← Chapters

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂

Vol. 7 Ch. 62

အပိုင်း ၆၂

"အမလေး... ရှင်ကတော့ စကားတွေ အရမ်းတတ်တာပဲ။ ကွယ်ရာမှာ ပျားရည်တွေ ခိုးစားထားတာလား။"

ကျိုးယဲ့က တဟားဟား ရယ်မောရင်း စက်ဘီးခြေနင်းတံကို အားကုန်နင်းလိုက်သည်။

"မိန်းမက ပျားရည်စားချင်လို့လား။ ဒါဆိုရင် နောက်မှ ကိုယ် တောင်ပေါ်တက်ပြီး ပျားအုံ သွားရှာပေးမယ်လေ။"

ဟင်။ ကျန်းမန်မန်သည် ကျိုးယဲ့၏ ကျောပြင်ကို ကြည့်ပြီး သူမတော့ တကယ်ကို ရွှေတွင်းကြီးနှင့် တိုးမိပြီဟူ၍ ခံစားလိုက်ရသည်။

"ကောင်းပြီလေ။ ဒါပေမဲ့ ပျားတုပ်မခံရအောင်တော့ သတိထားဦးနော်။"

သူတို့နှစ်ဦး စက်ဘီးစီးပြီး ရှောင်ရှောက်ရွာကို ရောက်လာခဲ့ကြပြီး မေးမြန်းစုံစမ်းပြီးနောက် ဦးလေးစုန့်၏ အိမ်ကို ရှာတွေ့ခဲ့သည်။

ထိုအချိန်မှာပင် တိရစ္ဆာန်ဆေးကုဆရာဝန် ရှန်းကိုလည်း ထိုနေရာ၌ တွေ့လိုက်ရ၏။ သူလည်း အခုလေးတင် ရောက်လာပုံပင်။

ကျန်းမန်မန်တို့ ရောက်လာသည်ကို မြင်သည့်အခါ ထိုသူ၏ မျက်နှာက ချက်ချင်း ညိုမဲသွားတော့သည်။

"ရဲဘော်ကျန်းကတော့ အနံ့ခံ တကယ်ကောင်းတာပဲ။ အချိန်ကိုက် ရောက်လာတယ်နော်။"

ကျန်းမန်မန်က မျက်မှောင်ကြုတ်ပြီး သူမရှေ့က ရှန်းမျိုးနွယ် ဆရာဝန်ကို ကြည့်လိုက်သည်။

"ရဲဘော်ရှန်း... ကျွန်မက ရှင့်ရဲ့ အလုပ်ရမှတ်တွေကို လာလုတယ်လို့ ထင်နေတာလား။"

"တကယ်လို့ အဲဒီလို ထင်နေရင်တော့ ကျွန်မတို့ သွားတော့မယ်။ ရဲဘော်ရှန်းပဲ ဒီအလုပ်ကို လုပ်လိုက်တော့လေ။"

သူမက ပြောပြောဆိုဆိုနှင့် တကယ်လှည့်ပြန်ရန်ပြင်လိုက်ပြီး ကျိုးယဲ့၏ ကျောကို ပုတ်ကာ ပြောလိုက်သည်။

"သွားကြစို့... ဒီမှာ တိရစ္ဆာန်ဆေးကုဆရာဝန် ရှိနေပြီပဲ၊ ကျွန်မကို မလိုတော့ဘူး။"

ကျိုးယဲ့က မျက်မှောင်ကြုတ်လိုက်ပြီး သူမ နောက်နေခြင်း မဟုတ်မှန်း သိလိုက်သည့်အတွက် အကဲခတ်သည့် အကြည့်နှင့် မေးလိုက်သည်။ "တကယ် ပြန်မှာလား။"

ကျန်းမန်မန်က ခေါင်းညိတ်ပြလိုက်သည်။"တကယ်ပေါ့။ တိရစ္ဆာန်တွေကို ကုပေးလို့ အလုပ်ရမှတ်တွေ မရရင်တောင် ရှင်က ကျွန်မကို ကျွေးထားမှာပဲ မဟုတ်ဘူးလား။ ကျွန်မက ရဲဘော်ရှန်းတို့လို မဟုတ်ဘူးလေ၊ ထောက်ပံ့ပေးရမဲ့ မိသားစုတွေလည်း ရှိတာမှ မဟုတ်တာ။ သွားကြစို့။ သွားကြစို့။"

ကျိုးယဲ့က သူမ၏ စကားကြောင့် သဘောကျသွားပြီး စက်ဘီးကို ပြန်လှည့်ကာ ကျန်းမန်မန်ကို တင်ပြီး ထွက်လာခဲ့တော့သည်။

သူ့မိန်းမ ပြောသည်မှာ လုံးဝမှန်သည်။ သူကသာ မိသားစုကို တာဝန်ယူမည့်သူဖြစ်သည့်အတွက် သူမအနေနှင့် အခြားသူများနှင့် လိုက်ပြီး အလုပ်မှတ် လုနေစရာ မလိုပေ။

လမ်းခုလတ်တွင်တော့ သူတို့ပြန်လာသည်ကိုတွေ့ပြီး အံ့သြနေသည့် ဦးလေးစုန့်နှင့် ဆုံတော့သည်။

"ဟင်။ ဘာလို့ ပြန်လာကြတာလဲ။"

"ဦးလေးစုန့်... ကျွန်မတို့ အခုနက ဦးလေးအိမ်ကို သွားကြည့်တော့ ရဲဘော်ရှန်းကို တွေ့ခဲ့တယ်။ သူက အတွေ့အကြုံရှိတဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်ပဲ။ သူရှိနေမှတော့ ဦးလေးတို့အဖွဲ့က သိုးတွေအတွက် ဘာမှပူစရာမလိုတော့ပါဘူး။"

"ကျွန်မ ဝင်မရှုပ်တော့ဘူးနော်၊ အရင်ပြန်နှင့်တော့မယ်။"

သူမ ထိုသို့ပြောသည်ကို ကြားလိုက်ရသည့်အခါ ဦးလေးစုန့်လည်း ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

"ဒါပေမဲ့ ပြီးခဲ့တဲ့တစ်ခေါက်က သိုးကို ကုပေးခဲ့တာ မင်းပဲလေ၊ ဆရာဝန်ရှန်းကျတော့..."

ဦးလေးစုန့်က သူတို့အဖွဲ့၏ အသင်းခေါင်းဆောင် တစ်ယောက်ဖြစ်သည့်အတွက် ဆရာဝန်ရှန်းကို အရည်အချင်း မရှိဘူးဟုတော့ တိုက်ရိုက်မပြောနိုင်ပေ။ သို့သော် ပညာတတ်လူငယ်မလေး ကျန်းမန်မန်က ဆေးဝါးသုံးစွဲသည့်နေရာတွင် ပိုပြီး စေတနာပါသည်ကို သူသိနေသောကြောင့် သူမကိုသာ လာရှာခဲ့ခြင်းဖြစ်သည်။

ဆရာဝန်ရှန်း ထပ်ရောက်လာလိမ့်မည်ဟုတော့ သူ မထင်ထားခဲ့ပေ။

"အို... အင်းလေ၊ ဒါဆိုရင်လည်း မင်းပါ တစ်ချက်လောက် လိုက်ပြီးကြည့်ပေးပါဦးလား!"

သူ၏ စကားပင် မဆုံးသေးခင်မှာပင် ကျိုးယဲ့က ကျန်းမန်မန်ကို စက်ဘီးပေါ်တင်ပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

ကျိုးယဲ့သည် ကျန်းမန်မန်ကို အားပေးစကား ပြောလိုက်သေးသည်။ "မိန်းမ... နောက်ဆိုရင်လည်း ဒီလိုပဲ လုပ်ရမယ်။ သူတို့နဲ့ အလုပ်ရမှတ် လိုက်လုနေစရာ မလိုပါဘူး။ တကယ်လို့ မင်းက ပညာစမ်းချင်တယ်ဆိုရင်တော့ ကိုယ်တို့ ဝက်ခြံကို ထပ်ချဲ့ပြီး ဝက်တွေအများကြီး မွေးတဲ့အခါကျမှ စိတ်ကြိုက် ကုတော့ ဟုတ်ပြီလား။"

သူ၏စကားကြောင့် ကျန်းမန်မန် တဟားဟား ရယ်မောလိုက်မိ၏။ "ဘာလို့ ကျွန်မက အားအားယားယား တိရစ္ဆာန်တွေ လိုက်ကုပေးနေရမှာလဲ။ အခုလို အားလပ်ချိန်ရတာကိုတောင် တကယ် ဝမ်းသာနေတာပါ။

သူမသည် အမှန်တကယ်ကို ထိုသို့တွေးမိခြင်း ဖြစ်သည်။ ယခင်ဘဝတုန်းကလည်း သူမ၏ စီနီယာများ၏ အိမ်မွေးတိရစ္ဆာန်လေးများကို ကြည့်ပေးခဲ့ရသည်ကို ဒီရောက်လာသည့်တိုင် သူမက ထိုအလုပ်ကိုပဲ ဆက်လုပ်နေရဦးမည်လား။

တော်ပါပြီ။ သူမ မလုပ်ချင်တော့ပေ။

သူမ ဆေးကုခွင့်လက်မှတ်များ ယူထားခဲ့သည်ကလည်း အကယ်၍ တစ်ယောက်ယောက်က တိုင်တန်းလာရင် ပြဿနာမတက်အောင် ကြိုတင်ပြင်ဆင်ထားရုံသက်သက်ပင်။

ယခုတော့ သူမတွင် လက်မှတ် အများကြီး မရှိခြင်းကိုတောင် ပိုပြီး စိတ်ချမ်းသာနေမိသည်။

သူတို့နှစ်ဦး အိမ်ပြန်ရောက်ပြီးနောက် ကျန်းမန်မန်က ဝက်စာရှာရန် ခြင်းတောင်းကို လွယ်ကာ တောင်ပေါ်တက်လာခဲ့သည်။

သူမသည် ဝက်စာရှာသည့်အလုပ်ကိုတော့ တကယ့်ကို ကြိုးကြိုးစားစား လုပ်ကိုင်တတ်၏။ သို့သော် ဝက်စာရှာရင်း တောကြက််များ၊ ယုန်များနှင့် ဆုံရသည်ကတော့ ရှောင်လွှဲလို့မရသည့် ကိစ္စပင်။

သူမတို့ ယခင်က ထောင်ထားခဲ့သည့် ပိုက်ကွန်များထဲတွင် ပြောင်းဖူးစေ့ အများကြီး မရှိသောကြောင့် ကြီးမားမားတော့ မမိပေ။

သို့သော်လည်း တောကြက်နှစ်ကောင်ကတော့ ပိုက်ထဲ ဝင်သွားပြီး ပြန်မထွက်လာတော့သလို နောက်ထပ် တောကြက်များသည်လည်း တစ်ကောင်ပြီးတစ်ကောင် ဝင်လာကြပြန်သည်။

အချိန်ကြာလာသည်နှင့်အမျှ တောကြက်တော်တော်များများသည် ပိုက်ကွန်ထဲတွင်သာ ပိတ်မိနေကြတော့သည်။

ထူးဆန်းသည်ကတော့ ဤသို့ တောကြက်များ အစုလိုက်အပြုံလိုက် ရှိနေခြင်းကတောင် ဒဏ္ဍာရီလာ မြည်းမျက်နှာနှင့် ဝံပုလွေကို ဆွဲဆောင်နိုင်ခြင်း မရှိခဲ့ခြင်းပင်။

ဒါက သိပ္ပံနည်းမကျဘူး။ ကျန်းမန်မန်ကတော့ ဤအရာသည် လုံးဝကို သိပ္ပံနည်းမကျနေဘူးဟု ခံစားနေရသည်။

ထို့နောက် သူမသည် ရုတ်တရက် အန္တရာယ်တစ်ခုခုကို အာရုံခံမိသည့်သဖွယ် နောက်သို့ တစ်လှမ်းချင်း ဆုတ်ခွာနေမိ၏။

သူမ ပတ်ဝန်းကျင်ကို သေသေချာချာ အကဲခတ်နေစဉ်မှာပင် ပြင်းထန်သော လေပြင်းတစ်ချက်နှင့်အတူ အရာတစ်ခုက သူမဆီသို့ ဒုန်းစိုင်းပြေးဝင်လာတော့သည်။

နောက်တစ်စက္ကန့်မှာတော့ ထိုဝံပုလွေကြီးသည် ဟာလာဟင်းလင်းဖြစ်နေသော လေထုထဲသို့သာ ခုန်အုပ်မိသွားတော့သည်။ ထိုနေရာတွင် မည်သူ့အရိပ်အယောင်မျှ မရှိနေတော့ပေ။

ကျန်းမန်မန် သူမ၏ အာကာသ နေရာလွတ်ထဲမှ အပြင်ကို လှမ်းကြည့်လိုက်သည့်အခါ ဒဏ္ဍာရီလာ မြည်းမျက်နှာနှင့် ဝံပုလွေကို အမှန်တကယ်ပင် မြင်တွေ့လိုက်ရတော့သည်။

၎င်းသည် ကြည့်ရ အတော်ဆိုးလှပြီး ဘယ်လိုမျိုးစပ်ထားသော သတ္တဝါအထူးအဆန်းကြီးလဲဆိုသည်ကို သူမ မဝေခွဲနိုင်တော့ပေ။

ကျန်းမန်မန် အာကာသနေရာလွတ်ထဲကို ပတ်ကြည့်လိုက်သည့်အခါ လက်နက်ဆို၍ ဓားနှင့် လေးဂွသာ ရှိသည်ကို တွေ့လိုက်ရသည်။ ဤအရာများက အဖျက်အား သိပ်မရှိလှပေ။

အပြင်ကို ထွက်လိုက်လျှင်တောင် ဒီဝံပုလွေကို သူမ သတ်နိုင်မည်မဟုတ်သည့်အတွက် နေရာလွတ်ထဲမှာသာ ပုန်းနေပြီး ဝံပုလွေ အမြန်ထွက်သွားရန်ကိုသာ စောင့်ကြည့်နေလိုက်တော့သည်။

မြည်းမျက်နှာနှင့် ဝံပုလွေကြီးကတော့ ထိုနေရာတွင် ခဏကြာအောင် ဝဲလည်နေပြီး ကျန်းမန်မန်ကို ပြန်ရှာမတွေ့တော့သည့်အခါ ပိုက်ကွန်ထဲမှ တောကြက်များဘက်ကို လှည့်ကြည့်လိုက်သည်။

ကျန်းမန်မန် နေရာလွတ်ထဲကနေ အထင်းသား မြင်နေရသည်မှာ ဝံပုလွေကြီးသည် ပိုက်ကွန်ထဲမှ တောကြက်များကို အတော်လေး စိတ်ဝင်စားနေပုံပင်။

ပြောစရာ စကားတောင် မရှိတော့ပေ။ နောက်ဆုံးတော့ ဒီငါးဖမ်းပိုက်ကသာ သူတို့ကို ဆွဲဆောင်လိုက်နိုင်ခဲ့ပြန်သည်။

သို့သော် သူမသည်လည်း ဒီအထဲတွင်ပဲ တစ်သက်လုံး ပုန်းနေ၍ မရပေ။

ရုတ်တရက်ဆိုသလို သူမသည် နေရာလွတ်ထဲမှ ထွက်လာပြီး တောင်အောက်ကို အတင်းပြေးဆင်းတော့သည်။

ဝံပုလွေကြီးကလည်း သူမကို မြင်သည့်အခါ သဘာဝအတိုင်း နောက်ကနေ လိုက်ဖမ်း၏။ သို့သော် အနားကို ရောက်ခါနီးမှာပင် သူမက ထပ်ပြီး ပျောက်ကွယ်သွားပြန်သည်။

မြည်းမျက်နှာနှင့် ဝံပုလွေကြီးလည်း ခဏတာ ကြောင်အမ်းသွားပြီး ပတ်ဝန်းကျင်ကို ဆက်ရှာဖွေနေသည့်တိုင် ခဏအကြာတွင်တော့ ကျန်းမန်မန်ကို ရှာမတွေ့တော့ပေ။

၎င်းသည် သူ၏ခေါင်းကို ခါယမ်းလိုက်ပြီး မျက်နှာတွင်လည်း လူသားတစ်ယောက်သဖွယ် ဇဝေဇဝါဖြစ်နေသည့် အမူအရာက ဖြတ်ပြေးသွားခဲ့သည်။

ထို့နောက် နောက်ပြန်လှည့်ပြီး ခြေလှမ်းအနည်းငယ် လှမ်းလိုက်ကာ ချက်ချင်းရပ်ပြီး ပတ်ဝန်းကျင်ကို ပြန်ကြည့်လိုက်သော်လည်း ဘယ်သူ့ကိုမှ ရှာမတွေ့ခဲ့ပြန်ပေ။

ထို့နောက် ၎င်းသည် ရှေ့ကို ဆက်လျှောက်သွားချင်ယောင်ဆောင်ပြီးမှ ခဏနေလျှင် ရုတ်တရက် ပြန်ရပ်ပြီး အနောက်ကို လှည့်ကြည့်ခြင်းမျိုးကို အကြိမ်ကြိမ် လုပ်နေခဲ့သည်။ ကျန်းမန်မန် မရှိတော့သည်မှာ သေချာပြီဆိုမှသာ လက်လျှော့လိုက်တော့သည်။

ကျန်းမန်မန်ကတော့ သူ၏ အပြုအမူကို ကြည့်ပြီး မရယ်ဘဲ မနေနိုင်တော့ပေ။ ဒီကောင် တကယ်ကို ဉာဏ်ကောင်းတာပဲ။

ထိုအကောင် ခပ်ဝေးဝေးကို လျှောက်သွားပြီဆိုမှ ကျန်းမန်မန်က အပြင်ကို တစ်ခါ ထပ်ထွက်လိုက်ပြန်သည်။ ထင်ထားသည့်အတိုင်း ဝံပုလွေကြီးက ချက်ချင်းလှည့်ပြီး သူမဆီကို ဒုန်းစိုင်းပြေးလာပြန်၏။

ကျန်းမန်မန်က နေရာလွတ်ထဲကို ထပ်ပြီး ဝင်လိုက်တော့ ၎င်းသည် တစ်ခါထပ်ပြီး လွဲချော်သွားရပြန်သည်။

ဤသို့ အကြိမ်ကြိမ် စမ်းသပ်ရင်း ကျန်းမန်မန်က တောင်အောက်ခြေနှင့် ပိုပိုပြီး နီးကပ်လာခဲ့သည်။ နောက်ဆုံးတွင်တော့ မြည်းမျက်နှာနှင့် ဝံပုလွေကြီးသည် ကျန်းမန်မန်ဆိုသည့် သားကောင်ကို လက်လျှော့လိုက်ရပြီး တောကြက်များဆီကိုသာ အာရုံပြန်လှည့်လိုက်ရတော့သည်။

သို့သော် ထိုဝံပုလွေကြီးအတွက်တော့ အစားအစာကို အနားမှာတင် မြင်နေရပြီး လက်လှမ်းမမီနိုင်ခြင်း

က တကယ်ကို စိတ်ပျက်စရာကောင်းလှသည်။

ကျန်းမန်မန်သည် တောင်အောက်ကို အပြေးအလွှား ဆင်းလာပြီး ဝက်ခြံဆီသို့ တန်းတန်းမတ်မတ် သွားလိုက်တော့သည်။

ကျိုးယဲ့က သူမ တောင်ပေါ်က ပြေးဆင်းလာသည်ကို မြင်လိုက်ရသည့်အခါ အလျင်အမြန်ပင် ထွက်ကြိုလိုက်၏။

"ဘာဖြစ်လို့လဲ မိန်းမ။"

"တောင်ပေါ်မှာ... မြည်းမျက်နှာနဲ့ ဝံပုလွေတစ်ကောင် ရှိနေတယ်။ အဲဒီကောင်က တောဝက်ထောင်ထားတဲ့ ပိုက်ထဲက တောကြက်တွေကို ကြည့်နေတာ။ ကျွန်မ တောင်ပေါ်ရောက်သွားတော့ တကယ် လန့်သွားတာပဲ။"

သူမ၏စကားကို ကြားလိုက်ရသည့်အခါ သူနှင့် စကားပြောနေသည့် ကောမာဇီက အံ့သြသွားပြီး အလျင်အမြန်ပင် ပြန်ပြောလိုက်သည်။

"ဘာစောင့်နေဦးမှာလဲ။ အခုချက်ချင်း လူတွေခေါ်ပြီး လက်နက်တွေနဲ့ သွားကြစို့လေ။"

ကျိုးယဲ့က တည်ငြိမ်စွာနှင့် ခေါင်းခါပြလိုက်၏။"မရဘူး၊ အခု မဟုတ်သေးဘူး။ မနက်ဖြန်အထိပဲဖြစ်ဖြစ်၊ စစ်ဘက်နယ်မြေက ငါ့ကိုပေးမဲ့ ဆုလာဘ်တွေ ရောက်လာတဲ့အထိပဲဖြစ်ဖြစ် စောင့်ရမယ်။ အဲဒီတော့မှ တောင်ပေါ်တက်လို့ ရလိမ့်မယ်။"

"မင်းရဲ့ အရင်က ပြောပြချက်အရဆိုရင် အဲဒီ မြည်းမျက်နှာနဲ့ ဝံပုလွေက အတော်လေး ကြီးတာပဲ။ တကယ်လို့ ရွာသားတွေက ဒီအချိန်မှာသာ လူစုပြီး သွားကြမယ်ဆိုရင်၊ အဲဒီကောင်ကို ဖမ်းဖို့ မကြိုးစားရသေးခင်မှာတင် လူတွေ အလွယ်တကူ ဒဏ်ရာရကုန်လိမ့်မယ်။"

သူ့စကားကြောင့် ကောမာဇီလည်း လောလောဆယ် စိတ်အေးအေးထားရန်ကလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။

"ကောင်းပါပြီ၊ ဒါဆိုလည်း စောင့်ကြတာပေါ့။ အထက်က ဆုလာဘ်တွေ ဘယ်တော့လောက် ရောက်လာမလဲဆိုတာလည်း မသိရသေးဘူး။"

ကျိုးယဲ့လည်း စိတ်ပူနေမိသည်။

အကယ်၍ ဝံပုလွေက ထိုပိုက်ကွန်၏ တစ်ဘက်တွင် တကယ် ရှိနေမည်ဆိုလျှင် ဝက်စာသွားရှာတတ်ကြသည့် သူတို့အတွက် တကယ်ကို အန္တရာယ်ကြီးလှသည်။

ယခင်တုန်းကတော့ ဝက်များအတွက် စားစရာအလုံအလောက်ရှိနေသောကြောင့် အဒေါ်ကြီး လေးယောက်က တစ်ခါတလေမှသာ တောင်ပေါ်တက်ပြီး ဝက်စာသွားရှာတတ်ကြသည်။

သ်ို့သော် ဒီအတိုင်းတော့ မဖြစ်သေးပေ။ အဒေါ်ကြီးများသည် ဝက်စာသွားရှာရင်းနှင့် ထိုဝံပုလွေနှင့် တိုးသွားနိုင်၏။ ယခုတော့ ဒီစိုးရိမ်ပူပန်မှုကို ဖြေရှင်းပေးနိုင်မည့် ဆုလာဘ်များ အမြန်ဆုံး ရောက်လာရန်သာ သူ မျှော်လင့်နေမိတော့သည်။

ကျေးလက်စက်ရုံဒါရိုက်တာနဲ့ လက်ထပ်ပြီးနောက် အလိုလိုက်ခံနေရပြီ

All Chapters