← Chapters

အခန်း ၁၂၆၅

Vol. 85 Ch. 1265

အခန်း ၁၂၆၅

Vol. 85 Ch. 1265

အခန်း (၁၂၆၅) အရိယဖလသန္ဓေ

ကြုံတွေ့ခဲ့သည့် အဖြစ်အပျက်များကို သူသေချာပြန်စဉ်းစားသည်။ အသေးအဖွဲကိစ္စတစ်ခုခုဖြင့် လောကအတွေ့အကြုံယူရန် ဂိုဏ်းမှထွက်တိုင်း ထိန်းချုပ်မရသည့်အခြေအနေတစ်ခုအထိ ရောက်ရောက်သွားသည်။ အမှန်တော့ ထိုအဖြစ်သည်လည်း သံသရာတစ်မျိုးဖြစ်သည်။

သူကိုယ်တိုင်နားမလည်ဘဲ ထိုသံသရာစက်ဝန်းအတွင်း အမြဲတမ်းရှိနေခဲ့သည်။

"ဒါဆိုငါက သံသရာရဲ့မူလအစလို့ သတ်မှတ်နိုင်လား"

သူ့ဘာသာရေရွတ်နေသည်။

"အတွေအကြုံတွေတင် အထပ်ထပ်ဖြစ်တာမဟုတ်ဘူး။ ကျင့်ကြံတာကလည်း သံသရာတစ်မျိုးပဲ။ ချီအဆင့်ကိုးဆင့်ကျော်ရင် အခြေတည်အဆင့်ရဲ့ အခြေခံ၊ အလတ်တန်း၊ ထိပ်တန်းအဆင့်။ ရွှေသန္ဓေအဆင့်ရောက်တော့လည်း အခြေခံ၊ အလတ်တန်း၊ ထိပ်တန်း...အဆင့်သစ်တက်တယ်ဆိုတာ သံသရာအသစ်ပြန်စတဲ့ သဘောဘဲ။ အဆက်မပြတ်ကျင့်ကြံနေရတယ်။

မွေးဖွားတယ်၊ ကြီးပြင်းတယ်၊ နာမကျန်းဖြစ်တယ်၊ သေဆုံးတယ်။ နောက်မျိုးဆက်တွေကို ကိုယ်ဝိညာဉ်ရဲ့အခွဲတစ်ခုလို့မြင်တယ်။ နောက်မျိုးဆက်တွေကလည်း အဲလိုဆက်ကြုံရတယ်...

ဒါဆို လူတိုင်းက သံသရာစက်ဝန်းထဲမှာ ပိတ်မိနေကြတာပဲ"

လုယန် သူ့ဘာသာတီးတိုးရေရွတ်သည်။ သူ့မျက်လုံးထဲတွင် အရောင်တောက်လာသည်။ နောက်ဆုံးတွင် အမယွမ်ကို ကူညီနိုင်မည့် အရိယဖလသဘာဝမျိုးကို နားလည်လာသည်။

ထိုအရိယဖလဆီရောက်ဖို့ တံတားတစ်ခုလိုသေးသည်။ ထိုတံတားသည် အသိအမြင်ဗဟုသုတဖြင့် တည်ဆောက်ထားသည်။ လက်ရှိ သူ့အသိအမြင်သည် မလုံလောက်သေး။ တစ်ခြားအရိယဖလသန္ဓေများ သို့မဟုတ် ပြည့်စုံသည့်အရိယဖလများကို လေ့လာဖို့လိုသည်။

ဘယ်အရိယဖလသန္ဓေမျိုးက သူ့ကို အသိအမြင်ပေးနိုင်မည်ကို သေချာမသိသေး။ ထို့ကြောင့် အရိုးရှင်းဆုံးနည်းလမ်းကိုသုံးဖို့ ဆုံးဖြတ်လိုက်သည်။ ဆက်ကြိုးစားမည်။

"ကျေးဇူးပါ၊ ညီမထောင်။ ကျေးဇူးပါ ညီလေးလီ"

လုယန် လက်နှစ်ဘက်ဆုပ်၍ အလေးအနက် ကျေးဇူးတင်စကားဆိုသည်။ ထောင်ယော်ယဲ့နှင့် လီဟော်ရန်လည်း နည်းနည်းအူကြောင်ကြောင်ဖြစ်သွားပြီး ပြန်၍အရိုအသေပေးသည်။

လုယန် အားလုံးကိုချန်ထားခဲ့ပြီး အကျဉ်းထောင်တောင်ထိပ်သို့သွားသည်။

နတ်မယ်က သိချင်စိတ်ပြင်းပြနေသည်။

"ရှောင်ယန်၊ နင်ဘယ်လိုအရိယဖလသန္ဓေမျိုး တည်ဆောက်မယ်ဆိုတာ တွေးပြီးပြီလား"

"တွေးပြီးပြီ"

"ဘယ်လိုဟာမျိုးလဲ။ လွှမ်းခြုံခြင်းလား လွန်မြောက်ခြင်းလား"

လုယန်စကားပြောရင်း ပြေးလွှားနေသည်။ သူနည်းနည်းစိတ်လှုပ်ရှားနေသည်။

"လွှမ်းခြုံခြင်းဖြစ်ဖြစ် လွန်မြောက်ခြင်းဖြစ်ဖြစ် ဘာမဆိုအဆင်ပြေတယ်။ အရေးကြီးဆုံးက အမယွမ်ရဲ့ ပေါင်းစပ်ခြင်းအဆင့်တက်မယ့်ပြဿနာကို ကူညီဖြေရှင်းပေးနိုင်ဖို့ပဲ။ ဒါပေမယ့် တကယ်အလုပ်ဖြစ်မဖြစ်ဆိုတာ စမ်းကြည့်မှပဲသိမယ်"

အကျဉ်းထောင်တောင်ထိပ်သို့ရောက်ချိန်တွင် မဟာချန်နှင့်မဟာယုအဖွဲ့များက သီးခြားနှစ်ပိုင်းခွဲ၍နေသည်။ ကျဉ်စဉ်အဆင့်အနိမ့်ဆုံးဖြစ်သည့် တွမ်ချင်ရွှေ့နှင့် မိုရှောင်ချွေ့တို့နှစ်ယောက်လည်း တစ်ယောက်တစ်ပိုင်းကွဲသွားသည်။

ကူးဖြတ်ခြင်းအဆင့်နှင့် မသေမျိုးတစ်ဝက်အဆင့်ကျင့်ကြံသူများ သူတို့ဘေးတွင်ဝိုင်းအုံ၍ ကျင့်စဉ်ဗဟုသုတများ သင်ပြပေးနေဟန်ရှိသည်။

သိပ်မစဉ်းစားတော့ဘဲ လုယန် ကွမ်းရှန်ဟိုင်ဆီ တန်းသွားသည်။ မဟာယုအဖွဲ့ဘက်မှ မဟာချန်ဘက်ကို စိန်ခေါ်သည့်အကြည့်ဖြင့် ကြည့်ကြသည်။

"ဘာလိုအပ်လို့လဲ။ သတင်းစာထုတ်ဖို့ အချိန်ကျပြီးလား"

"ဪ မဟုတ်ပါဘူး။ အရိယဖလတည်ဆောက်တာနဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့အတွေးအမြင်ကို မေးချင်လို့ပါ"

အကျဉ်း‌ထောင်အခြေအနေ ဘာကြောင့်ယခုလို ဖြစ်လာသည်ကို လုယန်သိချင်မိသည်။ ကွမ်းရှန်ဟိုင်က သတင်းစာထုတ်ဝေဖို့ကိစွကို အ‌တော်စိတ်နှစ်ထားသည်။ အရင်က ထိုသို့မဟုတ်။

အရိယဖလတည်ဆောက်မှုနှင့်ပတ်သက်သည့် အတွေးအမြင်များသည် အလွန်တန်ဖိုးရှိသည်။ သို့သော် မမျှဝေနိုင်သည့်အရာမျိုးတော့မဟုတ်။ အကျဉ်းထောင်တွင် ရှိနေစဉ်အချိန်အတွင်း ကွမ်းရှန်ဟိုင်က အရိယဖလတည်ဆောက်သည့် သူ့အတွေးအမြင်အားလုံး ရှင်းပြခဲ့ဖူးသည်။

