အခန်း ၄၂၆
Vol. 43 Ch. 426
အခန်း (၄၂၆)
မီချီ၏ စံအိမ်။
" အရှင်ချန်ဖျင် ခင်ဗျားအခုထိ မဆုံးဖြတ်ရသေးဘူးလား။ ခင်ဗျားက ကျုပ်တို့ ချူနိုင်ငံ တော်ဝင်မိသားစုက ဆင်းသက်လာတဲ့သူ တော်ဝင်မိသားစုရဲ့ သွေးမျိုးဆက်ပါ။ အခု ချူနိုင်ငံက ရှုပ်ထွေးနေတာ ဘုရင်က အားနည်းပြီး ဝန်ကြီးတွေက အာဏာကို သိမ်းပိုက်ထားလို့ပဲ။ အခု စစ်သေနာပတိချုပ်ရှန်းယန်ကက အရှင်ချန်ဖျင်သာ ချူနိုင်ငံကို ပြန်လာပြီး နန်းတက်ဖို့နဲ့ ချူနိုင်ငံ ပြန်လည်ထူထောင်ဖို့ ဘာမဆိုလုပ်ပေးမယ်လို့ ပြောတယ်။ " ညအချိန်တွင် လူတစ်ယောက်က မီချီကို အပြင်းအထန် တိုက်တွန်းနေသည်။
" မင်းပြောတာ ဆွဲဆောင်မှုရှိတာတော့ အမှန်ပဲ။ ဒါပေမယ့် ငါ ချင်နိုင်ငံကို ပြန်သွားခဲ့ရင် ညာဝန်ကြီးချုပ်အဖြစ် သေချာပေါက် ခန့်အပ်မယ်လို့ ချင်ဘုရင်က ငါ့ကို ကတိပေးထားတယ်။ ပြီးတော့ ငါ့သမီးက ချင်အကြီးဆုံးမင်းသားရဲ့ မိခင်ပဲ။ အနာဂတ် ချင်ဘုရင်က ငါ့မြေးလည်း ဖြစ်နိုင်တယ်။ ချင်ဘုရင်က ငါ့အပေါ် တကယ်ကောင်းခဲ့တယ်။ ငါသာ သူ့ကို သစ္စာဖောက်ခဲ့ရင် ငါ့သမီးက ဘာဖြစ်သွားမလဲ။ ချင်နိုင်ငံမှာ ရှိတဲ့ မီမိသားစုဝင်တွေ ဘာဖြစ်သွားမလဲ။ ငါမီချီကို လူတိုင်းက သစ္စာဖောက်အဖြစ် သတ်မှတ်ကြလိမ့်မယ်။ " မီချီက စိတ်ထဲတွင် အပြင်းအထန် ရုန်းကန်နေရင်း ပြောလိုက်သည်။
" အရှင်ချင်ဖျင် ခင်ဗျားက ချူတော်ဝင်မိသားစုရဲ့ သွေးမျိုးဆက် အနာဂတ် ချူဘုရင်ပါ။ ချင်ဘုရင် ခင်ဗျားကို ပေးထားတဲ့ အရာအားလုံးက ချူဘုရင်ဆိုတဲ့ အထောက်အထားနဲ့ လဲလှယ်ထားတာ။ ချူနိုင်ငံက ချင်နိုင်ငံထက် မနိမ့်ပါဘူး။ ပလ္လင်နဲ့ ဝန်ကြီးချုပ်ရာထူး သေချာစဉ်းစားကြည့်ပါ။ ပြီးတော့ ချင်ဘုရင်က ဖုစုကို အိမ်ရှေ့စံအဖြစ် တကယ်ပဲ တင်မြှောက်ချင်ရဲ့လား။ သူသာ တကယ်လုပ်ချင်ရင် အရင်ကတည်းက လုပ်ပြီးရောပေါ့။ ချူနိုင်ငံက ခင်ဗျား ပြန်လာပြီး ပြန်လည်ထူထောင်မယ့်အချိန်ကို စောင့်နေတာပါ။ " ချူသံတမန်က ပြောလိုက်သည်။
မီချီ၏ အမူအရာက ပို၍ပင် ဝေခွဲမရဖြစ်လာသည်။ အချိန်အတော်ကြာပြီးနောက် သူ၏ မျက်နှာတွင် ပြတ်သားသော အမူအရာပေါ်လာသည်။
" မင်းပြောတာတွေက တကယ်လား။ " မီချီက လေးနက်စွာ မေးလိုက်သည်။
" ဒါက စစ်သေနာပတိချုပ် ရေးထားတဲ့စာပါ။ သက်သေအဖြစ် စစ်သေနာပတိချုပ်ရဲ့ တံဆိပ်တုံးပါပါတယ်။ " ချူသံတမန်က ရင်ဘတ်ထဲမှ စာတစ်စောင်ကို ထုတ်ပေးလိုက်သည်။
မီချီက စာကို ယူဖတ်လိုက်ပြီး စာထဲတွင် စာတစ်အနည်းသာ ပါသည်။
" အရှင်ချန်ဖျင်က ကျုပ်တို့ ချူတော်ဝင်မိသားစုရဲ့ သွေးမျိုးဆက်ဖြစ်တယ်။ အရှင်ချန်ဖျင်သာ ချူနိုင်ငံကို ပြန်လာရင် အရှင်ချန်ဖျင် ဘုရင်ဖြစ်လာဖို့ ချူကို အုပ်စိုးဖို့နဲ့ တစ်နေ့ ကမ္ဘာတစ်ခုလုံးကို စုစည်းဖို့ မိသားစုတစ်ခုလုံးရဲ့ အသက်ကို စတေးပြီး ကူညီမယ်ဖြစ်ကြောင်း ကျုပ်ရှန်းယန်က ကျိန်ဆိုပါတယ်။ "
ထိုစာကြောင်းအောက်တွင် စစ်သေနာပတိချုပ်ရှန်းယန်၏ တံဆိပ် ပါရှိသည်။ ရှန်းယန်က အတော်လေး အားထုတ်ထားခြင်းဖြစ်သည်။ သူက စိတ်ရင်းမှန်ကို မပြလျှင် မီချီက ယုံကြည်မည်မဟုတ်ပေ။ စစ်သေနာပတိချုပ်တံဆိပ်ကို သက်သေအဖြစ် သုံးလိုက်ခြင်းဖြစ်သောကြောင့် တစ်နေ့ ထိုလျို့ဝှက်ချက်ပေါက်ကြားသွားလျှင် ရှန်းယန်က မီချီနှင့်အတူ အဆုံးသတ်မည်ဖြစ်သည်။
" ဘုရင် ချူနိုင်ငံရဲ့ ဘုရင်၊ ချူနိုင်ငံကို အုပ်စိုးမယ်၊ ကမ္ဘာကို အုပ်စိုးမယ်။ " မီချီ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေသည်။
ထိုအချိန်တွင် မီချီက လုံးဝ စိတ်ပြောင်းသွားခဲ့ပြီဖြစ်သည်။ အမြင့်ဆုံးအာဏာ ဤကမ္ဘာတွင် ထိုသို့သော အာဏာကို မလိုချင်သောသူ ဘယ်သူမှရှိမည်မဟုတ်ပေ။ မီချီက လုံးဝ စိတ်ပါသွားပြီဖြစ်ပြီး ချင်နိုင်ငံကို သစ္စာဖောက်ရန် စဉ်းစားနေပြီဖြစ်သည်။ ထိုလုပ်ရပ်၏ နောက်ဆက်တွဲဆိုးကျိုးများကိုလည်း ဂရုမစိုက်တော့ပေ။
" ငါ မီချီ ချူနိုင်ငံကို ပြန်ဖို့ သဘောတူတယ်။ " မီချီက ပြတ်သားစွာ ပြောလိုက်သည်။
" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ ကျွန်တော်မျိုး အရှင်မင်းကြီးကို သစ္စာရှိရှိ အမှုထမ်းပါမယ်လို့ ကျိန်ဆိုပါတယ်။ အရှင်မင်းကြီးရဲ့ စွမ်းရည်နဲ့ဆိုရင် ချူနိုင်ငံက သေချာပေါက် ပြန်လည်ထွန်းကားလာမှာပါ။ " ချူသံတမန်က ဒူးထောင်ပြီး လေးစားစွာ ပြောလိုက်သည်။
မီချီက ဖြည်းညင်းစွာ လျှောက်သွားပြီး သူ့ကို ထူပေးလိုက်သည်။
" စစ်သေနာပတိချုပ်ရှန်းယန်က ဒီလောက်ထောက်ခံနေမှတော့ ငါက သူ့ကို စိတ်ပျက်အောင် မလုပ်သလို ချူပြည်သူတွေကိုလည်း စိတ်ပျက်အောင်မလုပ်ဘူး။ " မီချီက လေးနက်စွာ ပြောလိုက်သည်။
" အရှင်မင်းကြီးက သေချာပေါက် အောင်မြင်ပါလိမ့်မယ်။ " ချူသံတမန်က ပြန်ပြောလိုက်သည်။
" ဟွမ်ယိက ချန်ယင်မြို့ကို ရောက်နေပြီဆိုတာ မင်းသိတယ်မဟုတ်လား။ " မီချီက မေးလိုက်သည်။
" ချင်နိုင်ငံက ချူနိုင်ငံကို တိုက်ခိုက်ဖို့ စီစဉ်နေတယ်ဆိုတာ စစ်သေနာပတိချုပ်က သတင်းရပြီးသားပါ။ ဒါပေမယ့် စစ်သညအင်အားအသေးစိတ်နဲ့ စစ်ရေးအစီအစဉ်တွေကတော့ ချင်စစ်တပ်ရဲ့ လျို့ဝှက်ချက်တွေမလို့ ကျွန်တော်မျိုးတို့ ထောက်လှမ်းလို့ မရပါဘူး။ " ချူသံတမန်က ပြန်ပြောလိုက်ပြီး သူ၏ စိတ်ထဲတွင်တော့ စိတ်လှုပ်ရှားနေသည်။
" အခု ငါပြောတာကို စစ်သေနာပတိချုပ်ရှန်းယန်ဆီ အတိအကျ ပြန်ပြောလိုက်ပါ။ " မီချီက လေးနက်စွာ ပြောလိုက်သည်။
" ကျွန်တော်မျိုး သေချာနားထောင်နေပါတယ်။ "ချူသံတမန်က ချက်ချင်း ပြန်ပြောလိုက်သည်။
" ချင်ဘုရင်က ချူနိုင်ငံကို တိုက်ခိုက်ဖို့ ဟွမ်ယိရဲ့ ဟန်ကုစခန်းကို စေလွှတ်လိုက်တာပဲ။ ငါသိသလောက်ကတော့ ဟန်ကုစခန်းက ချင်နိုင်ငံရဲ့ စခန်းလေးခုထဲမှာ စစ်အင်အားအနည်းဆုံးပဲ။ စစ်သည်နှစ်သိန်းထက်မပိုဘူး။ သူရဲ့ လက်အောက်က ထောက်ပို့တပ်တွေရော ပေါင်းရင်တောင် စစ်သည်တွေက သုံးသိန်းမပြည်ဘူး။ ပြီးတော့ ဟွမ်ယိက သူ့စစ်တပ်ရဲ့ ရိက္ခါနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ သယ်ယူရေးတာဝန်ကို ငါ့ကို ပေးထားတယ်။ ချင်ကနေ သယ်လာတဲ့ ရိက္ခါတွေကို ချန်းယင်မြို့မှာ ခဏသိုလှောင်ထားလိမ့်မယ်။ " မီချီက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
" အရှင်မင်းကြီး အဲ့ဒါတကယ်ကောင်းတယ်။ ဟွမ်ယီရဲ့ ရိက္ခါတွေကို ထိန်းချုပ်နိုင်တယ်ဆိုတာ ချင်စစ်တပ်ရဲ့ အသက်သွေးကြောကို ထိန်းချုပ်လိုက်တာနဲ့ အတူတူပဲ။ ဒီတစ်ခါ ချင်စစ်တပ်ရဲ့ တိုက်ခိုက်မှုကို ကျွန်တော်မျိုးတို့ ချူနိုင်ငံက သေချာပေါက် အောင်နိုင်မှာပါ။ " ချူသံတမန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
" အင်း " မီချီက ခေါင်းညိမ့်လိုက်သည်။
" အရှင်မင်းကြီး ဒီကိစ္စကို စစ်သေနာပတိချုပ်ထံ ညတွင်းချင်း အစီရင်ခံလိုက်ပါမယ်။ ဘယ်လိုဆက်လိုက်ရမလဲဆိုတာ အရှင်မင်းကြီးကို အမြန်ဆုံး အစီရင်ခံပါမယ်။ " ချူသံတမန်က လေးစားစွာ ပြောလိုက်သည်။
" အင်း " မီချီက ခေါင်းညိမ့်လိုက်ပြီး ဘာမှမပြောတော့ပေ။
ရိက္ခါနှင့် ထောက်ပံ့ရေးပစ္စည်းများက သူ၏ လက်ထဲတွင် ထိန်းချုပ်ထားသောကြောင့် ဟွမ်ယိ၏ စစ်တပ်က ချူနယ်မြေထဲသို့ ဝင်သည်နှင့် အရှုံးက သေချာနေပြီဖြစ်သည်။
ရှချူးခရိုင်၊ ရှကျေးရွာ၊ ကျောက်စံအိမ်။
" အဖွားကို ဂါရဝပြုပါတယ်။ " ကျောက်ချီ၊ ကျောက်လင်းနှင့် တစ်နှစ်ကျော် ကလေးနှစ်ယောက်က ရှတုန်အာကို ဂါရဝပြုလိုက်ကြသည်။
" ကောင်းတယ်။ ပြန်ရောက်လာတာ ကောင်းတယ်။ " ရှတုန်အာက ဝမ်းသာစွာ ပြောလိုက်သည်။
" အဖွားဆီလာပါဦး။ " ရှတုန်အာက လက်နှစ်ဖက်ကို ဆန့်လိုက်ပြီး ကျောက်ချီနှင့် ကျောက်လင်းတို့က ပြေးလာကြသည်။ ကျန်သော ကလေးနှစ်ယောက်က ဖြည်းညင်းစွာ လျှောက်လာကြသည်။
ကျောက်ဖုန်း၊ ဝမ်ယန်နှင့် ဝူယန်တို့က ထိုမြင်ကွင်းကို ကြည့်ပြီး နွေးထွေးစွာ ပြုံးလိုက်ကြသည်။
" အမေ နောက်ထပ် မကြာခင်မှာ အမေအတွက် မြေးလေးတွေ ထပ်ရလာဦးမှာ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ဘယ်သူကိုယ်ဝန်ရှိနေပြီလဲ။ " ရှတုန်အာက ရယ်ပြီး မေးလိုက်သည်။
" အမေကို အရိုအသေပေးဖို့ လာခဲ့ကြ။ " ကျောက်ဖုန်းက ပြုံး၍ ခေါ်လိုက်သည်။
ထိုအချိန်တွင် လှပသော မိန်းကလေးသုံးယောက်က ဖြည်းညင်းစွာ လျှောက်ဝင်လာကြပြီး ရှတုန်အာရှေ့တွင် ဒူးထောက်လိုက်ကြသည်။
" ချွေးမကျောက်ချင်း၊ ချွေမဟန်ချူး၊ ချွေးမဝေကျိ အမေကို ဂါရဝပြုပါတယ်။ " မိန်းကလေးသုံးယောက်က ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။
သူမတို့သုံးယောက်က ကျောက်ဖုန်း၏ မိခင်နှင့် ပထမဆုံး တွေ့ရခြင်းဖြစ်သောကြောင့် စိတ်လှုပ်ရှားနေကြသည်။ ကျောက်စံအိမ်တွင် တင်းကျပ်သော စည်းကမ်းများမရှိဘဲ ကျောက်ဖုန်းက ဤတစ်ကြိမ် ပြန်လာချိန်တွင် သူမတို့ကိုလည်း အခွင့်အရေး ပေးခဲ့သည်။
" ကောင်းတယ်။ ငါတို့မိသားစုက တကယ်ကို တိုးတက်တော့မှာပဲ။ " ရှတုန်အာက ပြုံး၍ ပြောလိုက်သည်။
သူမအတွက်တော့ သားဖြစ်သူ အသက်ရှင်နေပြီး မိသားစုတစ်ခုလုံး ကျန်းမာနေသရွေ့ ဘာမှထပ်မလိုချင်တော့ပေ။ စည်းစိမ်ဥစ္စာများ၊ ရာထူးဘွဲ့ထူးများက်ု သူမ လုံးဝစိတ်မဝင်စားပေ။
" ချင်နိုင်ငံက နိုင်ငံလေးခုကို သိမ်းပိုက်ခဲ့ပြီး ကျွန်တော်က အဲ့ဒီနိုင်ငံလေးခုရဲ့ မင်းသမီးတွေကို လက်ထပ်ခဲ့တယ်။ အခုဆိုရင် သူတို့အားလုံး ကျွန်တော်ရဲ့ ရင်သွေးတွေကို လွယ်ထားကြပြီ။ " ကျောက်ဖုန်းက ရယ်လိုက်သည်။
" ဒီအချိန်အတွင်းမှာ အိမ်မှာနေပြီး အမေကို အဖော်ပြုပေးကြပါ။ ငါတို့အားလုံးက မိသားစုတွေပဲ။ မင်းတို့က ငါ့နောက်လိုက်ပြီး သစ္စာမဖောက်သရွေ့ မင်းတို့ကို ငါ့ရဲ့ မိသားစုလိုပဲ ဆက်ဆံသွားမယ်။ ဘယ်တော့မှာ မေ့ထားမှာမဟုတ်ဘူး။ " ကျောက်ဖုန်းက နူးညံ့စွာ ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် ယောကျာ်း။ " အားလုံးက ပြန်ပြောလိုက်ကြသည်။
" ဖုန်းအာ ဒီတစ်ခါ ဘယ်လောက်ကြာကြာ နေမှာလဲ။ " ရှတုန်အာက ကျောက်ဖုန်းကို ကြည့်ပြီး မေးလိုက်သည်။
" အရှင်းမင်းကြီးက ကျွန်တော်ကို ခွင့်နှစ်လပေးထားတယ်။ ဒါပေမယ့် ကျွန်တော် တစ်လလောက်ပဲ နေနိုင်လိမ့်မယ်။ ပြီးရင်တော့ ပြန်ထွက်ရဦးမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" နောက်တစ်ခါ ဘယ်သွားဦးမလို့လဲ။ စစ်မြေပြင်ကို ထပ်သွားဦးမလို့လား။ " ရှတုန်အာက စိုးရိမ်တကြီး မေးလိုက်သည်။
" အမေ စိတ်မပူပါနဲ့။ ဒီတစ်ခါ စစ်တိုက်သွားမှာမဟုတ်ပါဘူး။ ဒဏ္ဍာရီလာ ကွေ့ကူကျိဆီကနေ ကွေ့ကူကို လာလည်ဖို့ ဖိတ်ကြားခံထားရလို့ပါ။ "
" ကွေ့ကူကျိ သူက တကယ် ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ယောက်ပဲ။ ဖုန်းအာ သားက ကွေ့ကူကျိရဲ့ ဖိတ်ကြားချက်ကို ရတယ်ဆိုတော့ တကယ်ထူးချွန်တာပဲ။ " ရှတုန်အာက အံ့ဩတကြီး ပြောလိုက်သည်။
ဝမ်ယန်နှင့် အခြားသူများကလည်း ကျောက်ဖုန်းကို လေးစားစွာ ကြည့်နေကြသည်။ ကျောက်ဖုန်းကဲ့သို့ ကျော်ကြားသော စစ်သေနာပတိချုပ်တစ်ယောက်နှင့် လက်ထပ်ရခြင်းက သူမတို့အတွက် ကံကောင်းမှုပင်ဖြစ်သည်။
" ဒါက အမေ ကောင်းကောင်းသင်ပြခဲ့လို့ပါ။ " ကျောက်ဖုန်းက ရယ်ပြီး ပြောလိုက်သည်။
" ဒီကလေးကတော့။ " ရှတုန်အာက သူ့ကို မျက်စောင်းထိုးလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့