အခန်း ၆၆
Vol. 7 Ch. 66
အပိုင်း ၆၆
ဘယ်ကနေမှန်းမသိ ရုတ်တရက် ပေါ်ပေါက်လာသည့် သူတို့နှစ်ဦးကြားမှ နက်ရှိုင်းလှသော သံယောဇဉ်တို့ကြောင့် ညစာပင် မစားရသေးမီတွင် တစ်ဦးကိုတစ်ဦး စိတ်မထိန်းနိုင်ဘဲ နမ်းရှုံ့မိကြတော့သည်။
" မြန်မြန်စားကြရအောင်။ ရှင် နေ့လယ်ကလည်း အများကြီး မစားရသေးဘူးမလား၊ အခုလောက်ဆို ဗိုက် တော်တော်ဆာနေလောက်ပြီ။"
"ဒါနဲ့... ဝံပုလွေကို ပို့လိုက်ပြီဆိုတော့ အတွင်းရေးမှူးခန်တို့က အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာများပြောသေးလဲ။"
ကျိုးယဲ့က ထမင်းစားရန် ထိုင်လိုက်ရင်း ရှင်းပြလိုက်သည်။"ကိုယ်လည်း သေသေချာချာတော့ မသိဘူး။ အထက်ကိုတော့ တင်ပြလိုက်ပြီ ထင်တာပဲ၊ ဒါပေမဲ့ အထက်လူကြီးတွေဘက်က ဘယ်လိုစည်းမျဉ်းစည်းကမ်းမျိုးတွေ ရှိလဲဆိုတာတော့ မသိရသေးဘူး။"
ကျန်းမန်မန်သည် သူမ၏ ယခင်ဘဝတုန်းကလည်း ဤကိစ္စနှင့်ပတ်သက်၍ ထူးထူးခြားခြား ထိုးထွင်းသိမြင်မှုမျိုး မကြားဖူးခဲ့ကြောင်း တွေးတောနေမိသည်။
"ဒါနဲ့ တောင်ပေါ်က တောကြက်တွေကိုရော ဘာလုပ်ဖို့ စိတ်ကူးထားလဲ။"
"ဒီနေ့ တောင်ပေါ်တက်တဲ့အချိန် တောကြက်တွေ ပိုက်ကွန်ထဲမှာ မိနေတာကို ရွာသား တော်တော်များများ မြင်သွားကြတယ်လေ။"
ဤအကြောင်းကို ပြောလိုက်သောအခါ ကျိုးယဲ့က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"အဖွဲ့ခေါင်းဆောင်က အဲဒီတောကြက်တွေကို ခွဲဝေပေးဖို့ ကိုယ့်ကို လုပ်ပိုင်ခွင့်ပေးထားတယ်။ ကိုယ်ကတော့ ဝက်မွေးမြူရေးခြံကလူတွေရဲ့ မိသားစုတွေကို တစ်အိမ် တစ်ကောင်စီ ပေးဖို့ စိတ်ကူးထားတယ်။"
"ကျန်တဲ့ငါးတွေကိုတော့ ငါးဖမ်းခဲ့တဲ့ မိသားစုတွေကို ခွဲပေးပြီး၊ လေးငါးကောင်လောက်ပဲ ချန်ထားမယ်။"
"ကိုယ်တို့ ရွာသားတွေကို ဖိတ်ပြီး စားသောက်ပွဲလေးတစ်ခုလောက် လုပ်ပေးဖို့ စိတ်ကူးထားလို့လေ။"
"ဒါက ကိုယ်တို့နှစ်ယောက်အတွက် ရိုးရိုးရှင်းရှင်း မင်္ဂလာပွဲလေးတစ်ခု လုပ်လိုက်တဲ့ သဘောပေါ့။"
'ဒီယောက်ျားကတော့လေ... ဘာလို့ ဒီလောက်တောင် အကြံကောင်း ဉာဏ်ကောင်းတွေ ရှိနေရတာလဲ။'
"ကောင်းပါပြီ။ ဒါပေမဲ့ အဲဒီမတိုင်ခင် ရှင် အိမ်ရှေ့ဝင်းထဲမှာ မီးဖိုတစ်ခု အရင်လုပ်ရဦးမယ်။ အိမ်ထဲက ခုတင် ပေါ်မှာ ဘဲပေါက်လေးတွေကို သားဖောက်နေတာလေ။ တကယ်လို့ ခုတင်ကို အပူပေးလိုက်ရင် အပူရှိန် အရမ်းပြင်းသွားလိမ့်မယ်။"
ကျိုးယဲ့က ခဏကြာ တွေးတောပြီးနောက် သဘောတူလိုက်သည်။
ထမင်းစားသောက်ပြီးနောက် ကျိုးယဲ့သည် မြစ်ဆီသို့ ရေချိုးရန်မသွားတော့ဘဲ အိမ်ရှေ့ဝင်းထဲမှာတင် ရေချိုးလိုက်တော့သည်။
သူ၏ ညိုညိုစိုစို အသားအရေနှင့်အတူ ကျန်းမာကြံ့ခိုင်ပြီး စွမ်းအားပြည့်ဝလှသော စစ်မှန်သည့် စစ်သည်တော်တစ်ဦး၏ ဗိုက်သားများက အထင်သား ပေါ်လွင်နေလေသည်။
သူ အိမ်ထဲသို့ ဝင်လာသည့်အခါ ရေစက်ကလေးများသည် သူ၏လည်ပင်းမှတစ်ဆင့် ရင်ဘတ်နှင့် ခါးဆီသို့ စီးကျနေသည်။
သူ၏ခါးတွင်လည်း သေနတ်ဒဏ်ရာနှင့် ဓားဒဏ်ရာ စုစုပေါင်း လေးငါးချက်ခန့် ရှိနေသည်ကို တွေ့လိုက်ရ၏။
"ဒါတွေက ရှင့်ရဲ့ စစ်မြေပြင်က ဂုဏ်တံဆိပ်တွေပေါ့ ဟုတ်လား။"
နောက်ဆုံးတွင် သူမက သူ၏ခါးပေါ်မှ ဒဏ်ရာများကို လက်ဖြင့်အသာအယာ ထိတွေ့လိုက်ရာ ကျိုးယဲ့က ဂရုမစိုက်သည့်ဟန်ဖြင့် ဆိုလိုက်သည်။
"အင်း... ဒါတွေက အတိတ်ကအရာတွေပါပဲ။ ကိုယ့်ပေါင်မှာလည်း ဒဏ်ရာတစ်ခု ရှိသေးတယ်၊ မင်း ကြည့်ချင်သေးလား။"
'ပေါင်မှာ ဟုတ်လား'
ကျန်းမန်မန် သူ့ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်မိသည်။"ရှင် တကယ်ပဲ အဲ့ဒီနေရာမှာ ဒဏ်ရာရှိတာ သေချာလား။ ဘယ်လောက်တောင် ကြီးလို့လဲ။"
"ကြီးတာပေါ့... မင်းရဲ့ လက်ဖဝါးထက်တောင် ပိုကြီးတယ်ဆိုတာ ကိုယ်အာမခံရဲတယ်။"
ဒါတွေက နှာခေါင်းသွေးထွက်အောင် စနောက်နေတဲ့ စကားတွေမလား။
ယခုတော့ သူမ တကယ်ကို သံသယဝင်သွားခဲ့လေပြီ။ ဒီလူသည် ရိုးရိုးသားသား မဟုတ်ဘဲ ညစ်ညစ်ပတ်ပတ်စကားများသုံးကာ လာကျီစယ်နေသည်မှာ အသေအချာပင်။
သူမက သူ့ကို မကျေမနပ်သလိုပုံစံဖြင့် စိတ်ဆိုးမာန်ဆိုး လှမ်းကြည့်လိုက်ပြီး ဆိုလိုက်သည်။
"ဝေးဝေးသွားစမ်းပါ... ကျွန်မ မကြည့်ဘူး။ အာ... ရှင်ကတော့လေ။"
သူမ၏ စကား မဆုံးသေးခင်မှာပင် ကျိုးယဲ့က သူမကို အောက်သို့ ဖိချလိုက်တော့သည်။ အချစ်စမ်းကာ စနောက်ကျီစယ်ပြီးကြသည့်နောက်တွင်မူ ကျန်းမန်မန်က တိုင်စာရေးမည့်ကိစ္စကို စကားစတင်လိုက်၏။
ကျိုးယဲ့က သူ၏ဇနီးကို ထူးဆန်းသော အမူအရာဖြင့် တစ်ချက် လှမ်းကြည့်လိုက်သည်။
'ဒီကောင်မလေးကတော့ တကယ်ကို အာဃာတကြီးတဲ့ လူစားမျိုးပဲ။'
တစ်ချိန်တည်းမှာပင် သူသည်လည်း စိတ်ထဲမှ ကြိုတင်စီမံကိန်းချလိုက်ပြီး ဇနီးသည်၏ ကိစ္စကို နောက်ကွယ်မှနေ၍ လက်တစ်ကမ်း ကူညီပေးရန် ဆုံးဖြတ်လိုက်တော့သည်။
ကျန်းမန်မန်သည် ခင်ပွန်းဖြစ်သူ၏ သန်မာထွားကျိုင်းသော ရင်ခွင်ကျယ်ကြီးကို ဖက်တွယ်ရင်း ရင်ထဲတွင် အလွန်ပင် ကျေနပ်ပီတိ ဖြစ်နေမိသည်။ ဘဝက တကယ်ကို စိတ်ချမ်းသာစရာ ကောင်း၏။
ပစ္စည်းဥစ္စာ ရှားပါးလှသော ဤခေတ်ကြီးထဲတွင် ဖြစ်နေသည်ကလွဲလျှင် ကျန်သည့်အရာအားလုံးက ပြည့်စုံလွန်းလှသည်။
ဒါတင်မကသေး... သူမ၏လက်ထဲတွင် ကျန်းမိသားစုဆီမှ သိမ်းကျုံးယူဆောင်လာခဲ့သည့် အရာအားလုံး ရှိနေသော နေရာလွတ်လည်း ရှိနေသေးသည်မဟုတ်လား။
ထိုအထဲတွင် ငွေသား ၁၂၀၀ ယွမ်နှင့် ကုန်ပစ္စည်းဝယ်ယူခွင့် လက်မှတ်မျိုးစုံ အမြောက်အမြား ရှိနေသည်။ ဤအရာအားလုံးမှာ ကျန်းမိသားစု၏ တစ်သက်တာ စုဆောင်းထားခဲ့သမျှ ပိုင်ဆိုင်မှုများ ဖြစ်၏။
ပြီးခဲ့သည့် ရက်ပိုင်းတုန်းက သူမ ထိုအရာများကို အကုန်လုံး သေသေချာချာ ရှင်းလင်းစစ်ဆေးထားပြီး ဖြစ်သည်။
ကျန်းကွေ့ဖန်သည် တကယ်ကို ပိုက်ဆံဝှက်ရသည့်အပေါ် ဝါသနာပါသူ ဖြစ်သည်။ ထိုဗီရိုကြီးများ၏ အက်ကြောင်းများမှတစ်ဆင့် ပိုက်ဆံအတော်များများကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
သူမ၏ ဗီရိုထဲတွင် နောက်ထပ် ပိုက်ဆံတွေ အများကြီး ရှိနေဦးမလားဆိုသည်ကိုတောင် ကျန်းမန်မန် မရေမရာ ဖြစ်နေမိ၏။
ထို့အပြင် ဟောင်းနွမ်းစုတ်ပြတ်နေသော အဝတ်အစားများ၏ အိတ်ကပ်များထဲတွင်ပင် ငါးယွမ်၊ တစ်ဆယ်ယွမ် စသည်ဖြင့် တိတ်တဆိတ် ဝှက်ထားသေးသည်။
အကုန်လုံး စုပေါင်းလိုက်သည့်အခါ ယွမ် ၅၀ သို့မဟုတ် ၆၀ ယွမ်ခန့် ရှိနေပြန်၏။
ဖိနပ်များထဲတွင်တော့ ပိုက်ဆံသိပ်မရှိဘဲ ကျန်းကွေ့ဖန် ကိုယ်တိုင်စီးသည့် သားရေဖိနပ်တစ်စုံ၏ အထဲတွင်သာ ရှိနေ၏။
'သားရေဖိနပ်တဲ့လား!*
၎င်းသည် လေဝင်လေထွက်မကောင်းသဖြင့် ကျန်းမန်မန်တစ်ယောက် နှာခေါင်းရှုံ့မိပြီး ၎င်းကို လုံးဝပင် လက်နှင့်မထိချင်တော့ပေ။
အဓိကပြဿနာမှာ ထိုဖိနပ်က အခန်းထဲတွင်ပင် အနံ့ဆိုးများ ထွက်နေဆဲဖြစ်သဖြင့် သူမ ၎င်းကို အပြင်သို့ ထုတ်မယူလာနိုင်ခဲ့ခြင်း ဖြစ်သည်။
လောလောဆယ်တော့ ဒီအတိုင်းပဲ ထားလိုက်ပြီး အခွင့်အရေးရမှ အပြင်သို့ထုတ်ကာ လေတိုက်ခံရမည်။
ထို့အပြင် ကျိုးယဲ့ သူမကို ပေးထားသည့် ယွမ် ၈၀၀ ပါသည့် ငွေစုစာအုပ်နှင့် ငွေစက္ကူ၊ လက်မှတ်ပေါင်း ၂၀၀ ယွမ်လည်း ရှိနေသေးသည်။
ယခုအခါ သူမ၏ လက်ထဲတွင် စုစုပေါင်း ပိုက်ဆံ ၂,၅၀၀ သို့မဟုတ် ၂,၆၀၀ ယွမ်ခန့် ရှိနေပြီဖြစ်ရာ အတော်လေးကို ကြွယ်ဝချမ်းသာနေပြီ ဖြစ်သည်။
ဤငွေပမာဏသည် ယခုလို ခေတ်ကာလမျိုးတွင်တော့ တကယ့်ကို ကြီးမားလှသော မဟာရွှေတုံးကြီးသဖွယ် ဖြစ်ပြီး နောင်အနာဂတ်အထိလည်း ဆက်၍ တန်ဖိုးရှိနေဦးမည် ဖြစ်သည်။
ဤခေတ်ကြီးထဲတွင် မိသားစုအတွက် ပိုက်ဆံအနည်းငယ် ရှာဖွေရန်ပင် မလွယ်ကူလှသဖြင့် ဤမျှလောက်များပြားသော ငွေကြေးပမာဏကို စုဆောင်းမိဖို့ဆိုသည်မှာမူ ပို၍ပင် မတွေးရဲစရာပင်။
သူမ၏ လက်ထဲတွင် အာကာသနေရာလွတ်၏ အစွမ်းရှိနေသ၍ ဘာမှကြောက်စရာမလိုသော်လည်း မှောင်ခိုဈေးဆီသို့တော့ အလွယ်တကူ မသွားချင်သေးပေ။ သို့သော်လည်း အခွင့်အရေးရလျှင်တော့ တစ်ခေါက်လောက် သွားကြည့်သင့်သည်ဟု သူမ တွေးမိသည်။
နေရာလွတ်ထဲရှိ ပစ္စည်းများကို အကုန်ရောင်းချပစ်ပြီးလျှင်တော့ အမှိုက်ပုံဟောင်း သို့မဟုတ် ပစ္စည်းဟောင်းအရောင်းဆိုင်ဘက် သွားပြီး ပြန်လည်အသုံးချလို့ရမည့် ရှေးဟောင်းပစ္စည်းအချို့ ရှိမရှိ ရှာဖွေကြည့်ရမည်။
ဒီလိုတွေးတောလိုက်မိသည့်အခါ သူမ၏ မိသားစုအတွက် တစ်ခုခုလုပ်ပေးဖို့က တကယ်ကို အရေးကြီးမှန်း ခံစားလိုက်ရသည်။
ဘာပဲဖြစ်ဖြစ် အရင်ဆုံး စည်းစိမ်ဥစ္စာအချို့ကို စုဆောင်းထားရမည်မဟုတ်ပါလား။
အနည်းဆုံးတော့ ကျန်းမိသားစုအိမ်မှ ယူလာခဲ့သည့် အမှိုက်လို ပစ္စည်းဟောင်းများကို အမြန်ဆုံး ရှင်းလင်းပစ်ဖို့ လိုအပ်ပေသည်။
နောက်တစ်နေ့ မနက်စောစောတွင်မူ သူမသည် ခွင့်တစ်ရက်ယူကာ ခရိုင်မြို့ဆီသို့ ထွက်လာခဲ့တော့သည်။
ဂုဏ်ပြုပွဲအခမ်းအနားပြီးကတည်းက ရွာထဲမှာတင်မကဘဲ လူအတော်များများက သူမကို သိနေကြပြီဖြစ်ရာ မြို့ထဲသို့ ရောက်သည့်အခါ လမ်းတစ်လျှောက်လုံး လှမ်းပြီး နှုတ်ဆက်ကြသူများပြားနေ၏။
"ဟော... ဒါ ရဲဘော်ကျန်းမဟုတ်လား။ မြို့ထဲကို လာတာလား။"
"ဟုတ်ကဲ့! ပစ္စည်းအချို့ ဝယ်စရာရှိလို့ လာခဲ့တာပါ။"
ကျန်းမန်မန်သည် မိမိကို လှမ်းနှုတ်ဆက်သူကိုပင် မမှတ်မိတော့ပေ။ ကြည့်ရသည်မှာ မှောင်ခိုဈေးထဲ မဝင်ခင် ရုပ်ဖျက်ရန် အရေးတကြီး လိုအပ်နေလေပြီ။
လူသူကင်းရှင်းသည့် နေရာတစ်ခုကို ရှာဖွေကာ သူမသည် နေရာလွတ်ထဲသို့ ခဏဝင်လိုက်ပြီး အပြင်သို့ ပြန်ထွက်လာသည့်အခါတွင်မူ ယောက်ျားလေးအဝတ်အစားများ ဝတ်ဆင်ထားသော ကောင်လေးတစ်ဦးအသွင် ပြောင်းလဲသွားတော့သည်။
အထူးတလည် ပြောနေစရာပင်မလိုဘဲ သူမ ဝတ်ထားသည်မှာ သူမဖခင်ဖြစ်သူ၏ အဝတ်အစားများပင် ဖြစ်သည်။
သူမဖခင်၏ ယောက်ျားဝတ် လုပ်ငန်းခွင်ဝတ်စုံမှာ သူမနှင့် ကွက်တိပင် ဖြစ်နေ၏။
အနည်းငယ်တော့ ပွယောင်းနေ၏။
ထို့နောက် သူမသည် ကိုယ်ပေါ်တွင် အဝတ်အစား အပိုအချို့ကို ထပ်မံပတ်စည်းလိုက်ရာ ခန္ဓာကိုယ်အချိုးအစားမှာ လုံးဝ ပျောက်ကွယ်သွားပြီး သူမ၏ မူလရုပ်သွင်ကို ဖုံးကွယ်သွားစေတော့သည်။
သူမသည် ကိုယ်တိုင်လုပ် နှာခေါင်းစည်းကိုပါ တပ်ဆင်လိုက်သဖြင့် မျက်လုံးနှစ်လုံးကိုသာ မြင်ရတော့၏။
မှောင်ခိုဈေးထဲသို့ ရောက်သည့်အခါ နေရာလွတ်တစ်ခုကို ရှာဖွေကာ ခြင်းတောင်းထဲမှ အဝတ်အစားဟောင်းများကို တစ်ခုပြီးတစ်ခု ထုတ်လိုက်ပြီး အော်ဟစ်ကာ စျေးရောင်းတော့သည်။
"ကုန်ပစ္စည်းဝယ်ယူခွင့် လက်မှတ် မလိုဘူးနော်၊ တစ်ထည်ကို နှစ်ဆယ်ဆင့်ကနေ စပါပြီ။ နှစ်ဆယ်ဆင့်တည်းနော် အရှုံးမရှိစေရဘူး၊ အလိမ်အညာလည်း မဟုတ်ဘူးနော်။"
"ဖြတ်သွားဖြတ်လာ မိဘပြည်သူများ... လာရောက်ကြည့်ရှုအားပေးကြပါဦး။"
"တစ်ထည်ကို နှစ်ဆယ်ဆင့်ကနေ စနေပါပြီ။"
သူမ၏ လက်ထဲတွင် အဝတ်အစား အမြောက်အမြား ရှိနေသော်လည်း သူမ၏ ကိုယ်ပိုင်အဝတ်အစားများကိုတော့ ထုတ်မရောင်းခဲ့ပေ။ သူမ၏ မိထွေး၊ မွေးဖခင်နှင့် မိထွေး၏ သမီးဖြစ်သူတို့၏ အဝတ်အစားဟောင်းများကိုသာ ဈေးပေါပေါနှင့် ထုတ်ရောင်းနေခြင်း ဖြစ်သည်။
သူတို့သုံးယောက်တည်း ဝတ်ခဲ့သည့် အဝတ်အစားများနှင့်တင် သူမအတွက် ပိုက်ဆံအတော်များများ ရရှိစေရန် လုံလောက်လှပေသည်။
"တကယ်ပဲ အကုန်လုံး နှစ်ဆယ်ဆင့်တည်းလား။"
သူမ၏ အော်ဟစ်သံကြောင့် လမ်းသွားလမ်းလာများ ချက်ချင်းပင် ဝိုင်းအုံလာကြတော့သည်။
"အကုန်လုံး နှစ်ဆယ်တည်းတော့ ဘယ်ဟုတ်ပါ့မလဲ။ ဒါပေမဲ့ ဒီမှာကြည့်ပါဦး၊ သံမဏိစက်ရုံက အလုပ်သမားဝတ်စုံတွေဆိုရင် တကယ်ကို ခိုင်ခံ့ပြီး အကြမ်းခံတာမို့ အလွန်ဆုံးမှ ငါးဆယ်ဆင့်ပဲ ကျသင့်မှာပါ။"
"ခင်ဗျားတို့ ကျွန်တော့်ကို ငါးဆယ်ဆင့် ပေးရင်တောင် ဒါက အသစ်မဟုတ်ဘူးလေ။ အသစ်စက်စက်ဆိုရင်တော့ ဒီဈေးနဲ့ ဘယ်လိုမှ ရောင်းလို့မရဘူးပေါ့။"
"ရဲဘော်.."
အဝတ်အစား လာဝယ်သည့် ပထမဦးဆုံးလူသည် ကျန်းမန်မန်ကို ဘယ်လိုခေါ်ရမှန်းမသိဘဲ ဖြစ်သွားခဲ့ရသည်။
"ကျွန်တော့်ကို 'ကောင်လေး' လို့ပဲ ခေါ်ပါ။"
"မင်းက ဒီအဝတ်အစားတွေကို တကယ်ပဲ စျေးပေါပေါနဲ့ ရောင်းမှာလား။ ဒါတွေက အနည်းဆုံးတော့ ငါးဆယ်ဆင့်လောက် တန်တာပဲကို။"
"ကျွန်တော်ကတော့ စစ်ဝတ်စုံ ဝတ်ရတာကိုပဲ တကယ့်ကို ဂုဏ်ယူမိတာပါ။"
သူမ၏ မိသားစုထဲတွင် စက်ရုံအလုပ်သမား မရှိသော်လည်း ဆင်းရဲသား အလုပ်သမားလယ်သမား လူတန်းစား ဖြစ်ရသည်ကိုပင် သူမ ဂုဏ်ယူနေမိသည်။
အကယ်၍သာ စက်ရုံအလုပ်သမားတစ်ဦး ဖြစ်ခွင့်ရမယ်ဆိုရင်တော့ ပိုပြီးတော့တောင် ဂုဏ်ယူစရာ ကောင်းပေလိမ့်မည်။
ထိုအမျိုးသမီးသည် ကျန်းမန်မန်၏ ဖခင်ဖြစ်သူ ဝတ်ဆင်ခဲ့သော အရောင်လွင့်ပြီး ဟောင်းနွမ်းနေသည့် အနက်ရောင်နှင့် အပြာရောင် လုပ်ငန်းခွင်ဝတ်စုံကို ပိုက်ဆံပေးကာ ချက်ချင်းပင် ဝယ်ယူလိုက်ပြီး ကလေးကို ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားလိုက်သည်။
အခြားသူများလည်း ထိုအခြေအနေကို မြင်သောအခါ အလုအယက် ဝိုင်းဝန်းဝယ်ယူကြသဖြင့် သူမ ထုတ်ရောင်းသည့် လူသုံးယောက်စာ အဝတ်အစားဟောင်းများအားလုံးမှာ မျက်စိတစ်မှိတ်အတွင်းမှာတင် ကုန်စင်သွားတော့သည်။
ကုန်ပစ္စည်းဝယ်ယူခွင့် လက်မှတ် မလိုဘဲ အသင့်ဝတ် အဝတ်အစားများကို ဝယ်ယူရခြင်းမှာ သူတို့အတွက် အတွေ့အကြုံသစ်တစ်ခုဖြစ်ပြီး အဝတ်အစား အတော်များများမှာ ဖာထေးရာပင်မရှိဘဲ စျေးနှုန်းမှာလည်း အလွန်ချိုသာလှသည်။
ဝယ်ယူသွားကြသူများအားလုံးက တကယ့်ကို တန်ဖိုးရှိလှသည့် အခွင့်အရေးကြီးကို ရရှိလိုက်သကဲ့သို့ တအံ့တဩနှင့် ဝမ်းသာနေကြတော့၏။
အဝတ်အစားများ ရောင်းချပြီးနောက် ကျန်းမန်မန်သည် ခြင်းတောင်းထဲမှ ရောင်းလို့ရမည့် အခြားပစ္စည်းအချို့ကိုလည်း ထပ်မံထုတ်ယူကာ အကုန်ရောင်းချပစ်လိုက်သည်။ ထို့နောက်တွင်မူ သူမသည် မှောင်ခိုဈေးမှ ထွက်ခွာလာခဲ့ပြီး ပစ္စည်းဟောင်းအရောင်းဆိုင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းလာခဲ့တော့သည်။
ဤခေတ်အချိန်အခါမျိုးတွင်မူ ပစ္စည်းဟောင်းအရောင်းဆိုင်များ၌ တကယ့်ကို တန်ဖိုးရှိလှသော ရတနာပစ္စည်းကောင်းများ အမြောက်အမြား ရှိနေတတ်ပေသည်။
အချိန်ခရီးသွား၍ လာကြသူတိုင်း ဘာကြောင့် ဤနေရာသို့ ရတနာလာရှာပြီး စျေးဆစ်တတ်ကြလဲဆိုသည်မှာ အဆန်းတော့ မဟုတ်ပေ။
ကျေးလက်စက်ရုံဒါရိုက်တာနဲ့ လက်ထပ်ပြီးနောက် အလိုလိုက်ခံနေရပြီ