← Chapters

အခန်း ၁၃၅၆

Vol. 136 Ch. 1356

အခန်း ၁၃၅၆

Vol. 136 Ch. 1356

အခန်း (၁၅၅၆) ရွှေမသေမျိုး ၁၂ ပါးတဲ့လား

"ဟား....ဟား။ငါက သဘာဝအရကိုအတော်ပျင်းတဲ့သူပါ။"

အနာဂတ်ဗုဒ္ဓက မျက်နှာပြောင်တိုက်စွာဖြင့်၊ နက်ရှိုင်းသောအဓိပ္ပာယ်ကိုနားမလည်ဟန်ဆောင်ကာ အပြုံးဖြင့်သာတုံ့ပြန်လိုက်သည်။

"ဒါဆို ပြောင်းလဲလိုက်ပါ။"

ပစ္စုပ္ပန် ဗုဒ္ဓက လေးနက်စွာကြည့်လိုက်၏။

အနာဂတ် ဗုဒ္ဓက အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း၊ သူ၏အကြည့်နှင့် ဆုံရန် ခေါင်းမော့မလာခဲ့ပေ။

စကားလုံးများမှာ အနည်းငယ်ကြမ်းတမ်းပြီး၊ ဂျူနီယာမျိုးဆက်ကို သွယ်ဝိုက်၍ ဆုံးမနေခြင်း ဖြစ်သည်။

မူလသဘောတူညီချက်အရ ဗုဒ္ဓသုံးပါးက တန်းတူညီမျှရှိရန်ရည်ရွယ်ခဲ့သော်လည်း၊ ယခုအခါ ဤမဟာကပ်ဘေးကြီးကြောင့်၊ ပစ္စုပ္ပန်ခေတ်ကာလက ပြောင်းလဲ၍မရနိုင်ဟုထင်ရပြီး၊ တစ်ဖက်လူကလည်း လွှမ်းမိုးသောဟန်ပန်တစ်ခုရှိနေပြီ ဖြစ်သည်။

"ဒါဆို ငါပြောင်းလဲလိုက်ပါ့မယ်။" ထူးဆန်းသော အမူအရာတစ်ခု အနာဂတ်ဗုဒ္ဓ၏ မျက်နှာပေါ်တွင် ဖြတ်ပြေးသွားသော်လည်း မကြာမီပြုံးရွှင်သော ဟန်ပန်အဖြစ်သို့ ပြန်ရောက်သွားသည်။

"..." သူခေါင်းငုံ့သွားသည်ကို မြင်သောအခါ၊ ပစ္စုပ္ပန် ဗုဒ္ဓက သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်၏။

တစ်ဖက်လူက အမှန်တကယ်လက်အောက်ခံရန် မလိုအပ်ပေ။ အပြင်ပန်းတွင်လိုက်နာမှုရှိလျှင် လုံလောက်ပြီဖြစ်သည်။

ဤဘုန်းကြီးအိုက သူ့ကို စစ်တုရင်ကစားရန် ရုတ်တရက်တောင်းဆိုပြီး၊ ကြယ်တာရာများနှင့် လများဖြင့် သူ၏အမြင်အာရုံကို ပိတ်ဆို့ထားခြင်းမှာ၊ အခြားသူများမြင်တွေ့မည်ကို စိုးရိမ်သည့်လျှို့ဝှက် အကြံအစည်တစ်ခုခုရှိနေသည်မှာ သေချာပါသည်။

သို့သော် ပစ္စုပ္ပန်ဗုဒ္ဓ က ဂရုမစိုက်ပေ။

ကပ်ဘေးက ကံကြမ္မာက သတ်မှတ်ထားပြီးဖြစ်ရာ၊ တစ်ဖက်သူက မည်သည့်အရာကိုမျှပြောင်းလဲနိုင်မည် မဟုတ်ပေ။

လူသားဧကရာဇ်က နောက်ဆုံးတွင် မသေမျိုး ဧကရာဇ်ဖြင့် အစားထိုးခံရမည်ဖြစ်ပြီး၊ အစစ်အမှန်နတ်ဘုရားများကလည်း ဂိုဏ်းနှစ်ခုဖြင့် သေချာပေါက်အစားထိုးခံရမည်။

လူသားဧကရာဇ် မရှိတော့ပါက၊ဂိုဏ်းနှစ်ခုမှ တပည့်များက မသေမျိုးခုံရုံးတွင်အလှည့်ကျ နေရာယူကြမည်ဖြစ်ကာ၊ အစစ်အမှန်နတ်ဘုရား များက အုပ်စိုးသူများမဟုတ်တော့ပေ။

အခြားသူများ မည်မျှပင်မကျေနပ်စေကာမူ၊ ဤရလဒ်က ပစ္စုပ္ပန် ဗုဒ္ဓ နှင့် ယွီချင်းဂိုဏ်းချုပ်တို့အတွက် ပြောင်းလဲ၍မရသော အမှန်တရား တစ်ခု ဖြစ်သည်။

သူသည် အာဏာမက်မောသူမဟုတ်ဘဲ၊ ကံကြမ္မာကို လိုက်နာနေခြင်းသာဖြစ်ပြီး၊ ဤခေတ်ကာလတွင် တာဝန်ယူရန် သူ၏အလှည့် ရောက်လာခြင်း ဖြစ်သည်။

"ကစားဖို့မလိုတော့ပါဘူး၊ မင်းရဲ့သေမျိုးမျက်လုံးတွေက ကပ်ဘေးတစ်သောင်းအပေါ်မှာ စိတ်ရောကိုယ်ပါအားစိုက်ထုတ်ရင်တောင်၊ အတူတူပဲဖြစ်နေမှာပါ။" ပစ္စုပ္ပန် ဗုဒ္ဓက ကြယ်များနှင့် လများကို ပြန်လည်ထားရှိရန် သူ၏သင်္ကန်းလက်စကို ဝှေ့ယမ်းလိုက်သည်။

"ကျွတ်...နောက်တစ်ကြိမ်လောက် ထပ်ကြိုးစားကြည့်ပါရစေ။"

အနာဂတ် ဗုဒ္ဓက သူ၏လက်ကို စိတ်ပျက်လက်ပျက်ဖြင့် ပြန်ရုပ်သိမ်းလိုက်သော်လည်း၊ အမှန်တကယ်ဒုက္ခရောက်နေသည်ဟု မခံစားရဘဲ၊ ကျောက်စိမ်းဖြူကျွန်း‌မျော၏ အပြင်ဘက်သို့ မျက်လုံးကိုလျင်မြန်စွာ လှမ်းကြည့်လိုက်သည်။

ဆေးလုံးကြီးဗုဒ္ဓ နှင့် ရွှင်ပျော်ဗုဒ္ဓတို့ ကြာပန်း ပလ္လင်ပေါ်တွင် ပြန်လည်ရောက်ရှိလာသည်ကိုသာ တွေ့လိုက်ရပြီး၊ ထိုပထမအဆင့် ဧရာမ ပုဂ္ဂိုလ်ကြီး နှစ်ပါး၏မျက်နှာပေါ်တွင် ယခုအခါရှားပါးသော ဒေါသများ ရှိနေပေ၏။

"ဗုဒ္ဓ နှစ်ပါးကို ဖူးမြော်ပါတယ်။"

အစစ်အမှန်ဗုဒ္ဓက ကြာပန်းပလ္လင်ပေါ်တွင် ထိုင်ကာဂါရဝပြုမှုကို လုပ်ဆောင်လိုက်ပြီး၊ ထို့နောက် တာအိုဓမ္မဆွေးနွေးပွဲအကြောင်းကို စတင် ပြောပြသည်။

အစစ်အမှန်အရှင် ထိုက်ရွှီ၏ အမည်ကို ကြားသောအခါ၊ အနာဂတ် ဗုဒ္ဓက အနည်းငယ် တုန်လှုပ်သွားသော်လည်း သူ၏အမူအရာကို လျင်မြန်စွာ ချိန်ညှိလိုက်ပြီး၊ ဇဝေဇဝါဖြစ်ဟန်ဆောင်ကာ ပြောလိုက်၏။ "အဲဒီလို ဖြစ်သွားတာလား။"

နန်ဖျင်စီရင်စုမှ ဤအစစ်အမှန်အရှင်ထိုက်ရွှီကို သူ အချိန်အတော်ကြာကတည်းက စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။

သူပင်လျှင်နက်နက်ရှိုင်းရှိုင်းထိုးထွင်း မမြင်နိုင်လောက်အောင်၊ ဤလူငယ်လေး၏အတွေးများက အလွန် နက်ရှိုင်းလှပြီး၊ ဒုတိယအဆင့်သို့ ရောက်ရှိသွားသော်လည်း တာအိုဓမ္မဆွေးနွေးပွဲတွင် ကြီးမားသောသတ်ဖြတ်မှုကြီး တစ်ခုပြုလုပ်ရန်အတွက်လျှို့ဝှက်ထားခဲ့သည်။

တပည့် အများအပြားသေဆုံးဒဏ်ရာရခဲ့ကြောင်း သိရသောအခါ၊ ပစ္စုပ္ပန်ဗုဒ္ဓက မတုန်မလှုပ် ရှိနေပြီး၊ အနာဂတ်ဗုဒ္ဓ ကို နောက်တစ်ကြိမ် ကြည့်လိုက်ရာ၊ သူ၏မျက်လုံးများထဲတွင် မသိမသာမြင်ရသော လှောင်ပြောင်မှုအရိပ်အယောင် တစ်ခုဖြတ်ပြေးသွားခဲ့၏။

တောင်ပိုင်းတိုက်ကြီး နတ်ဘုရားထိုက်ရွှီတောင် မျိုးဆက်မှ ဆင်းသက်လာပြီး၊ နောက်ပိုင်းတွင် ဂူ ၇၂ ခုမှ လင်းရွှီ၏ နေရာအောက်သို့ ရောက်ရှိခဲ့သည်။

ဤဘုန်းကြီးအိုက သူ၏နားများနှင့် မျက်လုံးများကို လှည့်စားရန် အရှေ့ပိုင်းတိုက်ကြီးသို့ တမင်တကာလာရောက်ခဲ့ပြီး၊ ဤ ဟာသမြင်ကွင်းကို ဖန်တီးရန်သာဖြစ်သည်မှာ မည်မျှ ရယ်စရာကောင်းသနည်း။

"ဒီလူက နားလည်ရခက်တယ်၊ သူက မသေမျိုး ဧကရာဇ်ပလ္လင်ကို သိပ်ပြီး စိတ်ဝင်စားပုံမပေါ်ဘူး၊ လောကီဆန်တဲ့နှလုံးသားရှိပြီး၊ ကိုယ်ပိုင်နာကြည်းချက်တွေနဲ့ ပြည့်နှက်နေတဲ့ မျက်လုံးတွေရှိနေတော့၊ ကြီးကျယ်ခမ်းနားမှုကို မအောင်မြင်နိုင်ပါဘူး။"

ရွှင်ပျော်အစစ်အမှန် ဗုဒ္ဓက အတွင်းစိတ်မှ လောင်ကျွမ်းနေပြီး၊ အနည်းငယ်စူးရှစွာ မှတ်ချက်ချလိုက်သည်။

"သေချာတာပေါ့ သူမသေမျိုး ဧကရာဇ်မဖြစ်ချင်ဘူး၊ မဟာကပ်ဘေးကြီးဆက်ဖြစ်မှာကိုတောင် သူ မလိုလားဘူး။" ပစ္စုပ္ပန်ဗုဒ္ဓ က ပြုံးလိုက်ပြီး၊ အနာဂတ်ဗုဒ္ဓ ကို စိုက်ကြည့်ကာ၊ ထို့နောက် အစစ်အမှန် ဗုဒ္ဓနှစ်ပါးဆီသို့ တစ်ချက်ကြည့်လိုက်၏။

"ဂရုစိုက်နေစရာ မလိုပါဘူး၊ ဆက်လုပ်ကြပါ။"

အနာဂတ်က ဤကဲ့သို့သော လူပြက်လှည့်ကွက်များကို စတင်အသုံးပြုလာခြင်းက၊ ထို့အစား လူကို ပို၍ စိတ်အေးသက်သာစေသည်။

"..."

အနာဂတ်ဗုဒ္ဓ၏ မျက်နှာ အနည်းငယ် အေးခဲသွားပြီး၊ မိစ္ဆာဘုန်းကြီးက တစ်ခုခုကို နားလည်မှုလွဲမှားကာ အစစ်အမှန်အရှင်ထိုက်ရွှီကို သူ စီစဉ်ထားသော အဆင့်မြင့်အမှားတစ်ခုဟု ထင်မြင်နေကြောင်း သဘောပေါက်သွားသည်။

သို့သော် နောက်ထပ်အတွေးတစ်ခုတွင်၊ အဆင်ပြေသောနားလည်မှုလွဲမှားမှုကို သူအလိုက်သင့်နေလိုက်ပြီး၊ မျက်လုံးများတွင် အနည်းငယ်မကျေနပ်မှုများကို ပြသလိုက်၏။

ဤအစီအစဉ်က ဤမျှလျင်မြန်စွာ ပေါ်ပေါက်သွားသည်ကို မကျေနပ်သည့်အလား၊ ၎င်းကို အသုံးပြု၍ အရှေ့ပိုင်း ဍုမေဏုကို သတိလွတ်သွားစေရန် လုပ်ဆောင်လိုက်၏။

အခွင့်အရေးက အခြေအနေကို စတင်ပြောင်းလဲနေပြီ ဖြစ်ရာ၊ တစ်ဖက်အတွက် အချိန်ပိုမိုရရှိရန် ကြိုးပမ်းရမည်မှာ သေချာပြီး၊ ဤလူအိုကြီးများကို အချိန်မတိုင်မီ ဝင်ရောက်စွက်ဖက်ခွင့်မပြုနိုင်ပေ။

"မင်းနဲ့ ပတ်သက်ရင်တော့၊ တောင်ပိုင်းတိုက်ကြီး ကို မြန်မြန် ပြန်သွားပါ။" ပစ္စုပ္ပန် ဗုဒ္ဓ က မျက်လုံးများကို မှိတ်ကာ ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။

"အဲဒီ ဘိုးဘေးနတ်ဘုရားတွေ လောကကြီးမှာ သိပ်ကြာကြာ နေမှာ မဟုတ်ဘူး၊ မင်း လိုချင်တဲ့ ငြိမ်းချမ်းမှုကို ငါ မင်းကို ပေးလိုက်မယ်။"

ဤစကားကို ကြားသောအခါ၊ အနာဂတ်ဗုဒ္ဓ ၏ မျက်ခွံများ အနည်းငယ် တုန်လှုပ်သွားသည်။

ဤ လွတ်မြောက်ခြင်းကျင့်ကြံသူ နှစ်ဦး အဘယ်ကြောင့်အလုပ်များနေရသနည်း။ လောကကြီးအဘယ်ကြောင့် ဤမျှကမောက်ကမဖြစ်နေရသနည်း။

သို့သော် ဘိုးဘေးနတ်ဘုရားကိုးပါးက အဘယ်ကြောင့်ငြိမ်းချမ်းစွာအိပ်စက်နိုင်သည်ကို သူ အချိန်အတော်ကြာကတည်းက တွေးတောနေခဲ့သည်။ သူက ဘိုးဘေးနတ်ဘုရားများအား စောစီးစွာ နှိုးရန်အတွက်ပင် အစစ်အမှန်နတ်ဘုရားများ ကို ဆက်သွယ်ရန်လှုပ်ရှားမှုအချို့ကို မြှုပ်နှံထားခဲ့သည်။

ဘယ်သောအခါမှ မထင်မှတ်ခဲ့သည်မှာ ဤဘိုးဘေးကိုးပါးက ပစ္စုပ္ပန်ဘုန်းကြီးအိုကြောင့် အိပ်စက်နေရခြင်း ဖြစ်သည်။

လွတ်မြောက်ခြင်းနယ်ပယ်သို့ ရောက်ရှိပါက၊ မိုးမြေ၏ဒြပ်စင်ငါးပါး၊ ယင်နှင့်ယန် သေခြင်းနှင့် ရှင်ခြင်းတရားတို့ကို လွှမ်းမိုးနိုင်စွမ်းရှိနေပြီဖြစ်ရာ၊ အနာဂတ်ဗုဒ္ဓ အနေဖြင့် သူက ဤနယ်ပယ်ကို မကြုံဖူးသော ဗုဒ္ဓသုံးပါးအနက် တစ်ပါးတည်းသော သူဖြစ်သည်။

"ဟူး။"

အနာဂတ် ဗုဒ္ဓကဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး၊ သူတတ်နိုင်သမျှ အားလုံး လုပ်ဆောင်ပြီးပြီ ဖြစ်သည်။

ရလဒ်နှင့် ပတ်သက်လျှင် အခွင့်အရေးက မိုးနှင့်မြေကို မည်သို့လှုပ်ခတ်နိုင်မည်နည်းဆိုတာကို စောင့်သာကြည့်ရတော့မည်။

...

ဍုမေဏုတောင်ရှိ နာကြည်းချက်များစွာအကြားတွင်..

အရှေ့ပိုင်းတိုက်ကြီး၏ နန်ဖျင်စီရင်စု

ဂူ၇၂ ခုမှ ရွှေမသေမျိုးများက ခန်းမဆောင်ကြီး အတွင်းတွင် သပ်ရပ်စွာရပ်နေကြပြီး၊ အောက်ဘက်ရှိတပည့်များစွာကို ကြည့်နေကြ၏။

အချိန်အတော်ကြာပြီးနောက်၊ အနည်းငယ် ထူးဆန်းသောအကြည့်ဖြင့် အစစ်အမှန်အရှင်ရွှမ်ဝေ့က ဦးဆောင်နေသော အနက်ရောင်တာအိုဝတ်ရုံပိုင်ရှင်ကို စိုက်ကြည့်လိုက်သည်။ "ဘာလို့ အောက်မှာ ရပ်နေတာလဲ၊ ရှေ့ထွက်ခဲ့လေ။"

'လူငယ်မျိုးဆက်အဖြစ် ဟန်ဆောင်ရတာ၊ စွဲလမ်းနေပြီလား။'

အခြားတပည့်များကလည်း စီနီယာအစ်ကို ထိုက်ရွှီ ဆီသို့ အလိုအလျောက်လှမ်းကြည့်လိုက်ကြ၏။ မဟုတ်ပေ။ သူ့ကို ယခုစီနီယာအစ်ကိုဟု ခေါ်ခြင်းက ရိုင်းစိုင်းပုံရပါသည်။

ရွှေမသေမျိုးတစ်ပါးဖြစ်လာပြီးနောက်၊ မသေမျိုးသုံးပါး နှင့် ဧကရာဇ် ငါးပါးတို့သာ သူ့ကို သင်ပြရန် အရည်အချင်းပြည့်မီပြီး၊ လင်းရွှီမျိုးဆက်အောက်တွင် တပည့်ခံထားသဖြင့်၊အထက်ဂိုဏ်းချုပ်၏ အောက်တွင် သဘာဝကျကျရှိနေကာ၊ ၇၃ခုမြောက်ဂူကို ဖွင့်လှစ်ပြီး၊ တာအိုပေါင်းသောင်းချီကို ဆက်လက် ထိန်းသိမ်းရမည်ဖြစ်သည်။

ယခုမှစ၍ သူ့ကိုအကြီးအကဲ ဟု ခေါ်ဆိုရပါတော့မည်။

"..."

ရှန်းယီက နှုတ်ခမ်းကို စေ့ကာ၊ ကျောက်လှေကားထစ်များကိုတက်လှမ်းလိုက်ပြီး၊ အဆုံးအထိလျှောက်သွားရန် ရည်ရွယ်သည်။

သို့သော် ရွှေမသေမျိုးများစွာက ပြုံးပြီး ခေါင်းခါယမ်းရုံသာ တတ်နိုင်ကြသည်။

"မင်းက မသေမျိုးဂိုဏ်းအတွက် စိတ်ရောကိုယ်ပါ မြှုပ်နှံထားတယ်၊ မင်းရဲ့လုပ်ရပ်တွေက စည်းမျဉ်းတွေနဲ့ သိပ်မကိုက်ညီပေမယ့်ကြီးကျယ်တဲ့ အောင်မြင်မှုကို ရရှိခဲ့တယ်၊ ငါတို့ခန့်မှန်းတာသာ မှန်မယ်ဆိုရင် ရွှေမသေမျိုးဆယ့်နှစ်ပါးထဲမှာ မင်း ပါဝင်နိုင်ခြေများမယ်။"

အစစ်အမှန်အရှင် ရွှမ်ဝေ့ကလည်း အပြုံးတစ်ခုကို တပ်ဆင်ထားသည်။ "ကိုယ့်ကို မနှိမ့်ချပါနဲ့။"

သူက ဒုတိယအဆင့်သို့ ယခုလေးတင် ဝင်ရောက်လာသော်လည်း၊ ဤနယ်ပယ်တွင် မသေမျိုး ကတိသစ္စာမပြုလုပ်ထားသရွေ့ အမှန်တကယ်တွင် သိပ်မကွာခြားလှဘဲ၊ ဂိုဏ်းချုပ်ထံမှ ဆုလာဘ် တစ်ခုက သူတို့၏ခွန်အားလိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေးနိုင်လေ့ ရှိသည်။

ဤအရှေ့ပိုင်း ဍုမေဏု တာအိုဓမ္မ ဆွေးနွေးပွဲ တစ်ခုတည်းကြောင့်ပင်၊ ရွှေမသေမျိုးဆယ့်နှစ်ပါး အတွက် သတ်မှတ်ချက်ကိုပြည့်မီရန် လုံလောက်ပြီး၊နောက်ဆုံးနေရာတွင် အဆင့်သတ်မှတ်ခံရလျှင်ပင်၊ ၎င်းက တောက်ပသောအနာဂတ်ကို ကိုယ်စားပြုကာ၊ ပထမအဆင့် ဧရာမပုဂ္ဂိုလ်ကြီး တစ်ဦးအဖြစ်တည်ငြိမ်စွာ ရှိနေမည်ဖြစ်သည်။

ကပ်ဘေးပြီးဆုံးပြီးနောက်၊ မိုးမြေ၏လုပ်ငန်းစဉ်များအပေါ် အာဏာကို ကိုင်စွဲရပါလိမ့်မည်။

"ဟူး..."

လင်းရွှီကျစ်က မနာလိုမှုကြောင့် မျက်နှာနီရဲသွားပြီး၊ သူဘယ်သောအခါမှ အိပ်မက်ပင်မမက်ရဲခဲ့သောအရာကို မမျှော်လင့်ဘဲ သူ၏တပည့်က အရင် ရရှိသွားခဲ့၏။

ထို့အတူ ယခုအခါ၊ အရှေ့ဘက်အစွန်း ဧကရာဇ် က သိသာထင်ရှားသောအကျိုးကျေးဇူးများကို မပေးသေးရာ၊သူ မည်သို့မစိုးရိမ်ဘဲ နေနိုင်မည်နည်း။

ချင်းကွမ်ဇီက သူ၏အရှေ့တွင် ရပ်နေပြီး၊ အနည်းငယ်နောက်သို့လှည့်ကြည့်ကာ နှုတ်ခမ်းများက အေးစက်သောအပြုံးတစ်ခုအဖြစ် ကွေးတက်သွားပါသည်။

ရွှေမသေမျိုး ဆယ့်နှစ်ပါး...

အခြားသူများမသိကြသော်လည်း သူရှင်းလင်းစွာ သိထားပါသည်။ ချီရှန်းက မထွက်ခွာမီ သူ့ထံလာရောက်လည်ပတ်ခဲ့ပြီး စကားများစွာပြောဆိုခဲ့သော်လည်း ယခုအခါ အရှေ့ဘကမအစွန်းဧကရာဇ်စံအိမ်၏ကိုယ်စားပြုက ခြေရာခံ၍ မရတော့ခြင်းနှင့်အတူ ရှန်းယီက ဒုတိယအဆင့်ကို ထုတ်ဖော်ပြသလိုက်ခြင်းက အရာများစွာကို ရှင်းလင်းသွားစေခဲ့သည်။

ချင်းကွမ်ဇီက ယခုအခါတိတ်ဆိတ်နေခြင်းမှာ အများ၏ဒေါသကို မဆွလိုရုံသာဖြစ်သည်။

မြောက်ပိုင်းတိုက်ကြီးသို့ ပြန်ရောက်၍ ဂိုဏ်းချုပ်သုံးပါးနှင့် တွေ့ဆုံသောအခါ...

ဂိုဏ်းတူကျင့်ကြံသူကို လျှို့ဝှက်စွာသတ်ဖြတ်ခဲ့သည့် တပည့်တစ်ဦးက ရွှေမသေမျိုးဆယ့်နှစ်ပါး အနက်တစ်ပါးဖြစ်ရန် အရည်အချင်းပြည့်မီမည်လော။

"ကောင်းပြီ...လူတိုင်း စုံပြီဆိုတော့ ပြင်ပလူတွေလည်းမရှိတဲ့အတွက် ငါပွင့်ပွင့်လင်းလင်းပြောပါရစေ။" အစစ်အမှန်အရှင် ရွှမ်ဝေ့က ညီအစ်ကိုများစွာကို နောက်တစ်ကြိမ်ကြည့်လိုက်၏။

"အခြားသူတွေကူညီပေးရရင်တောင်၊ စုပုံထားတဲ့ ပထမအဆင့်ကလည်း ပထမအဆင့်ပါပဲ၊ လူတိုင်းကကန့်သတ်ချက်မရှိတဲ့လွတ်လပ်မှုကို သဘောကျတယ်ဆိုတာ ငါ သိပေမယ့်၊ မသေမျိုးဧကရာဇ် နေရာကို ဗောဓိဂိုဏ်းဆီ အလွယ်တကူလွှဲပေးလိုက်လို့ မရပါဘူး။"

"ကျောက်စိမ်းဟင်းလင်းပြင်က ဘုန်းကြီးတွေကို ဒေါသထွက်စေခဲ့တယ်၊ ငါတို့အကြီးအကဲတွေ အနေနဲ့ တာဝန်တစ်စိတ်တစ်ပိုင်းယူရမယ်၊ တာအိုဓမ္မဆွေးနွေးပွဲပြန်စတဲ့အခါ၊ အတွေ့အကြုံမရှိတဲ့ ဒုတိယအဆင့်အနေနဲ့ သူ့ကိုတစ်ယောက်တည်း ခံစားခွင့် မပေးနိုင်ဘူး။"

"မင်းတို့ ဘယ်လိုထင်လဲ။" အစစ်အမှန်အရှင် ရွှမ်ဝေ့က လူအုပ်ကို ဖြည်းညှင်းစွာဝေ့ကြည့်လိုက်၏။

၎င်းကို ကြားသောအခါ၊ ရွှေမသေမျိုးအများစုက ပို၍ပင် မကောင်းဆိုးဝါးဆန်စွာပြုံးလိုက်ကြသည်။

ဒုတိယအဆင့်မှ မသေနိုင်၊ မပျက်စီးနိုင်သူများဖြစ်ရာ စိုးရိမ်စရာပိုနည်းသွားပြီဖြစ်သည်။

မသေမျိုးဧကရာဇ်ဖြစ်ခြင်းက သိပ်ပြီးလွတ်လပ်မှု မရှိသော်လည်း၊ တပည့်များစွာသေဆုံးခဲ့ရပြီးဖြစ်ရာ၊ဒေါသအချို့ကို ဖောက်ထုတ်ရပါလိမ့်မည်ဖြစ်သည်။

ချီယွင်ကျစ်က မျက်လုံးများကိုအနည်းငယ်ပင့်ကာ အေးစက်သော အသံဖြင့် ပြောလိုက်၏။ "ဒါဆိုရင် တိုက်ကြတာပေါ့။"

'မိုးနဲ့မြေ ပြောင်းပြန်လန်ပြီး နေနဲ့လကွယ်ပျောက်သွားတဲ့အထိ တိုက်ကြတာပေါ့'

All Chapters