← Chapters

အခန်း ၄၂၂

Vol. 43 Ch. 422

အခန်း ၄၂၂

Vol. 43 Ch. 422

အခန်း (၄၂၂)

နောက်တစ်နေ့ ညီလာခံခန်းမ၏ အပြင်ဘက်တွင် အရာရှိများက စုဝေးနေကြသည်။ ကျောက်ဖုန်း ရောက်ရှိလာသောအခါ သူက အရာရှိများ၏ အာရုံစိုက်မှုကို ရရှိသွားသည်။

" ဒီနေ့ အနောက်က နေထွက်လာတာလား။ ကျောက်ဖုန်းတစ်ယောက် ညီလာခံကို ရောက်လာတယ်။ "

" သူက ညီလာခံမတက်တာ သုံးလကျော်ပြီ။ သမိုင်းမှာ တကယ်မရှိဖူးတဲ့ ကိစ္စပဲ။ "

" ဒါက အရှင်မင်းကြီး သူ့ကို မျက်နှာသာပေးလို့ပဲ။ ငါတို့ထဲက တစ်ယောက်ယောက်သာဆိုရင် အပြစ်ပေးခံနေရလောက်ပြီ။ "

" ကျောက်ဖုန်းက သုံးလလောက်မလာတာ အရှင်မင်းကြီး ခွင့်ပြုချက်ရထားလို့ဆိုတာ ရှင်းနေတာပဲ။ "

ရှန်းယန်သို့ ပြန်ရောက်လာပြီး သုံးလတိုင်တိုင် ညီလာခံမတက်ခြင်းက အမှန်တကယ် ရှားပါးလှသည်။

" အို ဒါက ဝူအန်းကျွင်းမဟုတ်လား။ ညီလာခံတက်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့။ " ဟန်ဖေးက ရှေ့ထွက်လာပြီး စနောက်လိုက်သည်။

" အို ချင်နိုင်ငံရဲ့ ဝန်ကြီးချုပ်ပဲ။ ဝန်ကြီးချုပ်ဖြစ်သွားမှ မင်းက ပိုငယ်သွားပုံရတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" မင်းက စကားပြောရင် ဘယ်သူမှမညှာဘူးပဲ။ " ဟန်ဖေးက ပြန်ပြောလိုက်သည်။

" စစ်သေနာပတိချုပ် " ရှောင်ဟီက ရိုသေစွာ လျှောက်လာပြီး ကျောက်ဖုန်းကို ဦးညွှတ်လိုက်သည်။

" အရာရှိတွေအချင်းချင်းပဲ။ ဒီလောက်ထိ ယဉ်ကျေးနေစရာမလိုဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" စစ်သေနာပတိချုပ်ရဲ့ အကြံပြုချက်သာမရှိရင် ကျွန်တော်က ရှန်းယန်မှာ အမှုထမ်းနိုင်မှာမဟုတ်ဘူး။ စစ်သေနာပတိချုပ်ကို ကျေးဇူးတင်ပါတယ်။ " ရှောင်ဟီက ရိုသေစွာ ပြောလိုက်သည်။

" ရှောင်ဟီက ဘယ်လိုလဲ။ " ကျောက်ဖုန်းက ဟန်ဖေးကို ကြည့်ပြီး မေးလိုက်သည်။

" တကယ်ပါရမီရှင်တစ်ယောက်ပဲ။ မင်းရဲ့ လူကဲခတ်နိုင်စွမ်းက တကယ်ထူးခြားတယ်။ " ဟန်ဖေးက ပြုံး၍ ပြောလိုက်သည်။

သူက ရှောင်ဟီအပေါ် အလွန်ကျေနပ်သည်။ ရှောင်ဟီရှိလာသောကြောင့် သူ၏ ယခင်တာဝန်များကို လွှဲပြောင်းပေးနိုင်ခဲ့ပြီး ရှောင်ဟီက ယခင်ထက် ပိုကောင်းအောင် လုပ်နိုင်ခဲ့​ရာ သူငလည်း ဝန်ကြီးချုပ်ရာထူးကို ပိုမိုအားစိုက်ထုတ်နိုင်သည်။

" ငါမင်းကို ဒုက္ခမပေးခဲ့ဘူးဆိုတာ သက်သေပြနေတာပဲ။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။

" အနာဂတ်မှာလည်း ပါရမီရှင်တွေကိုလည်း ဆက်ပြီး အကြံပြုပါဦး။ ငါမင်းရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်တယ်။ " ဟန်ဖေးက ကျောက်ဖုန်းကို ပြောလိုက်သည်။

ယခုအခါ သူက ဘယ်ဝန်ကြီးချုပ်ဖြစ်လာပြီး အာဏာကလည်း ပိုမိုကြီးမားလာသောကြောင့် အရည်အချင်းရှိသူများကို ယခင်ကထက် ပိုမိုလိုအပ်လာသည်။

" ကောင်းပြီ။ အရည်အချင်းရှိတဲ့သူတွေ တွေ့ရင် ငါ သေချာပေါက် ပြောပေးပါမယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

ထိုအချိန်တွင် ဝမ်ကျန့်က ဖြည်းညင်းစွာ လျှောက်လာသည်။ " အဆင်ပြေရဲ့လား။ "

" အားလုံး အဆင်ပြေပါတယ်။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။

" ဒီနေ့ညီလာခံက မရိုးရှင်းဘူး။ ဒီတစ်ခါ မင်း အခွင့်အရေးကို ကောင်းကောင်းဆုပ်ကိုင်ရလိမ့်မယ်။ " ဝမ်ကျန့်က ပြောလိုက်သည်။

" ဒီနေ့ ချူနိုင်ငံအကြောင်းဆွေးနွေးမှာ ထင်တယ်။ " ကျောက်ဖုန်းက ချင်ချင်း နားလည်သွားသည်။

" ဒါပေမယ့် ကျွန်တော်စခန်းက ချူနိုင်ငံကို တိုက်ဖို့ တာဝန်ကျမှာမဟုတ်ဘူး။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

" တကယ်အဲ့လိုဖြစ်နိုင်တယ်။ " ဝမ်ကျန့်က ခေါင်းညိမ့်လိုက်သည်။

" ချင်ရဲ့ စခန်းလေးခုထဲမှာ မြောက်ဘက်နယ်စပ်စခန်းက မြောက်ဘက်က တိုင်းတစ်ပါးမျိုးနွယ်စုတွေကို တားဆီးဖို့ပဲ။ ပြီးတော့ အခြားနိုင်ငံတွေကို တိုက်ခိုက်တဲ့ စစ်ပွဲတွေမှာ လန်ထျန်းနဲ့ ဝူအန်စခန်းကပဲ အမြဲဦးဆောင်ခဲ့တာ။ ဟန်ကုစခန်းကလည်း တစ်ခါမှ မတိုက်ခိုက်ဖူးဘူး။ ဒီတစ်ခါ ဟွမ်ယိက အဲ့ဒီအခွင့်အရေးကို လက်လွှတ်ခံမှာမဟုတ်ဘူး။ ဒါ့အပြင် နန်းတွင်းက ဝန်ကြီးအချို့က မင်း နောက်ထပ်စစ်ရေးစွမ်းဆောင်မှုတွေ ရယူမှာကို လက်ပိုက်ကြည့်နေမှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် မင်း နောက်ထပ် အောင်မြင်မှုတွေ ထပ်ရရင် စစ်ဦးစီးချုပ် ဖြစ်လာမှာပဲ။ " ဟန်ဖေးက ပြုံး၍ ပြောလိုက်သည်။

" ဒီတစ်ခါ စစ်ရေးအောင်မြင်မှုကို သူတို့ ပေးလိုက်တာပေါ့။ နောက်ထပ် ယူရမယ့် အောင်မြင်မှုတွေ အများကြီး ရှိလာဦးမှာပါ။ " ကျောက်ဖုန်းက ဂရုမစိုက်ဘဲ ပြောလိုက်သည်။

ရှန်းကျိုးနယ်မြေတွင် ချီနိုင်ငံနှင့် ချူနိုင်ငံ ကျန်နေသေးသည်။ ဤတစ်ကြိမ် စစ်ချီရာတွင် သူက စစ်တပ်ကို မဦးဆောင်ရလျှင် နောက်တစ်ကြိမ်တွင် သေချာပေါက် ဦးဆောင်ရပေလိမ့်မည်။ စစ်ဦးစီးချုပ်ရာထူးက သူမှလွဲ၍ မည်သူမှ မရရှိနိုင်ပေ။

" အရှင်သား အခုတလော နန်းတွင်းက ရတဲ့ သတင်းတွေအရ အရှင်မင်းကြီးက ချူနိုင်ငံကို စစ်ချီလောက်တယ်။ ဘာပဲဖြစ်ဖြစ် ဒီတစ်ကြိမ်မှာ ကျောက်ဖုန်းကို စစ်တပ်ဦးဆောင်ခွင့်ပြုလို့မရဘူး။ မဟုတ်ရင် သူက စစ်ဦးစီးချုပ်ဖြစ်လာလိမ့်မယ်။ ဒါက ကျွန်တော်တို့အတွက် လုံးဝမကောင်းဘူး။ " ဟွိုက်ကျွမ်းက ပြောလိုက်သည်။

" အင်း အဲ့လိုပဲလုပ်ရမှာပေါ့။ " ဖုစုက သက်ပြင်းချလိုက်သည်။

သူက မပြိုင်ဆိုင်လိုသော်လည်း သူ၏ ထောက်ခံသူများက ထိုနေရာကို အမြဲတမ်း တွန်းပို့နေကြသည်။ သူတို့က ထောက်ခံသူများဆိုသော်လည်း သူတို့၏ ကိုယ်ကျိုးစီးပွားအတွက် သူ၏ နာမည်ကို အကြောင်းပြချက်အဖြစ် အသုံးချနေကြခြင်းဖြစ်သည်။

" ဖုစု ဖုစု မိန်းမတစ်ယောက်လို သနားဂရုဏာစိတ်နဲ့။ ငါသာ မင်းနေရာမှာဆို ကိုယ့်ဘာသာကို လှုပ်ရှားတာကြာပြီ။ မင်းက မင်းရဲ့ လက်အောက်ငယ်သားတွေကို အုပ်ချုပ်နေတာမဟုတ်ဘူး။ သူတို့က မင်းရဲ့ ခေါင်းကို နင်းနေကြတာ။ "

ဟွိုက်ကျွမ်းနှင့် အခြားသူများက တိုးတိုးလေး ပြောနေကြသော်လည်း ခြေဆယ်လှမ်းကျော်သာ ဝေးသဖြင့် ကျောက်ဖုန်းက နတ်ဘုရားအာရုံကို မဖြန့်ကျက်ဘဲ အရာအားလုံးကို ရှင်းလင်းစွာ ကြားနိုင်သည်။

ထိုအချိန်တွင် ညီလာခံခန်းမ၏ တံခါးများက ပွင့်လာခဲ့ပြီး ကျောက်ကောင်းက ထွက်လာသည်။ " အရာရှိအားလုံး ခန်းမထဲကို ဝင်လို့ရပါပြီ။ "

အရာရှိများက သေချာပြင်ဆင်ပြီးနောက် ခန်းမထဲသို့ ဝင်လာကြသည်။ အခြားသူများက ခန်းမအတွင်းသို့ လက်နက်များ ယူဆောင်ခွင့်မရှိသော်လည်း ကျောက်ဖုန်းကတော့ သူ၏ ဓားနှင့်အတူ ဝင်သွားခဲ့သည်။ သူက ထျန်းဝမ်ဓားကို ရရှိထားသော်လည်း ယခုအချိန်တွင် သူ၏ ခါး၌ လုံချွမ်ဓားကိုသာ ချိတ်ဆွဲထားသည်။

ယခုအချိန်တွင် ​ကျောက်ဖုန်းက အခြားကျင့်ကြံသူများကို ရှာမတွေ့သေးသောကြောင့် ထျန်းဝမ်ဓားကို အသုံးပြုစရာမလိုဘဲ ၎င်းကို ဝှက်ဖဲတစ်ခုအနေဖြင့် သိမ်းဆည်းထားသည်။

ခန်းမထဲတွင် ကျောက်ဖုန်းက စစ်ဘက်အရာရှိများ၏ ထိပ်ဆုံးတွင် ရပ်နေပြီး ယခင် အရပ်ဘက်အရာရှိများ၏ ဝမ်ဝမ်ရပ်ခဲ့သော ထိပ်ဆုံး​နေရာတွင် ဟန်ဖေးက နေရာယူထားသည်။ ဖုစုနှင့် ဟူဟိုက်ကတော့ အလယ်တွင် ရပ်နေကြသည်။

" ဟူဟိုက် ဒီကောင်က ကြည့်ရတာ ယဉ်ကျေးပြီး အန္တရာယ်မရှိတဲ့ပုံမပေါ်ပေမယ့် တကယ်တော့ စိတ်ဓာတ်က ကောက်ကျစ်တယ်။ " ကျောက်ဖုန်းက ဟူဟိုက်ကို ကြည့်ပြီး တွေးလိုက်သည်။

" အရှင်မင်းကြီး ကြွလာပါပြီ။ " ကျောက်ကောင်း၏ အသံထွက်ပေါ်လာပြီး ရင်ကျန့်က ဖြည်းညင်းစွာ လျှောက်လာသည်။

" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " အရာရှိအားလုံးက ဦးညွှတ်လိုက်ကြပြီး အစည်းအဝေးပွဲကို စတင်လိုက်သည်။

" အရှင်မင်းကြီး ယန်နယ်​မြေကို ငြိမ်းချမ်းအောင် လုပ်ဆောင်ပြီးပါပြီ။ ချိုင်စီက ယန်နယ်မြေမှာ ချင်ဥပဒေကို ကျင့်သုံးခဲ့ပြီး ပြည်သူတွေကလည်း သစ္စာခံလာကြပါတယ်။ ပြီးတော့ တုချန်ဒေသမှာလည်း ပထမဆုံး ရိတ်သိမ်းမှုကို စတင်နေပါပြီ။ " ဟန်ဖေးက ရှေ့တိုးလာပြီး ကျယ်လောင်စွာ အစီရင်ခံလိုက်သည်။

" အခု ချင်ရဲ့ စပါးကျီတွေ ဘယ်လောက်ပြည့်သွားပြီလဲ။ " ရင်ကျန့်က ဟန်ဖေးကို မေးလိုက်သည်။

" အရှင်မင်းကြီး မိုးခေါင်ရေရှားတဲ့ နေရာအချို့ကလွဲရင် နေရာတိုင်းမှာရှိတဲ့ ချင်ရဲ့ စပါးကျီတွေကို ခုနှစ်ဆယ်ရာခိုင်နှုန်းကျော် ပြည့်နေပါပြီ။ ကွမ်ကျုံး၊ရှုဒေသနဲ့ တုချန်တို့က စပါးကျီတွေကလည်း လျှံကျနေပါတယ်။ ရိက္ခါသယ်ယူရာမှာ ဆုံးရှုံးမှုတွေ ဖယ်ထုတ်ရင်တောင် စစ်ပွဲအတွင်းမှာ ချင်စစ်သည်တစ်သန်းကို တစ်နှစ်ပတ်လုံး ရိက္ခါထောက်ပံ့ပေးနိုင်ပါတယ်။ " ဟန်ဖေးက ပြန်ဖြေလိုက်သည်။

" သုံးလအတွင်းမှာ ဝန်ကြီးချုပ်ဟန်ရဲ့ အရည်အချင်းတွေက တကယ်ပဲ ငါ့ကို အမြင်သစ်ရစေခဲ့တယ်။ ကောင်းတယ်။ " ရင်ကျန့်က ပြုံး၍ ချီးကျူးလိုက်သည်။

" ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရတာ ကျွန်တော်မျိုးအတွက် ဂုဏ်ယူစရာပါ။ အရှင်မင်းကြီးကို စိတ်ပျက်အောင် မလုပ်ပါဘူး။ " ဟန်ဖေးက ပြောလိုက်သည်။

" အရှင်မင်းကြီး ချူနိုင်ငံက အထူးသတင်းအချက်အလက်တွေ ရရှိထားပါတယ်။ " ယွီလျောင်က ရှေ့တိုးလာပြီး ပြောလိုက်သည်။

" ပြောပါဦး။ " ရင်ကျန့်က ပြောလိုက်သည်။

" ချူနိုင်ငံက ဖရိုဖရဲဖြစ်နေပါပြီ။ ဝန်ကြီးချုပ် လီယွမ်က ချူနိုင်ငံရဲ့ မိသားစုသုံးခုနဲ့ စစ်သေနာပတိချုပ်ရှန်းယန်တို့ရဲ့ ခြုံခိုတိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။ လီယွမ်တင်မြှောက်ထားတဲ့ ချူဘုရင် ရှုံးယောင်ကလည်း တော်ဝင်သွေးမဟုတ်ဘဲ လီယွမ်ရဲ့ သားဖြစ်နေပါတယ်။ သူ့ကို မိသားစုသုံးခုက ကွပ်မျက်လိုက်ပါပြီ။ အခု ချူနိုင်ငံက ဖုချူလို့ခေါ်တဲ့ ဘုရင်သစ်တစ်ပါးကို တင်မြှောက်ထားပါတယ်။ " ယွီလျောင်က ပြောလိုက်သည်။

ညီလာခံရှိ ဝန်ကြီးများက အံ့အားသင့်သွားကြပြီး လူအနည်းကသာ သတင်းကို ကြိုတင်ရှိထားကြသည်။

" အရှင်မင်းကြီး ချူနိုင်ငံက ဖရိုဖရဲဖြစ်နေပြီး မိသားစုသုံးခုကလည်း အာဏာလုနေကြပါတယ်။ ဒါက ချင်နိုင်ငံအတွက် ချူနိုင်ငံကို တိုက်ခိုက်ဖို့ အခွင့်ကောင်းပါပဲ။ ကျွန်တော်မျိုး ချူနိုင်ငံကို ဖျက်ဆီးပြီး ချင်နယ်မြေထဲ ပေါင်းစည်းဖို့ စစ်တပ်ကို ဦးဆောင်ခွင့်တောင်းပါတယ်။ " ဟွမ်ယိက ရှေ့ထွက်လာပြီး ပြောလိုက်သည်။

ရင်ကျန့်က ပြန်မဖြေသေးဘဲ ကျောက်ဖုန်းကို လှမ်းကြည့်လိုက်သည်။ " ဝန်ကြီးကျောက် မင်းရဲ့ အမြင်အရ ချူနိုင်ငံကို သိမ်းပိုက်ဖို့ စစ်အင်အား ဘယ်လောက်လိုမလဲ။ "

" အရှင်မင်းကြီး ချူနိုင်ငံက ကျယ်ပြောပြီး သူတို့စစ်တပ်ကလည်း ကျောက်နိုင်ငံလိုပဲ အင်အားတောင့်တင်းပါတယ်။ ချူနိုင်ငံကို ဖျက်ဆီးဖို့ စစ်သည် ခြောက်သိန်းလိုပါတယ်။ အဲ့ဒီထက်တောင် ပိုနိုင်ပါသေးတယ်။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

" ကျွန်တော်မျိုးအတွက် ဟန်ကုစခန်းက စစ်သည်နှစ်သိန်းပဲ လိုအပ်ပါတယ်။ ကျွန်တော်မျို့က ချူနိုင်ငံကို သေချာပေါက် ချေမှုန်းနိုင်မှာပါ။ ချူနိုင်င့ပက ကျောက်နိုင်ငံအောက် မနိမ့်ကျပေမယ့် ပြည်တွင်းရေးရှုပ်ထွေးနေလို့ သူတို့ရဲ့ အင်အားကို အပြည့်အဝ မထုတ်သုံးနိုင်ပါဘူး။ ချူဘုရင်က နယ်ရုပ်တစ်ရုပ်ပါပဲ။ စစ်ရေးအာဏာက မိသားစုသုံးခုဆီမှာပဲ ရှိတာပါ။ ကျွန်တော်မျိုးက ချူနိုင်ငံကို ဖျက်ဆီးနိုင်မယ်လို့ ယုံကြည်မှုရှိပါတယ်။ " ဟွမ်ယိက ကျယ်လောင်စွာ တောင်းဆိုလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters