အခန်း ၁၃၅၃
Vol. 136 Ch. 1353
အခန်း (၁၃၅၃) တာအိုသခင် ကျောက်စိမ်းဟင်းလင်းပြင်
ရှန်းယီ၏ကျင့်ကြံခြင်း ခရီးစဉ်တွင်နယ်ပယ်ကျော်လွန်၍ယှဉ်ပြိုင်တိုက်ခိုက်ရသည့် အတွေ့အကြုံများ မကင်းမဲ့ခဲ့ပေ။
သူ၏ပထမဆုံးအကြိမ်တွင်၊ သူကကျောက်စိမ်းနယ်ပယ်ကျင့်ကြံခြင်းဖြင့် ချင်းဖုန်းတောင်ပေါ်မှ အမြုတေဖွဲ့စည်းခြင်းနယ်ပယ်မှ ရေနဂါးတစ်ကောင်ကို သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။
သီအိုရီအရ၊ ရွှေမသေမျိုးအဆင့်သို့ ကတိသစ္စာပြုထားသော သူ၏ကျင့်ကြံခြင်းဖြင့်၊ တတိယအဆင့် တပည့်များအကြား ယှဉ်ပြိုင်မှုများတွင် ပါဝင်ခြင်းကပန်းခြံထဲတွင် လမ်းလျှောက်ရသကဲ့သို့ အားစိုက်ထုတ်ရန် မလိုဘဲ လွယ်ကူနေသင့်သည်။
သို့သော် ဤဆွေးနွေးပွဲက ရှန်းယီထံသို့ယခင်က မကြုံစဖူးသောဖိအားများကို ယူဆောင်လာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူက အချက်တစ်ချက်ကို သဘောပေါက်ထားပြီးဖြစ်သောကြောင့်ပင်။
ပြင်းထန်သောသေဆုံးဒဏ်ရာရမှုအခြေအနေများကြားတွင်၊ ကြီးမားသောတန်ဖိုးကို မပေးဆပ်ရဘဲ ဂိုဏ်းနှစ်ခုကြားအတွင်းပိုင်းသဘောထားကွဲလွဲမှုဖြစ်စေရန် လူသားဧကရာဇ်၏ ဆန္ဒကို ဖြည့်ဆည်းပေးမည့် ကွဲပြားသောလမ်းကြောင်းတစ်ခုကို ရှာဖွေရန် သူကြိုးပမ်းခဲ့သည်။
တိုးတက်မှုက မယုံနိုင်လောက်အောင် ချောမွေ့နေပုံရသော်လည်း၊ အမှန်တကယ်တွင်မူ ထိုသို့မဟုတ်ခဲ့ပေ။
သူ၏လှည့်ကွက်ငယ်လေးများက ရှောင်လွှဲ၍မရဘဲတန်ပြန်သက်ရောက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
ပထမဦးစွာ၊အစစ်အမှန် ဗုဒ္ဓတစ်ပါး ထွက်ပေါ်လာပြီး၊ ကြီးမားလှသောကပ်ဘေးကြီးကို အနည်းငယ် အရေးမပါသောယှဉ်ပြိုင်မှုတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့ကာ၊ ထို့နောက် ဤနေရာကိုကြီးကြပ်ရန် ဧကရာဇ် တစ်ပါးကို ဖိတ်ကြားခဲ့၏။
ဧရာမပုဂ္ဂိုလ်ကြီးနှစ်ဦးစလုံးက အခြေအနေကို စတင် ထိန်းချုပ်လာကြသည်။
ယနေ့က ဥပမာတစ်ခုဖြစ်သည်။
အဝါရောင် တိမ်တိုက်များ အလယ်တွင်၊ နက်ရှိုင်းသောနာကြည်းချက်များနှင့် ပြင်းထန်သော သေဆုံးဒဏ်ရာရမှုများမှာ သိသာထင်ရှားနေသော်လည်း၊ သေချာစွာရေတွက်ကြည့်သောအခါ၊ ဂိုဏ်းနှစ်ခု၏တတိယအဆင့်တပည့် စုစုပေါင်း တစ်ထောင် ရှိသည့်အနက်၊ သူက ခုနစ်ဦးကိုသာ သတ်ဖြတ်ခဲ့ရုံဖြင့် အစစ်အမှန်ဗုဒ္ဓ ကို ဒေါသထွက်စေရန် လုံလောက်ခဲ့သည်။
အရှေ့ဘက်အစွန်း ဧကရာဇ်က မျက်လုံးများကို မှိတ်ထားပြီး၊ ဗောဓိဂိုဏ်းအား ဆွေးနွေးပွဲကို လွှဲပြောင်းရယူရန် တိတ်တဆိတ်ခွင့်ပြုပေးခဲ့၏။
အခြားနေရာများတွင် တိုက်ပွဲများ ပြင်းထန်လာသော်လည်း၊ ယခုအချိန်အထိ သေဆုံးဒဏ်ရာရမှုများမှာ ရာဂဏန်းထက်မပိုသေးဘဲ၊ ဆွေးနွေးပွဲမှာလည်း ပြီးဆုံးလုနီးပါးဖြစ်နေပြီဖြစ်သည်။
တစ်နည်းအားဖြင့် ဆိုရလျှင်၊ မသေမျိုးဧကရာဇ် တစ်ပါးကို ရွေးချယ်ရန်နှင့် ဤမဟာကပ်ဘေးကြီးကို အချိန်မတိုင်မီအပြီးသတ်ရန် ဂိုဏ်းနှစ်ခုစလုံးက သူတို့၏အရင်းအမြစ်များ၏ဆယ်ပုံတစ်ပုံခန့်ကိုသာ လိုအပ်ခဲ့သည်။
မသေမျိုးဧကရာဇ်နှင့်အတူ၊ ဂိုဏ်းနှစ်ခုစလုံးမှ တပည့်များက နာကြည်းချက်များကို ရင်ဝယ်ပိုက်ထားလျှင်ပင် ရလဒ်ကိုအတင်းအကျပ်လက်ခံရမည်ဖြစ်ပြီး၊ ထို့နောက် ပြိုလဲလုမျောပါးဖြစ်နေသော နတ်ဘုရားမင်းဆက်အပေါ်သို့ သူတို့၏အာရုံကို ပေါင်းစည်းရမည်ဖြစ်သည်။
အတိုချုပ်ပြောရလျှင်၊ သူ၏ကြိုးပမ်းမှုများ အားလုံးက အမှန်တကယ်ပင် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုကိုဖြစ်စေခဲ့၏။ အဘယ်ကြောင့်ဆိုသော် သာမန်ပြည်သူများကို ကာကွယ်ပေးနေစဉ်မှာပင်၊ သူက ဂိုဏ်းနှစ်ခုစလုံးကို သတိပေးလိုက်သကဲ့သို့ဖြစ်သွားပြီး သေဆုံးဒဏ်ရာရမှုများကိုများစွာ လျော့ကျသွားစေခဲ့သောကြောင့်ဖြစ်သည်။
"..."
ရှန်းယီက လူသား ဧကရာဇ်၏ ခွန်အားနှင့် ကြိုတင်မြင်နိုင်စွမ်းတို့အရ၊ သူ၏လုပ်ရပ်များကို သိရှိသွားသည်နှင့် ဤမြင်ကွင်းကိုကြာမြင့်စွာကတည်းက ခန့်မှန်းမိသင့်သည်ဟု ခံစားလိုက်ရသည်။
သို့သော် တစ်ဖက်လူက တားဆီးရန် စာတစ်စောင်မျှ မပို့ခဲ့ဘဲ၊ ယင်းအစားအရာအားလုံးကို ခွင့်ပြုထားခဲ့သည်။
ထို ရူးသွပ်နေပုံရသော ဧကရာဇ်က သူ၏ရင်ထဲတွင် သတ္တဝါအားလုံးအတွက် သနားကရုဏာ အနည်းငယ်ကို သိမ်းဆည်းထားဆဲဖြစ်ပြီး၊ သူနှင့်အတူ လောင်းကစားတစ်ခု ပြုလုပ်ရန် စီစဉ်နေခြင်းလော။
သို့သော် လက်ရှိအခြေအနေအပေါ် အခြေခံကြည့်လျှင်၊ လူသားဧကရာဇ်က ထိုလောင်းကစားတွင် ရှုံးနိမ့်သွားဖွယ် ရှိသည်။
ဤအရာအားလုံးကို နားလည်သွားပြီးနောက်၊ ရှန်းယီက အကျပ်အတည်းကို ဖြိုခွဲမည့်နည်းလမ်းများကို တွေးတောခဲ့ပြီး၊ နောက်ဆုံးတွင် အချက်တစ်ချက်ကို သဘောပေါက်သွားခဲ့သည်။
သက်ရှိလောကရှိ သတ္တဝါများ၏အနာဂတ်နှင့် မိမိအသက်၏ဘေးကင်းလုံခြုံမှုတို့သည် အတူတကွ ပူးတွဲတည်ရှိနေ၍မရနိုင်ပေ။
ဤ အစစ်အမှန်ဗုဒ္ဓ များ၊ ဧကရာဇ် များ၊ ဂူ ၇၂ ခု မှ ရွှေမသေမျိုးများ နှင့် ဒါဇင်နှင့်ချီသော မဟာလွတ်လပ်ခြင်းဗောဓိသတ္တများက စောင့်ကြည့်နေသရွေ့၊ သူမည်မျှပင် ကမောက်ကမဖြစ်အောင် ဖန်တီးစေကာမူ၊ ဂိုဏ်းနှစ်ခုအတွင်း မည်သည့် ပရမ်းပတာမျှဖြစ်လာမည် မဟုတ်ပေ။
သူကိုယ်တိုင်ကပ်ဘေးထဲသို့ ခုန်ဆင်းပြီး ဤမြင့်မြတ်သောသတ္တဝါများ အားလုံးကို အောက်သို့ ဆွဲချမသွားသရွေ့ပင်။
"..."
ဤအကြောင်းကို တွေးမိသောအခါ၊ ရှန်းယီ၏ နှုတ်ခမ်းများက လှောင်ပြောင်သောအပြုံးတစ်ခုအဖြစ် ကွေးတက်သွားခဲ့၏။
တပည့်များစွာက ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားကြပါသည်။ မဟာလွတ်လပ်ခြင်းကြာပန်း ပုတီးစေ့ဗောဓိသတ္တ၏ ရုတ်တရက် ပေါက်ကွဲထွက်လာမှုက မျှော်လင့်ထားပြီးသားဖြစ်သော်လည်း၊ သူ၏အရှက်ကင်းမဲ့သောလုပ်ရပ်က သူတို့ကို မှင်သက်သွားစေရန် လုံလောက်နေဆဲဖြစ်သည်။
ဧကရာဇ် နှင့် အစစ်အမှန် ဗုဒ္ဓများက ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက် မရှိကြပေ။
ကြာပန်းပုတီးစေ့ဗောဓိသတ္တ၏ လက်ဝါးကို ချီယွင်ကျစ် နှင့် အစစ်အမှန်အရှင်ရွှမ်ဝေ့ တို့က သေချာပေါက် တားဆီးပေးမည်ဖြစ်ပြီး၊ ထို့နောက် ပြိုင်ပွဲအတွင်းရှိ လူငယ်နှစ်ဦးကို သီးခြားစီပြန်ခေါ်သွားမည်ဖြစ်ကာ၊ ၎င်းနောက်တွင် နှစ်ဖက်စလုံးမှ ဆူညံသောအငြင်းပွားမှုများလိုက်ပါလာမည် ဖြစ်ကြောင်း မည်သည့် ဧရာမပုဂ္ဂိုလ်ကြီးမဆို မြင်တွေ့နိုင်ပါသည်။
သို့သော် ထိုအခိုက်အတန့်တွင်၊ ဗုဒ္ဓ နှင့် ဧကရာဇ် နှစ်ပါးစလုံးမျက်မှောင်ကြုတ်သွားကြ၏။
အဆုံးမဲ့အဝါရောင်တိမ်တိုက်များ အလယ်တွင်၊ လှိုင်းထန်နေသော တာအို သင်္ကေတသုံးခု၏ အလယ်ဗဟို၌စတုတ္ထမြောက် တာအိုသင်္ကေတ တစ်ခု တိတ်ဆိတ်စွာထွက်ပေါ်လာသည်ကိုသာ တွေ့လိုက်ရသည်။
ကျောက်စိမ်းဟင်းလင်းပြင်စကြာဝဠာ..
အစစ်အမှန်အရှင်ရွှမ်ဝေ့ နှင့် ချီယွင်ကျစ်တို့က ရပ်တန့်သွားကြပြီး၊ မဟာလွတ်လပ်ခြင်းကြာပန်း ပုတီးစေ့ ဗောဓိသတ္တ၏ မျက်လုံးသူငယ်အိမ်များ အနည်းငယ်ကျုံ့ဝင်သွားကာ၊ တတိယအဆင့် တပည့်များကိုပင်ဆုတ်ဖြဲနိုင်သော နက်မှောင်သည့် တိမ်တိုက်များက နောက်တစ်ကြိမ်ပြောင်းလဲသွားပြီး၊ ကျယ်ပြောလှသောကြယ်တရာမြစ်ကြီးအလား ထူထပ်နက်ရှိုင်းလာကာ၊ သူရိုက်ချလိုက်သော ကြမ်းကြုတ်သည့်လက်ဝါးကို အံ့ဩဖွယ်ကောင်းလောက်အောင်လွယ်ကူစွာ ရစ်ပတ်သွားခဲ့သည်။
"..."
ဘုန်းကြီးဘုန်ယင်က အသည်းအသန်မျက်လုံးများ ပြူးကျယ်သွားပြီး၊ အနီးအနားရှိ သူ၏ဆရာကို ကြည့်ကာ အကူအညီတောင်းရန် အော်ဟစ်လိုသော်လည်း၊ မည်သည့်အသံမျှ မထွက်နိုင်တော့ပေ။
သူ၏အမြင်အာရုံ တစ်ခုလုံးလည်ထွက်သွားပြီး လျင်မြန်စွာမှောင်မိုက်သွားပါသည်။
ဘန်း။။
စိုစွတ်သောသွေးစက်များဖြင့် ရွှဲနှစ်နေသည့် ပြောင်လက်နေသော ခေါင်းတစ်လုံးက တည့်မတ်စွာပြုတ်ကျသွားပြီး၊ အဝါရောင်မြူခိုး အနည်းငယ်ကို လွင့်စင်သွားစေသည်။
ကွင်းပြင်တစ်ခုလုံး သေမတတ်တိတ်ဆိတ်သွားပြီး၊ နှစ်ဖက်စလုံးမှ တပည့်များက မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ရပ်နေကြ၏။
ရှန်းယီ၏လွင့်မျှောနေသော ပုံရိပ်က မိုးမြေအကြား အာရုံစိုက်ရာဗဟိုချက်ဖြစ်လာခဲ့ပြီး၊ သူက ခန္ဓာကိုယ်ကိုမတ်လိုက်ကာ သူ၏အကြည့်ကို အနည်းငယ်နိမ့်ထားပြီး၊ အသက်မဲ့ဓား၏ အသွားမှ သွေးစက်များလိမ့်ဆင်းသွားသည်ကို စောင့်ကြည့်နေသည်။
"..."
ဧကရာဇ် နှင့် အစစ်အမှန်ဗုဒ္ဓ တို့သည် တညီတညွတ်တည်း မတ်တပ်ရပ်လိုက်ကြပြီး၊ ခမ်းနားသောတောင်ထွတ်ကြီးလေးခုပေါ်တွင် ရပ်ကာ၊ ထူးဆန်းစွာပိုလာသော တာအိုသင်္ကေတကို စိုက်ကြည့်နေကြ၏။
လောကတွင် ရှားပါးလှသောဒုတိယအဆင့် ကျင့်ကြံသူများက မသေနိုင်၊ မပျက်စီးနိုင်သော သတ္တဝါများ ဖြစ်ကြသည်။
သေချာပေါက်၊ ယခုအချိန်တွင် အရှေ့ပိုင်း ဍုမေဏုသို့ လောက၏အားကောင်းသူများ စုဝေးရောက်ရှိနေပြီး ဤနယ်ပယ်အတွင်း၌ ထိုကဲ့သို့သော သတ္တဝါ အပါးတစ်ရာခန့် ရှိနေသဖြင့်၊ ဤနေရာတွင်မူ ၎င်းက သိပ်ပြီး အဓိပ္ပာယ် မရှိလှပေ။
အမှန်တကယ် တုန်လှုပ်ဖွယ်ကောင်းသောအရာမှာ ဤ တာအိုသင်္ကေတက လူငယ် တစ်ဦး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခြင်းပင်။
မဟုတ်ပေ။သူ့ကို ယခုလူငယ်လေးဟု ခေါ်ရန် မသင့်လျော်တော့ပေ။
ထိုလူငယ်လေးက မသေမျိုးသုံးပါးဂိုဏ်း၏ ထိပ်တန်းတပည့်မဟုတ်တော့သလို၊ မည်သည့် အစစ်အမှန်အရှင်ထိုက်ရွှီမျှလည်း မဟုတ်တော့ပါဘူး။
အဘယ်ကြောင့်ဆိုသော် မဟာတာအို က သူ့ကို အမည်ပေးထားပြီးဖြစ်ရာ၊ ဤသူက ကောင်းကင်မှ အသိအမှတ်ပြုထားသော တာအိုသခင်ကျောင်စိမ်းဟင်းလင်းပြင် ဖြစ်ပေသည်။
"လုံလောက်ပြီလား။ငါတော့ အဲဒီလိုမထင်ပါဘူး။"
ရှန်းယီက ဖြည်းညှင်းစွာလှည့်လိုက်ပြီး၊ ရက်စက်သောလုပ်ရပ်များကို ယခုလေးတင်ကျူးလွန်ထားသော်လည်း သူ၏မျက်နှာပေါ်တွင် ညင်သာသော အပြုံးတစ်ခုဖြင့် မဟာလွတ်လပ်ခြင်း ကြာပန်းပုတီးစေ့ဗောဓိသတ္တကို ကြည့်လိုက်၏။
"မင်း... မင်း..."
မဟာလွတ်လပ်ခြင်း ကြာပန်း ပုတီးစေ့ဗောဓိသတ္တ၏နှုတ်ခမ်းများ ပြင်းထန်စွာတုန်ယင်သွားပြီး၊ သူ၏လက်ချောင်းထိပ်များမှာ ဆန်ခါတစ်ခုအလားတုန်ခါနေကာ၊သူ၏တပည့် မြောင်ယင်က သူ၏အရှေ့တွင်အကူအညီမဲ့စွာ သေဆုံးသွားလိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။
၎င်းမှာ သူကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ရသော ကလေးငယ်တစ်ဦးဖြစ်ပြီး၊ လိမ္မာရေးခြားရှိကာစကားနားထောင်ပြီး သူ့ကိုဘယ်သောအခါမှ မဆန့်ကျင်ခဲ့ပေ။
ယခုအခါခြေမွခံလိုက်ရပြီး၊ ဓားတစ်ချက်တည်းဖြင့် ခေါင်းဖြတ်ခံလိုက်ရ၏။
ထို့အတူ မဟာလွတ်လပ်ခြင်းပုဂ္ဂိုလ်တစ်ဦးအနေဖြင့်၊သူ့တွင် ကလဲ့စားချေရန်အခွင့်အရေးပင် မရှိတော့ပါဘူး။ အဘယ်ကြောင့်ဆိုသော် ပြိုင်ဘက်က သူ့ကိုယ်သူကောင်းကင်တာအို ထံသို့ အပ်နှင်းထားပြီးဖြစ်ရာ၊ မည်သူကမျှ သူ့ကို သတ်ဖြတ်ရန်မဖြစ်နိုင်တော့သောကြောင့် ဖြစ်သည်။
ဤအရာကို မဟာလွတ်လပ်ခြင်းဟု သတ်မှတ်နိုင်သည်။