အခန်း ၄၂၄
Vol. 43 Ch. 424
အခန်း (၄၂၄)
" ကွေ့ကူကျိက ကျုပ်ကို ဘာလို့တွေ့ချင်တာလဲ။ " ကျောက်ဖုန်းက အံ့အားသင့်သွားပြီး နားမလည်နိုင်ဖြစ်သွားသည်။
အမှန်တော့ ယွီလျောင်ကိုယ်တိုင်လည်း ၎င်းကို နားမလည်နိုင်ဖြစ်နေသည်။ လွန်ခဲ့သော နှစ်လကျော်က သူ၏ ဆရာက လက်ရှိကမ္ဘာတွင် အကျော်ကြားဆုံး ပုဂ္ဂိုလ်က မည်သူဖြစ်ကြောင်း စုံစမ်းခိုင်းခဲ့သည်။
အကျော်ကြားဆုံးလူက စုံစမ်းစရာမလိုပေ။တစ်လောကလုံးတွင် ကျောက်ဖုန်းမှလွဲ၍ အခြားသူမဖြစ်နိုင်ပေ။ ထောက်ပိုတပ်မှ စတင်ခဲ့ပြီး အသက်နှစ်ကျော်နှင့် ဝူအန်းကျွမ်းဘွဲ့ရ စစ်သေနာပတိချုပ်ဖြစ်လာခဲ့သည်။
ထို့ကြောင့် သူဆရာ၏ အမိန့်ကို လက်ခံပြီးနောက် ယွီလျောင်က တုန့်ဆိုင်းခြင်းမရှိဘဲ ကျောက်ဖုန်းအကြောင်းကို သူ၏ ဆရာထံသို့ ပေးပို့ခဲ့သည်။ သတင်းစကားကို လက်ခံပြီးနောက် သူ၏ ဆရာကလည်းညကျောက်ဖုန်းကို ကွေ့ကူသို့ ဖိတ်ခေါ်ရန် ယွီလျောင်ကို တိုက်ရိုက်ညွှန်ကြားခဲ့သည်။
" အမှန်အတိုင်းပြောရရင် ကျုပ်ဆရာက ကွေ့ကူမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တာပါ။ အခု ရုတ်တရက် စစ်သေနာပတိချုပ်ကို တွေ့ချင်တာက ဘာကြောင့်လဲဆိုတာ ကျုပ်လည်းမသိပါဘူး။ " ယွီလျောင်က ခေါင်းခါလိုက်သည်။
" ကွေ့ကူကျိက ဖိတ်ခေါ်မှတော့ ကျုပ်က ဘယ်လိုလုပ်ငြင်းနိုင်ပါ့မလဲ။ အိမ်ပြန်တဲ့အခါ အချိန်ရရင် ကွေ့ကူကို သွားရောက်လည်ပတ်လိုက်ပါမယ်။ ဒါပေမယ့် ကွေ့ကူရဲ့ တည်နေရာအတိအကျကို ကျုပ်မသိပါဘူး။ " ကျောက်ဖုန်းက ပြောလိုက်သည်။
ကွေ့ကူတည်ရှိလာသည်မှာ နှစ်ပေါင်းများစွာရှိပြီး ကွေ့ကူကျိက မျိုးဆက်တစ်ခုတွင် တစ်ယောက်တည်းသာ ရှိသော်လည်း သူတို့၏ သမိုင်းမှတ်တမ်းများက နိုင်ငံအသီးသီးမှ စာကြည့်တိုက်များထက်ပင် ပို၍ တိကျနိုင်သည်။
ကျောက်ဖုန်းက နိုင်ငံအသီးသီးကို သိမ်းပိုက်ပြီး သူတို့၏ မှတ်တပ်များကို ရှာဖွေခဲ့သော်လည်း အင်မော်တယ်များနှင့် ကျင့်ကြံသူများအကြောင်းမှတ်တမ်းမှာ ဖျက်ဆီးခံလိုက်ရသကဲ့သို့ လုံးဝမရှိပေ။ သို့သော် ကွေ့ကူက ဤလောကတွင် အချိန်အကြာကြီးကတည်းက တည်ရှိခဲ့သောကြောင့် ဤကမ္ဘာ၏ လျို့ဝှက်ချက်များကို သိနေနိုင်သည်။
ထို့ကြောင့် ကျောက်ဖုန်းက ကွေ့ကူကို သွားရောက်လည်ပတ်ရန် ဆုံးဖြတ်ထားခဲ့သည်။ ယွီလျောင်က မဖိတ်ခေါ်လျှင်တောင် သူက တစ်ချိန်ချိန်တော့ သွားရောက်ရန် စိတ်ကူးထားခဲ့သည်။
" ကွေ့ကူကို သွားရောက်လည်ပတ်ဖို့ သဘောတူတဲ့အတွက် စစ်သေနာပတိချုပ်ကို ကျေးဇူးတင်ပါတယ်။ ဒါက ကွေ့ကူရဲ့ တည်နေရာပါ။ " ယွီလျောင်က အဝတ်စတစ်ခုကို ထုတ်ပြီး ကျောက်ဖုန်းကို ပေးလိုက်သည်။
ကွေ့ကူကျိ၏ တပည့်များက ထွက်ခွာသွားသည်နှင့် သူတို့၏ ရည်မှန်းချက်များမပြည့်မီ ကွေ့ကူသို့ ပြန်သွားလျှင်တောင် ချိုင့်ဝှမ်း၏ ဝင်ပေါက်ကို တွေ့နိုင်မည်မဟုတ်ပေ။ တည်နေရာကို သိသော်လည်း ဝင်ရောက်၍ မရပေ။ သို့သော် ကျောက်ဖုန်းက ကွေ့ကူကျိ၏ ဖိတ်ခေါ်မှုဖြင့် သွားရောက်မည်ဖြစ်သောကြောင့် တိုက်ရိုက် ဝင်ရောက်နိုင်သည်။
" နားလည်ပါပြီ။ " ကျောက်ဖုန်းက အဝတ်စကို ယူပြီး ပြောလိုက်သည်။ " ဒါနဲ့ ရှောက်ဖူကရော ဒီအခွင့်အရေးကို အသုံးချပြီး ကွေ့ကူကို ပြန်မလိုက်ဘူးလား။ "
" ကျုပ်ထွက်လာကတည်းက ကမ္ဘာကြီးမပေါင်းစည်းရသေးခင် ပြန်မလာနဲ့လို့ ဆရာက ကျုပ်ကို မှာလိုက်တယ်။ " ယွီလျောင်က ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။
" နားလည်ပါပြီ။ ကွေ့ကူက မျိုးဆက်တိုင်းမှာ တပည့်နှစ်ယောက်ရှိတယ်လို့ ပြောကြတယ်။ ဒီမျိုးဆက်မှာ ဘာလို့ရှောက်ဖူတစ်ယောက်တည်း ရှိနေတာလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။
" တပည့်လက်ခံတာက ကျုပ်ဆရာရဲ့ ဆန္ဒအတိုင်းပါပဲ။ နှစ်ယောက်ဖြစ်ရလိမ့်မယ်လို့ မရှိပါဘူး။ " ယွီလျောင်က ခေါင်းခါလိုက်သည်။
" ဒါတော့မဟုတ်လောက်ဘူးနော်။ ဒါဆို စွန်းဝူနဲ့ ဖန်ကျွမ်းတို့က ကွေ့ကူကျိဖြစ်ဖို့ အသက်ရင်းပြီး ယှဉ်ပြိုင်ကြတာမဟုတ်ဘူးလား။ သူတို့တင်မကဘူး။ အခြားသူတွေလည်း ရှိသေးတယ်။ "ကျောက်ဖုန်းက အံ့ဩသွားပြီး မေးလိုက်သည်။
" တကယ်တော့ ကွေ့ကူကျိက တပည့်တွေကို လောကထဲဝင်ပြီး တိုက်ခိုက်ခိုင်းတာလည်း မဟုတ်သလို အနိုင်ရတဲ့သူက ကွေ့ကူကျိဖြစ်လာမယ်ဆိုတဲ့ အယူအဆလည်း မရှိပါဘူး။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။
" အဲ့လိုမျိုး မရှိဘူးလား။ ဒါဆို ကွေ့ကူကျိကို ဘယ်လိုရွေးချယ်တာလဲ။ " ကျောက်ဖုန်းက နားမလည်ဘဲ မေးလိုက်သည်။
" အဲ့ဒါတော့ ကျုပ်လည်း မသိပါဘူး။ " ယွီလျောင်က ခေါင်းခါလိုက်သည်။
