← Chapters

အခန်း ၆၁

Vol. 7 Ch. 61

အခန်း ၆၁

Vol. 7 Ch. 61

အပိုင်း ၆၁ - နေရာလွတ်အဆင့်မြှင့်တင်ခြင်းနှင့် လျှို့ဝှက်ကျမ်းရရှိခြင်း

ဝမ်ရွှန်ဖနှင့် ဖြစ်ပွားခဲ့သော ကိစ္စရပ်အပြီးတွင် လင်းစုယွီသည် သူမ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ကြက်ပေါက်စလေးတစ်ကောင်နီးပါး အားနည်းနေသည်ဟူသော ဝမ်းနည်းဖွယ် အရှိတရားကို ပြောင်းလဲပစ်ရန် အရေးတကြီး ဆန္ဒပြင်းပြလာခဲ့သည်။

လင်းရှင်းယောင်၏ စာများ၊ လီမိသားစု မောင်နှမများ၊ ဝမ်မိသားစု... စသည့်ကိစ္စအားလုံးကို လောလောဆယ် ဘေးဖယ်ထားလိုက်ရသည်။ သူမ အလွန်အမင်း အလုပ်ရှုပ်နေ၏။ သူမ၏ နေရာလွတ် အဆင့်မြှင့်တင်ခြင်းကို အရှိန်မြှင့်ရန်အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေခြင်းပင် ဖြစ်သည်။

ယခင် အဆင့်မြှင့်တင်မှု နှစ်ကြိမ်တွင် တစ်ကြိမ်မှာ စိုက်ပျိုးခြင်းကြောင့်ဖြစ်ပြီး နောက်တစ်ကြိမ်မှာ နေရာလွတ်အတွင်းရှိ သက်ရှိမျိုးစိတ်များ တိုးပွားလာခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် လင်းစုယွီသည် နေရာလွတ်အဆင့်မြှင့်တင်နိုင်မည့် နည်းလမ်းအချို့ကို ရိပ်မိထားပြီးသားဖြစ်သည်။

နေရာလွတ်ကို ရရှိကတည်းက သူမသည် မျိုးစိတ်သစ်များကို စုံလင်အောင် ရှာဖွေခြင်းကို မရပ်မနား လုပ်ဆောင်ခဲ့သည်။ သို့သော်လည်း ထျန်းကျန်းကဲ့သို့ သယ်ယူပို့ဆောင်ရေး ခက်ခဲပြီး ငတ်မွတ်ခေါင်းပါးနေသည့် ခေတ်ကာလတွင် သူမ စုဆောင်းနိုင်သမျှ အရာအားလုံးကို စုဆောင်းပြီးခဲ့လေပြီ။

မျိုးစိတ်သစ်များ ထပ်တိုးခြင်းဖြင့် အဆင့်မြှင့်ရန် မဖြစ်နိုင်တော့ချေ။ ယခု တစ်ခုတည်းသော နည်းလမ်းမှာ စဉ်ဆက်မပြတ် စိုက်ပျိုးခြင်း၊ ရင့်မှည့်စေခြင်း၊ ရိတ်သိမ်းခြင်းနှင့် ပြန်လည်စိုက်ပျိုးခြင်းပင် ဖြစ်သည်။

ဤစက်ဝန်းများကို အကြိမ်ကြိမ် လုပ်ဆောင်ခြင်းဖြင့်သာ နေရာလွတ်ကို အဆင့်မြှင့်ရန် လုံလောက်သော အတွေ့အကြုံများကို စုဆောင်းနိုင်မည်ဖြစ်သည်။

လင်းစုယွီ၏ တစ်နေ့တာ လှုပ်ရှားမှုမှာ ကျောင်းတက်ရုံသာရှိပြီး အိမ်ပြန်ရောက်သည်နှင့် နေရာလွတ်ထဲသို့ ဝင်ကာ အလုပ်လုပ်တော့သည်။ သူမ၏ စိတ်ဝိညာဉ်စွမ်းအားလုံးဝကုန်ခမ်းသွားသည့် အချိန်ကျမှသာ အိပ်စက်အနားယူလေ့ရှိသည်။

ဤစက်ဝန်းနှင့်အတူ နေရာလွတ်မှ စမ်းရေကြည်၏ အထောက်အပံ့ကြောင့် သူမ၏ စိတ်ဝိညာဉ်စွမ်းအား တိုးတက်လာသည်ကို သိသိသာသာ ခံစားရသည်။ မျှော်လင့်ထားသည့်အတိုင်းပင် နေရာလွတ်မှာ အဆင့်တက်ရန် လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

နောက်ထပ် သီတင်းပတ်ကုန်ရက်သို့ ရောက်သောအခါ နေရာလွတ် အဆင့်တက်ရန် နောက်ဆုံးခြေလှမ်းသာ လိုတော့ကြောင်း လင်းစုယွီ သိလိုက်သည်။ ထို့ကြောင့် သူမသည် ကြက်သွေး(အားဆေး)ထိုးခံထားရသူကဲ့သို့ တက်ကြွစွာ အလုပ်လုပ်တော့သည်။

အပင်များကို ရေလောင်းရန် ရေတွင်းထဲသို့ စမ်းရေကြည် ဆယ်စက်စီ ရောနှောထည့်သွင်းပြီး စိတ်ဝိညာဉ်စွမ်းအား လျော့နည်းလာတိုင်း စမ်းရေကြည်စစ်စစ် တစ်စက်ကို သောက်ချလိုက်သည်။

စမ်းရေကြည် ဆယ်စက် ရောထားသော ရေတွင်းရေသည် အပင်ကြီးထွားမှုကို ယခင်ကထက် သုံးဆပိုမြန်ဆန်စေသည်။ ကံကောင်းထောက်မစွာဖြင့် ထိုရေတွင်းရေသည်လည်း ဘယ်သောအခါမှ ခန်းခြောက်သွားမည့်ပုံ မပေါ်ပေ။

ရုတ်တရက် လင်းစုယွီ၏ စိတ်ထဲတွင် မီးရှူးမီးပန်းများ ပေါက်ကွဲသွားသကဲ့သို့ "ဘုန်း" ဟူသော အသံကြီးနှင့်အတူ သူမသည် နေရာလွတ်အပြင်ဘက်သို့ လွှင့်ထွက်သွားသည်။ ထိုရုတ်တရက်ဖြစ်လာသော မတော်တဆမှုကြောင့် သူမ၏ ခြေထောက်များပင် ခွေကျလုနီးပါး ဖြစ်သွားရသည်။

သို့သော် လင်းစုယွီကတော့ ကလေးတစ်ယောက်လို တဟားဟား ရယ်မောနေမိသည်။ နေရာလွတ်သည် နောက်ဆုံးတော့ အဆင့် (၃) သို့ တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်သည်။

သူမ၏ တစ်သက်တာတွင် ယခုလောက် ပင်ပန်းခဲ့ဖူးသည်မှာ မရှိသလောက်ပင်။ ယခု နေရာလွတ်က သူမကို အပြင်ထုတ်လိုက်ပြီဖြစ်ရာ ၂၄ နာရီပတ်လုံး နှစ်ခြိုက်စွာ အိပ်စက်နိုင်ပြီဖြစ်သည်။

သူမသည် တစ်ရက်နှင့် တစ်ညလုံး အိပ်ပျော်သွားသည်။ နိုးလာသောအခါ လန်းဆန်းမှုကို ခံစားရပြီး အချိန်မှာ တနင်္ဂနွေနေ့ မွန်းတည့်ချိန်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

လင်းစုယွီတစ်ယောက် နေရာလွတ် ထဲသို့ ဝင်ရန် မအောင့်နိုင်အောင် ဖြစ်နေပြီး ဝင်လိုက်သည့်အခါတွင်လည်း ဝက်၊ ကြက်၊ ဘဲ စသည့် တိရစ္ဆာန်များ မွေးမြူရန် တဲသစ်များကို တွေ့လိုက်ရသဖြင့် အလွန်အံ့အားသင့်သွားရသည်။

ပို၍ပင် ပျော်ရွှင်စရာကောင်းသည်မှာ သစ်ပင်ပန်းမန်များ ဖုံးလွှမ်းနေသော စိမ်းလန်းစိုပြည်သည့် "ဆေးဖက်ဝင်တောင်တန်း" တစ်ခု တိုးပွားလာခြင်းပင် ဖြစ်သည်။

စိုက်ပျိုးမြေများ ကျယ်ပြန့်လာပြီး ယခင်က သဲသောင်ပြင်လေးမှာ မီတာတစ်ထောင်ရှည်သော ကမ်းရိုးတန်းအဖြစ် ပြောင်းလဲသွားသည်။ ရေချိုအိုင်တစ်ခု ပေါ်ထွန်းလာသလို စိုက်ခင်းများကို ဝန်းရံထားသော စမ်းချောင်းလေးတစ်ခုလည်း ရှိနေပြီဖြစ်သည်။

အရာအားလုံးမှာ သာယာလှပပြီး ပြည့်စုံသော ဂေဟစနစ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

နေရာလွတ်ထဲရှိ မူလက တစ်ထပ်‌နေအိမ်လေးမှာ ယခုအခါ နှစ်ထပ်တိုက်ကြီး ဖြစ်နေပြီဖြစ်သည်။ အထဲတွင်လည်း ရင်းနှီးနေကျ ပူဇော်ကန်‌တော့ပစ္စည်းများ ထားရာစားပွဲနှင့် ဆေးခြယ်ထားသော အင်တုံငယ်လေး မှာ အရင်အတိုင်း ရှိနေဆဲပင်။

နေရာလွတ် အဆင့်မြှင့်တင်ရန်အတွက် ခြောက်ပုံတစ်ပုံခန့် လျော့နည်းသွားသော စမ်းရေကြည်မှာ ယခုအခါ စွမ်းအင်များ ပြန်လည်ပြည့်ဝနေပုံရသည်။ တစ်နှစ်လျှင် တစ်စက်သာထွက်သော စမ်းရေမှာ ယခု နှစ်စက်အထိ တိုးပွားလာသည်။ ထွက်နှုန်းမှာ အနည်းငယ် နည်းပါးနေသေးသော်လည်း လင်းစုယွီမှာ ကျေနပ်နေပြီဖြစ်သည်။

“အယ်... ဒီမှာ ဘာလို့ ကျောက်စိမ်းပြားလေး တစ်ခု ပိုနေတာလဲ။”

ထိုအခါမှသာ လင်းစုယွီသည် လက်မအရွယ်အစားရှိသော မထင်မရှား ကျောက်စိမ်းပြားလေးကို ရေကန်ငယ်လေးဘေးတွင် သတိထားမိလိုက်သည်။

သူမ ထိတွေ့လိုက်သည်နှင့် ထိုကျောက်စိမ်းပြားမှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျင့်စဉ်လောကရှိ ကျင့်စဉ်မှတ်တမ်းများကဲ့သို့ပင် လင်းစုယွီ၏ အသိစိတ်အာရုံ ထဲသို့ စီးဝင်သွားတော့သည်။

“ဪ... ဒီကျောက်စိမ်းပြားက အတွင်းအားနဲ့ အပြင်အား နှစ်မျိုးလုံး ကျင့်ရတဲ့ ကိုယ်ခံပညာ လျှို့ဝှက်ကျမ်း တစ်စောင်ကိုး။ အင်း... နည်းနည်းတော့ နှမြောစရာပဲ၊ အမတကျင့်စဉ်(မသေမျိုးကျင့်စဉ်) မဟုတ်ဘူး ဖြစ်နေတယ်”

နှမြောစရာကောင်းသည်ဟု ထင်သော်လည်း အတွင်းရော အပြင်ပါ ပေါင်းစပ်ထားသော ကိုယ်ခံပညာ လျှို့ဝှက်ကျမ်းကို ရရှိလိုက်သည့်အတွက် လင်းစုယွီမှာ အလွန်ကျေနပ်နေသည်။

“ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို နောက်ဆုံးတော့ မြှင့်တင်နိုင်တော့မယ်။ ကိုယ့်ဘာသာ လေ့ကျင့်ခန်းလုပ်နေတာက ကလေးကစား‌နေသလိုပဲ။ ကိုယ်ခံပညာဆိုတာ စနစ်တကျ လေ့လာမှ ထိရောက်တာ။”

လပေါင်းများစွာ မနက်တိုင်း ပြေးလွှားပြီး သဲအိတ်ထိုးခဲ့သော လင်းစုယွီသည် ဤစကားကို ရင်ထဲကလာသည့်အတိုင်း ပြောလိုက်ခြင်းဖြစ်သည်။

