← Chapters

အခန်း ၂၆၃

Vol. 27 Ch. 263

အခန်း ၂၆၃

Vol. 27 Ch. 263

အခန်း (၂၆၃) ဝတ်ရုံလုပွဲ - ၅

မိနစ်အနည်းငယ်ခန့်က...။

သံလိပ်တံခါး ဖြည်းညင်းစွာ နိမ့်ဆင်းသွားစဉ် ဖုန်းပုကြွယ်သည် ကောင်တာနောက်မှ ထရပ်လိုက်သည်။ သူသည် ဖုန်းလွှဲပြောင်းခြင်းကို အသင့်ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်၊ အကယ်၍ အပြင်ဘက်တွင်ရှိသော ကလပ်တွန်က ဘဏ်ကောင်တာရှိ ကြိုးဖုန်းကို ထပ်မံခေါ်ဆိုပါက ထိုဖုန်းခေါ်ဆိုမှုမှာ သူ၏ လက်ကိုင်ဖုန်းဆီသို့ လွှဲပြောင်းရောက်ရှိလာပေလိမ့်မည်။ သဘာဝကျကျပင် ထိုဖုန်းကို တုန်ခါမှုအဖြစ်သာ သတ်မှတ်ထားခဲ့ပြီး ဖုန်းခေါ်ဆိုသူဘက်မှ ရင်းတုန်းသံ မကြားရအောင်လည်း သူ အတည်ပြုထားခဲ့သည်။

ဘဏ်ခန်းမအတွင်းတွင် အချိန်ကို သဘာဝကျကျ မြင်တွေ့နိုင်ပေသည်။ ဖုန်းပုကြွယ်သည် နံရံပေါ်ရှိ ဒစ်ဂျစ်တယ်နာရီကို တစ်ချက်လှမ်းကြည့်လိုက်သည်။

“ဓားစာခံတွေဆီကနေ ဘာဖြစ်ခဲ့လဲဆိုတာ အကြမ်းဖျင်း သိရဖို့အတွက် သူတို့ အနည်းဆုံး ခုနစ်မိနစ်၊ ရှစ်မိနစ်လောက် အချိန်ယူရလိမ့်မယ်...”

သူသည် (မန်နေဂျာဆီကနေ ရထားခဲ့သော) သော့နှင့် ဝင်ခွင့်ကတ်ကို ယူဆောင်၍ ကောင်တာနောက်က တံခါးမှတစ်ဆင့် စောင့်ကြည့်ရေးအခန်းအတွင်းသို့ ဝင်ရောက်ကာ စောင့်ကြည့်ရေးကင်မရာများအားလုံးကို ပိတ်ပစ်လိုက်သည်။

ရဲများ ဖုန်းမခေါ်ဆိုမီ မိနစ်အနည်းငယ်အလိုတွင် ဓားစာခံများ၏ ခေါင်းပေါ်တွင် အိတ်များ စွပ်နေစဉ်အတွင်း ဖုန်းပုကြွယ်သည် ဤအခွင့်အရေးကို အသုံးချကာ ဘဏ်ပတ်ပတ်လည်သို့ လျှောက်လှမ်းလျက် အဆောက်အအုံ၏ တည်ဆောက်ပုံစနစ်ကို အကြမ်းဖျင်း လေ့လာထားခဲ့သည်။ ၎င်းတွင် ထွက်ပေါက်သုံးခုသာ ရှိကြောင်း သူသိထားသည်။ ပထမတစ်ခုမှာ ပင်မဝင်ပေါက်ဖြစ်ပြီး ဒုတိယတစ်ခုမှာ လေဝင်လေထွက်ပြွန်ပေါက်ဖြစ်ကာ တတိယတစ်ခုမှာမူ လမ်းမဘက်သို့ မျက်နှာမူထားသည့် ရုံးခန်း လေးခု သို့မဟုတ် ငါးခု၏ ပြတင်းပေါက်များ ဖြစ်ကြသည်။

ဖုန်းပုကြွယ်အနေဖြင့် အပြင်ဘက်တွင် ရဲများ မည်သို့နေရာယူထားကြောင်းကို မသိရှိချေ။ သူခန့်မှန်းရုံသာ ခန့်မှန်းနိုင်ပေသည်။

ပထမဦးစွာ ပင်မဝင်ပေါက်တွင်မူ အပြင်ဘက်၌ လူများ သေချာပေါက် ရှိနေပေလိမ့်မည်။ ဗုံးများ၏ အကျိုးသက်ရောက်မှုများ ကျန်ရှိနေသေးလျှင်ပင် သူသည် သိသိသာသာကြီး အပြင်သို့ လမ်းလျှောက် ထွက်သွား၍မရချေ။

ဒုတိယအနေဖြင့် လမ်းမဘက်သို့ မျက်နှာမူထားသည့် ပြတင်းပေါက်များကိုလည်း သေချာပေါက် စောင့်ကြည့်နေကြပေလိမ့်မည်။ အကယ်၍ ထိုနေရာတွင် ပင်မဝင်ပေါက်လောက် ရဲအရာရှိ အများအပြား မရှိခဲ့လျှင်ပင် လွတ်မြောက်ရန်အတွက် သူသည် ဂွကို အသုံးပြု၍ ပြတင်းပေါက် သံတိုင်များကို အတင်းအကျပ် ဖျက်ဆီးပစ်ရမည်ဖြစ်ရာ အချိန်အရကော လျှို့ဝှက်မှုအရပါ ထိုနေရာကနေ ထွက်ပြေးရန် ခက်ခဲပေလိမ့်မည်။

ထို့ကြောင့် လေဝင်လေထွက်ပြွန်ပေါက်တစ်ခုတည်းသာ ကျန်ရှိတော့သည်။

ဖုန်းပုကြွယ်သည် စွန့်စားခြင်းမျိုး မပြုလုပ်ခဲ့ချေ။ သူ၏ စရိုက်လက္ခဏာနှင့် ဂေါ့သမ်မြို့တော်ရဲများ၏ ဉာဏ်ရည်ဉာဏ်သွေးအရမူ လေဝင်လေထွက်ပြွန်ပေါက်၏ အပြင်ဘက်တွင် သေချာပေါက် စောင့်ကြည့်နေသူ ရှိလိမ့်မည်ဟု သူအခိုင်အမာ ယုံကြည်ထား၏။ အပြင်သို့ ခုန်ထွက်ပြီးနောက်တွင် သူသည် အခြေအနေနှစ်ခုနှင့် ရင်ဆိုင်ရပေလိမ့်မည်။ ပထမတစ်ခုမှာ ခြုံခိုတိုက်ခိုက်ရန် အသင့်စောင့်ဆိုင်းနေသော ရဲများ၏ ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဒုတိယတစ်ခုမှာမူ အဝေးက စနိုက်ပါသမား တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော လူများ၏ ချိန်ရွယ်မှုအောက်သို့ ကျရောက်သွားခြင်း ခံရပေမည်။

‘နည်းနည်းလောက်စစ်ဆေးမေးမြန်းပြီးရင် ကလပ်တွန်က ဘဏ်ထဲမှာ ငါတစ်ယောက်တည်းပဲ ရှိပြီး တခြားဓားစာခံတွေ မရှိတော့ဘူးဆိုတာကို သိသွားလိမ့်မယ်၊ အဲဒီအချိန်ကျရင် သူက သတိမပေးဘဲ ဘဏ်ထဲကို အတင်းဝင်စီးဖို့ လူလွှတ်တာမျိုး ဒါမှမဟုတ် ငါ့ဆီ ဖုန်းဆက်ပြီး အပြင်ထွက် လက်နက်ချဖို့ ပြောတာမျိုးတို့ လုပ်လိမ့်မယ်’

ဖုန်းပုကြွယ်သည် အခြေအနေကို သူ့စိတ်ထဲတွင် ပုံဖော်ကြည့်လိုက်သည်။

‘တိုက်ရိုက်ဝင်စီးတာက ပိုလွယ်လိမ့်မယ်၊ ငါက သေမင်းဖဲချပ်ကို ခန္ဓာကိုယ်မြင့်တင်ခြင်းအတတ်နဲ့ ပေါင်းစပ်ပြီး အထဲကို အတင်းဝင်လာမယ့် ရဲအရာရှိတွေကို အချိန်ဆွဲထားနိုင်သလို သူတို့ ဝင်လာခဲ့တဲ့ ပြတင်းပေါက်ကနေတစ်ဆင့် ပြန်ပြီး ထွက်ပြေးနိုင်တယ်’

‘ဒါပေမဲ့လည်း... လူတစ်ယောက်တည်းနဲ့ပဲ ရင်ဆိုင်ရတာမို့ သူက ငါနဲ့ ညှိနှိုင်းဖို့ ပိုပြီး ဖြစ်နိုင်ခြေ ရှိတယ်၊ သူ့လူတွေကို မလိုလားအပ်တဲ့ အန္တရာယ်တွေထဲ မတွန်းပို့ချင်သလို ပစ္စည်းဆုံးရှုံးမှုတွေကိုလည်း ပိုမတိုးစေချင်တာ သဘာဝပဲလေ၊ တကယ်လို့ ဆက်သွယ်တာပြီးတဲ့နောက်မှာ ငါက ပြန်ခုခံမယ်လို့ အချက်ပြခဲ့ရင်တောင် သူတိုက်ရိုက် ဝင်စီးဖို့ အမိန့်ပေးတာ နောက်မကျသေးပါဘူး၊ အဲဒီအချိန်ကျရင် သူက ဖုန်းခေါ်ပြီး ငါ့ကို စိတ်အေးအောင် ထားထားနိုင်သလို သူ့လူတွေ ချဉ်းကပ်လာနိုင်ဖို့အတွက်လည်း အခြေအနေတွေ ဖန်တီးနိုင်မှာပဲ’

‘ဒါကြောင့် ငါဖုန်းကို ဆက်ကိုင်ထားသရွေ့တော့ အထဲကို ပထမဆုံးဝင်လာမယ့် ရဲအရာရှိတွေက သူတို့ရဲ့ အာရုံအများစုကို ကောင်တာနောက်က နေရာဆီကိုပဲ သဘာဝကျကျ ထားကြလိမ့်မယ်’

ဖုန်းပုကြွယ်က တီးတိုးရေရွတ်လိုက်သည်။

‘ဒါက ငါသူတို့ကို ထောင်ချောက်ထဲ ဆွဲခေါ်ဖို့ ပိုတောင် လွယ်သွားစေဦးမယ်...’

သူသည် ခန်းမအတွင်းသို့ ပြန်လည်ရောက်ရှိလာပြီး စက်သေနတ်ကိုင်ထားခဲ့သော ဓားပြ၏ ခေါင်းပေါ်က မျက်နှာဖုံးကို ဖယ်ရှားလိုက်သည်။ ထို့နောက် သူသည် ကောင်တာပေါ်မှ ခုန်ကျော်ကာ အတော်လေး အကောင်းအတိုင်းရှိနေသေးသော မျက်နှာဖုံးကိုယူ၍ မျက်နှာပျက်စီးနေခဲ့သော ပိုက်ဆံသယ်သည့် ဓားပြ၏ ခေါင်းပေါ်တွင် စွပ်ပေးလိုက်သည်။ ပြီးနောက် သူက ထိုဓားပြ၏ အလောင်းကို စောင့်ကြည့်ရေးခန်းအတွင်းသို့ ဆွဲခေါ်သွားလိုက်လေသည်။

စောင့်ကြည့်ရေးခန်းအတွင်းတွင် ဖုန်းပုကြွယ်လွတ်မြောက်ရန်အတွက် မရှိမဖြစ် လိုအပ်သော အဆောက်အအုံ အစိတ်အပိုင်းနှစ်ခု ရှိနေခဲ့သည်။ ပထမတစ်ခုမှာ လေဝင်လေထွက်ပြွန်ပေါက်၏ ဝင်ပေါက်ဖြစ်ပြီး ၎င်းမှာဘဏ်တိုက်ခန်းမှလွဲ၍ အခြားအခန်းတိုင်းလိုလိုတွင် ရှိနေတတ်ကြဖြစ်ဖြစ်သည်။ သို့သော်လည်း ဒုတိယတစ်ခုမှာမူ ကောင်တာနှင့် စောင့်ကြည့်ရေးခန်းအတွင်း၌သာ ရှိတတ်သော အရာဖြစ်သည်။ ၎င်းမှာ ဘဏ်ပင်မဝင်ပေါက်ရှိ သတ္တုသံလိပ်တံခါး၏ ခလုတ်ပင် ဖြစ်သည်။

ဖုန်းပုကြွယ်သည် အလောင်းကို စောင့်ကြည့်ရေးခန်းအတွင်းရှိ ရုံးခန်းကုလားထိုင်ပေါ်တွင် တင်လိုက်ပြီး ထောင်ချောက်တစ်ခုကို စတင် ပြင်ဆင်တော့သည်...။

သူက ကုလားထိုင်ကို ထောင့်တစ်နေရာသို့ တွန်းပို့လိုက်ပြီး ၎င်း၏ နောက်မှီကို တံခါးဘက်သို့ မျက်နှာမူစေလိုက်သည်။ ထို့နောက် သူသည် အဆုံးမဲ့လက်ပစ်ဗုံးကျည်အိမ်ထဲမှ ဒုတိယမြောက် လက်ပစ်ဗုံးတစ်လုံးကို ဆွဲထုတ်လိုက်ပြီး (ဘဏ်တိုက်ထဲမှ ရှာတွေ့ခဲ့သော) သတ္တုနန်းကြိုးတစ်ချောင်းကို ဗုံး၏ ဆွဲကွင်းတွင် ချည်နှောင်ကာ လက်ပစ်ဗုံးကိုမူ အလောင်း၏ ပျက်စီးနေသော မျက်နှာအတွင်းသို့ အတင်းထိုးထည့်လိုက်တော့သည်...။

သူသည် ထိုဖောက်ခွဲရေးပစ္စည်းကို အခြားတစ်နေရာတွင် အလွယ်တကူ တပ်ဆင်နိုင်သော်လည်း... သူက သတ္တုနန်းကြိုးကို မျက်နှာဖုံး၏ မျက်လုံးပေါက်များမှတစ်ဆင့် အပြင်သို့ ထွက်ပေါ်စေချင်ခဲ့သည်။ ဖြစ်နိုင်သည်မှာ ယင်းက သူ၏ ထူးခြားသောဟာသဉာဏ်ကြောင့် ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် လက်ပစ်ဗုံး၏ စနစ်တံနှင့် ချည်နှောင်ထားသော သတ္တုနန်းကြိုးသည် အလောင်း၏ မျက်နှာမှ စတင်ကာ ခန္ဓာကိုယ်အောက်ပိုင်းသို့ ရောက်ရှိသွားပြီး ခြေထောက်နှစ်ဖက်ကြားမှတစ်ဆင့် နောက်ဆုံးတွင် ကုလားထိုင်အောက်ရှိ လည်ပတ်တိုင်တွင် တင်းကျပ်စွာချည်နှောင်ခံလိုက်ရသည်။

၎င်းသည် အတော်လေးကောင်းမွန်သော ရုံးခန်းကုလားထိုင်တစ်လုံး ဖြစ်သည်။ နောက်မှီမှာ မြင့်မားပြီး ချိန်ညှိနိုင်သလို ထိုင်ခုံအောက်က လည်ပတ်တိုင်ကလည်း ပုံမှန်အတိုင်း အလုပ်လုပ်သဖြင့် အားအများကြီး စိုက်စရာမလိုဘဲ ဘယ်ညာလှည့်ပတ်နိုင်ပေသည်။ အောက်ခံခုံပေါ်ရှိ ဘီးများမှာလည်း ညပ်နေခြင်း မရှိချေ။

ဖုန်းပုကြွယ်သည် တစ်စုံတစ်ယောက်က ထိုကုလားထိုင်ကို နောက်မှ အနည်းငယ်လှည့်ပတ်လိုက်ခြင်း သို့မဟုတ် ဆွဲခြင်းတို့ကို ပြုလုပ်မိပါက ဤ ၁၀ စတုရန်းမီတာခန့်သာရှိသော သေးငယ်သည့် နေရာလေးအတွင်းတွင် လေးစက္ကန့်အတွင်း၌ အခြားအလောင်းများ ထပ်မံ ထွက်ပေါ်လာမည်ဖြစ်ကြောင်း သေချာပေါက် သိရှိထားသည်။

ယင်းကို ပြုလုပ်ပြီးနောက်တွင်မူ သူသည် နံရံဆီသို့ လျှောက်သွားလိုက်ပြီး ပစ္စည်းများသိမ်းဆည်းသည့် ဗီရိုတစ်ခုပေါ်သို့ ခုန်တက်လိုက်သည်၊ ထိုနေရာတွင် လေဝင်လေထွက်ပြွန်ပေါက်တစ်ခု ရှိနေခဲ့သည်။ သူက အကန့်ပြားကို ဖယ်ရှား၍ အတွင်းသို့ လှမ်းကြည့်လိုက်သောအခါ ပြွန်ပေါက်မှာ အတော်လေး ကျယ်ဝန်းသဖြင့် သူ ကုန်းကုန်းကွကွဖြင့် လှည့်ပတ်ရန်အတွက် သက်တောင့်သက်သာ ရှိကြောင်း တွေ့ရှိလိုက်ရသည်။

ထိုအခိုက်အတန့်၌ ကောင်တာရှိဖုန်းက တစ်ချက်မြည်လာခဲ့သည်။ နှစ်စက္ကန့် ကြာပြီးနောက်တွင်မူ ဖုန်းပုကြွယ်အိတ်ကပ်အတွင်းရှိ ဖုန်းမှာလည်း မြည်လာခဲ့ပြန်သည်။ သူက ခပ်ဖွဖွ ရယ်မောလိုက်သည်။

“အချိန်ကိုက်ပဲ...”