သို့သော် ထိုစဉ်က ယွမ်ကျိကို ရှင်းပြခဲ့ခြင်းဖြစ်သည်။ ဘခု လုယန်ရောက်လာသည်။

တူညီသည့်အချက်အလက်များကို ထပ်ပြောရခြင်းမျှသာဖြစ်သည်။

ကွမ်းရှန်ဟိုင်ထံမှ အကြံဉာဏ်ရယူပြီးနောက် လုယန် မဟာချန်အဖွဲ့ဘက်သို့ကူးသည်။ ထိန်းချုပ်သူသခင်နှင့် အင်ပါယာချန်တို့၏ အရိယဖလတည်ဆောက်မှုအတွေ့အကြုံများကို မေးမြန်းသည်။

သက်ရှည်အရိယဖလသန္ဓေပိုင်ရှင် နိယာမသခင်၊ လေဟာနယ်မြေအရိယဖသန္ဓေပိုင်ရှင် လေဟာနယ်အဓိပဓိ၊ အိပ်မက်နယ်မြေ အရိယဖလသန္ဓေပိုင်ရှင် အိပ်မက်ဆိုးအဓိပဓိတို့ကိုလည်း သူမေ့မထား။

အကျဉ်းထောင်တောင်ထိပ်မှ ထွက်လာပြီးနောက် ကောင်းကင်ဂိတ်တောင်ထိပ်သို့ ပြန်သွားသည်။ ချင်ဟဲကို သက်ရှည်အရိယဖလသန္ဓေအကြောင်း မေးမြန်းသည်။ ထို့နောက် သစ်သားရုပ်သေးကို ဂိုဏ်းရတနာတိုက်ဖွင့်ခိုင်းသည်။

ထိုရုပ်သေး အမယွမ်ဆီ ဦးစွာသတင်းပို့ရမည်ဟု ထင်ခဲ့သည်။ သို့သော် ရုပ်သေးက ရတတနာတိုက်ကို တန်းဖွင့်ပေးသည်။

ဂိုဏ်းရတနာတိုက်အဆုံးတွင် တန်ဖိုးအကြီးဆုံးရတနာများ သိမ်းထားသည်။ ဝူယော်၏ ဖလှယ်ခြင်းအရိယဖလ၊ ကွမ်းရှန်ဟိုင်၏ ပုံသွန်းအရိယဖလ၊ ထိန်းချုပ်သူသခင်၏ ဉာဏ်အလင်းအရိယဖလ၊ အင်ပါယာချန်၏ ဝါးမျိုခြင်းအရိယဖလ။

ဝါးမျိုခြင်းအရိယဖလကိုတော့ အထူးမှော်စက်ဝန်းတစ်ခု ဖုံးအုပ်ထားသည်။ ထိုသို့မလုပ်လျှင် အနီးအနားမှ အရိယဖလများအပါအဝင် အားလုံးကိုဝါးမျိုသွားလိမ့်မည်။

လုယန် အရိယဖလသုံးခုရှေ့တွင်ထိုင်၍ ကွန်ရှန်ဟိုင်တို့ပြောခဲ့သည့်စကားများကို ပြန်စဉ်းစားသည်။ ထိုအရိယဖလများကို နားလည်အောင်ကြိုးစားသည်။ သူတို့ပြောခဲ့သည့် သဘောတရားများကို ပိုသဘောပေါက်အောင် ဆင်ခြင်သုံးသပ်သည်။

အချိန်ဘယ်လောက်ကြာသွားသည်တော့မသိ။ လုယန် ရတနာတိုက်မှထွက်လာပြီး စိတ်ပျက်လက်ပျက်ခေါင်းရမ်းသည်။ ထိုအတွေးအမြင်များသည် သူရှာဖွေနေသည့်အရာနှင့် မကိုက်ညီ။

"ငါဆက်ပြီးလေ့လာဖို့လိုသေးတယ်"

ကောင်းကင်ဂိတ်တောင်တန်းနောက်ဘက်မှ ဘိုးဘေးကျွေးယွဲ့နှင့်သွားတွေ့သည်။ ခံစားချက်ခုနစ်မျိုးအရိယဖလသန္ဓေအကြောင်း နည်းနာခံယူသည်။ ဘိုးဘေးကွေ့ယန်ဆီသွား၍ ပေါင်းစည်းခြင်းအရိယဖလသန္ဓေအကြောင်း မေးမြန်းသည်။

တစ်ခြားမသေမျိုးသုံးဂိုဏ်းတည်ထောင်သူများနှင့်တွေ့ဖို့ ကွေ့ယန်ကသူ့ကိုခေါ်သွားပေးသည်။

မုန်ကျွင်းဇီက မုန်ကျင်းကျိုးကိုခေါ်၍ ထိုလူများရှေ့တွင် ကြွားလုံးထုတ်ခဲ့ဖူးသည်။ ချွီယီကောင်တီတွင် ကင်းလှည့်နေချိန်က ထိုအကြောင်းများ မုန်ကျင်းကျိုး ပြောပြဖူးသည်။

မသေမျိုးဂိုဏ်းခေါင်းဆောင်များကို နှုတ်ဆက်ပြီးနောက် လုယန် အရှေ့ပင်လယ်နဂါးနန်းတော်သို့ ရောက်လာသည်။ အောင်းလင်း၊ ကျန်းလျန်ယိ၊ ကျင်းချိုင်ဝေ၊ ပင်လယ်တာအိုသခင်တို့နှင့် တွေ့ဆုံ၍ သူတို့နားလည်ထားသည့် အရိယဖလသန္ဓေများအကြောင်း လေ့လာသည်။

ကျင့်ကြံသူလောကတစ်ခုလုံး သူခရီးဆန့်သည်။ သူသိကျွမ်းသည့် မသေမျိုးတစ်ဝက်များထံမှ အတွေ့အကြုံနှင့်အတွေးအမြင်များကို ရိုကျိုးစွာသင်ယူလေ့လာသည်။

မဟာရှား၊ အရှေ့ပင်လယ်၊ နတ်ဆိုးနယ်မြေ၊ ဗုဒ္ဓနိုင်ငံ...အားလုံး လုယန်၏ခြေရာများထင်ကျန်ခဲ့သည်။ ထိုအတွေ့အကြုံများကို ပြန်သုံးသပ်သည်။ ခရီးစဉ်များအတွင်း လေ့လာသင်ယူခဲ့သမျှ အသိဗဟုသုတများကို ပြန်ဆင်ခြင်သည်။

တစ်ချိုအတွေးအမြင်များကို တစ်နေ့တာအတွင်း သူအလွယ်တကူ နားလည်သည်။ တစ်ချို့အတွေးအမြင်များက သူ့အတွက် လုံးဝအသစ်အဆန်းဖြစ်၍ နားလည်ဖို့ခက်ခဲသည်။ ထို့ကြောင့် ရက်အတော်ကြာအောင် ဆင်ခြင်သုံးသပ်ရသည်။

သူအချိန်အကြာဆုံးနေခဲ့သည့်နေရာက မဟာရှားနန်းမြို့တော်ဖြစ်သည်။ မဟာရှားတည်ထောင်သူ ကျန်းပင်ကန်းနှင့် မုန်ကျင်းဇီတို့ရှိသည်။ ထို့ပြင် တာအိုဆွေးနွေးဖို့လာလည်သည့် ယင်ထန်တို့လည်းရှိသည်။ မသေမျိုးခြောက်ယောက်ရှိသည်။

လမ်းတလျှောက်တွင် အဓိကအင်အားစုများက ကျင့်ကြံသူတို့ကို နာမည်စာရင်းကောက်နေသည်။ အပြင်လောကလေ့လာရေးခရီးအတွက် တိုက်နယ်စုံပူးပေါင်းထုတ်ပြန်ထားသည့် ဥပဒေသတ်မှတ်ချက်များကို သူလေ့လာသည်။

အဆင့်မြင့်ကျင့်ကြံသူများစုစည်း၍ အပြင်လောကလေ့လာရေးအဖွဲ့တစ်ခု ဖွဲ့စည်းနေသည်ကို မြင်ရသည်။

