← Chapters

အခန်း ၁၉၈

Vol. 20 Ch. 198

အခန်း ၁၉၈

Vol. 20 Ch. 198

အခန်း (၁၉၈) - လမ်းဆုံး (၃)

ဝမ်မင်က နှာခေါင်းရှုံ့လိုက်၏။ သူမသည် လုရွှယ်ချီနှင့် အလွန် ရင်းနှီးသဖြင့် မိမိ၏ ခံစားချက်များကို မဖုံးကွယ်ထားပေ။ သူမက ပြောလိုက်သည်။

“အဲဒီလူက အရမ်းကို ရိုးလွန်းတယ်... ဂိုဏ်းတူဦးလေးထျန်းက အရင်တုန်းက ရှောင်ကျူးတောင်ထိပ်က ဒေါ်လေးစုကို ဘယ်လိုများ ယူသွားခဲ့တာလဲ မသိဘူး... သူကတော့ အဲဒီလောက် တော်ပြီး သူ့တပည့်က ဘာလို့ ဒီလောက်တောင် အရတာလဲ...”

လုရွှယ်ချီက ပြုံးကာ အဝေးသို့ ကြည့်လိုက်ပြီး ခဏအကြာတွင် တိုးတိုးလေး ပြောလိုက်သည်။

“စီနီယာအစ်မ ပြောတာမှန်ပါတယ်... တာ့ကျူးတောင်ထိပ်က တပည့်တွေက တကယ်ကို ရိုးသားကြတာပဲ...”

သူမ၏ အသံမှာ တဖြည်းဖြည်း တိုးဝင်သွား၏။ ဝမ်မင်မှာ အံ့အားသင့်သွားပြီး လုရွှယ်ချီကို ကြည့်ကာ သက်ပြင်းချရင်း သူမ၏ ပခုံးကို ပုတ်ပေးလိုက်သည်။

“သိပ်လည်း မတွေးပါနဲ့ဦး...”

လုရွှယ်ချီက ဘာမှ ပြန်မပြောဘဲ ခေါင်းငုံ့နေမိတော့သည်။

ညတာမှာ တိတ်ဆိတ်စွာ ကုန်ဆုံးသွား၏။

မနက်ခင်းတွင် ရှောင်ယိချိုင်က အားလုံးကို စုရုံးကာ ဆွေးနွေးလိုက်သည်။

“အခု သက်ရှည်ခန်းမကလည်း အထိနာသွားပြီဆိုတော့ လောလောဆယ် ရန်သူ မရှိတော့ဘူး... ဒါပေမဲ့ ဒီနွံတောထဲမှာ ရှာနေတာ ရက်တွေ အများကြီးရှိနေပြီ…. ခုထိဘာမှမတွေ့သေးဘူး... စီနီယာအစ်ကိုတို့ ဘာအကြံပြုချင်တာ ရှိလဲ...”

ဖာရှန်းမှာ တိတ်ဆိတ်နေသော်လည်း လီရွှင်းက ရှောင်ယိချိုင်ကို ကြည့်ကာ မေးလိုက်၏။

“စီနီယာအစ်ကိုရှောင်... ခင်ဗျားက အဲဒီ အန္တရာယ်များတဲ့ အတွင်းဘက် နွံတောထဲကို ဝင်ချင်လို့လား...”

ရှောင်ယီချိုင်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။

“ဟုတ်တယ်... ကျုပ်တို့ ဒီအထိ ရောက်နေမှတော့ လက်လျှော့လို့ မဖြစ်ဘူး...”

ဖာရှန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် ။

“စီနီယာအစ်ကိုရှောင်ပြောတာ မှန်ပေမဲ့ အတွင်းဘက်မှာ အဆိပ်ငွေ့တွေ ရှိနေပြီး ကြောက်စရာကောင်းတဲ့ သားရဲတွေလည်း ရှိတယ်လို့ ကြားဖူးတယ်... လူအုပ်ကြီးနဲ့ သွားဖို့က အရမ်း အန္တရာယ်များတယ်...”

ရှောင်ယိချိုင်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။

“ဟုတ်တယ်... အဲဒါကိုပဲ ကျုပ် စိုးရိမ်နေတာ... ဒါကြောင့် ကျုပ်တို့ထဲက လူအနည်းငယ်လောက်ပဲ အတွင်းပိုင်းကို သွားပြီး ကျန်တဲ့သူတွေက အပြင်ဘက်မှာပဲ ဆက်ရှာကြရင် ဘယ်လိုလဲ...”

လီရွှင်းက ခဏမျှ စဉ်းစားပြီးနောက် သဘောတူလိုက်၏။ ဖာရှန်းကလည်း ခေါင်းညိတ်လိုက်သည်။

ဆွေးနွေးပြီးနောက် တစ်ဦးချင်းစီက မိမိတို့၏ အဖွဲ့ဝင်များကို ရွေးချယ်ကြသည်။

ဖန်ရှန်းတောင်ကြားမှ လီရွှင်းနှင့် ဟုန်ယန်၊ ထျန်းယင်ကျောင်းတော်မှ ဖာရှန်းနှင့် ဖာရှန့်၊ ချင်းယွင်ဂိုဏ်းမှ ရှောင်ယိချိုင်၊ လုရွှယ်ချီနှင့် ကျန်းရှုရှုတို့ ပါဝင်ကြ၏။ လင်းကျင်းယွီကလည်း အတူသွားရန် တောင်းဆိုသဖြင့် သူ့ကိုလည်း ထည့်သွင်းလိုက်ကြသည်။

ထိုသို့ဖြင့် သူတို့ ရှစ်ဦးမှာ ရှောင်ယိချိုင်၏ ဦးဆောင်မှုဖြင့် အတွင်းဘက် ရွှံ့နွံတောသို့ ထွက်ခွာခဲ့ကြလေသည်။

အခြားတစ်ဖက်တွင်မူ ကွေ့လိနှင့် အခြားနှစ်ဦးမှာ နွံတောကို ကြည့်ကာ ရပ်နေကြ၏။ သူတို့နောက်တွင် ဂိုဏ်းသုံးခုမှ လူများက အချင်းချင်း သတိထားကာ ရပ်နေကြသည်။

ချင်ဝူယန်က သက်ပြင်းချကာ ပြောလိုက်၏။

“ယွီယန်ဇီက သူ့ခေတ်သူ့အခါမှာတော့ သူရဲကောင်းတစ်ယောက်ပါပဲ... အခု ဒီနွံတောထဲမှာ ပျောက်ကွယ်သွားတာကလည်း သူ့အတွက် ထိုက်တန်တာပဲ မဟုတ်လား...”

ကွေ့လိက ဘာမှ ပြန်မပြောဘဲ ကျင်းဖျင်အာကလည်း ပြုံးရုံသာ ပြုံးနေ၏။

ချင်ဝူယန်က ဆက်ပြောလိုက်သည် ။

“ဒါဆို အခု ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ...”

ကျင်းဖျင်အာက သူ့ကို ကြည့်ကာ လှည့်ထွက်သွားရင်း ပြောလိုက်၏။

“အရေးကြီးတဲ့ ကိစ္စက ပြီးသွားပြီဆိုတော့ ကိုယ့်လမ်းကိုယ် သွားကြတာပေါ့...”

ချင်ဝူယန်က သူမ၏ နောက်ကျောကို ကြည့်ကာ အော်ပြောလိုက်သည်။

“မိန်းကလေးက ဂိုဏ်းကို ပြန်သတင်းပို့တော့မလို့လား...”

ကျင်းဖျင်အာက ဘာမှ ပြန်မပြောဘဲ ထွက်ခွာသွားတော့၏။ ဟယ်ဟွမ်ဂိုဏ်း တပည့်များလည်း သူမနောက်မှ လိုက်သွားကြသည်။

ကွေ့လိသည် ချင်ဝူယန်ကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် သူလည်း သူ၏ ဂိုဏ်းသားများဆီသို့ လှည့်ထွက်သွားတော့၏။

ချင်ဝူယန်သည် ပြုံးနေသော်လည်း သူ၏ မျက်လုံးများမှာ တဖြည်းဖြည်း အေးစက်လာလေသည်။

နွံတောအတွင်းရှိ ကောင်းကင်မှာ ပိုမို မှောင်မိုက်လာပြီး ပို၍ ပြင်းထန်သော မုန်တိုင်းတစ်ခု လာတော့မည့်အလား ရှိနေတော့သည်။

လေပြည်သည် သေမင်းနွံတောအထက်တွင် တိုက်ခတ်နေလေသည်။

ရေမြက်ပင်တို့သည် တရှဲရှဲ မြည်သံပေးလျက်ရှိပြီး ရေမျက်နှာပြင်ပေါ်တွင် လှိုင်းကြက်ခွပ်လေးများ ဖြစ်ပေါ်နေ၏။ ကြည့်ရသည်မှာ မြေပြင်သည် အဆုံးမရှိ ဆန့်တန်းနေသကဲ့သို့ပင်။

လူနေထိုင်သည့် လက္ခဏာ တစ်စုံတစ်ရာမျှ မရှိသော်လည်း ဤနေရာ၌ ထူးခြားသော အလှတစ်မျိုး ကိန်းအောင်းနေလေ၏။

ဝိညာဉ်ဝါးမျိုတုတ်သည် မှိန်ပျပျ အစိမ်းရောင် အလင်းတန်းကို ထုတ်လွှတ်နေပြီး ကောင်းကင်ယံတွင် ရွေ့လျားလိုက်၊ ရပ်တန့်လိုက် ရှိနေ၏။ ထိုအပေါ်တွင် ကွေ့လိသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် အရှေ့သို့ ငေးကြည့်နေလေသည်။

ယနေ့သည် သေမင်းနွံတောအတွင်း ရှားရှားပါးပါး တွေ့ရခဲသော ရာသီဥတုကောင်းသည့် နေ့တစ်နေ့ ဖြစ်သည်။

နွေးထွေးသော နေရောင်ခြည်အောက်တွင် ပုံမှန်အားဖြင့် မှိုင်းညို့နေတတ်သော ပတ်ဝန်းကျင်သည်ပင် အတော်အတန် ကြည်လင်နေ၏။

သို့သော် သူ၏ အရှေ့ဘက် ပေတစ်ရာခန့် အကွာ၌မူ မီးခိုးရောင် မြူထုကြီးနှင့်တူသော ထူထပ်လှသည့် အဆိပ်မြူကြီး တစ်ခုသည် အဆုံးမရှိသော တံတိုင်းတစ်ခုကဲ့သို့ ဆန့်တန်းလျက် မြင့်မားစွာ တည်ရှိနေသည်။

ထိုအဆိပ်မြူထုကြီးသည် ကောင်းကင်ယံအထိ လိပ်တက်နေပြီး အဆုံးသတ် ရှိပုံမပေါ်ချေ။

ဤသည်ကား ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံး နေရာများထဲမှ တစ်ခုဖြစ်သည့် သေမင်းနွံတော၏ အတွင်းပိုင်း နယ်နိမိတ်ပင် ဖြစ်လေသည်။

သူ၏ ပခုံးပေါ်ရှိ မျောက်ကလေး ရှောင်ဟွေ့သည် စိုးရိမ်တကြီးဖြင့် အော်လိုက်သည်။

ကွေ့လိက ရှောင်ဟွေ့ကို အသာအယာ ပုတ်ပေးလိုက်ရာ ရှောင်ဟွေ့ ငြိမ်သက်သွားသော်လည်း ၎င်း၏ လျင်မြန်သော မျက်လုံးအစုံကမူ အဆိပ်မြူများကိုသာ စိုက်ကြည့်နေလေသည်။

ထိုစဉ် သူတို့၏ နောက်ဘက်မှ စူးရှသော လေတိုးသံ တစ်ခု ထွက်ပေါ်လာပြီး လျှပ်စီးကဲ့သို့ မြန်ဆန်သော အလင်းတန်းတစ်ခု သူတို့ထံသို့ ဦးတည်လာလေသည်။

ကွေ့လိ၏ ကိုယ်မှာ လှုပ်ရှားသွားပြီး ဝိညာဉ်ဝါးမျိုတုတ်သည်လည်း သူ၏ စိတ်ဆန္ဒကို သိရှိသည့်အလား မသိမသာလှုပ်ရှားသွား​​​လေသည်။

ထိုအလင်းတန်းသည် သူ၏ အရှေ့တွင် ထိုးရပ်သွားလေသည်။ ၎င်းကို စီးနင်းလာသူမှာ မျက်ခုံးထူထူနှင့် စူးရှထက်မြက်သော မျက်လုံးများ ရှိသည့် လူငယ်တစ်ဦး ဖြစ်သည်။ သူသည် ကွေ့လိ၏ ရှေ့တွင် ချက်ချင်း ပေါ်လာပြီး ဦးညွှတ်လျက် ပြောလိုက်၏။

“ဒုဂိုဏ်းချုပ်... အားလုံး စီစဉ်ပြီးပါပြီ”

ကွေ့လိက အသေးစိတ် မမေးတော့ပေ။ သူ ကောင်းကောင်း သိပြီးသား ဖြစ်ပုံရသည်။ သူက ခေါင်းညိတ်ပြလိုက်ပြီးနောက် ပြောလိုက်၏။

“ကောင်းပြီ... ဒီနေရာကို မင်းလက်ထဲမှာပဲ ထားခဲ့မယ်”

စကားပြောပြီးနောက် သူသည် တစ်ခုခုကို သတိရသွားသည့်အလား ပြန်ပြောလိုက်သည်။

“ယန်ဟွေ့”

ယန်ဟွေ့ဟု ခေါ်သော ထိုလူက ပြန်ဖြေ၏။

“အမိန့်ရှိပါ ဂိုဏ်းချုပ်”

ကွေ့လိက သူ၏ နောက်ဘက်ကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်။

“မင်းက အမြဲတမ်း တည်တည်ငြိမ်ငြိမ် နေတတ်သူမို့ ငါ မင်းကို ယုံကြည်တယ်... ဒါပေမဲ့ သားသတ်ဘုန်းကြီးကတော့ စိတ်မထင်ရင် မထင်သလို လုပ်တတ်ပြီး သွေးဆာတတ်တဲ့ သဘာဝ ရှိတယ်...”

“အခု သေမင်းနွံတောထဲမှာ အင်အားစုအားလုံး စုဝေးနေကြတာဆိုတော့ ငါတို့ ပေါ့ပေါ့ဆဆ လုပ်လို့ မရဘူး... မင်း သူ့ကို သေသေချာချာ စောင့်ကြည့်ထားပါ”

ယန်ဟွေ့က ပြုံးလျက် ပြန်ပြော၏။

“ဒုဂိုဏ်းချုပ် စိတ်ချပါ... သားသတ်ဘုန်းကြီးက ဘယ်သူ့ကိုမှ အထင်မကြီးတတ်ပေမဲ့ ဒုဂိုဏ်းချုပ်ရဲ့ အမိန့်ကိုတော့ ဘယ်တော့မှ မဖီဆန်ရဲပါဘူး... ကျွန်တော်လည်း သူ့ကို ထိန်းထားပါ့မယ်”

ကွေ့လိက ခေါင်းညိတ်လိုက်ပြီး ကိုယ်ကို လှည့်အထွက်တွင် ယန်ဟွေ့က အလောတကြီး ပြောလိုက်သည်။

“ဒုဂိုဏ်းချုပ်... နောက်ထပ် အကြောင်းအရာ တစ်ခု ရှိပါသေးတယ်”

ကွေ့လိက သူ့ကို ကြည့်လိုက်ရာ ယန်ဟွေ့က ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ သူ၏ လက်နက်ကို ကွေ့လိ၏ အနီးသို့ ကပ်ကာ အသံကို နှိမ့်၍ ပြောလိုက်၏။

“ဌာနချုပ်ကနေ သတင်းရရှိထားပါတယ်... သံတမန် လေးပါးထဲက ချင်းလုံနဲ့ ကျူးချွဲတို့ဟာ လွန်ခဲ့တဲ့ ရက်ပိုင်းက သေမင်းနွံတောဆီကို ရုတ်တရက် ထွက်ခွာသွားကြတယ်လို့ သိရပါတယ်”

ကွေ့လိ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသော်လည်း ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ ခေတ္တမျှ ကြာပြီးနောက် သူက ပြောလိုက်သည်။

“ဒီကိစ္စကို ဘယ်သူ့ကိုမှ အသိမပေးနဲ့... မင်းတို့အားလုံး စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်ကြ... ဒါပေမဲ့ အပြောင်းအလဲ တစ်ခုခု ရှိမလားဆိုတာကိုတော့ စောင့်ကြည့်နေပါ”

ယန်ဟွေ့က တိုးတိုးလေး ပြန်ပြော၏။

“ဟုတ်ကဲ့ပါ”

စကားပြောပြီးနောက် သူသည် ကွေ့လိကို ဦးညွှတ်နှုတ်ဆက်ကာ ထွက်ခွာသွားလေသည်။

ကွေ့လိသည် ပျောက်ကွယ်သွားသော ယန်ဟွေ့၏ ပုံရိပ်ကို ကြည့်ပြီးနောက် ကြီးမားလှသော အဆိပ်ငွေ့မြူကြီးဘက်သို့ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်၏။ အတော်ကြာပြီးနောက် သူက ရုတ်တရက် ပြောလိုက်သည်။

“ရှောင်ဟွေ့... သွားကြစို့”

သူ၏ ပခုံးပေါ်ရှိ ရှောင်ဟွေ့က ခေါင်းကို ကုတ်လျက် ကွိကွိဟု နှစ်ချက် အော်လိုက်၏။

ကွေ့လိက ပြုံးလိုက်ရာ ဝိညာဉ်ဝါးမျိုတုတ်မှ အလင်းရောင်များ တောက်ပလာပြီး လူတစ်ယောက်နှင့် မျောက်တစ်ကောင်သည် အစိမ်းရောင် အလင်းတန်းနှင့်အတူ အဆိပ်မြူအတွင်းသို့ ပျံသန်းဝင်ရောက်သွားလေသည်။

အဆိပ်မြူအတွင်းသို့ ရောက်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ အလင်းရောင်များ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ အစောပိုင်းကကြည်လင်နေသော ကောင်းကင်ယံကို မီးခိုးရောင် မြူထုကြီးသာ ဖုံးလွှမ်းသွားရာ အရှေ့ပေအနည်းငယ် အကွာကိုပင် မမြင်ရတော့ချေ။

ကွေ့လိသည် အဆိပ်ငွေ့မြူအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် ဝိညာဉ်ဝါးမျိုတုတ်မှ အလင်းတန်းများ ပိုမို တောက်ပလာပြီး သူနှင့် ရှောင်ဟွေ့ကို အလင်းဝိုင်းတစ်ခုဖြင့် တင်းကျပ်စွာ ဝန်းရံထားလိုက်၏။

ပတ်ဝန်းကျင်ရှိ အဆိပ်ငွေ့မြူများသည် တရိပ်ရိပ် လိပ်တက်နေသော်လည်း ထိုအလင်းဝိုင်းအတွင်းသို့ မဝင်ရောက်နိုင်ကြပေ။

အတွင်းဘက်မှ လှမ်းကြည့်လျှင် ကွေ့လိ၏ လှုပ်ရှားမှုနောက်သို့ လိုက်ပါနေသော တိမ်တိုက်ကဲ့သို့ အဆိပ်ငွေ့မြူများသည် အရှေ့တွင် ကွဲထွက်သွားပြီး အနောက်တွင် ပြန်လည် ပိတ်သွားသည်ကို တွေ့ရ၏။

အထက်အောက် ပတ်ပတ်လည်တွင် ဤမီးခိုးရောင် အဆိပ်ငွေ့မြူများသာ ပြည့်နှက်နေပေသည်။

သူသည် အချိန်အတော်ကြာအောင် ပျံသန်းလာပြီးနောက် ကွေ့လိ၏ မျက်နှာမှာ ပိုမို တည်ကြည်လေးနက်လာလေသည်။

အဆိပ်မြူတံတိုင်းသည် သေမင်းနွံတောအတွင်းပိုင်းနှင့် အပြင်ပိုင်းကို ပိုင်းခြားထားသော နယ်နိမိတ်မျဉ်း ဖြစ်သည်။

အပြင်ပိုင်းတွင် အဆုံးမရှိသော နွံအိုင်များ ရှိသော်လည်း ဂရုစိုက်ပါက ပြဿနာမရှိနိုင်ပေ။ သို့သော် ဤအတွင်းပိုင်း၌မူ အခြားသောအရာများကို မဆိုထားနှင့်၊ ဤအဆိပ်မြူများကပင် သာမန်လူတစ်ယောက်အတွက် အသက်အန္တရာယ် ဖြစ်စေနိုင်သည်။

အသက်အောင့်ထားနိုင်သည် ဆိုစေဦးတော့... အရေပြားနှင့် ထိတွေ့မိသည်နှင့် အဆိပ်ငွေ့များ စိမ့်ဝင်သွားပြီး ခဏချင်းအတွင်း သေဆုံးသွားနိုင်ပေသည်။

ကွေ့လိသည် ယခင်က ချင်းယွင်တောင်မှ တပည့်လေး မဟုတ်တော့ဘဲ ကျင့်စဉ်များတွင် အောင်မြင်မှု များစွာရရှိထားသူ ဖြစ်သော်လည်း ဤကဲ့သို့သော အဆိပ်ငွေ့များကို ပေါ့ဆ၍ မရမှန်း သူ သိပေသည်။

All Chapters