← Chapters

အခန်း ၄၂၇

Vol. 43 Ch. 427

အခန်း ၄၂၇

Vol. 43 Ch. 427

အခန်း (၄၂၇)

ကျောက်စံအိမ်၏ ပင်မခန်းမ။

" အရှင် သတင်းရထားပါတယ်။ စစ်သေနာပတိချုပ်ဟွမ်ယိက စစ်တပ်ကို ဦးဆောင်ပြီး ချူနိုင်ငံရဲ့ မြို့အချို့ကို ဆက်တိုက် သိမ်းပိုက်ခဲ့ပါတယ်။ " ကျန်းမင်က ကျောက်ဖုန်းဆီသို့ လာရောက် သတင်းပို့လိုက်သည်။

" ဟွမ်းယိရဲ့ အရည်အချင်းနဲ့ဆို ချူနိုင်ငံရဲ့ နယ်စပ်မြို့တွေကို ထိုးဖောက်ဖို့က ခက်ခဲတဲ့အလုပ်မဟုတ်ဘူး။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ " ချန်ယင်မြို့က မီချီဆီက ဘာလှုပ်ရှားမှုရှိသေးလဲ။ "

" အခုထိတော့ ထူးခြားတဲ့ လှုပ်ရှားမှုမရှိသေးပါဘူး။ အခုလောလောဆယ်တော့ ဟန်ကုစခန်းရဲ့ စစ်သည်တွေကပဲ ရိက္ခာနဲ့ ထောက်ပံ့ရေးအပိုင်းကို တာဝန်ယူထားပါတယ်။ အရာအားလုံးကတော့ ချောမွေ့နေပါတယ်။ " ကျန်းမင်က ပြန်ဖြေလိုက်သည်။

" သေချာစောင့်ကြည့်ထား။ မီချီဆီက လှုပ်ရှားမှုရှိလာရင်ဖြစ်ဖြစ် ချန်ယင်မြို့က ခရိုင်စစ်သည်တွေ လှုပ်ရှားလာရင်ဖြစ်ဖြစ် ဟွမ်ယိဆီကို ချက်ချင်း အကြောင်းကြားလိုက်ပါ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" အရှင်က ဒါက နည်းနည်းမလွန်ဘူးလား။ မီချီက ဖုစုရဲ့ အဘိုးပဲ။ သူက ချင်နိုင်ငံကို သစ္စာမဖောက်လောက်ဘူး မဟုတ်လား။ " ကျန်းမင်က အံ့ဩစွာ ပြောလိုက်သည်။

" လူစိတ်ဆိုတာ ပြောင်းလဲတတ်တယ်။ မီချီက အစက ချူနိုင်ငံရဲ့ တော်ဝင်မိသားစုကပဲ။ ချူနိုင်ငံမှာ အပြောင်းအလဲတွေသာမဖြစ်ရင် သူက ချူဘုရင်ဖြစ်နေလောက်ပြီ။ ချူနိုင်ငံက မီချီကို ပလ္လင်ပေါ် ထိုင်ခွင့်ပေးမယ်ဆိုရင် သူက ငြင်းနိုင်ပါ့မလား။ " ကျောက်ဖုန်းက အေးစက်စွာ ရယ်လိုက်သည်။

သူသာ သမိုင်းကြောင်းကို မသိထားလျှင် ဖုစု၏ အဘိုးက သစ္စာဖောက်ိမလ့မည်ဟု တွေးမိမည်မဟုတ်ပေ။ သို့သော် သူ၏ သမိုင်းကြောင်းကို သိထားသောကြောင့် သဘာဝအတိုင်း သတိထားနေသည်။ ၎င်းက ဟွမ်ယိအတွက်မဟုတ်ဘဲ သူ၏ လက်အောက်မှ စစ်သည်သိန်းချီအတွက်ဖြစ်သည်။

ကျောက်ဖုန်းက ယန်ထင်၏ ဝူချန်များကို မီချီနေသည့် နယ်စပ်မြို့သို့ စေလွှတ်ပြီး စောင့်ကြည့်ခိုင်းထားသည်။ မီချီထံမှ လှုပ်ရှားမှု တစ်စုံတစ်ရာ ပေါ်လာသည်နှင့် သူတို့က ဟွမ်ယိကို အကြောင်းကြားပေလိမ့်မည်။ ဟွမ်ယိ၏ ကျွမ်းကျင်မှုဖြင့် အလှည့်အပြောင်းတစ်ခု ပေါ်လာပေလိမ့်မည်။ ချူနိုင်ငံကို ပထမဆုံး စစ်ချီချိန်တွင် ရှုံးနိမ့်ခဲ့ရခြင်းက သမိုင်းမှတ်တမ်းအတိုင်း ဖြစ်လာမည်မဟုတ်ပေ။

" နားလည်ပါပြီအရှင်။ ကျွန်တော် ယင်ပုဆီကို အကြောင်းကြားလိုက်ပါမယ်။ မီချီဆီက လှုပ်ရှားမှုရှိလာတာနဲ့ ဟွမ်ယိကို အကြောင်းကြားခိုင်းလိုက်ပါမယ်။ " ကျန်းမင်က ဦးညွှတ်ပြီး ထွက်ခွာသွားသည်။

ကျောက်ဖုန်း၏ နတ်ဘုရားအာရုံက ကမ္ဘာငယ်လေးထဲသို့ ရောက်ရှိသွားသည်။ လဝက်ကျော်ကြာပြီးနောက် ကမ္ဘာငယ်လေးက အသက်ဝင်လာပြီး အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ ကျောက်ဖုန်းက သစ်ပင်အမျိုးမျိုးနှင့် သစ်စေ့များကို စုဆောင်းပြီး ကမ္ဘာငယ်လေးထဲတွင် စိုက်ပျိုးထားသောကြောင့် ယခုအခါ မိုင်တစ်ထောင်ကျော်နယ်မြေက စိမ်းလန်းစိုပြေနေသည်။

ထို့အပြင် ကျောက်ဖုန်းက ကမ္ဘာငယ်လေးထဲသို့ ရေများထည့်သွင်းခဲ့ပြီး ရေဓာတ်ပြည့်ဝစေခဲ့သည်။ ထို့အပြင် နဂါးနက်က ရေကို ထိန်းချုပ်နိုင်ပြီး လေနှင့် မိုးကို ဆင့်ခေါ်နိုင်သည်။ သူ အားလပ်သည့်အချိန်များတွင် နဂါးနက်က လေနှင့်မိုးကို ဆင့်ခေါ်ပြီး မိုးရွာစေခဲ့သည်။

ကျောက်ဖုန်းက ကမ္ဘာငယ်လေး၏ အခြေအနေကို ကြည့်ပြီး ပြုံးလိုက်သည်။ ထိုကမ္ဘာငယ်လေးက အနာဂတ်တွင် သူ၏ မိသားစု ထယဝရအသက်ရှည်နိုင်မလားဆိုသည့် ကိစ္စနှင့် သက်ဆိုင်နေသည်။

" နောက်တစ်ခုက ကမ္ဘာငယ်လေးထဲမှာ လူအချို့ လာရောက်နေထိုင်ဖို့ ယန်ထင်ကို လူအချို့ စီစဉ်ခိုင်းရမယ်။ နောက်ထပ်ရက်အနည်းငယ်လောက်ဆို ရလောက်ပြီ။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။

ချူနိုင်ငံ၊ တန်ယန်မြို့။

မြို့ရိုးပေါ်တွင် ချင်နိုင်ငံ၏ အလံများကို လွင့်ထူထားသည်။ မြို့၏ နေရာတိုင်းတွင် အလောင်းများပြန့်ကျဲနေပြီး သွေးများက နေရာအနှံ့ စွန်းထင်နေသည်။ ချင်စစ်သည်များက ကင်းလှည့်နေကြပြီး ထောက်ပို့စစ်သည်များက အလောင်းများကို မြို့ပြင်သို့ ဆွဲထုတ်နေကြသည်။

" စစ်သေနာပတိချုပ် မြို့ကို သိမ်းပိုက်ပြီးပါပြီ။ မြို့ထဲက ချူစစ်သည်အားလုံးကို သတ်ဖြတ်လိုက်ပါပြီ။ ပထမဆုံးတိုက်ပွဲမှာတော့ ကျွန်တော်တို့က ဘယ်သူ့ကိုမှ အသက်ချမ်းသာမပေးခဲ့ပါဘူး။ " လီရှင်းက ရှေ့ထွက်လာပြီး သတင်းပို့လိုက်သည်။

" စစ်ပွဲမှာ ကျဆုံးသွားတဲ့ စသ်သည်အရေအတွက်ကို စစ်ဆေးပြီးပြီလား။ ဟွမ်ယိက မေးလိုက်သည်။

" စစ်သေနာပတိချုပ် ဒီတိုက်ပွဲမှာ ရန်သူကိုးထောင်ကျော်ကို သတ်နိုင်ခဲ့ပြီး ကျွန်တော်တို့ဘက်က ငါးထောင်ကျော် ကျဆုံးခဲ့ပါတယ်။ " လီရှင်းက ပြောလိုက်သည်။

" တစ်ခုခုတော့ မှားနေပြီ။ " ဟွမ်ယိက ခေါင်းခါပြီး သူ၏ အမူအရာက လေးနက်နေသည်။

" စစ်သေနာပတိချုပ် ဘာဖြစ်လို့လဲ။ " လီရှင်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

" ချူနိုင်ငံက ချင်နိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို မသိဘူးလို့ မင်းထင်လား။ " ဟွမ်ယိက မေးလိုက်သည်။

" ချင်နိုင်ငံမှာ ချူနိုင်ငံရဲ့ သူလျိုတွေ ရှိနေမှာပဲ။ ကျွန်တော်တို့က ဟန်ကုစခန်းတစ်ခုလုံး လှုပ်ရှားတာကို သူတို့ မသိဘဲ မနေပါဘူး။ " လီရှင်းက ပြန်ဖြေလိုက်သည်။

" မှန်တယ်။ ဒါပေမယ့် ချင်က ချူနိုင်ငံကို မတိုက်ခိုက်ခဲ့ရင်တောင် ဒီမြို့မှာ အနည်းဆုံး ချူစစ်သည် ငါးသောင်းတော့ ရှိသင့်တယ်။ ချန်ယင်မြို့မှာလည်း အရှင်ချန်ဖျင်က အဲ့ဒီလောက်အင်အားကို ချထားတာမလို့ ချူနိုင်ငံကလည်း အတူတူပဲ လုပ်မှာပဲ။ ဒါပေမယ့် ဒီတိုက်ပွဲမှာ ချူစစ်တပ်က အသက်ပေးပြီး ကာကွယ်နေပုံပေါက်ပေမယ့် ငါးသောင်းထက် အရမ်းနည်းနေတယ်။ ငါတို့ စစ်တပ်က မြို့ကို ထိုးဖောက်လိုက်တာနဲ့ သူတို့က အမြန်ဆုံး ဆုတ်ခွာသွားကြတယ်။ "

" ဒါတင်မကဘူး။ နယ်စပ်တစ်လျှောက်က မြို့အချို့ကိုလည်း ငါတို့တပ်တွေ သိမ်းပိုက်ထားပြီ။ ချူစစ်သည်တွေက အသက်စွန့်တိုက်ခိုက်ခဲ့ကြပေမယ့် သူတို့က ဆက်တိုက်ဆုတ်ခွာသွားပြီး ငါတို့ စစ်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ မကြိုးစားခဲ့ဘူး။ " ဟွမ်ယိက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

" စစ်သေနာပတိချုပ် ချူစစ်တပ်က ကျွန်တော်တို့ကို ချူနိုင်ကံထဲ ရောက်အောင် ခေါ်လာတာလို့ ပြောချင်တာလား။ ဒီမြို့တွေကို ရည်ရွယ်ချက်ရှိရှိ စွန့်လွှတ်ပြီး ကျွန်တော်တို့ကို ချူနိုင်ငံထဲ ဝင်ခွင့်ပြုလိုက်တာလား။ " လီရှင်းက ဟွမ်ယိ၏ စကားအဓိပ္ပါယ်ကို နားလည်လိုက်သည်။

