အခန်း ၆၁
Vol. 7 Ch. 61
အပိုင်း ၆၁
ကျန်းမန်မန်လည်း သွက်လက်စွာဖြင့် စာတိုက်ထဲဝင်ကာ စာပို့ပြီး ချက်ချင်းပြန်ထွက်လာခဲ့သည်။
မနေ့ညက သူမသည် အဖေဖြစ်သူထံသို့လည်း စာတစ်စောင် ရေးခဲ့သေးသည်။ သူမ၏ မိထွေးဖြစ်သူကို ပြန်တွေ့ပြီလားဟု မေးမြန်းရန်ပင်။
ယခင်ဘဝက ဝတ္ထုထဲတွင် သူမ ဘယ်နေရာကို ရောင်းစားခံခဲ့ရမှန်း မသိသော်လည်း အနီးအနား မဟုတ်သည်မှာတော့ သေချာသည်။
မဟုတ်လျှင် သူတို့သားအမိ ဘယ်လိုလုပ်ပြီး ခြေရာလက်ရာ မကျန်အောင် ပျောက်သွားနိုင်မည်လဲ။
ထိုမိန်းမကို ပြန်မတွေ့လျှင် ပိုကောင်းသည်။ အကယ်၍ ပြန်မတွေ့ခဲ့လျှင်တောင် သူမ၏ အရေထူသည့်ဖခင်ဖြစ်သူကို စိတ်သောကရောက်အောင် တစ်နည်းနည်းနှင့် လုပ်ရပေဦးမည်။
ထို့နောက် သူမ၏ မိထွေးဘက်မှ အစ်မဖြစ်သူ နယ်ဘက်သို့ ဆင်း၊ မဆင်းကိုလည်း မေးမြန်းခဲ့သည်။ သူမက စေတနာအပြည့်ဖြင့် အနောက်မြောက်ဘက်ဒေသသို့ သွားရန် အကြံပြုထားခဲ့သည်မဟုတ်လား။ ထိုနေရာသည် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ထက်မြက်သော လူငယ်များစွာ လိုအပ်နေသော နေရာပင်။
စာ၏အဆုံးတွင်တော့ သူမ လက်ထပ်တော့မည့်အကြောင်းနှင့် ဓာတ်ပုံများထွက်လာလျှင် ကြည့်ရှုနိုင်ရန် ပို့ပေးမည့်အကြောင်း ထည့်ရေးထားခဲ့သည်။ သူ့အနေနှင့် တခြားဘာမှ စိတ်ပူမနေရန်လည်း မှာကြားထားသေးသည်။
ဘယ်လိုဖြစ်ဖြစ်... သူမသည် ယခု တောရွာဘက်တွင် ပညာတတ်လူငယ်တစ်ယောက်အနေနှင့် နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် အားတက်သရော ပါဝင်ကူညီနေခဲ့ပြီဖြစ်သည်။ မြို့ပေါ်တွင် အလုပ်သမားအဖြစ် လုပ်ကိုင်နေရသည့် သူ့အတွက်တော့ ဒါက ဂုဏ်ယူစရာကိစ္စတစ်ခုပင်။
ကျန်းမန်မန်က စာပို့ပြီးနောက် စိတ်ကျေနပ်စွာဖြင့် အဒေါ်လျိုနှင့်အတူ မျိုးစေ့ဆိုင်သို့ သွားခဲ့လိုက်၏။
မျိုးစေ့ဆိုင်မှ ဝန်ထမ်းများက သူမ ဖရုံစေ့ဝယ်ချင်သည်ဟု ပြောသည့်အခါ မျိုးစေ့ပုံများကြားတွင် အတော်ကြာအောင် ရှာဖွေလိုက်ပြီးမှ ဖရုံစေ့တစ်ထုပ်ကို ရှာတွေ့ခဲ့လေသည်။
"ဖရုံစေ့ဝယ်တဲ့သူက သိပ်မရှိဘူးလေ၊ ဒီမှာလည်း အများကြီးမရှိဘူး။ ဒီတစ်ထုပ်ပဲ ရှိတော့တယ်။ ယူသွားပြီး စိုက်ကြည့်လိုက်ပေါ့။"
ကျန်းမန်မန် ဈေးနှုန်းမေးကြည့်လိုက်သည့်အခါ ကူပွန်ပင်မလိုဘဲ နှစ်ဆင့်ထဲနဲ့ ရသောကြောင့် အံ့သြသွားရ၏။
အထုပ်သေးလေးထဲတွင် မျိုးစေ့ အစေ့ ၃၀၊ ၄၀ လောက် ပါသည်ကိုလည်း အထင်မသေးနိုင်ပေ။
အဒေါ်လျိုက သူမ ပျော်နေသည်ကို ကြည့်ပြီး နားမလည်နိုင်ဖြစ်နေလေသည်။
"ဒီဖရုံစေ့တွေက တကယ်ပဲ မင်း ပြောသလို အလေးချိန် ကီလိုအများကြီးရှိတဲ့ အသီးတွေ အများကြီး သီးနိုင်တာလား။"
အဒေါ်လျိုက တကယ် မသိ၍ မေးခြင်းဖြစ်ကြောင်း ကျန်းမန်မန် ရိပ်မိလိုက်သည်။ ဤဒေသတွင် ဘယ်သူမှ မစိုက်ဖူးကြခြင်းလည်း ဖြစ်နိုင်သည်။
သူမကတော့ ယခင်ဘဝတွင် တရုတ်ပြည်၏ အရှေ့မြောက်ဘက်ပိုင်းတွင် နေဖူးခဲ့သဖြင့် ထိုနေရာတွင် ဖရုံသီးများသီးသည်ကို မြင်ဖူးထားသည်။
"အဒေါ် မယုံရင် အစေ့နည်းနည်းလောက် ယူသွားပြီး စိုက်ကြည့်လိုက်လေ။"
ကျန်းမန်မန်က စုစုပေါင်း အစေ့ ၄၅ စေ့ရှိသည်ကို တွေ့လိုက်ရသည်။
"ကျွန်မ ၁၀ စေ့စိုက်မယ်၊ အဒေါ်လည်း ၁၀ စေ့စိုက်။ ကျန်တဲ့ ၂၅ စေ့ကိုတော့ ကျွန်မတို့ ဝက်ခြံမှာ စိုက်လိုက်မယ်။ အသီး ဘယ်လောက်ထွက်မလဲဆိုတာကို ကြည့်ပြီးမှ နောက်ပိုင်း ပိုတိုးပြီး စိုက်တာပေါ့။"
အဒေါ်လျိုကလည်း သဘောတူ၏။ ၁၀ စေ့လောက် စိုက်ရခြင်းက မခဲယဉ်းသလို ဝက်ခြံတွင် လုပ်ကိုင်နေသူများဖြစ်၍ ဝက်ချေးမြေဩဇာကိုလည်း အလွယ်တကူ ရရှိနိုင်သည်မဟုတ်လား။
"ပညာတတ်လူငယ်ကျန်း... တခြားဝယ်စရာ ရှိသေးလား။"
ကျန်းမန်မန်အတွက်တော့ အဓိကတာဝန် ပြီးဆုံးသွားပြီဖြစ်၍ ဝယ်စရာ မရှိတော့ပေ။
ရွာသားများသည် ကိုယ်တိုင်စိုက်သော သီးနှံများကိုသာစားကြပြီး ယခုလည်း ကျားသစ်ဟု နာမည်ပြောင်ပေးခံထားရသော ရွာလူကြီးက ရွာသားများကို အသားများ ခွဲဝေပေးနေလေသည်။ အများကြီး မရသော်လည်း တစ်ပေါင်လောက်တော့ ရကြသည်။
ဤခေတ်ကာလတွင် အသားစားရရန် မလွယ်ကူသော်လည်း သူမနှင့် ကျိုးယဲ့ကတော့ အသားကို ပုံမှန်စားနိုင်သူများ ဖြစ်ကြသည်။
"အဒေါ် ဝယ်စရာရှိသေးလား၊ မရှိတော့ရင် ကျွန်မတို့ ပြန်ကြတာပေါ့။"
သူတို့နှစ်ဦး ရွာကို အတူတူပြန်လာသည့် အခါတွင်တော့ သိုးချီလာသည့် လူတစ်ယောက်နဲ့ ဆုံပြန်သည်။ ထိုလူသည် ကျန်းမန်မန်ကို စောင့်နေပုံရပြီး သူမကို မြင်သည်နှင့် အပြေးအလွှား ရောက်လာတော့သည်။
"အို... ဆရာမကျန်း၊ တွေ့ရတာ ဝမ်းသာလိုက်တာ! ကျွန်တော့်အိမ်က သိုးမကြီးက ဒီနေ့ပဲ နောက်ထပ် သိုးပေါက်လေးတစ်ကောင် မွေးတယ်၊ ဒါပေမဲ့ ဘာဖြစ်မှန်းမသိလို့ ကြည့်ပေးပါဦး။"
ထိုသို့ ကြားလိုက်ရပြီးနောက် ကျန်းမန်မန်က ချက်ချင်းပင် မေးလိုက်လေသည်။
"ပြီးခဲ့တဲ့တစ်ခေါက်က သိုးပေါက်လေးက အဆိပ်ရှိတဲ့ မြက်တွေကို မှားစားမိလို့လေ။ အခု သိုးမကြီးကရော အဆိပ်ရှိတဲ့ မြက်တွေကို ထပ်စားမိတာလား။"
ထိုလူက လက်ကို လက်ခုပ်တီးသလို ရိုက်ကာ ပြောလိုက်သည်။
"ဟုတ်နိုင်တယ်၊ အဲ့ဒါ ဖြစ်နိုင်တယ်!"
ကျန်းမန်မန် ပြောစရာ စကားပင် ပျောက်သွားရ၏။ သိုးတစ်ကောင်ကို အကောင်ကြီးလာအောင် မွေးမြူရသည်မှာ မလွယ်ကူသော်လည်း၊ ဘာတွေ ကျွေးမိနေသလဲဆိုသည်ကိုတောင် သူတို့ သေချာမသိကြပေ။
သူမ စိုးရိမ်သည်မှာ အစာမှားသည်ထက် ကူးစက်ရောဂါ တစ်ခုခု ဖြစ်နေမည်ကိုပင်။
ရောဂါသာ စဖြစ်ပွားလျှင် ပျံ့နှံ့သွားရန် လွယ်ကူသည်။
"တခြားသိုးတွေမှာရော ဒီလိုလက္ခဏာတွေ မရှိဘူးလား။"
"မရှိပါဘူး၊ အဲဒီသိုးမကြီး တစ်ကောင်တည်းပါ။ အခု သိုးပေါက်လေးနှစ်ကောင်က သူမနို့ကို သောက်နေတော့ ဘာလုပ်ရမှန်း မသိလို့။ ဆေးကုခန်းမှာလည်း ဘယ်သူမှမရှိဘူး၊ ဒေါက်တာရှန်းကလည်း အလုပ်ရှုပ်နေလို့ ကျွန်တော့်ကို ဆရာမဆီ လွှတ်လိုက်တာ။"
ထိုစကားကြောင့် ကျန်းမန်မန်၏ မျက်နှာ မှိူင်းညို့သွားခဲ့ရသည်။ အဲဒီ ရှန်း မျိုးနွယ်ကတော့ တကယ်ကို လူယုတ်မာပဲ။
"ခဏစောင့်ပါဦး၊ ကျွန်မ အိမ်ပြန်ပြီး ကျွန်မ ယောက်ျားကို အရင်ပြောလိုက်ဦးမယ်။"
"ဟင်။ ဆရာမကျန်း... ဆရာမမှာ ယောက်ျားရှိနေပြီလား။"
ကျန်းမန်မန်က ပြုံးလျက် ပြောလိုက်၏။ "ရှိတာပေါ့၊ ဒါကြောင့်လည်း ကျွန်မယောက်ျားကို အရင်ပြောရမှာလေ။"
"ဟုတ်ပါပြီ။"