လောကမဖွင့်မီ ကျင့်ကြံသူလောကအပြောင်းအလဲများကို သူမြင်ရသည်။

သေမျိုးများက လောကဖွင့်မည့်ကိစ္စကို အရေးမစိုက်။ သူတို့နှင့်မဆိုင်ဟုယူဆကြသည်။ သို့သော် နည်းပညာဖွံ့ဖြိုးသည့် ကမ္ဘာတစ်ခုတွေ့ပြီး ထိုကမ္ဘာမှ နည်းပညာများကို ပြန်သယ်လာ၍ ကျင့်ကြံမှုလောက၏ အသိပညာများနှင့် ပေါင်းစပ်နိုင်မည်ဆိုလျှင် သေမျိုးများနှင့်ပါ သက်ဆိုင်လာမည်ကို လုယန်သိသည်။

ထို့ကြောင့် နောက်ကွယ်မှရန်သူမရှိခဲ့လျှင်ပင် လောကဖွင့်ဖို့ကိစ္စကို သူထောက်ခံဦးမည်သာဖြစ်သည်။

နောက်ဆုံးတွင် အရာအားလုံး၏အစဖြစ်သည့် တာအိုလမ်းစဉ်ဂိုဏ်းသို့ ပြန်ရောက်လာသည်။

ခပ်လျှို့လျှိုသာ သူပြန်လာသည်။

သူ့လှုပ်ရှားမှုအားလုံးက ယွမ်ကျိအာရုံမှမလွတ်။ သို့သော် ဘာမှမပြောဘဲ လုယန်လက်ဆောင်ပေးသည့် လက်ဖက်ရည်အိုး လက်ဖက်ရည်ခွက်များဖြင့် လက်ဖက်ရည်သောက်ရင်း အသိဗဟုသုတအပြည့်ဖြင့်ပြန်လာသည့်လုယန် တံခါးပိတ်ကျင့်စဉ်ဝင်သွားသည်ကို ကြည့်နေသည်။

လုယန် လှိုဏ်ဂူထဲတွင် အချိန်အတော်ကြာကျင့်စဉ်ဝင်သည်။

သူ့ခရီးစဉ်များက တကယ်အကျိုးရှိသည်ဟု ဆိုရမည်။ ‌နောက်ဆုံးတွင် သူအလိုချင်ဆုံး အတွေးအမြင်ကိုရလာသည်။

"အချိန်မသေမျိုးရဲ့ အချိန်လမ်းကြောင်းက လူဝင်စား(သံသရာ)အရိယဖလသန္ဓေနဲ့ ငါလိုချင်တဲ့ အရိယဖလသန္ဓေကို ဆက်သွယ်ထားတဲ့ 'တံတား'ပဲ။

အချိန်လမ်းကြောင်းသဘောတရားက တံတား၏ကိုယ်ထည်ဖြစ်သည်။ ခရီးစဉ်တလျှောက်ရခဲ့သည့် တစ်ခြားအတွေးအမြင်များကလည်း တံတား၏အစိတ်အပိုင်းများဖြစ်သည်။

သူ့အဖြစ်က လှိုင်းထန်နေသည့် ပင်လယ်ပြင်နှင့်တူသည်။ ကျဆင်းလာသည့် လျှပ်စီးမိုးကြိုးများနှင့်တူသည်။ မုန်တိုင်းပြီးဆုံးပြီးနောက် တည်ငြိမ်သွားသည်။ သူ့ကျင့်စဉ်အဆင့် နောက်ထပ်တက်သွားသည်။

"အခု ကူးဖြတ်ခြင်းအလတ်တန်းအဆင့်ပဲ"

ယခုတစ်ကြိမ်အဆင့်တက်သည်က အရင်လို စိတ်လှုပ်ရှားမှုမရှိ။ တကယ်စိတ်လှုပ်ရှားရသည်က သူတည်ဆောက်လိုက်သည့် အရိယဖလသန္ဓေဖြစ်သည်။

အရင်ကလုံးဝမရှိခဲ့ဖူးသည့် အရိယဖလသန္ဓေတစ်ခု သူ့ရင်ဘတ်တွင် ပေါ်လာသည်။ သန့်စင်သည့် အဖြူရောင်အလင်းတစ်မျိုး တောက်ပနေသည်။ ထို့နောက် သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။

"ဇစ်မြစ်အရိယဖလသန္ဓေ"

**********************************

All Chapters