← Chapters

အခန်း ၄၂၁

Vol. 43 Ch. 421

အခန်း ၄၂၁

Vol. 43 Ch. 421

အခန်း (၄၂၁)

ကျောက်ဖုန်းထွက်သွားသည်နှင့် သွမ်လောက နောက်ခန်းထဲမှ ထွက်လာသည်။

" အရှင်မင်းကြီး ကျွန်တော်မျိုးတို့ အခုလေးတင် သတင်းရလာပါတယ်။ " သွမ်လောက ဦးညွှတ်ပြီး ပြောလိုက်သည်။

" ပြောပါ။ " ရင်ကျန့်က အစီရင်ခံစာများကို စစ်ဆေးရင်း ခေါင်းမမော့ဘဲ ပြောလိုက်သည်။

" ဝမ်ဝမ်ရဲ့ သားလေးယောက်က ဟေးပင်းထိုင်ရဲ့ စောင့်ကြည့်မှုအောက်က လွတ်မြောက်သွားပါပြီ။ အခု သူတို့အားလုံး ပျောက်ကွယ်သွားပါတယ်။ " သွမ်လောက လေးစားစွာ အစီရင်ခံလိုက်သည်။

" ဘယ်လိုဖြစ်တာလဲ။ ဝမ်ဝမ်ရဲ့ သားလေးယောက်ကို ဖမ်းဆီးပြီး ရှန်းယန်ကို ခေါ်လာဖို့ ငါမင်းကို ပြောထားတယ်လေ။ " ရင်ကျန့်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

" အရှင်မင်းကြီး ဝမ်ဝမ်ရဲ့ သားလေးယောက်က ဟေးပင်းထိုင်ရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေတာပါ။ ဒါပေမယ့် ရုတ်တရက် ပိုကျွမ်းကျင်တဲ့လူတွေ‌ ရောက်လာပြီး ဟေပင်းထိုင်ရဲ့ အစောင့်တွေဆီက အတင်းအကျပ် ခေါ်ဆောင်သွားခဲ့ပါတယ်။ ကျွန်တော်မျိုးထင်တာက.... " သွမ်လောက စိုးရိမ်စွာဖြင့် ပြောလိုက်သည်။ သို့သော် သူက စကားကို ဆက်မပြောခဲ့ပေ။

" မင်းဆိုလိုတာက ဒါကို ကျောက်ဖုန်း လူတွေ လုပ်သွားတာလို့ ပြောချင်တာလား။ " ရင်ကျန့်က ပြောလိုက်သည်။

" ကျွန်တော်မျိုးက အဲ့လိုပဲ ထင်ပါတယ်။ တစ်နိုင်ငံလုံးမှာ ကျွန်တော်မျိုးတို့ ဟေးပင်းထိုင်ထက် ပိုသန်မာတဲ့ လျို့ဝှက်အဖွဲ့က အကြီးဆုံးမင်းသားရဲ့ အဖွဲ့ကလွဲရင် အခြားမရှိနိုင်ဘူးထင်ပါတယ်။ " သွမ်လောက ပြောလိုက်သည်။

ကျောက်ဖုန်း လုပ်ဆောင်ခဲ့သည်ဟု ကြားသောအခါ ရင်ကျန့်၏ အမူအရာက ပြေလျော့သွားသည်။ အမှန်တော့ ဟေးပင်းထိုင်၏ သားလေးယောက်ကို ဖမ်းခိုင်ခြင်းမှာ သူ၏ မျိုးဆက်ကို ထိန်းသိမ်းလိုသောကြောင့် မဟုတ်ပေ။ ဝမ်ဝမ်၏ မိသားစုတစ်ခုလုံးက ကျောက်ဖုန်းကြောင့် သေဆုံးခဲ့ပြီး အနာဂတ်တွင် ကျောက်ဖုန်းကို ပြဿနာ မများစေချင်သောကြောင့်ဖြစ်သည်။

" ဒီကောင်လေးက တကယ် အမှားအယွင်း မရှိအောင် လုပ်တာပဲ။ သူက ငါနဲ့တူတယ်။ " ရင်ကျန့်က ကျေနပ်စွာဖြင့် ရယ်မောလိုက်သည်။

ဘုရင်တစ်ပါးအနေဖြင့် ရန်သူများအပေါ် ရက်စက်ရမည်။ မဟုတ်လျှင် ဒုက္ခ‌ရောက်သွားနိုင်လေသည်။ ကျောက်ဖုန်းက ၎င်းကို အပြည့်အဝ နားလည်သည်။ သူက လိုအပ်သောအခါ ရက်စက်တတ်ပြီး သူ၏ မိတ်ဆွေများအပေါ်တွင်လည်း ကောင်းမွန်စွာ ဆက်ဆံသည်။ ထိုအပြုအမူက ရင်ကျန့်၏ စိတ်ကူးထဲမှ အိမ်‌ရှေ့စံမင်းသား၏ ပုံစံနှင့် ကိုက်ညီပေသည်။

" အရှင်မင်းကြီး နောက်ထပ်ညွှန်ကြားစရာရှိသေးလား။ " သွမ်လောက စိတ်အေးသွားပြီး မေးလိုက်သည်။ ယခင် အင်မော်တယ်ဝိုင်ခန်းမဖြစ်ရပ်နှင့် ယခု ဝမ်ဝမ်၏ သားများနှင့် ပက်သက်သော ကိစ္စများကြောင့် ရင်ကျန့် စိတ်ပျက်သွားမည်ကို သူက အမှန်တကယ် ကြောက်ရွံ့နေခဲ့သည်။ ကံကောင်းစွာဖြင့် ကျောက်ဖုန်းလုပ်ဆောင်ခြင်းဖြစ်သောကြောင့် သူ့အတွက် သက်သာသွားခြင်း ဖြစ်သည်။

" မလိုတော့ဘူး။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။ " ဖုန်းအာလုပ်ပြီးသွားပြီဆိုတော့ ငါတို့ လုပ်စရာမလိုတော့ဘူးပေါ့။ "

" နားလည်ပါပြီ။ အခြားကိစ္စမရှိရင် ကျွန်တော်မျိုကို ခွင့်ပြုပါဦး။ " သွမ်လောက ရိုသေစွာ ပြောလိုက်သည်။

" ဖုန်းအာက ငါ့သားဖြစ်ပြီး သူရဲ့ အမှောင်တပ်ဖွဲ့က အနာဂတ်မှာ ချင်နိုင်ငံရဲ့ ဓားတစ်လက်ဖြစ်လာမှာ ဆိုပေမယ့် ဖွဲ့စည်းထားတာ ၆နှစ် ၇နှစ် ကြာသေးတဲ့ အဖွဲ့က နှစ်ပေါင်းရာချီသက်တမ်းရှိတဲ့ ဟေးပင်းထိုင်ကို ကျော်လွန်သွားပြီ။ ဒီကိစ္စကို မင်း သေချာစဉ်းစားသင့်တယ်။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။

" ဟေးပင်းထိုင်ကို ပိုပြီး သန်မာလာအောင် အကောင်းဆုံး ကြိုးစားပါမယ်။ " သွမ်လောက စိတ်ထဲမှ ထိတ်လန့်သွားပြီး ပြောလိုက်သည်။

သို့သော် သူ၏ စိတ်ထဲတွင်တော့ မျှော်လင့်ချက် အနည်းငယ်သာ ရှိသည်။ အကြောင်းမှာ ကျောက်ဖုန်း၏ အဖွဲ့က မကြာသေးမီက ထိပ်တိုက်တွေ့ဆုံချိန်တွင် သူတို့၏ စွမ်းအားက ပို၍ ကြောက်စရာကောင်းလာသောကြောင့် ဖြစ်သည်။ ကျောက်ဖုန်း၏ လူများက သေခြင်းရှင်ခြင်းတိုက်ပွဲတွင် ဒဏ်ရာမရရှိရုံသာမက ဟေးပင်းထိုင်၏ အစောင့်များကို တစ်ယောက်မှ မသတ်ဘဲ သတိလစ်ရုံသာလုပ်ပြီး ထွက်သွားခဲ့သည်။

" အကြီးဆုံးမင်းသားရဲ့ အဖွဲ့က လေ့ကျင့်ရေးနည်းစနစ်တွေကိုသာ ရနိုင်ရင် ဘယ်လောက်ကောင်းမလဲ။ အဲ့လိုသာဆို ဟေးပင်းထိုင်က ပိုပြီး သန်မာလာလိမ့်မယ်။ " သွမ်လောက စိတ်ထဲမှ မျှော်လင့်နေသည်။

" ကျွန်တော်မျိုးကို ခွင့်ပြုပါဦး။ " သွမ်လောက ဦးညွှတ်ပြီး ထွက်ခွာသွားသည်။

" ဖုန်းအာ မင်းဆီမှာ လျို့ဝှက်ချက်တွေ ဘယ်လောက်တောင်ရှိနေတာလဲ။ ငါမင်းကို အသိအမှတ်ပြုချင်လှပြီ။ " ရင်ကျန့်က တွေးလိုက်သည်။ ကျောက်ဖုန်းက အကြိမ်တိုင်း သူ့ကို အံ့ဩစရာများ ပေးခဲ့သည်။ သူ၏ သားနှင့်ပက်သက်၍ စိတ်ဝင်စားမှုက အထွတ်အထိပ်သို့ ရောက်လာခဲ့သည်။

ကျောက်စံအိမ်၏ မြေအောက်လျို့ဝှက်ခန်း။

ကျောက်ဖုန်းက စံအိမ်ကို ရရှိပြီးနောက် ယန်ထင်ကို အသုံးပြု၍ မြေအောက်လျို့ဝှက်ခန်းတစ်ခု ဆောက်လုပ်စေခဲ့သည်။ ထိုမြေအောက်လျို့ဝှက်ခန်းက ရှန်းယန်မြို့တော်၏ နေရာအသီးသီးကို ချိတ်ဆက်ထားသော လိုဏ်ခေါင်းများကိုပါ ဖောက်လုပ်ခဲ့သည်။ ထိုမြေအောက်ခန်းက ယန်ထင်၏ ဌာနတစ်ခု ဖြစ်ပြီး ကျောက်ဖုန်၏ မိသားစု လုံခြုံရေးကို တာဝန်ယူထားသည်။

" အရှင် အားလုံး အထဲမှာ ရှိပါတယ်။ " ယင်ပုက လမ်းပြရင်း အခန်းတစ်ခုကို ညွှန်ပြလိုက်သည်။

" အင်း " ကျောက်ဖုန်းက လျှောက်သွားပြီး အခန်းထဲသို့ ကြည့်လိုက်သည်။

အခန်းထဲတွင် ဝမ်ဝမ်၏ မိသားစုဝင်များ ရှိနေကြသည်။ ဝမ်ဝမ်က အသက်ကြီးပြီဖြစ်သောကြောင့် သူ၏ မိသားစုကလည်း အင်အားတောင့်တင်းသည်။ လွန်ခဲ့သော သုံးလက ကွပ်မျက်မှုတွင် သူ၏ မိသားစု ကိုးဆယ်ရာခိုင်နှုန်း သေဆုံးသွားသော်လည်း အချို့ကတော့ ကျန်နေသေးသည်။

" လွတ်မြောက်သွားတဲ့လူရှိသေးလား။ " ကျောက်ဖုန်းက အကြည့်လွှဲပြီး မေးလိုက်သည်။

" အရှင် ဝမ်ဝမ်ရဲ့ သားလေးယောက်၊ မြေးယောကျ်ားလေး ခုနှစ်ယောက်၊ မြေးမိန်းကလေး ငါးယောက်နဲ့ သူတို့ရဲ့ ဇနီးတွေ ကိုယ်လုပ်တော်တွေ အားလုံ ဒီမှာ ရှိနေပါတယ်။ တစ်ယောက်မှ မလွတ်ပါဘူး။ သူတို့က ချီနိုင်ငံနဲ့ ချူနိုင်ငံမှာ ပုန်းနေရုံနဲ့ လွတ်ပြီ ထင်နေကြတာ။ " ယင်ပုက နှာခေါင်းရှုံ့လိုက်သည်။

" ဒါဆို မင်းက ဘာကို စောင့်နေတာလဲ။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။

" နားလည်ပါပြီ။ " ယင်ပုက ချက်ချင်း နားလည်သွားသည်။ သူက လက်ဝှေ့ရမ်းလိုက်သည်နှင့် အခန်းထဲမှ ဝူချန်အားလုံးက လှုပ်ရှားလိုက်ကြပြီး ဝမ်ဝမ်၏ မိသားစုအားလုံးကို သတ်လိုက်ကြသည်။

