← Chapters

အခန်း ၄၂၅

Vol. 43 Ch. 425

အခန်း ၄၂၅

Vol. 43 Ch. 425

အခန်း (၄၂၅)

" ကွေ့ကူကျိရဲ့ ပညာရပ်တွေက နက်နဲတယ်။ မင်းသာ သူဆီက လမ်းညွှန်မှုကို ရနိုင်ရင် မင်းအတွက် သေချာပေါက် အကျိုးရှိမှာပဲ။ ပြီးတော့ သူရဲ့ ဖိတ်ခေါ်ချက်က ဒီ‌လောက်နဲ့ ပြီးမှာ မဟုတ်ဘူး။ ဒီလောကမှာ အလျို့ဝှက်ဆုံးက ကွေ့ကူကျိပဲ။ သူသင်ပေးတဲ့ တပည့်တိုင်းက လောကကြီးကို လှုပ်ခါနိုင်တယ်။ ဒါကြောင့် ဒီအခွင့်အ‌‌ရေးကို တန်ဖိုးထားရမယ်။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" အရှင်မင်းကြီး ဒီလောကမှာ အင်မော်တယ်တွေ ရှိတယ်ဆိုရင် အရှင်မင်းကြီး ယုံလား။ " ကျောက်ဖုန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။

" ဘာလို့ဒီလိုမေးတာလဲ။ " ရင်ကျန့်က ထူးဆန်းသွားသည်။

" ဒီကမ္ဘာကြီးက ကျယ်ပြောလှတယ်။ အင်မော်တယ်တွေ တကယ်ရှိနိုင်မလား စဉ်းစားမိလို့ပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။

အင်မော်တယ်များနှင့် ပက်သက်ပြီး ကျောက်ဖုန်းက အမြဲတမ်း သိချင်ခဲ့သည်။ ဘဝနှစ်ခုကို ဖြတ်သန်းလာသူဖြစ်သည်အတိုင်း အင်မော်တယ်များက အမြဲတမ်း အမြင့်မြတ်ဆုံး ဖြစ်နေခဲ့သည်။ ယခု သူက ရှန်းထုံအဆင့်ကိုရောက်နေပြီဖြစ်သော်လည်း အင်မော်တယ်ဖြစ်လာရန် လမ်းကြောင်းက ဝေးကွာနေဆဲဖြစ်သည်။

" ကမ္ဘာကြီး ပေါင်းစည်းပြီးအောင် စောင့်လိုက်ဦး။ အဲ့ဒီအချိန်ကျရင် ငါမင်းကို ပြစရာတစ်ခုရှိတယ်။ အဲ့ဒါကို မြင်ပြီးရင် အင်မော်တယ်တွေ တကယ်ရှိမရှိ မင်းသိလာလိမ့်မယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

ထိုစကားများကို ကြားသောအခါ ကျောက်ဖုန်းက အံ့ဩသွားသည်။ " အရှင်မင်းကြီး အဲ့လိုမျိုး တကယ်ရှိတာလား။ ကမ္ဘာကြီး မပေါင်းစည်းခင် အခုပြလို့မရဘူးလား။ "

" မင်းက ငါ့ကို စျေးဆစ်နေတာလား။ ကမ္ဘာကြီးကို ပေါင်းစည်းပြီးတဲ့အခါ အဲ့ဒါက မင်းကို ငါပေးမယ့် နောက်ဆုံး အံ့အားသင့်စရာ ဖြစ်လာလိမ့်မယ်။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး ပြောလိုက်သည်။

ကျောက်ဖုန်းက ရင်ကျန့်၏ အမူအရာကို ကြည့်ပြီး သူ၏ သိလိုစိတ်က အထွတ်အထိပ်သို့ ‌ရောက်သွားခဲ့သည်။

" ဝမ်ဝမ်ရဲ့ သားတွေကို အကုန်ဖြေရှင်းပြီးပြီလား။ " ရင်ကျန့်က စကားလမ်းကြောင်းလွှဲလိုက်သည်။

" ဖြေရှင်းပြီးပါပြီ။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။

ယင်ပုက ဝမ်ဝမ်၏ သားများကို ဖမ်းဆီးချိန်တွင် ဟေးပင်းထိုင်နှင့် ထိပ်တိုက်တွေ့ခဲ့ကြောင်း ပြောခဲ့သည်။ ‌ဟေးပင်းထိုင်နှင့်တွေ့ခဲ့သောကြောင့် ရင်ကျန့်က သိနေသည်မှာ သေချာသည်။

" မင်းလုပ်တာ ကောင်းပါတယ်။ ရန်သူတွေပေါ်မှာ သနားဂရုဏာမထားဘူး။ သူတို့ကို အမြစ်ပြတ်ချေမှုန်းလိုက်တာ အကောင်းဆုံးပဲ။ " ရင်ကျန့်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။

" အရှင်မင်းကြီးက ကျွန်တော်မျိုးကို အပြစ်မတင်ဘူးလား။ " ကျောက်ဖုန်းက အံ့ဩသွားသည်။

" ငါက မင်းကို ဘာလို့အပြစ်တင်ရမှာလဲ။ " ရင်ကျန့်က ရယ်မောလိုက်သည်။

" ဘာပဲဖြစ်ဖြစ် အရှင်မင်းကြီးကို မတင်ပြဘဲ ကျွန်တော်မျိုးရဲ့ လူတွေက ဟေးပင်းထိုင်ဆီကနေ လူတွေကို တိုက်ရိုက်လုယူခဲ့တာပဲ။ နန်းတွင်းကလူတွေသာ ဒါကိုသိရင် ကျွန်တော်မျိုးကို အာဏာကျော်တယ်ဆိုပြီး စွပ်စွဲကြမှာ သေချာတယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" ဒါဆိုလည်း နောက်တစ်ခါ မဖြစ်စေနဲ့။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" အရှင်မင်းကြီး စိတ်ချပါ။ နောက်တစ်ခါ သေချာပေါက် မဖြစ်စေရပါဘူး။ " ကျောက်ဖုန်းက ချက်ချင်း ကတိပေးလိုက်သည်။

" မင်း ရှချူးကို ဘယ်တော့သွားမှာလဲ။ " ရင်ကျန့်က မေးလိုက်သည်။

" ဘာမှမဖြစ်ရင်တော့ မနက်ဖြန် သန်ဘက်ခါလောက် သွားဖြစ်လိမ့်မယ်။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။

" ငါ လက်ဆောင်အချို့ ပြင်ထားတယ်။ မင်းပြန်ရင် မင်းအမေအတွက် ယူသွားလိုက်ပါ။ အခု အဲ့ဒါတွေ နန်တော်အပြင်ဘက်မှာ ရောက်နေလောက်ပြီ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ကျွန်တော်မျိုးရဲ့ မိခင်ကိုယ်စား အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ဦးညွှတ်ပြီး ပြောလိုက်သည်။

" ကောင်းပြီ။ မင်းကို မတားတော့ပါဘူး။ မင်းရဲ့ မိခင်ကို ကောင်းကောင်းပြုစုလိုက်ပါ။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" ဒါဆို ကျွန်တော်မျိုးကို ခွင့်ပြုပါဦး။ " ကျောက်ဖုန်းက ဦးညွှတ်ပြီး ခန်းမထဲမှ ထွက်လာခဲ့သည်။

" ကမ္ဘာကြီးကို ငါ မြန်မြန်ပေါင်းစည်းရမယ်။ ချူနိုင်ငံကို ချေမှုန်းပြီးသွားရင် ချီနိုင်ငံပဲ ကျန်တော့တယ်။ အဲ့ဒီအခါ ပိုလွယ်ကူသွားလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ငါ တုန်အာကို ရှန်းယန်ကို ခေါ်ပြီး ငါတို့ မိသားစု ပြန်ဆုံနိုင်လိမ့်မယ်။ ဖုန်းအာလည်း ခဏခဏ ပြေးလွှားစရာ မလိုတော့ဘူး။ " ရင်ကျန့်က စိတ်ထဲမှ တွေးလိုက်သည်။

ကျောက်ဖုန်းက နန်းတော်၏ အပြင်ဘက်သို့ ထွက်လာပြီး လက်ဆောင်များ တင်ထားသော လှည်းများက အဆင်သင့်ဖြစ်နေသည်။

" ဝူအန်းကျွင်း ဒါက အရှင်မင်းကြီး ချီးမြှင့်လိုက်တဲ့ လက်ဆောင်တွေပါ။ " ကျောက်ကောင်းက ဦးညွှတ်ပြီး ပြောလိုက်သည်။

" အင်း " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

" လက်ဆောင်တွေကို ကျောက်စံအိမ်ကို ပို့လိုက်ပါ။ " ကျောက်ကောင်းက လှည်းဘေးမှ အမှုထမ်များကို ပြောလိုက်သည်။

" နားလည်ပါပြီ။ " အမှုထမ်းများက ပြန်ပြောလိုက်သည်။

ချူနိုင်ငံကို တိုက်ခိုက်ရန် ညီလာခံတွင် ဆုံးဖြတ်ချက်ချပြီးသည်နှင့် ဟွမ်ယိက ဟန်ကုစခန်းသို့ ထွက်ခွာသွားပြီး ချူနိုင်ငံကို တိုက်ခိုက်ရန် စတင်ပြင်ဆင်တော့သည်။ ချင်နိုင်ငံ၏ ဌာနများစွဦကလည်း အလုပ်များ စတင်လုပ်ဆောင်ခဲ့ကြသည်။ ဆန်စပါးများ၊ ရိက္ခာများနှင့် မြားများ ပို့ဆောင်ခြင်းတို့က ပြုလုပ်နေကြသည်။ ကျောက်ဖုန်းက စစ်တပ်ကို ဦးဆောင်ရန် မလိုအပ်သောကြောင့် မိခင်ကို ပြုစုရန် ရှချူသို့ ထွက်ခွာသွားခဲ့သည်။

အချိန်များ ကုန်လွန်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း လဝက်ကြာသွားခဲ့သည်။ ချင်နှင့်ချူနယ်စပ်တွင် ဟန်ကုမှ စစ်သည်နှစ်သိန်းက နယ်စပ်မြို့ဖြစ်သော ချန်ယင်မြို့သို့ စနစ်တကျ ချီတက်နေကြသည်။ ထိုအချိန်တွင် ဟွမ်ယိက သူတို့ထက် အရင် ချန်ယင်မြို့သို့ ရောက်နေခဲ့သည်။

" နှုတ်ဆက်ပါတယ် အရှင်ချန်ဖျင်။ " ဟွမ်ယိက မီချီကို အရိုအသေပေးလိုက်သည်။

" စစ်သေနာပတိချုပ်ဟွမ်ယိ။ " မီချီက ချက်ချင်း ပြန်လည်နှုတ်ဆက်လိုက်သည်။

" အရှင်ချန်ဖျင်က ချန်ယင်မြို့ကို နှစ်နှစ် စောင့်ရှောက်ခဲ့တာ ခင်ဗျားရဲ့ စွမ်းဆောင်မှုက တကယ်ကြီးမားပါတယ်။ ကျုပ်က တော်ဝင်အမိန့်အရ ချူနိုင်ငံကို တိုက်ခိုက်ဖို့ လာခဲ့တာပဲ။ စစ်ဆင်ရေးပြီးတာနဲ့ အရှင်ချန်ဖျင်က ရှန်းယန်ကို ပြန်သွားပြီးရင် ရာထူးတိုးမှာ သေချာပါတယ်။ " ဟွမ်ယိက ပြုံး၍ ပြောလိုက်သည်။

" နိုင်ငံအတွက် အမှုထမ်းရတာ ကျုပ်အတွက် ဂုဏ်ယူစရာပါ။ " မီချီကလည်း ပြန်ပြုံးပြလိုက်သည်။ " ဒါနဲ့ ဒီစစ်ဆင်ရေးမှာ စစ်သေနာပတိချုပ် ဦးဆောင်လာတဲ့ တပ်ဖွဲ့က ဘယ်လောက်များလဲ။ အခြားစခန်းတွေကနေ အားဖြည့်ပေးတာမျိုး ရှိသေးလား။ "

" ချူနိုင်ငံကို တိုက်ခိုက်မယ့် စစ်ဆင်ရေးက ကျုပ်ရဲ့ တောင်းဆိုချက်အရ ဟန်ကုစခန်းတစ်ခုတည်းပါ။ " ဟွမ်ယိက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

" ဟန်ကုစခန်းတစ်ခုတည်းလား။ " မီချီက အံ့ဩသွားသည်။ "လစစ်သေနာပတိချုပ်က ကျုပ်ကို နောက်နေတာလား။ ချူနိုင်ငံက ဟန်နိုင်ငံလို အားနည်းတဲ့ နိုင်ငံတစ်ခုမဟုတ်ဘူး။ ဟန်ကုစခန်းတစ်ခုတည်းနဲ့ ချူနိုင်ငံကို ဖျက်ဆီးနိုင်လိမ့်မယ်လို့ တကယ်ထင်နေတာလား။ ခင်ဗျား ကျုပ်ကို မပြောပြနိုင်တဲ့ စစ်ရေးလျို့ဝှက်ချက်တစ်ခု ရှိနေတာလား။ "

" အရှင်ချန်ဖျင် ကျုပ်က ခင်ဗျားကို ဘာလို့ စနောက်ရမှဦလဲ။ ချူနိုင်ငံကို ဖျက်ဆီးဖို့က ကျုပ်ရဲ့ ဟန်ကုစခန်းတစ်ခုတည်းနဲ့ လုံလောက်ပါတယ်။ အခြားစခန်းတွေက အကူအညီ လိုအပ်မှာ မဟုတ်ပါဘူး။ အခုစခန်းက ချန်ယင်မြို့ကို ချီတက်လာနေပါပြီ။ တပ်ဖွဲ့တွေ မြို့ရောက်တာနဲ့ ကျုပ်က ချက်ချင်း တိုက်ခိုက်မှာပါ။ " ဟွမ်ယိက ပြုံး၍ ပြောလိုက်သည်။

သူက မီချီကို လုံးဝ သံသယမရှိပေ။ မီချီက အကြီးဆုံးမင်းသား၏ အဘိုးဖြစ်ပြီး တော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်သည်။ မီချီကို ချန်ယင်မြို့ကို စောင့်ရှောက်ခိုင်းခြင်းမှာ သူ၏ အောင်မြင်မှုကို တည်ဆောက်ရန် ဖြစ်ပြီး နန်းတော်သို့ ပြန်‌ရောက်ပါက သူက ညာဝန်ကြီးချုပ်ဖြစ်နိုင်သည်ဟုပင် ကောလဟာလများ ရှိနေသည်။

ဟွမ်ယိ၏ စကားများကို ကြားသောအခါ မီချီက ခေါင်းညိမ့်လိုက်သော်လည်း သူက နားမလည်နိုင်ဖြစ်နေဆဲ ဖြစ်သည်။ "စစ်သေနာပတိချုပ်က စခန်းတစ်ခုတည်းနဲ့ ချူနိုင်ငံကို ဖျက်ဆီးနိုင်လိမ့်မယ်လို့ တကယ်ထင်နေတာလား။ "

" ကျုပ်တို့ မစမ်းသပ်ကြည့်ရင် ဘယ်လိုသိနိုင်မှာလဲ။ အခုဆိုရင် လီယွမ်သေဆုံးသွားပြီး ချူနိုင်ငံမှာ ရှုပ်ထွေးနေတယ်။ ကျုပ်ရဲ့ ဟန်ကုစခန်းက ထူးခြားတဲ့ အောင်မြင်မှုတစ်ခုကို သေချာပေါက် ရရှိလိမ့်မယ်။ " ဟွမ်ယိက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

" စစ်သေနာပတိချုပ်က ဒီလောက်ယုံကြည်မှုရှိနေမှတော့ ကျုပ် မီချီက အပြည့်အဝ ထောက်ခံပေးမှာပါ။ ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို သေချာစီစဉ်ပြီး ခွဲဝေပေးပါမယ်။ လုံးဝ နောက်မကျစေရပါဘူး။ " မီချီက ချက်ချင်း ပြောလိုက်သည်။

" အရှင်ချန်ဖျင်ကို ကျေးဇူးတင်ပါတယ်။ ရိက္ခာပစ္စည်းတွေကိုတော့ ဝန်ကြီးချုပ် ဟန်‌‌ဖေးကိုယ်တိုင် ကြီးကြပ်ပြီး ကျုပ်ရဲ့ ထောက်ပို့စစ်သည်တစ်သောင်းလည်း ပါမှာမလို့ ရိက္ခာပိုင်းကတော့ စိတ်ပူစရာမလိုပါဘူး။ " ဟွမ်ယိက ပြုံး၍ ပြောလိုက်သည်။

သူက ကျောက်ဖုန်း၏ စကားများကို မှတ်သားထားသည်။ ထို့ကြောင့် သူက ရိက္ခာပစ္စည်းများနှင့် ပက်သက်၍ အထူးဂရုစိုက်ခဲ့ပြီး ဟန်ဖေးကို အကူအညီတောင်းကာ အတွေ့အကြုံရှိသော ထောက်ပို့အရာရှိတစ်ယောက်ကို တာဝန်ပေးခဲ့သည်။

ဟွမ်ယိ၏ ငြင်းဆိုမှုကို ကြားရသဖြင့် မီချီက အံ့ဩသွားသော်လည်း ပြုံး၍ ပြန်ပြောလိုက်သည်။ " စစ်သေနာပတိချုပ်ရဲ့ တပ်ဖွဲ့က တကယ်ပဲ နည်းလွန်းတယ်။ ဒါပေမယ့် ကျုပ်ရဲ့ ချန်ယင်မြို့မှာ စစ်သည်ငါးသောင်းရှိတယ်။ ပင်မစစ်တပ်လောက် မတော်ပေမယ့် သူတိုကလည်း တိုက်ခိုက်နိုင်ပါတယ်။ စစ်ဆင်‌ရေးမှာ ရိက္ခာထောက်ပံ့ရေးက အ‌ရေးကြီးဆုံးပါ။ ချန်ယင်မြို့ကို ရိက္ခာတွေအတွက် အဓိက သိုလှောင်စခန်းအဖြစ် သုံးနိုင်ပါတယ်။ ရိက္ခာတွေ ရောက်လာတဲ့အခါ စစ်သေနာပတိချုပ် အုပ်စုအလိုက် ခွဲဝေပေးပြီး သယ်ယူပို့ဆောင်ရေးကို ကျုပ် ကူညီပေးနိုင်ပါတယ်။ "

" အရှင်ချန်ဖျင်က ပြောနေမှတော့ ကျုပ် ထပ်ငြင်းနေရင် မယဉ်ကျေးရာ ‌ရောက်ပါလိမ့်မယ်။ ဒါဆို ရိက္ခာတွေ စီမံခန့်ခွဲဖို့ တာဝန်ကို အရှင်ချန်ဖျင်ကို အပ်လိုက်ပါမယ်။ " ဟွမ်ယိက ခဏစဉ်းစားပြီး ပြောလိုက်သည်။

" စိတ်ချပါ စစ်သေနာပတိချုပ်။ ဒီကိစ္စကို စနစ်တကျ လုပ်ဆောင်ပေးမှာမလို့ ခင်ဗျားစိတ်မပူဘဲ စစ်ဆင်ရေးမှာပဲ အာရုံစိုက်ပါ။ " မီချီက ပြုံး၍ ပြောလိုက်သည်။

" ကောင်းပါပြီ။ " ဟွမ်ယိကလည်း ပြန်ပြောလိုက်သည်။

" စစ်သေနာပတိချုပ်အတွက် ကျုပ် ညစာစားပွဲ ပြင်ထားပါတယ်။ ဒီည ချူကို တိုက်ခိုက်မယ့် အစီအစဉ်ကို အသေးစိတ် ဆွေးနွေးကြတာပေါ့။ " မီချီက ပြုံး၍ ပြောလိုက်သည်။

" အကောင်းဆုံးပါပဲ။ " ဟွမ်ယိက ချက်ချင်း ခေါင်းညိမ့်လိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters