← Chapters

အခန်း ၁၂၁၃

Vol. 102 Ch. 1213

အခန်း ၁၂၁၃

Vol. 102 Ch. 1213

အခန်း ၁၂၁၃ -

ကောင်းကင်ဘုံ အမဲလိုက်ပွဲသို့ ဖိတ်ကြားခံရခြင်း။

“ နတ်တိမ်တောင်က ယွဲ့မျိုးနွယ်စုလား။ ”

တန်ပေါင်အာက အနည်းငယ် ရှုပ်ထွေးသွားပြီး၊

“ အဲဒါက ဘယ်လိုကျင့်ကြံမှု အင်အားစုလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

ယွဲ့မျိုးရိုးသည် အဖြူရောင် မြက်ခင်းပြင်ဒေသ၌ ထင်ရှားသော သူတော်စင် အင်မော်တယ်အင်အားစုတစ်ခုဖြစ်သည်။

သူမသည် ရှေးဟောင်းတန်မျိုးနွယ်စုမှ ဖြစ်သဖြင့် အဖြူရောင်မြက်ခင်းပြင် ပြည်နယ်ရှိ ထိုသို့သော် အင်အားစုလေးသည် သာမန်မျှသာ ဖြစ်သောကြောင့် သဘာဝအတိုင်း မသိချေ။

“ တာအိုစု ... ဒါက ‘ဧကရာဇ်သခင်ရဲ့ လက်ရေးစာမူပဲ၊ မင်း ... ဒါကို တကယ်ပဲ ပေးဖို့ ရည်ရွယ်ထားတာလား။ ”

တန်လင်းချီမှ အံ့အားသင့်သွား၏။ စုရီက တုန့်ဆိုင်းခြင်းမရှိ ခေါင်းညိတ်ပြလိုက်လေသည်။ ထို့ကြောင့် တန်လင်းချီခမျာ မနာလိုဖြစ်သွားပြီး၊

“ ယွဲ့မျိုးနွယ်စုဟာ တာအိုစုဆီကနေ ဒီလိုတန်ဖိုးမဖြတ်နိုင်တဲ့ ရတနာကို လက်ခံရရှိဖို့ တကယ်ကံကောင်းလွန်းတာပဲ။ ”

-ဟု ရေရွတ်လိုက်မိသည်။

‘ထာဝရညဧကရာဇ်’၏ လက်ရေးလှလက်ရာမှာ အလွန်ရှားပါးလှသည်။ ၎င်းကိုလေလံတင် ရောင်ချခဲ့မည်ဆိုသော် အင်‌မော်တယ်ဘုရင်များပင် ပါဝင်လာနိုင်၏။

“ ဒါက လက်ရေးလှလက်ရာတစ်ခုပဲ ... သူ့ရဲ့အနှစ်သာရက ကုန်လုနီးပါး ဖြစ်နေပါပြီ ရှားပါးပေမယ့် တန်ဖိုးကသာမန်ပါပဲ။ ”

ထိုစကားကိုသောအခါ တန်လင်းချီ တစ်ယောက် ခါးသီးစွာ ပြုံးလိုက်မိလေသည်။ ရှားပါးသော်လည်း သာမန်ဖြစ်သည်လော။

အကယ်၍သာ သိက္ခာကိုငဲ့မနေရသော် ကောင်းကင်တမျှ မြင့်မားသောစျေးနှုန်းဖြင့်ပင် သူဝယ်ယူမိပေမည်။

“ စိတ်ချပါ တာအိုစု။ ”

“ ပြီးတော့ ... နောက်တစ်နေရာကို ခရီးထွက်ပေးနိုင်မလား ချင်းယာအကယ်ဒမီရဲ့ လက်ရှိဌာနမှူးကို သတင်းစကားပါးပေးပါ။ ”

“ ကျေးဇူးပြုပြီး ညွှန်ကြားပါ တာအိုစု။ ”

“ နောက်ဆယ်ရက်နေရင် ... ချင်းယာမျှော်စင်ဆယ့်နှစ်တိုင်ကို စိန်ခေါ်မယ်ဖို့ ငါလာမယ်လို့ ပြောလိုက်ပါ။ ”

ချင်းယာမျှော်စင်ဆယ့်နှစ်တိုင်သည် ချင်းယာအကယ်ဒမီ၏ အဓိကတားမြစ်နယ်မြေ ဖြစ်လေသည်။

ဝမ်ယဲ့ဘဝတွင် ဤမျှော်စင်ကို စိန်ခေါ်ရန်ပျက်ကွက်ခဲ့၏။ ယင်းအတွက် သူ့ကို နောင်တရစေသည်။

အဘယ့်ကြောင့်ဆိုသော် တစ်စုံတစ်ဦးထံ ချင်းယာမျှော်စင်ဆယ့်နှစ်တိုင်ကို စိန်ခေါ်ကာ ခေါင်းလောင်းကို ဆယ့်နှစ်ကြိမ်မြည်စေမည်ဟု ကတိပေးထားမိသောကြောင့်ဖြစ်သည်။

ချင်းယာအကယ်ဒမီဟူသော အမည်နာမကြောင့် တန်လင်းချီ အံ့အားသင့် သွားတော့၏။

ဤသည်မှာ ရှေးခေတ်က စာပေအကယ်ဒမီသုံးခုအနက် တစ်ခုဖြစ်ပြီး အင်မော်တယ်မြေ၌ ကျော်ကြားချေ၏။

သို့သော် ဓမ္မအဆုံးခေတ်ပြီးနောက် ချင်းယာအကယ်ဒမီမှာ ဂုဏ်သိက္ခာကျဆင်းကာ ယခင်ကဲ့သို့ အစွမ်းထက်မှု မရှိတော့ချေ။ ၎င်း၏ ဂုဏ်သတင်းမှာ ‘ချင်းပင်အကယ်ဒမီ’ နှင့် ‘စုန့်လူအကယ်ဒမီ’ တို့ထက် များစွာ နိမ့်ကျနေချေပြီ။

အင်မော်တယ် ဘုရင်အဆင့် အကယ်ဒမီအဖြစ် သတ်မှတ်နိုင်သော်လည်း ရှေးဟောင်းတန်မျိုးနွယ်စုကဲ့သို့ အင်အားစုနှင့် ယှဉ်လျှင်မူ များစွာနိမ့်ကျသွားပြီဖြစ်၏။

သို့သော် ပါးနပ်စွာဖြင့် မေးခွန်းများ ထပ်မမေးတော့ဘဲ ချက်ချင်းသဘောတူခဲ့သည်။ ထိုစဉ် တန်ပေါင်အာက ပြုံးလျက်၊

“ ဗဟိုပြည်နယ်မှာ ကျင်းပမယ့် ကောင်းကင်ဘုံအမဲလိုက်ပွဲကို တက်ရောက်ဖို့ ဖိတ်ခေါ်ချင်တယ် တာအိုစုစိတ်ဝင်စားလား။ ”

-ဟု ဖိတ်ကြားလိုက်သည်။

“ ကောင်းကင်ဘုံအမဲလိုက်ပွဲလား ”

စုရီမှ မျက်ခုံးပင့်လျက်၊

“ ဒီနေ့အထိ အဲဒီပွဲမျိုးကို ကျင်းပနေတုန်းလား။ ”

-ဟု မယုံနိုင်စွာ ပြန်လည်မေးလာသည်။

ဗဟိုအင်‌မော်တယ်ရုံးတော်တွင် ‘မက်မွန်သီးပွဲတော်’၊ အဖြူရောင်သမင်တောင်၌ အင်မော်တယ်ဘုရင်ဧည့်ခံပွဲ စသည်တို့ ကျင်းပသကဲ့သို့ ‘ကောင်းကင်ဘုံအမဲလိုက်ပွဲ’ သည်လည်း ထင်ရှားသော ပွဲတော်ဖြစ်၏။

ထိုစဉ်က အင်မော်တယ်မြေ၏ အထူးချွန်ဆုံးသော အင်မော်တယ်များသည် ‘ကောင်းကင်ဘုံအမဲလိုက်ပွဲ’သို့ စုဝေးကာ အခွင့်အလမ်းများနှင့် ကံကြမ္မာများကို ယှဉ်ပြိုင်ခဲ့ကြလေသည်။

“ ဟုတ်တယ်၊ ဒါက ရာစုနှစ်တစ်ခုမှာ တစ်ကြိမ်ကျင်းပလေ့ရှိပြီး ... ခြောက်လနေရင် ပွဲတော်ကို ဖွင့်လှစ်ကြလိမ့်မယ်။ ”

တန်ပေါင်အာက စိတ်အားထက်သန်စွာ ရှင်းပြ၏။

“ ဒီတစ်ကြိမ်မှာ ငါတို့တန်မိသားစုက အိမ်ရှင်အဖြစ်လက်ခံကျင်းပပြီး အထူးချွန်ဆုံး သူတော်စင် အင်‌မော်တယ်တွေကိုပါဝင်ဖို့ ဖိတ်ကြားထားပါတယ်။ ”

“ ဟားဟားဟား ... ငါက အမည်ခံအင်‌မော်တယ်အဆင့်ပဲ ရှိသေးတာ... ဒီလိုပွဲမျိုးပါဝင်ဖို့ မသင့်လျော်ပါဘူး။ ”

“ ဟမ့် ... ဟုတ်သားပဲ ငါဒါကို မေ့သွားတယ်။ ”

တန်ပေါင်အာတစ်ယောက် ညည်းတွားလိုက်လေသည်။ တစ်ဖက်လူသည် သူတော်စင်အင်မော်တယ်များကို သတ်ဖြတ် နေသဖြင့် ယင်းအပေါ် မေ့လျော့နေသည်မှာ သဘာဝပေပင်။

ထိုစဉ် တန်လင်းချီက ရုတ်တရက် ကြားဖြတ်၍၊

“ တာအိုစု ... ပါဝင်ချင်ရင် မဖြစ်နိုင်မျိုးတာတော့ မဟုတ်ပါဘူး တာအိုစုရဲ့ ကျင့်ကြံမှုအဆင့်က အင်မော်တယ်ဘုရင် မဖြစ်သရွေ့တော့ ပါဝင်ခွင့်ရှိပါတယ် ...

... ဒါ့ပြင် အိမ်ရှင်အနေနဲ့ ဒီအဖိုးကြီးရဲ့ တန်မိသားစုက စမ်းသပ်မှုတွေကို ကျော်ဖြတ်ပြီး မင်းအတွက် နေရာတစ်ခု တိုက်ရိုက် စီစဉ်ပေးနိုင်ပါတယ်။ ”

-ဟု ပြောကြားလာ၏။ စုရီက ခဏမျှ စဉ်းစားပြီးနောက်၊

“ ကောင်းပြီ ဒါကို အနာဂါတ်အတွက် ထားလိုက်ရအောင်။ ”

-ဟု မရေရာသော အဖြေသာ ပေးအပ်လိုက်သည်။ သူ့အတွက်တစ်စုံတစ်ခုနှင့် ချည်နှောင်ခံရသည်ကို မနှစ်သက်ဘဲ ပွဲကိုလည်း သိပ်စိတ်မဝင်စားချေ။

“ တာအိုစု ... မင်း ဒါကို မသိသေးဘူး ထင်တယ် ဒီတစ်ကြိမ်အမဲလိုက်ပွဲက အရင်နဲ့ မတူဘူး တန်မိသားစုနဲ့ တခြားအင်အားကြီး မိသားစုတွေ ပူးပေါင်းပြီး ...

... တစ်ချိန်က ‘ရှေးဦးခေတ်’ ရှေးဟောင်းလျှို့ဝှက်နယ်မြေတစ်ခုကို ရှာဖွေ တွေ့ရှိထားခဲ့တယ် ...

... ကံမကောင်းစွာပဲ အဲဒီလျှို့ဝှက်နယ်မြေဟာ အလွန်ကြောက်စရာ ကောင်းတဲ့ တံဆိပ်နဲ့ ဖုံးအုပ်ခံထားရတယ် ဒါပေမယ့် ငါ့မျိုးနွယ်စုရဲ့ တွက်ချက်မှုအရ ...

... နောက်ခြောက်လအတွင်းမှာ အဲဒီတံဆိပ်စွမ်းအားဟာ လျော့ရဲလာနိုင်ပြီး သူတော်စင်အင်‌မော်တယ်တွေ ဝင်ရောက်ခွင့် ရလိမ့်မယ်။ ”

ထိုစကားကြားသောအခါ စုရီမှ ပြန်လည်စိတ်ဝင်စားသွားပြီး၊

“ အဲဒီလျှို့ဝှက်နယ်မြေက တကယ်ပဲ ရှေးဦးခေတ်ကလား။ ”

-ဟု မေးမြန်းလိုက်သည်။

ရှေးဦးခေတ်ဆိုသည်မှာ ဓမ္မအဆုံးခေတ်ကြီး၏ ရှေးအကျဆုံးကာလမျိုး ဖြစ်ပြီး ဝမ်ယဲ၏မှတ်ဉာဏ်ထဲတွင်ပင် ‘ဒဏ္ဍာရီ’ ဟု ဖော်ပြရမည့် ခေတ်ဖြစ်သည်။ ထိုခေတ်မှ ကပ်ဘေးများကို ကျော်ဖြတ်ကာ ယနေ့တိုင် တည်ရှိကျန်ရစ်သည့် လျှို့ဝှက်နယ်မြေတစ်ခု ဆိုသော် အံ့မခန်းရတနာများ ရှိနေနိုင်၏။

“ မှားစရာ မရှိပါဘူး။ ”

တန်လင်းချီက အတည်ပြုသည်။

“ ကောင်းပြီ... အချိန်ရရင် ငါ လာကြည့်ပါ့မယ်။”

စုရီက ပြောင်းလဲ ကတိပေးသည်။ စကားစမြည်များပြောဆိုပြီးနောက် တန်လင်းချီ၊ တန်ပေါင်အာနှင့် စုရီတို့သည် နှုတ်ဆက်ကာ လမ်းခွဲခဲ့ကြတော့၏။

တန်မျိုးနွယ်စုမှ လူနှစ်ဦးမှာ နတ်တိမ်တောင်ယွဲ့မျိုးနွယ်ထံ ဦးတည်သွားပြီး၊ စုရီကမူ လောင်မြစ်အထက်ပိုင်းသို့ ခရီးထွက်ရန် ပြင်ဆင်လိုက်လေသည်။

ထိုနေရာတွင် မြတ်မြတ်မြေ ငါးပါး၏ ခေါင်းဆောင်ဖြစ်သော ထိုက်ဝူတောင်ရှိသည်။ ထိုက်ဝူတောင်သည် လောင်မြစ်ဖျားပိုင်းဖြစ်ကာ ဝမ်ယဲ့၏ကျင့်ကြံရာမြေဖြစ်၏။

‘ထာဝရညတိုက်ပွဲ’ မတိုင်မီက သူ၏ဓားဖြစ်သော ‘ပင်လယ်ကျောက်ဆောင်’ ဓားကို ထိုနေရာတွင် ထားရစ်ခဲ့သည်။ သို့သော် ယနေ့တွင်ထိုတောင်သည် ကပ်ဘေးများကြောင့် မည်သည့်သဲလွန်စမျှ မကျန်တော့ချေ။

ထိုလျှို့ဝှက်ချက်ကို ကိုယ်တိုင် သွားရောက်စုံစမ်းလိုခြင်းဖြစ်၏။ မထွက်ခွာခင် တာအိုကျောက်ပြားသို့ လျှောက်လှမ်းသွားပြီး၊

“ ဖားငယ်လေး... ငါ အနာဂတ်မှာ ထပ်လာခဲ့မယ်။ ”

-ဟု တိုးတိုးလေး နှုတ်ဆက်လိုက်သည်။

ဤခရီးစဉ်တွင် ထာဝရညအကယ်ဒမီကို ဖျက်ဆီးခဲ့သည့်တရားခံမှာ ပြင်ပရှိ သဏ္ဍာန်မဲ့ နတ်ဆိုးမျိုးနွယ်စုများနှင့် ပတ်သက်နေပြီး၊ နတ်ဘုရားမီးတောက် ဂိုဏ်းသည်လည်း မကင်းကြောင်း သူ သိရှိခဲ့ရသည်။

တစ်နေ့တွင် ထိုသွေးကြွေးကို ပြန်လည်တောင်းဆိုကာ အကယ်ဒမီကို ထပ်မံ တည်ဆောက်ရပေမည်။

ရုတ်တရက် နားကွဲမတတ် မြည်သံများနှင့်အတူ ကျောက်ပြားမှ အင်မောတယ်အလင်းများ ဖြာထွက်လာကာ ဖားဖြူလေးတစ်ကောင် ဖြစ်သွားသည်။

“ ဝှစ် ... ။ ”

စုရီပုံရိပ် ပျောက်ကွယ်သွားသည်အထိ စိုက်ကြည့်နေပြီးမှ အလင်းတန်းတစ်ခုအဖြစ် ကျောက်ပြားထဲသို့ ပြန်လည် ဝင်ရောက် သွားတော့၏။

ထိုအချိန်တွင် တန်ပေါင်အာသည် သူမအဖိုးထံမော့ကြည့်ကာ၊

“ အဘိုး ... စုရီရဲ့ နောက်ခံက လျှို့ဝှက်ဆန်းကြယ်လွန်းတယ် မထင်ဘူးလား ဒဏ္ဍာရီတွေ အများကြီး ကြားဖူးခဲ့ပေမယ့် သူ့လို အံ့ဩစရာကောင်းတဲ့သူကို မမြင်ဖူးဘူး။ ”

-ဟု ပြောကြားလိုက်သည်။ တန်လင်းချီသည်လင်း ခါးသီးစွာ ပြုံးလျက်၊

“ ငါလည်း အဲဒီလိုပဲ ခံစားရတယ် ... အခုတော့ အဲဒါတွေကို ခေါင်းထဲမထည့်ဘဲ ... သူ ခိုင်းစေခဲ့တဲ့ ကိစ္စတွေကို အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်ကြရအောင်။ ”

“ နားလည်ပါပြီ ... ဒါနဲ့ယွဲ့မျိူးနွယ်စုဆီ သွားတဲ့အခါ ငါတို့တန်မိသားစုကိုယ်စားအနေနဲ့ ဂုဏ်ပြုလက်ဆောင် ပေးလိုက်ရင်ရော မကောင်းဘူးလား ရက်ရောတာ မမှားပါဘူး။ ”

“ ဟားဟားဟား ... ပေါင်အာ မင်းကတကယ်ပဲ အဲဒီမြေခွေးအိုကြီးတွေနဲ့ တူလာနေပြီ။ ”

***

All Chapters