← Chapters

အခန်း ၈၉၁

Vol. 60 Ch. 891

အခန်း ၈၉၁

Vol. 60 Ch. 891

အခန်း (၈၉၁) ဘိုးဘေးတို့၏ တောက်ပမှုကို တုန်လှုပ်စေသော ဓားသွားကျင့်ကြံအတတ်နှင့် ရွှေဓာတ်စွမ်းအင်။(၂)

စူးချန်ခုန်းသည် ဟုန်ကျန်းရှန့်၏ အခြေအနေအတွက် စိုးရိမ်နေသော်လည်း ပရမ်းပတာ လေဟာပြင်၏ အလွန်နက်ရှိုင်းသော နေရာရှိ မိစ္ဆာအသိုက်သို့ သွားရောက်ရန်မှာ သူ၏ လက်ရှိစွမ်းဆောင်ရည်ထက် ကျော်လွန်နေသဖြင့် အမှန်တကယ်ပင် ဘာမှမတတ်နိုင်ဘဲ ဖြစ်နေသည်။

ချင်းမေ့ရှန်သည် ကမ္ဘာကြီးထဲသို့ သေချာပေါက် ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း စူးချန်ခုန်း သိလေသည်။ သို့သော် ထိုအချိန်ရောက်လျှင် သူသည် ယခုကဲ့သို့ အားနည်းသော အခြေအနေတွင် ရှိတော့မည် မဟုတ်ပေ။ ချင်းမေ့ရှန်၏ လက်စားချေတတ်သော သဘာဝအရ သူ့ကို ဒုက္ခပေးခဲ့သော စူးချန်ခုန်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘဲ ကိုယ်တိုင် လာရှာမှာ အသေအချာပင်။

'ဒီအကြောင်းကို ဧကရာဇ် ရှယန်လုံကို ပြောပြရမယ်။ သူ့ရဲ့ မိသားစုကတစ်ဆင့် တခြား သိုင်းဝိဇ္ဇာသူတော်စင်တွေကို သတင်းပေးခိုင်းရမယ်။ အဲဒီ သိုင်းဝိဇ္ဇာသူတော်စင်တွေထဲမှာ ဒါကို ဖြေရှင်းနိုင်မယ့်သူ ရှိချင်ရှိမှာ'

စူးချန်ခုန်းသည် ဤကိစ္စမှာ သူတစ်ဦးတည်းနှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ အလွန်အရေးကြီးသော ကိစ္စဖြစ်သဖြင့် အခြားသိုင်းဝိဇ္ဇာသူတော်စင်များအားလုံး သိရှိနိုးကြားနေရန် လိုအပ်သည်ဟု စဉ်းစားလိုက်သည်။ သူသည် မဟာမီးလျှံမြို့တော်သို့ တစ်ခေါက်ပြန်သွားကာ ရှယန်လုံအား ဤအကြောင်းကို ပြောပြခဲ့သည်။

"ပရမ်းပတာ လေဟာပြင်ထဲမှာ မိစ္ဆာအသိုက် ရှိနေတယ် ဟုတ်လား။ အဲဒီမှာ မိစ္ဆာအစစ်တွေ ရှိနေနိုင်တာလား။ ပြီးတော့ သာမန်မိစ္ဆာတွေလည်း မဟုတ်ဘူး။ ကိုးနိုင်ငံရဲ့ အစွမ်းအထက်ဆုံး သိုင်းဝိဇ္ဇာသူတော်စင်တွေတောင် မယှဉ်နိုင်ဘူး ဟုတ်လား"

ဤအကြောင်းကို သိလိုက်ရသောအခါ ရှယန်လုံသည်လည်း လွန်စွာ တည်ကြည်လေးနက်သွားသည်။ "အင်း... ငါကိုယ်တော် အထက်ပိုင်းနိုင်ငံ သုံးနိုင်ငံက နတ်ဘုရား သိုင်းဝိဇ္ဇာသူတော်စင်တွေကို အကြောင်းကြားလိုက်မယ်။ သူတို့မှာ ဒါကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှိမလားဆိုတာ ကြည့်ရတာပေါ့" ရှယန်လုံက ခေါင်းညိတ်လိုက်သည်။

မိစ္ဆာသားရဲအစစ်တစ်ကောင် မွေးဖွားလာခြင်းမှာ ပျက်သုဉ်းခြင်းနှင့် ကပ်ဆိုးကြီးများကိုသာ သယ်ဆောင်လာမည်ဖြစ်ပြီး လူတိုင်းကို ခြိမ်းခြောက်နေသဖြင့် အားလုံး ပူးပေါင်းဖြေရှင်းရန် လိုအပ်ပေသည်။ ရှယန်လုံကို အသိပေးခဲ့ပြီးနောက် စူးချန်ခုန်းသည် ဝိညာဉ်လမ်းစဉ်ဂိုဏ်းသို့ ခဏပြန်လာခဲ့သည်။

ဝိညာဉ်လမ်းစဉ်ဂိုဏ်းအတွင်း၌ အရာအားလုံးမှာ အေးချမ်းနေသော်လည်း စူးချန်ခုန်း၏ စိတ်ထဲတွင်မူ ရှုပ်ထွေးနေသည်။ အထက်ပိုင်းနိုင်ငံများမှ ထိပ်တန်းသိုင်းဝိဇ္ဇာသူတော်စင်များက မိစ္ဆာအသိုက်ကိစ္စကို ဖြေရှင်းနိုင်မလား သူ မသိသော်လည်း သူကိုယ်တိုင်ကတော့ ငြိမ်နေ၍ မရကြောင်း သိနေသည်။

'တခြားသူတွေအပေါ်မှာ မျှော်လင့်ချက်ထားတာထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်တာက ပိုကောင်းတယ်။ အဘိုးအို ဝမ်ထျန်းကုန်း ပြောပုံအရဆိုရင် အဲဒီနန်းတော်ထဲမှာ မွေးဖွားလာမယ့် မိစ္ဆာဟာ လူသားမျိုးနွယ် ကိုးနိုင်ငံရဲ့ အစွမ်းအထက်ဆုံး သိုင်းဝိဇ္ဇာသူတော်စင်တွေထက်တောင် ပိုပြီး အားကောင်းနိုင်တယ်။ ဒါဆိုရင် ငါ လုပ်နိုင်တာက ပိုပြီး အစွမ်းထက်လာဖို့ပဲ။ နိုင်ငံကိုးခုထဲက ဘယ်သိုင်းပညာရှင်ထက်မဆို ပိုတော်လာဖို့ မိစ္ဆာသားရဲ အစစ်ထက်တောင် ပိုအစွမ်းထက်လာဖို့ပဲ။'

ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ အနောက်တောင်ကုန်းရှိ နတ်ပိုးချည်ဂူအတွင်း စူးချန်ခုန်း၏ မျက်လုံးများမှာ ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် တောက်ပနေလျက်။ ယခု သူလုပ်နိုင်သော တစ်ခုတည်းသောအရာမှာ သူ၏ စွမ်းအားကို မြှင့်တင်ရန်နှင့် ချီစွမ်းအင်များကို စုဆောင်းရန်ပင် ဖြစ်သည်။

'ဓားသွားကျင့်ကြံခြင်းအတတ်ကို အဆင့် ၁၁ အထိ ကျင့်ကြံမယ်...'

စူးချန်ခုန်းသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ပြင်ပအတွေးများကို ဖယ်ထုတ်ကာ ဓားသွားကျင့်ကြံခြင်းအတတ်ကို စတင် ကျင့်ကြံလေတော့သည်။ ဤအတတ်မှာ စူးချန်ခုန်း ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်တွင် ရှိနေစဉ်ကတည်းက ရရှိခဲ့သော ကျင့်စဉ်ဖြစ်သည်။ သူသည် ၎င်းကို အသုံးပြု၍ သူ၏ ဓားသွားကို ကျင့်ကြံခဲ့ပြီး ၎င်းမှာ ဓားစိတ်ဆန္ဒနှင့် ဓားသွားဝိညာဉ်တို့ကို ပျိုးထောင်ပေးခဲ့သော သူ၏ လျှို့ဝှက်လက်နက်တစ်ခုလည်း ဖြစ်သည်။

ဓားသွားကျင့်ကြံခြင်းအတတ်ကို နတ်ဘုရားစွမ်းရည်အဆင့်ဖြစ်သော အဆင့် ၁၁ သို့ မြှင့်တင်လိုက်လျှင် မည်သို့သော ထူးခြားပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်ကို သူကိုယ်တိုင်ပင် မသိသေးချေ။

"ဝုန်း... ဝုန်း... ဝုန်း"

စူးချန်ခုန်းက ဓားသွားကျင့်ကြံခြင်းအတတ်ကို လည်ပတ်လိုက်သောအခါ သူ၏ ဝမ်းဗိုက်အတွင်းရှိ 'ဆန်းကြယ်လိပ် ရွှေဆေးလုံး'မှာ စတင်လည်ပတ်လာပြီး အပြာနုရောင် အရှိန်အဝါများကို ထုတ်လွှတ်လာသည်။ ၎င်းမှာ ရွှေဆေးလုံး၏ အခြေခံစွမ်းအင်ပင် ဖြစ်သည်။ စူးချန်ခုန်းသည် ထိုစွမ်းအင်ကို အသုံးပြု၍ သူ၏ ဓားသွားဝိညာဉ်ကို ပြုစုပျိုးထောင်နေခြင်း ဖြစ်သည်။

ဓားသွားကျင့်ကြံခြင်းအတတ်၏ စွမ်းအားကြောင့် ရွှေဆေးလုံး၏ စွမ်းအင်များသည် ဝိညာဉ်ကို အားဖြည့်ပေးနိုင်သော စွမ်းအင်များအဖြစ် ပြောင်းလဲသွားသည်။ စူးချန်ခုန်း၏ စွမ်းရည်တန်ဖိုးမှာ ၁၃၀ အထိ ရှိနေပြီဖြစ်ရာ သူ၏ သိမြင်နားလည်မှုမှာ အင်မတန် မြင့်မားလှသည်။ သူ၏အဆင့်တွင် ပညာရပ်တစ်ခုကို အထွတ်အထိပ်ရောက်အောင် ကျင့်ကြံရန်မှာ ခက်ခဲသော အလုပ်မဟုတ်တော့ပေ။

ဓားသွားကျင့်ကြံခြင်းအတတ် (ဧကဒသမနယ်ပယ်၊ ဘိုးဘေးတို့၏ ထွန်းလင်းတောက်ပမှုကို တုန်လှုပ်စေခြင်း ၁%)

အချိန်များ ကုန်ဆုံးသွားခဲ့ရာ တစ်လခွဲမှာ မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားသည်။ သိုင်းဝိဇ္ဇာသူတော်စင် အဆင့်သို့ ရောက်ရှိပြီးနောက် စူးချန်ခုန်းသည် ဓားသွားကျင့်ကြံခြင်းအတတ်ကိုသာ အဓိကထား ကျင့်ကြံနေခဲ့သည်။ နှစ်ဝက်ခန့် ကြာပြီးနောက် စူးချန်ခုန်း၏ ဓားသွားကျင့်ကြံခြင်းအတတ်မှာ နောက်ဆုံးတွင် အောင်မြင်စွာ အဆင့် ၁၁ သို့ တက်လှမ်းနိုင်လေပြီ။

စူးချန်ခုန်းသည် သူ၏ ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများကို တိတ်ဆိတ်စွာ အာရုံခံကြည့်လိုက်သည်။ အဆင့် ၁၁ သို့ ရောက်ရှိသွားပြီးနောက် ရွှေဆေးလုံးမှ ပြောင်းလဲလာသော စွမ်းအင်များသည် သူ၏ ဓားသွားဝိညာဉ်ကို ရစ်ပတ်ကာ အဆက်မပြတ် ပျိုးထောင်ပေးနေသည်။ ထိုအခါ စူးချန်ခုန်းသည် သူ၏ ဓားသွားဝိညာဉ်ထံမှ ဆာလောင်မှုတစ်ခုကို ခံစားလိုက်ရသည်။

'ငါ့ရဲ့ ဓားသွားဝိညာဉ်က... ပြောင်းလဲသွားပုံရတယ်။ အာဟာရ လိုအပ်နေသလိုပဲ။ အစေ့တစ်ခုကနေ အပင်ပေါက်ဖို့အတွက် ရေနဲ့ မြေသြဇာ လိုအပ်သလိုမျိုးပဲ။'

သူ၏ ဓားသွားဝိညာဉ်မှာ ဘာကို စားသုံးချင်နေသနည်းဟု စူးချန်ခုန်း စဉ်းစားနေမိသည်။ အစွမ်းထက်သော ဆေးလုံးများကိုလား။ သူသည် ဝန်မလေးဘဲ သူ၏ အိတ်အတွင်းမှ တန်ဖိုးကြီးပစ္စည်းများ၊ ဝိညာဉ်ဆေးလုံးများနှင့် ဆေးဖက်ဝင်အပင် အမြောက်အမြားကို ထုတ်ယူလိုက်သည်။ သို့သော် သူ၏ ဓားသွားဝိညာဉ်က ၎င်းတို့ကို စိတ်မဝင်စားပေ။

'ဟမ်… ဓားသွားဝိညာဉ် စားချင်နေတာက... သတ္တုလား။'

တဖြည်းဖြည်းနှင့် စူးချန်ခုန်းသည် သူ၏ ဓားသွားဝိညာဉ်က သူ၏ သံဖြတ်ဓား၊ သွေးသုံ့ပန်းဓားနှင့် နဂါးအသွင်ပြောင်းခြင်းတံခါးတို့အပေါ်တွင် ဆာလောင်မွတ်သိပ်သည့် အချက်ပြမှုများ ပေးပို့နေသည်ကို သတိထားမိလိုက်သဖြင့် အလွန်အံ့ဩသွားသည်။

စူးချန်ခုန်းအနေဖြင့် သူ၏ လက်နက်များ သို့မဟုတ် နဂါးအသွင်ပြောင်းတံခါးကို ဖျက်ဆီး၍ မကျွေးနိုင်ပေ။ ထို့ကြောင့် သူသည် ကောင်းကင်နဂါး မင်္ဂလာနယ်မြေအတွင်းမှ ရရှိခဲ့သော အရည်အသွေးမြင့် ဓားရှည်တစ်လက်ကို ထုတ်ယူလိုက်သည်။ ထိုဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ဓားသွားကျင့်ကြံခြင်းအတတ်ကို လည်ပတ်လိုက်သည်။

"ဝုန်း... ဝုန်း... ဝုန်း"

ရွှေဆေးလုံး၏ စွမ်းအင်များက ဓားရှည်ကို လွှမ်းခြုံသွားသည်။ ထိုအခါ စူးချန်ခုန်းသည် ထူးခြားသော ခံစားချက်တစ်ခုကို ရရှိလိုက်သည်။ ဓားသွားကျင့်ကြံခြင်းအတတ် အဆင့် ၁၁ သို့ ရောက်ရှိသွားသောအခါ သူ၏ အနှစ်သာရ၊ စွမ်းအင်နှင့် ဝိညာဉ်တို့ ပေါင်းစပ်ပြီး ထူးခြားသော ဓာတ်တစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းကို လက်နက်များ ပျိုးထောင်ရန် အသုံးပြုနိုင်သလို ပြောင်းပြန်လှန်၍ လက်နက်များကို ဖျက်ဆီးရန်လည်း အသုံးပြုနိုင်သည်။

စူးချန်ခုန်းသည် ထိုအတတ်ကို ပြောင်းပြန်လှန်၍ လည်ပတ်လိုက်ရာ ထူးဆန်းသော အရာတစ်ခု ဖြစ်လာတော့သည်။

"ဂျွတ်... ဂျွတ်... ဂျွတ်"

စူးချန်ခုန်း၏ မျက်စိရှေ့မှာပင် ရွှေဆေးလုံး စွမ်းအင်များ လွှမ်းခြုံခံထားရသော ဓားရှည်ကြီးမှာ တဖြည်းဖြည်း အက်ကွဲလာပြီး အရည်ပျော်သွားသည်။ အညစ်အကြေးများအားလုံး ဖယ်ရှားခံလိုက်ရကာ ကြည်လင်တောက်ပသော သတ္တုမှုန့်လေးများအဖြစ် ပြောင်းလဲသွားတော့သည်။

All Chapters