ငြိမ်းချမ်းသောခေတ်က ဗီဒီယိုများကြည့်ပြီး လေ့ကျင့်ခဲ့သည့် နည်းလမ်းများမှာ အပေါ်ယံသာရှိလှသည်။ လင်းစုယွီသည် ၎င်းတို့ကို မှန်ကန်စွာ မကျင့်သုံးနိုင်ခဲ့သလို တိုက်ခိုက်ရေး စွမ်းရည်မှာလည်း သိသိသာသာ တိုးတက်မလာခဲ့ပေ။

ယခုမူ မတူတော့ပြီ။ ဤလျှို့ဝှက်ကျမ်းနှင့်သာဆိုလျှင် သူမအနေဖြင့် အတွင်းအားကျင့်စဉ်ကို ကျင့်ကြံပြီးပါက အနည်းဆုံးတော့ ဤခေတ်ကာလတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိလာပေတော့မည်။

စမ်းရေကြည်ဖြင့် ပြုပြင်ထားသော ခန္ဓာကိုယ်ကြောင့် သူမ၏ အတွင်းအားကျင့်စဉ် စတင်ခြင်းမှာ အလွန်ပင် မြန်ဆန်လှသည်။ ကျင့်စဉ်လမ်းကြောင်းထဲသို့ ဝင်ရောက်ပြီးနောက် နွေးထွေးသော "ချီ"အလျဉ်မှာ လင်းစုယွီ၏ ခန္ဓာကိုယ်အတွင်း လှည့်ပတ်စီးဆင်းသွားပြီး အတွင်းအားကျင့်စဉ်၏ လမ်းကြောင်းအတိုင်း သဘာဝအတိုင်း စီးဝင်သွားတော့သည်။

“ငါ့ခန္ဓာကိုယ်က အားအင်တွေ ပြည့်ဝနေသလိုပဲ၊ တကယ့်ကို သက်သောင့်သက်သာ ရှိလှတယ်။ ငါ့ရဲ့ ခွန်အားတွေကော တိုးလာပြီလား မသိဘူး။”

ထိုသို့တွေးမိသည်နှင့် လင်းစုယွီသည် နေရာလွတ်ထဲမှ ထွက်ကာ ခြံထဲရှိ ကျောက်ခဲလေးတစ်လုံးကို ကောက်ယူပြီး ချေဖျက်ကြည့်ရန် ပြင်လိုက်သည်။

ကျင့်စဉ်ကို အသုံးမပြုဘဲ လက်ဖြင့် အားကုန်ညှစ်ကြည့်သော်လည်း ကျောက်ခဲမှာ ဘာမှမဖြစ်ပေ။ သို့သော် အတွင်းအားကို လှည့်ပတ်ပြီး လက်ချောင်းများဆီသို့ "ချီ" စွမ်းအင်များကို ပို့လွှတ်လိုက်သောအခါ ကျောက်ခဲမှာ လွယ်ကူစွာပင် ကွဲအက်သွားလေသည်။

အတွင်းအားကျင့်စဉ်နှင့်အတူ လက်သီးကျင့်စဉ်လည်း ပါဝင်သည်။ လင်းစုယွီသည် စည်းချက်အတိုင်း လေ့ကျင့်တော့သည်။ အစပိုင်းတွင် အနည်းငယ် ကိုးရို့ကားယား ဖြစ်နေသော်လည်း အကြိမ်အနည်းငယ် လေ့ကျင့်ပြီးနောက်တွင်မူ လက်သီးကျင့်စဉ် တစ်စုံလုံးကို ကျွမ်းကျင်စွာ ကစားနိုင်ခဲ့သည်။

“နေရာလွတ်က ပစ္စည်းဆိုတော့လည်း ထုံးစံအတိုင်းပဲ။ ကျင့်စဉ်နဲ့ ပုံစံတွေက ဦးနှောက်ထဲကို တိုက်ရိုက်ရောက်လာတာဆိုတော့ တကယ့်ကို အဆင်ပြေတယ်။ အခုသာ အဲ့ဒီအရူး ဝမ်ရွှန်ဖနဲ့ တွေ့ကြည့်ပါလား၊ လက်သီးတစ်ချက်တည်းနဲ့တင် ပြားသွားစေရမယ်”

