← Chapters

အခန်း (၁၂၅၅-၁၂၅၆)

Vol. 109 Ch. 1255-1256

အခန်း (၁၂၅၅-၁၂၅၆)

Vol. 109 Ch. 1255-1256

အခန်း ၁၂၅၅

ရှောင်းယီက ခေါင်းညိတ်လိုက်ပြီးနောက် အသံချဲ့စက်ကို ကောက်ကိုင်ကာ အော်ဟစ်လိုက်သည်။

“မြင့်တက်နေမင်း၊ ချင်းကျူးနဲ့ မြင့်မြတ်အလင်း အင်ပါယာက လူတွေ... သေချာနားထောင်ကြစမ်း။ အခုချက်ချင်း လက်နက်ချကြ။ မဟုတ်ရင် အော်ကုအင်ပါယာက မင်းတို့အတွက် သင်ခန်းစာတစ်ခု ဖြစ်သွားလိမ့်မယ်။”

ရှောင်းယီ၏ ဟစ်အော်သံကို ကြားလိုက်ရသောအခါ မြင့်တက်နေမင်းဘုရင်က ချက်ချင်း ပြန်လည်တုံ့ပြန်လိုက်သည်။

“ဟမ့်... အော်ကုက မင်းရဲ့ ချုံခိုတိုက်ခိုက်တာကို ခံလိုက်ရလို့ပဲ။ အခု ငါတို့ အင်ပါယာသုံးခု ပူးပေါင်းထားတယ်။ မင်းတကယ်ပဲ အနိုင်ရဖို့ အခွင့်အရေးရှိမယ် ထင်နေတာလား။ ငါ မင်းကို အကြံပေးလိုက်မယ်။ မြန်မြန် နောက်ဆုတ်လိုက်။ မင်းရဲ့စစ်သားတွေကို ဒီနေရာမှာ အသေမခံခိုင်းစမ်းနဲ့။”

ရှောင်းယီက ပြုံးကာ ခေါင်းခါပြလိုက်သည်။

“ငါက အန္တရာယ်နဲ့ ကြုံရတဲ့အခါ ကိုယ့်စစ်သားတွေကို စွန့်ပစ်တတ်တဲ့ မင်းတို့လို လူစားမျိုး မဟုတ်ဘူး။ ယီရန်ပင်းမဟာမိတ်အဖွဲ့ အလေးအနက်အထားဆုံးက ကိုယ့်စစ်သားတွေရဲ့ အသက်ပဲ။”

ရှောင်းယီ ထိုသို့ပြောလိုက်ပြီးနောက် မြင့်တက်နေမင်း၊ ချင်းကျူးနှင့် မြင့်မြတ်အလင်း အရှင်သခင် သုံးပါးစလုံး၏ မျက်နှာအမူအရာများ အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။

ထို့ပြင် အင်ပါယာသုံးခုမှ စစ်သားများသည်လည်း အချင်းချင်း တီးတိုး ပြောဆိုလာကြတော့သည်။ ရှောင်းယီ၏ စကားလုံးများက သူတို့၏ စိတ်ဓာတ်ကို အမှန်တကယ်ပင် လှုပ်ခါသွားစေခဲ့ပြီ ဖြစ်သည်။

မြင့်တက်နေမင်းဘုရင်က ပျာပျာသလဲ ပြောလိုက်၏။

“ဟမ့်... ငါတို့တွေ လွယ်လွယ်နဲ့ လုံးဝ လက်နက်ချမှာ မဟုတ်ဘူးကွ။ မင်းရဲ့ ကျွန်ပြုတာကို ခံရရင် ငါတို့တွေ ဘယ်တော့မှ ကောင်းစားတော့မှာ မဟုတ်ဘူး။ တိုက်ခိုက်ကြစမ်း။”

အကယ်၍ ရှောင်းယီကို စိတ်ဓာတ်စစ်ဆင်ရေး ဆက်လုပ်ခွင့်ပေးနေမည်ဆိုပါက သူ၏စစ်တပ်မှာ မတိုက်ရသေးခင်မှာပင် ဖရိုဖရဲဖြစ်သွားမည်ကို သူ စိုးရိမ်နေမိသည်။

ချင်းကျူးနှင့် မြင့်မြတ်အလင်းတို့ကလည်း တစ်ချိန်တည်းမှာပင် သူတို့၏ စစ်တပ်များကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်ကြတော့သည်။

ရှောင်းယီသည် မိမိထံသို့ အရှိန်အဟုန်ဖြင့် မောင်းနှင်လာသော ရေတပ်စုကို ကြည့်ကာ မဲ့ပြုံးပြုံးလိုက်၏။

“ငါ မင်းတို့ကို အခွင့်အရေး ပေးခဲ့ပြီးပြီ။ မင်းတို့က မဆုပ်ကိုင်နိုင်မှတော့ ငါ့ကို လာမပြစ်တင်နဲ့။ စစ်တပ်အားလုံး... တိုက်ကြ။”

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းသည် ဗုံးကြဲလေယာဉ်ကို လေယာဉ်တင်သင်္ဘော၏ ကုန်းပတ်ပေါ်မှနေ၍ ကောင်းကင်ထက်သို့ တိုက်ရိုက် မောင်းနှင်ပျံတက်သွားခဲ့သည်။

“ဟမ့်...ဒီတိုက်လေယာဉ် ဗျူဟာဟောင်းကြီးပဲလား။ လေကြောင်းရန်ကာကွယ်ရေး အမြောက်တွေ... အဆင်သင့်ပြင်စမ်း။”

မြင့်တက်နေမင်းဘုရင်က မထင်မဲ့မြင် ပြုံးလိုက်သည်။

ပြီးခဲ့သည့် တိုက်ပွဲအတိုင်းပင် တိုက်လေယာဉ်များက လေကြောင်းရန်ကာကွယ်ရေး အမြောက်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန် ရှေ့တန်းမှ တိုက်ခိုက်ပြီး ဗုံးကြဲလေယာဉ်များကမူ နောက်ကွယ်မှ ကပ်လျက်လိုက်ပါလာကာ ဗုံးကြဲချရန် တာဝန်ယူထားကြသည်။

“ဝှစ်... ဝှစ်... ဝှစ်...”

ကောင်းကင်ထက်မှနေ၍ ဗုံးမိုးများ ထပ်မံ ရွာသွန်းကျဆင်းလာခဲ့ပြန်သည်။

ထိုဗုံးများကို မြင်လိုက်ရသောအခါ ချင်းကျူးက ချက်ချင်း အော်ဟစ်လိုက်၏။

“သတိထား...။ ရှောင်တိမ်းကြစမ်း။ ဒီဟာတွေက ငါတို့ရဲ့ အမြောက်ဆန်တွေထက် အများကြီး ပိုကြီးတယ်။ သူ့ရဲ့ ဖျက်ဆီးအားကလည်း သေချာပေါက် ပိုပြင်းလိမ့်မယ်။”

သို့သော် အော်ကုအင်ပါယာနှင့် တိုက်ပွဲဖြစ်ပွားစဉ်က အခြေအနေအတိုင်းပင် စစ်သင်္ဘောများမှာ အလွန်အမင်း စုပြုံနေသဖြင့် ရှောင်တိမ်းရန် နေရာလွတ် လုံးဝ မရှိပေ။

“ဝုန်း...ဝုန်း...ဝုန်း”

ထိုဗုံးများသည် အင်ပါယာကြီး သုံးခု၏ စစ်သင်္ဘောများပေါ်သို့ ကျရောက်သွားပြီး ၎င်းတို့ကို ချက်ချင်းပင် တစစီ အပိုင်းပိုင်း ဖြိုခွဲပစ်လိုက်တော့သည်။

မြင့်တက်နေမင်းဘုရင်နှင့် အခြားသူများသည် ထိုဗုံးများ၏ ပြင်းထန်လှသော ဖျက်ဆီးအားကို မြင်တွေ့လိုက်ရသောအခါ လုံးဝ ဆွံ့အမှင်တက်သွားကြရတော့သည်။

“အော်ကုအင်ပါယာ ဘာလို့ ဒီလောက်တောင် မြန်မြန်ဆန်ဆန် ဇာတ်သိမ်းသွားရသလဲဆိုတာ ငါ အခု သိပြီ ထင်တယ်။”

ချင်းကျူးက အသက်ကို လုရှူရင်း ပြောလိုက်သည်။

“ဟုတ်တယ်။ ဒီလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာမျိုးကို ဖြေရှင်းနိုင်မယ့် နည်းလမ်း လုံးဝ မရှိဘူး။”

မြင့်မြတ်အလင်းကလည်း မျှော်လင့်ချက်ကင်းမဲ့နေသည့် အပြုံးမျိုးဖြင့် ခါးခါးသီးသီး ပြောဆိုလိုက်သည်။

မူလက စစ်သင်္ဘော တစ်ထောင်ကျော် ရှိခဲ့သော်လည်း ကျန်းယွင်ထျန်းတို့အဖွဲ့၏ တရစပ် ဗုံးကြဲတိုက်ခိုက်မှုကို ခံလိုက်ရပြီးနောက် တိုက်ပွဲဝင်နိုင်စွမ်း ရှိသည့် သင်္ဘော လေးရာခန့်သာ ကျန်ရှိတော့သည်။

ရှောင်းယီ၏ဘက်တွင်မူ ဖမ်းဆီးရမိထားသော စစ်သင်္ဘော ခြောက်ရာ ရှိနှင့်ပြီးဖြစ်ရာ ဤတိုက်ပွဲကို ဆက်လက်ယှဉ်ပြိုင်ရန်မှာ လုံးဝ မဖြစ်နိုင်တော့ပေ။

“မင်းတို့ကို နောက်ဆုံး အခွင့်အရေးတစ်ခု ထပ်ပေးမယ်။ အခုချက်ချင်း လက်နက်ချကြစမ်း။ မဟုတ်ရင် နောက်တစ်ကြိမ် ဗုံးကြဲမှုက မင်းတို့ရဲ့ မြို့တွေအပါအဝင် ကုန်းမြေပေါ်က ပစ်မှတ်တွေ ဖြစ်လာလိမ့်မယ်။”

ရှောင်းယီ၏ အသံ ထပ်မံထွက်ပေါ်လာပြန်သည်။

ချင်းကျူးက မြင့်မြတ်အလင်းနှင့် မြင့်တက်နေမင်းတို့ကို မျှော်လင့်ချက် ကင်းမဲ့နေဟန်ဖြင့် ကြည့်လိုက်သည်။

“ငါတို့မှာ အခြားနည်းလမ်း မရှိတော့ဘူး။ လက်နက်ချလိုက်ကြရအောင်။ လေကြောင်းကနေ ဗုံးကြဲနိုင်တဲ့ သူတို့ရဲ့ လေယာဉ်တွေကို ငါတို့ တားဆီးနိုင်မှာ မဟုတ်ဘူး။”

မြင့်တက်နေမင်းသည် အားအင်ကုန်ခမ်းစွာဖြင့် ပြန်ထိုင်ချလိုက်သည်။

“ဟူး... လက်နက်ချလိုက်ပါတော့။ ငါတို့ အနိုင် မတိုက်နိုင်တော့ဘူး။”

ထိုအခါ ချင်းကျူးသည် အသံချဲ့စက်ကို ကောက်ကိုင်ကာ ကျယ်လောင်စွာ အော်ပြောလိုက်တော့သည်။

“ငါတို့ လိုလိုလားလား လက်နက်ချမယ်။ ဒါပေမဲ့ ငါတို့ လက်နက်ချပြီးရင် မင်းတို့ ငါတို့ကို ဘယ်လို ကိုင်တွယ်မယ်ဆိုတာကို သိချင်တယ်။”

ရှောင်းယီက ရယ်မောလိုက်၏။

“အခုအချိန်မှာ မင်းတို့မှာ ငါနဲ့ ဆွေးနွေးနိုင်တဲ့ အခွင့်အရေး ရှိနေသေးတယ် ထင်နေတာလား။”

ချင်းကျူးသည် ခေတ္တမျှ ဆွံ့အသွားပြီးနောက် ကူကယ်မဲ့သွားသည့် လေသံဖြင့် ပြောလိုက်သည်။

“တကယ်မရှိဘူးပဲ။ ငါတို့ လက်နက်ချပါတယ်။”

“ကောင်းပြီ။ မင်းတို့ ပညာရှိတဲ့ ရွေးချယ်မှုကို ပြုလုပ်လိုက်တာပဲ။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

“အခု မင်းတို့ရဲ့ စစ်သားအားလုံးကို တစ်နေရာတည်းမှာ စုစည်းထားလိုက်။ လက်နက်တွေကို အောက်ချ၊ ပြီးတော့ ငါတို့ရဲ့ ပူးပေါင်းသိမ်းပိုက်မှုကို ငြိမ်ငြိမ်လေး စောင့်ဆိုင်းနေကြ။ မင်းတို့ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေကို သိမ်းပိုက်ဖို့ ငါ့လူတွေကို စေလွှတ်လိုက်မယ်။ ဘာခုခံမှုမှ လုံးဝ မလုပ်ကြနဲ့။”

“နားလည်ပါပြီ။”

အင်ပါယာကြီး သုံးခုလုံး လက်နက်ချသွားခြင်းကြောင့် ရှောင်းယီအတွက် လက်နက်ခဲယမ်း အမြောက်အမြား သက်သာသွားစေခဲ့သော်လည်း ကျန်းယွင်ထျန်းမှာမူ အားမရသေးဘဲ ဖြစ်နေဆဲပင်။

ရှောင်းယီက အားမလို အားမရဖြစ်နေသော ကျန်းယွင်ထျန်းကို ကြည့်ကာ ပြုံးလိုက်သည်။

“နောင်ကျရင် အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်ကွာ။”

ထို့နောက်တွင် အင်ပါယာကြီးသုံးခုကို ပူးပေါင်းသိမ်းပိုက်သည့် ကိစ္စရပ်များ ရောက်ရှိလာခဲ့ပြီး ထိုကိစ္စကို အန်းယွဲ့နှင့် ကျန်းယွင်ထျန်းတို့က ကိုင်တွယ်ဆောင်ရွက်ခဲ့သဖြင့် ရှောင်းယီအနေဖြင့် စိတ်ပူနေစရာ မလိုတော့ပေ။

သူ သူ့ဖုန်းကို ထုတ်ယူလိုက်သောအခါ ဂရုချက်ထဲတွင် တစ်စုံတစ်ယောက်က ဗုံးကြဲလေယာဉ်မှ ရန်သူ့သင်္ဘောများကို ဗုံးကြဲနေသည့် ဓာတ်ပုံတစ်ပုံကို အမှန်တကယ်ပင် တင်ထားခဲ့ရာ လူအများအကြား အပြင်းအထန် ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပွားနေတော့သည်။

“ဒီလေယာဉ်က အရင်က တိုက်လေယာဉ်တွေနဲ့ မတူဘူး ထင်တယ်။”

“ဟုတ်တယ်။ သေချာပေါက် ကွဲပြားတယ်။ ဒါက ဗုံးကြဲလေယာဉ်ပဲ။”

“သူဌေးအနေနဲ့ မဟာအင်ပါယာကြီး လေးခုကို အစပျိုးပြီး ထိုးစစ်ဆင်ရဲတာ မဆန်းတော့ဘူး။ သူ့မှာ ဒီလို ဝှက်ဖဲမျိုး ရှိနေလို့ကိုး။”

“ဟုတ်တယ်။ မနေ့ကတုန်းက ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်မသုံးဘဲ ချန်ထားတာပဲ...။ ဒါက ဒီနေ့ သူတို့ကို အလစ်အငိုက် ဖမ်းပြီး တိုက်ခိုက်ဖို့အတွက်ပဲ ဖြစ်ရမယ်။”

“ဒါကတော့ သေချာပေါက်ပဲပေါ့။ သူဌေး အရမ်းအံ့ဩဖို့ကောင်းတာပဲ။ မနေ့ကလို အခြေအနေမျိုးမှာတောင် ဒီဝှက်ဖဲကို မထုတ်ဘဲ အောင့်အည်းထားနိုင်တယ်။”

“ဒီဗုံးကြဲလေယာဉ်ရဲ့ ဖျက်ဆီးအားက နည်းနည်းတော့ လွန်ကဲလွန်းတယ် မဟုတ်ဘူးလား။ ဒီဗုံးတွေက စစ်သင်္ဘောတွေကို မှုန်ညက်သွားအောင်ကို ဖျက်ဆီးပစ်လိုက်တာ။”

“ဟုတ်တယ်။ ဒီလိုမျိုး ပျက်စီးသွားတာက ပြန်ပြင်ဖို့ လုံးဝ မဖြစ်နိုင်တော့ဘူး။”

“လေယာဉ်တင်သင်္ဘော + တိုက်လေယာဉ် + ဗုံးကြဲလေယာဉ်... ဒီအတွဲအစပ်က လောလောဆယ်မှာ လုံးဝကို အနှိုင်းမဲ့ပဲ။”

“မှန်တယ်။ ပိုပြီးအစွမ်းထက်တဲ့ လေကြောင်းရန်ကာကွယ်ရေး လက်နက်တွေ ရှိမလာသရွေ့ပေါ့။”

ဂရုချက်ထဲတွင် ဝိုင်းဝန်းဆွေးနွေးနေကြသည်ကို ကြည့်ပြီး ရှောင်းယီတစ်ယောက် ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။ သူသည် ဤဝှက်ဖဲကို လျှို့ဝှက်ချန်ထားခဲ့ခြင်း လုံးဝမဟုတ်ချေ။ မနေ့ကတုန်းက သူ့မှာ ဗုံးကြဲလေယာဉ် ရှိမနေခဲ့၍သာ ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ၎င်းတို့အားလုံးကို အသေးစိတ် ရှင်းပြနေရန် မလိုအပ်တော့ပေ။

“အားလုံးပဲ။ ကိုယ့် အနီးအနားဝန်းကျင်မှာ ဒေသခံတွေ သိမ်းပိုက်ထားတဲ့ အုတ်မြစ်ကျောက်ကျွန်းတွေ ရှိ၊ မရှိ ဝိုင်းပြီးရှာဖွေထားကြသေးလား။”

ရှောင်းယီက ပြောလိုက်သည်။

“ဆရာကြီးက စကားစမြည်ပြောဖို့ အချိန်တောင် ရှိသေးတယ်ပေါ့။ မဟာအင်ပါယာကြီး လေးခုလုံးကို ဖြေရှင်းပြီးသွားပြီလား။”

“မဖြစ်နိုင်လောက်သေးပါဘူး။ စောစောကမှ မြင့်တက်နေအင်းအင်ပါယာဆီ ရောက်တာလေ။ ကျန်တဲ့ အင်ပါယာ နှစ်ခု ရှိသေးတယ်။”

“မင်းတို့တွေ အဓိကအချက်ကိုပဲ အာရုံစိုက်ပြီး သူဌေးရဲ့ မေးခွန်းကို ပြန်ဖြေကြစမ်းပါ။ ကျုပ်တို့တော့ ရေတပ်စုတွေ စေလွှတ်ပြီးပါပြီ။ ဒါပေမဲ့ ဘာမှ ရှာမတွေ့သေးဘူး။”

“မတွေ့သေးပါဘူး + ၁။”

မဟာမိတ်အဖွဲ့ အများစုမှာ ရေတပ်စုများ စေလွှတ်ထားကြသော်လည်း မည်သူမျှ ဘာမှ ရှာမတွေ့ကြသေးပေ။

ထိုအခါမှ ရှောင်းယီက ပြန်ဖြေလိုက်သည်။

“မဟာအင်ပါယာကြီး လေးခုလုံးကို တကယ် ဖြေရှင်းပြီးသွားပါပြီ။ ကျုပ်တို့တွေ ဒေသခံတွေရဲ့ ဖမ်းဆီးခြင်းကို ခံထားရနိုင်တဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ အချိန်လုရမယ်။”

“လခွမ်း... ဘာတွေဖြစ်ကုန်တာလဲ။ အခုမှ မွန်းလွဲ နှစ်နာရီပဲ ရှိသေးတာကို။ သူဌေးက မဟာအင်ပါယာကြီး လေးခုလုံးကို ဖြေရှင်းပြီးသွားပြီတဲ့လား။”

“ဗုံးကြဲလေယာဉ်တွေ ရှိနေရင်တော့ ဒါက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအမြန်နှုန်း မြန်တော့ မြန်လွန်းနေသေးတယ်။”

“ဟုတ်တယ်။ သူဌေးက အရမ်းမြန်လွန်းတယ်။”

“ဘာလို့ ငါတို့တွေ အဝေးပြေးလမ်းမပေါ်မှာ အရှိန်ပြင်းပြင်း မောင်းနေရသလို ခံစားနေရတာလဲ။ ငါ့ကို ဘရိတ်အုပ်ခွင့် ပေးကြပါဦး။ စကားလမ်းကြောင်းကို အတင်းအကျပ် လွှဲရရင်... သူဌေးရဲ့ သားရဲကြီးအသား ဈေးနှုန်းက တရိပ်ရိပ် ကျဆင်းလာနေပြီ။ လူတိုင်းပဲ ကိုယ့်ရဲ့ မဟာမိတ်အဖွဲ့ထဲက အသက်ရှင်ကျန်ရစ်သူတွေရဲ့ အဆင့်ကလည်း အခုလောက်ဆို SSS အဆင့်ကို ရောက်လုနီးပါး ဖြစ်နေကြပြီ မဟုတ်လား။”

“ငါတို့ဆီမှာ သုံးယောက်ပဲ ကျန်တော့တယ်။ မနက်ဖြန်ဆိုရင်တော့ အားလုံး ပြီးလောက်ပြီ။”

“ငါတို့ဆီမှာ တစ်ယောက်ပဲ ကျန်တော့တယ်။ ဒီနေ့တင် လူတိုင်း SSS အဆင့်ကို ရောက်သွားနိုင်တယ်။”

“ငါတို့ဆီမှာ ဘာလို့ ဆယ်ယောက်တောင် ကျန်နေသေးရတာလဲ။ မင်းတို့အားလုံး ဘယ်လိုလုပ်ပြီး ဒီလောက်တောင် မြန်နေကြတာလဲဟ။”

“ဟုတ်ပါ့။ လူတိုင်းက မြန်နေပြီး ငါတစ်ယောက်တည်း နှေးနေတယ်။ သည်းခံပေးကြပါဦး။”

လူတိုင်း၏ စကားဝိုင်းကို မြင်သောအခါ ရှောင်းယီသည်လည်း ထူးခြားစွာ အံ့အားသင့်သွားခဲ့သည်။ လူတိုင်း၏ အဆင့်မြှင့်တင်မှု အရှိန်အဟုန်မှာ ဤမျှလောက်အထိ မြန်ဆန်လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။

၎င်းသည် သူကိုယ်တိုင် အဆင့်မြှင့်တင်ခဲ့စဉ်ကထက် များစွာ ပိုမိုမြန်ဆန်နေပုံရသည်။ သားရဲကြီးအသားများ ပေါများလှခြင်းအပြင် အခြားသော အကြောင်းအရင်းများလည်း ရှိနေရပေမည်။

ဖြစ်နိုင်သည်မှာ ကမ္ဘာ့စည်းမျဉ်းများကလည်း ၎င်းတို့အတွက် အရှိန်မြှင့်တင်ပေးထားခြင်း ဖြစ်နိုင်သည်။ အဆုံးသတ်၌ ဤကမ္ဘာကြီး၏ အဓိကတာဝန်မှာ ရှောင်းယီကြောင့် အချိန်မတိုင်မီ စောစီးစွာ ပြီးဆုံးသွားခဲ့ပြီး ဖြစ်ပေသည်။

အခန်း ၁၂၅၆

ဤကမ္ဘာမြေ၏ တိုးတက်ပြောင်းလဲမှု ဖြစ်စဉ်တစ်ခုလုံးသည် ရှောင်းယီ တစ်ယောက်တည်းကြောင့် လုံးဝ ကမောက်ကမ ဖြစ်သွားခဲ့ရသည်။ ထို့ကြောင့် ကမ္ဘာ၏ ဥပဒေသစည်းမျဥ်းများအနေဖြင့် ဤအဆင့်ကို အမြန်ဆုံး အဆုံးသတ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

“ဒီနှုန်းအတိုင်းဆိုရင် မနက်ဖြန်ပြီးရင် အသက်ရှင်ကျန်ရစ်သူတွေရဲ့ ၉၉ ရာခိုင်နှုန်းလောက်က SSS အဆင့်ကို တက်လှမ်းနိုင်ကြလိမ့်မယ်ထင်တယ်။”

ရှောင်းယီက စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

“ဒါပေမဲ့ အခုအချိန်မှာ ဒေသခံတွေရဲ့ ဖမ်းဆီးခြင်းကို ခံထားရတဲ့ အသက်ရှင်ကျန်ရစ်သူတွေက တကယ့် ပြဿနာပဲ။”

ဤအချိန်တွင် မဟာအင်ပါယာကြီးလေးခု၏ မဟာမိတ်ကျွန်းစုများအားလုံးသည် ရှောင်းယီ၏ ကျွန်းနှင့် လာရောက်ပူးတွဲ ချိတ်ဆက်မိသွားကြပြီဖြစ်သည်။

ကျွန်းများ အားလုံး စနစ်တကျ ပူးတွဲပြီးသွားသည့်အခါ ထိုသုံ့ပန်းများကို စီမံခန့်ခွဲရသည်မှာ များစွာ ပို၍ အဆင်ပြေသွားခဲ့သည်။

မဟာအင်ပါယာကြီးလေးခု၏ နယ်မြေများသည် အရှေ့မြောက်ဘက်တွင် လာရောက်ပူးတွဲမိခြင်းဖြစ်ပြီး လန်ဖုန်းဒေသနှင့် အနီးဆုံးဖြစ်သောကြောင့် လန်ယုံကိုသာ လွှဲအပ်၍ ကိုင်တွယ်ဖြေရှင်းခိုင်းလိုက်သည်။

အန်းယွဲ့အနေဖြင့် ဘေးမှ ကူညီပေးရုံသာ လိုအပ်ပြီး ကျန်းယွင်ထျန်းမှာမူ ထိုသုံ့ပန်းများကို စီမံခန့်ခွဲရန်အတွက် စိတ်ပူနေစရာ မလိုတော့ပေ။

ညစာစားချိန်တွင် အသက်ရှင်ကျန်ရစ်သူတစ်ယောက်က ယီထျန်းဂရုချတ်ထဲသို့ ရုတ်တရက် မက်ဆေ့ခ်ျတစ်ခု ပို့လာခဲ့လေသည်။

“ငါ ဒေသခံတွေ သိမ်းပိုက်ထားတဲ့ အုတ်မြစ်ကျောက်ကျွန်း တစ်ကျွန်း တွေ့ခဲ့တယ်။”

“ညီအစ်ကို ရိုးရိုးသားသား ပြောစမ်းပါ။ မင်း ဘယ်လို ရှာတွေ့ခဲ့တာလဲ။”

“၈ ဆ စကုပ် (8x scope) နဲ့ ကြည့်ပြီး ရှာတွေ့တာနေမှာပေါ့။ မေးခွန်းကလည်း ဆန်းကြယ်လိုက်တာ။ ကိုယ့်ကျွန်းပေါ်မှာပဲ ထိုင်နေရင်တော့ ဘယ်လို ရှာတွေ့မှာလဲ။ အပြင်ထွက်မှပဲ အခွင့်အရေးရှိမှာပေါ့။”

“ဒါကို တွန့်ဆုတ်နေဖို့ လိုသေးလို့လား။ တက်ကြိတ်ပြီး သိမ်းပိုက်လိုက်တော့လေ။”

“ငါလည်း သိမ်းချင်တာပေါ့။ ဒါပေမဲ့ သူတို့ရဲ့ ခံစစ်က အရမ်းကို မာလွန်းတယ်။ ငါတို့ လက်လှမ်းမမီဘူး။”

ဒူခန်းသည် ထမင်းစားရင်း ဖုန်းပွတ်နေသူဖြစ်ရာ ထိုမက်ဆေ့ခ်ျများကို သဘာဝအတိုင်း မြင်တွေ့သွားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်... မြန်မြန် ကြည့်လိုက်။”

“ဘာကို ကြည့်ရမှာလဲ။ ထမင်းစားရင်း ဖုန်းကစားနေရလား မင်း။”

ကျန်းယွင်ထျန်းက ပြုံးကာ ဆူပူလိုက်သည်။

“မဟုတ်ဘူး။ ဂရုချတ်ထဲက တစ်ယောက်က ဒေသခံတွေ သိမ်းပိုက်ထားတဲ့ အုတ်မြစ်ကျောက်ကျွန်းကို တွေ့တယ်လို့ ပြောနေကြလို့။”

အားလုံးက မိမိကို ဝိုင်းပြီး ဆူတော့မည့် အမူအရာကို မြင်လိုက်ရသဖြင့် ဒူခန်းက ချက်ချင်း ရှင်းပြလိုက်သည်။

“အို...”

ထိုစကားကို ကြားသောအခါ ရှောင်းယီ ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤအချက်သည် သူတို့ နောက်ထပ်အဆင့်တစ်ခုသို့ ချောချောမွေ့မွေ့ ကူးပြောင်းနိုင်ခြင်း ရှိ၊ မရှိနှင့် သက်ဆိုင်နေသောကြောင့်ပင်။

ထို့ကြောင့် လူတိုင်းက သူတို့၏ မိုဘိုင်းလ်ဖုန်းများကို ထုတ်ယူကာ ကြည့်လိုက်ကြတော့သည်။

“မင်းတို့ အင်အားနဲ့ မနိုင်ရင်တော့ သူဌေး ဆီကနေ လက်နက်နဲ့ ခဲယမ်းတွေ ပိုဝယ်ပြီး သူတို့ သေသွားတဲ့အထိ အဝေးကနေပဲ ပစ်ခတ်ခြေမှုန်းပစ်လိုက်ပေါ့ကွ။”

“အကြံကောင်းပဲ။ ဒါပေမဲ့ သူတို့ရဲ့ တိုက်ခိုက်မှုအကွာအဝေးက ငါတို့ထက် ပိုဝေးနေတယ်။ ငါတို့ သူတို့ကို လုံးဝ ပစ်လို့မမီဘူး ဖြစ်နေတာ။”

“ဒါဆိုရင်တော့ ဘာမှတတ်နိုင်တော့ဘူး။ သူတို့ဆီမှာ အဆင့်မြှင့်ထားတဲ့ လက်နက်တွေ ရှိနေတာပဲ။”

ထိုအရာသည်ကို မြင်သောအခါ ကျန်းယွင်ထျန်းက ဝင်ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်... ငါတို့ရဲ့ တပ်ဖွဲ့တွေကို ဆက်ပြီး ငှားရမ်းပေးရင် မကောင်းဘူးလား။ ငါတို့ရဲ့ လေယာဉ်တင်သင်္ဘောတွေကို ငှားပေးပြီး သူတို့ သိမ်းပိုက်နိုင်တဲ့ ဒေသခံကျွန်းတွေရဲ့ အုတ်မြစ်ကျောက် တစ်ဝက်ကို အခကြေးငွေအဖြစ် ယူလိုက်တာပေါ့။”

“အင်း အကြံကောင်းပဲ။ ကျုပ်အထင်ကတော့ ၈၀ ရာခိုင်နှုန်းလောက် တောင်းရင်တောင် သူတို့ ပေးကြလိမ့်မယ်။”

ဒူခန်းက ပြုံးကာ ပြောလိုက်သည်။

“ဒါတော့ မသေချာဘူး။ တကယ်လို့ သူတို့ တိုက်ခိုက်တဲ့ အုတ်မြစ်ကျောက်ကျွန်းက ဧရိယာ တော်တော်ကျယ်တယ်ဆိုရင် ငါတို့အဖွဲ့ရဲ့ ငှားရမ်းခကို ပေးဖို့အတွက်နဲ့တင် အုတ်မြစ်ကျောက်တွေကို ဖြုတ်ပစ်ရတော့မှာ မဟုတ်ဘူးလား။ အဲ့ဒါဆိုရင် ဒီလောက်ကြာအောင် ဖြစ်တည်လာခဲ့တဲ့ အရင်းအမြစ်တွေကို ဖြုန်းတီးပစ်သလို ဖြစ်သွားလိမ့်မယ်။”

အန်းယွဲ့က ခေါင်းခါကာ ပြောလိုက်သည်။။ရှောင်းယီက အနည်ငယ် စဉ်းစားကြည့်လိုက်လိုက်သည်။

“မလိုပါဘူး။ ငါတို့ သူတို့ကို အခမဲ့ ကူညီပေးလိုက်မယ်။ သူတို့ဘက်က ကုန်ကျမယ့် ခဲယမ်းမီးကျောက်ဖိုးပဲ စိုက်ထုတ်ပေးရင် ရပြီ။”

“ဟမ်...”

လူတိုင်းက ရှောင်းယီကို နားမလည်နိုင်စွာဖြင့် ဝိုင်းကြည့်လိုက်မိကြသည်။

“ကျွန်းပိုင်ရှင်... ဒါ ခင်ဗျားရဲ့ စရိုက်နဲ့ မကိုက်ညီဘူးနော်။ ခင်ဗျားမှာ စျေးကြီးကြီးတောင်းတတ်တဲ့ ခေါင်းပုံဖြတ် ကုန်သည်ကြီးဆိုတဲ့ နာမည်ကျော် ရှိနေတာ မဟုတ်ဘူးလား။”

ဒူခန်းက ဘာအထိန်းအကွပ်မှမရှိဘဲ ပွင့်ပွင့်လင်းလင်း ပြောချလိုက်၏။ ရှောင်းယီက သူ့ကို စိုက်ကြည့်လိုက်သည်။

“အဲ့ဒါက လူတိုင်းရဲ့ တိုးတက်မှုကို တွန်းအားပေးချင်လို့ အုတ်မြစ်ကျောက်နဲ့ စျေးဖြတ်ခဲ့တာကွ။”

ခဏရပ်လိုက်ပြီးနောက် ရှောင်းယီက ဆက်ရှင်းပြလိုက်သည်။

“လက်ရှိ ငါတို့ကျွန်းရဲ့ ဧရိယာ အကျယ်အဝန်းအရဆိုရင် အဲ့ဒီ ဒေသခံတွေ သိမ်းထားတဲ့ ကျွန်းတွေရဲ့ ဧရိယာကို ရရ မရရ ငါတို့အတွက် ထူးပြီး သက်ရောက်မှု မရှိတော့ဘူး။ ဒါပေမဲ့ ဒီအခွင့်အရေးကို သုံးပြီး လူတိုင်းကို အုတ်မြစ်ကျောက်ကျွန်းတွေ ရှာဖွေဖို့ စိတ်အားထက်သန်လာအောင် လှုံ့ဆော်ပေးနိုင်မယ်ဆိုရင်...အဲ့ဒါက ငါတို့ ဒီအဆင့်ကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့အတွက် အပြုသဘောဆောင်တဲ့ သက်ရောက်မှုမျိုး ရှိလာလိမ့်မယ်။”

လူတိုင်းက ချက်ချင်းပင် ခေါင်းတညိတ်ညိတ်ဖြင့် သဘောတူလိုက်ကြသည်။

“ပုံမှန် အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့ဝင်တွေအနေနဲ့ SSS အဆင့်ကို တက်လှမ်းဖို့အတွက် ဘာအတားအဆီးမှ မရှိတော့ဘူးလို့ ယူဆလို့ရတယ်။ အလွန်ဆုံး နှစ်ရက်အတွင်း အဖွဲ့ဝင်အားလုံး အဆင့်တက်တာကို အပြီးသတ်နိုင်လိမ့်မယ်လို့ ငါထင်တယ်။ ဒါပေမဲ့ အခု အခက်ခဲဆုံး ပြဿနာကတော့ ဒေသခံတွေရဲ့ ဖမ်းဆီးခြင်းကို ခံထားရတဲ့ အဲ့ဒီသုံ့ပန်း အသက်ရှင်ကျန်ရစ်သူတွေပဲ။”

ရှောင်းယီက သက်ပြင်းချရင်း ကူကယ်ရာမဲ့ဟန်ဖြင့် ပြောလိုက်သည်။

“ဒါတော့ ဟုတ်တယ်။ ဒီကမ္ဘာကြီးက အရမ်းကြီးတယ်။ တကယ်လို့ အသက်ရှင်ကျန်ရစ်သူတစ်ယောက်ကို ဒေသခံတွေ၏က တကယ်ပဲ ဖမ်းခေါ်သွားပြီး ဝှက်ထားမယ်ဆိုရင် သူတို့ကို လိုက်ရှာရတာ အပ်ပျောက်ရှာရသလို ဖြစ်နေမှာပဲ။”

အန်းယွဲ့က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

“ဒါကြောင့်မလို့ ကျုပ်တို့မဟာမိတ်အဖွဲ့တစ်ခုတည်းရဲ့ အင်အားနဲ့ ရှာဖို့ဆိုတာ အရမ်းခက်ခဲလွန်းတယ်။ လူတိုင်း စုပေါင်းပြီး လှုပ်ရှားကြဖို့ လိုအပ်နေသေးတယ်။”

ရှောင်းယီက တည်ငြိမ် လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

“လူတိုင်းကို အခမဲ့ ကူညီပံ့ပိုးပေးမယ်ဆိုတာ အခြား အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့တွေကို ကျုပ်ပေးလိုက်တဲ့ တွန်းအားပဲ။”

ကျန်းယွင်ထျန်းက အနည်းငယ် ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ဒါလည်း အဆင်ပြေတာပဲ။ အခြားလူတွေ စိုက်ထုတ်ပေးတဲ့ ခဲယမ်းမီးကျောက်တွေကို သုံးပြီး ငါတို့မဟာမိတ်အဖွဲ့ထဲက စစ်သည်တွေကို လေ့ကျင့်ပေးသလိုပဲဆိုတော့ ငါတို့အတွက်လည်း အရှုံးမရှိပါဘူး။”

“အစ်ကိုကျန်း... ဒါကို ဂရုချတ်ထဲမှာ တိုက်ရိုက် ကြေညာလိုက်တော့။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“ကောင်းပြီ။”

ကျန်းယွင်ထျန်းသည် တရုတ်နံနံတစ်ဆုပ်ကို အောက်ချလိုက်ပြီး သူ၏ မိုဘိုင်းလ်ဖုန်းကို ကောက်ကိုင်ကာ မက်ဆေ့ခ်ျကို စတင် ရိုက်နှိပ်တော့သည်။

“ဒီကမ္ဘာမြေရဲ့ စမ်းသပ်မှုတွေကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့အတွက် ယီရန်ပင်း မဟာမိတ်ကျွန်းပိုင်ရှင်က စစ်ရေးအရ အခမဲ့ ကူညီပံ့ပိုးပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ လက်နက်နဲ့ ခဲယမ်းမီးကျောက် ကုန်ကျစရိတ်တွေကိုတော့ မိမိတို့ဘာသာ ကျခံရပါမယ်။ တိုက်ခိုက်သိမ်းပိုက်လို့ ရရှိလာတဲ့ ကျွန်းအားလုံးဟာ ရှာဖွေတွေ့ရှိသူရဲ့ ပိုင်ဆိုင်မှုပဲ ဖြစ်လိမ့်မယ်။”

ကျန်းယွင်ထျန်းက ထိုမက်ဆေ့ခ်ျကို ပေးပို့လိုက်တော့သည်။

ထိုမက်ဆေ့ခ်ျကို မြင်လိုက်ရသည်နှင့် တပြိုင်နက် ဂရုချတ်ထဲ၌ ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားတော့သည်။

“ဟာ... ဘုရားရေ ဒါ ဘာဖြစ်တာလဲ။”

“ဒါကို အမြော်အမြင်ရှိတယ်လို့ ခေါ်တယ်ကွ။ ဒါက သူဌေးရဲ့ အမြော်အမြင်ပဲ။ စစ်ရေးပံ့ပိုးမှုကို အခမဲ့ ပေးတယ်တဲ့လား။”

“သေချာဖတ်စမ်းပါဦး။ အလကားတော့ မဟုတ်ဘူး။ လက်နက်နဲ့ ခဲယမ်းမီးကျောက် ကုန်ကျစရိတ်ကို ကိုယ့်ဘာသာ ကျခံရမှာ။”

“ဒါက အလကားပေးတာနဲ့ အတူတူပဲလေ။ လက်နက်နဲ့ ခဲယမ်းခကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဘာသာ ကျခံရမှာပဲ။”

“စောစောက အုတ်မြစ်ကျောက်ကျွန်းကို ရှာတွေ့ထားတဲ့ ညီအစ်ကိုတော့ ထီပေါက်ပြီပဲ။”

“တော်ပီ... ငါတို့မဟာမိတ်အဖွဲ့တော့ အခုချက်ချင်း ထွက်ခွာတော့မယ်။ မြန်မြန်သွားရှာကြ။ ဒေသခံတွေ သိမ်းထားတဲ့ အုတ်မြစ်ကျောက်ကျွန်းတစ်ကျွန်းကို ရှာတွေ့ရင်ကို အနည်းဆုံး အုတ်မြစ်ကျောက် တစ်သန်းလောက် တန်နေပြီ မဟုတ်ဘူးလား။ ဒါ အမြတ်အစွန်း အကြီးကြီးပဲ။ မြန်မြန်လုပ်ကြဟေ့။”

“ငါတို့ရဲ့ ရေတပ်အုပ်စုတော့ ထွက်သွားပြီ။”

တစ်ချိန်တည်းမှာပင် စောစောက ဒေသခံများ သိမ်းပိုက်ထားသည့် အုတ်မြစ်ကျောက်ကျွန်းကို ရှာဖွေတွေ့ရှိခဲ့သည့် မဟာမိတ်အဖွဲ့သည်လည်း ကျန်းယွင်ထျန်းထံသို့ သီးသန့်မက်ဆေ့ခ်ျ ပို့လာခဲ့သည်။

“မင်္ဂလာပါ နည်းပြကျန်း... ကျွန်တော်က တုန်ဖုန်းမဟာမိတ်အဖွဲ့ကပါ။ ကျွန်တော်တို့ အခု ခင်ဗျားတို့ရဲ့ ပံ့ပိုးကူညီမှုကို လိုအပ်နေပါတယ်။”

တုန်ဖုန်းမဟာမိတ်အဖွဲ့ခေါင်းဆောင် ချွေ့တုန်ဖုန်းက သီးသန့်မက်ဆေ့ခ်ျဖြင့် ပြောလာခဲ့သည်။

“ခဏစောင့်ပါ။ ငါ့ကို မြို့ပြန်ကျောက်တစ်တုံး ပေးထား။ ငါ ထမင်း နောက်ထပ် နှစ်လုတ်လောက် ကုန်အောင် စားလိုက်ဦးမယ်။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“လောစရာမရှိပါဘူး နည်းပြကျန်း။ အေးအေးဆေးဆေးပဲ သုံးဆောင်ပါ။ ဒေသခံတွေရဲ့ ကျွန်းက ထွက်ပြေးသွားမှာမှ မဟုတ်တာ။”

ချွေ့တုန်ဖုန်းက ချက်ချင်း ပြောလိုက်သည်။

“ကောင်းပြီ။ ငါ မြန်မြန်လုပ်လိုက်မယ်။”

ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်သည်။

သူ့ပန်းကန်လုံးထဲက ထမင်းကို ကုန်အောင်စားပြီး ဟင်းကို နောက်ထပ် နှစ်လုပ်လောက် မြည်းစမ်းပြီးနောက် ကျန်းယွင်ထျန်းသည် မြို့ပြန်ကျောက်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။

နောက်တစ်ခဏတွင် ကျန်းယွင်ထျန်းသည် သံချပ်ကာစစ်သင်္ဘောတစ်စင်းပေါ်သို့ ရောက်ရှိသွားတော့သည်။

အနီးအနားရှိ အသက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် ကျန်းယွင်ထျန်း ပေါ်လာသည်ကို မြင်လျှင် ချက်ချင်းပင် ရှေ့တက်လာပြီး ပြောလိုက်သည်။

“မင်္ဂလာပါ နည်းပြကျန်း... ကျွန်တော်က ချွေ့တုန်ဖုန်းပါ။ ရှေ့ဘက် ဆယ်ကီလိုမီတာလောက်မှာ ရှိနေတာက ဒေသခံတွေ သိမ်းပိုက်ထားတဲ့ အုတ်မြစ်ကျောက်ကျွန်းပါပဲ။”

ကျန်းယွင်ထျန်းသည် ပါးစပ်ထဲက အစာကို ဝါးနေဆဲဖြစ်ပြီး ခေါင်းညိတ်ပြကာ အစာကို မျိုချလိုက်ပြီးနောက် ပြောလိုက်သည်။

“မင်းတို့ရဲ့ ကျွန်းအထိမ်းအကျောက်တိုင်ကို ခဏလောက် သုံးခွင့်ပြုပါ။”

“ကျေးဇူးပြုပြီး သဘောရှိသာ သုံးပါခင်ဗျ။”

ချွေ့တုန်ဖုန်းက ရိုရိုသေသေ ပြောလိုက်သည်။

ကျန်းယွင်ထျန်းသည် သူတို့၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြု၍ လေယာဉ်တင်သင်္ဘောတစ်စင်းကို လဲလှယ်ရယူလိုက်ပြီးနောက် ထိုလေယာဉ်တင်သင်္ဘောပေါ်သို့ ခုန်တက်ကာ ချွေ့တုန်ဖုန်းကို ပြောလိုက်သည်။

“ငါတို့ ဗုံးကြဲလေယာဉ်တွေနဲ့ ဗုံးကြဲလို့ ပြီးသွားတဲ့အခါ မင်းတို့က နောက်ကနေ လိုက်ပြီး ရှင်းလင်းရေးလုပ်ရုံပဲ။”

“ဟုတ်ကဲ့။ ကျေးဇူးအများကြီးတင်ပါတယ် နည်းပြကျန်း။”

ချွေ့တုန်ဖုန်းက ပြန်ဖြေလိုက်သည်။

ထို့နောက် ကျန်းယွင်ထျန်းသည် ဗုံးကြဲလေယာဉ်တစ်စင်းပေါ်သို့ ကိုယ်တိုင် တက်သွားလိုက်၏။ ဤသည်မှာလည်း သူ အလျင်စလို ရောက်လာရခြင်း၏ အကြောင်းရင်း ဖြစ်ပေသည်။

အရင်က မဟာအင်ပါယာကြီးလေးခုကို တိုက်ခိုက်စဉ်တုန်းက သူသည် ဗုံးကြဲလေယာဉ်များကို အဝမမောင်းလိုက်ရပေ။ ယခု အခွင့်အရေး ရလာပြီဖြစ်ရာ အရင်ဆုံး ပျော်ပျော်ပါးပါး ကစားရမည် ဖြစ်သည်။

“အားလုံးပဲ အာရုံစိုက်ထား။ အရင်ဆုံး တိုက်လေယာဉ်တွေကို သုံးပြီး သူတို့ကို စမ်းသပ်မယ်။ သူတို့ရဲ့ လေကြောင်းရန်ကာကွယ်ရေး လက်နက်တွေ ဘယ်လိုရှိလဲဆိုတာ ကြည့်ရအောင်။”

ကျန်းယွင်ထျန်းက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့။”

All Chapters