" ချူနိုင်ငံထဲ ဝင်လာကတည်းက ချူစစ်တပ်က ငါတို့နဲ့ ဘယ်တုန်းကမှ ထိပ်တိုက်ရင်မဆိုင်ခဲ့ဘူး။ တိုက်လိုက်ဆုတ်လိုက် လုပ်နေတာ။ အသည်းအသန် ခုခံနေရတဲ့ပုံပေါက်ပေမယ့် ဆယ်ရက်အတွင်း မြို့ခြောက်မြို့ကို ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့တယ်။ ဒါက နည်းနည်းထူးဆန်းနေတယ်။ " ဟွမ်ယိက ပြောလိုက်သည်။

" စစ်သေနာပတိချုပ် ချူနိုင်ငံရဲ့ ပြဿနာတွေ မပြေလည်သေးလို့များလား။ ကျွန်တော်သိသလောက်ဆိုရင် ချူနိုင်ငံမှာ မိသားစုကြီး သုံးခုရှိနေပြီး သူတို့က ချူလုရင်အသစ်နဲ့ အဆင်မပြေဘူး။ အဲ့ဒါကြောင့် နယ်စပ်ကာကွယ်ရေးက တစ်ခုခု လွဲချော်နေတာဖြစ်နိုင်တယ်။ " လီရှင်းက စဉ်းစားပြီး ပြောလိုက်သည်။

" မဖြစ်နိုင်ဘူး။ " ဟွမ်ယိက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။ " ချူနိုင်ငံမှာ ပြည်တွင်းရေးပြဿနာတွေ ရှိနေရင်တောင် သူတို့ရဲ့ စစ်အင်အားက ကျောက်နိုင်ငံထက် မနိမ့်ဘူး။ ချူနိုင်ငံရဲ့ အင်အားကို စုစည်းလိုက်မယ်ဆိုရင် သူတို့ကလည်း အင်အားကြီး နိုင်ငံတစ်ခုပဲ။ ပြည်တွင်းရေးပြဿနာက ဘယ်လောက်ကြီးကြီး ချင်နိုင်ငံကသာ တိုက်ခိုက်မယ်ဆိုရင် သူတို့ရဲ့ နယ်စပ်မှာ စစ်သည်တစ်သိန်းထက်မနည်း ပိုရှိနေမှာ သေချာတယ်။ "

" ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ။ ရှေ့တိုးတာကို ရပ်သင့်လား။ " လီရှင်းက မေးလိုက်သည်။

" ချူနယ်မြေထဲကို စုံစမ်းဖို့ ကင်းထောက်နည်းနည်း လွှတ်လိုက်ပါ။ ချူစစ်တပ်က ချုံခိုတိုက်ခိုက်ဖို့ စီစဉ်ထားသလားဆိုတာ သေချာစစ်ဆေး။ ပြီးတော့ ပင်မစစ်တပ်က ရှေ့တိုးတာကို ရပ်ပြီး လက်ရှိနေရာမှာပဲ တပ်စွဲထားရမယ်။ " ဟွမ်ယိက ချက်ချင်း အမိန့်ပေးလိုက်သည်။

" နားလည်ပါပြီ။ " လီရှင်းက ချက်ချင်း ပြန်ပြောလိုက်သည်။

ထိုအချိန်တွင်....

" စစ်သေနာပတိချုပ် မြို့ထဲက ရိက္ခါသိုလှောင်နေရာတွေကို စစ်ဆေးကြည့်တော့ ရိက္ခါတွေအားလုံး မရှိတော့ပါဘူး။ ကျွန်တော်တို့ မြို့ကို မထိုးဖောက်ခင်ကတည်းက ချူစစ်တပ်က အကုန်လုံးကို သယ်ထုတ်သွားတာ ဖြစ်နိုင်ပါတယ်။ " လက်ထောက်စစ်သူကြီးတစ်ယောက်က ရောက်လာပြီး ပြောလိုက်သည်။

" ရိက္ခါတွေကို ကြိုတင်သယ်ထုတ်သွားတယ်ဆိုတော့ ချူစစ်တပ်က ဒီမြို့ကို ကာကွယ်ဖို့ ဘယ်တုန်းကမှ ရည်ရွယ်ချက်မရှိခဲ့ဘူး။ ရှန်းယန် သူ တကယ်ဘာတွေကြံနေတာလဲ။ " ဟွမ်ယိက မျက်မှောင်ကြုတ်သွားပြီး စိတ်မသက်မသာ ဖြစ်လာသည်။

ဆယ်ရက်အတွင်း မြို့ခြောက်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ခံစစ်အကောင်းဆုံးဖြစ်သော တန်ယန်မြို့ကိုပါ သိမ်းပိုက်နိုင်သည်ကို ကြည့်လျှင် ချူစစ်တပ်က ရန်သူကို လှည့်စားခေါ်ဆောင်နေသည်မှာ ထင်ရှားသည်။

ချူနိုင်ငံတွင် တောင်တန်းကြီးများဖြင့် ဝန်းရံထားပြီး ကြမ်းတမ်းသော မြေမျက်နှာသွင်ပြင်ရှိသည့် မြို့တစ်မြို့၊ ချူဖန်မြို့ဟုခေါ်သည်။ ထိုမြို့က ချူနိုင်ငံ၏ အကာအကွယ် ဖြစ်ပြီး တိုက်ခိုက်ရခက်ခဲသော မြို့တစ်မြို့ဖြစ်သည်။

မြို့ထဲတွင် ရှန်းယန်က ခန်းမတစ်ခုထဲ၌ ထိုင်နေပြီး သူ၏ လက်အောက်မှ တပ်မှူးဆယ်ယောက်ကျော်က စုရုံးနေကြသည်။

" စစ်သေနာပတိချုပ် တန်ယန်မြို့နဲ့ ပတ်ဝန်းကျင်က မြို့ငယ်တစ်ချို့ကို ချင်စစ်တပ်က သိမ်းပိုက်သွားပါပြီ။ ဒီတိုက်ပွဲမှာ ကျွန်တော်တို့ စစ်တပ်က စစ်သည်အချို့ ဆုံးရှုံးလိုက်ရပါတယ်။ ဒါပေမယ့် ချင်စစ်တပ်က ရိက္ခါတစ်စေ့တောင် မရလိုက်ပါဘူး။ " လက်ထောက်စစ်သးကြီးတစ်ယောက်က ပြောလိုက်သည်။

" မိုက်မဲလိုက်တာ။ ဘယ်သူက မင်းတို့ကို ရိက္ခါတွေ ပြောင်းရွှေ့ခိုင်းလို့လဲ။ " ရှန်းယန်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

ချီးကျူးစကားမျှော်လင့်နေသော လက်ထောက်စစ်သူကြီး၏ မျက်နှာက ဖြူဖျော့သွားသည်။

" ဟွမ်ယိက ချင်နိုင်ငံရဲ့ စစ်သေနာပတိချုပ်တစ်ယောက်၊ စစ်တပ်ကို ဦးဆောင်လာတာ နှစ်ပေါင်းများစွာ ကြာပြီ။ စစ်မြေပြင်မှာ ဘယ်လိုသဲလွန်စကိုမဆို သူရိပ်မိနိုင်တယ်။ ရိက္ခါတွေကို ပြောင်းရွှေ့လိုက်တာက ငါတို့က မြို့ကိုမခုခံဘဲ ရည်ရွယ်ချက်ရှိရှိ စွန့်လွှတ်လိုက်တာလို့ ဟွမ်ယိကို ပြောပြလိုက်သလိုပဲ။ "

" အစက ချင်စစ်တပ်ကို မိုင်ပေါင်းများစွာ လှည့်စားခေါ်ဆောင်လာပြီး နောက်ဆုံးမှာသူတို့ရဲ့ ဆုတ်လမ်းကို ဖြတ်တောက်ပြီး တစ်ပြိုင်နက်တည်း အမြစ်ပြတ် ချေမှုန်းဖို့ ရည်ရွယ်ခဲ့တာ။ ဒါပေမယ့် အခုတော့ ဟွမ်ယိက သတိထားမိသွားလောက်ပြီ။ " ရှန်းယန်က ဒေါသတကြီး ပြောလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters