နတ်ဘုရားများ၏ စွမ်းအား
Vol. 22 Ch. 304
အခန်း (၃၀၄) : နတ်ဘုရားများ၏ စွမ်းအား
မီးဘုရင်က သူ့နတ်ဘုရားနှင့် ဆက်နွယ်မှု ပြတ်တောက်သွားသည့် အခိုက်အတန့် အရိပ်က အံ့ဖွယ်အသိစိတ်ကို အသုံးပြုကာ သူ့ဝိညာဉ်ကို ရှာဖွေလိုက်သည်။ ထိုအစစ်အမှန် နတ်ဘုရားများဟု ခေါ်သည့်အရာက တကယ်တော့ သဘာဝလွန်အဆင့် ကျင့်ကြံသူသာ ဖြစ်ပေသည်။ ထို့ကြောင့် အရိပ်၏ အံ့ဖွယ်ခန္ဓာကိုယ် ကျင့်ကြံဆင့်ဖြင့် ထိုလူ၏ ဝိညာဉ်ကို ရှာဖွေဖို့ အလွန်တရာ လွယ်ကူလှသည်။
ထိုသို့ ပြုလုပ်ပြီးသည့်နောက်တွင် အရိပ်က မီးဖိုချောင်သို့ ပြန်လာကာ ဘာမှမဖြစ်သည့်အတိုင်း ဟန်ဆောင်နေလေသည်။ အပြင်ဘက်ကမ္ဘာ၌ သူက ဘာမှမဟုတ်ဘဲ သာမန်သေမျိုးတစ်ယောက်မျှသာ ဖြစ်လေသည်။
မီးဘုရင်အတွက်မူ သူက သိပ်မကြာခင် နိုးထလာသည်။ သူ ပထမဆုံး လုပ်သည့်အရာက ထိုအတွေးများကို မြန်မြန်ဆန်ဆန် ပြန်လည်မြှုပ်နှံလိုက်ခြင်းဖြစ်ပြီး မီးနတ်ဘုရားဆီ အလျင်အမြန် ဆုတောင်းကာ သူ့သစ္စာကို ပေးအပ်လိုက်သည်။
မီးဘုရင်က သူ ယုံကြည်မှု ခေတ္တပြတ်တောက်သွားသည့်အချိန်ကို မီးနတ်ဘုရား ရှာဖွေတွေ့ရှိသွားသည်ကို သိပြီး သူ့ခစားမှုအား အသိအမှတ်ပြုဖို့ ခက်ခဲကာ နောက်အဆင့် တက်လှမ်းနိုင်မည့် အခွင့်အရေးအား မပေးတော့မည်ကို သိနေသည်။
ထိုစဉ် ရက်အနည်းငယ်ကြာ စောင့်ကြည့်ပြီးသည့်နောက်တွင် အရိပ်က နန်းတော်မှ ခိုးထွက်ကာ ခေါင်းဆောင်ဆီ သတင်းပို့ဖို့ ပြန်လာခဲ့သည်။ သူ့အတွက် ကံဆိုးသည်က လမ်းတစ်ဝက်တွင် မတော်တဆ ဖြစ်ရပ်တစ်ခု ဖြစ်သွားခဲ့သည်။
အရိပ်က သူ့ဦးတည်ရာသို့ ပျံသန်းနေရင်း အပေါ်မှ ဖိအားပြင်းပြင်းတစ်ခု ကျဆင်းလာသလို ခံစားလိုက်ရ၍ ရုတ်ချည်းရပ်တန့်လိုက်သည်။ ထို့နောက် အနက်ရောင်ချပ်ဝတ်နှင့် အမျိုးသားတစ်ဦးက ကောင်းကင်မှ ရုတ်ချည်းကျဆင်းလာလေ၏။
ချပ်ဝတ်အမျိုးသားက အရိပ်အား ကြည့်ကာ ပြောလိုက်သည် “ အပြင်လူ နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီ။ ဒီနတ်ဘုရားနဲ့လိုက်ပြီးတော့ မင်းရဲ့ ပြစ်ဒဏ်အကဲဖြတ်မှုကို ခံယူလှည့်”
အရိပ်က ထိုအရာကို ကြားပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ ထိုအမျိုးသား၏ အရှိန်အဝါအရ မီးဘုရင်ထက် ပိုအားကောင်းကြောင်း ပြောနိုင်လေသည်။ သူက ကျင့်ကြံဆင့်အားဖြင့် သူနှင့် ယှဉ်နိုင်ဟန် ပေါ်သည်။
သူက မီးဘုရင်ဆီမှ ရရှိထားသည့် မှတ်ဉာဏ်တချို့ကို စစ်ဆေးလိုက်ပြီးနောက် မေးလိုက်သည် “ ခင်ဗျားက လေဟာနယ် နတ်ဘုရားလား”
“ ဟုတ်တယ်။ မင်းက ငါ့အင်အားကို သိနေမှတော့ ခုခံနေဖို့ အသုံးမဝင်ဘူးဆိုတာသိသင့်တယ်။ မခုခံဘဲ ငါနဲ့အတူတူ လိုက်ခဲ့။ မင်းကမ္ဘာအကြောင်းကို အထွတ်အထိပ် နတ်ဘုရားတွေဆီ ပြောပြီးသွားရင်တော့ မင်းရဲ့အပြစ်ဒဏ်ကို သက်ညှာပေးဖို့ စဉ်းစားပေးမယ်”
အရိပ်က ထိုလူ၏ အသံအရ တခြားကမ္ဘာအကြောင်း ပြောစဉ်အနည်းငယ် လေသံမြင့်သွားကြောင်း ပြောနိုင်လေသည်။ ဆိုလိုသည်က သူက စိတ်လှုပ်ရှားလွန်းသွားခြင်း သို့မဟုတ် စိတ်ခံစားချက် မထိန်းချုပ်နိုင်ခြင်း ဖြစ်ပေသည်။
“ ခင်ဗျားနဲ့ မလိုက်ခင် ကျွန်တော် အရင်ဆုံး မေးစရာ ရှိတယ်” အရိပ်က နှိမ့်ချစွာဖြင့် ပြောလိုက်သည်။
ချပ်ဝတ်အမျိုးသားက ထိုအရာကို ကြားပြီး ရယ်မောလိုက်သည် “ မေးစမ်း”
“ ကျွန်တော်ကို ဘယ်လိုလုပ်ရှာတွေ့တာလဲ”
“ လွယ်လွယ်လေးပါ။ ကံကြမ္မာနတ်ဘုရားမက မင်းရဲ့နေရာကို တွက်ချက်ပေးထားပြီးသား”
အရိပ်က ထိုအရာကို ကြားပြီးနောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူ သိသလောက် ကံကြမ္မာနတ်ဘုရားသည် အထွတ်အထိပ် နတ်ဘုရား ၃၆ပါးထဲမှ တစ်ပါး ဖြစ်ပေသည်။ သို့သော် ထိုအရာက သူ ဂရုစိုက်သည့်အရာ မဟုတ်ပေ။
သဘောတရားအရဆိုရလျှင် သူက သာလွန်ကံကြမ္မာကျမ်း၏ အဆင့်နိမ့်ပုံစံကို ကျင့်ကြံထားသူအနေနှင့် ထိုသို့ ဂမ္ဘီရဉာဏ်နှင့် တွက်ချက်မှုများက သူ့အပေါ် အသုံးမဝင် ဖြစ်သင့်ပေသည်။ သို့သော် ထိုကံကြမ္မာ နတ်ဘုရားမက သူ၏ တည်နေရာကို တွက်ချက်နိုင်သေးသည်။
ဒီနတ်ဘုရားက မရိုးရှင်းဘူးပဲ…
အရိပ်က တွေးလိုက်မိသည်
ငါ သူမနဲ့ ရင်ဆိုင်တဲ့အခါ သတိကြီးကြီးထားဖို့ ခေါင်းဆောင်ကို ပြောရမယ်။
ထိုအရာကို တွေးလိုက်ပြီးနောက် အရိပ်က မေးခွန်းများ ဆက်မေးချင်သော်လည်း ဤနေရာသို့ ကြည့်နေသည့် အားကောင်းကောင်း အကြည့်တစ်ခုကို ခံစားမိလိုက်သည်။ ထို့ကြောင့် သူက ဘာမှမပြောဘဲ ရုတ်ချည်းပျောက်ကွယ်သွားကာ ချပ်ဝတ်အမျိုးသား၏ အနောက်ဘက်မှ ပြန်လည်ပေါ်ထွက်လာသည်။
သူ့လက်ထဲတွင် မီးခိုးရောင် ဓားမြှောင်နှစ်ခုဖြင့် ထိုလူအား ထိုးစိုက်ပစ်လိုက်၏။ ထိုဓားမြှောင်က ထိုလူ၏ ချပ်ဝတ်အတွင်းသို့ ထောပတ်တုံး လှီးဖြတ်လိုက်သလိုမျိုး ဝင်ရောက်သွားလေသည်။ ထို့နောက် ထိုလူ၏ ကျောမှ ရွှေရောင်သွေးများ စီးကျလာလေသည်။
အရိပ်က သွေးတချို့ကို အလျင်အမြန် သိမ်းဆည်းလိုက်ပြီးနောက် သူ့ သိုလှောင်လက်စွပ်အတွင်း ထည့်သိမ်းလိုက်သည်။
ချပ်ဝတ်အမျိုးသားသည် ထိုသူက အဘယ်ကြောင့် သူ့စကားများကို ပြန်ရုတ်သိမ်းကာ သူ့အား တိုက်ခိုက်ရသလဲဟု စဉ်းစားကာ တုန်လှုပ်နေဟန်ပေါ်သည်။
“ ဒီနတ်ဘုရားကို မင်းက လိမ်ညာရဲတယ်ပေါ့” ချပ်ဝတ်အမျိုးသားက အော်ပြောလိုက်သည်။
သူ့လက်ထဲတွင် ရွှေရောင်ပုဆိန်တစ်ချောင်း ပေါ်လာပြီး ထိုအရိပ်ကို ဖျက်ဆီးရန် ဝှေ့ယမ်းလိုက်သည်။ သို့သော် ကံဆိုးသည်က ချပ်ဝတ်အမျိုးသားက အတော်လေး နှေးကွေးနေသောကြောင့် အရိပ်က တိုက်ကွက်ကို ရှောင်ရှားနိုင်လိုက်သည်။
ဤအပြုအမူက သူ့အား ပို၍ ဒေါသထွက်သွားဟန်ပေါ်ကာ မရပ်မနား ဆက်လက် တိုက်ခိုက်တော့သည်။
ထိုစဉ် အရိပ်က အင်မတန် တည်ငြိမ်နေသည်။ သူက ရှောင်ရှားနေရင်း တစ်ဖက်လူ၏ လှုပ်ရှားမှုများကို အလျင်အမြန် ဆန်းစစ်နေသည်။ ပထမဆုံး သတိထားမိသည့်အရာက သူ့ကြောင့် ဖြစ်သွားသည့်ဒဏ်ရာမှာ ပြန်ကောင်းမွန်သွားပြီ ဖြစ်၏။
ဒီလူက အလိုအလျောက် ပြန်ကောင်းနိုင်စွမ်း ရှိတာပဲ။ အဲဒါဆိုတော့ သူပဲလား ဒါမှမဟုတ် နတ်ဘုရားတွေအကုန်လုံး အဲလိုဖြစ်နေတာလား။ ဒီကုသနိုင်စွမ်းကို စမ်းသပ်ကြည့်ရအောင် …
ထို့နောက် အရိပ်က ရှောင်ရှားနေသည်ကို ရပ်တန့်လိုက်ပြီး ဓားမြှောင်နှစ်ချောင်းနှင့် အရှိန်မြန်ဆန်မှုကို အခွင့်ကောင်းယူကာ သူက ချပ်ဝတ်အမျိုးသား၏ ခန္ဓာကိုယ်မှ နေရာအသီးသီးကို ထိုးစိုက်လိုက်သည်။
ထိုနတ်ဘုရား မြင်တွေ့နိုင်သည်က သူ့ရှေ့တွင် လက်ဟန်အမြောက်အများ ပေါ်ထွက်လာပြီး သူ့အား ဖြတ်တောက်လိုက်ခြင်းသာ ဖြစ်၏။ သူ့မျက်လုံးက အရိပ်၏ လှုပ်ရှားမှုကို မြင်နိုင်သော်လည်း သူ့ခန္ဓာကိုယ်က အလျင်နှုန်းကို အမှီမလိုက်နိုင်ပေ။
အရိပ်အတွက်မူ သူက တစ်ဖက်လူကို ဒဏ်ရာများ ဖြစ်စေနိုင်ခဲ့သော်လည်း မပျော်ရွှင်ပေ။ အကြောင်းအရင်းမှာ သူက ထိခိုက်မှု များများစားစား မဖြစ်သွားစေ၍ ဖြစ်သည်။ ထို့အပြင် ဒဏ်ရာများက ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်လာကြ၏။
ဒီလိုဆိုရင် ဝိညာဉ်တိုက်ခိုက်ဖို့ စမ်းကြည့်ရအောင် …
အရိပ်က တွေးလိုက်သည်။ သူ့ဝိညာဉ်စွမ်းအားက မြောက်များစွာသော ကြိုးမျှင်များအဖြစ် ပြောင်းလဲသွားကာ ထိုချပ်ဝတ်အမျိုးသား၏ အသိစိတ်ပင်လယ်အတွင်း ဝင်ရောက်ကာ ဝိညာဉ်အား အစိတ်စိတ်အပိုင်းပိုင်း ဖြတ်တောက်ဖို့ကြိုးစားလိုက်သည်။
ကံဆိုးစွာဖြင့် ချပ်ဝတ်အမျိုးသားက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် သူ့ကိုယ်သူ ဆက်လက် ကာကွယ်လိုက်သည်။ ထိုတိုက်ကွက်က အသုံးမဝင်လိုက်ပေ။
ကြည့်ရတာ ယုံကြည်မှုစွမ်းအားက သူတို့ကို ကာကွယ်ထားပုံပဲ။ ဒီနတ်ဘုရားတွေက ဝိညာဉ်တိုက်ကွက်တွေအပေါ် အသုံးမဝင်ဘူးပေါ့။
အရိပ်၏ ဓားမြှောင်မှ မီးခိုးရောင် အရှိန်အဝါတစ်ခု ရုတ်ချည်းပေါ်ထွက်လာပြီး ချက်ချင်း တိုက်ခိုက်လိုက်သည်။ ထိုချပ်ဝတ်အမျိုးသားက ဘာဖြစ်သွားလဲ နားမလည်သေးခင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး အော်ညည်းလိုက်ရသည်။
နာကျင်မှု အရင်းအမြစ်ကို ရှာဖွေတွေ့ရှိပြီးနောက်တွင် သူ့လက်တစ်ဖက်က ဖြတ်တောက်ခံလိုက်ရကြောင်း တွေ့ရှိသွားလေသည်။ ထိုအရာမှ ရွှေရောင်သွေးများ စီးကျနေလေ၏။ ပို၍ဆိုးရွားသည်က အပြင်လူက သူ့သွေးများကို ကုန်စည်အလား စုဆောင်းနေလေသည်။
“ မင်းက ဒီနတ်ဘုရားရဲ့ မြင့်မြတ်ခန္ဓာကိုယ်ကို ထိခိုက်ရဲတယ်ပေါ့” ချပ်ဝတ်အမျိုးသားက အော်ပြောလိုက်သည် “ မင်းက လုပ်ရဲတယ်ပေါ့”
သူ့မျက်ဝန်းက အနီရောင် ပြောင်းလဲသွားပြီး ရူးသွပ်မှု အငွေ့အသက်က ဖုံးလွှမ်းသွားလေသည်။ သူက အရိပ်ကို ဝါးမျိုပစ်ချင်ဟန်ပေါ်၏။
ကံဆိုးစွာဖြင့် အရိပ်က တည်တည်ငြိမ်ငြိမ်သာ သူ့အား ကြည့်နေသည်။ အရိပ် သုံးသပ်ထားသည့် ထိုနတ်ဘုရားများ၏ တန်ဖိုးမှာ သိသိသာသာ လျော့ကျသွားလေသည်။ အနည်းဆုံးတော့ ထိုလူ၏ လှုပ်ရှားမှုပေါ် ဖြစ်၏။
ဤတိုက်ပွဲတွင် ထိုနတ်ဘုရားက အတော်လေး မောက်မာကာ တစ်ဖက်လူကို အထင်သေးကြောင်း ပြောနိုင်လေသည်။ ထို့အပြင် အရိပ်က သူ့ရန်သူသည် တိုက်ပွဲအတွေ့အကြုံမရှိကြောင်း သတိပြုမိလိုက်သည်။
သူက တစ်ဖက်လူကို နှိမ်နင်းဖို့ အားသုံးနေရုံမျှသာ ဖြစ်၏။ ထို့ကြောင့် သူက ဘဝတွင် တစ်ခါမှ စိန်ခေါ်မှုမျိုးကို ရင်ဆိုင်ဖူးဟန် မပေါ်ပေ။
နတ်ဘုရားတွေအကုန်လုံးသာ ဒီလိုဆိုရင်တော့ ကမ္ဘာကို အုပ်စိုးဖို့ ပိုလွယ်ကူတော့မှာပဲ။
အရိပ်က တွေးလိုက်သည်။ သို့သော်လည်း အရိပ်က ချက်ချင်းကောက်ချက်မချသေးပေ။ သူက နတ်ဘုရားတစ်ပါးနှင့်သာ တွေ့ဆုံရသေးသည် မဟုတ်ပါလော။
စက္ကန့်ပိုင်းကြာ အော်ဟစ်ပြီးသည့်နောက်တွင် ချပ်ဝတ်အမျိုးသားက ရပ်တန့်လိုက်သည်။
အရိပ်က ထိုလူ၏ လက်မောင်းမှ သွေးများက ရပ်တန့်သွားသည်ကို သတိပြုမိလိုက်သည်။ သို့သော် ထိုလက်မောင်းက ချက်ချင်း ပြန်ထွက်မလာသည့်အတွက် ပျော်ရွှင်သွားလေသည်။ ဤအရာက ထိုနတ်ဘုရားများ၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းသည် ကန့်သတ်ချက်ရှိကြောင်း ပြသနေလေ၏။
ကံဆိုးစွာဖြင့် အရိပ်က ကြာကြာမပျော်လိုက်ရပေ။ ကောင်းကင်မှာ နေ့ခင်းဘက်ဖြစ်သော်လည်း ရုတ်ချည်းဆိုသလို ကြယ်တစ်လုံး တောက်ပလာလေသည်။ ထို့နောက် အရိပ်က သူ့ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ချည်းပြောင်းလဲသွားသလို ခံစားလိုက်ရ၏။ သူ့ပတ်ဝန်းကျင်ရှိ လေဟာနယ်က အစိုင်အခဲဖြစ်သွားကာ လှုပ်ရှားဖို့ အခက်တွေ့နေသည်။ လှုပ်ရှားမှုတိုင်းက အားထုတ်မှု အမြောက်အများ လိုအပ်နေလေ၏။ သူ့ မူလအရင်းအမြစ်ပင် အင်မတန် နှေးကွေးနေလေသည်။
“ ပိုင်နက်လား” အရိပ်က ရေရွတ်လိုက်ပြီးနောက် ထိုအတွေးကို အလျင်အမြန် ပယ်ချလိုက်သည်။ သူက မီးဘုရင်ဆီမှ ရရှိထားသော သတင်းအချက်အလက်များမှ တချို့အရာများကို သတိပြုမိသွားသည်။
ဤလောက၏ ကျင့်ကြံရေးစနစ်အရ မြင့်မြတ်စွမ်းအားကို မြင့်မြတ်အသွင်ပြောင်းခြင်းအဆင့်သို့ ကူးပြောင်းပြီးနောက်တွင် နောက်အဆင့်က ထိုစွမ်းအားကို ဖိနှိပ်၍ မျိုးစေ့အဖြစ်ထားကာ မြင့်မြတ်မျိုးစေ့ နယ်ပယ်အဆင့်သို့ ဝင်ရောက်ခြင်း ဖြစ်ပေသည်။
ထိုနယ်ပယ်တွင် ကျင့်ကြံသူများကို အစစ်အမှန် နတ်ဘုရားများဟု ခေါ်၏။ သို့သော်လည်း ထိုအထပ်တွင် မြင့်မြတ်ဘုံဗိမာန်နတ်ဘုရား သို့မဟုတ် လေဟာနယ်နတ်ဘုရားများ ရှိလေသည်။ ဤအဆင့်၌ ထိုနတ်ဘုရားများ ထားရှိထားသည့် မျိုးစေ့က မိုးမြေနှင့် ပေါင်းစပ်သွားကာ ကောင်းကင်ဘုံဗိမာန်ဟု ခေါ်သည့် အရာတစ်ခုကို ဖန်တီးလာနိုင်သည်။ ထိုအရာက ကမ္ဘာငယ်ပုံစံ ဖြစ်၏။
ကောင်းကင်ဘုံဗိမာန်က ကောင်းကင်တွင် တည်ရှိသည့် ကြယ်များဖြစ်ပြီး ထိုနတ်ဘုရားများ၏ ယုံကြည်သက်ဝင်သူများက သေဆုံးပြီးနောက်တွင် စေလွှတ်ခံရသည်ဟု ယုံကြည်ထားကြသော နေရာ ဖြစ်ပေသည်။ ထို့အပြင် ထိုနေရာက တချို့နတ်ဘုရားများကို သူတို့၏ ဘုံဗိမာန်အဖြစ် ပြုစုမွေးထုတ်ပေးသည့်နေရာလည်း ဖြစ်ပေသည်။
လေဟာနယ် နတ်ဘုရား၏ စွမ်းအားတစ်ခုမှာ သူတို့၏ ကောင်းကင်ဘုံဗိမာန် စွမ်းအားကို အသုံးပြု၍ သူတို့၏ စွမ်းအားကို တိုးမြှင့်နိုင်ခြင်း ဖြစ်သည်။
ထိုအတွေးက အရိပ်၏ စိတ်အတွင်း ချက်ချင်းဝင်ရောက်လာသည်။ ထို့နောက် သူက ချပ်ဝတ်အမျိုးသားအား ဆက်လက် လေ့လာလိုက်သည်။ ထို့နောက် သူက ကောင်းကင်မှ စွမ်းအားတစ်မျိုး ကျရောက်လာကာ ထိုအမျိုးသား၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားသည်ကို မြင်လိုက်ရသည်။ ထို့နောက်ဆိုသလို သူ့ မြင့်မြတ်စွမ်းအားက ပြန်လည်ပြည့်ဝလာပြီး သူ့လက်မောင်းလည်း ချက်ချင်းပြန်ပေါက်လာသည်။
ချပ်ဝတ်အမျိုးသားက အရိပ်အား အမုန်းတရားအပြည့်ဖြင့် ကြည့်ကာ “ မင်းကျေးဇူးကြောင့် ငါ့လက်မောင်း ပြန်ပေါက်လာဖို့ ယုံကြည်မှုစွမ်းအား အမြောက်အများ သုံးလိုက်ရပြီ။ မင်းကိုလည်း ထာဝရခံစားရအောင် လုပ်ပြမယ်”
ချပ်ဝတ်အမျိုးသားက ရုတ်ချည်း ပျောက်ကွယ်သွားပြီးနောက်တွင် ပြန်လည်ပေါ်ထွက်လာသည်။ သူ့ရွှေရောင် ပုဆိန်က တောက်ပနေလေ၏။ သူက အရိပ်အား နတ်ဘုရားတစ်ပါး၏ စွမ်းအင်အပြည့်ဖြင့် အားပြင်းပြင်း ခုတ်ချလိုက်သည်။