သူ ကြမ်းပြင်ပေါ်သို့ ပြန်ခုန်ဆင်းလိုက်ပြီး ဘလူးတုသ်ကို ပိတ်ကာ ဖုန်းလက်ခံခလုတ်ကို နှိပ်လိုက်လေသည်။

“ကျွန်တော် ဘာကူညီပေးရမလဲ အရာရှိ”

သူကဆိုရင်း ထိုဖုန်းကို အလောင်း၏ အကျီအိတ်ကပ်အတွင်းသို့ ဂရုတစိုက် ထည့်သွင်းလိုက်တော့သည်။

ဖုန်းပုကြွယ်သည် ထိန်းချုပ်ခုံသို့ လျှောက်လှမ်းသွား၍ ကလပ်တွန်နှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် ဘဏ်တံခါးများကို ဖွင့်ပေးလိုက်လေသည်။

“လက်တွေမြှောက်ထားစမ်း၊ ကောင်တာနောက်ကနေ အပြင်ထွက်ခဲ့”

ကလပ်တွန်က ဖုန်းအခြားတစ်ဖက်မှ အော်ဟစ်လိုက်သည်။

“ဟဲ... ကျွန်တော် ငြင်းပါတယ်”

ဘလူးတုသ်နားကြပ်ကို ဝတ်ဆင်ထားသဖြင့် ဖုန်းပုကြွယ်၏ လှုပ်ရှားမှုများမှာ မည်သို့မျှ သက်ရောက်ခံရခြင်း မရှိချေ။ သူသည် ဗီရိုပေါ်သို့ သက်တောင့်သက်သာဖြင့် ခုန်တက်လိုက်ပြီး ခြေထောက်များကို အရင်သွင်းကာ လေဝင်လေထွက်ပြွန်ပေါက်အတွင်းသို့ တွားသွား ဝင်သွားတော့သည်။

“မင်း ပျော်လို့ မဝသေးဘူးလား၊ ငါဒီနေ့ နောက်ထပ် ဘယ်သူမှ သေဆုံးသွားတာကို မမြင်ချင်တော့ဘူးနော်”

ကလပ်တွန်က ထပ်လောင်းပြောဆိုလိုက်သည်။ တစ်ချိန်တည်း၌ ရဲအရာရှိအနည်းငယ်မှာ ဘဏ်အတွင်းသို့ အတင်းဝင်ရောက်လာကြပြီး မျှော်လင့်ထားသည့်အတိုင်း ခန်းမအတွင်းရှိ ကောင်တာကို ဝန်းရံလိုက်ကြတော့သည်။

ဖုန်းပုကြွယ်သည် ဗီရိုပေါ်မှနေ၍ အကန့်ပြားကို အေးအေးလူလူပင် ကောက်ယူလိုက်ပြီး ၎င်း၏ မူလနေရာတွင် ပြန်လည်တပ်ဆင်ကာ နောက်ဘက်သို့ ဖြည်းညင်းစွာ ရွှေ့လျားသွားပြီး ကလပ်တွန်အား ဖုန်းလွှဲပြောင်းခြင်းဆိုင်ရာကိစ္စကို ရည်ရွယ်ချက်ရှိရှိဖြင့် ပြောကြားလိုက်လေသည်။

ကလပ်တွန်သည် စက္ကန့်ပေါင်းများစွာ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် ဓားစာခံလူအုပ်ကြီးဆီသို့ လှည့်ပြေးသွား၏။ သူသည် လူအုပ်ထဲမှ ထိပ်ပြောင်လူတစ်ယောက်ကို လှမ်းမြင်လိုက်ပြီး စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်သည်။

“ဟေး၊ အဲဒီ သတ္တုတံခါးတွေကို ဘယ်နေရာကနေ ထိန်းချုပ်လို့ရလဲ”

ဘဏ်မန်နေဂျာက ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ပြန်ဖြေလိုက်သည်။

“ကောင်တာရဲ့... နောက်ဘက်မှာပါ ခင်ဗျာ”

“ပြီးတော့ တခြားဘယ်နေရာမှာ ခလုတ်တွေ ရှိသေးလဲ”

ကလပ်တွန်က ထပ်မံ မေးမြန်းလိုက်သည်။

“အာ... စောင့်ကြည့်ရေး... အခန်းထဲမှာပါခင်ဗျာ”

ဘဏ်မန်နေဂျာက ပြန်ဖြေ၏။

“ကောင်တာနောက်ကနေ ဝင်သွားလိုက်ပါ၊ တံခါးပေါ်မှာ ‘ဝန်ထမ်းဧရိယာ’ လို့ ရေးထားပြီး အဲဒီနောက်က ကော်ရစ်ဒါလမ်းက ဘဏ်တိုက်၊ ဝန်ထမ်းအိမ်သာတွေနဲ့...”

သူ စကားမဆုံးမီ ကလပ်တွန်က သူ့ပခုံးပေါ်ရှိ စကားပြောစက်ကို လှမ်းကိုင်၍ အော်ဟစ်လိုက်သည်။

“မင်းတို့ ကြားလိုက်လား”

“ဟုတ်ကဲ့ ကြားပါတယ် ဆရာ၊ ကျွန်တော်တို့ အခုပဲ ဝင်သွားပါပြီ”

ရဲအရာရှိတစ်ဦးက ပြန်ဖြေလိုက်သည်။ သူနှင့် အတွင်းသို့ အတင်းဝင်ရောက်လာခဲ့ကြသော အခြားလုပ်ဖော်ကိုင်ဖက် သုံးဦးတို့မှာ အချင်းချင်း အကြည့်ဖလှယ်လိုက်ကြပြီး တံခါးဆီသို့ ချဉ်းကပ်သွားကြလေသည်။

ထိုတံခါးကို ဖွင့်ရန်အတွက် သော့နှင့် ဝင်ခွင့်ကတ် လိုကြောင်း တွေ့သောအခါ ရဲအရာရှိသည် သော့ခလောက်ဆီသို့ ပြတ်ပြတ်သားသားဖြင့် တစ်ချက်ပစ်ခတ်လိုက်ပြီး တံခါးကို ကန်ဖွင့်လိုက်တော့သည်။ သူတို့သည်လည်း လျင်မြန်ဖြတ်လတ်သူများ ဖြစ်ကြသည်။ ရဲအရာရှိတစ်ဦးက ခန်းမအတွင်း ကျန်နေခဲ့ပြီး ကျန်သုံးဦးမှာမူ အချင်းချင်း အကာအကွယ်ပေးလျက် ရှေ့သို့ ဆက်တိုးသွားခဲ့ကြသည်။

“မင်း ဘယ်လိုလှည့်ကွက်တွေပဲ ဆင်ဆင် အခုတော့ အားလုံး ပြီးဆုံးသွားပြီ”

ကလပ်တွန်က ဖုန်းကို ထပ်ကိုင်လျက် ဆိုလိုက်သည်။ သူက ဖုန်းပုကြွယ်ကို ရည်ညွှန်း၍ ပြောဆိုနေခြင်းဖြစ်သည်။

“မင်းထိန်းချုပ်ခန်းထဲမှာ ရှိနေတယ်ဆိုတာ ငါ သိပါတယ်၊ ငါ့လူတွေ မင်းကို ပစ်ခတ်တာမျိုး မဖြစ်ရအောင် မင်းလက်နက်ကို အောက်ချ၊ လက်တွေကို ခေါင်းနောက်မှာထားပြီး မတ်တတ်ရပ်နေဖို့ သင့်တော်တဲ့နေရာတစ်ခုခုကို ရှာထားဖို့ ငါအကြံပြုချင်တယ်”

“ဟဲ... ခင်ဗျားထင်တာ ခင်ဗျားရဲ့ ကိစ္စပဲလေ၊ ကျွန်တော် ခင်ဗျားကို သေချာပေါက်ပြောနိုင်တာကတော့ ကျွန်တော် အဲဒီအဆောက်အအုံထဲမှာ မရှိတော့ဘူးဆိုတာပါပဲ”

ဖုန်းပုကြွယ် ရယ်မောလိုက်သည်။

“ခင်ဗျားရဲ့ သုံးသပ်ချက်က အတော်လေး ကောင်းမယ်ဆိုရင်တော့ အဲဒီနောက်ဆုံး တံခါးပိတ်သွားတာနဲ့ ပြန်ပွင့်လာတဲ့ အချိန်ကြားထဲမှာ ကျွန်တော်လေထွက်ပေါက်ကနေ အပြင်ကို ထွက်ခွာသွားခဲ့ပြီဆိုတာ ခင်ဗျားသဘောပေါက်သင့်ပါတယ်နော်”

“ဟမ့်... အဲ့ဒီလိုလား၊ မင်းလို လူလိမ်တစ်ယောက်က မီးဘေးလှေကားတောင်မရှိတဲ့ ခေါင်းမိုးပေါ်ကနေ ဘယ်လိုထွက်ပြေးခဲ့လဲဆိုတာ ရှင်းပြနိုင်မလား၊ ပြီးတော့ အဲဒီမတိုင်ခင်မှာကော ငါ့တို့စနိုက်ပါသမားရဲ့ မျက်စိရှေ့တင် လေထွက်ပေါက်ကနေ ဘယ်လိုလျှောခနဲ ထွက်သွားနိုင်ခဲ့တာလဲ ဟမ်”

ကလပ်တွန်က လှောင်ပြုံးပြုံးလျက် ဆို၏။

ဖုန်းပုကြွယ်သည် ထိုဝါကျနှစ်ကြောင်းကို ကြားလိုက်ရသဖြင့် စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာသွားမိသည်။ သူက ပြန်ဖြေလိုက်သည်။

“သေချာတာပေါ့ ကျွန်တော့်မှာ ကိုယ်ပိုင်နည်းလမ်းတွေ ရှိတယ်လေ၊ ခင်ဗျား ဓားစာခံတွေကို မေးကြည့်နိုင်ပါတယ်၊ ငါ အဲဒီစက်သေနတ်ကိုင်ထားတဲ့ ဓားပြကို ဘယ်လို သတ်ခဲ့လဲဆိုတာပေါ့၊ မေးပြီးရင်တော့ ခင်ဗျားသဘောပေါက်သွားပါလိမ့်မယ်”

သူက ပြုံးလျက် ဆက်ပြောသည်။

“ကောင်းပြီ၊ ဒီပျင်းစရာကောင်းတဲ့ ကစားနည်းကို ဒီမှာတင် ရပ်လိုက်ရအောင် အရာရှိ၊ တစ်ယောက်ယောက်က ကျွန်တော်တို့စကားပြောနေတာတွေကို အသံသွင်းနေတယ်ဆိုတာ သိပါတယ်၊ ဒါကြောင့် ကျေးဇူးပြုပြီး ဒါကို ချရေးထားလိုက်ပါ၊ တခြားကမ္ဘာကနေ ရောက်လာတဲ့ စူပါရာဇဝတ်ကောင်ခြောက်ယောက်က ဂေါ့သမ်မြို့ကြီးဆီကို ကြီးမားတဲ့လက်ဆောင်တချို့ ယူဆောင်လာတော့မယ်၊ အဲဒီဒေါ်လာသန်းပေါင်းများစွာ ရွာသွန်းတဲ့ ပိုက်ဆံမိုးက အစပြုရုံပဲ ရှိသေးတယ် ဆိုတာကိုပေါ့”

ထိုစကားကို ပြောပြီးနောက် ဖုန်းပုကြွယ်သည် ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်ပြီး ဘလူးတုသ်စက်ကို ဂွဖြင့် ရိုက်ခွဲ ဖျက်ဆီးပစ်လိုက်တော့သည်။

သာမန်အားဖြင့် ဘလူးတုသ်စက်နှင့် လက်ကိုင်ဖုန်းကြားရှိ အကွာအဝေးမှာ ဆယ်မီတာအတွင်းသာ ရှိသင့်ပေသည်။ အကယ်၍ ကြားထဲတွင် အတားအဆီးများ ရှိနေပါက ဆယ်မီတာထက်ပင် လျော့နည်းနိုင်သဖြင့် ဖုန်းပုကြွယ်မှာ အတော်ဝေးဝေးသို့ တွားမသွားနိုင်ခဲ့ချေ။ မည်သို့ပင်ဖြစ်စေ သူရောက်ရှိနေသည့် နေရာအရမူ ပေါက်ကွဲမှု၏ တုန်ခါမှုလှိုင်းများကြောင့် သူ ထိခိုက်ဒဏ်ရာရရှိရန်မှာ အခြေခံအားဖြင့် မဖြစ်နိုင်ချေ။

ရဲအရာရှိသုံးဦးသည် စောင့်ကြည့်ရေးခန်းအတွင်းသို့ ရောက်ရှိရန်အတွက် အချိန်အနည်းငယ် ယူခဲ့ရသည်။ အကြောင်းမှာ လမ်းတစ်လျှောက်တွင် အခြားအခန်း အနည်းငယ်ရှိနေသဖြင့် သူတို့သည် ရှေ့မဆက်မီ တံခါးတစ်ခုချင်းစီ၏ နောက်ကအခြေအနေကို လျင်မြန်စွာစစ်ဆေးရန် လိုအပ်ခဲ့သောကြောင့် ဖြစ်သည်။

စောင့်ကြည့်ရေးခန်းတံခါးမှာ သော့ခတ်ထားခြင်း မရှိချေ။ ရဲအရာရှိများသည် တံခါးကို တွန်းဖွင့်၍ အတွင်းသို့ အတင်းဝင်ရောက်လာကြပြီး သူတို့၏အကြည့်များအားလုံးမှာ တစ်နေရာတည်းဆီသို့သာ ရောက်ရှိသွားကြသည်။

ဝင်ပေါက်နှင့် အဝေးဆုံးရှိ ထောင့်တစ်နေရာတွင် နောက်မှီမြင့်မြင့် ပြင်ထားသော ရုံးခန်းကုလားထိုင်တစ်လုံး ရှိနေလေသည်။ လူတစ်ယောက်က ထိုကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ၎င်း၏ ဦးခေါင်းမှာ နောက်မှီအထက်သို့ ကျော်ထွက်နေရာ အနက်ရောင်မျက်နှာဖုံး စွပ်ထားသည့်ပုံစံ ရှိနေ၏။ သူ့လက်များကိုမူ လက်မှီများပေါ်တွင် သေသပ်စွာတင်ထားပြီး လှုပ်ရှားမှု မရှိချေ။

ရဲအရာရှိ သုံးဦးလုံးက အော်ဟစ်လိုက်ကြသည်။

“မလှုပ်နဲ့၊ ရဲတွေပဲ၊ လက်တွေ မြှောက်ထားစမ်း”

“လက်တွေ မြှောက်ထားစမ်း၊ နောက်လှည့်စမ်း”

“အခုချက်ချင်း လှည့်လာစမ်း၊ မင်းရဲ့ လက်တွေကို ငါ့ကို ပြစမ်း”

တုံ့ပြန်မှုမရှိချေ။

အတွေ့အကြုံရင့်သော ရဲအရာရှိသုံးဦးမှာ အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။ တစ်ဦးက တံခါးဝတွင် မတ်တတ်ရပ်ကာ သေနတ်ဖြင့် ကုလားထိုင်ဆီသို့ ဆက်လက်ချိန်ရွယ်ထားပြီး ကျန်နှစ်ဦးမှာမူ တစ်ဖက်တစ်ချက်စီမှ ရှေ့တိုးသွားလိုက်ကြသည်။

စောင့်ကြည့်ရေးခန်းမှာ သေးငယ်လှပြီး ရုံးခန်းကုလားထိုင်မှာလည်း ထောင့်တွင် ရှိနေရာ ထိုလူ၏ မျက်နှာကို မြင်တွေ့နိုင်ရန်အတွက် သူတို့သည် ကုလားထိုင်ကို လှည့်ပတ်ခြင်း သို့မဟုတ် ဆွဲခြင်း ပြုလုပ်ရမည်ဖြစ်သဖြင့်...

...

ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်မိနစ်အကြာတွင်မူ ကလပ်တွန်သည် ရဲအရာရှိရှစ်ဦးကို ကိုယ်တိုင်ဦးဆောင်၍ ဘဏ်အတွင်းသို့ ဝင်ရောက်လာပြီး ကျန်လူများမှာမူ စည်းကမ်းထိန်းသိမ်းရန်နှင့် မိမိတို့၏ နေရာများကို စောင့်ကြည့်ရန်အတွက် လမ်းမပေါ်တွင် ကျန်ရှိနေခဲ့ကြသည်။

သူသည် ရဲအရာရှိနှစ်ဦးကို ဘဏ်ပင်မဝင်ပေါက်တွင် စောင့်ကြည့်ရန် အမိန့်ပေးလိုက်ပြီး အခြားနှစ်ဦးကိုမူ ဘဏ်ခန်းမနှင့် ဆက်သွယ်ထားသော ကော်ရစ်ဒါနှစ်ခုတွင် ရပ်နေစေခဲ့ကာ ကျန်လေးဦးနှင့် သူကိုယ်တိုင်မှာမူ ကောင်တာနောက်က ဝန်ထမ်းဧရိယာအတွင်းသို့ အတင်းဝင်ရောက်လာကြသည်။

ကလပ်တွန် စောင့်ကြည့်ရေးခန်းအတွင်း ရောက်ရှိလာချိန်တွင် ကောင်တာ၌ စောင့်ကြည့်ရန် ကျန်နေခဲ့သော စတုတ္တမြောက်ရဲအရာရှိကို လှမ်းမြင်လိုက်ရသည်။ သူသည် ပေါက်ကွဲမှုပြီးနောက် အတွင်းသို့ ပထမဆုံး အတင်းဝင်လာသူဖြစ်ပြီး ယခုတွင်မူ သူသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် သေလုမျောပါးဖြစ်နေသော လုပ်ဖော်ကိုင်ဖက်တစ်ဦးကို ပွေ့ဖက်ထားခဲ့သည်။ သူက ကောင်းကင်သို့ မော့ကြည့်လျက် ဟိန်းဟောက်လိုက်လေသည်။

“အို ဘုရားသခင်၊ လက်စတာ... မဖြစ်ရဘူး...”

ဒဏ်ရာရထားသော လက်စတာသည် အသက်ရှူနေဆဲဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ဝင်ပေါက်နှင့် အနီးဆုံးတွင် ရှိနေခဲ့သော အရာရှိဖြစ်သည်။ အခြားနှစ်ဦးမှာမူ စောင့်ကြည့်ရေးခန်းအတွင်း၌ပင် ခန္ဓာကိုယ်များပျက်စီးသွားပြီး ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။

“ဆရာဝန် ခေါ်လိုက်စမ်း၊ အမြန်ခေါ်”

ကလပ်တွန်က သူ့ဘေးက သူ့လူတစ်ယောက်ကို လှမ်းအော်လိုက်သည်။

“အမြန်ဆုံး လမ်းပေါ်သွားပြီး သူတို့ကို လူနာတင်စင် ယူလာခိုင်းလိုက်စမ်း...”

သူသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ပြောဆိုနေသော်လည်း လက်စတာမှာ ဆက်လက်ရှင်သန်ရန် အခွင့်အရေး မရှိတော့ကြောင်း၊ လူနာတင်ကားဆီသို့ သယ်သွားနိုင်မည့် အချိန်အထိပင် တောင့်ခံနိုင်လိမ့်မည် မဟုတ်ကြောင်း၊ ဆေးရုံသို့ ရောက်ရှိရန်မှာမူ ပို၍ပင် မဖြစ်နိုင်ကြောင်း သူ့စိတ်ထဲမှ သိရှိနေခဲ့သည်။ ထို့အပြင်... လမ်းမပေါ်က အခြေအနေကလည်း ပရမ်းပတာ ဖြစ်နေလေသည်။ လူနာတင်ကားလည်း ထွက်ခွာနိုင်မည်မဟုတ်ပေ။

“လက်စတာ၊ လက်စတာ”

သူ့ကို ပွေ့ဖက်ထားသော ရဲအရာရှိက ငိုသံကြီးဖြင့် နှစ်ကြိမ်ခန့် အော်ခေါ်လိုက်ပြီးနောက် ချက်ချင်းပင် မျက်ရည်များ စီးကျလာတော့သည်။

“ဘုရားသခင်၊ ဘာလို့ ဒီလိုမျိုး ဖြစ်ရတာလဲကွာ...”

“တောက်”

ကလပ်တွန်က နံရံကို ပြင်းထန်စွာ ကန်ကျောက်ပစ်လိုက်သည်။

“အဲဒီ ကောင်စုတ်ပဲ”

သူသည် ဒေါသတကြီးဖြင့် နီရဲနေသောမျက်လုံးများဖြင့် ပေါက်ကွဲမှုဖြစ်ပွားရာ နေရာဆီသို့ ဦးတည်ကာ စောင့်ကြည့်ရေးခန်းအတွင်းသို့ အတင်းဝင်ရောက်သွားခဲ့သည်။

“ဘာဖြစ်ခဲ့တာလဲ”

ရဲအရာရှိများ၏ စကားပြောစက်များမှာ ဖွင့်ထားဆဲဖြစ်သဖြင့် ကလပ်တွန်သည် သူတို့၏ လှုပ်ရှားမှုများကို ကြားခဲ့ရသည်။ ပေါက်ကွဲမှုမဖြစ်ပွားမီ စက္ကန့်ပိုင်းအလိုတွင် ထိုသုံးဦးမှာ ပန်းတိုင်ကို တွေ့ရှိခဲ့ပြီး အခြေအနေကို ထိန်းချုပ်ထားနိုင်ကြောင်း သူသိထားသော်လည်း နောက်ထပ် ဘာဖြစ်ခဲ့သည်ကိုတော့ သူမသိရချေ...။

“ဒီကောင်စုတ်က သူ့ရဲ့ ကိုယ်ပိုင်ဗုံးကို ဖောက်ခွဲခဲ့တာလား...”

ကလပ်တွန်က ပျက်စီးနေသော အလောင်းကို ကုန်း၍ စစ်ဆေးလိုက်သည်။

“မဟုတ်ဘူး... သေဆုံးနေတဲ့ အလောင်းပေါ်က အဝတ်အစားတွေက မှားနေတယ်”

သူ မတ်တတ်ရပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

“သူက တခြားလူတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဖောက်ခွဲရေးထောင်ချောက်တွေ ဆင်ထားခဲ့တာလား၊ သူ ဘယ်သွားခဲ့တာလဲ”

တကယ်တမ်းတွင် ကလပ်တွန်၏ ကနဦးစစ်ဆေးမေးမြန်းမှုများအတွင်း တစ်စုံတစ်ယောက်က “ထူးဆန်းသော ရွှေရောင်အလင်းတန်း” နှင့် ဖုန်းပုကြွယ်က လေဟာနယ်ထဲမှနေ၍ လက်နက်များကို ဖန်တီးနိုင်စွမ်းရှိကြောင်း ပြောဆိုခဲ့ကြသော်လည်း ကလပ်တွန်မှာမူ အခြားသတင်းအချက်အလက်များကိုသာ အာရုံစိုက်နေခဲ့သဖြင့် ဤကဲ့သို့ လုပ်ကြံဖန်တီးထားပုံရသော အသေးစိတ်အချက်အလက်များကို လျစ်လျူရှုထားခဲ့ခြင်း ဖြစ်သည်။