လင်းစုယွီကို ပို၍ စိတ်လှုပ်ရှားစေသည်မှာ သူမ၏ စိတ်ဝိညာဉ်စွမ်းအားမှာလည်း သိသိသာသာ တိုးတက်လာခြင်းပင်။ မကြာသေးမီက နေရာလွတ်ထဲတွင် မရပ်မနား စိုက်ပျိုးခြင်း၊ စိတ်ဝိညာဉ်စွမ်းအားကို ကုန်ဆုံးစေပြီး စမ်းရေကြည်ကို ပြန်သောက်ခြင်း စသည့် ခက်ခဲသော လေ့ကျင့်မှုများကြောင့် နေရာလွတ် အဆင့်တက်ပြီးနောက်တွင် သူမ၏ စိတ်ဝိညာဉ်စွမ်းအားမှာ မီတာ ၆၀ ပတ်လည်အထိ ဖြန့်ကြက် စစ်ဆေးနိုင်ပြီဖြစ်သည်။

ကျစ်ကျစ်... မင်္ဂလာရှိတဲ့ အချက်တွေက တစ်ခုပြီးတစ်ခု လာတာပဲ။ ဒီနေ့ လင်းစုယွီမှာ နေရာလွတ်ရှိတယ်၊ ပိုက်ဆံရှိတယ်၊ တိုက်ခိုက်ရေးစွမ်းရည်လည်း ရှိလာပြီ။ သူမကိုယ်သူမ တစ်ဆင့်မြင့်သွားသလို ခံစားလိုက်ရသည်။

စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုနိုင်သည့် နယ်ပယ်ကလည်း ကျယ်ပြန့်လာသည်။ အဆင့်မတက်မီက စူးစမ်းရုံနှင့် သူတစ်ပါးကို ခေါင်းကိုက်သွားအောင် တိုက်ခိုက်ရုံသာ တတ်နိုင်ခဲ့သည်။

ယခုမူ သူမ၏ စိတ်ဝိညာဉ်စွမ်းအားဖြင့် လူတစ်ဦး၏ မှတ်ဉာဏ်ကိုပင် ပြောင်းလဲနိုင်ကြောင်း ခပ်ရေးရေး ခံစားမိသည်။ သို့သော် ဤစွမ်းရည်မှာ အလွန်ပင် ရှုပ်ထွေးလှ၏။ သေချာမကိုင်တွယ်နိုင်ပါက မှတ်ဉာဏ် ပြောင်းလဲခံရသူမှာ အရူးဖြစ်သွားနိုင်ရုံသာမက သူမကိုယ်တိုင်လည်း တန်ပြန်သက်ရောက်မှုကို ခံစားရနိုင်သည်။

“ဟဲဟဲ... အခုတော့ ငါအေးအေးဆေးဆေး ပြန်နားလို့ရပြီ။ အရာအားလုံး ပြည့်စုံနေမှတော့ ဘာလို့ အတင်းရုန်းကန်နေဦးမှာလဲ။ ဘဝကို တစ်လှမ်းချင်းပဲ အေးအေးဆေးဆေး ဖြတ်သန်းသွားတော့မယ်”

သူမ စမ်းသပ်မှုများ လုပ်ပြီးနောက်တွင် အနည်းဆုံး ထမင်းသုံးနပ်ခန့် လွတ်သွားသည်ကို သတိပြုမိလိုက်သည်။ စောစောက စိတ်လှုပ်ရှားလွန်းသဖြင့် ဗိုက်ဆာမှန်းမသိသော်လည်း ယခု စိတ်ငြိမ်သွားသောအခါမှ အလွန်အမင်း ဆာလောင်လာတော့သည်။

ခေါက်ဆွဲ သုံးပန်းကန်ကြီးကြီး စားပြီးနောက်တွင်... ယခင်က ငှက်စာလောက်သာ တစ်ပန်းကန်စားတတ်သည့် သူမ၏ အစာအိမ်မှာ ရုတ်တရက် သုံးပန်းကန်အထိ ဖြစ်သွားခြင်းမှာ အနည်းငယ် ရယ်စရာကောင်းနေသည်။ မည်သည့်မိန်းကလေးမျှ ထိုမျှလောက် မစားနိုင်ချေ။ နောင်တွင် စားသောက်သည့်အခါ သတိထားရပေမည်။

