← Chapters

အခန်း ၃၂၃

Vol. 33 Ch. 323

အခန်း ၃၂၃

Vol. 33 Ch. 323

အခန်း(323)

စုရှောင်လော်က အလွန်လိမ္မာပြီးဥာဏ်ကောင်းသော မိန်းကလေး ဖြစ်၏။

သူမကိုယ်တိုင် အသက်ငယ်ရွယ်သေးကြောင်းကို သိရှိထားသောကြောင့် သူမက ငွေကြေးများကို ကိုယ်တိုင်ယူဆောင်သွားပြီး ဆရာမထံသို့ ပေးမည်ဟုစဉ်းစားခြင်းမပြုခဲ့ပေ။

လီရှန်းက လက်ကို ဆန့်ထုတ်လိုက်ပြီး စုရှောင်လော်၏ ဆံပင်ကျစ်ဆံမြီးလေးကို ပွတ်သပ်ပေးလိုက်ရင်း ပြောလိုက်လေသည်။

“ကောင်းပြီ၊ အမေ မနက်ဖြန် ကျောင်းကိုသွားပြီး ဆရာမဖန်ကို သွားရှာလိုက်ပါ့မယ်”

သူမက ပြောဆိုရင်း ခါး

စည်းကို ချွတ်လိုက်ပြီး နံရံတွင် ချိတ်ဆွဲလိုက်လေသည်။

ထို့နောက်မှ မီးဖိုပေါ်ရှိ ဟင်းပန်းကန်လုံးကို ယူဆောင်လျက် အိမ်ဝင်းထဲရှိ စားပွဲဝိုင်းငယ်လေးဆီသို့ သယ်ဆောင်လာခဲ့၏။

လွန်ခဲ့သော ရက်ပိုင်းကတည်းက နွေဦးနှောင်းပိုင်းကာလသို့ ရောက်ရှိခဲ့ပြီဖြစ်၍ မနက်ပိုင်းနှင့် ညနေပိုင်းများတွင် အနည်းငယ် ချမ်းနေသေးသော်လည်း နေ့ခင်းပိုင်းတွင် အတော်လေး နွေးထွေးလွန်းသည်။

လီရှန်းက အလင်းရောင်ရှိနေသေးသော ဤအချိန်အတွင်း အိမ်ဝင်းထဲ၌သာ ညစာကို စားသောက်ရန်အတွက် ဆုံးဖြတ်လိုက်လေ၏။

စုရှောင်လော်ကလည်း တူကို ကိုင်ဆောင်လျက် မိခင်ဖြစ်သူ၏ အနောက်မှလိုက်ပါလာခဲ့သည်။

စုရှောင်လော် ပေကျင်းမြို့သို့ ရောက်ရှိလာခဲ့သည်က ရက်အနည်းငယ်မျှသာ ရှိသေးသည်။

သို့သော် သူမ၏ စကားများတွင် ပေကျင်း၏လေယူလေသိမ်း အရိပ်အယောင်များပင် လွှမ်းမိုးနေခဲ့လေပြီ။

သူမက ပန်းခင်းလေးကို ညွှန်ပြလျက် ပြောလိုက်လေသည်။

“အစ်ကိုရှောင်တုန် ပြောတာတော့ ပေကျင်းမှာ ပန်းစျေးတစ်ခု ရှိတယ်တဲ့၊

အဲဒီပန်းစျေးထဲက မျိုးစေ့ဆိုင်တွေမှာ အရမ်းလှတဲ့ ပန်းပင်ရဲ့ မျိုးစေ့တွေကို ရောင်းချပေးတယ်တဲ့၊

ပြီးတော့ ကိုင်းကူးကိုင်းဆက်လုပ်ဖို့အတွက်ပါ ကူညီပေးကြတယ်ဆိုပဲ၊

အခု နွေဦးကာလကို ရောက်နေပြီဆိုတော့ သမီးတို့လည်း ပန်းတချို့ စိုက်ပျိုးကြရအောင်လေ”

“ပန်းစိုက်ပျိုးတာကတော့ ပြဿနာမရှိပါဘူး၊ဒါပေမဲ့ မနက်ဖြန်ကျရင် အမေက မင်းရဲ့ဦးဦးရန်ရှောင်ကို ပန်းမျိုးစေ့တချို့ ယူလာပေးဖို့ တောင်းဆိုလိုက်မယ်လေ၊ ဒါဆိုရင် ပန်းစျေးကို သီးသန့် သွားနေဖို့ မလိုတော့ဘူးပေါ့”

လီရှန်းက စုရှောင်လော်တစ်ယောက် စိတ်ထဲ၌ မည်သို့ကြံစည်တွေးတောနေသည်ကို ကောင်းစွာ ရိပ်မိလေသည်။

သူမက ဝမ်တုန်၏ ဖြားယောင်းသွေးဆောင်မှုကြောင့် ပန်းစျေးသို့ သွားချင်နေခြင်းသာဖြစ်ပေ၏။

“အမေကလည်း..”

စုရှောင်လော်က ညည်းတွားလိုက်ရင်း လီရှန်း၏ အနောက်မှလိုက်ကာ သူမ၏အဝတ်အစားများကို ဆွဲကိုင်လျက် လှုပ်ရမ်းကာ ပူဆာလေတော့သည်။

“အမေ၊ အဲဒီပန်းစျေးထဲမှာ ပိုးထည်တွေနဲ့ ပန်းအစစ်အတိုင်း တထေရာတည်း တူညီတဲ့ ပိုးထည်ပန်းတွေကို ပြုလုပ်တတ်တဲ့ လက်မှုပညာရှင်တွေ ရှိကြတယ်၊

အစ်ကိုရှောင်တုန်က အဲဒီပန်းတွေကို အရမ်း သဘောကျတာ၊ ဒါပေမဲ့ အဒေါ်မာက အဲဒါတွေက ပဒေသရာဇ်အယူသည်းမှုတွေလို့ပြောပြီး သူ့ကို ပန်းစျေးသွားဖို့ လုံးဝ ခွင့်မပြုဘူး”

ထိုပန်းစျေး၏ အနီးတွင် ဘုရားကျောင်းများရှိလေ၏။

လွန်ခဲ့သော နှစ်အနည်းငယ်တုန်းက ထိုနေရာကလည်း အဖျက်စီး ခံခဲ့ရဖူးသည်။

ထို့ကြောင့် ယခုအချိန်တွင် အခြေအနေများ ပြန်လည်တည်ငြိမ်သွားခဲ့ပြီဖြစ်သော်လည်း ကောင်းမွန်စွာ ပြန်လည်နာလန်ထူနိုင်ခြင်း မရှိသေးပေ။

“အမေတို့ ပန်းစျေးကို သွားလို့ရပေမဲ့၊ မင်းရဲ့အစ်ကိုရှောင်တုန်ကတော့ သူ့အမေရဲ့ စကားကို နာခံရမှာ၊ ဒါကြေင့် သူက အမေတို့နဲ့အတူ လိုက်ခဲ့လို့ မရဘူးနော်”

“အမေ”

စုရှောင်လော်က ဒေါသထွက်စွာဖြင့် ခြေဆောင့်မိလေတော့၏။

သူမက အစ်ကိုရှောင်တုန်အား အတူသွားကြမည်ဟု ကြိုတင် ကတိပေးထားခဲ့သည် မဟုတ်ပါလား။

သို့သော် လီရှန်းက သူမ၏ ပူဆာမှုများကို ဂရုမစိုက်တော့ဘဲ ဝမ်တုန်ကို လှမ်း၍ ခေါ်လိုက်လေသည်။

“ရှောင်တုန်၊ ထမင်းစားဖို့ ထွက်လာခဲ့တော့”

ဝမ်တုန်က အသံပေးလိုက်ပြီးနောက် အခန်းထဲမှ ထွက်ခွာလာခဲ့သော်လည်း သူ၏မျက်နှာပေါ်တွင် အထီးကျန်သည့် အရိပ်အယောင်တချို့ ထင်ဟပ်နေခဲ့၏။

သူက စုရှောင်လော်နှင့် လီရှန်းတို့ ပြောဆိုခဲ့သော စကားလုံးများကို သေချာပေါက် ကြားသွားခဲ့ပုံရသည်။

လီရှန်းက ထိုအမူအရာကို မမြင်ချင်ယောင်ဆောင်လိုက်ပြီး ဝမ်တုန်၏ ထမင်းပန်းကန်လုံးထဲသို့ ဝက်သုံးထပ်သား နှစ်တုံးကို ရက်ရောစွာ ထည့်ပေးလိုက်ရင်း ပြောလိုက်လေ၏။

“ရှောင်တုန်၊ ဒီဝက်သားနီချက်ကို မြည်းကြည့်ဦး”

“ကျေးဇူးတင်ပါတယ် ဆရာကတော်”

ဝမ်တုန်က ကျေးဇူးတင်စကားကိုပြောပြီးနောက် သူ့၏ခေါင်းကို ပန်းကန်လုံးထဲ၌ မြှုပ်နှံလျက် စားသောက်နေခဲ့လေ၏။

လီရှန်းက ဆန်ပြုတ်ချက်ပြုတ်ထားခဲ့သည်။

ပေါက်စီများကိုတော့ လီရှန်းက စားသောက်ဆောင်မှ ဝယ်ယူသယ်ဆောင်လာခဲ့ခြင်း ဖြစ်လေ၏။

ထိုပေါက်စီတို့က ပူနွေးနေခြင်းမရှိတော့သော်လည်း အေးစက်နေခြင်းလည်း မရှိဘဲ မွှေးကြိုင်နေဆဲ ဖြစ်သည်။

စုရှောင်လော်က ပန်းစျေးကိစ္စကိုတွေးနေခဲ့သောကြောင့် ပေါက်စီများကို စားသုံးသည့်အချိန်တွင်ပင် အရသာမရှိသကဲ့သို့ ခံစားနေရရှာသည်။

လီရှန်းက သူမကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် အေးဆေးစွာ ပြောလိုက်လေ၏။

“ဒီကိစ္စကို တော့ မင်းရဲ့အဖေ ပြန်လာမှပဲ အဖြေရှာခိုင်းရလိမ့်မယ်”

မည်သို့ပင်ဖြစ်စေ စုဝေ့ချင်းက ဝမ်တုန်၏ ဆရာပင် မဟုတ်ပါလား။

စုရှောင်လော်၏ မျက်ဝန်းများက ချက်ချင်းပင် တောက်ပသွားရပြီး ပြောလိုက်လေ၏။

“ဒါဆိုရင် သမီး ဒီညအိပ်ရာဝင်တာ နည်းနည်းနောက်ကျပြီး၊ အဖေ ပြန်လာမယ့်အချိန်ကို စောင့်နေလိုက်မယ်”

စုဝေ့ချင်းက ညပိုင်း ကိုယ်ပိုင်စာလေ့လာချိန်ကို တက်ရမည်ဖြစ်၍ ည (၉) နာရီ (၁၀) မိနစ်မှသာ အတန်းဆင်းမည် ဖြစ်သည်။

စုရှောင်လော်၏ သေးငယ်သော ခန္ဓာကိုယ်လေးက အလွယ်တကူ မောပန်းနွမ်းနယ်တတ်သည့်အပြင် သူမ၏ဘေး၌ အမြဲစောင့်ရှောက်ပေးနေသော စနစ်ကလည်း ရှိနေသည်။

ထို့ကြောင့် သူမကို ည (၈) နာရီထက် နောက်မကျစေဘဲ အိပ်ရာဝင်ရန် သေချာပေါက် တိုက်တွန်းနှိုးဆော်ပေလိမ့်မည်။

စုရှောင်လော်က မိခင်ဖြစ်သူ၏ စိတ်ထဲရှိ အကြံအစည်ဆိုးများကို မသိဘဲ၊ သူမ၏ပေါက်စီကိုသာ ဆက်စားနေခဲ့ရှာ၏။

ထိုအချိန်မှာပင် အိမ်တံခါးအပြင်မှ စက်ဘီးဘဲလ်တီးသံက ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

“စုဝေ့ချင်း အိမ်မှာ ရှိလား၊ စာတိုက်က ပါဆယ်ပစ္စည်းပါတယ်၊ လက်ခံပေးပါဦး”

စာပို့သမား ရောက်ရှိလာခဲ့ခြင်းပင်။

“ကျွန်တော် သွားလိုက်ပါ့မယ်”

ဝမ်တုန်က သူ၏တူကို ချက်ချင်းချထားလိုက်ပြီး ထရပ်လိုက်လေ၏။

လီရှန်းက ပြတင်းပေါက်ကို အလျင်အမြန် ညွှန်ပြလိုက်ရင်းပြောလိုက်လေသည်။

“မင်းရဲ့ဆရာရဲ့ ကိုယ်ပိုင်တံဆိပ်တုံးက ပြတင်းပေါက်နားမှာပေါ်မှာ ရှိတယ်နော်”

ဝမ်တုန်က ခေါင်းညိတ်ပြလိုက်ပြီး ကိုယ်ပိုင်တံဆိပ်တုံးကိုယူကာ စာမူပစ္စည်းကို လက်ခံရန် အပြင်သို့ ထွက်ခွာသွားခဲ့၏။

စာအိတ်က အတော်လေး လေးလံလွန်းပြီး ထူထဲလွန်းသည်။

လီရှန်းက ထိုစာအိတ်ကို လှမ်းယူလိုက်လျှင် စာအိတ်က ပိုင်မားခရိုင်မှ ပေးပို့လိုက်ခြင်းဖြစ်ကြောင်း သိရှိလိုက်လေ၏။

“ရှောင်လော်၊ သမီးရဲ့ အဘိုးနဲ့ အဘွားတို့က သမီးဆီကို စာရေးပြီး ပို့လိုက်တာပဲ”

စုရှောင်လော်က ချက်ချင်းပင် အနားသို့ တိုးကပ်လာခဲ့ပြီး မေးမြန်းလိုက်လေသည်။

“အဘွားက စာထဲမှာ ဘာတွေရေးထားလဲ၊ ရှောင်လော်ကို လွမ်းနေတဲ့အကြောင်းတွေရော ပါလား”

“မင်းရဲ့ အဘွားက မင်းကို ပေကျင်းမှာ အစားအစာတွေ ဝအောင်မစားရမှာကို စိုးရိမ်နေတာ”

လော်ယွီရှို့၏စိုးရိမ်တကြီး ရေးသားထားသော စကားလုံးများကိုမြင်သော်လည်း လီရှန်းကတော့ ထိုစာကို အပိုအလုပ်ဟု လုံးရမခံစားရပေ။

စိတ်နှလုံးထဲ၌ နွေးထွေးမှုများကိုသာ ခံစားလိုက်ရသည်။

မည်သို့ပင်ဖြစ်စေ သူတို့အားလုံးက ငါးနှစ်ပတ်လုံး အတူ နေထိုင်ခဲ့ကြဖူးသူများဖြစ်ကြ၏။

ယခုအချိန်တွင် ရုတ်တရက်ကြီး ခွဲခွာလိုက်ကြရသည့်အတွက် စိတ်ထဲ၌ ကျင့်သားမရသေးဘဲ အနည်းငယ် ဟာတာတာ ဖြစ်နေမိရသည်မဟုတ်ပါလား။

လော်ယွီရှို့က စုဝေ့ချင်းတို့ဇနီးမောင်နှံနှစ်ဦး ငွေကြေးအလုံအလောက် မရှိမည်ကိုလည်း အလွန်ပင် စိုးရိမ်ပူပန်နေခဲ့သည်။

မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးလုံးက ဆေဝါးစက်ရုံတွင်ရထားသည့်အလုပ်လည်းမရှိတော့သည့်အပြင် ကလေးတစ်ယောက်ကိုပါ ထောက်ပံ့နေရသည််မဟုတ်ပါလား။

သူတို့အနေဖြင့် စုဆောင်းထားသော ငွေကြေးအနည်းငယ်နှင့် နောက်ပိုင်း အိမ်တစ်လုံးကိုဝယ်ယူရမည့် အခြေအနေများကို စဉ်းစားကြည့်ကာ လော်ယွီရှို့၏ စိတ်ကူးထဲတွင် စုရှောင်လော်က ပေကျင်း၌ ငတ်ပြတ်လျက် ပိန်လှီသွားခဲ့ပြီဟုပင် ထင်မြင်နေခဲ့လေ၏။

ထို့ကြောင့် သူမနှင့် စုဝေ့မင်တို့က အမျိုးသားရိက္ခာလက်မှတ်တချို့ကို သွားရောက်လဲလှယ်ခဲ့ကြပြီး ပို့ပေးလိုက်ကြခြင်းဖြစ်သည်။

ထို့အပြင် ငွေလွှဲလက်မှတ်တစ်စောင်လည်း ပါရှိသေးသည်။ ထိုလက်မှတ်ကတော့ ရောက်ရှိလာရန်အချိန်အနည်းငယ် ပိုမိုယူရဦးပေလိမ့်မည်။

သူတို့က စုဝေ့ချင်းတို့ဇနီးမောင်နှံထံသို့ ငွေယွမ် (၁၀၀) ပေးပို့လိုက်ကြပြီး၊ စုရှောင်လော်ကို လုံးဝ အငတ်မခံရန်အတွက် အထပ်ထပ်မှာထားကြလေ၏။

သူတို့၏မြေးမလေးကို လုံးဝ ဆင်းရဲဒုက္ခ မရောက်စေချင်ကြပေ။

စုဝေ့ချင်းတို့ဇနီးမောင်နှံက သူတို့တွင် ငွေကြေး ပြည့်စုံကြပါသည်ဟု အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

သို့သော် ရဲဘော်စုဝေ့မင်တို့ ဇနီးမောင်နှံက စုဝေ့ချင်းတို့ထံတွင် ငွေကြေးကျပ်တည်းနေလိမ့်မည်ဟု ခံစားနေရဆဲပင်။

ထို့ကြောင့် သူတို့ အိမ်မှထွက်ခွာလာခဲ့သည်က တစ်လမျှသာ ရှိသေးသော်လည်း လူမှုနေထိုင်စရိတ်များကို အလျင်အမြန် ပို့ပေးလိုက်ကြလေသည်။

လီရှန်းက စာကိုဖတ်ရှုပြီးနောက်၊ စာအိတ်ထဲမှ ရိက္ခာလက်မှတ်များကို သွန်ထုတ်လိုက်ပြီး တစ်စောင်ချင်းစီ ရေတွက်ကြည့်လိုက်သည်။

လက်မှတ်က အတော်လေး များပြားလေ၏။

တချို့သော လက်မှတ်များတွင် ငါးကျင်း ထုတ်ယူခွင့်ရှိပြီး၊ တချို့တွင် တစ်ကျင်း သို့မဟုတ် သုံးကျင်း ထုတ်ယူခွင့်ရှိကြကာ စုစုပေါင်း ကျင်းငါးဆယ်ခန့် ထုတ်ယူခွင့်ရှိသည်။

ထို့အပြင် လစာငွေများအပြင်၊ ချက်ပြုတ်စရာ ဆီငါးကျင်းထုတ်ယူခွင့်ရှိသည့်လက်မှတ်နှင့် အဝတ်အထည်လက်မှတ်၊ စက်မှုထုတ်ကုန်လက်မှတ်တချို့လည်း ပါရှိနေသေး၏။

စက်မှုထုတ်ကုန်လက်မှတ်များဟူသည်က အလွန်အမင်းရှားပါးလွန်းပြီး ရေဒီယိုများမှစ၍ အပ်ချုပ်စက်များအထိ အသုံးချနိုင်သည်။

ဤလက်မှတ်ပုံကြီးကို ကြည့်လိုက်ရင်း လီရှန်းက စိတ်ထဲမှနေ၍ သက်ပြင်းချလိုက်မိသည်။

မိဘများ၏ စိတ်နှလုံးဟူသည်က သားသမီးများအတွက် မေတ္တာတရားများနှင့် စိုးရိမ်ပူပန်မှုများဖြင့် အမြဲ ပြည့်နှက်နေတတ်၏။

သို့သော် စုဝေ့မင်တို့ ဇနီးမောင်နှံက သူမတို့အပေါ် ဤမျှအထိ အစွမ်းကုန် ကူညီထောက်ပံ့ပေးနေကြသည့်အတွက် ယောက်မဖြစ်သူ ဝူလီ အနေဖြင့် စိတ်ထဲ၌ မကျေမနပ် ဖြစ်ပေါ်လာလိမ့်မည်ကို စိုးရိမ်မိရသည်။

ဝူလီ၏ စိတ်နေသဘောထားက လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အတော်လေးကောင်းမွန်လာခဲ့လေ၏။

သူမက ယခင်ကကဲ့သို့ အရာအားလုံးကို ပြိုင်ဆိုင်လိုစိတ်မျိုး မရှိတော့ပေ။

သို့သော် သူမအတွက် အရေးကြီးဆုံးအရာက သူမ၏ကိုယ်ပိုင်မိသားစုလေးသာ ဖြစ်နေဆဲ ဖြစ်သည်။

လော်ယွီရှို့နှင့် လီရှန်းတို့က အဆင်ပြေစွာ ဆက်ဆံနေကြခြင်းကိုပင် သူမက ကွယ်ရာ၌မနာလိုဖြစ်တတ်သေးသည်။

ယခုကဲ့သို့ စုဝေ့မင်တို့ ဇနီးမောင်နှံက သူတို့ထံသို့ ငွေကြေးနှင့် လက်မှတ်များကို ပို့ပေးလိုက်သည့် ကိစ္စရပ်အပေါ်တွင်ဆိုလျှင် ပြောစရာပင် မလိုတော့ပေ။

လီရှန်းက သူမအနေဖြင့် စုဝေ့မင်တို့ ဇနီးမောင်နှံထံသို့ စာပြန်ရေးသားလျက်၊ နောက်ပိုင်းတွင် ငွေကြေးများကို ထပ်မံ၍ ပေးပို့ခြင်းမပြုရန်အတွက် ပြောသင့်သည်ဟု ခံစားလိုက်ရသည်။

သို့မှသာ ညီအစ်ကိုများအကြား အမုန်းပွားစရာ အခြေအနေမျိုးကို ရှောင်လွှဲနိုင်မည် မဟုတ်ပါလား။

*

All Chapters