← Chapters

သတင်းအချက်အလက် ဆန်းစစ်ခြင်း

Vol. 22 Ch. 306

သတင်းအချက်အလက် ဆန်းစစ်ခြင်း

Vol. 22 Ch. 306

အခန်း (၃၀၆) : သတင်းအချက်အလက် ဆန်းစစ်ခြင်း

ဤကမ္ဘာရှိ နတ်ဘုရားများ၏ ကောင်းကင် ဘုံဗိမာန်အများစုက ပုံမှန်အားဖြင့် တူညီကြလေသည်။ အလယ်တွင် ရွှေရောင်ကျောင်းဆောင်ရှိပြီး ဘေးတွင် ယုံကြည်သက်ဝင်သူများနှင့် လေဟာနယ် နတ်ဘုရားအဆင့်အောက်ရှိ နတ်ဘုရားများနှင့် နတ်ဘုရားကို ခစားသည့်သူများ၊ ဘုံဗိမာန်များလည်း တည်ရှိသည်။

ရွှေရောင်က မြင့်မြတ်ခြင်း၊ ထူးကဲမှု၊ တော်ဝင်ဆန်မှုကို ကိုယ်စားပြုသောကြောင့် နတ်ဘုရားအများစုက သူတို့၏ ဘုံဗိမာန်အများစုကို ရွှေဖြင့် ပြုလုပ်ထားကြသည်။ သူတို့တွင် သူတို့၏ သွင်ပြင်နှင့်တူသည့် ရုပ်ထုကိုလည်း ရွှေဖြင့် ပြုလုပ်ထားတတ်ကြသည်။

ကျောင်းဆောင်အလယ်တွင် ဉာဏ်ပညာဟု ရေးသားထားပြီး “ ဉာဏ်ပညာက သက်ရှိအားလုံးရဲ့ အသိဉာဏ် စွမ်းအားပဲ” ဟု စာကြောင်းလည်း ပါရှိသည်။

ထိုကျောင်းဆောင်အတွင်းရှိ အခန်းများအနက် တစ်ခုအတွင်း ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူအရှည်ကြီးနှင့် လူအိုကြီးက မျက်လုံးမှိတ်ကာ ပလ္လင်ပေါ်တွင် ထိုင်နေလေသည်။ သူက ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး သူ့ပုံစံက ပညာရှိပုံစံ ပေါက်လေသည်။ သူက မျက်လုံးမှိတ်ထားရင်း သူ့ခေါင်းအတွင်း ဆက်နွယ်နေသည့် မမြင်ရသော စွမ်းအင်ကြိုးများစွာက သူ့ခေါင်းနှင့် ဆက်နွယ်နေသည်။ သူက ထိုအရာများကို စုပ်ယူနေဟန် ပေါ်၏။ ရုတ်ချည်းဆိုသလို ထိုလူအိုကြီးက မျက်လုံးပွင့်လာကာ သူ့မျက်ဝန်းအတွင်း စိတ်ရှုပ်ထွေးမှုနှင့် တုန်လှုပ်မှုကို မြင်တွေ့နိုင်လေသည်။

သူက ခဏတာ မျက်မှောင်ကြုတ်လိုက်ပြီးနောက် ပလ္လင်ပေါ် လက်ချောင်းဖြင့် ခေါက်ကာ နက်နက်နဲနဲ စဉ်းစားလိုက်သည်။ သူက သူ့ခေါင်းဆောင် ကံကြမ္မာနတ်ဘုရားမဆီမှ အထွတ်အထိပ်နတ်ဘုရား အစည်းအဝေးသို့ တက်ရောက်ရန် အခေါ်ခံလိုက်ရခြင်း ဖြစ်၏။

သူ့အနေနှင့် နတ်ဘုရားများအားလုံးသည် သူတို့၏ ကွဲပြားမှုအားလုံးကို ဘေးဖယ်ကာ အစည်းအဝေးကျင်းပသည့် အကြောင်းအရင်းမှာ အရေးပေါ်ဖြစ်၍မှန်း သိလေသည်။

သို့သော်လည်း သူက သူ့လိုမျိုး နတ်ဘုရားငယ်လေးကို အဘယ်ကြောင့် အစည်းအဝေးကို ခေါ်နေတာလဲဟု အနည်းငယ် နားရှုပ်နေမိသည်။ ဉာဏ်ပညာပါဝင်သော သူ့ ဂမ္ဘီရအစွမ်းကြောင့် သူ့တွင် တိုက်ခိုက်စွမ်းရည် မရှိပေ။

ကံကြမ္မာနတ်ဘုရားမက ငါ့စွမ်းရည်ကို သိတယ်ဆိုတော့ ငါ့ပညာရပ်ကို တစ်ခုခုလိုအပ်နေတာပဲ ဖြစ်ရမယ်…

ဉာဏ်ပညာနတ်ဘုရားက အလျင်အမြန် လှုပ်ရှားကာ တွက်ချက်လိုက်သည်။

ဒါက ငါ အထွတ်အထိပ် နတ်ဘုရားဖြစ်လာနိုင်မဲ့ အခွင့်အရေး ဖြစ်နိုင်တယ်။

သို့သော်လည်း သူက ထိုအတွေးကို အလျင်အမြန် ပယ်ချလိုက်သည်။

တခြားသောအထွတ်အထိပ် နတ်ဘုရားများက နောက်ထပ် နတ်ဘုရားတစ်ပါးမွေးဖွားလာဖို့ အလွယ်တကူ ခွင့်ပြုမည် မဟုတ်ပေ။

တကယ်လို့ ငါ့လို တိုက်ခိုက်စွမ်းရည် မရှိတဲ့သူတောင်မှ ဖြစ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကိစ္စတွေသာ အဆင်ချောမယ်ဆိုရင် ငါ ယုံကြည်မှုစွမ်းအားကို စုဆောင်းနိုင်ပြီးတော့ မြင့်မြတ်ယုံကြည်မှု ထိပ်သီးနယ်ပယ်အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်။

ဉာဏ်ပညာနတ်ဘုရားက ပိုမိုသင့်တော်သော အဝတ်အစားကို လဲဝတ်လိုက်ပြီးနောက် စောင့်ဆိုင်းနေလေသည်။ သိပ်မကြာခင် သူ့အား ရွှေရောင်အလင်း ခြုံလွှမ်းသွားလေ၏။

သူ မျက်လုံးဖွင့်လိုက်သည့်အခါ သူ့ခေါင်းအထက်တွင် နေရာ ၃၆ ခုက စက်ဝိုင်းသဏ္ဌာန် ဝန်းရံထားသည်ကို မြင်တွေ့လိုက်ရ၏။ သူက နှလုံးခုန်မြန်သွားကာ ချက်ချင်း ဦးညွှတ်လိုက်သည်။

“ ကျစ်ဟွေ့က အထွတ်အထိပ် နတ်ဘုရားတွေအားလုံးကို ဂါရဝပြုပါတယ်။”

“ စိတ်လှုပ်ရှားနေဖို့ မလိုဘူး” ကံကြမ္မာ နတ်ဘုရားမက ဖျောင်းဖျလိုက်သည် “ ငါတို့ မင်းကို ခေါ်လိုက်တာက မင်းရဲ့ စွမ်းရည်နဲ့ တစ်ခုခုကို သုံးသပ်ခိုင်းချင်လို့ပဲ။ ပြီးသွားရင် မင်းကို ဆုကြီးကြီး ချီးမြှင့်ပေးမယ်”

“ အထွတ်အထိပ် နတ်ဘုရားတို့အားလုံးကို ခစားရတာ ကျွန်တော်ရဲ့ ဂုဏ်ယူမှုပါပဲ။”

ထို့နောက် ကံကြမ္မာနတ်ဘုရားမက သူတို့သိထားသည့် သတင်းအချက်အလက်အားလုံးကို ပြောပြလိုက်သည်။ နတ်ဘုရားများ၏ နိဂုံးချုပ်မှုလည်း အပါအဝင် ဖြစ်၏။ သူတို့က ထိုအချက်အလက်ကို မပျံ့နှံ့စေချင်သော်လည်း ဉာဏ်ပညာနတ်ဘုရားက ကောင်းကောင်းသုံးသပ်နိုင်ဖို့အတွက် သိသင့်သည့် သတင်းအချက်အလက် အားလုံးကို ထုတ်ပေးသည်က ပို၍ကောင်းသောကြောင့် သဘောတူလိုက်ခြင်း ဖြစ်သည်။

ထိုအချက်အလက်အားလုံးကို ကြားပြီးသည့်နောက်တွင် ဉာဏ်ပညာနတ်ဘုရားက အသက်ပြင်းပြင်းရှူကာ သူ့ကိုယ်သူ တည်ငြိမ်အောင် ပြုလုပ်လိုက်ပြီး မေးခွန်းတစ်ခု ထုတ်မေးလိုက်သည် “ ကံကြမ္မာနတ်ဘုရားမက အပြင်လူအကြောင်းကို ဘယ်လိုသိတာလဲ။ ကျွန်တော် သိခွင့်ရမလား။ ပြီးတော့ အခုရော အဲလိုမျိုး လုပ်နိုင်သေးပါသလား”

“ အပြင်လူတွေ ပေါ်လာတုန်းက ငါ မိခင်နတ်ဘုရားမရဲ့ စွမ်းအားကို သုံးပြီးတော့ ငါ့စွမ်းအားကို မြှင့်တင်ခဲ့တယ်။ အဲဒါကြောင့် အပြင်လူတွေရဲ့ သူတို့လတ်တလော လှုပ်ရှားမှုကိုတော့ အာရုံခံနိုင်တယ်။ ဒါပေမဲ့ အဲဒါပြီးတော့ ဒီနည်းလမ်းက အလုပ်မဖြစ်တော့ဘူး”

ဉာဏ်ပညာနတ်ဘုရားက ခေါင်းညိတ်ကာ မီးနတ်ဘုရားအား ကြည့်လိုက်ပြီး “ အရှင်မီးနတ်ဘုရား … အရှင့်ရဲ့နောက်လိုက်နဲ့ အပြင်လူရဲ့ တိုက်ပွဲကို ပြလို့များ ရမလား”

မီးနတ်ဘုရားက ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်ကာ ထိုလူက သူ့အား အရှက်ခွဲဖို့ ကြိုးစားနေတာလားဟု စဉ်းစားလိုက်သည်။ သို့သော်လည်း အခြေအနေကို တွေးကြည့်ပြီးသည့်နောက်တွင် ထိုသို့ဖြစ်ဟန်မပေါ်ပေ။ ထို့ကြောင့် သူက လက်ဝှေ့လိုက်ပြီး သူ့မှတ်ဉာဏ်ထဲမှ တိုက်ပွဲအား ပြန်လည်ပြသလိုက်သည်။

ဉာဏ်ပညာနတ်ဘုရားက အရာအားလုံးကို ကြည့်ရှုပြီးသည့်နောက်တွင် မျက်လုံးမှိတ်ကာ သူ စုဆောင်းထားသည့် သတင်းအချက်အလက်များအား ပြန်လည် ဖတ်ရှုလိုက်သည်။ သူက ဉာဏ်ပညာဂမ္ဘီရအစွမ်းနှင့် ဆက်နွယ်လိုက်သည့်အချိန် သူ့စိတ်က အလျင်အမြန် သွက်လက်လာသည်။

သူက ပိုမိုဉာဏ်ကောင်းလာပြီး သူ့တွက်ချက်စွမ်းအားကလည်း စူပါကွန်ပျူတာတစ်လုံးထက် ပို၍ မြန်ဆန်လာသည်။ သူ့စိတ်က အချက်အလက်အသေးလေးမှအစ နောင်အချက်အလက် ဖြစ်လာနိုင်ချေအထိ တွက်ချက်နေလေသည်။

တစ်နာရီကြာပြီးသည့်နောက်တွင် ဉာဏ်ပညာနတ်ဘုရားက မျက်လုံးပွင့်လာလေသည်။ သူ့အသားအရည်က အနည်းငယ် ဖြူဖျော့နေလေ၏။

“ မင်းတစ်ခုခုများ သိခဲ့ရလား” ကံကြမ္မာနတ်ဘုရားမက မေးလိုက်သည်။

“ ဟုတ် ကိစ္စတချို့ပါပဲ”

“ ပြောစမ်းပါဦး”

“ ပထမဆုံး ရန်သူက ဆန့်ကျင်ဂမ္ဘီရအစွမ်းကို သုံးထားတယ်။ အဲဒါကြောင့် သူတို့ကို ခြေရာခံလို့ မရဘူး။

ဒုတိယအချက်အနေနဲ့ သူတို့က အရမ်းကို သတိကြီးတယ်။ အရင် ကျွန်တော်တို့ ကမ္ဘာကို ရောက်ရှိလာတဲ့ အပြင်လူအများစုက ဒီကမ္ဘာက အလယ်အလတ်ကမ္ဘာဆိုပြီးတော့ မဆင်မခြင်ပြုမူခဲ့ကြတယ်။ တတိယအချက်အနေနဲ့ အရင်စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေအရ ဒီကမ္ဘာကို ရောက်ရှိလာတာ လူလေးယောက် ရှိတယ်။ အမျိုးသားနှစ်ယောက်၊ အမျိုးသမီးနှစ်ယောက် … ဒါပေမဲ့ အရှင်မီးနတ်ဘုရားရဲ့ နောက်လိုက်ကို တိုက်ခိုက်တဲ့သူက အဲဒီလေးယောက်ထဲက မဟုတ်ဘူး။ အဲဒါကြောင့် သူတို့က သိုလှောင်လက်စွပ်လိုမျိုးနဲ့ လူတွေကို သယ်လာနိုင်ချေ ဖြစ်ဖို့များတယ်”

“ သိုလှောင်လက်စွပ်လား။ အဲဒါက သက်မဲ့တွေကိုပဲ သယ်ဆောင်လို့ရတာ မဟုတ်ဘူးလား” သေခြင်းတရား နတ်ဘုရားက ဝင်ပြောလိုက်သည်။

“ သူ့ကို ဆက်ပြောပါစေ” ရှင်သန်ခြင်းနတ်ဘုရားမက ပြောလိုက်သည်။

ဉာဏ်ပညာနတ်ဘုရားက ခေါင်းညိတ်ကာ ဆက်ပြောလိုက်၏။

“ လေးချက်မြောက်အနေနဲ့ တကယ်လို့ အပြင်လူတွေသာ လူတွေကို သယ်ဆောင်နိုင်တဲ့ သိုလှောင်လက်စွပ် ပါလာနိုင်တယ်ဆိုရင် သူတို့က တပ်မဟာတစ်ခုလုံး သယ်ဆောင်လာနိုင်ချေ များတယ်။

ငါးချက်မြောက်အနေနဲ့က လေဟာနယ်နတ်ဘုရားလျူနဲ့ တိုက်ခိုက်တဲ့သူက အရမ်းကို အားကောင်းတယ်။ တိုက်ပွဲကနေ ကြည့်ရင် သူ့ကို သေချာလေ့ကျင့်ပေးထားမှန်း သိသာတယ်။

သူ့ရဲ့ အရှိန်အဝါနဲ့ စွမ်းအင်အဆင့်အရ သူက လေဟာနယ် နတ်ဘုရားလောက်ရှိပေမဲ့ သူ့အင်အားက တခြားနတ်ဘုရားငယ်တွေနဲ့ ယှဉ်နိုင်လောက်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ သူတို့ရဲ့ ကျင့်ကြံရေးစနစ်က ပိုပြီးတော့ အဆင့်မြင့်တယ်ဆိုတာကို ကောက်ချက်ချနိုင်တယ်။

ခြောက်ချက်မြောက်အနေနဲ့ တိုက်ပွဲအတွင်းမှာ အပြင်လူက ကံကြမ္မာ၊ အရိပ်နဲ့ ခိုးယူခြင်းဆိုတဲ့ စွမ်းရည်တွေကို အသုံးပြုခဲ့တယ်”

