တောင်ပိုင်းကုန်းမြေ
Vol. 22 Ch. 298
အခန်း (၂၉၈) : တောင်ပိုင်းကုန်းမြေ
တာအိုအခွင့်အလမ်းဂိုဏ်း
ဝူဟုန်က ထွက်ခွာသွားသော ဝမ်ဝေ့၏ ပုံရိပ်ကို ကြည့်ရင်း တွေးလိုက်မိသည်။
နဂိုအချိန်အတိုင်းသာဆိုရင် ဝမ်ဝေ့က ပြန်လည်ဝင်စားပြီးတဲ့နောက်မှာ သူ့စံပြဝိညာဉ်စွမ်းအားကို ဆုံးရှုံးရမှာ။ သူက အဲဒါကြောင့် ထူးကဲတဲ့ ပါရမီတွေ ချီးမြှင့်ခံထားရပေမဲ့ အခုနဲ့တော့ ဘာမှယှဉ်နိုင်စရာ အကြောင်း မရှိဘူး။
ပြီးတော့ သူ့အတိတ်ဘဝရဲ့ မှတ်ဉာဏ်တွေက သူ သူတော်စင်အဆင့် မရောက်မချင်း ပြန်လည် မနိုးထလာသင့်ဘူး …
အခု အရာအားလုံး ကွဲပြားသွားပြီ။ မပြီးပြည့်စုံတဲ့ ငါ့မှတ်ဉာဏ်နဲ့ ငါ လုပ်ပေးနိုင်တာက တစ်ရက်နဲ့ တစ်ရက် ကုန်ဆုံးသွားတဲ့ ရက်တွေကို လျှော့ချပေးဖို့ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအချိန်မှာတော့ ကိစ္စတွေအကုန်လုံးက အတူတူ ကျန်ရှိနေပါသေးတယ်။
နမူနာအနေနဲ့ဆိုရင် တိထျန်းက သူ့ရဲ့ အကြီးမားဆုံးအတားအဆီးဖြစ်ပြီးတော့ တခြားအရာအချို့ကိုရောပဲ…
ငါ တိထျန်းကို သူ့အတွက် မတားဆီးနိုင်ပေမဲ့ သူ အရင်ကခံစားခဲ့တဲ့ ဒုက္ခအချို့ကိုတော့ ဖြစ်မလာအောင် ကာကွယ်နိုင်သေးတယ်။ သူ့ လက်စားချေမှုကြောင့် စိတ်လွတ်သွားတဲ့သူ မဟုတ်အောင် သေချာအောင် လုပ်ပေးရမယ်…
ဝူဟုန်က ထိုအရာကို တွေးမိပြီးနောက် အနောက်ပိုင်း ကျားဖြူကုန်းမြေဆီ ဦးတည်လိုက်သည်။
…………
ထိုစဉ် ဝမ်ဝေ့က ဆံပင်နှင့် မျက်လုံးအရောင်များကို ပြောင်းလဲလိုက်ပြီး ဂိုဏ်းမှ မထွက်ခင် မတူညီသည့် လူတစ်ယောက်အဖြစ် ရုပ်ဖျက်လိုက်သည်။ ဤတစ်ကြိမ် သူ့ကို ယန်းချန်မှ လိုက်ပါစောင့်ရှောက်ပေးခြင်းမျိုး မရှိပေ။ အကြောင်းအရင်းမှာ သူ့တာအိုကာကွယ်သူ စောင့်ရှောက်သူက သတိထားမိဖို့ ပို၍ လွယ်ကူ၍ ဖြစ်သည်။ နောက်တစ်ချက်က သူ့အင်အားက တာအိုကာကွယ်သူ မလိုအပ်လောက်သည်အထိ ရောက်ရှိနေပြီ ဖြစ်၏။
သူ့လက်ရှိစွမ်းအားဖြင့် အထွတ်အထိပ် နယ်ပယ်ကျင့်ကြံသူတချို့နှင့် ဧကရာဇ်တစ်ပိုင်း ကျင့်ကြံသူအချို့သာ သူ့အတွက် ခြိမ်းခြောက်မှု ဖြစ်နိုင်လိမ့်မည်။ သို့သော် သူသာ ထွက်ပြေးဖို့သာ အာရုံစိုက်ထားပါက လွတ်မြောက်နိုင်ခြေ မြင့်မားလေသည်။
ဝမ်ဝေ့က သူ့ကိုယ်သူ ရုပ်ဖျက်ပြီးသည့်နောက်တွင် တာအိုအခွင့်အလမ်းဂိုဏ်း၏ ပင်မမြို့တော်ဖြစ်သည့် တာအိုဟောပြောရေးမြို့ဆီ ဦးတည်လိုက်သည်။
သူက လမ်းမအထက် လျှောက်လှမ်းလာစဉ် သေမျိုးများက ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နေကြောင်း မြင်လိုက်ရသည်။ သူတို့က ပညာတတ်များလို ကောင်းကောင်းမွန်မွန် ပြောဆိုကြပြီး သူတို့အိမ်များတွင် အလင်းရောင်ရှိသလို ခရီးဝေးသွားလာဖို့အတွက်လည်း ကားများ၊ သို့မဟုတ် ရထားများ၊ လေယာဉ်များကို အသုံးပြုနိုင်ကြသည်။
မြို့ထဲတွင် သေမျိုးများနှင့် ငြိမ်းချမ်းစွာ နေထိုင်နေကြသည့် ကျင့်ကြံသူများကိုလည်း မြင်တွေ့နေရသည်။
ဝမ်ဝေ့က ထိုအရာကို မြင်ပြီးနောက် တိတ်တဆိတ် ခေါင်းညိတ်ကာ ကုန်းမြေကူးသန်းဆက်သွယ်ရေး အစီအရင်ရှိသည့် မြို့တောင်ပိုင်းဆီ ဦးတည်လိုက်သည်။
သူ့ဦးတည်ရာဆီ ရောက်ရှိပြီးသည့်နောက်တွင် တာအိုအခွင့်အလမ်းဂိုဏ်းအစီအရင်ကို ဝင်ခွင့်ရဖို့နှင့် လျှော့ဈေးရဖို့အတွက် တာအိုအခွင့်အလမ်းဂိုဏ်း၏ ဧည့်အကြီးအကဲ အမှတ်အသားပြားကို အသုံးပြုလိုက်သည်။ သူက ပိုက်ဆံပေးချေပြီးနောက်တွင် အစီအရင် အသက်ဝင်ဖို့အတွက် သုံးရက်တာ စောင့်ဆိုင်းခဲ့ရသည်။
ထိုနေ့ရက်ကျရောက်လာသည့်အခါ ဝမ်ဝေ့က တခြားကုန်သည်များ၊ ကျင့်ကြံသူများနှင့်အတူ အစီအရင်ကို အသုံးပြုလိုက်သည်။
အစီအရင်ရှေ့တွင် ရပ်နေလိုက်သည့်အချိန် အလင်းတန်းက သူ့အား လွှမ်းခြုံသွားလေသည်။ ဝမ်ဝေ့က ပန်းကန်ဆေးစက်ထဲ ရောက်သွားသလိုမျိုး ခံစားလိုက်ရ၏။ သူက မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ တခြားနေရာသို့ ရောက်ရှိနေလေပြီ။
သူနှင့်အတူ ပါလာသည့် ကုန်သည်တချို့က ကြမ်းပြင်ပေါ်တွင် အန်နေကြပြီး ကျင့်ကြံသူတချို့ကလည်း ဖြူဖျော့နေကြသည်။ ဝမ်ဝေ့က ထိုလူများကို တစ်ချက်ကြည့်ပြီးနောက် လျစ်လျူရှုကာ ထွက်လာလိုက်သည်။
သူ ဟန်ဆောင်နေသည့်သူက အေးစက်စက်နှင့် စကားနည်းသည့်သူမျိုး ဖြစ်သည်။
ကူးသန်းဆက်သွယ်ရေးနေရာမှ ထွက်လာပြီးသည့်နောက်တွင် ဝမ်ဝေ့က မြို့တစ်မြို့ဆီ စတင်သွားလိုက်သည်။ သူ ပထမဆုံး သတိပြုမိသည့်အရာက မြို့တစ်မြို့လုံးကို လွှမ်းခြုံနေသည့် ထူးထူးဆန်းဆန်း အနံ့ ဖြစ်၏။ ဤသည်က ဆေးအနံ့ ဖြစ်လေသည်။
ဒုတိယ သူ သတိပြုမိသည့်အချက်မှာ ဆေးဝါးပညာရှင်များ ဖြစ်စေ၊ အဆောင်ပညာရှင်များ ဖြစ်စေ၊ ပြန်လည်မွမ်းမံသူများ ဖြစ်စေ သူတို့အားလုံး၏ အဝတ်များတွင် အမှတ်အသားပြား ချိတ်ဆွဲထားကြသည်။
ထိုအမှတ်အသားပြားပေါ်တွင် အဆင့်နံပါတ်ကို ရေးသားထားပြီးနောက် အဆင့်နိမ့်၊ အလယ်အလတ် သို့မဟုတ် ထိပ်တန်းဟူ၍ ပါရှိသည်။ သို့သော်လည်း ဝမ်ဝေ့က အဆင့်နိမ့်သူများကိုသာ မြင်ရပြီး သူတွေ့ရှိသည့် အမြင့်ဆုံးလူမှာ အလယ်အလတ် အဆင့် ၂ ဖြစ်သည်။
သူ သိသလောက် ထိုအဆင့်သည် သူတို့သက်ဆိုင်ရာ ပညာရပ်၏ အဆင့်ကို ရည်ညွှန်းခြင်း ဖြစ်၏။ အဆင့် ၁က နက်နဲအဆင့်ဖြစ်ပြီး၊ အဆင့် ၂ က မြေကမ္ဘာအဆင့်ဖြစ်ကာ အဆင့် ၃ က ကောင်းကင်အဆင့် ဖြစ်လေသည်။
ထိုကွဲပြားချက်က ထိုအတတ်ပညာရှင်များ လုပ်နိုင်သည့် ထုတ်ကုန်၏ အဆင့်ကို ပြသနေသည်။ နမူနာအားဖြင့် ထိပ်တန်းအဆင့် ၂ ဆေးဝါးပညာရှင်သည် ထိပ်တန်းအဆင့် မြေကမ္ဘာဆေးလုံးကို ဖော်စပ်နိုင်လေသည်။
အဆင့် ၃ ဆေးဝါးပညာရှင်များသည် ကောင်းကင်အဆင့် ဆေးလုံးများကို ဖော်စပ်နိုင်ပြီး အဆင့် ၄ က သူတော်စင် ဆေးလုံးအတွက် ဖြစ်ကာ အဆင့် ၅ က အထွတ်အထိပ် ဆေးလုံးအတွက် ဖြစ်လေသည်။ အဆင့် ၆ အတွက်မူ ဧကရာဇ်တစ်ပိုင်း ဆေးလုံးများဖြစ်ပြီး အဆင့် ၇ကား ဧကရာဇ်အဆင့် ဆေးလုံးအတွက် ဖြစ်သည်။
ဝမ်ဝေ့က ထိုမြို့၏ အလုပ်လုပ်ပုံကို နားလည်ပြီးသည့်နောက်တွင် တည်းခိုဆောင်ထဲ ဝင်ကာ အခန်းတစ်ခန်း ငှားယူလိုက်သည်။ ထို့နောက် သူ့ကုတင်ပေါ်တွင် ထိုင်ရင်း သူက စာရင်းတစ်ခုပါဝင်သည့် စာရွက်ကို လှန်ကာ ကြည့်နေသည်။
ထို့နောက် သူက စာရွက်တစ်ရွက်ပေါ်တွင် ရပ်သွားကာ အာရုံစိုက်ထားလိုက်သည်။
လော့ချန်၊ အံ့ဖွယ်ပလ္လင်အဆင့်၊ အဆင့်နိမ့် အဆင့် ၂ ဆေးဝါးပညာရှင်၊ မူလတာအိုဆေးလုံးဂိုဏ်းချုပ် လုယန်၏ ၅ယောက်မြောက်တပည့် … သူ့ပါရမီက သာမန်လောက်ပဲ ရှိပေမဲ့ သူ့ လုံ့လဝီရိယကြောင့် သူ့ဆရာရဲ့ သဘောကျခြင်းကို ခံရတယ်
ဝမ်ဝေ့က ထိုအချက်အလက်ကို ဖတ်ရှုပြီးသည့်နောက်တွင် သူ့ဘာသာသူ ရေရွတ်လိုက်သည်။
“ဒီလူက ပြီးပြည့်စုံတဲ့ ရွေးချယ်မှုပဲ။ သူ့အဆင့်အတန်းက မြင့်မားပေမဲ့ သူ့ဆရာမှာ တပည့်တွေ အများကြီး ရှိတယ်ဆိုတော့ အရမ်းကြီး မြင့်မားတယ်လို့လည်း ယူဆလို့ မရဘူး။ သူ့ အကျင့်စရိုက်က သီးသန့်နေတတ်ပြီးတော့ လူတွေနဲ့ ဆက်သွယ်ခဲတယ်။
အဲဒါကြောင့် သူ့ဆရာတူ ညီအစ်ကိုတွေနဲ့တောင်မှပဲ သိပ်မရင်းနှီးဘူး။ အဲဒါကြောင့် သူ့အပေါ် လူတွေက ခင်မင်ရင်းနှီးမှု မရှိကြဘူး။ ငါသာ အကြောင်းပြချက် ကောင်းကောင်းရှာတွေ့နိုင်မယ်ဆိုရင် သူ့ အကျင့်စရိုက် ပြောင်းလဲသွားတာကို ရှင်းပြနိုင်လိမ့်မယ်”
သူက ရပ်လိုက်ပြီးနောက် ထိုလူ၏ အချက်အလက်အားလုံးကို ဖတ်ရှုလိုက်သည်။
“သူ့ အရည်အချင်းက ပြဿနာပဲ။ တကယ်လို့ ငါ ဆေးလုံးတာအို မီးတောက်ကျမ်းကို ရချင်ရင် အမြင့်ဆုံး ပါရမီကို ပြသနိုင်ရမယ်”
ဝမ်ဝေ့က သူ့လက်ထဲရှိ အချက်အလက်များကို ဖတ်ရှုပြီးသည့်နောက်တွင် အစီအစဉ်တစ်ခု ချမှတ်လိုက်သည်။
ဆေးလုံးတာအိုဂိုဏ်း၊ တောင်များကြားရှိ ဂူတစ်ခုအတွင်း ဆံပင်အနက်ရောင်နှင့် သာမန်ရုပ်ရည်ရှိသည့် လူငယ်လေးက တင်ပျဉ်ခွေကာ ထိုင်နေသည်။ သူ့ရှေ့တွင် ဆေးမီးပြင်းဖို တစ်လုံး ရှိနေ၏။ သူက ဆေးလုံးဖော်စပ်ရာတွင် အာရုံအပြည့်အဝ စိုက်ထားသည်။
မိနစ်အနည်းငယ် ကြာပြီးသည့်နောက်တွင် သူက အဖုံးဖွင့်ကြည့်လိုက်သည့်အခါ အထဲတွင် ဆေးလုံးငါးလုံးကို မြင်လိုက်ရသည်။ ထိုအရာမှ ထူးခြားဆန်းကြယ်သည့် အလင်းများ တောက်ပနေလေသည်။ ထိုဆေးလုံးများကို ကြည့်ကာ သူက ပြုံးလိုက်ပြီး
“ အဆင့်နိမ့်မြေကမ္ဘာ ဆေးလုံးငါးလုံးပဲ” လော့ချန်က ရေရွတ်လိုက်သည်။
“ နောက်ဆုံးတော့ ငါ အဆင့် ၂ ဆေးဝါးပညာရှင်အနေနဲ့ ခိုင်မာသွားပြီ။ ငါ့ပါရမီက အကောင်းဆုံး မဟုတ်ပေမဲ့ လုံ့လနဲ့ လုပ်နိုင်တယ်”
တကယ်တော့ လော့ချန်၏ ပါရမီက မဆိုးလှပေ။ ဆေးဝါးပညာရှင် အများစုက သူတို့၏ ကျင့်ကြံဆင့်ပေါ် မူတည်၍ ဆေးလုံးအဆင့်များကို ဖော်စပ်နိုင်ကြခြင်း ဖြစ်၏။ သူ့အနေဖြင့် အံ့ဖွယ်ပလ္လင်အဆင့်နှင့် အဆင့်နိမ့် မြေကမ္ဘာအဆင့်ဆေးလုံးများ ဖော်စပ်နိုင်လေသည်။ ထိုအရာက သဘာဝလွန်အဆင့် ဆေးဝါးပညာရှင်များသာ ဖော်စပ်နိုင်၍ သူ့တွင် ပါရမီရှိကြောင်း ပြသနေလေသည်။
လော့ချန်က ဆေးလုံး သန့်စင်ပြီးသည့်နောက်တွင် ပါဝင်ပစ္စည်းများကို ထုတ်ကာ နောက်ထပ် ဆေးလုံးထပ်ဖော်စပ်ဖို့ ပြင်လိုက်သည်။ သို့သော်လည်း လမ်းတစ်ဝက်တွင် သူက ဆက်သွယ်ရေး အဆောင်တစ်ခုကြောင့် နှောင့်ယှက်ခံလိုက်ရ၏။ ထို့ကြောင့် သူက ရပ်တန့်ကာ ဆက်သွယ်ရေးအဆောင်ကို ဖွင့်ကြည့်လိုက်သည်။
“ သခင်လေး သခင်လေး … ဆေးဝါးအဖွဲ့အစည်းကနေ တောင်းထားတဲ့ ပါဝင်ပစ္စည်းတွေ ရှာတွေ့ပြီ”
“ တကယ်လား။ အခုချက်ချင်း ယူလာခဲ့လိုက်”
ဒီလိုဆိုရင် ငါ သဘာဝလွန်အဆင့်ကို တက်လှမ်းနိုင်တော့မယ်။
လော့ချန်က သူ့ဘာသာသူ တွေးလိုက်မိသည်။
“ သခင်လေး ပြဿနာတစ်ခုတော့ ရှိပုံပဲ”
“ ဘာပြဿနာလဲ”
“ ဒီပစ္စည်းလေးရဲ့ ပိုင်ရှင်က သခင်လေးကို ကိုယ်တိုင်တွေ့ဖို့ တောင်းဆိုနေတယ်။ သူ့ကြည့်ရတာ အတော်လေး ခေါင်းမာတဲ့ပုံပဲ”
လော့ချန်က ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည်။
ဒါရဲ့ နောက်ကွယ်မှာ လှည့်ကွက်ဘာညာ ရှိနေတာလား။ ဒါပေမဲ့ ဒီဆေးပင်မရှိဘူးဆိုရင် ငါ ကျင့်စဉ်ကို မပြောင်းလဲမချင်း နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာ မဟုတ်ဘူး….
လော့ချန်က စဉ်းစားပြီးသည့်နောက်တွင် သွားဖို့ ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူက သတိကြီးကြီး ထားရမည်သာ ဖြစ်၏။ သူ့ကျင့်ကြံရေးဂူမှ ထွက်လာပြီးသည့်နောက်တွင် ပျံသန်းရေးအဆောင်ကို ထုတ်ကာ တစ်နေရာဆီ ပျံသန်းလိုက်ပြီး လူတစ်ယောက်နှင့် တွေ့ဆုံလိုက်သည်။
သူ ရောက်ရှိပြီးနောက် မိနစ်အနည်းငယ်အကြာတွင် လေဟာနယ်ဖြိုခွင်းခြင်းအဆင့် အငွေ့အသက်များ ထုတ်လွှတ်နေသည့် လူအိုကြီးက လော့ချန်ရှေ့တွင် ပေါ်ထွက်လာသည်။
“ သခင်လေး ဘာကိစ္စနဲ့များ ရောက်လာတာလဲ” ထိုလူအိုကြီးက အနည်းငယ် စိတ်မရှည်စွာဖြင့် မေးလိုက်သည်။
“ ကျွန်တော် မေပယ်ရွက်မြို့ဆီ သွားမလို့”
“ ငါက မင်းရဲ့ တာအိုကာကွယ်သူဆိုတော့ ငါက မင်းကို ကာကွယ်ပေးရမှာပေါ့” ထိုလူအိုကြီးက ပြောလိုက်သည်။ ထို့နောက် သူက ဘာမှမပြောဘဲ လော့ချန်အား ဆွဲကာ ဂိုဏ်းအပြင်ဘက်သို့ ပျံသန်းလာလိုက်သည်။
ထိုနေရာသို့ ရောက်သည်နှင့် လေဟာနယ်ကို ဖြိုခွင်းကာ သူတို့၏ ဦးတည်ချက်ဆီ မြန်မြန်ရောက်အောင် သွားလိုက်သည်။
ထိုဖြစ်စဉ်အတွင်း လော့ချန်က ဘာမှမပြောသလို ညည်းတွားခြင်းလည်း မရှိပေ။ သူက သူ့တာအိုကာကွယ်သူ၏ သဘောထားကို ကျင့်သားရနေပြီ ဖြစ်၏။
ထို့ကြောင့် သူက ဂိုဏ်းမှ ထွက်ခွာသည်မှာ ရှားလှသည်။
မေပယ်ရွက်မြို့သို့ ရောက်ပြီးသည့်နောက်တွင် တာအိုကာကွယ်သူက လော့ချန်အား တိတ်တဆိတ် ကာကွယ်ရန် လေဟာနယ်ထဲ ဝင်ဖို့ ပြင်ဆင်လိုက်သော်လည်း လော့ချန်က သူ့အား အခြေအနေနှင့် စိုးရိမ်မှုအကြောင်း ရှင်းပြလာသည်။
လူအိုကြီးက သက်ပြင်းချလိုက်ပြီးနောက် လော့ချန်အား တစ်ချိန်လုံး ကာကွယ်ပေးဖို့ ဘေးနားတွင်နေရန် ဆုံးဖြတ်လိုက်သည်။
ဤဆေးဝါးပညာရှင်ငယ်လေးက ဂိုဏ်းချုပ်၏ တပည့်ဖြစ်နေသေးကြောင်း သူက သိလေသည်။
အကယ်၍ သူသာ တစ်ခုခုဖြစ်သွားခဲ့လျှင် သူက ဂိုဏ်းကို ပြန်လည်ဖြေကြားနေရမည် ဖြစ်၏။ အကယ်၍ ဂိုဏ်းချုပ်က သူ့အား အပြစ်မတင်လျှင်ပင် သူ့အနေနှင့် ယခုလောက် ဆေးလုံးများစွာ ရရှိတော့မည် မဟုတ်သောကြောင့် သူ့ကျင့်ကြံနှုန်း လျော့ကျသွားနိုင်သည်။
ထို့အပြင် ထိုလူအိုကြီးက လော့ချန်သည် ဤတစ်လျှောက်လုံး ဘာမှမညည်းတွားခဲ့သည့် အချက်ကို ထောက်ထားလိုက်ခြင်း ဖြစ်၏။