရသည်။

နှင်းအင်ပါယာပေါ်လာသဖြင့် ကျန်သည့်လေးယောက် အံ့ဩနေကြသည်။ မြောက်ပိုင်းတိုက်နယ်တွင် နှင်းပါယာတစ်ယောက်ရှိမှန်း သူတို့မသိကြ။

"နှင်းအင်ပါယာ၊ ခင်ဗျားက မြောက်ပိုင်းတိုက်နယ်ရဲ့ အုပ်ချုပ်သူလား"

နှင်းအင်ပါယာ သက်ပြင်းချသည်။ သူအငြိမ်းစားယူသည်မှာ ရက်ပိုင်းသာရှိသေးသည်။ ကိုးဆမသေမျိုးက အစည်းဝေးတက်ဖို့လှမ်းခေါ်သည်။

"အုပ်ချုပ်သူရယ်တော့မဟုတ်ပါဘူး။ ကျုပ်တို့ဒေသလူတွေအမြင်မှာ ကျုပ်ကဒဏ္ဍာရီလူသားပေါ့"

"ဒါဆို..."

"ဒါပေမယ့် စိတ်မပူပါနဲ့။ မြောက်ပိုင်းတိုက်နယ်မှာ ကျုပ်ကစွမ်းအားအကြီးဆုံးပါ။ စည်းဝေးပွဲပြီးတာနဲ့ အဲဒီ့ကကိစ္စတွေကို ကျုပ်သေချာပေါက်ကိုင်တွယ်နိုင်ပါတယ်။

ကျုပ်ကိုမယုံကြည်တဲ့ကောင်ရှိရှင် နှင်းအင်ပါယာက ဘာလဲဆိုတာ အကြောင်းသိအောင်ပြလိုက်မယ်"

ငယ်စဉ်က နှင်းအင်ပါယာသည် မြောက်ပိုင်းတိုက်နယ်၏ ပြိုင်ဘက်ကင်းဖြစ်သည်။ သို့သော် မသေမျိုးတစ်ဝက်ဖြစ်ပြီးနောက်ပိုင်း ကိုယ့်ဘာသာသီးခြားနေထိုင်ခဲ့သည်။

ကျန်သည့်လူများ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြသည်။ နှင်းအင်ပါယာက ထိုသို့ပြောနေပြီဖြစ်၍ မြောက်ပိုင်းတိုက်နယ်မှ ကျင့်ကြံသူများအတွက် စိုးရိမ်စရာလိုတော့မည်မထင်။

အင်ပါယာရှားက စပြောသည်။

"ဝူလင်တိုက်နယ်ကိုဖွင့်တဲ့အခါ ကျင့်ကြံသူတွေက သေချာပေါက်အပြင်ထွက်ကြမှာပဲ။ ဒီကိစ္စကို အစစ်အဆေးမရှိဘဲ ဒီအတိုင်းခွင့်ပြုလို့မဖြစ်ဘူး။ ပရမ်းပတာဖြစ်ကုန်လိမ့်မယ်။

ကျင့်ကြံသူတွေရဲ့အထောက်အထား၊ သူတို့သယ်လာတဲ့ပစ္စည်းတွေကို စစ်ဆေးနိုင်မယ့် မှော်စက်ဝန်းကြီးတစ်ခု တည်ဆောက်ကြရင်ကောင်းမယ်ထင်တယ်။ ဒီလောကထဲကနေ ဝင်မယ့်ထွက်မယ့်လူမှန်သမျှ ဒီမှော်စက်ဝန်းကို ဖြတ်ရမယ်"

သို့သော် အင်ပါယာရှားအကြံကြောင့် ကျန်သည့်လူအားလုံး နည်းနည်းအခက်တွေ့သွားသည်။ အထူးသဖြင့် နဂါးအင်ပါယာနှင့် နှင်းအင်ပါယာက အခက်တွေ့နေသည်။

"ဘာလို့ဘာမှမပြောကြတာလဲ"

"အာ..ကျုပ်တို့..ကျုပ်တို့အုပ်ချုပ်တဲ့နယ်မြေတွေမှာ ကျင့်ကြံသူတွေကို မှတ်ပုံတင်တာမျိုး တစ်ခါမှမလုပ်ဖူးဘူးလေ"

မှတ်ပုံတင်ဖို့အတွက် အရင်ဆုံး ကျင့်ကြံသူများကို ဘယ်သူဘယ်ဝါခွဲခြားသိဖို့လိုသည်။ သို့သော် အရှေ့နယ်မြေနှင့် မြောက်ပိုင်းတိုက်နယ်တွင် ထိုသို့လုပ်ဖို့ နည်းလမ်းမရှိ။

နတ်ဆိုးနယ်မြေက နည်းနည်းတော်သေးသည်။ သို့သော် ကျူးထန်လည်း နတ်ဆိုးမျိုးနွယ်ဝင်တိုင်းကို စာရင်းကောက်ထားသည်မဟုတ်။

"ဒါဆို ကျုပ်တို့ပထမဆုံးလုပ်ရမှာက ကျင့်ကြံသူတွေအားလုံးကို စာရင်းပြုစုပြီး မှတ်ပုံတင်ရမှာပေါ့"

အင်ပါယာရှား သက်ပြင်းချသည်။ ကြိုတင်ပြင်ဆင်သည့်အလုပ်က သူထင်ထားသည်ထက် ပိုကျယ်ပြန့်ကြောင်း နားလည်လာသည်။

"အချိန်ကုန်သက်သာမယ့် နည်းလမ်းတစ်ခုတော့ ရှိပါတယ်"

"ဘာနည်းလမ်းလဲ"

"အချိန်မသေမျိုးကို အချိန်ရပ်ပေးဖို့ တောင်းဆိုမယ်။ တစ်အိမ်တက်ဆင်းမှတ်ပုံတင်စာရင်းကောက်တဲ့အချိန် မှတ်ပုံတင်နေတဲ့လူကို ရပ်နေတဲ့အချိန်စက်ဝန်းအတွင်းမှာ လှုပ်ရှားခွင့်ပေးမယ်။

မှတ်ပုံတင်ပြီးတာနဲ့ အချိန်ကိုပြန်ရပ်မယ်။ အဲလိုဆိုရင် တစ်လောကလုံးက ကျင့်ကြံသူတွေကို မှတ်ပုံတင်နိုင်တယ်။ ကျင့်ကြံသူတွေရော သာမန်လူတွေကိုပါ မှတ်ပုံတင်ရမယ်ဆိုရင်တောင် တစ်စက္ကန့်လောက်ပဲ ကြာလိမ့်မယ်"

************************************

All Chapters