ကျောက်ဖုန်းက ယွီလျောင်ကို စူးစမ်းလိုသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
" စစ်သေနာပတိချုပ်က ကျုပ်ကို ဘာလို့အဲ့လိုကြည့်နေတာလဲ။ " ယွီလျောင်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
" ရှောက်ဖူ အသက်ဘယ်လောက်ရှိပြီလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။
" ကျုပ် အသက်က အခု ၄၅ နှစ်ရှိပါပြီ။ ဘာလို့မေးတာလဲ။ " ယွိလျောင်က ပြုံး၍ ပြေလိုက်သည်။
" ဒါဆို ခင်ဗျားဆရာရဲ့ အသက်ကရော။ ရှောက်ဖူးကို ပညာသင်ပေးတုန်းက ကွေ့ကူကျိရဲ့ အသက်က ဘယ်လောက်ရှိပြီလဲ။ " ကျောက်ဖုန်းက ချက်ချင်း မေးလိုက်သည်။
၎င်းက အဓိကအချက်ဖြစ်သည်။ ယွီလျောင်၏ စကားများအရ တပည့်များကြားတွင် ကွေ့ကူကျိဘွဲ့အတွက် ယှဉ်ပြိုင်မှုမရှိလျှင် ကွေ့ကူကျိက တစ်လျှောက်လုံး လူတစ်ယောက်တည်း ဖြစ်နေသည်လားဟု ကျောက်ဖုန်းက သံသယဝင်လာသည်။
ကျောက်ဖုန်း၏ မေးခွန်းကို ကြားပြီးနောက် ယွီလျောင်က လေနက်စွာ စဉ်းစားလိုက်သည်။ ခဏကြာသောအခါ သူ၏ အမူအရာက ထူးဆန်းသွားသည်။
" ဆရာရဲ့ အသက်ကိုတော့ သေချာမသိဘူး။ ဒါပေမယ့် ဆရာ ကျုပ်ကို ပညာသင်ပေးတုန်းက သူက လူကြီးတစ်ယောက်လို ဖြစ်နေပြီ။ နှစ်တွေအများကြီး ကြာသွားပေမယ့် ဆရာက အဲ့ဒီအတိုင်းပဲ ရှိနေတယ်။ပုံစံက မပြောင်းလဲသလိုပဲ။ "ယွီလျောင်က ပြောလိုက်သည်။
" ကွေ့ကူကျိက ရှောက်ဖူကို အသက်ဘယ်လောက်မှာ ပညာသင်ပေးခဲ့တာလဲ။ " ကျောက်ဖုန်းက အဓိကအချက်ကို ရှာတွေ့သွားပြီဖြစ်သည်။
" ကျုပ်ကို ဆရာက ကွေ့ကူကို ခေါ်လာတုန်းက ကျုပ်အသက် ဆယ်နှစ်ပဲ။ " ယွီလျောင်က ပြန်ဖြေလိုက်သည်။
" နားလည်ပါပြီ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သော်လည်း စိတ်ထဲတွင်တော့ အံ့ဩနေသည်။
" စစ်သေနာပတိချုပ်က ဘာကိုရှာတွေ့သွားတာလဲ။ "ယွီလျောင်က သိလိုစိတ်ဖြင့် ပြောလိုက်သည်။
" ဟားဟား ကွေ့ကူကျိက သူ့ကိုသူ ဘယ်လောက်တောင် ထိန်းထားနိုင်လဲဆိုတာ တွေးပြီး အံ့ဩနေတာပါ။ " ကျောက်ဖုန်က ရယ်ပြီး ပြောလိုက်သည်။
ယွီလျောင်က ဘာမှမပြောဘဲ ကျောက်ဖုန်းကို ကြည့်ပြီး လေးနက်စွာ စဉ်းစားနေသည်။
" ဝူအန်းကျွင်း အရှင်မင်းကြီးက ခေါ်ခိုင်းလိုက်ပါတယ်။ " ထိုအချိန်တွင် ကျေက်ကောင်းက ရောက်လာသည်။
" ကောင်းပြီ။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး ယွီလျောင်ကို ကြည့်လိုက်သည်။ " ရှောက်ဖူ နောက်မှ တွေ့ကြတာပေါ့။ "
" အရှင်မင်းကြီးခေါ်တာ နောက်ကျလို့မရဘူး။ စစ်သေနာပတိချုပ် သွားပါ။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။
ကျောက်ဖုန်းထွက်သွားပြီးနောက် ယွီလျောင်က အတွေးနက်နေခဲ့သည်။ " လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်ကတည်းက ငါ့ဆရာက အသက်ရှစ်ဆယ်ကျော်နေပြီ။ ဒါပေမယ့် နှစ်တွေ ဒီလောက်ကြာတဲ့အထိ သူက ကျန်းမာသန်စွမ်းနေတုန်းပဲ။ ကျောက်ဖုန်းက ဘာကိုများနားလည်သွားတာလဲ။ ငါ့ဆရာက ထာဝရအသက်ရှည်ခြင်းကို ရှိထားတယ်လို့ သူက ထင်နေတာလား။ "
ကျန်းထိုင်နန်းဆောင်သို့ သွားနေချိန်တွင် ကျောက်ဖုန်းက စိတ်လှုပ်ရှားနေသည်။
" ကွေ့ကူကျိ စိတ်ဝင်စားစရာပဲ။ ကွေ့ကူကျိရဲ့ တပည့်တွေကြားမှာ ယှဉ်ပြိုင်မှုမရှိဘူးဆိုရင် သမိုင်းတစ်လျှောက်လုံးမှာ ကွေ့ကူကျိက လူတစ်ယောက်ဖြစ်နေတာလည်း ဖြစ်နိုင်တယ်။ နှစ်ပေါင်းရာချီကြာသွားပြီ။ သာမန်လူတွေက မျိုးဆက်ပေါင်းများစွာ ကုန်ဆုံးသွားပေမယ့် သူက အခုထိ အသက်ရှင်နေဆဲပဲ။ ကွေ့ကူကျိက ကျင့်ကြံသူတစ်ယောက်များ ဖြစ်နေမလား။ ဒါမှမဟုတ် သူက အင်မော်တယ်တစ်ယောက်လား။ " ကျောက်ဖုန်းက ကွေ့ကူကျိကို အလွန်သိချင်နေသည်။
နှစ်ပေါင်းရာချီ အသက်ရှင်နေသူတစ်ယောက်က ဤကမ္ဘာ၏ လျို့ဝှက်ချက်များကို သိနေနိုင်သည်။ ဤကမ္ဘာတွင် ကျင့်ကြံသူများ အမှန်တကယ် ရှိနေနိုင်ပြီး ကွေ့ကူကျိက ကျင့်ကြံသူတစ်ယောက် ဖြစ်နေနိုင်သည်။
" အရှင်မင်းကြီး ဝူအန်းကျွင်း ရောက်ပါပြီ။ ကျွန်တော်မျိုးကို ခွင့်ပြုပါဦး။ " ကျောက်ကောင်းက ပြောပြီး နောက်ဆုတ်သွားသည်။
" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " ကျောက်ဖုန်းက ဦးညွှတ်လိုက်သည်။
" ဒီတစ်ခါ ဘာလို့စစ်ချီခွင့်မတောင်းရတာလဲ။ " ရင်ကျန့်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
" ချင်က နိုင်ငံလေခုကို သိမ်းပိုက်ပြီးသွားပြီ။ ကျွန်တော်မျိုးက အဲ့ဒီစစ်ပွဲတိုင်းမှာ ပါဝင်ခဲ့ပြီး စစ်ရေးအောင်မြင်မှုတွေ အများကြီး ရယူခဲ့တယ်။ ထပ်ပြီး စစ်ချီဖို့ ခွင့်တောင်းရင် အားလုံး ဒေါသထွက်သွားကြလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ငါ မင်းနောက်မှာ ရှိနေတာကို ဘာကိုကြောက်နေတာလဲ။ " ရင်ကျန့်က နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။
" အရှင်မင်းကြီး အခြားစစ်သေနာပတိချုပ်တွေကိုလည်း အခွင့်အရေးပေးသင့်ပါတယ်။ ကျွန်တော်မျိုးကပဲ စစ်ရေးအောင်မြင်မှုတွေ အကုန်ယူလိုက်ရင် အခြားစခန်းက စစ်သည်တွေက မုန်းတီးကြပါလိမ့်မယ်။ ဟွမ်ယိက အရင်တောင်းဆိုထားတာမလို့ သူ့ရဲ့ စခန်းနဲ့ ချူကို တိုက်ခိုက်ခိုင်းလိုက်တာက အကောင်းဆုံးပါပဲ။ သူအောင်မြင်သွားရင်လည်း ချင်အတွက် အကျိုးရှိမှာပါပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ဟွမ်ယိ အောင်မြင်နိုင်မယ်လို့ မင်းထင်လား။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး မေးလိုက်သည်။
" စစ်မြေပြင်မှာ ဘာမဆို ဖြစ်နိုင်ပါတယ်။ ကျွန်တော်မျိုးလည်း ကြိုမပြောနိုင်ပါဘူး။ " ကျောက်ဖုန်းက ခေါင်းခါလိုက်သည်။
ကျောက်ဖုန်းက ထိုအကြောင်းကို မပြောချင်သောကြောင့် ရင်ကျန့်ကလည်း ထပ်မမေးတော့ပေ။
" ယွီလျောင်က မင်းကို ဘာလို့ခေါ်တာလဲ။ သူက နန်းတွင်းမှာ ဘယ်သူနဲ့မှ အပေါင်းအသင်းလုပ်လေ့မရှိပါဘူး။ "
" ရှောက်ဖူရဲ့ ဆရာက ကျွန်တော်မျိုးကို ကွေးကူမှာ စကားပြောဖို့ ဖိတ်ထားလို့ပါ။ " ကျောက်ဖုန်းက ပွင့်ပွင့်လင်းလင်း ပြန်ပြောလိုက်သည်။
" ကွေ့ကူကျိက မင်းကို ဖိတ်တာလား။ " ရင်ကျန့်၏ မျက်လုံးများက တောက်ပသွားသည်။
" ဟုတ်ပါတယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။
" မင်းက တကယ်ထူးချွန်တာပဲ။ ကွေ့ကူကျိတောင် မင်းကို တွေ့ချင်တယ်။ " ရင်ကျန့်၏ အမူအရာက ထူးဆန်းနေသည်။ " အရင်တုန်းက ငါလည်း ကွေ့ကူကျိအကြောင်းကို စိတ်ဝင်စားပြီး သူနဲ့တွေ့ဖို့ ကြိုးစားခဲ့ဖူးတယ်။ ဒါပေမယ့် တိုက်ရိုက်ငြင်းပယ်ခံခဲ့ရတယ်။ မင်းကတော့ ကွေ့ကူကျိက ဖိတ်ခေါ်တာကို ခံလိုက်ရတယ်။ "
ရင်ကျန့်၏ စိတ်ထဲတွင် ဂုဏ်ယူမှုများဖြင့် ပြည့်နှက်သွားသည်။ သူကိုယ်တိုင်တွေ့ဆုံရန် ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့ဘဲ ယခု သူ၏ သားကို ကွေ့ကူကျိကိုယ်တိုင် ဖိတ်ခေါ်လိုက်ခြင်းက သူ့အတွက် အမှန်တကယ် ဂုဏ်ယူစရာပင်ဖြစ်သည်။
" ဒါဆိုရင်တော့ ကျွန်တော်မျိုးက တကယ်ကံကောင်းတာပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့