အနည်းဆုံးတော့ သူမ၏ အစားအသောက်မှာ ဆန်နှစ်ကျပ်သားမှ ခြောက်ကျပ်သားအထိ ရုတ်တရက် တိုးသွားသည်ကို သူများကို အသိပေး၍မဖြစ်ပေ။ ဖြည်းဖြည်းချင်းစီသာ တိုးစားရမည်။ အထူးသဖြင့် လျန်မိသားစုနှင့်အတူ အပြင်ထွက်စားလေ့ရှိသည့်အတွက် ပို၍ သတိထားရမည်ဖြစ်သည်။

လင်းစုယွီက ဘာတွေသတိထားရမလဲဆိုတာကို ပြန်စဉ်းစားနေရင်း လျန်ဟွေ့ သူမလက်ထဲ အတင်းထည့်ပေးလိုက်သော စာကို သတိရသွားသည်။

“မျှော်လင့်ထားတဲ့အတိုင်းပဲ၊ အန္တရာယ်တွေက ရှိနေတုန်းပဲ။ လီမိသားစု မောင်နှမတွေက လင်းရှင်းယောင်နဲ့ အမြဲအဆက်အသွယ်ရှိနေတာ။ သူတို့သာ ငါ့အပေါ် မကောင်းကြံလာရင် တကယ့်ကို ဒုက္ခများလိမ့်မယ်။”

လင်းစုယွီသည် မနက်ဖြန်တွင် လီမိသားစု မောင်နှမများ၏ အခြေအနေကို စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။ လီယန်ပင်း ဘာတွေတွေးနေလဲဆိုတာ သူမ မသိသော်လည်း လီရှင်းရှင်းက စက်ရုံမှူးလျန်ကို သွားရှာနေကြောင်း လျန်ဟွေ့က သူမကို ပြောပြထားသည်။

အမှန်စင်စစ် လင်းစုယွီ မသိသည်မှာ လီရှင်းရှင်းသည် ယခုအခါ အလွန်ပင် ပင်ပန်းဆင်းရဲသော ဘဝကို ဖြတ်သန်းနေရခြင်းပင် ဖြစ်သည်။

ပိုက်ဆံရှိစဉ်က သူမသည် လက်ဖွာခဲ့ပြီး လူချမ်းသာတစ်ယောက်လို ကျင့်ကြံခဲ့သည်။ အစ်ကိုကြီးမာ ကဲ့သို့သော သူများမှာလည်း သူမ ခိုင်းသမျှ လုပ်ပေးခဲ့ကြသည်။

ယခုမူ ပိုက်ဆံကုန်သွားပြီဖြစ်ရာ အစ်ကိုကြီးမာကိုလည်း ပွင့်ပွင့်လင်းလင်း မပြောရဲတော့သဖြင့် သူမ၏ အပေါင်းအသင်းတုများကို ရှောင်နေရတော့သည်။

တစ်ပတ်ကျော်ကြာ ပုန်းနေပြီးနောက်တွင်တော့ သူတို့၏ အမြဲတမ်း ငွေထုတ်စက်ကြီး ပျောက်နေသဖြင့် သူမ၏ 'သူငယ်ချင်း' များမှာ တစ်ခုခုမှားနေပြီဆိုသည်ကို သတိထားမိသွားကြသည်။

ထိုအစ်ကိုကြီးမာသည် လီရှင်းရှင်း မည်သည့်ကျောင်းတွင် တက်သည်ကို သိရှိထားသည်။ စကားပုံတစ်ခု ရှိသည်မဟုတ်လား၊ "တောင်တွေက မရွေ့ပေမယ့် ရေကတော့ စီးနေတာပဲ" (လူချင်းကတော့ တစ်နေ့တွေ့ကြဦးမှာပဲ) ဟုဆိုသည့်အတိုင်း အစ်ကိုကြီးမာသည် လီရှင်းရှင်းကို ကျောင်းတံခါးဝတွင် တိုက်ရိုက်သွားရောက် စောင့်ဆိုင်းနေလေတော့သည်။

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

All Chapters