← Chapters

အခန်း ၄၂၈

Vol. 43 Ch. 428

အခန်း ၄၂၈

Vol. 43 Ch. 428

အခန်း (၄၂၈)

" သတင်းပို့ပါတယ်။ ကင်းထောက်တွေရဲ့ သတင်းပို့ချက်အရ ချင်စစ်တပ်က တိုက်ခိုက်တာကို ရပ်လိုက်ပါပြီ။ ပင်မစစ်တပ်က တန်ယန်မြို့ ပတ်ပတ်လည်မှာ စခန်းချနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကင်းထောက်တွေနဲ့ ချင်ကင်းထောက်တွေက ထိပ်တိုက်တွေ့ခဲ့ပါတယ်။ " ကင်းထောက်တပ်မှူးတစ်ယောက်က ခန်းမထဲသို့ ဝင်လာပြီး သတင်းပို့လိုက်သည်။

" ဟွမ်ယိက ငါတို့ သူ့ကို လှည့်စားခေါ်တယ်ဆိုတာ သိသွားပြီ။ " ရှန်းယန်က အေးစက်စွာ ပြောလိုက်သည်။

" စစ်သေနာပတိချုပ် အခု ဘာဆက်လုပ်ကြမလဲ။ " တပ်မှူးတစ်ယောက်က ပြောလိုက်သည်။

" ဟွမ်ယိက သိသွားပြီမလို့ နောက်ထပ် ဖုံးကွယ်စရာမလိုတော့ဘူး။ ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ပင်မစစ်တပ်က ရှေ့ဆက်တိုးပြီး ဟွမ်ယိနဲ့ အဆုံးအဖြတ် တိုက်ပွဲ ပြင်ဆင်ကြ။ " ရှန်းယန်က ပြတ်သားစွာ ပြောလိုက်သည်။

ချူတပ်မှူးများ၏ အမူအရာများက ပြောင်းလဲသွားကြသည်။

" စစ်သေနာပတိချုပ် အခု ချင်နိုင်ငံက ကျွန်တော်တို့ ချူနိုင်ငံကို စတင်တိုက်ခိုက်တာပဲ။ အခု အပြင်ထွက်ပြီး သူတို့ကို တိုက်ခိုက်ရင် အဆင်ပြေပါ့မလား။ "

" ဟုတ်တယ်။ ချင်စစ်တပ်လိုချင်တာင ကျွန်တော်တို့ သူတို့ကို ထိပ်တိုက်ရင်ဆိုင်တာပဲ။ ဒါက ကျွန်တော်တို့ အားနည်းချက် ပေါ်သွားနိုင်တယ်။ "

" ဒါ ငါ့အမိန့်ပဲ။ အမိန့်မနာခံတဲ့သူ စစ်ဥပဒေအတိုင်း အရေးယူမယ်။ " ရှန်းယန်က အေးစက်စွာ အမိန့်ပေးလိုက်သည်။

" အမိန့်အတိုင်းပါ။ " တပ်မှူးများက ဘာမှမတတ်နိုင်တော့ဘဲ ခေါင်းညိမ့်လိုက်ကြသည်။

မီချီက ချူနိုင်ငံဘက် ပြောင်းလာသည့်အကြောင်းကို ရှန်းယန်တစ်ယောက်သာ သိပြီး အခြားသူများ မသိကြသေးပေ။ ချင်နိုင်ငံ၏ သူလျိုများက ချူနိုင်ငံတွင်လည်း ရှိနေသောကြောင့် သူက သတိထားပြီး လှုပ်ရှားရမည်ဖြစ်သည်။

အမိန့်ပေးပြီးနောက် ရှန်းယန်က ကိုယ်ရံတော်တပ်မှူးကို ခေါ်လိုက်သည်။

" စစ်သေနာပတိချုပ် အမိန့်ပေးပါ။ " ကိုယ်ရံတော်တပ်မှူးက ရှေ့တိုးလာသည်။

" အရှင်ချန်ဖျင်ကို အကြောင်းကြားဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါ။ ဟွမ်ယိက စစ်တပ်ကို တန်ယန်မြို့ကနေ ခေါ်ထုတ်သွားတာနဲ့ သူတို့ရဲ့ ရိက္ခါလမ်းကြောင်းနဲ့ ဆုတ်ခွာမယ့်လမ်းကြောင်းတွေကို ချက်ချင်း ဖြတ်​တောက်မယ်။ ဒီတိုက်ပွဲမှာ ချင်စစ်သည်တွေ တစ်ယောက်မှ အလွတ်မပေးဘူး။ " ရှန်းယန်က အေးစက်စွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ " ကိုယ်ရံတော်တပ်မှူးက ပြန်ပြောလိုက်သည်။

" ဟွမ်ယိ ချင်နိုင်ငံ ဒီတစ်ခါတော့ ငါ ရှန်းယန်က မင်းတို့ကို အမြစ်ပြတ် ချေမှုန်းပြီး ချူနိုင်င့်က ချင်နိုင်ငံထက် ပိုသန်မာကြောင်း ကမ္ဘာကို သက်သေပြမယ်။ ကျောက်ဖုန်းက စစ်တပ်ကို မကွပ်ကဲလို့ပေါ့။ မဟုတ်ရင် ငါက မင်းရဲ့မရှုံးနိမ့်နိုင်ဘူးဆိုတဲ့ ဒဏ္ဍာရီကို သေချာပေါက် ချိုးဖျက်ပစ်မှာ။ " ရှန်းယန်က ပြတ်သားစွာ ရေရွတ်လိုက်သည်။

မီချီက ချူနိုင်ငံဘက် ပါလာပြီဖြစ်သောကြောင့် သူ အကြောင်းကြားလိုက်သည်နှင့် မီချီက သူ၏ စစ်သည်များကို ဦးဆောင်ပြီး ဟွမ်ယိ၏ ရိက္ခါလမ်းကြောင်းကို ဖြတ်တောက်မည်ဖြစ်သည်။ နောက်ဆုံးတွင် ဟွမ်ယိက ထောင်ချောက်ထဲသို့ ကျရောက်သွားပေလိမ့်မည်။ ချင်စစ်သည်နှစ်သိန်းတွင် အနည်းဆုံး တစ်ဝက်ကို ချန်ထားနိုင်အောင် ရှန်းယန်က သေချာပေါက် လုပ်ဆောင်နိုင်သည်။

ချန်ယင်မြို့။

" စစ်သေနာပတိချုပ်ဆီက သတင်းရောက်လာပါတယ်။ ဟွမ်ယိရဲ့ တပ်ဖွဲ့တွေ တန်ယန်မြို့က ထွက်ခွာသွားတာနဲ့ သူတို့ ဆုတ်ခွာမယ့် လမ်းကြောင်းတွေကို ချက်ချင်း ဖြတ်တောက်ပစ်ရမယ်။ " ချူနိုင်ငံ၏ လျို့ဝှက်အစောင့်တသ်ယေညက်က မီချီကို သတင်းပေးလိုက်သည်။

" အင်း သေချာပေါက် လုပ်ဆောင်လိုက်မယ်။ " မီချီက ခေါင်းညိမ့်ပြီး အေးစက်စွာ ပြောလိုက်သည်။

" ကျွန်တော်ကို ခွင့်ပြုပါဦး။ " လျို့ဝှက်အစောင့်က ခန်းမထဲမှ ချက်ချင်း ထွက်ခွာသွားသည်။

ခန်းမထဲတွင် မီချီ၏ မျက်နှာက အေးစက်မှုများ ဖုံးလွှမ်းနေသည်။

" ချင်စစ်သည်တွေ လူဆိုတာ ကိုယ့်အတွက်ကိုယ် တိုက်ခိုက်ရတယ်။ မင်းတို့ သေဆုံးသွားရင်တော့ ငါ့ကို အပြစ်မတင်ကြနဲ့။ ငါ မီချီက ချူတော်ဝင်မိသားစုဝင်ဖြစ်လို့ ချူဘုရင်ဖြစ်သင့်တဲ့သူပဲ။ အခုတော့ ငါပိုင်ဆိုင်တဲ့အရာကို ငါပြန်ယူရမယ်။ " မီချီက အေးစက်စွာ ပြောလိုက်သည်။

ထို့နောက် သူက ခန်းမအပြင်ဘက်သို့ ထွက်ပြီး သူ၏ လူယုံတစ်ယောက်ကို အမိန့်ပေးလိုက်သည်။ " တပ်မှူးကျန်းနဲ့ တပ်မှူးဝူကို ငါ့ဆီ လာတွေ့ဖို့ ပြောလိုက်။ "

မကြာမီ ချန်ယင်မြို့ရှိ မီချီ၏ ကွပ်ကဲမှုအောက်တွင် ရှိသော စစ်သည်ငါးသောင်းက ရုတ်တရက် လှုပ်ရှားလာကြသည်။

" အရှင်ချန်ဖျင်က အမိန့်ထုတ်လိုက်တယ်။ ရိက္ခါလမ်းကြောင်း လုံခြုံစေဖို့ ဒီနေ့ကစပြီးမြို့တစ်ခုလုံးကို ပိတ်လိုက်ပြီ။ အရှင်ချန်ဖျင်ရဲ့ အမိန့်မပါဘဲ ဘယ်သူမှ အဝင်အထွက် မလုပ်ရဘူး။ ချင်နိုင်ငံက သယ်လာတဲ့ ရိက္ခါတွေအားလုံးကို အရှင်ချန်ဖျင်ကပဲ ခွဲဝေပေးမယ်။ အမိန့်ကို ဖီဆန်သူတိုင်းကို ကွပ်မျက်မယ်။ "

တန်ယန်မြို့။

" စစ်သေနာပတိချုပ် ရှန်းယန်က စစ်တပ်ကို ဦးဆောင်ပြီး ချူဖန်မြို့ကနေ တန်ယန်မြို့ကို ချီတက်လာပါပြီ။ စစ်သည်အင်အားက နှစ်သိန်းထက်မနည်းပါဘူး။ သူတို့က ကျွန်တော်တို့ကို ထပ်တိုက်ရင်ဆိုင်ထားတဲ့ပုံပေါ်တယ်။ " လီရှင်းက အမြန်ရောက်လာပြီး သတင်းပို့လိုက်သည်။

" ရှန်းယန်က သူတို့ရည်ရွယ်ချက်ကို ငါနားလည်သွားတာ သိသွားတဲ့ပုံပဲ။ ဒါကြောင့် သူက တန်ယန်မြို့ကို ပြန်သိမ်းချင်တာပဲ။ ဒါပေမယ့် သူ့ရဲ့ လုပ်ဆောင်ချက်က တော်တော်လေး မိုက်မဲနေသလိုပဲ။ ချင်စစ်တပ်က လာတိုက်ခိုက်ရင် မြို့ကို ခုခံတဲ့ အားသာချက်ကို စွန့်လွှတ်ပြီး ထိပ်တိုက်ရင်ဆိုင်ဖို့ ရွေးချယ်လိုက်တယ်။ " ဟွမ်ယိက စဉ်းစားပြီး ပြောလိုက်သည်။

" စစ်သေနာပတိချုပ် ဒါက မိုက်မဲတဲ့ လုပ်ရပ်ပဲ။ ဒါပေမယ့် ဒါကလည်း ကျွန်တော်တို့ လိုချင်တဲ့အရာပဲ။ ကံကြမ္မာက ကျွန်တော်တို့ ချင်ဘက်မှာ ရှိနေတယ်။ " လီရှင်းက ပြုံး၍ ပြောလိုက်သည်။

" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ချူစစ်တပ်ကို ရင်ဆိုင်ဖို့အတွက် ချီတက်ဖို့ ပြင်ဆင်ကြ။ " ဟွမ်ယိက အမိန့်ပေးလိုက်သည်။

" အမိန့်အတိုင်းပါ။ " လီရှင်းက ဦးညွှတ်ပြီး ထွက်သွားရန် ပြင်လိုက်သည်။

ထိုအချိန်တွင်...

" စစ်သေနာပတိချုပ် ခင်​ဗျား ရှန်းယန်နဲ့ ထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင် ဟန်ကုစခန်းက ကျဆုံးရလိမ့်မယ်။ " ခန်းမ၏ တစ်ဖက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။

" ဘယ်သူလဲ။ " ဟွမ်ယိ၏ အမူအရာက ပြောင်းလဲသွားပြီး ချက်ချင်း လှည့်ကြည့်လိုက်သည်။

အနက်ရောင်ဝတ်စုံနှင့် မျက်နှာဖုံးစွပ်ထားသော လူတစ်ယောက်က ခန်းမထဲသို့ ဝင်လာသည်။

ဟွမ်ယိက သူ၏ ခါးမှ ဓားကို ဆွဲထုတ်လိုက်သည်။ လီရှင်းကလည်း အတူတူပင်ဖြစ်သည်။ ထို့အပြင် ခန်းမအပြင်ဘက်မှ ကိုယ်ရံတော်များကလည်း ဆူညံသံများကို ကြားလိုက်ရသောကြောင့် ဓားများ ထုတ်ကာ ခန်းမထဲသို့ ပြေးဝင်လာကြသည်။ အားလုံးက အနက်ရောင်ဝတ်စုံနှင့်လူကို စိုက်ကြည့်နေကြသည်။

" စစ်သေနာပတိချုပ်ဟွမ်ယိ ကျုပ်သာဆိုရင် ကိုယ်ရံတော်တွေကို အပြင်ထွက်ခိုင်းလိုက်မှာပဲ။ကျုပ်သာ ခင်​ဗျားက်ု လုပ်ကြံဖို့ ရည်ရွယ်ထားရင် လုပ်ပြီးနေလောက်ပြီ။ " ယင်ပုက အေးစက်စွာ ပြောလိုက်သည်။ သူ့အတွက် သူ၏ အရှင်သခင်မှလွဲ၍ ဘယ်သူမှ အရေးမပါပေ။

ဟွမ်ယိက တည်ငြိမ်နေသော ယင်ပုနှင့် ကိုယ်ရံတော်များကို ကြည့်ပြီး ခဏစဉ်းစားလိုက်သည်။ ထို့နောက် သူက လက်ဝှေ့ရမ်းပြီး လေးနက်စွာ ပြောလိုက်သည်။ " အားလုံး ထွက်သွားကြ။ "

" ဟုတ်ကဲ့။ " ကိုယ်ရံတော်များက ဦးညွှတ်ပြီး ခန်းမထဲမှ ထွက်ခွာသွားကြသည်။

" လီရှင်း ခန်းမတံခါးကို ပိတ်လိုက်။ " ဟွမ်ယိက လီရှင်းကို အမိန့်ပေးလိုက်သည်။

" ဟုတ်ကဲ့။ " လီရှင်းက လျှောက်သွားပြီး တံခါးများကို ပိတ်လိုက်သည်။

" မင်းဘယ်သူလဲ။ မင်းရဲ့ ရည်ရွယ်ချက်ကဘာလဲ။ အခုပြောလို့ရပြီလား။ " ဟွမ်ယိက ယင်ပုကို စိုက်ကြည့်နေသည်။

" ကျုပ်အရှင်ရဲ့ အမိန့်အတိုင်း စစ်သေနာပတိချုပ်ရဲ့ အသက်ကို ကယ်တင်ဖို့ လာခဲ့တာပဲ။ " ယင်ပုက ဖြည်းညင်းစွာ ပြောလိုက်သည်။

" မင်းရဲ့ အရှင်က ဘယ်သူလဲ။ ပြီးတော့ မင်းက ငါ့ရဲ့ အသက်ကို ဘယ်လိုကယ်တင်မှာလဲ။ " ဟွမ်ယိက ပြောလိုက်သည်။

" ကျုပ်ရဲ့ အရှင်က ကျောက်ဖုန်း ချင်နိုင်ငံရဲ့ ဝူအန်းကျွင်းပဲ။ ကျုပ်က ခင်​ဗျားနဲ့ ခင်​ဗျားလက်အောက်က စစ်သည်သိန်းချီရဲ့ အသက်ကို ကယ်တင်ဖို့ လာခဲ့တာပဲ။ " ယင်ပုက လေးနက်စွာ ပြောလိုက်သည်။

" ပြောပါ။ " ကျောက်ဖုန်း၏ နာမည်ကို ကြားသောအခါ ဟွမ်ယိ၏ အမူအရာက လေးနက်သွားသည်။

" မီချီက သစ္စာဖောက်ပြီး ချူနိုင်ငံဘက် ပါသွားပြီ။ သူက ချန်ယင်မြို့ကို ပိတ်ဆို့ပြီး ရိက္ခါလမ်းကြောင်းကို ဖြတ်တောက်လိုက်ပြီ။ " ယင်ပုက ဖြည်းညင်းစွာ ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ဟွမ်ယိနှင့် လီယွမ်တို့၏ အမူအရာများက ပြောင်းလဲသွားကြပြီး မယုံကြည်နိုင်ဖြစ်သွားကြသည်။

" မဖြစ်နိုင်ဘူး။ အရှင်ချန်ဖျင်က မင်းသားရဲ့ အဘိုး တော်ဝင်မိသားစုဝင်တစ်ယောက်ပဲ။ သူက ဘယ်လိုလုပ်ပြီး ချင်နိုင်ငံကို သစ္စာဖောက်နိုင်မှာလဲ။ " ဟွမ်ယိက အံ့ဩတကြီး ပြောလိုက်သည်။

" ရှန်းယန်က မြို့ကိုစွန့်ပြီး ဘာလို့စစ်ချီလာတာလဲသိလား။ ဒါက ခင်​ဗျားကို လှည့်စားဖို့ပဲ။ ခင်​​ဗျားမြို့က ထွက်လိုက်တာနဲ့ ရှန်းယန်က ဆက်တိုက် တိုက်ခိုက်လိမ့်မယ်။ ခင်​ဗျား ရိက္ခါတွေကုန်သွားတာနဲ့ နောက်ထပ် ရိက္ခါက ရောက်မလာတော့ဘူး။ ဒါ့အပြင် ခင်​ဗျားရဲ့ ဆုတ်လမ်းကိုလည်း မီချီက ပိတ်ဆို့ထားလိမ့်မယ်။ နောက်ဆုံးရလဒ်က ဘာလဲဆိုတာ စစ်သေနာပတိချုပ် ခန့်မှန်းမိမှာပါ။ " ယင်ပုက အေးစက်စွာ ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ဟွမ်ယိ၏ အမူအရာက ပြောင်းလဲသွားသည်။

"မဖြစ်နိုင်ဘူး။ အရှင်ချန်ဖျင်ရဲ့ မိသားစုက ချင်နိုင်ငံမှာ ရှိနေတာပဲ။ ပြီးတော့ သူက မင်းသားဖုစုရဲ့ အဘိုးလေ။ သူက ဘယ်လိုလုပ်သစ္စာဖောက်မှာလဲ။ " လီရှင်းက သံသယဝင်နေဆဲ ဖြစ်သည်။

သို့သော် ဟွမ်ယိက လေးနက်စွာ စဉ်းစားနေပြီး ယင်ပု၏ စကားများမှတစ်ဆင့် အားလုံးကို နားလည်သွားခဲ့သည်။

" အော် ဒီလိုကိုး ဒီလိုကိုး။ "

မီချီက ရိက္ခါများကို သူတို့ဘာသာသူတို့ ကိုင်တွယ်သည်ဟု ထင်အောင်လုပ်ခဲ့ပြီး ချင်နိုင်ငံမှ လာသော ရိက္ခါများကိုတော့ မီချီကိုယ်တိုင်ဦးစီးပြီး မြို့ထဲတွင် ခွဲဝေပေးသည်။ ​ပြောရလျှင် ဟန်ကုစခန်း၏ အသက်သွေးကြောကို မီချီက အစကတည်းက ဆုပ်ကိုင်ထားခြင်းဖြစ်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters