← Chapters

အခန်း (၆၁၃-၆၁၄)

Vol. 31 Ch. 613-614

အခန်း (၆၁၃-၆၁၄)

Vol. 31 Ch. 613-614

အခန်း(၆၁၃)

“ဤအရာက...”

စီယန်ရု၏ မျက်ဝန်းအစုံသည် အံ့အားသင့်မှုကြောင့် ဝိုင်းစက်သွားရတော့သည်။

အစောပိုင်းက အရောင်အဝါ ကင်းမဲ့ပြီး သာမန်မျှသာ ထင်မှတ်ခဲ့ရသော လက်ကောက်လေးသည် ယခုအခါတွင်မူ အလွန်တရာ လက်ရာမြောက်လှသည့် တန်ဆာပလာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ချေသည်။

“ဟဲဟဲ... ဒီလက်ကောက်က သာမန်မဟုတ်ဘူးဆိုတာ ငါအစကတည်းက သိနေတာပေါ့၊ ကြည့်ရတာ ဒါက ပစ္စည်းတွေ ထည့်သိမ်းလို့ရတဲ့ ဟင်းလင်းပြင်လက်ကောက် ဖြစ်လိမ့်မယ်၊ နင် တစ်ချက်လောက် စမ်းကြည့်လိုက်ပါလား” ချင်ယွမ်ဖုန်းက ပြုံးရွှင်သော မျက်နှာပေးဖြင့် ပြောလိုက်၏။

စီယန်ရုသည် ရင်ထဲ၌ အတိုင်းထက်အလွန် အံ့အားသင့်သွားရပြီး လက်ကောက်ကို သူမ၏ လက်ကောက်ဝတ်တွင် အလျင်အမြန် စွပ်လိုက်လေသည်။

ထို့နောက် ချက်ချင်းပင် သူမ၏ အခြေခံချီအရှိန်အဝါကို လှုံ့ဆော်၍ လက်ကောက်ကို စတင်အသုံးပြုကြည့်ရာ မကြာမီအချိန်အတွင်းမှာပင် အံ့ဩတုန်လှုပ်မှုကြောင့် မျက်လုံးအစုံ ပြူးကျယ်သွားရပြန်သည်။

“ဒီလက်ကောက်ထဲမှာ ပစ္စည်းသိုလှောင်နိုင်တဲ့ ဟင်းလင်းပြင် ကိုးခုတောင် ပါတာပဲ၊ တစ်ခုချင်းစီကလည်း ငါတို့အိမ်ထက်တောင် ကျယ်သေးတယ်” စီယန်ရုက အံ့ဩမဆုံး ဖြစ်လျက် ရေရွတ်လိုက်မိချေသည်။

ဤကဲ့သို့သော ရတနာလက်နက်ဆန်းမျိုးကို ရရှိရန်အတွက် အနည်းဆုံး အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ဆယ်ဂဏန်း၊ သို့မဟုတ် ရာဂဏန်းအထိ ပေးချေရမည် ဖြစ်သော်လည်း ယခုမူ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ရှစ်ဆယ်မျှဖြင့် ကံကောင်းထောက်မစွာ ဝယ်ယူနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

“ပြောသားပဲ... နင် သေချာပေါက် သဘောကျရမယ်ဆိုတာ” ချင်ယွမ်ဖုန်းက ပြုံးလျက် ဆို၏။

ထိုအချိန်တွင် စီဒန်ဟွာသည်လည်း လှမ်းလျှောက်လာခဲ့ရာ သမီးဖြစ်သူ၏ လက်တွင် ပတ်ထားသော လက်ကောက်ကို မြင်လျှင် များစွာ အံ့အားသင့်သွားရတော့သည်။

သူသည် ရင့်ကျက်သူပီပီ တစ်ချက်ကြည့်ရုံမျှဖြင့် ဤလက်ကောက်သည် လုံးဝကို သာမန်မဟုတ်ကြောင်း ကောင်းစွာ ရိပ်စားမိချေသည်။

သို့သော်လည်း ထူထပ်လှသော သံချေးတက်မှုများအကြားမှ အာဟိုင်တစ်ယောက် ဤရတနာကို ရှာဖွေတွေ့ရှိလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။ ထိုသို့ ရှာဖွေနိုင်ရန်အတွက် မည်မျှအထိ ထက်မြက်လှသော အမြင်အာရုံ ရှိရမည်နည်း။

“အော်... ဒါနဲ့ နေပါဦး အာဟိုင်ရဲ့၊ နင်က ရတနာတွေက သံချေးမတက်ဘူးလို့ အစက ပြောခဲ့တယ် မဟုတ်လား” စီယန်ရုက ရုတ်တရက် သံသယဝင်ကာ မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းသည် ခေါင်းကို ကုတ်လိုက်ရင်း “ဒါက ဈေးသည်ကို လှည့်စားဖို့ ပြောလိုက်တာပေါ့၊ မဟုတ်ရင် ဒီလက်ကောက်ကို ဒီလောက် ဈေးပေါပေါနဲ့ ဘယ်လိုလုပ် ရနိုင်ပါ့မလဲ” ဟု ဆိုလေသည်

ထိုအခါမှ သူတို့ သုံးယောက်စလုံး သဘောကျစွာ ရယ်မောမိကြတော့သည်။ ရိုးသားအေးဆေးလှသည်ဟု ထင်မှတ်ထားရသော ချင်ယွမ်ဖုန်းသည် ဤမျှအထိ လည်ပတ်ပါးနပ်လိမ့်မည်ဟု သူတို့ မတွေးမိခဲ့ကြချေ။

၎င်းနောက် သူတို့သည် ဈေးကွက်အတွင်း၌ နောက်ထပ် တစ်ပတ်မျှ လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ဝယ်ယူခဲ့ကြရာ မသိမသာဖြင့် ညနေစောင်းအချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အကယ်၍ ယခုအချိန်တွင် ချက်ချင်း မပြန်လျှင် ကျွန်းသို့ ပြန်ရောက်သည့်အခါ မိုးချုပ်သွားပေလိမ့်မည်။

ထို့ကြောင့် သူတို့သည် ကမ်းခြေသို့ အလျင်အမြန်ပင် လျှောက်လှမ်းခဲ့ကြချေသည်။ စီဒန်ဟွာသည် ကျွန်းသို့ ပြန်ရန်အတွက် မိမိ၏ ဝိညာဉ်လှေငယ်ယာဉ်ကို ထုတ်ယူလိုက်စဉ်မှာပင် နောက်ကွယ်မှ လူအချို့က ရုတ်တရက် အပြေးအလွှား လိုက်ပါလာကြသည်။

“နေပါဦး... နေပါဦး... ကျွန်တော်တို့ကို စောင့်ကြပါဦး”

ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်ကာ ဇဝေဇဝါ ဖြစ်သွားရပြီး ဤအချိန်၌ မည်သူက မိမိတို့နောက်သို့ လိုက်လံရှာဖွေနေသနည်းဟု တွေးတောနေမိသည်။

ထိုလူများ နီးကပ်လာသည့်အခါမှ ရောက်ရှိလာသူမှာ အခြားသူမဟုတ်ဘဲ ဒုတိယအဆင့် ဆေးဖော်စပ်သူ ချွေကျား ဖြစ်နေသည်ကို ချင်ယွမ်ဖုန်း တစ်ယောက် အထင်အရှား မြင်တွေ့လိုက်ရတော့သည်။

“ငါ ပြောသားပဲ... မင်းက ရှုံးသွားပြီပဲဟာ၊ ဘာလို့ ငါတို့နောက်ကို တကောက်ကောက် လိုက်နေရသေးတာလဲ” ချင်ယွမ်ဖုန်းက မေးမြန်းလိုက်၏။

စီဒန်ဟွာသည်လည်း ရှေ့သို့ တစ်လှမ်းတိုးကာ ချင်ယွမ်ဖုန်းနှင့် စီယန်ရုတို့ကို မိမိ၏ နောက်ကွယ်၌ ကာကွယ်ထားလိုက်ချေသည်။ အကြောင်းမူကား ချွေကျား၏ ဘေးတွင် အဘိုးအိုတစ်ဦးပါ လိုက်ပါလာသောကြောင့် ဖြစ်ပေသည်။

ထိုအဘိုးအိုသည် ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူများဖြင့် သာမန်မျှသာ ထင်ရသော်လည်း သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းမှာမူ စီဒန်ဟွာထက်ပင် များစွာ သာလွန်မြင့်မားနေသည် ဖြစ်ရာ စိုးရိမ်စရာပင်။

“လူကြီးမင်းတို့... ကလေးချင်း ပြိုင်ဆိုင်တဲ့ ကိစ္စမှာ လူကြီးတွေအထိ ဝင်ပါဖို့ မလိုဘူး ထင်ပါတယ်နော်” စီဒန်ဟွာက တည်ငြိမ်အေးစက်စွာ ပြောဆိုလိုက်သည်။

အဘိုးအိုသည် စီဒန်ဟွာတို့အဖွဲ့ မိမိအား နားလည်မှုလွဲနေကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိရှိလိုက်သဖြင့် ရှေ့သို့ အလျင်အမြန် လှမ်းတက်လာခဲ့၏။

“ကျေးဇူးပြုပြီး နားလည်မှုမလွဲကြပါနဲ့၊ ကျွန်တော်မျိုးက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာခဲ့တာ မဟုတ်ပါဘူး၊ ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပါရစေ၊ ကျွန်တော့်အမည်က ကုန်းဟိုင် လို့ ခေါ်ပါတယ်၊ မြစ်ဖျားမဲ့ကျွန်းစုရဲ့ ကောင်းကင်ဘုံဆေးလုံးအသင်းက အကြီးအကဲတစ်ဦး ဖြစ်ပြီး ဆေးဖော်စပ်သူများအသင်း ဌာနချုပ်က အသိအမှတ်ပြုထားတဲ့ ပဉ္စမအဆင့် ဆေးဖော်စပ်သူတစ်ဦးလည်း ဖြစ်ပါတယ်”

အဘိုးအိုက ပျာပျာသလဲ ရှင်းပြရှာသည်။

စီဒန်ဟွာ၏ မျက်နှာရိပ်မျက်ကဲသည် အနည်းငယ် ပြောင်းလဲသွားရတော့သည်။

သူသည် ကုန်းဟိုင်ဟူသော အမည်ကို ကောင်းစွာ ကြားဖူးနားဝ ရှိခဲ့ပြီး ယင်းအမည်သည် မြစ်ဖျားမဲ့ကျွန်းစုတွင် အလွန်တရာ ကျော်ကြားလှပေသည်။

“ဒါဆိုရင် အကြီးအကဲ ကုန်းဟိုင်အနေနဲ့ ကျွန်တော်တို့ဆီက ဘာကိစ္စများ ရှိလို့ပါလဲ” စီဒန်ဟွာက လက်အုပ်ချီ နှုတ်ဆက်ရင်း မေးမြန်းလိုက်၏။

ကုန်းဟိုင်သည် ချင်ယွမ်ဖုန်းအား စူးစိုက်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများတွင် ရူးသွပ်မြတ်နိုးမှု အရိပ်အယောင်များ ထင်ဟပ်နေချေသည်။

“ဒီညီလေးက အခုန ဆေးလုံးကို ဖော်စပ်ခဲ့တဲ့သူ ဟုတ်လား”

ချင်ယွမ်ဖုန်းသည် ကုန်းဟိုင်၏ လက်ထဲတွင် ရှိနေသော ဒုတိယအဆင့် ဆေးလုံးကို ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြကာ “ဟုတ်ပါတယ်၊ ကျွန်တော် ဖော်စပ်ခဲ့တာပါ၊ ဘာကိစ္စ ရှိလို့လဲ ” ဟု ပြန်လည် ဖြေကြားလိုက်သည်။

ချင်ယွမ်ဖုန်း ကိုယ်တိုင် ဝန်ခံလိုက်သည်ကို ကြားရသောအခါ ကုန်းဟိုင်၏ မျက်နှာတွင် အတိုင်းထက်အလွန် ဝမ်းမြောက်ကြည်နူးရိပ်များ ထင်ဟပ်သွားပြီး ချက်ချင်းပင် မြေပြင်ပေါ်၌ ဒူးထောက်ချလိုက်တော့သည်။

“ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို တပည့်အဖြစ် လက်ခံပေးပါ ဆရာသခင်”

ထိုသို့ ပြုမူလိုက်ခြင်းကြောင့် စီဒန်ဟွာနှင့် ချင်ယွမ်ဖုန်းတို့သာမက ကုန်းဟိုင်၏ နောက်ကွယ်မှ လိုက်ပါလာကြသော ချွေကျားနှင့် စီနီယာအစ်မ ချီယွင်တို့ပင် ကြောင်အမ်းအမ်း ဖြစ်ကာ ဘာလုပ်ရမှန်း မသိ ဖြစ်သွားကြရတော့သည်။

သူတို့သည် မိမိတို့၏ ဆရာက တပည့်ခံမည်ဟု ပြောခဲ့ခြင်းကို နောက်ပြောင်ကျီစယ်နေခြင်းမျှသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့ကြခြင်း ဖြစ်ပေသည်။

ဆရာဖြစ်သူက ဤမျှအထိ လွယ်လွယ်ကူကူဖြင့် ဒူးထောက်လိမ့်မည်ဟု သူတို့ လုံးဝ မျှော်လင့်မထားခဲ့ကြချေ။

“ဆရာ... ဘာတွေ လုပ်နေတာလဲ၊ မြန်မြန် ထပါဦး” ချွေကျားက ရှေ့သို့ ပြာပြာသလဲ တိုးသွားပြီး ကုန်းဟိုင်အား တွဲထူရန် ကြိုးပမ်းရှာသည်။

သို့သော် ကုန်းဟိုင်က ချွေကျားအား ဒေါသတကြီး စူးစိုက်ကြည့်ကာ “မင်းတို့ နှစ်ယောက်စလုံးလည်း မြန်မြန် ဒူးထောက်ကြစမ်း၊ အခုကစပြီး သူက မင်းတို့ရဲ့ ဆရာသခင်ကြီး ဖြစ်သွားပြီ” ဟု ငေါက်ငမ်းလိုက်လေသည်။

ချွေကျားနှင့် ချီယွင်တို့သည် ဆရာဖြစ်သူ၏ အမိန့်ကို မလွန်ဆန်ရဲသဖြင့် အလျင်အမြန်ပင် ဒူးထောက်လိုက်ကြရတော့သည်။

ချင်ယွမ်ဖုန်းမှာမူ အခြေအနေကို အတန်ကြာမှ သဘောပေါက် လိုက်ရသဖြင့် “ဘာတွေ လုပ်နေကြတာလဲ၊ မြန်မြန် ထကြပါ” ဟု ဆိုမိသည်။

“မရပါဘူး... အကယ်၍ ဆရာသခင်က ကျွန်တော်မျိုးကို တပည့်အဖြစ် လက်မခံဘူးဆိုရင် ကျွန်တော်မျိုး လုံးဝ ထမှာ မဟုတ်ပါဘူး”

ကုန်းဟိုင်ကမူ သူ၏ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချမှတ်ထားပုံ ရပေသည်။

စီဒန်ဟွာနှင့် စီယန်ရုတို့သည် ဘေးမှ ကြည့်ရှုရင်း အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေကြရပြီး မည်သို့ ပြောဆိုရမည်ကိုပင် မသိတော့ချေ။

ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူများဖြင့် အဘိုးအိုကြီးတစ်ဦးက ပျိုမြစ်နုနယ်သော လူငယ်လေးတစ်ဦးအား ဆရာအဖြစ် တပည့်ခံချင်နေသည်။ဤလောကကြီးသည် မည်သို့ ဖြစ်ပျက်နေပါသနည်း။

ချင်ယွမ်ဖုန်းသည် ယခင်က ဤကဲ့သို့သော အခြေအနေမျိုးနှင့် တစ်ကြိမ်မျှ မကြုံတွေ့ဖူးသဖြင့် ကူညီပေးပါရန် စီဒန်ဟွာအား အားကိုးတကြီး လှမ်းကြည့်လိုက်မိသည်။

နောက်ဆုံးတွင် စီဒန်ဟွာက ရှေ့သို့ လှမ်းတက်လာပြီး “အကြီးအကဲ ကုန်းဟိုင်... ကျေးဇူးပြုပြီး အရင် ထပါဦး၊ ဘာဖြစ်လို့ အာဟိုင်ကို ဆရာအဖြစ် တပည့်ခံချင်ရတာလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြပါဦး၊ တစ်ခုခု နားလည်မှုလွဲနေတာလည်း ဖြစ်နိုင်တာပဲလေ” ဟု ဖျောင်းဖျလိုက်သည်။

ကုန်းဟိုင်သည် စီဒန်ဟွာ၏ တွဲထူမှုကြောင့် မတ်တတ် ပြန်ရပ်လိုက်ရ၏။ “အမှန်အတိုင်း ပြောရရင် ကျွန်တော်မျိုး အာဟိုင်ကို ဆရာတင်ချင်ရတာက သူ ဖော်စပ်လိုက်တဲ့ ဆေးလုံးမှာ နတ်ဘုရားအမှတ်အသား ပါဝင်နေလို့ပါပဲ”

“နတ်ဘုရားအမှတ်အသား ဟုတ်လား...” စီဒန်ဟွာ၏ မျက်လုံးများ ပြူးကျယ်သွားရတော့သည်။

သူသည် ကုန်းဟိုင်၏ လက်ထဲမှ ဆေးလုံးကို အလျင်အမြန် စစ်ဆေးကြည့်ရာ ဆေးလုံး၏ အပေါ်ယံတွင် မှေးမှိန်လှသော အမှတ်အသားတစ်ခု ထင်ဟပ်နေသည်ကို အမှန်တကယ် မြင်တွေ့လိုက်ရချေသည်။

ဒဏ္ဍာရီလာမျှသာ ဖြစ်ခဲ့ရသော ဤမျှအထိ ပြည့်စုံလွန်းလှသည့် ဆေးလုံးမျိုးကို အမှန်တကယ် ဖော်စပ်နိုင်သူ ရှိနေခဲ့ပြီ။

ထို့ပြင် ယင်းဆေးလုံးကို ဖော်စပ်ခဲ့သူမှာ မှတ်ဉာဏ်များ ဆုံးရှုံးနေရသော အာဟိုင် ဖြစ်နေသည် မဟုတ်လော။

“ဒီအာဟိုင်က တကယ်တော့ ဘယ်သူလဲ...” ဤသည်က ယခုအချိန်၌ စီဒန်ဟွာ၏ ရင်ထဲတွင် အကြီးမားဆုံး ပေါ်ပေါက်လာရသည့် မေးခွန်း ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းသည် နောက်ဆုံးတွင် အခြေအနေကို ကောင်းစွာ သဘောပေါက်သွားခဲ့သော်လည်း မိမိအနေဖြင့် နတ်ဘုရားအမှတ်အသားပါသော ဆေးလုံးကို မည်သို့ ဖော်စပ်ရမည်ကိုမူ ကောင်းစွာ မသိရှိချေ။

အကြောင်းမှာ သူ၏ မှတ်ဉာဏ်ထဲရှိ ဆေးဖော်စပ်ခြင်း အတတ်ပညာသည် ဝေဝါးနေဆဲ ဖြစ်ရာ သူတစ်ပါးကို မည်သို့ နည်းပြ သင်ကြားပေးနိုင်ပါမည်နည်း။

“မဖြစ်ပါဘူး... မဖြစ်ပါဘူး... ကျွန်တော် ခင်ဗျားကို တပည့်အဖြစ် လက်မခံနိုင်ပါဘူး” ချင်ယွမ်ဖုန်းက အလျင်အမြန်ပင် လက်ခါပြလိုက်ပြီး “ဦးလေး... သွားကြစို့၊ မိုးချုပ်တော့မယ်” ဟု ဆိုလေသည်။

စီဒန်ဟွာသည် ချင်ယွမ်ဖုန်း တစ်ယောက် ရှောင်ဖယ်ပြေးလွှားချင်နေသည်ကို မြင်လျှင် အခြေအနေကို ရိပ်စားမိကာ စီယန်ရုကို ခေါ်ဆောင်၍ ဝိညာဉ်လှေယာဉ်ပေါ်သို့ အမြန် တက်ရောက်စေပြီး လျင်မြန်စွာပင် မောင်းနှင် ထွက်ခွာခဲ့တော့သည်။

ချင်ယွမ်ဖုန်း၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ချွေကျား၏ ရင်ထဲတွင်မူ မသိမသာ ဝမ်းသာကျေနပ်မှုတစ်ခု ပေါ်ပေါက်လာရသည်။

အကယ်၍ မိမိအား အရှက်ခွဲခဲ့သော ဤလူသားကသာ မိမိ၏ ဆရာသခင်ကြီး ဖြစ်လာခဲ့မည်ဆိုလျှင် ယင်းက မိမိအား သတ်ပစ်လိုက်သည်ထက်ပင် ပိုမို ဆိုးရွားလှပေလိမ့်မည်။

ကုန်းဟိုင်ကမူ သက်ပြင်းကို မတတ်သာဘဲ ချလိုက်မိရင်း “သူတို့ ဘယ်မှာ နေထိုင်ကြလဲဆိုတာ သွားပြီး စုံစမ်းချေ၊ ငါကိုယ်တိုင် သူတို့အိမ်အထိ သွားရောက် တောင်းပန်ရမယ်” ဟု မိန့်ကြားလိုက်လေသည်။

ဆရာဖြစ်သူ၏ ဆုံးဖြတ်ချက်ကို ကြားရသောအခါ ချွေကျားမှာမူ ငိုချင်စိတ်ပင် ပေါက်သွားရတော့သည်။

ယာဉ်ပေါ်တွင်မူ စီဒန်ဟွာက သဘောကျစွာ ရယ်မောရင်း “ငါ ပြောသားပဲ အာဟိုင်... မင်းက တကယ်ကို သာမန်မဟုတ်ဘူး၊ နတ်ဘုရားအမှတ်အသားပါတဲ့ ဆေးလုံးကိုတောင် ဖော်စပ်နိုင်တာပဲ၊ မင်းရဲ့ အရည်အချင်းတွေကို တကယ်ကို လျှို့ဝှက်ထားနိုင်တာပဲနော်” ဟု မြွက်ဆိုလိုက်ချေသည်။

ချင်ယွမ်ဖုန်းက လက်ကို ပျာပျာသလဲ ယမ်းခါပြရင်း “ဦးလေးရယ်... ကျွန်တော့်ကို မစနောက်ပါနဲ့ဦး၊ အဲဒီဆေးလုံးကို ဘယ်လို ဖော်စပ်လိုက်မိလဲဆိုတာ ကျွန်တော်ကိုယ်တိုင်တောင် မသိပါဘူး” ဟု ပြန်လည် ပြောဆိုရှာသည်။

“ဟားဟား... ကြည့်ရတာ နောက်ဆိုရင် ငါတို့ရဲ့ နေ့ရက်တွေက အေးအေးချမ်းချမ်း ရှိတော့မှာ မဟုတ်ဘူး ထင်တယ်” စီဒန်ဟွာက ပြုံးလျက် ဆိုချေသည်။

သူတို့သည် မိနစ်ခြောက်ဆယ်ခန့် ကြာမြင့်ပြီးနောက် ကျွန်းငယ်လေးသို့ အလျင်အမြန်ပင် ပြန်လည်ရောက်ရှိခဲ့ကြသည်။ သူတို့ ကျွန်းပေါ်သို့ ခြေချမိချိန်တွင်မူ ပတ်ဝန်းကျင်တစ်ခုလုံး တောမှောင်ကျကာ မိုးချုပ်နေခဲ့ပြီ ဖြစ်သည်။

စီယန်ရုသည် ချက်ပြုတ်ရန်အတွက် မီးဖိုချောင်သို့ အလျင်အမြန် ဝင်ရောက်သွားခဲ့၏။ စီဒန်ဟွာသည် ယနေ့တွင် ဟင်းချက်စရာ အမယ်အစုံကို ကောင်းစွာ ဝယ်ယူခဲ့သဖြင့် သူတို့တစ်မိသားစုလုံး ကောင်းမွန်သော ညစာတစ်နပ်ကို မြိန်ရှက်စွာ သုံးဆောင်ကြရပေလိမ့်မည်။

ချင်ယွမ်ဖုန်းသည် ပင်လယ်ကျွန်းငယ်လေး၏ ကမ်းစပ်တွင် ထိုင်နေမိရင်း ငန်ကျိကျိနိုင်သော ပင်လယ်လေပြေကို ခံစားနေမိကာ ရင်ထဲတွင်မူ ခံစားချက်မျိုးစုံ ရှုပ်ထွေးနေမိတော့သည်။

သူ၏ အတိတ်ဘဝ မည်သူမည်ဝါ ဖြစ်သည်ကိုမူ ယခုတိုင် အဖြေရှာမရသည့် ပဟေဠိတစ်ခု ဖြစ်နေဆဲပင်။

အတိတ်ကို ပိုမို တွေးတောအောက်မေ့ရန် ကြိုးပမ်းလေလေ၊ ပိုမို၍ ဝေဝါးပျောက်ကွယ်သွားလေလေ ဖြစ်သော်လည်း သူ၏ မှတ်ဉာဏ်အကြွင်းအကျန်ထဲမှ စွမ်းရည်များသည်ပင် လောကတွင် သူတစ်ပါး၏ လေးစားမှုကို ရရှိရန်အတွက် လုံလောက်နေခဲ့ပြီ ဖြစ်ချေသည်။

အခန်း (၆၁၄) - ပင်လယ်ပြင်သို့ ခရီးထွက်ခြင်း

“ကျင့်ကြံခြင်း ဟုတ်လား... ငါ အခုချိန်မှာ ကျင့်ကြံခြင်းတရားကို အားထုတ်လို့ ရနိုင်ပါဦးမလား မသိဘူး” ချင်ယွမ်ဖုန်းသည် မိမိဘာသာ ရေရွတ်ရင်း အတိတ်ကို ပြန်လည်တွေးတောနေမိချေသည်။

ထိုနေ့ ညစာစားပြီးသည့်နောက်တွင် ယန်ရုသည် ချင်ယွမ်ဖုန်း၏ ဒဏ်ရာများ၌ သုတ်လိမ်းထားသော ဆေးဝါးများကို တစ်ဖန်လဲလှယ်ပေးပြန်သည်။

ယခုအကြိမ်တွင်မူ ချင်ယွမ်ဖုန်း၏ အပြင်ပန်းဒဏ်ရာများသည် အတော်ပင် သက်သာပျောက်ကင်းနေပြီဖြစ်ပြီး ရုပ်ဆိုးလှသော အမာရွတ်အချို့သာ ကျန်ရှိတော့သည်။

စီဒန်ဟွာသည် ချင်ယွမ်ဖုန်း၏ ကိုယ်တွင်းဒဏ်ရာများကို ကုသရန်အတွက် ဆေးရေချိုးခြင်းနည်းလမ်းဖြင့် ဆေးဝါးအသစ်တစ်မျိုးကို စပ်ဟပ်ပေးခဲ့သည်။

စီဒန်ဟွာ၏ အဆိုအရမူ ချင်ယွမ်ဖုန်း၏ ကိုယ်တွင်းဒဏ်ရာများသည် ပြင်းထန်လွန်းလှသဖြင့် ယခုကဲ့သို့ အသက်ရှင်နေသည်မှာပင် အံ့ဖွယ်တစ်ပါး ဖြစ်ပေရာ ယင်းကိုယ်တွင်းဒဏ်ရာများ အလုံးစုံ ပျောက်ကင်းသက်သာစေရန်အတွက် အနည်းဆုံး ငါးနှစ်ခန့် ဆက်တိုက် ဆေးဝါးမှီဝဲကာ ပြုစုစောင့်ရှောက်ရမည်ဟု ခန့်မှန်းထားချေသည်။

ထိုညတွင် ချင်ယွမ်ဖုန်းသည် ရေချိုးကန်တစ်ခုအတွင်း၌ ထိုင်နေပြီး ထိုရေပြင်ထက်တွင် ဝိညာဉ်ဆေးပင်များနှင့် ဆေးဘက်ဝင်အပင်များ ဖုံးလွှမ်းနေသဖြင့် ရေများမှာ အစိမ်းရောင်သို့ ပြောင်းလဲနေသည်။

ဤသို့ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ချင်ယွမ်ဖုန်းအနေဖြင့် ဆေးရေချိုးခြင်းမှတစ်ဆင့် ဆေးဝါးများ၏ အာနိသင်အလုံးစုံကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူနိုင်စေရန် ဖြစ်သည်။

သာမန်သိုင်းပညာရှင်တစ်ဦး ဖြစ်ပါက ဤဆေးအနှစ်သာရများကို ခန္ဓာကိုယ်အတွင်းသို့ အပြည့်အဝ စုပ်ယူနိုင်ရန် ညဉ့်တစ်ကိုယ်လုံး အချိန်ယူရမည် ဖြစ်သော်လည်း ချင်ယွမ်ဖုန်းမှာမူ ရေချိုးကန်အတွင်း ထိုင်မိရုံမျှရှိသေးသော်လည်း ကန်အတွင်းရှိ အစိမ်းရောင်ရေများသည် လုံးဝကြည်လင်သွားခဲ့ချေသည်။

ယင်းအခြင်းအရာကို စီဒန်ဟွာပင်လျှင် ကြိုတင်ခန့်မှန်းနိုင်ခဲ့ခြင်း မရှိပေ။

ချင်ယွမ်ဖုန်းသည်လည်း မိမိခန္ဓာကိုယ်၏ စုပ်ယူမှုအရှိန်အဟုန်ကို အံ့ဩမိသော်လည်း ဆေးရေချိုးကန်အတွင်း၌သာ အမြဲထိုင်နေ၍ မဖြစ်ပေရာ ကန်ထဲမှ ခုန်ထွက်ကာ ခုတင်ထက်တွင် ဝင်ထိုင်လိုက်တော့သည်။

“ကျင့်ကြံခြင်း... ကိုယ်တွင်းစွမ်းအင်...”

ချင်ယွမ်ဖုန်းသည် ဤစကားလုံးများကို တိုးတိုးရေရွတ်ရင်း ခန္ဓာကိုယ်ကို တရားမှတ်သည့် အခြေအနေသို့ ဖြည်းညှင်းစွာ သွတ်သွင်းလိုက်ရာ ပတ်ဝန်းကျင်လေထုထဲရှိ ဝိညာဉ်စွမ်းအင်များသည် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်အတွင်းသို့ စတင်စုပ်ယူခြင်း ခံရလေသည်။

သို့သော်လည်း ထိုဝိညာဉ်စွမ်းအင်များကို စုပ်ယူပြီးနောက်တွင် မည်ကဲ့သို့ ကိုယ်တွင်းစွမ်းအင်အဖြစ် ပြောင်းလဲရမည်ကို ချင်ယွမ်ဖုန်း မသိရှိသဖြင့် ထိုဝိညာဉ်စွမ်းအင်များသည် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ထဲမှ အပြင်သို့ ဖြည်းဖြည်းချင်း ပြန်လည်စီးထွက်သွားကြပြန်သည်။

ချင်ယွမ်ဖုန်းသည် ဤသည်ကို သတိမပြုမိချေ။ သူ၏ ခန္ဓာကိုယ်သည် ထိုဝိညာဉ်စွမ်းအင်များကို ဗီဇစိတ်ဖြင့် လှုပ်ရှားစေခဲ့သော်လည်း ကိုယ်တွင်းဒဏ်ရာများက ပြင်းထန်လွန်းလှပေရာ ဝိညာဉ်စွမ်းအင်ကို ကိုယ်တွင်းစွမ်းအင်အဖြစ် ပြောင်းလဲနိုင်လျှင်ပင် ယင်းသည် အလွန်တရာ သေးငယ်လှသော အစိတ်အပိုင်းမျှသာ ဖြစ်သဖြင့် လျစ်လျူရှုနိုင်လောက်သည်။

ချင်ယွမ်ဖုန်းသည် တစ်ညလုံး အချိန်ကုန်ရုံမျှသာ ဖြစ်ခဲ့ရသည်။

အာရုံတက်ချိန်သို့ ရောက်ရှိလာသောအခါတွင် ချင်ယွမ်ဖုန်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး မိမိ၏ ရှေ့မှောက်သို့ လက်ညှိုးတစ်ချောင်း ဆန့်ထုတ်လိုက်ချေသည်။

ချင်ယွမ်ဖုန်း၏ လက်ထိပ်မှ ခရမ်းရောင်မီးလျှံတစ်ခု ထွက်ပေါ်လာပြီးနောက် ထင်းသားများ လောင်ကျွမ်းကုန်ဆုံးသွားသကဲ့သို့ ချက်ချင်းပင် ငြိမ်းသွားခဲ့သည်။

ချင်ယွမ်ဖုန်း မသိရှိခဲ့သည်မှာ ဤသေးငယ်လှသော ခရမ်းရောင်မီးလျှံသည် သူတစ်ညလုံး စုဆောင်းခဲ့ရသော ကိုယ်တွင်းစွမ်းအင် အနည်းငယ်ကို မျက်စိတစ်မှိတ်အတွင်း ဝါးမြိုသွားခဲ့ခြင်းပင် ဖြစ်သည်။

“ဟူး... ငါ အရင်က လက်ညှိုးတစ်ချက် တောက်လိုက်ရုံနဲ့ ဆေးမီးဖိုကို မီးညှိနိုင်ခဲ့တယ်ဆိုတာ အမှန်ပဲ ဖြစ်ရမယ်။ အခု ကြည့်ရတာ ဒါက အမှန်တရားပဲ။ ငါ့ခန္ဓာကိုယ်ထဲမှာ မူလကတည်းက မီးဓာတ်ရှိနေတာပဲ” ချင်ယွမ်ဖုန်းသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

တစ်ညလုံး အချည်းနှီး ဖြစ်ခဲ့ရသော်လည်း အနည်းဆုံးတော့ ချင်ယွမ်ဖုန်းအနေဖြင့် မိမိ၏ မှတ်ဉာဏ်များမှာ အပိုင်းပိုင်းအစစ ဖြစ်နေသော်လည်း မှားယွင်းခြင်း မရှိကြောင်း သိရှိသွားခဲ့ပြီ ဖြစ်သည်။

ထို့အပြင် စီဒန်ဟွာ ပြောခဲ့သည်မှာလည်း မှားယွင်းနေပေရာ မိမိအနေဖြင့် ကျင့်ကြံခြင်းကို ဆက်လက်အားထုတ်နိုင်ဦးမည် ဖြစ်သည်။

နေ့ရက်သစ်တစ်နေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ချင်ယွမ်ဖုန်းသည် မိမိ၏ အခန်းထဲမှ ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာပြီး ပျင်းကြောဆန့်ကာ ထွက်ပြူလာသော နေမင်းကို လှမ်းမျှော်ကြည့်ရှုလိုက်သည်။

စီဒန်ဟွာသည်လည်း စောစီးစွာ နိုးထနေပြီဖြစ်ရာ ချင်ယွမ်ဖုန်း နိုးနေသည်ကို မြင်သောအခါ အတော်ပင် အံ့အားသင့်သွားသည်။

“မင်း ဘာလို့ ဒီလောက်တောင် စောစောထနေရတာလဲ”

ချင်ယွမ်ဖုန်းက ပြုံးလျက် “ဆေးရေချိုးကန်ထဲက အနှစ်သာရတွေအားလုံး စုပ်ယူပြီးသွားပြီလေ။ ပြီးတော့ လုပ်စရာလည်း မရှိတာနဲ့ ထလာတာပါ” ဟု ဆိုသည်။

“ကောင်းပြီ... ဒီလိုဆိုရင် မင်းရဲ့ ကိုယ်တွင်းဒဏ်ရာတွေက နှစ်အနည်းငယ်အတွင်းမှာတင် ပျောက်ကင်းသွားတော့မှာပါ။ ငါ အချိန်ရတဲ့အခါကျရင် မင်းရဲ့ ပျက်စီးနေတဲ့ သွေးကြောတွေကို ကုသပေးပါဦးမယ်” စီဒန်ဟွာက ပြုံးလျက် ပြောလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြပြီး “ဪ... ဒါနဲ့ ဦးလေး၊ ဒီနေ့လည်း မိစ္ဆာသားရဲတွေကို သွားပြီး အမဲလိုက်ဦးမှာလား” ဟု မေးမြန်းလိုက်သည်။

“ဟုတ်တယ်... မနေ့က ဒီနားတင် အဆင့်မြင့် မိစ္ဆာသားရဲ နယ်ပယ်က ပင်လယ်သားရဲတစ်ကောင်ကို ငါ တွေ့ခဲ့တယ်။ ဒီနေ့ သွားဖမ်းမလို့ပဲ” စီဒန်ဟွာက ပြုံးလျက် ဆိုချေသည်။

ပင်လယ်ပြင်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရခြင်းသည် စီဒန်ဟွာအား ပင်လယ်သားရဲများကို အမဲလိုက်ခြင်းနှင့် မိမိထက် သန်မာသူများကို စိန်ခေါ်ခြင်းတို့၌ မွေ့လျော်စေခဲ့သည်။

ချင်ယွမ်ဖုန်း၏ စိတ်အစုံ လှုပ်ရှားသွားပြီး အရှေ့သို့ လျင်မြန်စွာ ပြေးသွားကာ “ဦးလေး... ကျွန်တော်လည်း ဦးလေးနဲ့အတူ လိုက်ခဲ့ပါရစေလား” ဟု ဆိုသည်။

“မဖြစ်ဘူး... အဲဒါက သိပ် အန္တရာယ်များတယ်။ မင်းက အခုချိန်မှာ မကျင့်ကြံနိုင်သေးတော့ သာမန်လူတစ်ယောက်လိုပဲ။ ငါ မင်းကို ခရီးကြမ်း မခေါ်သွားနိုင်ဘူး” ဟု စီဒန်ဟွာက လျင်မြန်စွာ ငြင်းပယ်လိုက်သည်။

သို့သော်လည်း ချင်ယွမ်ဖုန်းသည် ခေါင်းကို ခိုင်မာစွာ ခါယမ်းလျက် “ဦးလေး... ကျွန်တော့်ရဲ့ အပြင်ပန်းဒဏ်ရာတွေ အကုန်ပျောက်နေပြီ။ ပြီးတော့ ကျွန်တော့်မှာ ခွန်အားအကြီးကြီး ရှိတယ်” ဟု ပြောဆိုသည်။

ချင်ယွမ်ဖုန်းသည် ဈေးအတွင်း၌ မိမိ၏ ခွန်အားကြီးမားမှုကို သိရှိခဲ့ရခြင်း ဖြစ်သည်။ အဋ္ဌမအဆင့် ပညာသင်နယ်ပယ်မှ သိုင်းပညာရှင်ဖြစ်သော ချွေကျားသည် ချင်ယွမ်ဖုန်းက သူ၏ လက်ကို ဖမ်းဆွဲထားစဉ်အတွင်း ရုန်းကန်နိုင်ခြင်း မရှိခဲ့ပေ။

“ခွန်အားအကြီးကြီး ဟုတ်လား” စီဒန်ဟွာသည် ယင်းကို သတိမထားမိခဲ့ဖူးချေ။

ချင်ယွမ်ဖုန်းသည် ကျွန်းပေါ်ရှိ ကျောက်တုံးကြီးတစ်ခုဆီသို့ လျင်မြန်စွာ ပြေးသွားလိုက်သည်။

ထိုကျောက်တုံးကြီးမှာ လူတစ်ယောက်ထက်ပင် ကြီးမားပြီး ပိဿာချိန် ရာချီ လေးလံလှသော်လည်း ချင်ယွမ်ဖုန်းသည် ယင်းကို လွယ်ကူစွာ မလိုက်လေသည်။

“ကောင်းပြီလေ... ငါ မင်းကို ခေါ်သွားမယ်။ ဒါပေမဲ့ ဘေးကင်းဖို့က အဓိကပဲ။ ကိုယ့်ကိုယ်ကိုယ် ကြွားဝါတာမျိုး မလုပ်နဲ့” ဟု စီဒန်ဟွာက ဆိုတော့သည်။

“စိတ်ချပါ ဦးလေး... ကျွန်တော် ဘာမှမဖြစ်စေရပါဘူး” ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောလိုက်ချေသည်။

မကြာမီ ယန်ရုလည်း နိုးထလာခဲ့သည်။

ချင်ယွမ်ဖုန်းသည် စီဒန်ဟွာနှင့်အတူ အမဲလိုက်သွားမည်ကို သိရှိရသောအခါ သူမသည် အနည်းငယ် စိုးရိမ်ပူပန်ပုံရသော်လည်း ချင်ယွမ်ဖုန်း၏ အပြုံးက ယန်ရုအား သဘောတူခွင့်ပြုရန် ဆွဲဆောင်နိုင်ခဲ့သည်။

ထိုနှစ်ယောက်သည် ကျွန်းငယ်လေးမှ လျင်မြန်စွာ ထွက်ခွာသွားကြပြီး မနေ့က စီဒန်ဟွာ ရှာဖွေတွေ့ရှိခဲ့သော နေရာသို့ ဦးတည်သွားကြလေသည်။

ယန်ရုသည် ပျင်းကြောဆန့်ကာ ထိုကျွန်းငယ်လေးကို စတင်ရှင်းလင်း သပ်ရပ်အောင် ပြုလုပ်နေတော့သည်။

သို့သော်လည်း ထိုအချိန်တွင် လူရိပ်တစ်ခုသည် ကျွန်းပေါ်သို့ ဖြည်းညှင်းစွာ လမ်းလျှောက်ဝင်ရောက်လာချေသည်။

ယေဘုယျအားဖြင့် ဆိုရသော် ကျွန်းငယ်ပေါ်တွင် လူတစ်ယောက်ရှိနေပါက စီဒန်ဟွာသည် အစီအရင်ကို ဖွင့်လှစ်ထားလေ့မရှိပေ။

အဘယ်ကြောင့်ဆိုသော် နှစ်ပေါင်းများစွာအတွင်း စီဒန်ဟွာသည် မည်သည့်အရာကိုမျှ ပျောက်ဆုံးဖူးခြင်း မရှိခဲ့ဘဲ ဤနေရာရှိ လူများအားလုံးသည်လည်း ဖခင်နှင့် သမီးဖြစ်သူတို့ကို လေးစားကြသဖြင့် သူတို့အပေါ် လွန်လွန်ကဲကဲ ပြုလုပ်ခြင်း မရှိကြသောကြောင့် ဖြစ်သည်။

“အကူအညီ လိုလား” ယန်ရု၏ နောက်ကွယ်မှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသဖြင့် သူမ၏ ခန္ဓာကိုယ် တုန်ရင်သွားရသည်။

“ရှင် ဘယ်သူလဲ”

ယန်ရုသည် မိမိ၏ ရှေ့မှောက်ရှိ လူအား ကြည့်ရှုရင်း ခြေလှမ်းနှစ်လှမ်းခန့် မသိမသာ ဆုတ်ခွာလိုက်မိသည်။

ထိုလူသည် အနည်းငယ် ညှိုးငယ်သော အသွင်ရှိပြီး ခေါင်းကို ငုံ့ထားကာ လူအများကို ဝေးဝေးသို့ မောင်းထုတ်နေသကဲ့သို့သော အရှိန်အဝါမျိုး ထွက်ပေါ်နေချေသည်။

“ငါလား... မူလကတော့ မင်းတို့နဲ့ ငါ ဘာမှမပတ်သက်ပါဘူး။ ဒါပေမဲ့ မင်းတို့က မကြာခင်ကပဲ ငါ့ကို လာပြီး ရန်စခဲ့ပုံရတယ်” ဟု ထိုလူက အေးစက်စွာ ပြောဆိုလိုက်သည်။

“ရှင့်ကို ရန်စတယ် ဟုတ်လား... မဖြစ်နိုင်တာ။ ကျွန်မတို့က လူနာတွေကို ကုသပေးတာကလွဲလို့ ဘယ်ရန်သူကိုမှ မရံစဖူးပါဘူး” ယန်ရုက ခိုင်မာစွာ တုံ့ပြန်လိုက်သည်။

ထိုညှိုးငယ်သော အသွင်ရှိသူသည် ပြုံးလိုက်ပြီး “မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... မင်းတို့ ငါ့ကို သေချာပေါက် ရန်စခဲ့တာပဲ။ မင်းတို့က ငါ့ရဲ့ ပုံတူပန်းချီကို ပတ်ပတ်လည်မှာ ဖြန့်ဝေခဲ့ကြတာ မဟုတ်လား။ အဲဒါက ငါ့ကို သေအောင် သတ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား” ဟု ဆိုသည်။

“ပုံတူပန်းချီ ဟုတ်လား” ယန်ရုသည် ချက်ချင်းပင် ရိပ်မိသွားပြီး “ရှင်က အဲဒီ မိစ္ဆာကျင့်ကြံသူလား” ဟု မေးလိုက်သည်။

“ဒီလောက်အထိ ရိုင်းရိုင်းစိုင်းစိုင်း မပြောပါနဲ့။ ငါ့ရဲ့ ကျင့်ကြံခြင်း ပညာရပ်က မင်းတို့နဲ့ အနည်းငယ် ကွဲပြားနေရုံမျှသာပါ” ဟု ထိုလူက လှောင်ပြုံး ပြုံးလျက် ဆိုချေသည်။

ယန်ရုသည် ထိတ်လန့်တုန်လှုပ်သွားပြီး ရုတ်တရက် လှည့်ကာ ပင်လယ်ပြင်ဆီသို့ ပြေးသွားတော့သည်။

သို့သော်လည်း သူမ ခြေလှမ်းနှစ်လှမ်းမျှပင် မပြေးရသေးမီမှာတင် ထိုမိစ္ဆာကျင့်ကြံသူ၏ ဖမ်းဆွဲခြင်းကို ခံလိုက်ရသည်။

“မင်း လွတ်မြောက်နိုင်မယ် ထင်နေတာလား။ မင်းတို့ မိသားစုတစ်ခုလုံး လွတ်မြောက်နိုင်မှာ မဟုတ်ဘူး” ဟု ထိုလူက အေးစက်စွာ ပြောဆိုလိုက်ချေသည်။

ယန်ရုသည် မိမိခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များ လျင်မြန်စွာ ခမ်းခြောက်သွားသည်ကို ခံစားလိုက်ရပြီး သူမ၏ ရှေ့မှောက်ရှိ လောကကြီးသည် ဖြည်းည်းချင်း အရောင်အသွေး ကင်းမဲ့သွားတော့သည်။

ခဏမျှ ကြာပြီးနောက်တွင် ထိုမိစ္ဆာကျင့်ကြံသူသည် ယန်ရုအား မချီကာ အိမ်ထဲသို့ ခေါ်ဆောင်သွားပြီး သူ၏ မျက်နှာထက်တွင် အေးစက်သော လှောင်ပြုံးတစ်ခု လျှံကျလာချေသည်။

“ဟွန်း... ငါ့ကို ဖမ်းချင်တယ် ဟုတ်လား။ ငါ မင်းတို့ရဲ့ ဝိညာဉ်တွေကို ခြောက်ကပ်သွားအောင် စုပ်ယူပစ်မယ်။ မင်းတို့ ငါ့ကို ဘယ်လို ဖမ်းမလဲဆိုတာ ကြည့်ကြသေးတာပေါ့”

All Chapters