← Chapters

အခန်း ၃၂၈

Vol. 33 Ch. 328

အခန်း ၃၂၈

Vol. 33 Ch. 328

အခန်း(328)

ရန်ရှောင်မှာတော့ စုဝေ့ချင်းက ပျင်းရိသူဖြစ်ကြောင်းကြားလိုက်ရလျှင် ပထမဆုံးအကြိမ် စာမေးပွဲဖြေဆိုရုံမျှဖြင့်ပင် ဤမျှအဆင့်မြင့်လွန်းသော ရွှမ်ယန်တက္ကသိုလ်သို့ တက်ရောက်ခွင့် ရရှိခဲ့သည့် အမှတ်စာရင်းများကို ပြန်လည်တွေးတောမိလိုက်ရလေ၏။

သူ ဆွံ့အသွားခဲ့ရပြန်သည်။

သို့သော် စုရှောင်လော်လေးက ပါရမီရှင်ကလေးငယ်တစ်ဦးဖြစ်နေကြောင်းကို ပြန်တွေးမိသည့်အတွက် နားလည်သွားခဲ့လေ၏

မှန်ပေသည်။ ပါရမီရှင် ကလေးသူငယ်များဟူသည်က အကျိုးအကြောင်းမရှိဘဲ ပေါ်ပေါက်လာကြရခြင်းမျိုး မဟုတ်ပေ။

သူမ၏ မိဘနှစ်ဦးလုံးက ဉာဏ်ရည်ထက်မြက်ကြသူများ ဖြစ်၍သာ သမီးဖြစ်သူထံသို့လည်း ကောင်းမွန်သည့်ဗီဇများရောက်ရှိလာခြင်း ဖြစ်၏။

ဉာဏ်ကောင်းလွန်းသော ဖခင်နှင့် ဉာဏ်ရည်ထက်မြက်လွန်းသော မိခင်တို့ ပေါင်းစပ်လိုက်သည့်အချိန်တွင် ဤမျှအထိ ထူးခြားလွန်းသော ကလေးငယ်တစ်ဦးကို ထွက်ပေါ်လာစေသည်။

ကြည့်ရတာ သူလည်း နောက်ပိုင်းကျရင် ဉာဏ်ရည်ထက်မြက်တဲ့ ဇနီးတစ်ဦးကို ရှာဖွေသင့်တဲ့ပုံပဲ။

သူတို့က ဤကဲ့သို့ ပေါ့ပေါ့ပါးပါး စကားပြောဆိုနေကြချိန်အတွင်း နာရီဝက်ဟူသည့်အချိန်ကာလက လျင်မြန်စွာကုန်ဆုံးသွားလေ၏။

အတန်းဆင်းပြီးနောက် လီရှန်းက စာသင်ခန်းထဲမှ အလျင်အမြန်ပင် ထွက်ခွာလာခဲ့ပြီး ဝါရင့်ဆရာကြီး၏ နောက် လိုက်လာခဲ့လေသည်။

သူမက သူမ၏ မှတ်စုစာအုပ်ကို ဖွင့်လိုက်ပြီး မေးခွန်းတချို့ကို ဆက်လက်မေးမြန်းနေခဲ့လေ၏။

သူမက ဆရာကြီး၏ နောက်မှ ရုံးခန်းထဲအထိ လိုက်ပါလာခဲ့သည့်အတွက် စုဝေ့ချင်းနှင့် သူမ၏သမီးဖြစ်သူ စုရှောင်လော်တို့က ရန်ရှောင်နှင့်အတူ ပျော်ရွှင်စွာ စကားပြောဆိုနေကြသည်ကို မြင်တွေ့လိုက်ရလေသည်။

စုဝေ့ချင်းသည်ကား အတိတ်တုန်းက ကျန်းမိသားစုမှ ဦးလေးဖြစ်သူပြောခဲ့သည့် လီရှန်း၏ ငယ်စဉ်ကလေးဘဝအကြောင်းကိုပြောပြနေခဲ့သည်။

သူက လက်ဟန်ခြေဟန် အမျိုးမျိုးကို ပြသလျက် အလွန်ပင် စိတ်လှုပ်ရှားစွာပြောနေခဲ့လေ၏။

လီရှန်းတစ်ယောက် တစ်ဖက်လူ၏ မျက်နှာချင်းဆိုင်ရှိ ရန်ရှောင်ကိုလှမ်းကြည့်လိုက်ပြန်သည်။

ထိုသူက မည်သည့်စကားကိုမှထုတ်ဖော်မပြောနေခဲ့သော်လည်း သူ၏ ထိုင်ခုံအနေအထားနှင့် မျက်နှာအမူအရာတို့က ‘ကျေးဇူးပြုပြီး ဆက်ပြောပြပါဦး’ ဟူသော အရိပ်အယောင်များကို အပြည့်အဝ ထုတ်ဖော်ပြသနေခဲ့သည်။

လီရှန်း : “...”

အကယ်၍ အခြေအနေက ဤသို့ ဆက်လက်၍ ဖြစ်ပွားနေမည်ဆိုပါက သူမ ကလေးအရွယ်တုန်းက ဝတ်ဆင်ခဲ့ဖူးသော အနှီးများ၏ အရောင်အသွေးစုံလင်မှုများအကြောင်းကိုပါ ဆက်လက် ပြောဆိုကြတော့မည့်ပုံပင်။

သူမက အခြေအနေကို ထိန်းသိမ်းရန်အတွက် အလျင်အမြန်ပင် လှမ်းခေါ်လိုက်ရသည်။

“ဝေ့ချင်း”

“ရှန်းရှန်း”

“အမေ”

တထေရာတည်း တူညီလွန်းသော မျက်ဝန်းတို့ရှိနေကြသည့် ထိုသားအဖနှစ်ဦးလုံးက ရုတ်တရက်ပင် တံခါးဝဆီသို့ လှည့်ကြည့်လိုက်ကြလေသည်။

သူတို့၏ မျက်ဝန်းများထဲ၌ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားရလေတော့၏။

စုရှောင်လော်က ထိုင်ခုံအသေးလေးပေါ်မှ ချက်ချင်းခုန်ဆင်းလိုက်ပြီး လီရှန်းထံသို့ လျင်မြန်စွာပြေးဝင်လာခဲ့ကာ လီရှန်း၏ ရင်ခွင်ထဲသို့ တိုးဝင်လျက် ပြောလိုက်လေသည်။

“အမေ၊ သမီး အမေကို တကယ်ကို လွမ်းနေတာ”

“ငါတို့ရဲ့ ရှောင်လော်လေးက တကယ့်ကို ပါးစပ်ချိုလွန်းတာပဲ၊ ရဲဘော်ရှောင်လီ သူမကို ဘယ်လိုနည်းနဲ့မှရိုက်နှက်ဆုံးမရက်မှာ မဟုတ်လောက်ဘူး”

အပ်စိုက်ကုထုံးကို သင်ကြားပြသပေးသော ဆရာလျို့က စနောက်လျက် ပြောလိုက်လေသည်။

သူက လက်ကို ဆန့်ထုတ်လိုက်ပြီး စုရှောင်လော်၏ လက်လေးကို ထိကြည့်ကာ ချက်ချင်းပင် အံ့ဩတကြီး ပြောလိုက်သည်။

“အိုး.. သူမက တကယ့်ကို အလားအလာရှိတဲ့ ဆေးပညာရှင်လောင်းလေးပဲ”

“ဒါပေမဲ့ သမီးက လေယာဉ်ပျံတွေနဲ့ သင်္ဘောတွေကိုပဲ သဘောကျတာလေ”

လီရှန်းကတော့ စကားတစ်လုံးမျှ မပြောနိုင်တော့ပေ။

စုရှောင်လော်တစ်ယောက် ရောက်ရှိလာသည့် အခိုက်အတန့်တိုင်းတွင် ဤဆရာကြီးများက သက်ပြင်းချလျက် ဤစကားကိုပင် ထပ်တူပြောဆိုတတ်ကြလေသည်။

အစပိုင်းတွင် သူမအနေဖြင့် အနည်းငယ် အနေခက်သကဲ့သို့ ခံစားခဲ့ရဖူးသော်လည်း ယခုအချိန်တွင်တော့ လျစ်လျူရှုတတ်နေခဲ့လေပြီ။

ဇနီးမောင်နှံနှစ်ဦးက ဆရာလျို့နှင့် ရန်ရှောင်တို့ကို နှုတ်ဆက်လိုက်ကြပြီးနောက် လေ့ကျင့်ရေးအခြေစိုက်စခန်းမှ ထွက်ခွာလာခဲ့ကြလေတော့သည်။

စုဝေ့ချင်းက စက်ဘီးပေါ်သို့ အမြန်တက်လိုက်ပြီး၊ စုရှောင်လော်ကို ပွေ့ချီလျက် အရှေ့ဘားတန်းပေါ်၌ ထိုင်ခိုင်းလိုက်လေ၏။

ထို့နောက် သူက လီရှန်းကို ပြောလိုက်လေသည်။

“ သတိထားဦးနော်၊ အရင်တစ်ကြိမ်တုန်းကလိုမျိုး မင်းရဲ့လည်ပင်းစီးပုဝါက စက်ဘီးရဲ့ဘီးတွေကြားထဲမှာ ငြိသွားတာမျိုး ထပ်မဖြစ်စေနဲ့ဦး”

“ကောင်းပါပြီ၊ ကျွန်မသိပါတယ်၊ ရှင် ဒါကို ဘယ်နှစ်ကြိမ်လောက် ပြောနေဦးမှာလဲ”

လီရှန်းက စိတ်ပျက်စွာဖြင့် စုဝေ့ချင်း၏ နောက်ကျောကို အသာပုတ်လိုက်လေသည်။

စုဝေ့ချင်းကတော့ ရယ်မောလိုက်မိလေ၏။

လီရှန်းလည်း ရယ်မောလိုက်မိရင်း စက်ဘီးနောက်ခုံပေါ်တွင် ဝင်ထိုင်လိုက်တော့သည်။

စုဝေ့ချင်းတို့ ဇနီးမောင်နှံနှစ်ယောက် ထွက်ခွာသွားကြပြီးနောက်တွင် ရန်ရှောင်က အိမ်သို့ ချက်ချင်း မပြန်ခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူက စက်ဘီးကို စီးကာ သူ၏အလုပ်ဌာနနှင့် မလှမ်းမကမ်းတွင်ရှိသော တခြားအိမ်ဝင်းတစ်ခုဆီသို့ ထွက်ခွာလာခဲ့လေ၏။

ဤအိမ်ဝင်းက အပြင်ပန်းမှကြည့်လျှင် သာမန်မျှသာဖြစ်ပုံရသည်။

သို့သော် တကယ်တမ်းတွင် အထဲဘက်၌ အလွန်အရေးကြီးသော စာရွက်စာတမ်း အမြောက်အမြား ရှိနေခဲ့သည့်အပြင် စောင့်ကြပ်မှုကလည်း အလွန်ပင် တင်းကြပ်လွန်း၏။

ဤအိမ်ဝန်းက လူသိနည်းသော်လည်း ထောက်လှမ်းရေးအတွက် ဗဟိုချက်မနေရာတစ်ခုဖြစ်လေသည်။

ရန်ရှောင်က စာကြည့်ခန်းထဲ၌ အချိန်အတော်ကြာအောင် ရှာဖွေကြည့်ရှုခဲ့ပြီးနောက် ပိုင်မားခရိုင် ဆေးဝါးစက်ရုံနှင့် ပတ်သက်သော စာရွက်စာတမ်းများကို ရှာဖွေတွေ့ရှိခဲ့လေ၏။

သူက ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး သူ၏လက်ချောင်းများဖြင့် ခုံကိုခေါက်က စဉ်းစားနေခဲ့သည်။

ရှုရှင်းလန်၊ ကျန်းရိကော်..

စုမိသားစု၏ နောက်ခံသမိုင်းကြောင်းက သံသယဖြစ်စရာ မရှိပေ။

သို့သော်လည်း ရှုရှင်းလန်က မည်သည့်လမ်းကြောင်းမှတစ်ဆင့် အပြင်ဘက်မှအင်အားစုများနှင့် ဆက်သွယ်မှုကို ရှိခဲ့သည်ဟူသော အချက်ကို ယနေ့ထိတိုင် အတိအကျမသိရှိရသေးပေ။

သူမက ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပြီးနောက်တွင် စိတ်ဓာတ် လုံးဝ ပျက်ပြားသွားခဲ့ရပြီး သူမကိုယ်တိုင်သတ်သေခြင်းများပင် ဖြစ်ပေါ်ခဲ့ဖူးသည်။

သူမထံမှ သတင်းအချက်အလက်တချို့ကို ညှစ်ထုတ်ယူနိုင်ခဲ့ဖူးသည်ဟု ပြောခဲ့သော်လည်း နောက်ဆုံးတွင် အရေးကြီးလွန်းသောအရာဟူ၍ မည်သည့်ကိစ္စမှမသိရှိခဲ့ရပါချေ။

ရန်ရှောင်က သူ၏နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိပြီး ခေါင်းကို မော့ကာ သက်ပြင်းတစ်ချက် ချလိုက်လေ၏။ ထို့နောက် ပိုင်မားခရိုင် ဆေးဝါးစက်ရုံနှင့် ပတ်သက်သော စာဖိုင်တွဲကို ပြန်လည်ထည့်သွင်းသိမ်းဆည်းလိုက်လေတော့သည်။

ထိုအချိန်က အခြေအနေများကို ပြန်လည်၍ သုံးသပ်ကြည့်မည်ဆိုပါက၊ ရှုရှင်းလန်နှင့် ဆက်သွယ်ခဲ့သော ထိုလူက ပိုင်မားခရိုင်ဆေးဝါးစက်ရုံမှ ထုတ်လုပ်သော အသည်းရောင်အသားဝါ ကာကွယ်ဆေးကို ခိုးယူရန်အတွက် ရည်ရွယ်ခဲ့ခြင်း ဖြစ်ပုံရလေ၏။

သို့သော်လည်း အဓိကပြဿနာမှာ ယခုအချိန်တွင် အသည်းရောင်အသားဝါ ကာကွယ်ဆေးကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်သည့်အပြင် အမျိုးသားအဆင့် ချီးကျူးဂုဏ်ပြုခြင်းကိုပါ ရရှိခဲ့လေသည်။

ထို့ကြောင့် ထိုကာကွယ်ဆေးကို ခိုးယူမည့် လျှို့ဝှက်တာဝန်က သေချာပေါက် ကျရှုံးသွားခဲ့လေပြီ။

သို့သော်လည်း အစပိုင်းက ရှုရှင်းလန်နှင့် ဆက်သွယ်ခဲ့သော ထိုလူဆိုးကို ယခုအချိန်အထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။

ရန်ရှောင်က ဤကဲ့သို့သော ကိစ္စရပ်က ဤမျှအထိ ရိုးရှင်းလွန်းခြင်းမရှိဟု ခံစားလိုက်ရသော်လည်း မည်သည့်နေရာတွင် မှားယွင်းနေကြောင်းကိုလည်း တိတိကျကျ မသိနိုင်ခဲ့ပေ။

ထို့ကြောင့် သူက နင်ရှပြည်နယ်၊ ပိုင်မားခရိုင်ဟူသော စကားလုံးများကို သူ၏စိတ်ထဲ၌ စွဲမြဲစွာ မှတ်သားထားလိုက်လေ၏။

နောင်တစ်ချိန် စစ်တပ်ထဲသို့ ပြန်လည်ရောက်ရှိသွားသည့်အချိန်တွင် ထိုနေရာသို့ ကိုယ်တိုင်သွားက် သေသေချာချာ စုံစမ်းစစ်ဆေးမည်ဟု ဆုံးဖြတ်လိုက်လေတော့၏။

တစ်ဖက်မှ စုဝေ့ချင်းနှင့် လီရှန်းတို့ကတော့ ရန်ရှောင်က ဤမျှအထိ နက်ရှိုင်းစွာ တွေးတောနေလိမ့်မည်ကို အနည်းငယ်မျှပင် သိရှိကြလိမ့်မည် မဟုတ်ပေ။

ညစာ စားသောက်ကြပြီးနောက်တွင် စုဝေ့ချင်းတို့ဇနီးမောင်နှံနှစ်ဦးက စုရှောင်လော်တစ်ယောက် စာဖတ်နေသည်ကို စောင့်ကြည့်ပေးခဲ့ကြလေသည်။

ဤသည်က သူတို့အနေဖြင့် ညတိုင်းလုပ်ဆောင်လေ့ရှိသော မိသားစုတွင်း အလေ့အထတစ်ခုပင် ဖြစ်လာခဲ့လေ၏။

စုဝေ့ချင်း ညပိုင်းစာသင်ရသော ရက်များတွင်တော့ လီရှန်းတစ်ဦးတည်းကသာ သူမကို စောင့်ကြည့်ပေးလေ့ရှိသည်။

စုဝေ့ချင်း ကျောင်းမတက်ရသော ရက်များတွင် ထိုဇနီးမောင်နှံနှစ်ဦးလုံးက သူမနှင့်အတူ ရှိနေပေးကြလေ၏။

ထိုညတွင် စုရှောင်လော်က အလွန်ပင် ပျော်ရွှင်နေခဲ့သည်။

စုဝေ့ချင်းသည်လည်း သူ၏ ဇနီးနှင့် သမီးဖြစ်သူကို ပွေ့ဖက်ထားလျက် စိတ်ကျေနပ်နေခဲ့လေ၏။

သို့သော် ဤပျော်ရွှင်မှုများက နောက်တစ်နေ့ မွန်းလွဲပိုင်းအချိန်တွင်ပင် ကွယ်ပျောက်သွားခဲ့ရလေတော့သည်။

စုဝေ့ချင်းတစ်ယောက် ကျောင်းဆင်းပြီးနောက် ညနေပိုင်း ကိုယ်ပိုင်စာလေ့လာချိန်မတိုင်မီတွင် အိမ်သို့ပြန်လျက် ပစ္စည်းတချို့ကို သွားရောက်ယူဆောင်ရန်အတွက် ပြင်ဆင်နေခဲ့သည်။

သူ ကျောင်းတံခါးဝမှ ထွက်ခွာလာချိန်မှာပင် သူ၏ဘေးနားဆီမှ နူးညံ့ပြီး ယဉ်ကျေးလွန်းသော အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရ

လေ၏။

“ခွင့်ပြုပါဦး အဘိုး၊ အဘိုးတို့ကျောင်းမှာ လီရှန်းဆိုတဲ့ နာမည်နဲ့ ကျောင်းသူတစ်ယောက် ရှိလားဆိုတာ သိပါရစေ”

“လီရှန်း ဟုတ်လား”

အစောင့်အဘိုးကြီးက ကြောင်အသွားရလေသည်။ သူ့ကဲ့သို့သော ကျောင်းတံခါးစောင့်တစ်ဦးအနေဖြင့် ဤအကြောင်းများကို မည်သို့များ သိရှိနိုင်ပါဦးမည်နည်း။

“ဟုတ်ပါတယ်၊ သူမက သင်္ချာပညာရပ်ဌာနက ဖြစ်လိမ့်မယ်”

အစောင့်အဘိုးကြီးက ထိုအမျိုးသားကို လှမ်းကြည့်လိုက်ရင်းကာ သူ၏ခေါင်းကို ကုပ်ပြီး ပြောလိုက်လေသည်။

“မင်းရဲ့ နာမည်က ဘယ်သူလဲ၊ ငါ သင်္ချာဌာနဆီကို ဖုန်းဆက်ပြီးလှမ်းမေးပေးမယ်”

“ကျွန်တော်က သူမရဲ့ အထက်တန်းကျောင်းတုန်းက အတန်းဖော်ပါ၊ ကျွန်တော့်နာမည်က ဟဲထန်လို့ ခေါ်ပါတယ်”

ထိုအမျိုးသား၏ ရိုးသားလွန်းသော အမူအရာနှင့် ပြုံးရယ်နေသော မျက်နှာကို မြင်တွေ့လိုက်ရသည့်အချိန်တွင် အစောင့်အဘိုးက သူ့အပေါ် အမြင်ကောင်းတစ်ခု ဖြစ်ပေါ်လာခဲ့ရသည်။

သူ၏ကျောင်းတွင်းဖုန်းလိုင်းမှတစ်ဆင့် အလျင်အမြန်ပင် ဆက်သွယ်၍ မေးမြန်းပေးလိုက်လေတော့၏။

မကြာမီမှာပင် ပြန်ဖွေလာသည့်သတင်းကို ရရှိလာခဲ့လေသည်။

“ရဲဘော်ဟဲထန်၊ မင်း နာမည်မှားသွားတာလား၊ ဒါမှမဟုတ် ကျောင်းမှားနေတာများလား ..ငါတို့ကျောင်းမှာ လီရှန်း ဆိုတဲ့ နာမည်နဲ့ ကျောင်းသူ မရှိပါဘူး”

*

All Chapters