← Chapters

အခန်း ၃၂၇

Vol. 33 Ch. 327

အခန်း ၃၂၇

Vol. 33 Ch. 327

အခန်း(327)

စုရှောင်လော်က လှေစီးရမည်ဟု ကြားလိုက်ရသည့် အခိုက်အတန့်တွင်ပင် သူမ၏ မွေးဖခင်ကို ချက်ချင်း စွန့်ပယ်လိုက်လေသည်။

သူမက ရန်ရှောင်ဘက်သို့ လှည့်ပြီး လက်လေးကို ဆန့်ထုတ်လိုက်ရင်း ပြောလိုက်လေ၏။

“ဦးဦးရန်၊ ခုနက သမီး နောက်ပြောင်လိုက်တာပါ၊ ဦးဦးက သမီး အချစ်ဆုံး ဦးဦးပဲ”

စုဝေ့ချင်း : “...”

ဒီအတ္တကြီးပြီး ကျေးဇူးကန်းလွန်းတဲ့ ကောင်မလေး!

သူတို့ သုံးဦးလုံးက စာသင်ခန်းအပြင်သို့ လျှောက်လာခဲ့ကြလေ၏။

ထိုအခိုက်တွင် အင်္ကျီအဖြူကို ဝတ်ဆင်ထားကြသော လူအုပ်စုတစ်စုက ဆံပင်ဖြူများရှိသည့် ဝါရင့်ဆရာဝန်ကြီးတစ်ဦးကို ဝိုင်းအုံလျက် စောင့်ကြည့်နေကြသည်ကို မြင်တွေ့လိုက်ရ၏။

သူက အပ်စိုက်ကုထုံးကို လက်တွေ့ပြသနေခြင်း ဖြစ်သည်။

အပ်စိုက်ခြင်းကို ခံနေရသူကလည်း အင်္ကျီအဖြူကို ဝတ်ဆင်ထားသူတစ်ဦးပင် ဖြစ်လေ၏။

သူကခေါင်းပေါ်တွင် အပ်တစ်ချောင်းကို စိုက်လျက် ထိုင်နေခဲ့ရှာပြီး၊ အလွန်ပင် သက်တောင့်သက်သာရှိလွန်းသောကြောင့် အိပ်ပျော်လုနီးပါး ဖြစ်နေခဲ့ရသည်။

သို့သော် ဆရာဝန်က အပ်ကို ဖြုတ်ယူလိုက်သည့် အခိုက်အတန့်တွင် သူက လျှပ်စစ်ဓာတ်လိုက်သွားခဲ့ရသကဲ့သို့ မျက်လုံးများက ပြူးကျယ်သွားခဲ့ရတော့၏။

ထွက်ပေါ်လာသော အပ်စိုက်အာရုံ က အမှန်တကယ်ကို ပြင်းထန်လွန်းကြောင်းကို ထင်ရှားနေခဲ့သည်။

လီရှန်းက အလွန်ပင် တည်ကြည်လေးနက်နေခဲ့ပြီး လက်ထဲတွင် မှတ်စုစာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထားသည်။

သူမက ဆရာကြီး၏ လက်ဝဲဘက်တွင် မတ်တတ်ရပ်နေခဲ့ပြီး တစ်ခါတရံ၌ ထိုအပ်များထဲမှ တစ်ချောင်းကို ညွှန်ပြလျက် တစ်ခါတရံတွင် ထိုအပ်များကို ကိုယ်တိုင်ပင် ထိတွေ့စမ်းသပ်ကြည့်နေခဲ့၏။

ဤလေ့ကျင့်ရေးသင်တန်းသို့ တက်ရောက်ခွင့်ရရှိခဲ့သည့် အချိန်မှစ၍ လီရှန်းက ခြောက်သွေ့နေသော ရေမြှုပ်တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။

သူမက ဗဟုသုတ အတတ်ပညာများကို အလွန်တက်ကြွစွာ စုပ်ယူလေ့လာနေခဲ့၏။

သူမ၌ စစ်မှန်သော အခြေခံဗဟုသုတများ ရှိနေလေသည်။

ယခင်က စနစ်၏ တာဝန်များကို ထမ်းဆောင်ချိန်တွင် သူမက မစ်ရှင်ပစ်မှတ်ကို ထောက်ပံ့ပေးနိုင်ရန်အတွက် လက်လုပ်အလုပ်များနှင့် စာရေးအလုပ်များကို လုပ်ကိုင်ခဲ့ဖူး၏။

အစပိုင်းတွင် ဆေးပညာရပ်အပေါ် အထူးတလည် နှစ်သက်ခြင်း ၊ မုန်းတီးခြင်းမျိုး မရှိခဲ့ဖူးပေ။

သူမက ခံစားရသော ရောဂါဝေဒနာများအတွက် ငွေကြေးများကို ချွေတာနိုင်ရန်အတွက်သာ ဤပညာရပ်ကို လေ့လာခဲ့ခြင်း ဖြစ်သည်။

သို့သော် တဖြည်းဖြည်းချင်းဖြင့် သူမက ဆေးပညာရပ်အပေါ် အမှန်တကယ်ပင် ချစ်မြတ်နိုးမိသွားခဲ့သည်။

နောက်ပိုင်းတွင် သူမက ဆေးပညာကို သင်ယူလေ့လာရန် ကြိုးပမ်းခဲ့သော်လည်း မစ်ရှင်တို့ကသာ အရေးကြီးသောကြောင့် အတတ်ပညာများကို စနစ်တကျ သင်ယူခွင့်ရရှိမည့် အခွင့်အရေးကောင်းများစွာကို လွဲချော်ခဲ့ရသည်။

နောက်ဆုံး၌ ဤအခွင့်အရေးကောင်းကြီးကို ရရှိခဲ့ပြီ ဖြစ်သောကြောင့် လီရှန်းက စိတ်အားထက်သန်မှုများဖြင့် ကြိုးပမ်းလေ့လာနေခဲ့၏။

“အတန်းဆင်းဖို့အတွက် နောက်ထပ် နာရီဝက်လောက် အချိန်လိုသေးတယ်၊ ကျွန်တော်တို့ အဘိုးရဲ့ ရုံးခန်းထဲကို သွားပြီး ခဏလောက် ထိုင်စောင့်ကြရအောင်”

စုဝေ့ချင်းက ခေါင်းညိတ်ပြလိုက်ပြီးနောက်၊ စုရှောင်လော်ကို ပွေ့ချီလျက် ဆရာကြီးရန်ကျိမင်၏ ရုံးခန်းဆီသို့ လိုက်ပါလာခဲ့ကြတော့သည်။

ဤလေ့ကျင့်ရေး အခြေစိုက်စခန်းလေးက အမှန်တကယ်ကို သေးငယ်လွန်း၏။

ရန်ကျိမင်ကဲ့သို့သော ဝါရင့်ဆရာကြီးများပင်လျှင် ကိုယ်ပိုင်သီးသန့် ရုံးခန်း မရှိပေ။

ဆရာဆယ်ယောက်ကျော်က ကြီးမားလွန်းသော စာသင်ခန်းကြီးတစ်ခုကိုသာ မျှဝေအသုံးပြုနေကြရ၏။

ကံကောင်းစွာဖြင့် ထိုဆရာများက ဤကျောင်း၌ ဆေးဘက်ဆိုင်ရာ အတတ်ပညာများကိုသာ အဓိက လေ့ကျင့်ပေးနေကြခြင်း ဖြစ်သောကြောင့် စာအုပ်အမြောက်အမြား ရှိမနေခဲ့ပေ။

အနည်းဆုံးတော့ စုဝေ့ချင်းတို့ ထိုရုံးခန်းထဲသို့ ဝင်ရောက်လာသည့် အချိန်တွင် ထိုင်စရာနေရာ အလုံအလောက် ရှိနေခဲ့၏။

စုရှောင်လော်က ဤရုံးခန်းနှင့် အလွန်ပင် ကျွမ်းဝင်နေခဲ့လေသည်။

သူမက အခန်းထဲသို့ ဝင်လာသည်နှင့် ပုံမှန်ထိုင်လေ့ရှိသည့် ထိုင်ခုံအသေးလေးဆီသို့ ပြေးသွားလေတော့သည်။

ထို့နောက်တွင် မှော်ပညာတစ်ခုခုကို အသုံးပြုလိုက်သကဲ့သို့ နည်းပညာပိုင်းဆိုင်ရာ စာအုပ်ပုံကြီးကြားထဲမှ ရုပ်ပြစာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်ပြီး စားပွဲပေါ်၌ မှောက်လျက် ဖတ်ရှုနေခဲ့တော့သည်။

“ဒီကလေးမလေးက ဒီနေရာကို ကျွန်တော့်ထက်တောင် ပိုပြီး သိနေသေးတယ်”

ရန်ရှောင်က ဒေါသထွက်ရမလို၊ ရယ်ရမလိုဖြင့် ပြောလေသည်။

“ရှောင်လော်က အိမ်ပြန်ရောက်ရင် ဒီနေရာအကြောင်းကိုပဲ ချီးကျူးပြောနေတတ်တယ်၊

သူမက ဒီမှာရှိတဲ့ ဆရာအဘိုးတွေအားလုံးက သူမအပေါ် အရမ်းနူးညံ့ပျူငှာကြပြီး ပုံပြင်တွေတောင် ပြောပြကြတယ်တဲ့”

စုဝေ့ချင်းက စုရှောင်လော်၏ နောက်သို့သွားကာ သူမ၏လက်ထဲရှိ ရုပ်ပြစာအုပ်ကို လှမ်းကြည့်လိုက်လေသည်။

ထိုစာအုပ်က တုန်ဖုန်း၏ပုံပြင် ဖြစ်နေခဲ့၏။

ဤဆရာအဘိုးများက စုရှောင်လော်ကို ဆေးပညာရပ်ကို သင်ယူလာစေရန်အတွက် အမြဲနည်းမျိုးစုံဖြင့် လမ်းကြောင်းပေးရန် ကြိုးပမ်းနေကြ၏။

သူတို့က စုရှောင်လော်ကို ပေးအပ်ဖတ်ရှုစေသော ရုပ်ပြစာအုပ်အများစုကပင် သမားတော်၏ သမိုင်းကြောင်းပုံပြင်များသာ ဖြစ်နခဲ့သည်။

နှမျောစရာပဲ။ ဒီအဘိုးကြီးတွေက ရောက်ရှိလာတာ နောက်ကျသွားခဲ့ပြီ။

စုရှောင်လော်က သူမ၏ မိဘများထံမှ စနစ်တကျ လမ်းမှန်ပေးမှုများကို အောင်မြင်စွာ ခံယူထားပြီးသား ဖြစ်နေသည်။

ထို့ကြောင့် သူမ၏ စိတ်ကူးစိတ်သန်းများထဲတွင် လေယာဉ်ပျံများနှင့် သင်္ဘောများ ဆောက်လုပ်မည့်အရေးကိုသာ အပြည့်အဝ တွေးတောနေခဲ့၏။

ဤအချက်ကို တွေးတောမိလိုက်သည့်အချိန်တွင် စုဝေ့ချင်းက အနည်းငယ် ဂုဏ်ယူဝင့်ကြွားမိသွားခဲ့၏။

ဤအခိုက်အတန့်တွင် ရုံးခန်းထဲ၌ မည်သူတစ်ဦးမှ ရှိမနေခဲ့ကြသောကြောင့် စုရှောင်လော်က ရုပ်ပြစာအုပ်ကိုသာ အာရုံစိုက်ဖတ်ရှုနေခဲ့၏။

ရန်ရှောင်နှင့် စုဝေ့ချင်းတို့ကလည်း အချင်းချင်း သိကျွမ်းကြသော်လည်း အလွန်ရင်းနှီးကျွမ်းဝင်ကြသူများ မဟုတ်ကြပေ။

ထို့အပြင် သူတို့၏ အလုပ်အကိုင် အခြေအနေများအရ လျှို့ဝှက်လွန်းသော ကိစ္စရပ်များကို ပြောဆိုရန် မသင့်တော်သောကြောင့် အရေးမပါသော လူမှုရေးကိစ္စတချို့ကိုသာ ပြောဆိုနေခဲ့ကြသည်။

“..ဒီညတော့ ကျွန်တော်တို့အိမ်မှာပဲ ညစာ အတူစားသွားပါလား”

“မစားတော့ပါဘူး၊ ကျွန်တော် အိမ်မှာ ထမင်းဟင်းတွေ ကြိုပြီး ချက်ပြုတ်ပြင်ဆင်ထားခဲ့တယ်”

“ကျွန်တော်တို့ရှောင်လော်က ကျွန်တော်လုပ်တဲ့ ခရင်မ်ပါတဲ့ မုန့်ဆီကြော်ကို တကယ့်ကို သဘောကျတာ၊ နောက်တစ်ကြိမ်ကျရင် ကျွန်တော် ပိုပြီး ချက်ပြုတ်လိုက်မယ်”

စုဝေ့ချင်း : “..အဲဒီ ခရင်မ်ပါတဲ့ မုန့်ဆီကြော်ကို ဘယ်လိုမျိုး ပြုလုပ်ရတာလဲ”

သူကလည်း သူ၏ သမီးဖြစ်သူ နှစ်သက်သော အစားအစာများကို ချက်ပြုတ်နည်းအား သေသေချာချာ သိရှိထားချင်ခဲ့သည်။

“ဒါက လွယ်ပါတယ်၊ ဂျုံမှုန့်နဲ့ သကြားကိုပဲ အဓိက သုံးရတာလေ”

စုဝေ့ချင်းတစ်ယောက် စိတ်ဝင်စားနေသည်ကို မြင်ရသည့်အချိန်တွင်၊ ရန်ရှောင်က ဘေးနားရှိ စက္ကူစတစ်ရွက်ကို ယူလိုက်ပြီး ဟင်းချက်နည်းစနစ်များကို ရေးသားပေးလိုက်လေ၏။

သူက ရေးသားပြီးသွားသည့် အချိန်တွင် သူ့ကိုယ်သူ အနည်းငယ် ရယ်မောဖွယ် ကောင်းနေသည်ဟု ခံစားလိုက်ရသည်။

အမျိုးသားနှစ်ဦး အတူထိုင်နေကြချိန်အတွင်း နိုင်ငံရေးမူဝါဒများနှင့် ဖွံ့ဖြိုးတိုးတက်မှုများအကြောင်းကို ဆွေးနွေးခြင်းမပြုဘဲ၊ ဟင်းချက်နည်းစနစ်များအကြောင်းကိုသာ ဖလှယ်နေကြခြင်းက ရယ်မောဖွယ် ကောင်းလွန်းသည် မဟုတ်ပါလား။

ရန်ရှောင်က စကားပြောသည့်အကြောင်းအရာကို ပြောင်းလဲပစ်ရန် လိုအပ်သည်ဟု ခံစားလိုက်ရသောကြောင့် မေးမြန်းလိုက်လေသည်။

“ဒါနဲ့ စကားမစပ်.. မင်းနဲ့ မင်းရဲ့ဇနီးက တက္ကသိုလ်မတက်ခင်တုန်းက ဆေးဝါးစက်ရုံတစ်ခုမှာ အလုပ်လုပ်ခဲ့ကြဖူးတယ်လို့ ကျွန်တော် ကြားခဲ့ရတယ်နော်”

“ဟုတ်တယ်၊ ပိုင်မားခရိုင် ဆေးဝါးစက်ရုံမှာလေ၊ အခု ပိုင်မားခရိုင်ကို ပြည်နယ်မြို့တော်ထဲသို့ ပေါင်းထည့်လိုက်ကြပြီ၊

အဲဒီဆေးဝါးစက်ရုံကိုလည်း နင်ရှ ပြည်နယ် ဆေးဝါးစက်ရုံလို့ နာမည်ပြောင်းလဲလိုက်ကြပြီ”

ပိုင်မားခရိုင် ဆေးဝါးစက်ရုံ...

ရန်ရှောင်က ဤစက်ရုံနာမည်ကို ကြားလိုက်ရသည့်အချိန်တွင် စိတ်ထဲ၌ အနည်းငယ် ရင်းနှီးကျွမ်းဝင်နေသကဲ့သို့ ခံစားလိုက်ရသည်။

သူက အမျိုးသားလုံခြုံရေးဗျူရို၏ လျှို့ဝှက်တာဝန်များကို ထမ်းဆောင်နေသူ ဖြစ်သည်။

မည်သည့် သံသယဖြစ်ဖွယ်ရာ အခြေအနေမျိုးကိုမျှ လွယ်လွယ်နှင့် လွှတ်ပေးလေ့မရှိပေ။

ထို့ကြောင့် သူက ပိုင်မားခရိုင် ဆေးဝါးစက်ရုံဟူသော နာမည်ကို သူ၏စိတ်ထဲ၌ ချက်ချင်း မှတ်သားထားလိုက်လေ၏။

သူ အိမ်သို့ ပြန်ရောက်သည့်အချိန်တွင် ထိုစက်ရုံကို သေသေချာချာ စုံစမ်းစစ်ဆေးရန် စီစဉ်လိုက်လေသည်။

စုဝေ့ချင်းအနေဖြင့် ရန်ရှောင်၏ အမူအရာတွင် ထူးခြားမှုတချို့ ရှိနေသည်ကို သတိထားမိခြင်းမရှိဘဲ သူနှင့် လီရှန်းတို့ အတိတ်က လုပ်ကိုင်ခဲ့ဖူးသော အလုပ်အကိုင်များအကြောင်းကို ဆက်လက်ပြောပြနေခဲ့လေသည်။

ပြောရမည်ဆိုပါက သူတို့နှစ်ဦးလုံးမှာ အတိတ်တုန်းက အမှန်တကယ့်ကို ကောင်းမွန်လွန်းသော အလုပ်အကိုင်များကို ပိုင်ဆိုင်ထားခဲ့ကြသူများ ဖြစ်ကြလေ၏။

တစ်ဦးက အတွင်းရေးမှူးရုံးတွင် ဖြစ်ပြီး တခြားတစ်ဦးက နည်းပညာဌာနတွင် ဖြစ်သည်။

အထူးသဖြင့် လီရှန်းပင်။

စုဝေ့ချင်း၏ ပြောစကားများအရ သူမက အထက်လူကြီးများ၏ အထူးတလည် တန်ဖိုးထားခြင်းကို ခံခဲ့ရသူဖြစ်သောကြောင့် နောက်ပိုင်းတွင် ရာထူးတိုးမြှင့်ခြင်းကိုခံရရန် လုံးဝ သေချာနေခဲ့သည်။

ဤကဲ့သို့သော အခြေအနေကောင်းများအောက်တွင် ထိုဇနီးမောင်နှံနှစ်ဦးလုံးက သူတို့၏ အလုပ်အကိုင်များကို စွန့်ပယ်လျက် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို လာရောက်ဖြေဆိုခဲ့ကြသည်။

ထို့ကြောင့် ရန်ရှောင်ကိုယ်တိုင်ပင် သူတို့ကို မချီးကျူးဘဲ မနေနိုင်တော့ပေ။

ဤဇနီးမောင်နှံနှစ်ဦးက အဘယ်ကြောင့် ဤမျှအထိငြိမ်ငြိမ်မနေနိုင်ကြဘဲ စွန့်စားရဲကြရသနည်း။

ထိုအကြောင်းအရာနှင့် ပတ်သက်၍ စုဝေ့ချင်းက ဤသို့ ပြောလာခဲ့လေ၏။

“ကျွန်တော်တို့မှာလည်း တခြားရွေးချယ်စရာ မရှိလို့ပါ၊ အလုပ်က ဘယ်လောက်ပဲ ကောင်းနေပါစေ၊ကျွန်တော်နဲ့ ရှန်းရှန်းတို့က အဲဒီနေရာမှာ လုပ်ကိုင်ရတာကိာ သက်တောင့်သက်သာ မရှိကြဘူး၊

ကျွန်တော်ကိုယ်တိုင်ကလည်း ပျင်းရိတတ်တဲ့ လူစားမျိုးလေ၊ ရှန်းရှန်းနဲ့ မင်္ဂလာမဆောင်ခင်တုန်းကဆိုရင်စက်ရုံဝင်းတစ်ခုလုံးက ကျွန်တော့်ကို အပျင်းထူတဲ့လူလို့ သတ်မှတ်ထားကြတယ်

ကျွန်တော်က အထက်တန်းကျောင်းပြီးကတည်းက အိမ်မှာ ဘာမှမလုပ်ဘဲ နှစ်နှစ်လောက်နေခဲ့ဖူးတယ်လေ၊ ဆေးဝါးစက်ရုံရဲ့ အလုပ်သမားစာမေးပွဲကိုတောင် ဖြေဆိုဖို့ ငြင်းဆန်ခဲ့တာ၊

ဒါပေမဲ့ ကျွန်တော့်မှာ အတည်တကျ အလုပ်အကိုင်တစ်ခု မရှိတော့ မိန်းကလေးတွေကလည်း ကျွန်တော့်ကို လှည့်တောင် မကြည့်ကြဘူးလေ၊

အဲဒါကြောင့်မို့လို့ ရှန်းရှန်းနဲ့ လက်ထပ်ခွင့်ရဖို့အတွက်ပဲ ကျွန်တော် အစွမ်းကုန်ကြိုးပမ်းပြီး အလုပ်ဝင်ခဲ့တာ”

*

All Chapters