← Chapters

အခန်း ၁၂၂၄

Vol. 102 Ch. 1224

အခန်း ၁၂၂၄

Vol. 102 Ch. 1224

အခန်း ၁၂၂၄ -

ချင်းယာအကယ်ဒမီဟူသည် ... ။

လက်သီးနှစ်ချက်တည်းဖြင့် စုန့်လူအကယ်ဒမီ၏ ထိပ်တန်းပါရမီရှင်နင်းဝေရု တစ်ယောက် ပြင်းထန်စွာဒဏ်ရာရရှိသွားသည်။

ချင်းယာအကယ်ဒမီဘက်မှ လူတိုင်းသည် လုံးဝအံ့အားသင့်ကုန်၏။ နင်ဝေရု၏အစောပိုင်း ပြသထားသော ခွန်အားသည် ကြောက်စရာ ကောင်းကြောင်းဝန်ခံရပေမည်။

သို့သော် ယခုမူ အမည်ခံအင်မော်တယ် တစ်ပါးမျှသာဖြစ်သော စုရီ၏လက်သီးနှစ်ချက် အပေါ်ပင် မခံနိုင်ခဲ့ချေ။

“ တာအိုစုက ... ကြေးမုံရေကန် အင်မော်တယ်စုဝေးပွဲမှာ သဏ္ဍာန်မဲ့နတ်ဆိုး မျိုးနွယ်စုရဲ့ ပါရမီရှင်လီဖန်ဟန်ကို နှိမ်နင်း သတ်ဖြတ်နိုင်ခဲ့တုန်းက ... သူ့ရဲ့စစ်မှန်တဲ့ ခွန်အားကိုတောင် မသုံးခဲ့ဘူးလား။ ”

မန်ရှင်ကွမ်တစ်ယောက် မျက်လုံးများ မှေးစင်းသွားလေသည်။ အံ့သြလွန်းလှသဖြင့် နေရာမှာပင် လူတိုင်းကျောက်ရုပ်ပမာ အသက်မဲ့ကုန်၏။

“ ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ။ ”

တစ်ဖက်တွင် စုန့်လူအကယ်ဒမီမှ လူတိုင်းသည် သွေးပျက်မတတ် ထိတ်လန့် ကုန်လေသည်။

ဤလောကတွင် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့် အမည်ခံအင်မော်တယ် တစ်ပါး မည်သည့်အချိန်၌ ပေါ်ပေါက် လာခဲ့သနည်း။

လွင့်ပျံနေသော ဖုန်မှုန့်များ တဖြည်းဖြည်း လွင့်စင်သွားပြီး အံ့သြတုန်လှုပ်နေကြစဉ်မှာပင် နင်းဝေရုမှာ မြေပြင်မှ ခက်ခဲစွာ ပြန်လည် ထရပ်လာနိုင်ပြီဖြစ်သည်။

ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး၊ ဖြူဖျော့သွားသော မျက်နှာ၏ နှုတ်ခမ်း ထောင့်တွင် သွေးစများ စီးကျနေသည်။

ယခင်ကြီးစိုးပြီး ထက်မြက်သော အသွင်အပြင်သည် အလွန်ပင် ဖရိုဖရဲဖြစ်ကာ သနားစဖွယ် ပုံစံပေါက်နေခဲ့၏။ အသက်ကို ပြင်းပြင်းရှူသွင်းကာ၊

“ တတိယလက်သီးကို ဘာလို့ ဆက်မလုပ်တာလဲ။ ”

-ဟု မေးမြန်းလိုက်သည်။ စုရီက တည်ငြိမ်စွာဖြင့် လက်နှစ်ထက်နောက်ပို့ကာ၊

“ မလိုအပ်တော့ဘူး တကယ်တော့ ငါကဓားသမားပဲ မင်းငါ့ရဲ့လက်သီးတောင် မခံနိုင်တာ လုံလောက်နေပြီ။ ”

-ဟု ပြောကြားလိုက်သည်။

“ ဒါပေမယ့် ငါ့ဘက်က ဆက်ပြီး ကြိုးစားကြည့်ချင်သေးတယ်။ ”

ဤတစ်ကြိမ်သည် ပြိုင်ဆိုင်မှုထက် တိုက်ပွဲအပေါ် ဆာလောင်နေသောသားရဲကြီး တစ်ကောင်ကဲ့သို့ ပြတ်သားစွာဆို၏။

သူမမျက်ဝန်းများတွင် မလျှော့သော ဇွဲလုံ့လနှင့် ဆုံးဖြတ်ချက်များ ပြည့်နှက်နေ ချေပြီ။ စုရီက ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ပြကာ၊

“ ကောင်းပြီ ... မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်။ ”

-ဟု ခွင့်ပြုလိုက်သည်။

စကားဆုံးသည်နှင့် လက်တစ်ဖက်ကိုလွှဲယမ်းကာ လက်သီးအသွင် ပြန်ယူလိုက်သည်။ အကန့်အသတ်မရှိလှသော ဖြောင့်မတ်ခြင်းစွမ်းအင်များ တဟုန်ထိုး မြင့်တက်လာချေပြီ။

လေဟာနယ်တစ်ခုလုံး ထိုဖိအားကို မခံနိုင်တော့သကဲ့သို့ တုန်ခါပြိုကွဲလာတော့၏။ ထိုအခြေအနေတွင် စုရီသည် ကမ္ဘာကြီးကို ထိန်းချုပ်ထားသော ပညာရှိတစ်ယောက် အလားပေပင်။

ထိုကြောက်စရာကောင်းလှသော တာအိုစွမ်းအားကြောင့် ချင်းယာအကယ်ဒမီနှင့် စုန့်လူအကယ်ဒမီသည် လုံးဝ အသက်အောင့် ထားလိုက်‌တော့၏။

ဤလက်သီးချက်သည် အစောပိုင်း လက်သီးနှစ်ချက်ထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်လေသည်။

“ ဒါ ... ဒါက အမည်ခံ အင်မော်တယ်တစ်ယောက်မှာ ရှိသင့်တဲ့ ခွန်အားမျိုးလား။ ”

နင်းဝေရု၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး နှလုံးသားများ တဒိန်းဒိန်း ခုန်လာရကာ မထိန်းချုပ်နိုင်သော စိုးရိမ် ထိတ်လန့်မှုများ မြင့်တက်လာ၏။

ဗီဇအသိအရ ဤလက်သီးချက်ကို ထိပ်တိုက်ရင်ဆိုင်သော် သေဆုံးသွားနိုင်သည်ဟု သတိပေးနေသည်။ သို့သော် နောက်ဆုံးတွင် တိုက်ပွဲကို တောင်းဆိုထားသူအနေဖြင့် ပြတ်သားသော ဆုံးဖြတ်ချက်ကို ချလိုက်တော့၏။

ချက်ချင်း သေခြင်းတရားကို လျစ်လျူရှုူနေသော ဖြောင့်မတ်ခြင်းရောင်ဝါ တစ်ခုပွင့်ထွက်လာသည်။ ယနေ့ သေရလျှင်ပင် ပျော်ရွှင်စွာလက်ခံနိုင်ပေမည်။

“ ဟိတ် ... ။ ”

ထို့နောက် လေထဲခုန်တက်ကာ လက်ကိုဓားကဲ့သို့အသုံးပြုပြီး ခုတ်ပိုင်းပစ် လိုက်တော့၏။

သည်ခဏတွင် အင်မော်တယ် ဥပဒေစည်းမျဉ်းများသည် စူးရှတောက်ပသော အလင်းများအဖြစ် ဖြာထွက်လာသည်။

“ ဓားကဲ့သို့ သန့်စင်သောနှလုံးသား။ ”

စုရီက ချီးကျူးသောအသွင်ဖြင့် ကျေနပ်စွာခေါင်းညိတ်ပြီး တွန့်ဆုတ်မနေဘဲ လက်သီးကို ပစ်သွင်းလိုက်တော့သည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် ကြယ်မြစ်ကြီးတစ်စင်း ထွက်ပေါ်လာကာ နင်းဝေရုထံ ဝင်ရောက်သွားလေသည်။

နင်ဝေရုခမျာ ကြောက်မက်ဖွယ် ကောင်းသော ကြယ်မုန်တိုင်းအတွင်း ရိုက်ခတ် လွှမ်းခြုံခံလိုက်ရသကဲ့သို့ နစ်မြုပ်သွား၏။

ကြောက်စရာကောင်းလှသော အဖျက်စွမ်းသည် လှိုင်းလုံးကြီးများပမာ အလွှာလိုက် မြင့်တက်လာသည်။

“ ဘန်း ဘန်း ဘန်း ... ။ ”

အစွမ်းကုန်ထုတ်သုံးထားသော ဓားရည်ရွယ်ချက်များ အပိုင်းပိုင်း ကွဲကြေသွား တော့၏။

အဆုံး၌ ထိုလက်သီးလှိုင်းအတွင်း ထိန်းချုပ်နိုင်မှုဆုံးရှုံးကာ စိတ်ဝိညာဉ်ပြိုကွဲလု မတတ် ဖိအားများခံစားလိုက်ရ၏။

“ ငါ့ရဲ့ ကျင့်ကြံမှုတစ်လျှောက်မှာ အဆင့်တူအတွင်းရှုံးနိမ့်မှုမရှိခဲ့ဘူး အခုတော့ အမည်ခံအင်မော်တယ် တစ်ပါးလက်မှာ သေဆုံးရတော့မယ်။ ”

နင်းဝေရုလေသံတွင် စိတ်ပျက် အားငယ်မှုများဝင်ရောက်လာပြီး သူမကိုယ်သူမ လှောင်ပြောင်သရော်သော အပြုံးတစ်ပွင့် ပြသလာသည်။

သူမသည် တိုက်ပွဲကို တောင်းဆိုခဲ့သော်လည်း ပြိုင်အင်္ကျီစကိုမဆိုနှင့် ဆယ်ပေအတွင်းသို့ပင် ဝင်ရောက်နိုင်ခြင်း မရှိခဲ့ချေ။ ဤအမှန်တရားသည် ရက်စက်လွန်းချေပြီ။

သို့သော် ထိုခဏတွင် သူမ၏ ကိုယ့်ကိုယ်ကိုယ် သရော်မှုများ ရပ်တန့်သွားပြီး အံ့အားသင့်မှုအဖြစ်သို့ ပြောင်းလဲသွား၏။

ရုတ်တရက်ဆိုသလို ကောင်းကင်မှ ထိုကြယ်မြစ်သည် အလင်းရေစက်များအဖြစ် ပြောင်းလဲပျက်ပြယ်သွားချေပြီ

စုရီက မြေပြင်ပေါ် ပြန်လည် ဆင်းသက်လိုက်ကာ လက်နှစ်ဖက်နောက်ပို့ပြီး တည်ငြိမ်လွန်းသော အသွင်ဖြင့်၊

“ အနာဂါတ်မှာ စုန့်လူအကယ်ဒမီက ပြင်ပနတ်ဆိုးမျိုးနွယ်တွေကို တိုက်ခိုက်ရာမှာ ချင်းယာအကယ်ဒမီထက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်မျိုးပြသနိုင်ရင် ...

... ငါကိုယ်တိုင် ဟောင်ရန်အုပ်စိုးရှင် ရတနာတစ်ပါးကို မင်းတို့စုန့်လူအကယ်ဒမီဆီ အပ်နှင်းပေးမယ်။ ”

-ဟု ကတိပေးလိုက်တော့သည်။

လူတိုင်းအံ့အားသင့်သွား၏။ အထူးသဖြင့်စုန့်လူအကယ်ဒမီမှ လူများပေပင်။ အပြင်လူတစ်ယောက်သည် ဤမျှကြီးမားသော ကိစ္စကြီးတစ်ခုကို ဆုံးဖြတ်ပိုင်ခွင့်ရှိသည်လော။

တစ်ဖက်တွင် ချင်းယာအကယ်ဒမီမှ အဖိုးကြီးများအားလုံးမှ တိတ်ဆိတ်နေသဖြင့် ပို၍ မယုံနိုင်ဖြစ်လာကြသည်။

တစ်ဆက်တည်းမှာပင် စုရီ စကားများ၏ ‌နောက်ကွယ်မှ အဓိပ္ပါယ်ထံ လေးလေးနက်နက် တွေးတောလျက် လူတိုင်းတိတ်ဆိတ်သွား၏။

အဆုံးတွင် လူတိုင်း ရှက်ရွံ့စွာဖြင့် သက်ပြင်းချလိုက်ကာ၊

“ ငါတို့တွေက တူညီတဲ့ လမ်းကြောင်းပေါ်မှာရှိနေပေမယ့် ရတနာတစ်ခု အတွက် အချင်းချင်း တိုက်ခိုက်နေကြတာ ဘယ်လောက် ရှက်စရာကောင်းလဲ ...

... ဒီနေ့ မင်းရဲ့ မျှော်မှန်းချက်နဲ့ အတွေးအခေါ်ကတော့ တစ်လောကလုံးက သက်ရှိတွေအပေါ် ကာကွယ်ဖို့အဓိကဆိုတာ ရှင်းရှင်းလင်းလင်းပြသနေတယ် ...

... မင်းရဲ့ ဒီလို သဘောထားကြီးမှုနဲ့ စိတ်ဓာတ်မြင့်မြတ်မှုက ငါတို့ကို တကယ့်ကို ရှက်ရွံ့မိစေပါတယ် ဒီနေ့အတွက် အများကြီး သင်ယူခဲ့ရပါတယ်။ ”

-ဟု ဇောင်ယွမ်ဖန်းမှ ဦးစွာ စကားစပြောလာသည်။ ထို့နောက် စုရီထံသို့ လေးလေးနက်နက် ဦးညွှတ်လိုက်တော့၏။

ဤတစ်ကြိမ်တွင် သူ၏ အပြုအမူနှင့် အမူအရာမှ အလွန်ပင် တည်ကြည်လေးနက် နေသည်။

နင်းဝေရုနှင့် စုန့်လူအကယ်ဒမီမှ ကျွမ်းကျင်သူများမှာ ရင်ထဲ ခံစားချက်များစွာ မြင့်တက်လာပြီး မျက်နှာအမူအရာများ ရှုပ်ထွေးသွားကြတော့သည်။

ဤလူငယ်လေးသည် ထိုမျှ ကျယ်ပြန့်သောနှလုံးသား ရှိနေနိုင်သည်လော။ ထိုကဲ့သို့သော မြင့်မြတ်မှုနှင့် နှလုံးသားသည် သူတို့အတွင် အမှန်ပင် အလင်းရစေ၏။

“ ဒီနေ့ မင်းရဲ့ လက်သီးသုံးချက်နဲ့ စကားတစ်ခွန်းက ငါရင်ထဲထာဝရ‌ကျောက်တိုင် တစ်ခုလို မှတ်မိနေမှာပါ နှုတ်ဆက်ပါတယ်။ ”

နင်းဝေရုမှ စုရီကို ဂါရဝပြု နှုတ်ဆက်လိုက်ပြီးတောက် စုန့်လူအကယ်ဒမီမှ လူအများကို ဦးဆောင်ကာ ချက်ချင်းပင် လှည့်ထွက်သွားတော့သည်။

သို့သော် ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့် သူမကလှည့်ကြည့်ကာ မေးမြန်းလာခဲ့၏။

“ ငါ မမှားဘူးဆိုရင် ... မင်းရဲ့ အဲဒီလက်သီးသုံးချက်လုံးမှာ စစ်မှန်တဲ့ခွန်အား အပြည့်အဝ ထုတ်မသုံးခဲ့ဘူး မဟုတ်လား။ ”

“ သဘာဝပါပဲ။ ”

စုရီက ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်လေသည်။ လူတိုင်း လုံးဝအသက်မဲ့ ကုန်တော့၏။ အလယ်အလတ် သူတော်စင် အင်မော်တယ်တစ်ပါးကို အနိုင်ယူရန် ခွန်အားအပြည့်မသုံးခဲ့သည်လော။

ယင်းသ်ည မည်သို့သော် ဘီလူးမျိုးဖြစ်သနည်း။ ထိတ်လန့်တုန်လှုပ်မှုမှာ လူတိုင်း၏ နှလုံးသားထဲသို့ တောမီးပမာ ဝင်ရောက်ပြန့်နှံ့သွားချေပြီ။

“ တကယ်ပဲ ဒီလိုဖြစ်နေတာကိုး ... အနာဂါတ်မှာ တာအိုမိတ်ဆွေရဲ့ ဘွဲ့နာမည် ကျော်ကြားမဲ့အချိန် စောင့်မျှော်နေပါတယ်။ ”

ထို့နောက်တွင် စုန့်လူအကယ်ဒမီ၏ ပုံရိပ်များသည် ကောင်းကင်ပေါ် ပျံတက်ပြီး ချက်ချင်း ပျောက်ကွယ်သွားတော့၏။

ထိုနေ့ညနေတွင် ကျောက်ယွင်ဖန်း ဦးဆောင်သော ဘီလူးအိုကြီးတစ်စုသည် စုရီကို ကြိုဆိုဂုဏ်ပြုရန်အတွက် ဝိုင်ပွဲတော်တစ်ခု ကျင်းပပေးလေသည်။

ပွဲတော်အတွင်းတွင် လူတိုင်းသည် ပျော်ရွှင်စွာ ရယ်မောသောက်စားခဲ့ကြသည်။ ထိုပွဲတော်အတွင်းတွင် ချင်းယာအကယ်ဒမီနှင့် ပတ်သက်သည့် အချက်အလက်များကို များစွာ သိရှိလာခဲ့သည်။

အတိုချုပ်ဆိုသော် ပြင်ပနတ်ဆိုးများ ကျူးကျော်လာသဖြင့် ချင်းယာအကယ်ဒမီသည် သူတို့၏ကျွမ်းကျင်သူများကို အဆက်မပြတ် စေလွှတ်ကာ ဆုတ်ယုတ်သွားရခြင်းပင်။

ဓမ္မအဆုံးခေတ် ပြီးဆုံးနောက် ချင်းယာအကယ်ဒမီသည် ကောင်းကင်တံခါး ကိုးချပ်ထံ အာရုံစိုက်ထားခဲ့၏။

သူတို့အကယ်ဒမီ၏ ပြင်ပနတ်ဆိုးများကို တိုက်ထုတ်ရန်ဟူသည့် သံမဏိစည်းမျဉ်းသည် ယနေ့ထက်တိုင် မပြောင်းလဲခဲ့ချေ။

သည့်ပြင် ဓမ္မအဆုံးခေတ်တွင် အကယ်ဒမီသည် ပျက်စီးလုနီးပါးဖြစ်ခဲ့ရပြီး ရှေးဟောင်းအမွေအနှစ်ကျမ်း အများအပြား ပျောက်ဆုံးသွားခဲ့ရသည်။

ဥပမာအားဖြင့် ရှေးဟောင်း ကျမ်းလေးပါးအနက်တစ်ခုဖြစ်သော အဆုံးမဲ့ ကြယ်ပင်လယ်ကျမ်းသည်လည်း ထိုကာလ အတွင်း ပါရှိသွားခဲ့သည်။

ရလဒ်အနေဖြင့် ချင်းယာအကယ်ဒမီမှာ အလွန်အမင်းအားနည်းသွားပြီး အခြားသော အကယ်ဒမီထက် နိမ့်ကျလာချေပြီ။

လက်ရှိ အကယ်ဒမီ၏ ဌာနမှူးမှာ ဖေးဟုန်ကျင်းဖြစ်ပြီး အဖြူရောင်မျက်ခင်းပြင် နယ်စပ်၌ သတ္တမမြောက် ကောင်းကင်တံခါးကို သွားရောက် စောင့်ကြပ်နေ၏။

ထိုအချင်းအရာက စုရီကို လေးစားသောစိတ်များ ဝင်ရောက်လာစေသည်။ တစ်ချိန်က လီနန်တုသည် သူ့ဘဝတစ်လျှောက် သေဆုံးသည့်တိုင်အောင် ဆဋ္ဌမမြောက် ကောင်းကင်တံခါးတွင် စောင့်ကြပ်ပေးခဲ့၏။

“ ဒီဝိုင်ခွက်က ... အင်မော်တယ်မြေကို စောင့်ကြပ်ဖို့ ကောင်းကင်တံခါးတွေမှာ တိုက်ပွဲ ဝင်နေကြတဲ့ ချင်းယာအကယ်ဒမီက ရဲဘော် ရဲဘက်တွေ အားလုံးအတွက်ပါ။ ”

ရုတ်တရက် စုရီက ဝိုင်ခွက်ကို မြောက်ကာပြောကြားလိုက်သည်။ လူတိုင်းက စုရီနည်းတူ ခွက်များမြောက်လာပြီး၊

“ ငါတို့အားလုံးရဲ့ မိတ်ဆွေများအတွက်။ ”

-ဟု အော်ဟစ်လျက် တကျိုက်တည်း ‌မော့ချလိုက်‌တော့သည်။

ချင်းယာအကယ်ဒမီသည် အင်မော်တယ်မြေတွင် ပထမတန်းအကယ်ဒမီ ရာထူးကိုရရှိထားသည်မှာ ရတနာများကြောင့် မဟုတ်ချေ။

ချင်းယာအကယ်ဒမီ၏ ခိုင်မာသော စည်းမျဉ်းကိုကိုင်ဆွဲထားသည့် တပည့်များ ကြောင့်သာဖြစ်လေသည်။

သူတို့ သံမဏိစည်းမျဉ်းမှာ ကမ္ဘာကြီးကိုငြိမ်းချမ်းရေး ယူဆောင်ပေးခြင်း ပေပင်။ ဤမြင့်မြတ်သည့် ရည်မှန်းချက်ကို လက်ကိုင်ထားခြင်းသည် စုရီအတွင် တုနှိုင်းမဲ့လေးစားဖွယ်ပေပင်။

ဥပမာ စုန့်လူအကယ်ဒမီမှ ချင်းယာအကယ်ဒမီ၏ဘွဲထူးကို ရယူလိုသော် သေချာပေါက် ကြီးမားသော ပေးဆပ်မှုများ လိုအပ်နေသေးသည်။

“ ကောင်းပြီ ... မနက်ဖြန်မှာ သတ္တမကောင်းကင်တံခါးဆီ ငါခရီးထွက်မယ် ဒီမှာကျောက်စိမ်းတုံးထဲမှာ ပျောက်ဆုံးနေတဲ့ ချင်းယာအမွေအနှစ် ကျမ်းလေးပါးရှိတယ် ယူထားလိုက်ပါ။ ”

***

All Chapters