← Chapters

အခန်း ၁၂၁၅

Vol. 102 Ch. 1215

အခန်း ၁၂၁၅

Vol. 102 Ch. 1215

အခန်း ၁၂၁၅ -

သာမန်ပဲလား ... ။

ရုတ်တရက် ခန်းမဆောင်အတွင်းရှိ လေထုမှာ ရုတ်ချည်းပင် လေးလံသွားလေသည်။ လူတိုင်း၏ မျက်နှာအမူအရာများသည်လည်း သိမ်မွေ့စွာပြောင်းလဲနေခဲ့၏။

“ ညီလေး ... အချိန်မဆွဲပါနဲ့၊ ငါတို့ကို စောင့်ခိုင်းတာ ပြဿနာမရှိပေမယ့် ... အဖေ့ရဲ့ မွေးနေ့မင်္ဂလာအချိန် နောက်ကျသွားရင်တော့ မလေးမစားလုပ်ရာ ရောက်လိမ့်မယ်။ ”

“ မှန်တယ် ... မင်းလက်ဆောင်က ဘာပဲဖြစ်ဖြစ် အဖေက မင်း မတတ်စွမ်းတာကို နားလည်ပေးနိုင်ပါတယ် မြန်မြန်လုပ်။ ”

ပထမအစ်ကိုနှင့် ဒုတိယအစ်ကိုမှ တိုက်တွန်းလိုက်၏။ အဆုံးတွင် ယွဲ့ဟောင်ဖန်း တစ်ယောက် သက်ပြင်းချလျက် သူ့လက်ဆောင် ထုတ်ယူလိုက်တော့သည်။

ဤသည်မှာ သူတော်စင်အဆင့် ဆေးဖက်ဘက်ဝင်အပင်တစ်ပင်သာ ဖြစ်သည်။ သာမန်အားဖြင့် အလွန်အဖိုးတန်လှသော်လည်း၊ သူ့အစ်ကိုကြီးသုံးဦးပေးခဲ့သည့် ရတနာများနှင့် ယှဉ်လျှင်မူ များစွာနိမ့်ကျလွန်းချေပြီ။

ယင်းကို မြင်သောအခါ ခန်းမအတွင်း၌ တိုးတိုးတိတ်တိတ် ရယ်မောသံများ ချက်ချင်း ထွက်ပေါ်လာတော့သည်။

“ တကယ်ပဲ ... ငါ ဘာမျှော်လင့်ချက်မှ မထားခဲ့သင့်တာပါ။ ”

ပထမအကြီးအကဲက ခေါင်းကို ခါယမ်းလိုက်သည်။ တတိယသား ယွဲ့ဝမ်ရှန်မှ ဟန်ပါပါဖြင့် သက်ပြင်းချကာ၊

“ စတုတ္ထညီလေး ... ဒါက မင်းငါ့ကို တစ်ချိန်လုံး လျှို့ဝှက်ထားတဲ့ လက်ဆောင်လား တကယ်ပဲ ထိုက်တန်ပါပေတယ်။ ”

-ဟု လှောင်ပြောင်လိုက်၏။

ယွဲ့ဝမ်ကြွယ်နှင့် ယွဲ့ဝမ်တုတို့၏ မျက်နှာတွင်လည်း အထင်သေးရွံရှာသော အပြုံးများ ပေါ်လာလေသည်။

ဤစတုတ္ထညီသည် အမှန်ပင် ကျောရိုးမရှိသော အသုံးမကျသူ ဖြစ်ပေသည်။ လှောင်ပြောင်သံများနှင့် ထိုက်တန်ချေ၏။

“ အဖေ ... တကယ်တော့ ငါဒီတစ်ခေါက်ပြင်ဆင်ထားတဲ့ လက်ဆေင်က တကယ်ပဲ ရောက်မလာသေးတာပါ ငါ့ကို ... ။ ”

“ လုံ‌လောက်ပြီ။ ”

ဓားများကဲ့သို့ ထက်ရှသော မျက်ဝန်းများကိုရင်ဆိုင်လျက် ယွဲ့ဟောင်ဖန်းမှ သူ့ဖခင်ထံ မော့ကြည့်ကာ ရှင်းပြရန် ကြိုးသားလိုက်၏။

သို့သော် စကားမဆုံးနိုင်မီမှာပင် သူ့ဖခင်သည် လက်ကိုဝှေ့ယမ်းကာ ဂရုမစိုက် တော့ဟန်ဖြင့်၊

“ ထိုင်ပါ ... မင်းရဲ့ စေတနာကို ငါနားလည်ပါတယ်။ ”

-ဟု အေးစက်စွာ ဖြတ်ပြောလာသည်။

ယွဲ့ဟောင်ဖန်းခမျာ ဆွံ့အသွားရပြီး ခါးသီးနာကျင်မှုများနှင့် စိတ်ပျက်အားငယ်မှုများ အရှိန်အဟုန်ဖြင့် ပေါက်ဖွားလာချေပြီ။

ငယ်စဉ်ကတည်းက အရွယ်ရောက်သည်အထိ ဖခင်ဖြစ်သူသည် သူ့ အစ်ကိုများကိုသာ အမြဲမျက်နှာသာပေးခဲ့ပြီး သူ့အပေါ် လုံးဝလျစ်လျူရှုထားသည်။

သူသည် ကိုယ်လုပ်တော်တစ်ပါးမှ မွေးဖွားခဲ့သော်မှ ယွဲ့မျိုးရိုး၏တိုက်ရိုက်မျိုးဆက် မဟုတ်သည်လော။ ဤသို့ဆက်ဆံခံရရန် မည်သည့်အပြစ်မျိုး ကျူးလွန်မိသနည်း။

ကျင့်ကြံမှုသည်ပင် သူ့အစ်ကိုများနှင့် မယှဉ်နိုင်သော်မှ စစ်မှန်သောအင်မော်တယ် ဖြစ်နေပြီဖြစ်သည်။

အဆုံး၌ လေးလံသော ခံစားချက်များဖြင့် တိတ်ဆိတ်စွာပင် ပြန်ထိုင်လိုက်၏။ မွေးနေ့ပွဲ အတွင်းမှ အငွေ့ပျံပျောက်ကွယ်သွားလိုသည်။

ခွဲခြားဆက်ဆံမှုကို ကျင့်သားရနေပြီဟု ထင်ခဲ့သော်လည်း ယနေ့အေးစက်မှုမှာ ထိခိုက် နာကျင်ရဆဲဖြစ်၏။

သို့သော် ခန်းမအတွင်းရှိ မည်သူကမျှ တရားမဝင်သားတစ်ယောက်၏ နှလုံးသားထဲမှ ခါးသီးမှုကို စိတ်မဝင်စားကြချေ။

“ အခု ... ငါတို့ရဲ့ မိန်းကလေးဝမ်နင် ဘယ်မှာလဲ။ ”

ပထမအကြီးအကဲက လူအုပ်အတွင်း ဝေ့ကြည့်ကာ မေးမြန်းလိုက်၏။ ယွဲ့ဝမ်နင်မှာ မျိုးနွယ်စုအတွင်း ပုလဲရတနာဖြစ်သည်။

“ အဖေ ... ခွင့်လွှတ်ပါ ... သမီးက ဆရာသခင်ကို သွားရောက်ကြိုဆိုနေရလို့ နည်းနည်း နောက်ကျသွားပါတယ်။ ”

ထိုစဉ် ခန်းမအပြင်ဘက်မှ ကြည်လင်တောက်ပသော မိန်းကလေးအသံ တစ်သံ ပဲ့တင်ထပ်လာ၏။

ထို့နောက်တွင် အဘိုးအိုတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦး ခန်းမထဲသို့ လှမ်းဝင်လာ ကြတော့သည်။

အဘိုးအိုသည် အပြာရောင်ဝတ်ရုံနှင့် ကျောက်စိမ်းသရဖူကို ဆင်မြန်းထားကာ နူးညံ့ သိမ်မွေ့သော်လည်း အစွမ်းထက်လှသည့် အရှိန်အဝါကို ထုတ်လွှတ်ထား၏။

ထိုအဘိုးအိုကို မြင်လိုက်ရသောအခါ ပလ္လင်ပေါ်တွင်ထိုင်နေသည့် ယွဲ့ချန်ထျန်းသည် ရုတ်တရက် ဝမ်းသာအားရဖြင့် ထရပ်လိုက်တော့သည်။

“ တာအိုရှဲ့ယွမ် ... မင်း ကိုယ်တိုင် တက်ရောက်လာတာ တကယ်ဂုဏ်ယူစရာပါပဲ ငါ မကြိုဆိုမိတဲ့အတွက် တောင်းပန်ပါတယ်။ ”

ခန်းမအတွင်းရှိ ဂုဏ်သရေရှိ ဧည့်သည်တော်များအားလုံး ထိုင်မနေဝံ့တော့ဘဲ ထရပ်ကာ ဂါရဝပြုလိုက်ကြတော့သည်။

ဤသည်မှာ အဖြူရောင် မြက်ခင်းပြင် ဒေသကြီးရှိ အင်မော်တယ်ဘုရင်အဆင့်ရှိသည့် အင်အားစုကြီး လေးခုအနက် တစ်ခုဖြစ်သော အဖြူရောင်သက်တံ့ဓားခြံဝင်းမှ အဆင့်မြင့် အကြီးအကဲတစ်ဦးပေပင်။

ရှဲ့ယွမ်သည် ရာထူးမြင့်မားပြီး ကြီးမားသောစွမ်းအားကို ပိုင်ဆိုင်ထားသူဖြစ်ရာ ခန်းမအတွင်းရှိ မည်သူမဆို သူ့ကို မယှဉ်နိုင်ချေ။

“ ဒီနေ့က တာအိုယွဲ့ရဲ့ မွေးနေ့ပွဲပဲ ... မိန်းကလေးဝမ်နင်ရဲ့ ဆရာတစ်ယောက်အနေနဲ့ ငါ ဘယ်လိုများ ဂုဏ်ပြုစကားမပြောဘဲ နေနိုင်မှာလဲ။ ”

ရှဲ့ယွမ်က ပြုံး၍ ဆိုသည်။ ထို့နောက် ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ယူကာ ယွဲ့ဝမ်နင်ကိုပေးလိုက်ပြီး၊

“ ဒါက မင်းရဲ့ဆရာ ပြင်ဆင်ထားတဲ့ လက်ဆောင်ပဲ မင်းအဖေကိုမြန်မြန်ပေးလိုက်။”

-ဟု အမိန့်ပေးလိုက်သည်။

ယွဲ့ဝမ်နင်တစ်ယောက် ချိုသာစွာ ပြုံးရယ်လျက် လက်ဆောင်ကို ဖခင်ဖြစ်သူထံ အပ်နှံလိုက်တော့၏။

ယွဲ့ချန်ထျန်းတစ်ယောက် အလွန်ပင် ဝမ်းမြောက်သွားပြီး ယွဲ့ဝမ်နင်ကိုသူနှင့်အတူ ထိုင်ခွင့်ပြုလိုက်သည်။

ဤသည်မှာ သားသမီးငါးဦးအနက် သူမအပေါ် ချစ်မြတ်နိုးရသည့် အချင်းအရာ တစ်ခုပေပင်။ သူမ၏တည်ရှိမှုသည် အစ်ကို သုံးဦးကိုပင် လွှမ်းမိုးသွားချေ၏။

ယွဲ့မျိုးနွယ်စုဟူသည် သူတော်စင် အင်မော်တယ် အဆင့်ရှိသည့် အင်အားစုမျှသာ ဖြစ်ပြီး ရှဲ့ယွမ်ကဲ့သို့ မြင့်မားသောမိသားစုနှင့် ဆက်နွယ်ခွင့်ရသည်မှာ ဂုဏ်ယူစရာပေပင်။

“ ရှေးဟောင်းတန်မျိုးနွယ်စုရဲ့ အကြီးအကဲတန်က တန်မျိုးနွယ်ရဲ့ပုလဲရတာနဲ့ အတူ မွေးနေ့ပွဲကို တက်ရောက်လာပါတယ်။ ”

ရုတ်တရက် ခန်းမအပြင်မှ အစေခံအိုကြီးတစ်ဦး၏ အော်ဟစ်သတင်းပို့သံ မဲ့တင်ထပ်လာချေပြီ။

လူတိုင်း တိတ်ဆိတ်ကုန်သည်။ အစေခံအိုကြီးအသံတွင် စိတ်လှုပ်ရှားလွန်း၍ တုန်ယင်နေသည်ကို မည်သူမဆိုကြားနိုင်၏။

“ ရှေးဟောင်းတန်မျိုးနွယ်လား ... ။ ”

“ ဒါက ဗဟိုဒေသကြီးရဲ့ မြင့်မြတ်တဲ့ရှေးဟောင်း တန်မျိုးရိုးလား။ ”

ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး လူတိုင်း၏အသိစိတ်များသည် ပြင်ပသို့ခုန်ထွက်ကုန်တော့သည်။

ရှေးဟောင်းတန်မျိုးနွယ်စုဟူသည် အင်မော်တယ်မြေတွင် ထိပ်တန်းအဆင့်ရှိသည့် ဧရာမအင်အားစုကြီး ဖြစ်၏။

ထိုမျိုးရိုးနှင့်ယှဉ်သော် ယွဲ့မျိုးနွယ်မှာ ပုရွက်ဆိတ်မျှသာ ရှိလေသည်။ ဤကဲ့သို့သော ဧရာမအင်အားစုသည် မွေးနေ့ပွဲသို့တက်ရောက် လာသည်လော။ အဓိပ္ပါယ်မရှိချေ။

“ တစ်ယောက်ယောက် ငါ့ကိုပြောပါ သူမွေးနေ့ပွဲမှာလာတာလား။ ”

တတိယသားက သူ့နဖူးကို ကုပ်ခြစ်လျက် ညည်းတွားလိုက်သည်။ ပထမအကြီးအကဲသည် ထိုစကားကြောင့် အေးစက်စွာ စိုက်ကြည့်၏။

အဖြူရောင်သက်တံ့ဓားခြံဝင်းမှ အကြီးအကဲရှဲ့ယွမ်ခမျာ ထိုင်ခုံသို့နေရာယူရုံရှိပြီး အံ့အားသင့်စွာဖြင့် မထိုင်ဖြစ်လိုက်ချေ။

“ ရှေးဟောင်းတန်မျိုးနွယ်စုက အကြီးအကဲတစ်ယောက်ကို ဒီနေ့ပွဲအတွက် ဖိတ်ကြားနိုင်တာလား ... တာအိုယွဲ့ မင်းကို တကယ်ပဲလေးစားမိပါတယ်။ ”

ထိုချီးကျူးစကားကြောင့် ယွဲ့ချန်ထျန်းမှ ခေါင်းရမ်းလျက် ရှဲ့ယွမ်ကို လျစ်လျူရှုလိုက်ကာ ပထမအကြီးအကဲထံ လှမ်းကြည့်လိုက်သည်။

“ ပထမအကြီးအကဲ ... ငါတို့မျိုးနွယ်စုက တန်မျိုးနွယ်စုကို ဘယ်တုန်းက ဖိတ်ကြားခဲ့တာလဲ။ ”

“ ..... ။ ”

ပထမအကြီးအကဲခမျာ ပြန်မဖြေနိုင်ချေ။ ထိုစဉ်ပထမသားယွဲ့ဝမ်ကြွယ်က တစ်စုံတစ်ရာ အပေါ် သတိရသွားဟန်ဖြင့် ဂုဏ်ယူဝင့်ကြွားစွာ မတ်တပ်ရပ်လိုက်ပြီး၊

“ အဖေ ... မကြာသေးခင်က တန်မျိုးရိုးရဲ့ပုလဲရတာနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ် သူတို့က ဖူရှင်းတားမြစ်နယ်မြေကိုသွားဖို့ လမ်းရှာနေတာမို့ ငါလမ်းပြပေးပါတယ်။ ”

-ဟု ရှင်းပြလိုက်သည်။

“ ဒါဆို ဒီလိုပဲဖြစ်မယ်။ ”

အဓိပ္ပာယ်မှာ ရှင်းလင်းချေပြီ။ တန်မျိုးရိုးမှယနေ့ ရောက်ရှိလာခြင်းသည် ပထမ သားနှင့် ဆက်စပ်နေပုံဖြစ်၏။ ရုတ်တရက် လူတိုင်း၏ အကြည့်များသည် ယွဲ့ဝမ်ကြွယ်ထံ မနာလိုစွာကျရောက်သွားသည်။

တန်မျိုးရိုး၏ ပုလဲရတနာကို ဆွဲတောင်နိုင်သော မည်သူမဆို လေးစားစရာ ဖြစ်ချေတော့၏။

“ ကြွယ်အာ ... မြန်မြန် ရှေးဟောင်းတန်မျိုးနွယ်စုက ဂုဏ်သရေရှိ ဧည့်သည်တော်တွေကို ကိုယ်တိုင်သွားရောက် ဖိတ်ခေါ်ဖို့ ငါနဲ့အတူလိုက်ခဲ့။ ”

ယွဲ့ချန်ထျန်းက မစောင့်နိုင်တော့ဘဲ အလျင်စလိုထထွက်လာ၏။ သို့သော် သူတို့ ခန်းမအပြင်သို့ မထွက်ရသေးမီမှာပင် ပုံရိပ်နှစ်ခု ခန်းမထဲဝင်ရောက်လာသည်။

“ ဒီအဘိုးကြီးက မဖိတ်ခေါ်ဘဲ ရောက်လာရတာမို့ ရိုင်းစိုင်းမိရင် ခွင့်လွှတ်ပါ။ ”

တန်လင်းချီက တည်ငြိမ်စွာဖြင့် တောင်းပန်စကားဆိုလိုက်သည်။ သူ့ဘေးတွင် တန်ပေါင်အာ စိတ်ဝင်တစား လိုက်ပါလာ၏။

ဆူညံသံများ ချက်ချင်း ဆိတ်သုဉ်းကုန်ချေပြီ။၊ ယွဲ့မိသားစုဝင်များနှင့် ဧည့်သည်များအားလုံးက လေးစားစွာဖြင့် ချက်ချင်း တုန့်ပြန်ဦးညွှတ်လိုက်ကြ၏။

ယွဲ့ချန်ထျန်းက နှိမ့်ချစွာ ပြုံးလျက်၊

“ အကြီးအကဲတန်အနေနဲ့ အခုလို ကြွရောက်ချီးမြှင့်ပေးတဲ့အတွက် ယွဲ့မျိုးနွယ် အတွက် အလွန်ဂုဏ်ယူမိပါတယ်။ ”

-ဟု ကြိုဆိုလိုက်သည်။ ထိုစဉ် အဖိုးကြီးရှဲ့ယွမ်သည် ဝမ်းသာအားရဖြင့် ရှေ့ထွက်လာပြီး၊

“ အစ်ကိုတန် ... မင်းပဲ။ ”

-ဟု နှုတ်ဆက်လာချေပြီ။ တန်လင်းချီမှ အနည်းငယ် ဇဝေဇဝါဖြစ်လာဟန်ဖြင့်၊

“ တာအိုမိတ်ဆွေ မင်းက ... ။ ”

-ဟု မေးမြန်းလိုက်သည်။

“ အစ်ကိုတန် ... အဲဒီတုန်းက ထာဝရညအကယ်ဒမီဆီသွားဖို့ အဖြူရောင် မျက်ခင်းပြင်က သူတော်စင်အင်မော်တယ်တွေ စုဆောင်းတုန်းက ငါလည်းပါဝင်ခဲ့ပါတယ်။”

ရှဲ့ယွမ်က ပြုံး၍ ရှင်းပြလိုက်သည်။

“ ဒါဆို မင်းပဲ။ ”

တန်လင်းချီမှ ခေါင်းညိတ်လိုက်၏။ ထိုအချိန်တွင် ယွဲ့ဝမ်ကြွယ်သည် တည်ကြည် ခံ့ညားသော အသွင်ဖြင့် ရိုကျိုးစွာ လှမ်းတက်လာပြီး၊

“ ဒီဂျူနီယာက စီနီယာတန်နဲ့ မိန်းကလေးတန်ကိုဂါရဝပြုပါတယ် အဲဒီတုန်းက လမ်းဆုံမှာ ထာဝရညအကယ်ဒမီသွားဖို့ ...

... လမ်းညွှန်ခဲ့တာ မှတ်မိနေဦးမယ် မထင်ထားဘူး ဒီနေ့ငါ့အဖေရဲ့မွေးနေ့ပွဲဆီကို လာရောက် ဆုတောင်းပေးတာ ကျေးဇူးတင်ပါတယ်။ ”

-ဟု နှုတ်ဆက်လိုက်လေသည်။

တန်လင်းချီက အံ့အားသင့်သွားပြီး တန်ပေါင်အာထံကြည့်၏။ ပေါင်အာသည်လည်း တစ်ဖက်လူငယ်မှ တစ်ချိန်လုံးသူမထံပါးသို့ ခိုးကြည့်နေသည်ကို သတိထားမိကာ၊

“ ဟေး ... မင်းတစ်ခုခု မှားနေပြီလား မင်းနာမည်ဘယ်သူလဲ ငါတို့မင်းကိုတွေ့ဖို့ ဒီပွဲကို လာတယ်လို့ ဘယ်သူပြောလဲ။ ”

-ဟု တိုက်ရိုက် တုန့်ပြန်လိုက်လေသည်။

လူတိုင်း ဆွံ့အသွားကြသည်။ တန်မျိုးရိုးသည် ယဲ့ဝမ်ကြွယ်အတွက် မဟုတ် သည်လော။ ထိုသို့ဆိုက မည်သူ့အတွက်နည်း။

တန်ပေါင်အာက စိတ်မရှည်တော့ဘဲ လူအုပ်ကြီးထံ ဝေ့ကြည့်ကာ၊

“ မင်းတို့ထဲမှာ ... ယွဲ့ဟောင်ဖန်းက ဘယ်သူလဲ သူဒီမှာရှိလား သူ့ကိုလက်ဆောင် လာပေးခိုင်းလို့ ရောက်လာတာ။ ”

-ဟု ပြောကြားလိုက်တော့သည်။

သူမရှေ့မှ ဤလူများသည် စိတ်ပျက်စရာကောင်းချေ၏။ မျက်စိထဲဝင်သော တစ်စုံတစ်ယောက်ကိုမျှ မမြင်ချေ။ အားလုံး ပုရွက်ဆိတ်များသာဖြစ်ချေပြီ။ သူမအတွက် မည်သို့ စိတ်ရှည်နိုင်မည်နည်း။

“ ဘယ်လိုလုပ် ... ဒီတရားမဝင်သား ဖြစ်နေရမှာလဲ။ ”

ယွဲ့ဝမ်ကြွယ်က ရှက်ရွံ့နာကျင်စွာဖြင့် အော်ဟစ်လိုက်သည်။ ထို့ကြောင့် ယွဲ့ချန်ရှန်းမှ အေးစက်စွာ လှည့်ကြည့်၏။ ယွဲ့ဝမ်ကြွယ် တစ်ယောက် ထိတ်လန့်သွားပြီး၊

“ အဖေ .... တောင်းပန်ပါတယ် ငါဒီလိုသဘောမျိုးပြောတာ မဟုတ်ပါဘူး ငါ ... ငါ ... ။ ”

“ နောက်ဆုတ်ပါ ... ။ ”

တစ်ဖက်တွင် စိတ်ဓါတ်ကျကာ ပွဲကိုအဝေးမှကြည့်နေသော ယွဲ့ဟောင်ဖန်းသည် ဆတ်ခနဲတုန်သွားပြီး၊

“ အစ်ကိုစု ... ။ ”

-ဟု အော်ဟစ်ကာ ထရပ်လိုက်တော့သည်။

ထိုစဉ် လူအုပ်ကြီးသည်လည်း ယွဲ့ဟောင်ဖန်းကိုမြင်စေရန် ဘေးသို့ရှဲလျက်ဖြင့် လမ်းကြောင်းတစ်ခု ဖော်ဆောင်လိုက်၏။

လမ်းကြောင်းအဆုံးတွင် ယစ်မူးပျော်ရွှင်နေသော ယွဲ့ဟောင်ဖန်းသည် လျှပ်စီးအလား ပြေးတက်လာကာ ချက်ချင်း တန်လင်းချီနှင့် တန်ပေါင်အာထံ အရိုအသေ ပေးလိုက်တော့သည်။

“ ငါ့နာမည် ယွဲ့ဟောင်ဖန်းပါ ... မိန်းကလေးတန် ငါ့ကိုရှာဖို့တစ်ယောက်ယောက် မင်းကိုလွှတ်လိုက်တာ မဟုတ်လား။ ”

တန်ပေါင်အာက ချက်ချင်း မဖြေသေးဘဲ ယွဲ့ဟောင်ဖန်းထံ အထက်အောက် အစုန်အဆန် ပြန်ကြည့်ကာ၊

“ ဟမ့် ... တကယ်ပဲသာမန်လား ... ။ ”

-ဟု အံ့အားသင့်စွာ ညည်းတွားလိုက်တော့၏။

***

All Chapters