← Chapters

နတ်ဆိုးဆန်သည့်လက်ချောင်း

Vol. 011 Ch. 529

နတ်ဆိုးဆန်သည့်လက်ချောင်း

Vol. 011 Ch. 529

ကိုယ်ပွားက ပေါက်ကွဲထွက်သွားပြီး ရူးသွယ်ဖွယ်အော်ရာက ပျံ့နှံ့လာလေ၏။ ပတ်ဝန်းကျင်ရှိ ဖုန်မှုန့်များက လေနှင့်အတူ လွင့်စဉ် ထွက်ကုန်ကြသည်။

ထိုကိုယ်ပွား၏ ပေါက်ကွဲမှုက ပတ်ဝန်းကျင်ကို ဖုန်မှုန့်များ ထုထည်နှင့် ဝန်းရံလို့သွားစေ၏။ သူမ ပတ်လည်ရှိ ဧရိယာက ပြေလျော့သွားကာ သူမက ထွက်ပြေးရန် ဟန်ပြင်သည်။

သို့သော် ထိုအခိုက်တွင် သူမရှေ့ ဖုန်ထုထဲကနေ နတ်ဆိုးဆန်သည့် လက်မ တစ်ခု ပေါ်လာခဲ့သည်။

အမျိုးသမီး မျက်လုံးထဲ၌ ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့ ဖြစ်ပေါ်သွားကြ၏။

သည်လက်မ၏ နောက်၌ ဝမ်လင်း၏ အေးစက်စက် အကြည့်က လိုက်ပါလာခဲ့သည်။ သူက သည်အမျိုးသမီးကို သေလူ တစ်ယောက်ကဲ့သို့ ကြည့်လို့နေသည်။

သည်အချိန်မှာပင် အလင်းတန်းများက အကွာအဝေး တစ်ခုကနေ ပျံသန်းလို့လာခဲ့၏။ ၎င်းတို့ထံကနေ ဒေါသတကြီး အော်ဟစ်သံပါ ထွက်ပေါ်လာသည်။

"ရပ်လိုက်စမ်း ... "

ဝမ်လင်းက အေးစက်စွာ နှာခေါင်းရှုံ့သည်။ သူက သည်လူများ ရောက်လာရန် စောင့်ဆိုင်းနေခြင်းပင်။ သူ့လက်မက ရပ်တန့်သွားခြင်း မရှိသည့်အပြင် ပို၍ပင် မြန်ဆန်စွာ လှုပ်ရှားလာလေ၏။ သည့်နောက် ဝမ်လင်း၏ လက်မက အမျိုးသမီး မျက်ခုံးနှစ်ခုကြားသို့ ဖိနှိပ်လို့သွားလေ၏။

အမျိုးသမီး မျက်လုံးများက ရုတ်တရက် မှိန်ဖျော့သွားကာ သူမ ခန္ဓာကိုယ်ကလည်း တုန်ယင်လာခဲ့သည်။ သူမက ကောင်းကင် ထက်ကနေ ပြုတ်ကျလာတော့၏။ သို့သော် သူမ၏ မူလစိတ်ဝိညာဉ်ကတော့ ဝမ်လင်း၏ လှောင်ပိတ်ခြင်းကို ခံထားရသည်။

သည်အခိုက်မှာပင် ဖုန်ထုကြီးက ပျောက်ကွယ်လို့ သွားသည်။ ဝမ်လင်းက လေထဲ၌ ရှိနေတုန်းသာ။ သူက သူ့လက်မကို ပါးစပ်နားသို့ တေ့၍ သူမ၏ မူလစိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူ၍ စိတ်ဝိညာဉ် အလံထဲသို့ ချိပ်ပိတ်ပစ်လိုက်သည်။

အလင်းတန်းများက ကောင်းကင်ကို ဖြတ်သန်း၍လာပြီး ဝမ်လင်းရှေ့၌ လူလေးယောက် ပေါ်လာခဲ့သည်။

သုံးယောက်က ယောက်ျားများဖြစ်၍ တစ်ယောက်ကတော့ အမျိုးသမီး ဖြစ်လေသည်။

ယောက်ျား သုံးယောက်ထဲတွင် ဝမ်လင်းက နှစ်ယောက်ကို သိရှိနေ၏။ သည်နှစ်ယောက်ထဲက တစ်ယောက်ကတော့ နူးညံ့သည့်အသွင် ရှိသည့် ကျောက်ရှန်းရှ ဖြစ်ကာ အခြား တစ်ယောက်ကတော့ ဘိုင်ဝေပင်။

နောက်ဆုံး တစ်ယောက်ကတော့ သက်လတ်ပိုင်းလူကြီး တစ်ယောက်ဖြစ်၏။ သူက သာမန်ဟု ထင်ရသော်လည်း သူ့ဒေါသက မွန်းစတားဆန်လို့ နေလေ၏။ သူက ဝမ်လင်းကို စူးစိုက်ကြည့်ကာ အော်ပြောလိုက်သည်။

"မင်းက မင်း ကလန်အဖွဲ့ဝင်တွေကို သတ်ပစ်နေတာလား ...။ ဒီနေ့ငါက ကလန်ခေါင်းဆောင် အတွက် ကလန်သန့်ရှင်းရေး လုပ်ရတော့မယ် ... "

သည်သုံးယောက် နောက်တွင်တော့ အမျိုးသမီး တစ်ယောက် ရှိနေ၏။ သူမက အလွန်လှပပြီး စွဲညှို့နိုင်စွမ်း ရှိလှသည်။ သူမက ရပ်နေရုံဖြင့် လှပမှုကို ထုတ်လွှတ်နေစွမ်း ရှိသည်။ သူမက ဝမ်လင်းက ထူးဆန်းစွာ ကြည့်လို့နေ၏။

သည်လေးယောက် နောက်တွင် မရေမတွက်နိုင်သော အလင်းတန်းများစွာ ရောက်ရှိလာ ကြတော့သည်။ ဝမ်လင်းက နတ်ဘုရားအာရုံကို ဖြန့်ကြက်လိုက်ရာ သည်လူများက ခရမ်းရောင်အုပ်စုခွဲ၏ တပည့်များ ဖြစ်ကြောင်း သိလိုက်၏။ သူတို့က တိုက်ပွဲကို ခံစားမိသဖြင့် မည်သို့ ဖြစ်ပျက်နေသည်ကို လာရောက် ကြည့်ရှုကြခြင်းပင်။

သည်လူများက အနီးသို့ ကပ်လာခြင်းမရှိပဲ ဝမ်လင်းနှင့် ပေတစ်သောင်း အကွာတွင် ရပ်တန့်လိုက်ကြ၏။

တဖြည်းဖြည်းဖြင့် ပိုပိုများသောလူများ ရောက်ရှိလို့လာခဲ့၏။ သိပ်မကြာခင်တွင် ကောင်းကင်တစ်ခုလုံးက ခရမ်းရောင် အုပ်စုခွဲ၏ တပည့်များနှင့် ပြည့်နှက်သွား လေတော့သည်။ သူတို့အားလုံး၏ အကြည့်က ဝမ်လင်းထံတွင် ရှိနေ၏။

သည့်အကြည့်များကြားတွင် အသွင်မျိုးစုံ ဟန်ပန်များ ရှိနေ၏။ သို့သော် အများစုကတော့ တုန်လှုပ်နေကြဟန် ဖြစ်နေသည်။

အော်ပြောလိုက်သော သက်လတ်ပိုင်း လူကြီးက ရှေ့သို့ လှုပ်ရှားဟန် ပြင်လိုက်၏။ သို့သော် ကျောက်ရှန်းရှက သူ့ကို တားဆီးလိုက်၏။ သက်လတ်ပိုင်း လူကြီးက ကျောက်ရှန်းရှကို ကြည့်ကာ ပြောလိုက်၏။

"ဒါက ဘာသဘောလဲ ... စီနီယာ အစ်ကို ... "

ကျောက်ရှန်းရှ အသွသ်က အလေးအနက် ဖြစ်လို့နေ၏။ သူက သက်လတ်ပိုင်း လူကြီးကို အာရုံစိုက်ခြင်း မရှိဘဲ ဝမ်လင်းကိုသာ သုန်မှုန်စွာ ကြည့်လို့နေ၏။ သူက ပြောလိုက်သည်။

"ဝမ်လင်း ... မင်းက ခုနစ်ယောက်မြောက် တပည့်ပဲ ဖြစ်တယ် ... ဒါ့ကြောင့် ငါကမင်းကို ညီခုနှစ်လို့ ခေါ်လို့ရတယ် ... ဒီကိစ္စက ဘယ်လို ဖြစ်ရတာလဲ ... "

ဝမ်လင်းအသွင်က မပြောင်းလဲချေ။ သည်လူများ၏ အသွင်အပြင်က သူမျှော့်လင်းထားသည့် အတိုင်းသာ ဖြစ်နေသည် မဟုတ်လား။ သူက သည်အရာအားလုံးကို ရှေ့ဖြစ်ဟောသူက ကြိုသိနေလိမ့်မည်ဟု မျှော်လင့်ထားခဲ့ပြီး ဖြစ်သည်။ သို့သော် သူ့တွင် ရှေ့ဖြစ်ဟောသူက ဘာကြောင့် ခုလိုလုပ်သည်ကို မသိဖြစ်နေ၏။ မည်သို့ ဆက်ဖြစ်မည်ကို မသိသော်လည်း ဝမ်လင်း မျက်နှာပေါ်၌ မည်သည့် ကြောက်လန့်မှုမှ ရှိမနေခဲ့ချေ။

ကျောက်ရှန်းရှနှင့် ဘိုင်ဝေတို့က စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အလယ်အဆင့်တွင် ရှိနေသည်။ သက်လတ်ပိုင်း လူကြီးကလည်း စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အလယ်အဆင့်သာ ဖြစ်လေ၏။ အမျိုးသမီး၏ ကျင့်ကြံမှု အဆင့်ကိုသာ သူက သေချာမသိ ဖြစ်နေသည်။ သူမ၏ ကျင့်ကြံခြင်းက အလွန်သန်မာနေ၏။

"စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့် ... "

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားလေ၏။

ကျောက်ရှန်းရှ၏ မေးခွန်းကို မဖြေဘဲ ဝမ်လင်းက တည်ငြိမ်စွာ ပြန်မေးလိုက်၏။

"စွန်ယွမ်က ဘယ်သူလဲ ... "

သူက ထိုသို့ ပြောလိုက်သည့် အခိုက်တွင် လူတိုင်းအသွင်က ပြောင်းလဲသွားကြ၏။ ကျောက်ရှန်းရှက ဝမ်လင်းကို စူးစိုက်ကြည့်နေသည်။ သိပ်မကြာခင်တွင် သူက ပြောလိုက်၏။

"ညီခုနစ် ... မင်းမှားနေပြီ ...။ စီနီယာအစ်ကိုက ဒီနေရာမှာ မင်းကို မကူညီနိုင်တော့ဘူး ... "

ထိုသို့ပြောပြီးနောက် သူက သက်လတ်ပိုင်း လူကြီးကို တားဆီးခြင်း မပြုတော့ပေ။

ခြေတစ်လှမ်းဖြင့်ပင် သက်လတ်ပိုင်း လူကြီးက ပေတစ်ရာနီးပါး ဖြတ်ကျောက်သွား၍ ဝမ်လင်း ရှေ့ဆယ်ပေအကွာတွင် ရပ်တန့်လိုက်၏။ သူက ဝမ်လင်း ရှေ့တွင်ရပ်ကာ ပြောလိုက်သည်။

"အစုတ်အပဲ့ ဂြိုဟ်ကလာတဲ့ အမှိုက် ... ဒီနေ့မှာ မင်းကို မန္တန်အစစ်အမှန် ဆိုတာ ဘာလဲ ပြသပေးရတော့မှာပေါ့ ... "

သည်လူထံကနေ အန္တရာယ်အော်ရာက ထွက်ပေါ်လာလေ၏။ ဝမ်လင်းက သည်လူ့ကို ကြည့်၍ သူ့လက်ကို သိုလှောင်အိတ်ထဲသို့ နှိုက်လိုက်၏။

သည်လို ပြင်းထန်နေသည့် အခိုက်တွင် ဘိုင်ဝေက တုံ့ဆိုင်းစွာ ပြောလိုက်သည်။

"အစ်ကိုနှစ် ... တပည့် တစ်ယောက်ပေါ်မှာ တားမြစ်ထားတဲ့ နည်းလမ်းကို သုံးတာက ကလန်ရဲ့ စည်းမျဉ်းကို ဆန့်ကျင်နေတယ် ... "

သက်လတ်ပိုင်း လူကြီးက ဘိုင်ဝေကို ကြည့်၍ ပြောလိုက်သည်။

"သူက ညီမငါးကို သတ်ခဲ့တယ် ... မင်းက သူ့ကို မျက်စိကျနေတာလား ... ဘိုင်ဝေ ... "

ဘိုင်ဝေ မျက်လုံးများက ထူးဆန်းလို့သွားပြီး သူက သက်လတ်ပိုင်း လူကြီးကို ကြည့်ကာ ပြောလိုက်သည်။

"စီနီယာအစ်ကိုရဲ့ စကားတွေက ငါ့မခံနိုင်တဲ့ အရာတွေကို တစ်ခုကို ထိခိုက်နေပြီ ...။ ငါ ဒါကိုမှတ်ထားမယ် ... "

သက်လတ်ပိုင်း လူကြီးက နှာခေါင်းရှုံ့လိုက်၏။ သူက ပြန်လှည့်ကာ ဝမ်လင်းကို ကြည့်၍ ပြောလိုက်၏။

"တိုက်ပါ ... ငါမင်းကို မန္တန်သုံးခု အသုံးပြုခွင့် ပေးတယ် ...။ ဒါမှ မဟုတ်ရင်လည်း မင်းရဲ့ ရတနာလက်နက်ကို အသုံးပြုချင်ရင် ငါက မင်းကို ဦးစားပေးမယ် ... "

ဝမ်လင်းက ထိုလူ့ကို တည်ငြိမ်စွာ ကြည့်လိုက်၏။ သည်လူ၏ ကျင့်ကြံခြင်း အဆင့်က စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အလယ်အဆင့်တွင်သာ ရှိနေ၏။ သည်လူက သူ့ထက် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်ပိုများပြားစွာ ရှိနေပေလိမ့်မည်။ သို့ရာတွင် ဝမ်လင်း၌ ရတနာများစွာ ရှိနေ၏။ သူက စစ်ထူနန် သူ့ကို ပေးခဲ့သော သတ်ဖြတ်ခြင်း မန္တန်သုံးခုကိုပါ ထပ်ပေါင်းလျှင် ဝမ်လင်းက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အလယ်အဆင့် တစ်ယောက်ကို ဆန့်ကျင်ရန် (၇၀)ရာခိုင်နှုန်း ယုံကြည်ချက် ရှိလေသည်။

"မန္တန်သုံးခု ... "

ဝမ်လင်းက ပြုံး၍ သူ့လက်မကို ထိုသက်လတ်ပိုင်း လူကြီးထံသို့ မြှောက်၍ ပြောလိုက်သည်။

"ကောင်းတယ် ... "

ချက်ချင်းပင် ဝမ်လင်း ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များက ရူးသွပ်ဖွယ် လှုပ်ရှားလာ၍ သူ့လက်မက နတ်ဆိုးအလင်းကို ပေးစွမ်းလာလေ၏။ တစ်ချိန်တည်းမှာပင် ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်းတိုး၍ သူ့လက်မကို ဖိနှိပ်ချလိုက်သည်။

သက်လတ်ပိုင်း လူကြီးက ဝမ်လင်း အစောပိုင်းက အသုံးပြုခဲ့သည် မန္တန်ကို သတိပြုမိခဲ့ပြီး ဖြစ်သည်။ သူက ၎င်းကို အနီးကပ် ထပ်မြင်ရသည့်အခါ နှာခေါင်း ရှုံ့လိုက်လေ၏။ သူက အသက်ဝဝရှူသွင်း၍ ရုတ်တရက် သူ့လက်နှစ်ဖက်ကို ပူးကပ်လိုက်သည်။ ရွှေရောင်အလင်းတန်း တစ်ခုက သူ့နှဖူးထက်ကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။ သည်ရွှေရောင် အလင်းတန်းက မျက်စိ စူးလောက်အောင် တောက်ပ၍ သူ့ခန္ဓာကိုယ် တစ်ခုလုံးအား လွှမ်းခြုံလို့သွားသည်။

သူ့ခန္ဓာကိုယ်ကနေ ကြီးမားသည့် အားတစ်ခုက ပျံ့နှံ့လို့လာလေသည်။

ဝမ်လင်း လက်မက သည်ရွှေရောင် အလင်းတန်းပေါ်သို့ ကျရောက်လာလေ၏။ သက်လတ်ပိုင်း လူကြီးက လျင်မြန်စွာ အော်ဟစ်လိုက်သည်။

"တားမြစ်ခံကိုယ်ပွား ... ပြန်လာစမ်း ... "

ချက်ချင်းပင် ရွှေရောင် အလင်းတန်းများက အသက်ရှိသည့်အလား ထင်မှတ်ရ၍ ရူးသွပ်စွာ လှုပ်ရှားလာ ကြလေသည်။ ဝမ်လင်းလက်မ ဆင်းသက်လာသည့် အခိုက်တွင် ၎င်းက ဝမ်လင်းလက်မနှင့် ပုံစံတူလက်မ တစ်ခုကို ဖြစ်တည်၍ လက်မနှစ်ခုက ထိတိုက်မိသွားသည်။

ဝမ်လင်းက လှောင်ပြုံးပြုံး၍ သူ့လက်မကို လျင်မြန်စွာ ပြန်ရုပ်သိမ်း၍ သိုလှောင်အိတ်ကို ထိလိုက်သည်။ စိတ်ဝိညာဉ် ကျာပွတ်က သူ့လက်ထဲသို့ ရုတ်တရက် ပေါ်လာခဲ့၏။ သူက ကျာပွတ်ကို ဝှေ့ယမ်းလိုက်ရာ အလင်းဖြင့် ဖန်တီးထားသည့် လက်မက ပြိုကျသွားတော့သည်။ သက်လတ်ပိုင်းလူကြီး ပတ်လည်ရှိ ရွှေရောင် အလင်းများသည်လည်း ပြိုကျလို့သွားလေ၏။

"ဒါက ပထမတိုက်ခိုက်မှုပဲ ... ခု ဒုတိယမြောက် တိုက်ခိုက်မှု ...။ ဒုတိယအစ်ကိုသင် မရှောင်တာ ပိုကောင်းလိမ့်မယ် ... "

ဝမ်လင်းက ထိုသို့ပြောပြီးပြီးချင်း ကျာပွတ်ဖြင့် ထပ်မံ ရိုက်ချလိုက်လေ၏။ စိတ်ဝိညာဉ် ကျာပွတ်က နဂါးတစ်ကောင်အလား ကြောက်မက်ဖွယ်အားနှင့် လှုပ်ရှားလို့ သွားလေ၏။

"ဖက်" ဟူသည့် ကျယ်လောင်သော အသံနှင့်အတူ ကျာပွတ်ရိုက်ချက်က သက်လတ်ပိုင်း လူကြီးပေါ်သို့ ကျရောက်သွားလေ၏။ သက်လတ်ပိုင်း လူကြီး၏ မျက်နှာက ဖြူရောသွားပြီး သူ့မူလ စိတ်ဝိညာဉ်ကလည်း ကျာပွတ် ရိုက်ချက်ကြောင့် သူ့ခန္ဓာကိုယ်ကနေ လွင့်ထွက်လုနီးပါး ဖြစ်သွားခဲ့လေသည်။ သူ့ခန္ဓာကိုယ် ပတ်လည်ရှိ ရွှေရောင်အလင်းများ အားလုံးကလည်း ပျက်စီးသွား လေတော့၏။

တတိယရိုက်ချက် ထပ်မံလာမည်ကို သိမြင်ပြီး သက်လတ်ပိုင်း လူကြီးကနောက်သို့ လျင်မြန်စွာ ဆုတ်လိုက်၏။

ဝမ်လင်းက သူ့ကို စူးစိုက်ကြည့်၍ ပြုံးကာ ပြောလိုက်သည်။

"နောက်ထပ် တိုက်ခိုက်မှု တစ်ခု ကျန်သေးတယ်လေ ... "

သက်လတ်ပိုင်းလူကြီး အသွင်က သုန်မှုန်သွားပြီး သူက နှာခေါင်းရှုံ့၍ ရှည်လျားသည့် ဓားကြီးတစ်လက်ကို ထုတ်ယူလိုက်သည်။ သူက သည်ဓားကြီးကို တစ်ချက် လှုပ်ယမ်းလိုက်ရာ အားကောင်းသော ဓားစိတ်ဆန္ဒများ ထွက်ပေါ်လာခဲ့၏။

"လက်မတိုက်ခိုက်မှုပါ ထည့်တွက်ရင် တိုက်ခိုက်မှု သုံးခုပြည့်သွားပြီ။ ဘာလို့ တစ်ခု ကျန်နေရမှာလား ...။ ဒီနေ့ ငါ့ကို ဆရာ့အစား ကလန်ကို သန့်ရှင်းခွင့်ပြုပါ ...။ ဝမ်လင်း ... မင်း သေခြင်းတရားကို လက်ခံစမ်း ... "

ထိုသို့ပြောပြီးသည်နှင့် သူက ဓားကို လေထဲသို့ ပစ်သွင်း၍ ရုတ်တရက် ရှေ့သို့ တဟုန်ထိုး တိုးဝင်ကာ အော်ပြောလိုက်သည်။

"အလုံးစုံ ကျွမ်းကျင်ခြင်း အစီအရင်"

ဓားက ပျံသန်းလာသည့် အခိုက်တွင် ၎င်းက တစ်ခုကနေ နှစ်ခု၊ နှစ်ခုကနေလေးခု ဆက်လက်၍ ကွဲထွက်သွားကြပြီး မရေမတွက်နိုင်သော ဓားများက ဝမ်လင်းထံသို့ ဆင်းသက်လာတော့၏။

တစ်ချိန်တည်းမှာပင် သက်လတ်ပိုင်း လူကြီးက ထိုင်ချ၍ သူ့လက်ကို ချိပ်တံဆိပ် တစ်ခုကဲ့သို့ ဖြစ်စေ၍ မန္တန်တစ်ခုကို စတင်ရွတ်ဆို လေသည်။ သူ့နှဖူးထက်ကနေ အနက်ရောင်အခိုးငွေ့ အမျှင်တန်းတစ်ခု ထွက်ပေါ်လာပြီး ၎င်းက တဖြည်းဖြည်း ကြီးမားလားက ကောင်းကင်ထက်ရှိ အနက်ရောင် တိမ်ထုကဲ့သို့ ဖြစ်လာခဲ့သည်။

ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ကောင်းကင်ဘုံဓားကို လက်ညွှန်လိုက်သည်။ ကောင်းကင်ဘုံဓားက ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး မရေမတွက်နိုင်သော ဓားများထံသို့ ပျံသန်းသွားလေသည်။ လခြမ်းကွေး ဓားသွားကလည်း ကောင်းကင်ဘုံဓား နောက်ကနေ အလင်းတန်း တစ်ခုအလား လိုက်ပါသွားလေ၏။

မရေမတွက်နိုင်သော ဓားများက အပိုင်းအစများအဖြစ် ပြန့်ကျဲ၍ မြေပြင်ထက်သို့ ပြုတ်ကျလာစဉ်တွင် ကောင်းကင်ထက်မှ တုန်ခါလှိုင်းများပါ ထွက်ပေါ်လာတော့၏။

ထိုသို့ပြုလုပ်ပြီးနောက် ဝမ်လင်းက သူ့ဘယ်လက်ကို ဝှေ့ယမ်းလိုက်၍ လက်ထဲတွင် ပုဆိန်ကို ဆုပ်ကိုင်လိုက်၏။ ခုချိန်၌ သူက ရှေးဦးစစ်နတ်ဘုရား တစ်ပါးအလား ထင်မှတ်ရပြီး သက်လတ်ပိုင်း လူကြီးထံသို့ တိုးဝင်လို့သွားကာ ပုဆိန်ဖြင့် လွှဲခုတ်ပိုင်းလေ၏။

သက်လတ်ပိုင်း လူကြီးက ရုတ်တရက် မျက်လုံး ပွင့်လာခဲ့သည်။ သူက အပြုံးတစ်ခု ဆင်မြန်း၍ ရုတ်တရက် မတ်တတ်ရပ် လိုက်သည်။ ထိုအခါ သူ့အထက်ရှိ အနက်ရောင် တိမ်ထုက သူ့ခန္ဓာကိုယ်ရှိ ဒွာရပေါက်များထဲသို့ အသည်းအသန် တိုးဝင်ကုန် ကြလေသည်။

"တားမြစ်ခံကိုယ်ပွား နည်းစနစ်၊ မသေမျိုးနတ်ဆိုး ခန္ဓာကိုယ် ... "

သက်လတ်ပိုင်းလူကြီးက မာန်သွင်း၍ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ရာ ဝမ်လင်းပုဆိန်က သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာတော့၏။

သတ္ထုခြင်း ထိခိုက်သံက သည်ဧရိယာ တစ်ခုလုံးတွင် ပျံ့နှံ့လို့ သွားတော့သည်။ သည့်နောက် သက်လတ်ပိုင်းလူကြီး ခန္ဓာကိုယ်ပေါ်၌ မည်သည့်ဒဏ်ရာမှ ရှိမနေသည်ကို တွေ့လိုက်ရသည်။ ဝမ်လင်းကတော့ သူ့ပုဆိန်ထံကနေ ပြင်းထန်သော တုံ့ပြန်အားကို ခံစားလိုက်ရပြီး သူ့လက်မောင်းက ရုတ်တရက် ထုံကျဉ်သွား လေတော့သည်။

သက်လတ်ပိုင်း လူကြီးက ပြုံးလိုက်သည်။ သည့်နောက် သူ့ ခန္ဓာကိုယ်က တုန်ခါသွားပြီးနောက် အနက်ရောင်မြူ အဖြစ်သို့ ပြောင်း၍ ဝမ်လင်းထံသို့ တိုးဝင်သွားတော့သည်။ သူဖြတ်ကျော်သွားသည့် နေရာတိုင်းတွင် မြေကြီးများက အက်ကွဲကုန်လေသည်။

ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက နောက်သို့ ဆုတ်၏။ တစ်ချိန်တည်းမှာပင် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့လက်ကောက်ဝတ်ကနေ သားရဲချုပ်နှောင်ခြင်း လက်ကောက်က ပျံသန်း ထွက်လာတော့၏။ သားရဲချုပ်နှောင်ခြင်း လက်ကောက်က မြေပေါ်သို့ ဆင်းသက်သွားသည့်အခါ နတ်ဘုရား သတ်ဖြတ်ခြင်း စစ်ရထားအဖြစ်သို့ ပြောင်းလဲသွားလေ၏။

ဝမ်လင်း မျက်လုံးထဲ၌ သတ်ဖြတ်ခြင်း ဆန္ဒများ ပြည့်နေ၏။ သည်လူက သည်တားမြစ်ထားသည့် ကိုယ်ပွားနည်းစနစ်ကို စတင်အသုံးပြုလာခဲ့ပြီ ဖြစ်နေ၏။ သည်နည်းစနစ်က အလွန်ပင် အားကောင်းလွန်းလှသည်။ ဝမ်လင်းတွင် ရတနာများစွာ ရှိနေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူက ခုချိန်၌ မားမားရပ်နေ နိုင်တော့မည် မဟုတ်ပေ။

သက်လတ်ပိုင်း လူကြီးထံကနေ ဖြစ်ပေါ်သည့် အနက်ရောင်မြူများက ဝမ်လင်းထံသို့ ရူးသွပ်ဖွယ် တိုးဝင်လာနေကြ၏။ ကောင်းကင်ထက်ရှိ ကောင်းကင်ဘုံ ဓားကလည်း လခြမ်းကွေး ဓားသွားနှင့်အတူ သည်အနက်ရောင်မြူ ထံသို့ တိုးဝင်သွားလေ၏။ ချက်ချင်းပင် ကောင်းကင်ဘုံဓားက သည်အနက်ရောင်မြူကို ဖြတ်ကျော်လို့ သွားလေ၏။

မြူထဲရှိ သက်လတ်ပိုင်း လူကြီးထံကနေ နှာခေါင်းရှုံ့သံ ထွက်ပေါ်လာလေ၏။ သူက ဓား သို့မဟုတ် ဓားသွား ဖြစ်စေ ဂရုစိုက်ခြင်း မရှိဘဲ ဝမ်လင်းထံသို့သာ တိုက်ရိုက်ဆက်၍ တိုးဝင်သွား၏။

ဝမ်လင်းမျက်လုံးက အေးစက်လာကာ သူက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေ၍ ညင်သာစွာ ပြောလိုက်သည်။

"နတ်ဆိုးလက်ချောင်း ... "

စစ်ထူနန်သူ့ကို သင်ပေးခဲ့သည့် ဒုတိယမြောက် သတ်ဖြတ်ခြင်း မန္တန်ကို အသက်သွင်း လိုက်လေ၏။

***

All Chapters