ဉာဏ်ပညာနတ်ဘုရားက ထိုအချက်ကို တွေးမိသည့် အကြောင်းအရင်းမှာ နတ်ဘုရားများ၏ ကျင့်ကြံရေးနည်းစနစ်က သူတို့၏ မြင့်မြတ်စွမ်းအားကို အသုံးပြုသောကြောင့် နတ်ဘုရားများသည် မတူညီ ကွဲပြားသည့် စွမ်းရည်များ သို့မဟုတ် မန္တန်များကို အသုံးပြုနိုင်ကြသည်။ သို့သော်လည်း သူတို့အားကောင်းလာသည်နှင့်အမျှ သူတို့က ပို၍ ချုပ်နှောင်ခံထားရလေသည်။ အထူးသဖြင့် မြင့်မြတ်ယုံကြည်မှုနယ်ပယ်အဆင့်ဝင်ပြီး နတ်ဘုရားငယ် ဖြစ်လာပြီးသည့်နောက်တွင် ဖြစ်သည်။

ထိုအဆင့်တွင် နတ်ဘုရားများက သူတို့၏ အဓိက အာရုံစိုက်မှုအဖြစ် စည်းမျဉ်းတစ်ခုကို ရွေးချယ်ရပြီး ထိုစည်းမျဉ်းပေါ်မှ ယုံကြည်မှုကို စုဆောင်းရလေသည်။ ရလဒ်အနေဖြင့် သူတို့က ရွေးချယ်လိုက်သည့် စည်းမျဉ်း၏ ချုပ်နှောင်မှုကို မကြာခဏ ခံရလေ့ ရှိသည်။

နမူနာအနေဖြင့် သေခြင်းတရား နတ်ဘုရားသည် မီးမန္တန် သို့မဟုတ် မီးစွမ်းရည်မျိုးကို အသုံးမပြုနိုင်ပေ။ သူက သေခြင်းတရား မီးတောက် သို့မဟုတ် သေခြင်းတရား မိုးကြိုး အစရှိသည့်အရာများကို အသုံးပြုနိုင်သည်။ ထိုသို့ဆိုလျှင်ပင် ထိုစွမ်းဆောင်ရည်များက မီးနတ်ဘုရား သို့မဟုတ် မိုးကြိုးနတ်ဘုရားနှင့် ရင်ဆိုင်သည့်အခါ ထိုစွမ်းရည်များက သိသိသာသာ အင်အားလျော့ကျသွားလိမ့်မည်။

ထို့အပြင် သူက တခြားအထွတ်အထိပ် နတ်ဘုရားများနှင့် ဆက်နွယ်နေသည့် သီးသန့်သဘာဝဓာတ်မျိုးကို အသုံးမပြုနိုင်ပေ။ ဤသည်က ယုံကြည်မှုနတ်ဘုရား နည်းစနစ်၏ ကန့်သတ်ချက် ဖြစ်၏။

ထို ၆ချက်မြောက်ထိ ပြောပြီးသည့်နောက်တွင် ဉာဏ်ပညာနတ်ဘုရားက မီးနတ်ဘုရားအား ကြည့်ကာ “ အရှင် အပြင်လူပေါ်လာတဲ့နေရာမှာ တစ်ခုခုများ ဖြစ်ခဲ့လားဆိုပြီးတော့ စစ်ဆေးပေးလို့များ ရမလား။ ဖြစ်နိုင်ရင် ပတ်ဝန်းကျင်တစ်ခုလုံးပေါ့”

မီးနတ်ဘုရား၏ ပုံရိပ်ယောင်က ခေါင်းညိတ်ကာ မျက်လုံးကို အသာမှိတ်လိုက်သည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူ့မျက်နှာက ရှုံ့မဲ့သွားကာ မျက်လုံးပြန်ပွင့်လာလေ၏။

“ ဘာဖြစ်လို့လဲ” ကံကြမ္မာနတ်ဘုရားမက မေးလိုက်သည်။

“ ငါ့မျိုးဆက်တစ်ယောက်က ခဏတာ ငါ့အပေါ် ယုံကြည်မှု ပျောက်ဆုံးသွားတယ်။ ပြီးတော့ သူ့ဝိညာဉ်ကို ရှာဖွေခံထားရတဲ့ အရိပ်အယောင်တွေ့ရတယ်”

“ ဒီလိုဆိုရင် ၇ချက်မြောက်က အပြင်လူတွေက ယုံကြည်သူတွေနဲ့ သူတို့နတ်ဘုရားတွေကို ဆက်သွယ်မှု ဖြတ်တောက်နိုင်မဲ့ နည်းလမ်း ရှိရမယ်။

၈ ချက်မြောက်အနေနဲ့က အပြင်လူက သူ့ကိုယ်သူ ကူးပြောင်းသွားလာဖို့ ပစ္စည်းတစ်ခု ထုတ်သုံးလိုက်တယ်။ တကယ်လို့ ကျွန်တော်သာ မှတ်မိတာ မှန်မယ်ဆိုရင် အဲဒါက သူတို့ခေါ်နေတဲ့ အဆောင်ဆိုတာပဲ ဖြစ်ရမယ်။ ပြီးတော့ အထွတ်အထိပ် နတ်ဘုရားရဲ့ တိုက်ခိုက်မှုကနေ လွတ်မြောက်နိုင်ဖို့ဆိုရင် အနည်းဆုံးတော့ တော်တော်လေးကို အဆင့်မြင့်မှ ဖြစ်လိမ့်မယ်။”

သူက ခေတ္တရပ်လိုက်ပြီးနောက် သက်ပြင်းချကာ “ ရရှိထားတဲ့ အချက်အလက်တွေအရ အပြင်လူ‌တွေက အဆင့်မြင့်တဲ့ လူမှုအဖွဲ့အစည်းက ရောက်ရှိလာတယ်ဆိုတာကို ကောက်ချက်ချနိုင်တယ်။ သူတို့က ကောင်းကင်အလိုဆန္ဒကမ္ဘာက ဖြစ်နေနိုင်တယ်”

အစည်းအဝေးခန်းမအတွင်း သက်ပြင်းချသံများကို ကြားလိုက်ရသည်။ အများစုက ရှည်ကြာလှသော ဘဝကို နေထိုင်ခဲ့သူများ ဖြစ်လေသည်။ နတ်ဘုရားများအနေနှင့် သူတို့က ဒီကမ္ဘာအတွင်းနေထိုင်သရွေ့ မသေမျိုးနီးပါးဖြစ်သောကြောင့် အများစုက အပြင်လူများ၏ ကျူးကျော်မှုတချို့ကို ကြုံတွေ့ဖူးသူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့က ကမ္ဘာအမျိုးမျိုး၏ ခွဲခြားပုံအကြောင်းကို သိကြသည်။

သူတို့ကလည်း ကောင်းကင်အလိုဆန္ဒကမ္ဘာ၏ ဒဏ္ဍာရီလာအကြောင်းကို ကြားဖူးကြ၏။

သေခြင်းတရား နတ်ဘုရား၊ ရှင်သန်ခြင်း နတ်ဘုရားမ၊ ဖျက်ဆီးခြင်း နတ်ဘုရားနှင့် ကံကြမ္မာ နတ်ဘုရားမတို့လို နတ်ဘုရားမျိုးက သက်တမ်းအရင့်ဆုံးဖြစ်ပြီး လျှို့ဝှက်ချက်များကို ပိုသိကြသူဖြစ်သည်။ ထို့ကြောင့် သူတို့က သူတို့၏ ကမ္ဘာသည် ကောင်းကင်အလိုဆန္ဒကမ္ဘာနှင့် ဆက်နွယ်နေသည့် လျှို့ဝှက်ချက်တစ်ခု ပါဝင်နေကြောင်း သိကြသည်။

ထို့ကြောင့် ဉာဏ်ပညာ နတ်ဘုရား၏ ကောက်ချက်ချမှုကို ကြားပြီးသည့်နောက်တွင် သူတို့က တစ်ယောက်နှင့်တစ်ယောက် တိတ်တဆိတ် ကြည့်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းများတွင် လေးနက်မှုကို ဖော်ဆောင်နေလေ၏။

“ အဲဒါဆိုတော့ ကျုပ်တို့ ဘယ်လိုလုပ်ကြမှာလဲ” အထွတ်အထိပ် နတ်ဘုရားတစ်ပါးက မေးလိုက်သည်။

“ ငါတို့တွေ အပြင်လူတွေကို တတ်နိုင်သမျှ မြန်မြန်ရှာရမယ်” သေခြင်းတရားနတ်ဘုရားက ပြောလိုက်ပြီးနောက် သူ့အကြည့်က နတ်ဘုရားတစ်ပါးဆီ ကျရောက်သွားလေသည်။

All Chapters