သူမ စက်ဘီးစီးပြီး အိမ်ပြန်ရောက်လာသည့်အခါ တစ်ညလုံး ကင်းစောင့်ထားရသောကြောင့် အိပ်မောကျနေသည့် ကျိုးယဲ့က ချက်ချင်း နိုးလာခဲ့သည်။
"မိန်းမ... ပြန်လာပြီလား။ ကိုယ့်ကို ဖက်ပါဦး။ မျိုးစေ့တွေ ဝယ်ခဲ့ပြီလား။"
ကျန်းမန်မန် ပြုံးရင်း ပြောလိုက်၏။ "ဝယ်ခဲ့ပြီ။ အခု ရွာသားတစ်ယောက်က သူ့အိမ်ကသိုးကို လာကြည့်ပေးဖို့ ခေါ်နေလို့၊ ခဏသွားကြည့်ပေးလိုက်ဦးမယ်။"
ကျိုးယဲ့က ချက်ချင်းပင် အိပ်ရာမှထပြီး ဖိနပ်စီးလိုက်သည်။ "ဘယ်ရွာကလဲ။ ကိုယ်လည်း လိုက်ခဲ့မယ်။"
"ရှောင်ရှောက်ရွာက ဦးလေးစုန့်တဲ့။ အဲဒီရွာက ကျွန်မတို့နဲ့ သိပ်မဝေးဘူး မဟုတ်လား။"
ကျိုးယဲ့က ခေတ္တ တိတ်ဆိတ်သွားပြီးမှ ပြန်မေးလိုက်သည်။ "ရှောင်ရှောက်ရွာ ဘယ်မှာရှိမှန်းတောင် မသိဘဲနဲ့ သွားဖို့ လုပ်နေတာလား။"
သူမ၏ အံ့သြစရာကောင်းသော သတ္တိကို သူ အံ့သြနေမိသည်။
ကျိုးယဲ့သည် အဝတ်အစားများကို အမြန်လဲပြီး ဖိနပ်စီးကာ ထွက်လာခဲ့သည်။ "ကိုယ် လိုက်ခဲ့မယ်၊ စက်ဘီးနဲ့ ပို့ပေးမယ်။"
ထိုသို့ပြောရင်းနှင့်ပင် ထွက်လာသည့်အတွက် ကျန်းမန်မန်လည်း ဘာမှမပြောချိန်မရတော့ဘဲ လိုက်ပို့ခိုင်းလိုက်ရတော့သည်။
ဦးလေးစုန့်က ကျိုးယဲ့ကို မြင်သည့်အခါ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားခဲ့လေသည်။
"အို... ဆရာမကျန်း၊ ဆရာမ လက်ထပ်လိုက်တဲ့သူက ဒါရိုက်တာကျိုး ဖြစ်နေတာလား။ ဒါက တကယ်ကို ကောင်းလိုက်တာဗျာ။"
သူက ဆက်ပြီး ပြောလိုက်ပြန်၏။ "ကျွန်တော်တို့ ရွာက မိန်းကလေးတစ်ယောက်ကလည်း ဒါရိုက်တာကျိုးကို သဘောကျနေတာ၊ ဒါပေမဲ့ သူက လုံးဝ ပြန်သဘောမကျခဲ့ဘူးလေ။ အခုတော့ သူစောင့်နေတဲ့သူက ဘယ်သူလဲဆိုတာ သိရပြီပေါ့။ဒါကြောင့် အချို့အရာတွေက ကံပါမှ ဖြစ်တာလို့ ငါပြောတာပေါ့။ ကံပါတဲ့သူနဲ့မှ အဆင်ပြေသွားတာလေ ဟားဟားဟား။"
ကျန်းမန်မန်သည် ထိုဦးလေးကြီး၏ ရယ်သံကြောင့် သူမပါ ရယ်ချင်စိတ်ပေါက်သွားပြီး ဘေးမှ ကျိုးယဲ့ကို လှမ်းကြည့်လိုက်သည်။ ကျိုးယဲ့ကလည်း သူမကို ပြန်ပြုံးပြ၏။
"ဒါပေါ့... ကျွန်တော့်ရဲ့ အမြင်က ဘယ်တော့မှ မမှားဘူးလေ!"
ကျန်းမန်မန် - 'ဒီစကားက ဘာလို့ရင်းနှီးနေပါလိမ့်။ တစ်ယောက်ယောက်က အရင်က ပြောဖူးခဲ့တာလား။'
ကျိုးယဲ့သည် ရှောင်ရှောက်ရွာသို့ မည်သို့သွားရမည်ကို သိသဖြင့် ကျန်းမန်မန်ကို စက်ဘီးအနောက်တွင်တင်၍ ခေါ်သွားပေးခဲ့သည်။
ကျန်းမန်မန်ကလည်း ကျိုးယဲ့၏ ခါးကို ဖက်ပြီး စက်ဘီးနောက်မှာ လိုက်လာခဲ့လိုက်၏။
"ဆေးကုခန်းက တိရစ္ဆာန်ဆရာဝန် ၃ ယောက်လုံးက ဘာလို့ အပြင်ရောက်နေကြတာလဲ။ အားလုံး အလုပ်ရှုပ်နေကြတာလား။"
ကျိုးယဲ့က ဒီအကြောင်းကို သိထားသည်။ "အဲဒါကတော့ ဒီနယ်တစ်ဝိုက်မှာ ဒီဆေးကုခန်း တစ်ခုတည်းပဲ ရှိတာကိုး။ သူတို့ အလုပ်ရှုပ်ပြီဆိုရင် တစ်ရွာဝင် တစ်ရွာထွက် သွားလာနေရတာဆိုတော့ ဆေးခန်းမှာ လူတွေ့ဖို့က မလွယ်ဘူးလေ။"
ကျန်းမန်မန်က ရုတ်တရက် ပြောလိုက်၏။ "ဒါနဲ့... စကားမစပ် ကျွန်မလည်း တိရစ္ဆာန်ဆေးကုသခွင့် စာမေးပွဲ ဖြေထားတာပဲ၊ ဘာလို့ ဘယ်သူကမှ ကျွန်မဆီ လာပြီး အကူအညီ မတောင်းကြတာလဲ။"
ကျိုးယဲ့က ရယ်မောလိုက်ပြီး ပြောလိုက်သည်။"မင်းက ပုံမှန်ဆို အသံကျယ်ကျယ်နဲ့ အော်ဟစ်နေတတ်ပြီး ဒါကိုတော့ မသိဘူးလား။ သူတို့က တိရစ္ဆာန်တွေကို ကုပေးရင် အလုပ်ရမှတ် ရတယ်လေ။ မင်းက လူသစ်ဆိုတော့ ဦးလေးစုန့်ကလွဲလို့ ဘယ်သူမှ မသိကြသေးတာနေမယ်။"
သူက ဆက်ပြီး ပြောလိုက်သေး၏။ "မင်းမှာ တိရစ္ဆာန်ဆေးကုခွင့် လက်မှတ်ရှိတာကို သူတို့ မသိတာက ပိုကောင်းပါတယ်။ ဒါမှ မင်း ရွာတိုင်းကို လျှောက်သွားနေစရာ မလိုတော့မှာ။ မင်းအတွက် အလုပ်ရမှတ်တွေကို ကိုယ် ရှာပေးမယ်လေ၊ အနာဂတ်မှာ မင်းကို ကိုယ် ဂရုစိုက်ပေးမယ်။ ဒါမှ ကိုယ်လည်း စိုးရိမ်နေစရာ မလိုတော့မှာ။ မင်း ပင်ပန်းမှာကို ကိုယ် မလိုလားပါဘူး။"
ကျေးလက်စက်ရုံဒါရိုက်တာနဲ့ လက်ထပ်ပြီးနောက် အလိုလိုက်ခံနေရပြီ