ကျောက်ဖုန်းက နောက်ပင်လှည့်မကြည့်တော့ဘဲ ထွက်ခွာသွားသည်။ သူက လူကြီးဖြစ်စေ ကလေးဖြစ်စေ သနားညှာတာခြင်းမရှိပေ။ ရန်သူက ရန်သူသာြဖစ်သည်။ မိသားစုတစ်ခုလုံး သတ်ဖြတ်ခံရသည့် နာကျည်းမှုကို ဘယ်သူမှ မေ့နိုင်မည်မဟုတ်ပေ။ ရန်သူဖြစ်နေကတည်းက သူက သေချာလုပ်ဆောင်ရမည်ဖြစ်ပြီး သူတို့အားလုံးကို အမြစ်ဖြတ် သုတ်သင်ရမည်ဖြစ်သည်။ ၎င်းက ရက်စက်ခြင်းမဟုတ်ဘဲ ကမ္ဘာကြီးက ထိုသို့ လည်ပတ်နေခြင်းဖြစ်သည်။ သူ၏ နေရာတွင် ဝမ်ဝမ်ဖြစ်ခဲ့လျှင်လည်း ဝမ်ဝမ်က သူ၏ သားသမီးများကို ညှာတာမည်မဟုတ်ပေ။

" အရှင် အားလုံးကို ရှင်းပြီးပါပြီ။ " ခဏကြာသောအခါ ယင်ပုက ‌ရောက်လာပြီး အစီရင်ခံလိုက်သည်။

" ရှင်းပြီးရင် ပြီးတာပဲ။ ဝမ်ဝမ်တော့ ပြီးသွားပြီ။ ဟွိုက်ကျွမ်း၊ ချွန်းယွီယွဲ့နဲ့ ဖုစုရဲ့ အဖွဲ့ဝင်တွေကို သေချာ စောင့်ကြည့်ထားလိုက်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" နားလည်ပါပြီ။ " ယင်ပုက ပြောလိုက်သည်။

" ပြီးတော့ ငါ ညွှန်ကြားထားတဲ့ ဆေးဖက်ဝင်အပင်တွေနဲ့ လက်နက်ပစ္စည်းတွေ စုဆောင်းတာကို မရပ်လိုက်နဲ့။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" စိတ်ချပါ အရှင်။ အကြီးအကဲဟန်က ဒီကိစ္စတွေကို အမြဲတမ်း ကိုင်တွယ်နေပါတယ်။ ဌာနတစ်ခုချင်းစီရဲ့ ဂိုဒေါင်တွေမှာ အပြည့်ဖြစ်နေပါပြီ။ " ယင်ပုက ပြုံး၍ ပြန်ဖြေလိုက်သည်။

" ပိုက်ဆံဆိုတာ အပေါ်ယံပဲ။ အဓိကက ကိုယ်ပိုင်ခွန်အားကို မြှင့်တင်ဖို့ပဲ။ အနာဂတ်က အဝေးကြီး လိုသေးတယ်။ ကမ္ဘာကြီးက ကျယ်ပြောလှတယ်။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ အရှင်နောက်ကို လိုက်ရင်း တစ်နေ့မှာ ထာဝရအသက်ရှည်ခြင်းကို ရရှိပြီး ကမ္ဘာကြီးကို ပေါင်းစည်းနိုင်ပါလိမ့်မယ်။ " ယင်ပုက လေးစားစွာဖြင့် ပြောလိုက်သည်။

ကျောက်ဖုန်း၏ ကယ်တင်ခြင်းကို ခံယူပြီးနောက် သူ၏ အသက်က ကျောက်ဖုန်း၏ အပိုင်ဖြစ်သွားခဲ့ပြီဖြစ်သည်။ ထို့အပြင် ယခု သူပိုင်ဆိုင်သမျှ အရာအားလုံးကလည်း ကျောက်ဖုန်း ပေးထားခြင်းဖြစ်သည်။

" အရှင် အခြားကိစ္စမရှိရင် ကျွန်တော်မျိုးကို ခွင့်ပြုပါဦး။ " ယင်ပုက လေးစားစွာဖြင့် ပြောလိုက်သည်။

" အခု ကမ္ဘာငယ်က တဖြည်းဖြည်း အသက်ဝင်လာပြီ။ မိုင်တစ်ထောင်ပတ်လည်က အတော်လေး ကျယ်ဝန်းပါတယ်။ အဲ့ဒီမှာ စိတ်ဝိညာဉ်ဆေးပင်တွေကို စိုက်ပျိုးပြီး ငါ့လူတွေပါ ဒီထဲမှာ လေ့ကျင့်ပေးနိုင်ရင် ဒါမှမဟုတ် ဒီကမ္ဘာကို သိုင်းတာအိုကမ္ဘာအဖြစ် ဖန်တီးနိုင်ရင် ဒီကမ္ဘာက အကန့်အသတ်မရှိတဲ့ အလားအလာတွေ ရှိလာမှာပဲ။ ပြီးတော့ ဒီကမ္ဘာကို တိုးတက်အောင် လူတွေကနေ စရမယ်။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။

ဘေးမှ ယင်ပုက ကျောက်ဖုန်း တွေးတောနေသည်ကို သိသောကြောင့် ဘာမှမပြောဘဲ လေးစားစွာဖြင့် စောင့်ဆိုင်းနေသည်။

" တစ်ကမ္ဘာလုံးမှာ မ‌‌ရေတွက်နိုင်တဲ့ ဒုက္ခသည်တွေရှိနေတယ်။ သူတို့ထဲက အသက်ငါးဆယ်အောက် လူအားလုံးကို စုဆောင်းပါ။ သူတို့ အခြေချနေထိုင်နိုင်ဖို့ နေရာတစ်ခုရှာပါ။ နေရာကိုတော့ ယွင်ကျုံးမြို့အနီးမှာ သတ်မှတ်မယ်။ ဒါပေမယ့် အရာအားလုံးကို သတိထားပြီး လုပ်ဆောင်ပါ။ ဒါကို ချင်က မသိစေနဲ့။ မင်း ငါ့ရဲ့ လက်မှတ်ယူသွားပြီး တုဆွေနဲ့ ကျန်းဟန်ကို စစ်တပ်တွေ ဦးဆောင်ပြီး ဖုံးကွယ်ခိုင်းလိုက်။ ဘယ်သူမှ သတိမထားမိစေနဲ့။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " ယင်ပုက ချက်ချင်း ပြန်ပြောလိုက်သည်။ သူက ကျောက်ဖုန်း၏ အမိန့်ကို နားမလည်သော်လည်း ထိုကိစ္စကို ဖုံးကွယ်ရန်အတွက် စစ်တပ်ကို လှုပ်ရှားခိုင်းသည့်အတွက် ထိုကိစ္စ၏ အလေးထားမှုကို ဖော်ပြနေသည်။

" သွားတော့။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းလိုက်သည်။

" ဟုတ်ကဲ့။ " ယင်ပုက လေးစားစွာဖြင့် ထွက်ခွာသွားသည်။

" မိုင်တစ်ထောင်က လူပေါင်းသန်းချီဆံ့တယ်။ ဒါပေမယ့် အခုတော့ ယန်ထင်က လူဘယ်လောက် စုဆောင်းနိုင်မလဲ ကြည့်ရမယ်။ " ကျောက်ဖုန်းက တွေးလိုက်သည်။

ရှန်းကျိုးနယ်မြေတွင် မရေတွက်နိုင်သော ဒုက္ခသည်များဖြင့် ပြည့်နှက်နေသည်။ ဝမ်းမဝဘဲ ကြောက်ရွံ့စွာဖြင့် နေရသူမည်မျှရှိမည်ကို ဘယ်သူမှ မသိနိုင်ပေ။ လူများက တန်ဖိုးအနည်းဆုံးဖြစ်သည်။ ကျောက်ဖုန်းက ယန်ထင်ကို လူများစုဆောင်းရန် အမိန့်ပေးခဲ့ခြင်းမှာ လူပေါင်းများစွာကို ကယ်တင်သည့် ကောင်းမှုကုသိုလ်တစ်ခုလည်း ဖြစ်နိုင်သည်။ ပထမအချက်က ထိုလူများကို ကယ်တင်ရန်ဖြစ်သည်။ ဒုတိယအချက်က သူ၏ လက်အောက်တွင် အရည်အချင်းရှိသူများကို မွေးမြူရန် ဖြစ်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters