← Chapters

အထွတ်အထိပ် နတ်ဘုရားများ

Vol. 22 Ch. 305

အထွတ်အထိပ် နတ်ဘုရားများ

Vol. 22 Ch. 305

အခန်း (၃၀၅) : အထွတ်အထိပ် နတ်ဘုရားများ

အရိပ်က ထိုချပ်ဝတ်အမျိုးသား ရုတ်ချည်းပေါ်ထွက်လာမှုကြောင့် အံ့ဩသွားသော်လည်း သူ့တုံ့ပြန်မှုက ထိပ်တန်း ဖြစ်သောကြောင့် တိုက်ကွက်ကို ရှောင်နိုင်လိုက်သည်။ ထို့နောက်တွင် သူက ဓားမြှောင်ဖြင့် တစ်ဖက်လူ၏ အားနည်းသည့်နေရာများကို ဆက်တိုက် ထိုးစိုက်နေသည်။ ကံဆိုးစွာဖြင့် သူ တိုက်ခိုက်လိုက်သည့်နေရာတိုင်းတွင် သလင်းကျောက်အလွှာတစ်ခု ပေါ်လာကာ တားဆီးထားလေသည်။

ချပ်ဝတ်အမျိုးသားက ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ထပ်မံပေါ်ထွက်လာကာ တိုက်ခိုက်လိုက်သည်။

သူ့တိုက်ကွက်ကို တားဆီးနိုင်လိုက်သော်လည်း အရိပ်က ရုတ်တရက် အရှိန်မြင့်လာခြင်း၏ အကြောင်းအရင်းကို ရှာဖွေတွေ့ရှိသွားလေသည်။

ကောင်းကင်ဘုံဗိမာန် စွမ်းအားက သူ့ကို လေဟာနယ်စွမ်းအား အသုံးပြုပြီးတော့ ကူးပြောင်းသွားလာဖို့ ခွင့်ပြုပေးထားတာပဲ။ ငါ့တိုက်ကွက်ကို တားဆီးထားတဲ့ သလင်းကျောက်အလွှာက အာကာပြင်နံရံပဲ ဖြစ်ရမယ်။

အရိပ်က သူ့ တုံ့ပြန်မှုကို အခွင့်ကောင်းယူကာ တိုက်ကွက်အားလုံးကို ဆက်လက် ရှောင်ရှားနေသည်။ ထိုစဉ် သူက ထိုနတ်ဘုရား၏ စွမ်းရည်အားလုံးကို လေ့လာစောင့်ကြည့်နေလေ၏။ ကံကြမ္မာအရိပ် တပ်ဖွဲ့ဝင်အနေနှင့် သူ့ကို ဝမ်ဝေ့ကိုယ်တိုင် လေ့ကျင့်ပေးထားသောကြောင့် အားကောင်းသည့် သတင်းစုဆောင်းသူ တစ်ယောက်သာမက လုပ်ကြံသတ်ဖြတ်သူအနေနှင့်ပါ ထူးချွန်လေသည်။

သူ့ကို အခြေအနေအမျိုးမျိုး၌ တုံ့ပြန်နိုင်စွမ်း ရှိအောင် လေ့ကျင့်ပေးထားသည်။ ထို့ကြောင့် အရိပ်က ဤလေဟာနယ်နတ်ဘုရားသည် တိုက်ခိုက်ရေး အတွေ့အကြုံ အနည်းငယ်သာ ရှိသောကြောင့် မည်မျှအားနည်းကြောင်း သိလေသည်။

မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူ၏ အာကာပြင် ထိန်းချုပ်နိုင်စွမ်းက အရေးသာချက် ပေးနေသည်။ အရိပ်က တစ်ဖက်လူ ဆက်လက်ကူးသန်းမသွားလာနိုင်အောင် လေဟာနယ် ပိတ်ဆို့ရေးအဆောင်ကို အသက်သွင်းလိုက်ရမလားဟု စဉ်းစားနေမိသည်။

သို့သော်လည်း တစ်ယောက်ယောက်က ဤတိုက်ပွဲကို စောင့်ကြည့်နေကြောင်း တွေးမိပြီးနောက် သူက ထိုသို့မလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက တစ်ဖက်လူ၏ သတင်းအချက်အလက်များကို ထပ်မံ စုဆောင်းချင်ပြီး သူ့သတင်းအချက်အလက်များအား မပေးလိုပေ။

မိနစ်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် ချပ်ဝတ်အမျိုးသားက တစ်ဖက်လူကို ဒဏ်ရာပင်မရစေသောကြောင့် ဘာမှမလုပ်နိုင်မှန်း သဘောပေါက်လာသည်။ ဤအချက်က သူ့အား ပို၍ဒေါသထွက်လာစေသလို ပို၍ ကြမ်းကြမ်းတမ်းတမ်း ပြုမူလာစေသည်။

သူ့အတွက် ကံဆိုးသည်က အရိပ်က တစ်ဖက်လူ၏ သတင်းအချက်အလက်များကို စုဆောင်းပြီးပြီဖြစ်၍ ဤတိုက်ပွဲအား အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်လေသည်။ သူက လက်ဝှေ့လိုက်သည့်အချိန် မြေကြီးမှ အရိပ်များစွာ ထွက်ပေါ်လာပြီး ချပ်ဝတ်အမျိုးသားအား ဝိုင်းထားလေသည်။ စက္ကန့်ပိုင်းအတွင်း ထူးထူးဆန်းဆန်း သင်္ကေတများ ရေးသားထားသည့် အနက်ရောင် ဘောလုံးသဖွယ် ပြောင်းလဲသွားလေသည်။ ထိုအတွင်းမှ တဂျစ်ဂျစ်အသံများ ထွက်ပေါ်လာလေသည်။ အကြောင်းအရင်းမှာ ချပ်ဝတ်အမျိုးသားက သူ့တားဆီးမှုကို ချိုးဖျက်ဖို့ ကြိုးစားနေ၍ ဖြစ်သည်။

ကံဆိုးစွာဖြင့် သူ့ကောင်းကင်ဘုံဗိမာန်ကလည်း သူနှင့် ပိုင်းခြားလိုက်ဟန်ပေါ်သောကြောင့် အင်အားမဲ့နေသည်။ အရိပ်၏ ထိန်းချုပ်မှုအောက်တွင် အနက်ရောင် ဘောလုံးကြီးက စတင်ကျုံ့လာပြီး သူ့အား ဖမ်းဆီးဖို့ ပြင်နေသည်။

လမ်းတစ်ဝက်တွင် အရိပ်က တစ်ခုခုခံစားမိ၍ ခေါင်းကို မော့ကြည့်လိုက်သည်။ ထိုစဉ် သူ့ဆီ ဆင်းသက်လာသော မီးတောက်ဖြင့် လောင်ကျွမ်းနေသည့် ဧရာမအနီရောင်လက်ကြီးကို တွေ့လိုက်ရသည်။ အရိပ်က ထိုလက်ကို မြင်သည့်အခါ နှလုံးခုန်မြန်သွားလေ၏။

စည်းမျဉ်းစွမ်းအားလား…

သူက တအံ့တဩတွေးမိလိုက်သည်။

အထွတ်အထိပ် နတ်ဘုရားတွေက စည်းမျဉ်းကို အသုံးပြုနိုင်တာလား…

အရိပ်က ဧရာမလက်ကြီးဆီမှ မီးဓာတ်စည်းမျဉ်းကို ခံစားမိလေသည်။ သူ စုဆောင်းထားသည့် သတင်းအချက်အလက်များအရ ဤကမ္ဘာသည် အလယ်အလတ် ကမ္ဘာအဆင့်သာ ဖြစ်၍ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများက အမြင့်ဆုံးသာ ဖြစ်နိုင်လေသည်။

ဤကမ္ဘာတွင် ကွဲပြားသည့် ကျင့်ကြံရေးနည်းစနစ် ရှိသော်လည်း မဟာကမ္ဘာများကသာ စည်းမျဉ်းကို ထိန်းချုပ်နိုင်သည့်သူ မွေးဖွားပေးနိုင်သည့် အချက်ကို မပြောင်းလဲနိုင်ပေ။

ထိုလက်ကြီး နီးကပ်လာသည်နှင့် အရိပ်က ချပ်ဝတ်အမျိုးသားကို ဖမ်းဆီးဖို့ လက်လျှော့လိုက်သည်။ သူက ကူးသန်းပို့ဆောင်ရေး အဆောင်ကို ထုတ်ကာ အသက်သွင်းလိုက်သည်။ ကံဆိုးစွာဖြင့် သူ့ဘေးနားရှိ အာကာပြင်က ထိုလက်ကြီး၏ ပိတ်ဆို့ထားခံရဟန်ပေါ်သည်။

သူက ရွေးချယ်စရာမရှိဘဲ သူ့သိုလှောင်လက်စွပ်အတွင်းမှ ကျောက်စိမ်းအဆောင်ကို အလျင်အမြန် ထုတ်ယူလိုက်သည်။ ဤတစ်ကြိမ် သူက လေဟာနယ်ချိုးဖျက်ရေး အဆောင်ကို ထုတ်ယူလိုက်ခြင်း ဖြစ်၏။ အဖြူရောင်အလင်းတန်းက အရိပ်အား လွှမ်းမိုးသွားကာ နေရာမှ တန်း၍ ပျောက်ကွယ်သွားလေသည်။

ကောင်းကင်မှ ဆင်းသက်လာသည့် အနီရောင်လက်ကြီးက ထိုအရာကို သတိပြုမိပြီး ရပ်တန့်သွားသည်။ ထို့နောက် မြင့်မြတ်အာရုံတစ်ခုက ပတ်ဝန်းကျင်ကို လိုက်လံစစ်ဆေးနေလေသည်။ သူက ဘာမှရှာမတွေ့ရှိပြီးနောက် မြင့်မြတ်အာရုံက ပို၍ပင် ပျံ့နှံ့သွားသည်။

ကောင်းကင်အထက် ကြယ်တာရာများအနက် တစ်လုံးတွင် အနီရောင် ဝတ်ဆင်ထားသည့် အမျိုးသားက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကြည့်လာသည်။ သူ့တွင် အနီရောင် ဝတ်ရုံရှိပြီး သူ့ဆံပင်များက မီးတောက်များဖြင့် အစားထိုးထားလေသည်။

“ ငါ မီးတိုင်းပြည်တစ်ခုလုံးကို ရှာတာတောင် မတွေ့ဘူး” မီးနတ်ဘုရားက ရေရွတ်လိုက်သည်။ ထို့နောက် သူ့အသိစိတ်က အဝေးတစ်ခုသို့ ရောက်ရှိသွားလေသည်။

သလင်းကျောက် အကာအရံနှင့် နီးကပ်သည့်နေရာတွင် လေဟာနယ်ထဲ မြောလွင့်နေသည့် ကျောင်းဆောင်တစ်ခု ရှိနေသည်။ ထိုကျောင်းဆောင်က ရွှေရောင်နှင့် မြင့်မြတ်သည့် အငွေ့အသက်များ လွှမ်းခြုံထားလေ၏။ ကျောင်းဆောင်ရှိ အဝင်ဝတွင် အမျိုးသား၊ အမျိုးသမီးများ၏ ရုပ်ထု ၃၆ခု တည်ရှိနေသည်။

တချို့သော ရုပ်ထုများက လူသားနှင့်ပင် မတူပေ။ တချို့သော ရုပ်ထုများက မျက်နှာကို ဝေဝါးထားကြ၏။

ဘုရားကျောင်းဆောင်အတွင်း ထိုင်ခုံ ၃၆ ခုံ ကွက်တိရှိနေပြီး ထိုင်ခုံတစ်ခုချင်းစီ၏ နောက်တွင် သက်ဆိုင်ရာ စာလုံးရေးထွင်းထားကြသည်။ ထို့နောက် ရုတ်ချည်းဆိုသလို မီးဟု ရေးသားထားသည့် ဤထိုင်ခုံတွင် ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာလေသည်။ ဤသည်က မီးနတ်ဘုရားဖြစ်၏။

သူ ပေါ်ထွက်လာသည်နှင့် သူ့ဆီမှ ထူးထူးဆန်းဆန်း အငွေ့အသက်တစ်ခု ထွက်ပေါ်လာကာ တခြားလူတစ်ယောက်ကလည်း ထွက်ပေါ်လာကာ ထိုင်လိုက်သည် “ မီးနတ်ဘုရား ဘာလို့ အထွတ်အထိပ်နတ်ဘုရား အစည်းအဝေးကို ခေါ်လိုက်ရတာလဲ။ ငါတို့တွေအားလုံးကို စုစည်းတာလောက် ဘာသတင်းများ ထိုက်တန်တာ ရှိလို့လဲ”

“ ငါက ခေါ်ချင်တာ မဟုတ်ဘူး။ ကံကြမ္မာနတ်ဘုရားမက ခေါ်ခိုင်းတာ”

“ အဲဒါဆိုရင် ဘာအကြောင်းအရာ သိထားသေးလဲ” မိုးကြိုးနတ်ဘုရားက မေးလိုက်သည်။

“ အပြင်လူတွေနဲ့ ပတ်သက်တာပဲ ဖြစ်ရမယ်”

မိုးကြိုးနတ်ဘုရားက မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှထပ်မမေးတော့ပေ။ အကယ်၍ တခြားသူသာဖြစ်ပါက တချို့နတ်ဘုရားများက လာရောက်ကြမည် မဟုတ်ပေ။ သို့သော်လည်း ကံကြမ္မာနတ်ဘုရားမက အစည်းအဝေးခေါ်သည် ဖြစ်၍ အားလုံးက သူမအား မျက်နှာသာ ပေးရလိမ့်မည်။

နာရီအနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် အထွတ်အထိပ် နတ်ဘုရား ၃၆ ပါးလုံးက ကံကြမ္မာနတ်ဘုရားမနှင့်အတူ စုဆုံသွားကြသည်။ သူမ ပေါ်ထွက်လာသည်နှင့် သူမ၏ ငြိမ်းချမ်းသည့် သဘောထားက အားလုံးကို ဆွဲဆောင်သွားလေသည်။ အားလုံးက သူမ၏ ရှင်းပြမှုအား စောင့်ဆိုင်းနေကြ၏။

“ ရှင်တို့တွေလည်း အပြင်လူတွေ ဒီမီးနတ်ဘုရားရဲ့ ပိုင်နက်မှာ ရုတ်တရက် ပေါ်ထွက်လာတာကို သိပြီးကြပြီလို့ထင်တယ်” ကံကြမ္မာနတ်ဘုရားမက ပြောလိုက်သည်။

“ အဲလိုလား” သေခြင်းတရား နတ်ဘုရားက အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သည့်လေသံဖြင့် ပြန်ပြောလိုက်သည်။ အားအကောင်းဆုံး နတ်ဘုရားတစ်ပါးအနေနှင့် သူက သူ့ကိုယ်သူ ယုံကြည်ချက် မြင့်မားလေသည်။

“ ကျုပ် မှတ်မိသလောက် တချို့သူတွေ လာဖူးပေမဲ့ ကျုပ်တို့အတွက် ဘာခြိမ်းခြောက်မှုမှ မဖြစ်စေဖူးဘူး”

“ အဲလိုလည်း မဟုတ်သေးဘူး။ သူတို့နောက်က ကမ္ဘာကရော ဘယ်လိုလဲ” အထွတ်အထိပ် နတ်ဘုရားတစ်ပါးက မေးလိုက်သည်။

“ သလင်းကျောက် အကာအကွယ်သာ ရှိနေမယ်ဆိုရင် ငါတို့ ဘာမှစိုးရိမ်စရာ မလိုပါဘူး” သေခြင်းတရား နတ်ဘုရားက ပြန်လည်ချေပလိုက်သည်။

“ ကောင်းပြီ။ မင်ယွင် ပြောတာကို နားထောင်ကြည့်တာပေါ့” ရှင်သန်ခြင်းနတ်ဘုရားမက ပြောလိုက်သည်။ ထို့ကြောင့် အားလုံးက ကံကြမ္မာနတ်ဘုရားမကို ကြည့်လိုက်ကြ၏။

သူမက ခဏတာ ရပ်တန့်လိုက်ပြီးနောက် ပြောလိုက်သည် “ ကြည့်ရတာ ငါတို့အပေါ် နတ်ဘုရားတွေရဲ့ နိဂုံးချုပ် ကျရောက်လာတော့မယ် ထင်တယ်” အားလုံးက သူမအား တုန်လှုပ်စွာဖြင့် ကြည့်လိုက်ကြသည်။

နတ်ဘုရားများ၏ နိဂုံးချုပ်က နတ်ဘုရားများ အဆုံးသတ်သွားခြင်းကို ဆိုလိုခြင်းဖြစ်ပြီး နာမည်အတိုင်း ဆိုလိုရင်းတစ်ခုသာ ရှိလေသည်။ နတ်ဘုရားများအားလုံး ကျဆုံးပြီး သူတို့အုပ်စိုးသည့် ခေတ်ကာလ အဆုံးသတ်သွားမည်ဟု ဆိုလိုခြင်း ဖြစ်သည်။

“ ကံကြမ္မာနတ်ဘုရားမ ကျုပ်တို့က ခင်ဗျားကို လေးစားပေမဲ့ ခင်ဗျားက ဘာအကျိုးဆက်မှ မရှိဘဲ ပြောချင်တာ ပြောလို့ရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး” သေခြင်းတရား နတ်ဘုရားအပြီးတွင် အားအကောင်းဆုံးဖြစ်သည့် ဖျက်ဆီးခြင်းနတ်ဘုရားက ပြောလိုက်သည်။

လူများစွာက သူနှင့် အတွေးတူ ရှိကြသည်။ သို့သော် လူတချို့ကသာ သူတို့၏ အမြင်ကို ထုတ်ပြောရဲကြသည်။

“ အပြင်လူတွေ ငါတို့ကမ္ဘာထဲ ဝင်လာတာနဲ့ တစ်ခုခုမှားယွင်းတာကို ခံစားမိလို့ မိခင်နတ်ဘုရားဆီ ဆက်သွယ်လိုက်တယ်” ကံကြမ္မာနတ်ဘုရားမက တည်ငြိမ်စွာ ပြောလိုက်သည်။

မိခင်နတ်ဘုရားဟူသော စကားလုံးကို ကြားပြီးသည့်နောက်တွင် အားလုံးက အာရုံစိုက်လာကြသည်။

“ သူမရဲ့စွမ်းအားနဲ့ ငါ ဒီကမ္ဘာရဲ့ အနာဂတ်ကို ကြည့်နိုင်ခဲ့တယ်။ ဒါက ငါ မြင်ခဲ့တာပဲ”

သူမ လက်ဝှေ့လိုက်သည့်အခါ မြင်ကွင်းတစ်ခု ထွက်ပေါ်လာလေသည်။ ကောင်းကင်မှ ကြယ်တာရာများ ကြွေကျနေပြီး တစ်ခုမှ မကျန်ရှိတော့ပေ။ ထို့နောက် မြေကြီးတွင် ရွှေရောင်သွေးများ စွန်းထင်းကာ မြစ်သဖွယ် စီးဆင်းနေလေသည်။

နတ်ဘုရားများ၏ မျက်နှာထားက ထိုအရာကို မြင်ပြီး ပျက်ယွင်းသွားကြသည်။ သူတို့က ကြယ်တာရာများသည် သူတို့၏ ကောင်းကင်ဘုံဗိမာန်ကို ကိုယ်စားပြုကြောင်း သိထားကြပြီး ရွှေရောင်သွေးများက သူတို့၏ သွေးများ ဖြစ်ပေသည်။

“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ရှင်သန်ခြင်း နတ်ဘုရားမက ပြောလိုက်သည် “ ငါတို့တွေ အပြင်လူတွေ ကျူးကျော်တာကို အရင်ကလည်း ကြုံဖူးတာပဲ မဟုတ်ဘူးလား။ ဒီတစ်ခါ ဘာလို့ကွဲပြားနေမှာလဲ”

သို့သော်လည်း မည်သူကမှ သူမကို ပြန်မဖြေကြပေ။ တခြားလူများကလည်း ထိုအရာကို မြင်ပြီးနောက် အနည်းငယ်စဉ်းစားနေကြ၏။

ထိုစဉ် သေခြင်းတရား နတ်ဘုရားက ပြောလိုက်သည် “ ဘာမှစိုးရိမ်နေစရာ မလိုဘူး။ ကံကြမ္မာဆိုတာ တစ်သတ်မှတ်တည်း မဟုတ်ဘူး။ ငါတို့တွေ အနာဂတ်ကို ပြောင်းလဲနိုင်သေးတယ်”

“ ငါတို့တွေ ဘယ်လိုလုပ်ရမှာလဲ” နောက်ထပ် နတ်ဘုရားတစ်ပါးက မေးလိုက်သည်။

“ ငါတို့တွေ အခြေအနေကို ဆန်းစစ်ပြီးတော့ သင့်တော်တဲ့ ဖြေရှင်းနည်းကို ဖော်ထုတ်ဖို့ပဲ” သေခြင်းတရား နတ်ဘုရားက ပြောလိုက်သည် “ တစ်ယောက်ယောက် အကြံပြုချင်တာရှိရင် အခုထုတ်ပြောလိုက်ကြ”

သို့သော်လည်း မည်သူကမှ ဘာမှမပြောကြပေ။ သေခြင်းတရားနတ်ဘုရား၏ စကားက တချို့ကို စိတ်ငြိမ်သွားစေသော်လည်း တချို့ကတော့ စိုးရိမ်နေဆဲသာ ဖြစ်သည်။

ကံကြမ္မာနတ်ဘုရားမက ထိုလူများ၏ တုံ့ပြန်မှုကို ကြည့်ရင်း အနည်းငယ် စိတ်ပျက်သွားလေသည်။ ထိုအရာက နတ်ဘုရားများ၏ အားနည်းချက်ထဲက တစ်ခု ဖြစ်ပေသည်။ သလင်းကျောက် အကာအကွယ်ဖြင့် ကာကွယ်ပေးခံထားရသည်မှာ ကြာမြင့်လှပြီဖြစ်၍ သူတို့က ကပ်ဘေးအတွင်း ဖြေရှင်းဖို့ တုံ့ပြန်နိုင်စွမ်းကို ဆုံးရှုံးသွားရလေပြီ။

အများစုက ကပ်ဘေး၏ အဓိပ္ပာယ်ကိုပင် နားမလည်ကြတော့ပေ။ အဆင့်မြင့်ကာ ထူးချွန်သူများအနေနှင့် သူတို့က သူတို့၏ တစ်ကိုယ်ကောင်းဆန်သည့် ရည်ရွယ်ချက်များ ရှိတတ်ကြသည်။

ကံကြမ္မာနတ်ဘုရားမက မျက်စိထောင့်မှ စစ်ပွဲနတ်ဘုရားမအား လှမ်းကြည့်လိုက်ပြီး သူမဆီမှ စစ်ပွဲကို လိုလားမှုအပြင် ဘာမှမခံစားမိပေ။

“ ငါ့မှာ အကြံပြုစရာ တစ်ခုရှိတယ်။ ငါတို့တွေ ဉာဏ်ပညာ နတ်ဘုရားကို ခေါ်ပြီးတော့ အခြေအနေကို သုံးသပ်ခိုင်းတာ အကောင်းဆုံးပဲ” ကံကြမ္မာနတ်ဘုရားမက ပြောလိုက်သည်။

“ ခင်ဗျားရဲ့ ဗိမာန်ထဲက နတ်ဘုရားငယ်ကို ပြောတာလား” သေခြင်းတရား နတ်ဘုရားက ပြောလိုက်သည် “ သူ့ သုံးသပ်နိုင်စွမ်းက ဒီအခြေအနေအတွက် အသင့်တော်ဆုံးပဲ။ ဒါက အကြံကောင်းလို့ ထင်တယ်။ တခြားသူတွေရော ဘယ်လိုတွေးကြလဲ”

“ ကျုပ်တို့တွေ သဘောတူတယ်”

လူများစွာက ထိုအပြုအမူနှင့် ပတ်သက်ပြီး သဘောတူကြသောကြောင့် ကံကြမ္မာနတ်ဘုရားမက ဉာဏ်ပညာ နတ်ဘုရားအား လှမ်း၍ ခေါ်လိုက်သည်။

All Chapters