← Chapters

အခန်း ၁၂၁၉

Vol. 102 Ch. 1219

အခန်း ၁၂၁၉

Vol. 102 Ch. 1219

အခန်း ၁၂၁၉ -

အဖိုးကြီး၏ အကြံအစည်။

သူ၏ အတိတ်ဘဝ အတွေ့အကြုံများကို ပြန်ပြောင်းသတိရပြီး မီးတောက်လင်းယုန်ငှက် ပြောပြခဲ့သောမြင်ကွင်းများနှင့် ပေါင်းစပ်ကာ အဆုံးတွင် ကောက်ချက်တစ်ခု ချနိုင်ခဲ့၏။

ထိုနတ်ဘုရားများသည် ဝမ်ယဲ့ဘဝ ဝင်စားခြင်းကိုသိရှိကြကာ ထိုက်ဝူတောင်ထံ အာရုံစိုက်ထားခဲ့ကြသည်။

မမြင်နိုင်သော အန္တရာယ်သည်သာ အကြောက်စရာအကောင်းဆုံး ဖြစ်သော်လည်း ယခုမူနောက်ကွယ်မှ လက်တစ်စုံကို သိရှိလာ ပြီးနောက် ဂရုစိုက်ရန်မလိုအပ်တော့ချေ။

“ အဲဒီလူ ဘာပြောသေးလဲ။ ”

အဖိုးကြီးမှ မမေးဘဲ မနေနိုင်ခဲ့ချေ။ မီးတောက်လင်းယုန်မှ ခေါင်းခါယမ်းလိုက်ကာ၊

“ စကားတစ်ခွန်းမှ ထပ်မပြောတော့ဘူး အဲဒီအချိန်မှာ တောက်ထပ် ပုံရိပ်တွေပေါ်လာပြီး သူတို့တွေကို ရုတ်တရက်တိုက်ခိုက်လာတယ် ...

... အဲဒါကြောင့်ပဲ ငါဒီကပ်ဘေးကနေ လွတ်မြောက်လာနိုင်တာ မဟုတ်ရင် ... အဲဒီ အမှောင်ထဲကပုံရိပ်ကြောင့် သေနိုင်တယ်။ ”

အဖိုးကြီးမှ အံ့အားသင့်သွား၏။

“ သူတို့က အချင်းချင်း တိုက်ခိုက်ကြတာလား ... နတ်ဘုရားတွေက ရပ်တည်ချက်မတူဘူးလား။ ”

ထို့နောက် ပြောလျက်ဖြင့် တစ်ခုခုကို နားလည်သဘောပေါက်ကာ စုရီထံလှည့်ကြည့် လိုက်ပြီး၊

“ နတ်ဘုရားတချို့က မင်းကို ထောင်ချောက်ဆင်ဖမ်းဖို့ ထိုက်ဝူတောင်ကို ငါးစာအဖြစ် သုံးချင်နေကြပြီး အချို့ကတော့ မင်းဘက်မှာရှိနေပုံပဲ။ ”

-ဟု မှတ်ချက်ပေးလိုက်၏။ စုရီ၏ မျက်လုံးများတွင် နက်နဲသော အပြုံးတစ်ပွင့် ပေါ်လာလေသည်။

“ ဖြစ်နိုင်ပါတယ်။ ”

သည့်နောက် အတိတ်မှ အဖြစ်အပျက်တစ်ခုကို သတိရသွားလေသည်။ ထိုစဉ်အချိန်မြစ်နား၌ အမျိုးသမီးလော့ယောင် ပေါ်လာပြီး သူမနှင့်မဟာမိတ်အဖွဲ့ဝင်များသည် နယ်နိမိတ်စစ်မြေပြင်၌ ဒီပင်္ကရာမြတ်ဗုဒ္ဓကို ရင်ဆိုင်နေရကြောင်း အသိပေးခဲ့သည်။

ယင်းကြောင့် မီကျန်းကဲ့သို့သော နတ်တမန်တော်များကိုသာ စေလွှတ်နိုင်ခြင်း ဖြစ်လေသည်။

သည့်ပြင် နတ်ဘုရားများ ကိုယ်တိုင် ဆင်းသက်ခြင်းကိုလည်း ကောင်းကင်တာအိုမှ တားဆီးထား‌ချေ၏။

“ ပြီးတော့ ဘာဆက်ဖြစ်လဲ။ ”

“ မင်း မမြင်ဘူးလား ငါမီးလောင်ပြီး သေမတတ်ဖြစ်သွားတာ။ ”

“ ဘယ်သူက ပစ်လိုက်တာလဲ။ ”

“ မသိဘူး ဒါပေမယ့် အမှောင်ထဲမှာ ရပ်နေတဲ့အဲဒီပုံရိပ်ရှင်ဖြစ်မယ်လို့ ငါထင်တယ် ဟမ့် ... နေဦး ငါ့မှာ တစ်ခုခုရှိနေတယ်။ ”

“ ဘာဖြစ်တာလဲ ... ။ ”

မီးတောက်လင်းယုန်၏ ထိတ်လန့်နေသော အသွင်ကြောင့် အဖိုးကြီးမှ စိုးရိမ်သွားလေသည်။

“ အား ... ဒါ ... ဒါက ငါ့ကိုနတ်ဘုရားဒေါသသင့်သွားပြီ အဲဒီတုန်းက သူတို့ထဲက တစ်ယောက်ယောက် ငါ့အပေါ်မှာ အမှတ်အသားတစ်ခု ချန်ထားတယ်။ ”

အဖိုးကြီးမှ ထိတ်လန့်သွားပြီး မီးတော်ကလင်းယုန်၏ ခန္ဓာကိုယ်ကို အမြန် စစ်ဆေးကြည့်လိုက်သည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အဘိုးကြီး၏ မျက်နှာသည် ညှိုးငယ်သွားကာ ခါးသီးစွာဆိုလိုက်တော့၏။

ရုတ်တရက် စုရီက မီးတောက်လင်းယုန်ကို ဆွဲကိုင်လိုက်ပြီး ပြန်လည်ဝင်စားခြင်းဥပဒေများ ထုတ်ဖော်ကာ၊

“ ငြိမ်ငြိမ်နေ ငါကြည့်ပေးမယ်။ ”

- ဟု ပြောကြားလိုက်သည်။

“ မင်းက ဘယ်သူမို့လို့လဲ လူယုတ်မာလေး ငါ့ကိုလွှတ်စမ်း ... ။ ”

မီးတောက်လင်းယုန်မှ ဆဲဆိုရန် ပြင်သော်လည်း အဖိုးကြီးက သူ့ဦးခေါင်းကို ဖြတ်ရိုက်လိုက်ပြန်၏။

“ ပါးစပ်ပိတ်ထား နတ်ဘုရားတွေရဲ့ လက်ချက်နဲ့ မသေချင်ရင် မင်းငြိမ်ငြိမ်နေပါ။ ”

ထိုစဉ် ဝင်စားခြင်း ဥပဒေ စည်းမျဉ်းသည် စုရီ၏လက်ချောင်းများကြား ရစ်ပတ်လာပြီး မီးတောက်လင်းယုန်ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် သွားလေသည်။

များမကြာမီ ဆံပင်တစ်မျှင်မျှ သေးငယ်သောမြွေတစ်ကောင်ကဲ့သို့ ထူးဆန်းပြီး တားမြစ်ဆန်သည့် စွမ်းအားတစ်ခုကို ဆွဲထုတ် ယူလိုက်တော့သည်။

“ ဒါက ... တကယ်ပဲထူးဆန်းတယ် ကပ်ဘေးစွမ်းအားနဲ့ ဆင်တူပေမယ့် ပိုပြီးတော့ တားမြစ်ဆန်နေတယ်။ ”

အဖိုးကြီးက အံ့အားသင့်သွား၏။ မီးတောက်လင်းယုန်မှ မျက်လုံးပြူးကြည့်ကာ၊

“ ကောင်လေး ... မင်းက တကယ် ထူးချွန်တယ် ... ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ နတ်ဘုရားတစ်ပါးချန်ထားခဲ့တဲ့ အမှတ်အသား အပေါ် နှိမ်နင်းနိုင်တယ်လား။ ”

-ဟု မေးမြန်းလိုက်သည်။

စုရီက သူ့လက်ဖဝါးထဲမှ ဝင်စားခြင်းစွမ်းအားဖြင့် ပိတ်လှောင်ထားသော အနက်ရောင်အမျှင်တန်းကို စစ်ဆေးပြီးနောက်၊

“ ဒါက အင်‌မော်တယ်ဥပဒေထက် သာလွန်တဲ့ နတ်ဘုရားတစ်ပါးရဲ့ ဥပဒေပဲ ... တကယ် အစွမ်းထက်တယ်။ ”

-ဟု ဆိုကာ လက်ဖဝါးဆုပ်ပြီး ချေမွှလွင့်ဝဲသွားစေလိုက်၏။

“ ဟမ့် ... တကယ်အစွမ်းထက်လား ဒါဆိုမင်းဘယ်လိုလုပ်ပြီး ဒါကိုဖျက်ဆီးနိုင်ခဲ့ တာလဲ။ ”

မီးတောက်လင်းယုန်မှ ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။ စုရီက ပြုံးရုံသာ ပြုံးပြီး၊

“ မင်း နားလည်မှာ မဟုတ်ဘူး။ ”

- ဟု ပြန်ဖြေလိုက်လေသည်။

“ ဒီတစ်ခါတော့ ... ကျေးဇူးတင်ပါတယ် အနာဂါတ်မှာ ငါ့အကူအညီလိုရင် ဆက်သွယ်လို့ ရပါတယ်။ ”

စုရီမှ ဝိုင်အိုးတစ်လုံးထုတ်ယူကာ အဖိုးကြီးထံကမ်းပေးလိုက်၏။ ဤအဖိုးကြီးသာ မရှိသော် ထိုက်ဝူတောင်ပျက်စီးမှုနောက်ကွယ်မှ အမှန်တရားကို သူသိနိုင်မည် မဟုတ်ချေ။

သည့်ပြင် အဖိုးကြီး၏ ရတနာ နှစ်ပါးသည်လည်း ဤအရေးတွင်ပျက်စီးသွား ခဲ့ရလေသည်။

“ ဟားဟားဟား ... ဒါပဲ ငါလိုချင်တာ။ ”

အဖိုးကြီးခမျာ ရုတ်တရက် သည်းမခံနိုင်တော့ဘဲ ရယ်မောလိုက်လေသည်။ စုရီတစ်ယောက် မျက်ဝန်းများ မှေးစင်းသွား၏။

ဤအဖိုးကြီးသည် ကောက်ကျစ်လွန်း၏။ ထိုက်ဝူတောင်ပျက်စီးမှုကို စုံစမ်းနေခြင်းသည် သူ့ထံမှ ကတိတစ်ခုယူရန်ဖြစ်နေချေပြီ။

“ ဟီးဟီး ... ။ ”

စုရီထံမှ အကြည့်ကြောင့် အဖိုးကြီးမှ ရှက်ရွံ့စွာရယ်မောလျက် ရှင်းပြရန်ပြင်လာ၏။ သို့သော် စုရီမှ ဂရုမစိုက်တော့ချေ။

“ ကောင်းပြီ ... ရှင်းပြမနေနဲ့တော့ မင်းဘာလိုချင်တာလဲပြောပါ။ ”

“ ဒါက မင်းငါ့ကိုကူညီနိုင်ပါတယ် ... အနာဂါတ်မှာ ... ငါ့ခွန်အားနဲ့ကျော်လွှားလို့မရတဲ့ ကပ်ဘေးမျိုးနဲ့ ကြုံလာရရင် မင်းကူညီပေးပါ။ ”

စုရီတစ်ယောက် တုန့်ဆိုင်းသွားသည်။ ဤအဘိုးကြီး၏ခွန်အားသည် ထိပ်တန်းအဆင့် မဟုတ်သော်မှ ရှင်သန်ရန်ရှောင်တိမ်းရာ၌ ပြိုင်ဘက်ကင်း၏။

ခေတ်အဆက်ဆက် နတ်ဘုရား ကပ်ဘေးများကို လွတ်အောင်ပုန်းအောင်းကာ ယနေ့အထိ အသက်ရှင်နိုင်ခဲ့သူပေပင်။

“ မင်းတစ်ခုခု သတိထားမိလို့လား။ ”

ထို့ကြောင့် စုရီမှမေးလိုက်သည်။ အဖိုးကြီးခမျာ မျက်နှာလေးနက်လာပြီး၊

“ နဂါးနက်ဈေးကနေ ထွက်လာပြီးကတည်းက ရုတ်တရက်သတိရပြီး ငါ့ကိုယ်ငါတွက်ချက်ကြည့်မိတယ် အနည်းငယ် အတွင်းမှာ ရှောင်လွှဲလို့မရတဲ့ ကပ်ဘေးတစ်ခု ငါရင်ဆိုင်ရလိမ့်မယ် ...

... တစ်ချိန်တုန်းက ဘေးဒုက္ခတွေကို ကြိုသိတာမို့ သေခြင်းကနေလွတ်မြောက်အောင် ငါပုန်းနိုင်ခဲ့တယ် ဒါပေမယ့် ဒီတစ်ခါတော့... မတူတော့ဘူး ဒါက ...

... ငါ့ဘဝအတွက် ပထမဆုံးအကြိမ် ထွက်ပေါက်မရှိတဲ့ကပ်ဘေးမျိုးပဲ ဘယ်လိုပဲ တွက်ချက် ... တွက်ချက် ရှင်သန်နိုင်မယ့် နည်းလမ်းကို မတွေ့သေးဘူး။ ”

... ဒါကြောင့် ဒီကပ်ဘေးကနေ လွတ်မြောက်ဖို့မျှော်လင့်ချက်နဲ့ ငါ့ကံကြမ္မာကို မင်းဆီလောင်းကြေးထပ်လိုက်တာ ... ဒါပေမယ့် ဒီကိစ္စကို အရမ်းကြီး အလေးအနက်ထားစရာ မလိုပါဘူး မကူညီနိုင်ရင်လည်းဖြစ်တယ် ...

... ဒီဘဝ ငါ အသက်ရှင်နေရတာ ဘာအတွက်လဲဆိုတာ မသိတော့တာအောင် ကြာနေခဲ့ပါပြီ ... ငါထုံကျင်နေပြီ။ ”

စုရီက အဖိုးကြီးထံ ခဏမျှ စိုက်ကြည့်ပြီးနောက် ကျောက်စိမ်းပြားတစ်ချပ် ထုတ်ပေးလိုက်သည်။

“ ငါ့အကူအညီ လိုအပ်တဲ့အချိန်ကျရင် အချိန်မရွေး ဒီကျောက်စိမ်းပြားကနေတစ်ဆင့် ဆက်သွယ်ပြီးလာရှာပါ။ ”

“ ကောင်းပြီ ... ငါ အခုထွက်သွားတော့မယ် နှုတ်ဆက်ပါတယ်။ ”

စုရီမှ လက်ပြနှုတ်ဆက်ကာ ချက်ချင်းထွက်ခွာသွားတော့၏။ များမကြာခင် သူ့ပုံရိပ်ပျောက်ကွယ်သွားချေပြီ။

“ ဟားဟားဟား ... ဒီကောင်က ကူညီပေးမယ်လို့ ကတိပေးလိုက်ပြီဆိုမှတော့ ... ဘယ်လိုကပ်ဘေးကြီးပဲဖြစ်ဖြစ် ငါ စိတ်ပူစရာ မလိုတော့ဘူး။ ”

“ ဟမ့် ... အဖိုးကြီး မင်းဒီလောက် ဖြစ်နေရအောင် တကယ်ပဲ အဲဒီကောင်လေးက ဘယ်သူလဲ။ ”

မီးတောက်လင်းယုန်မှ စိတ်ဝင်တစား မေးလိုက်၏။ အဖိုးကြီးက နှာခေါင်းရှုံလျက်ဖြင့် သူ့ခေါင်းကိုပုတ်ကာ၊

“ မင်း မမြင်ဘူးလား ... သူက အသက်နှစ်ဆယ်ကျော်ပဲရှိသေးတဲ့ လူငယ်လေး တစ်ယောက်ပဲ သူ့ကျင့်ကြံမှုက အမည်ခံ အင်မော်တယ်အဆင့်ပဲ။ ”

-ဟု ပြန်ဖြေလိုက်သည်။

“ မင်း ... ။ ”

မီးတောက်လင်းယုန်ခမျာ ဒေါသဖြင့် အဖိုးကြီးကို သတ်ချင်စိတ်များ ပြသလာသည်။ အဖိုးကြီးမှ ဂရုမစိုက်ဘဲ၊

“ ငါ့ကို ဗဟိုပြည်နယ်ဆီ ခေါ်သွားပါ ခြောက်လနေရင် ကောင်းကင်ဘုံ အမဲလိုက်ပွဲ ကျင်းပလိမ့်မယ် အဲဒီမှာ အခွင့်အရေးတွေ ရှိနိုင်တယ်။ ”

“ ဟမ့် ... ဘာလို့သွားရမှာလဲ။ ”

“ မင်းတကယ် မသွားဘူးလား ... ငါသိသလောက်တော့ ထိုက်ယီဂိုဏ်းရဲ့ ခရမ်းရောင်မိုးကြိုး ရွှေလင်းယုန်လည်း အဲဒီကို လာလိမ့်မယ် ...

... သူမက ရွှေတောင်ပံလင်းယုန်ရဲ့ မျိုးဆက်သွေးရှိပြီး အရမ်းသန်စွမ်းလွန်းတယ် အရေးအကြီးဆုံးက သူ့မှာအဖော်မရှိသေးဘူး။ ”

“ ဟမ့် ... အဖိုးကြီး ... မင်းဘာလို့ အစောကြီးကတည်းက မပြောတာလဲ ... မင်း ဘာကိုစောင့်နေတာလဲ မြန်မြန်သွားကြစို့။ ”

ချက်ချင်းပင် မီးတောက်လင်းယုန်သည် လေသံပြောင်းလျက် စိတ်လှုပ်ရှားစွာနှင့် ပျံသန်း သွားတော့သည်။

***

All Chapters