← Chapters

အခန်း ၈၈၈

Vol. 60 Ch. 888

အခန်း ၈၈၈

Vol. 60 Ch. 888

အခန်း (၈၈၈) ပရမ်းပတာ မိစ္ဆာအသိုက်နှင့် အဆုံးမဲ့ ဟင်းလင်းပြင်။ (၂)

ရှယန်ယီက အံကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်။ "ဟုန်ကျန်းရှန့်က ရုတ်တရက် ရူးသွားတာ... သူက တခြားလူတစ်ယောက် ဖြစ်သွားသလိုပဲ။ သားတော်ကို အလစ် တိုက်ခဲ့တယ်။ သားတော် နေရာတင် ဒဏ်ရာအပြင်းအထန် ရသွားခဲ့တယ်။ အဲဒီနောက် ဟုန်ကျန်းရှန့်က ကောင်းကင်ဂူနန်းရဲ့ ဝိညာဉ်ကြောကို တိုက်ရိုက် တိုက်ခိုက်လိုက်တာကြောင့် စွမ်းအင်တွေ ဖရိုဖရဲဖြစ်ပြီး ကောင်းကင်မှာ အပေါက်ကြီး ဖြစ်သွားပါတယ်။ အဲဒီနောက်မှာ ဟုန်ကျန်းရှန့်က အဲဒီအပေါက်ကနေ ထွက်ပြေးသွားတယ်။ ဒါ သေချာပေါက် ချင်းမေ့ရှန်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်..."

ရှယန်ယီက ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်ပြောပြလိုက်သည်။ ထိုစကားကြောင့် ရှယန်လုံနှင့် စူးချန်ခုန်းတို့၏ မျက်နှာများမှာ အလွန်ပင် ပျက်သွားကြတော့သည်။

"နတ်ဆိုးအမြုတေတွေ ကိုယ်ထဲမှာ ရှိနေတဲ့ မိစ္ဆာသိုင်းပညာရှင်တွေ အားလုံးက ချင်းမေ့ရှန်ကို မတွန်းလှန်နိုင်ကြဘူး။ ချင်းမေ့ရှန်က သိုင်းဝိဇ္ဇာသူတော်စင်အဆင့် မိစ္ဆာကိုးယောက်ကို အရင်လွှတ်ပြီး တိုက်ခိုက်ခိုင်းတယ်။ ဒါက ရှယန် မိသားစုရဲ့ သိုင်းဝိဇ္ဇာသူတော်စင်တွေအားလုံး အပြင်ကို ထွက်သွားအောင် လုပ်လိုက်တာပဲ။ အဲဒီအချိန်မှာ ချင်းမေ့ရှန်က ကောင်းကင်ဂူနန်းထဲကို ခိုးဝင်သွားတယ်... ပြီးတော့ ဟုန်ကျန်းရှန့်ကို ထိန်းချုပ်ပြီး ကောင်းကင်ဂူနန်းရဲ့ အသက်သွေးကြောကို တိုက်ခိုက်ခိုင်းတယ်၊။ အပေါက်ဖြစ်သွားတဲ့အချိန်မှာ ထွက်ပြေးသွားတာပဲ..."

စူးချန်ခုန်းသည် ချင်းမေ့ရှန်၏ အစီအစဉ်ကို စိတ်ထဲမှ မှန်းဆကြည့်နေမိသည်။ ချင်းမေ့ရှန်၏ မိစ္ဆာဝိညာဉ်မှာ အရှိန်အဝါကို ဖုံးကွယ်ခြင်းနှင့် ခိုးဝင်ခြင်းတွင် အလွန်ထူးချွန်သဖြင့် သူရှိနေသည်ကို သိရှိရန် အလွန်ခက်ခဲသည်။ ချင်းမေ့ရှန် အသုံးပြုသွားသော နည်းလမ်းမှာ ရိုးရှင်းလှသည့် ကျားကို တောင်ပေါ်မှ မျှားထုတ်ခြင်း နည်းလမ်းပင် ဖြစ်သည်။

ပုံမှန်ဆိုလျှင် ကောင်းကင်ဂူနန်းအတွင်း၌ သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦး အမြဲရှိနေတတ်ပြီး ၎င်းကို မဖွင့်မချင်း မည်သူမျှ ထွက်မပြေးနိုင်ပေ။ သို့သော် သိုင်းဝိဇ္ဇာသူတော်စင်များအားလုံး အပြင်ထွက်သွားချိန်တွင် ချင်းမေ့ရှန်သည် ကောင်းကင်ဂူနန်းထဲ၌ ကြာမြင့်စွာ နေထိုင်ခဲ့ဖူးပြီး လမ်းကြောင်းများကို ကျွမ်းကျင်သော ဟုန်ကျန်းရှန့်ကို ထိန်းချုပ်ကာ အဓိက အသက်သွေးကြောကို တိုက်ခိုက်ခိုင်းခြင်း ဖြစ်သည်။ မည်သူမျှ သူ့ကို မတားဆီးနိုင်ခဲ့ပေ။ ရှယန်ယီ တားရန် ကြိုးစားခဲ့သော်လည်း အသတ်ခံရလုနီးပါး ဖြစ်ခဲ့ရသည်။

ယခင်က အသက်ခြွေအဖွဲ့အစည်းမှ အကြီးအကဲများပင် ချင်းမေ့ရှန်ကို မတွန်းလှန်နိုင်ခဲ့ကြသလို ဟုန်ကျန်းရှန့်လည်း ထိုနည်းတူပင်။ ၎င်းမှာ သူတို့ ကိုယ်ထဲရှိ နတ်ဆိုးအမြုတေများနှင့် ပတ်သက်နေမည်ဟု စူးချန်ခုန်း ခန့်မှန်းမိလိုက်သည်။ နတ်ဆိုးအမြုတေကို အသုံးပြုပြီးသည်နှင့် ချင်းမေ့ရှန်ကို မည်သို့မျှ အန်တု၍ မရတော့ပေ။

ဟုန်ကျန်းရှန့် အဖမ်းခံလိုက်ရသဖြင့် စူးချန်ခုန်း၏ မျက်နှာမှာ အလွန်ပင် ညှိုးငယ်သွားသည်။ ယခုအချိန်တွင် ချင်းမေ့ရှန်မှာ မည်သည့်နေရာသို့ ထွက်ပြေးသွားသည်ကို မည်သူမျှ မသိနိုင်တော့ပေ။ ချင်းမေ့ရှန်၏ ရည်မှန်းချက် အောင်မြင်သွားပြီဖြစ်ရာ သူသည် မကြာမီ အခြားပုံသဏ္ဍာန်တစ်ခုဖြင့် ပေါ်ထွက်လာပြီး ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာတော့မည်မှာ အသေအချာပင်။

ထိုအချိန်တွင် မဟာမီးလျှံမြို့တော်နှင့် မိုင်ပေါင်း ထောင်ချီဝေးသော ဟင်းလင်းပြင်၌ ပုံရိပ်တစ်ခုမှာ အလွန်မြန်သော အရှိန်ဖြင့် ပျံသန်းနေသည်။ ထိုသူမှာ ဟုန်ကျန်းရှန့်ပင် ဖြစ်သည်။ ဟုန်ကျန်းရှန့်၏ နှုတ်ခမ်းထောင့်တွင် စိတ်လှုပ်ရှားပြီး ရက်စက်လှသော အပြုံးတစ်ခု ရှိနေ၏။ "နောက်ဆုံးတော့ အရန်အစီအစဉ်အဖြစ် သေချာ ပြုစုပျိုးထောင်ထားတဲ့ ဒီမိစ္ဆာခန္ဓာကိုယ်ကို ငါ ရခဲ့ပြီ။ တကယ်လို့ အသစ်ကနေ ပြန်စရမယ်ဆိုရင် ဘယ်လောက်တောင် အချိန်ယူရဦးမလဲ မသိဘူး။ အခုတော့ မိစ္ဆာအသိုက်ကို ပြန်ရမယ်။ ခန္ဓာကိုယ် ရပြီဆိုရင် ငါ့ရဲ့ မိစ္ဆာဝိညာဉ်နဲ့ အသားနဲ့ ပေါင်းစပ်ပြီး မိစ္ဆာအသိုက်ရဲ့ ပြုစုမှုကို ခံယူမယ်။ အဲဒီနောက်မှာ ငါဟာ အသစ်တစ်ဖန် မွေးဖွားပြီး ဒီကမ္ဘာကို တကယ့်ပုံစံနဲ့ ပြန်ဝင်လာတော့မှာပဲ။"

ချင်းမေ့ရှန် တကယ်ကို စိတ်လှုပ်ရှားနေမိသည်။ ယခင်က သူသည် သူ၏ အသိဉာဏ်အချို့ကိုသာ ပြန်လည်ရရှိထားခြင်း ဖြစ်ပြီး သူ၏ မိစ္ဆာဝိညာဉ်မှာလည်း အလွန်အားနည်းနေသဖြင့် သူ့ကို မွေးဖွားပေးသော မိစ္ဆာအသိုက်မှပင် မထွက်နိုင်ခဲ့ပေ။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သဘာဝစွမ်းအင်များ ပိုမိုအားကောင်းလာပြီး မိစ္ဆာအသိုက်က စွမ်းအင်များကို စုပ်ယူနိုင်လာသောအခါ သူသည် တဖြည်းဖြည်း နိုးထလာပြီး အားကောင်းလာခဲ့သည်။ သူ၏ ဝိညာဉ်ကို ခွဲထုတ်ကာ လူသားများကြားတွင် သင့်တော်သော ခန္ဓာကိုယ်ကို ရွေးချယ်ပျိုးထောင်ရန် အင်အားရှိလာခဲ့သည်။

နတ်ဆိုးအမြုတေနှင့် ပေါင်းစပ်ထားပြီး 'ဝင်စားခြင်း' မိစ္ဆာအတတ်ကို ပိုင်ဆိုင်ထားသော ဖန်ရှန့်ဝူမှာ သူရှာတွေ့ခဲ့သမျှတွင် အသင့်တော်ဆုံး ဖြစ်ခဲ့သည်။ သို့သော် အောင်မြင်ခါနီးအချိန်တွင် သူသည် ဟုန်ကျန်းရှန့်ကို လက်ခံကောင်သစ်အဖြစ် ရွေးချယ်ခဲ့ရာမှ စူးချန်ခုန်း၏ ဒေါသကို ဆွပေးလိုက်သလို ဖြစ်ခဲ့ရသည်။

စူးချန်ခုန်း၏ ပါရမီမှာ ဟုန်ကျန်းရှန့်ကို အံ့အားသင့်စေခဲ့သည်။ သို့သော် စူးချန်ခုန်းကို သတ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ကံကောင်းသည်မှာ ကံကြမ္မာက သူ၏ ဘက်တွင် ရှိနေသည်။ အချိန်နှင့် အားစိုက်မှု အနည်းငယ် ပေးလိုက်ရသော်လည်း သူသည် မိစ္ဆာခန္ဓာကိုယ်ကို ပြန်လည်ရရှိခဲ့ပြီဖြစ်သည်။ ဟုန်ကျန်းရှန့်ကတော့ သူနှင့် ယှဉ်နိုင်ရန် အိပ်မက်ပင် မမက်သင့်ပေ။ ဟုန်ကျန်းရှန့်၏ စွမ်းအားအားလုံးမှာ ချင်းမေ့ရှန်ထံမှ ဆင်းသက်လာတာ ဖြစ်သောကြောင့်ပင်။

"ဟမ်… အဲဒီ အသုံးမကျတဲ့ ကောင်တွေ အသတ်ခံလိုက်ရတာလား။ တာ့ဝူဖုန်း လက်ချက်လား။ သူက သိုင်းဝိဇ္ဇာသူတော်စင်အဆင့်ကို ရောက်သွားပြီပေါ့။ ရောက်ရောက်ချင်းမှာတင် ဒီလောက်တောင် အစွမ်းထက်နေတာလား"

ပျံသန်းနေရင်း ချင်းမေ့ရှန်သည် ထိတ်လန့်ဖွယ်ရာ တစ်ခုကို ခံစားလိုက်ရသည်။ သူ ပျိုးထောင်ထားသော မိစ္ဆာသိုင်းပညာရှင် အများအပြား သေဆုံးသွားသည်ကို သူ ခံစားသိရှိလိုက်ပြီး သတ်လိုက်သူမှာ 'တာ့ဝူဖုန်း' ဖြစ်နေသည်။ စူးချန်ခုန်းသည် ဤမျှမြန်မြန် သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ ရောက်ရှိသွားသည်တဲ့လား။ ထို့အပြင် သူ၏ လက်အောက်ငယ်သားများကို ဟင်းသီးဟင်းရွက် လှီးသကဲ့သို့ အလွယ်တကူ သတ်ဖြတ်နိုင်ခြင်းမှာ သာမန် သိုင်းဝိဇ္ဇာသူတော်စင်များထက် အများကြီး သာလွန်နေကြောင်း ပြသနေသည်။

"ထားလိုက်ပါတော့။ အဲဒီ ပုံရိပ်ယောင်တွေ အများစုက မိစ္ဆာအသိုက်က အမြုတေတွေကို သုံးပြီး အတင်းအကြပ် မြှင့်တင်ထားတဲ့ အကောင်တွေပဲ။ သေလည်း သေပါစေ။ သူတို့ကို အဆုံးအထိ အသုံးချပြီးပြီပဲ။ သူတို့ရဲ့ တာဝန် ပြီးဆုံးသွားပြီ။"

မကြာမီပင် ချင်းမေ့ရှန်သည် ခေါင်းခါလိုက်ကာ ဂရုမစိုက်တော့ပေ။ "ငါသာ တကယ့် မိစ္ဆာတစ်ကောင်အဖြစ် အသွင်ပြောင်းပြီး သူတို့ရဲ့ ဘုရင် ဖြစ်လာပြီဆိုရင်... တာ့ဝူဖုန်း၊ မင်းကို သေရင်တောင် အေးအေးချမ်းချမ်း မသေရအောင် ငါ လုပ်ပြမယ်။" ချင်းမေ့ရှန်က လှောင်ပြုံးပြုံးလိုက်သည်။

သူက သာမန် မိစ္ဆာတစ်ကောင် မဟုတ်ပေ။ အသွင်ပြောင်းခြင်း ပြီးဆုံးသွားပါက သူ၏ အစွမ်းကို ကမ္ဘာကြီးအား ပြသတော့မည် ဖြစ်သည်။ ချင်းမေ့ရှန် ယခု လုပ်ဆောင်ရမည့်အရာမှာ 'မိစ္ဆာအသိုက်' သို့ ပြန်၍ သူ၏ အသွင်ပြောင်းခြင်းကို အပြီးသတ်ရန်ဖြစ်ပြီး ၎င်းမှာ အချိန်အကြာကြီး ယူရမည် မဟုတ်ပေ။ "စောင့်နေစမ်းပါ..." ချင်းမေ့ရှန်သည် တိတ်တဆိတ် ရယ်မောလိုက်ပြီး ကောင်းကင်ယံသို့ ပျောက်ကွယ်သွားတော့သည်။

"အကြီးအကဲစူး... ငါကိုယ်တော် တောင်းပန်ပါတယ်"

ကောင်းကင်ဂူနန်းအတွင်း၌ ရှယန်လုံက သူ၏ အပြစ်ရှိသလို ခံစားချက်ကို ဖော်ပြလိုက်သည်။ ဟုန်ကျန်းရှန့်မှာ သူတို့၏ ကောင်းကင်ဂူနန်းအတွင်း၌ပင် အဖမ်းခံလိုက်ရသဖြင့် ရှယန် မိသားစုတွင် တာဝန်ရှိသည်ဟု သူ ယူဆနေသည်။

"ဒါက ဧကရာဇ်တို့ရဲ့ အပြစ်မဟုတ်ပါဘူး" စူးချန်ခုန်းက ခေါင်းခါလိုက်သည်။ ရှယန် မိသားစုသည် တတ်နိုင်သမျှ လုပ်ဆောင်ခဲ့ကြောင်း သူ သိနေသည်။ သူတို့သည်လည်း နစ်နာသူများသာ ဖြစ်သည်။ ချင်းမေ့ရှန်မှာ အလွန်ဉာဏ်များပြီး သူတို့ အဆင်သင့်မဖြစ်ချိန်ကို အခွင့်ကောင်းယူသွားခြင်းသာ ဖြစ်သည်။

"အရှင်ဧကရာဇ်... အရင်က ရှယန် မိသားစုက မိစ္ဆာသွေး တစ်ပုလင်း ရခဲ့တယ် မဟုတ်လားခင်ဗျ။ အဲဒါကို ကျွန်တော့်ကို ခဏလောက် ငှားလို့ ရမလား။ အဲဒါရှိရင် ကျွန်တော် ချင်းမေ့ရှန် ဘယ်မှာလဲဆိုတာ ရှာနိုင်ကောင်း ရှာနိုင်ပါလိမ့်မယ်" ဟု စူးချန်ခုန်းက ပြောလိုက်သည်။

All Chapters