ပေါက်ကွဲမှုမဖြစ်ပွားမီတွင် ဖုန်းပုကြွယ်၏ စကားလုံးများကြောင့် သူသည် စက်သေနတ်ကိုင်ဓားပြ၏ သေဆုံးမှုဆိုင်ရာ အသေးစိတ်အချက်အလက်များကို ထပ်မံ စစ်ဆေးကြည့်လိုက်သောအခါ အခြေအနေမှာ ဤမျှမရိုးရှင်းကြောင်း သဘောပေါက်သွားတော့သည်။

‘ဒီ “အနောနီးမတ်” က အသစ်ထွက်လာတဲ့ “စူပါဇဝတ်ကောင်” တစ်ယောက် ဖြစ်နေတာလား’

ကလပ်တွန်သည် ပြောင်လုနီးပါး သူ့ဆံပင်များကို ဆွဲကိုင်၍ အံကြိတ်လိုက်သည်။

‘သူက တကယ်ကြီး လွတ်မြောက်သွားတာလား’

ယင်းကို တွေးမိသောအခါ သူသည် စကားပြောစက်ကို လှမ်းကိုင်လိုက်ပြီး အဆောက်အအုံ၏ ခေါင်းမိုးကို စောင့်ကြည့်နေသော စနိုက်ပါသမားဆီသို့ စကားပြောလိုက်သည်။

“နယူးမန်း၊ လေထွက်ပေါက်ကနေ ဘယ်သူမှ တက်မလာတာ သေချာရဲ့လား”

“အာ... ဟုတ်ကဲ့ သေချာပါတယ် ဆရာ”

“ငါဆိုလိုတာက မင်းအကြည့်တွေက အဲဒီလေထွက်ပေါက်ကနေ တစ်စက္ကန့်လေးတောင် လွတ်မသွားတာ ၁၀၀ ရာခိုင်နှုန်း သေချာရဲ့လားလို့ မေးတာ”

အခြားတစ်ဖက်ကလူက စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်ရသည်။

“အင်း... ဆရာ၊ ကျွန်တော် တစ်နေရာတည်းကိုပဲ စက္ကန့်တိုင်း စိုက်ကြည့်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ လမ်းမပေါ်နဲ့ ပင်မဝင်ပေါက်ဆီကို ချိန်နေခဲ့တဲ့ အချိန်တွေမှာ ဆယ်စက္ကန့် ဒါမှမဟုတ် အဲဒီထက်မကတဲ့ အချိန်ပိုင်းလေးတွေတော့ လွတ်သွားနိုင်ပါတယ်”

“ချီးပဲ”

ကလပ်တွန်က ကျိန်ဆဲလိုက်ပြီးနောက် ဒေါသတကြီးသက်ပြင်းချကာ သူ့လေသံကို ပြန်လည်ချိန်ညှိလိုက်သည်။

“ကောင်းပြီ၊ အောက်ဆင်းခဲ့တော့ နယူးမန်း”

သူက လိုင်းကြိမ်နှုန်းကို ထပ်ပြောင်းပြန်သည်။

“တခြားစနိုက်ပါသမားတွေလည်း ပြန်လာခဲ့ကြတော့၊ မင်းတို့ရဲ့ ရိုင်ဖယ်တွေကို ပစ္စည်းသယ်တဲ့ ကားပေါ်မှာ ပြန်တင်ထားခဲ့ပြီး လမ်းမပေါ်မှာ သွားကူညီပေးလိုက်ကြ”

သူသည် လိုင်းကြိမ်နှုန်းကို ထပ်မံပြောင်းလဲလိုက်ပြီး နည်းဗျူဟာအဖွဲ့နှင့် ဆက်သွယ်လိုက်သည်။

“အဖွဲ့ (၂)၊ အဖွဲ့ (၃)၊ အဲဒီနောက်က လမ်းမပေါ်မှာ လူသုံးယောက်ပဲ ချန်ထားခဲ့ပြီး ကျန်တဲ့လူတွေအားလုံး ဘဏ်ဝင်ပေါက်ဆီကို လာကူညီပေးကြ”

မည်သို့ပင်ဖြစ်စေ ကလပ်တွန်သည် ထိုနေရာတွင် အမြင့်ဆုံး ကွပ်ကဲရေးအရာရှိ ဖြစ်သည်။ သူသည် အခြားလူများထက် ပိုမိုဝမ်းနည်းပူဆွေးကာ စိတ်ပျက်နေရသော်လည်း သူ့တာဝန်ကို ဆက်လက် ထမ်းဆောင်ရမည်ဖြစ်ပြီး အခြေအနေကို ရှင်းလင်းရန်အတွက် သူ့လူများကို ညွှန်ကြားရမည် ဖြစ်သည်။

“အခင်းဖြစ်တဲ့နေရာမှာ သက်သေတွေ စုဆောင်းဖို့ စခန်းကို အကြောင်းကြားပြီး ထောက်ပံ့ရေးအဖွဲ့တစ်ဖွဲ့ လွှတ်ခိုင်းလိုက်၊ ကျန်တဲ့လူတွေအားလုံး ငါနဲ့လိုက်ခဲ့ကြ၊ ဒီမှာရှိတဲ့ အခန်းတိုင်းနဲ့ ထောင့်တိုင်းကို ရှာပြီး တခြားဓားပြတွေ ဒါမှမဟုတ် ဓားစာခံတွေ ရှိနေသေးလားဆိုတာ ရှာကြစမ်း”

သူသည် စကားပြောစက်ထဲသို့ ပြောဆိုလိုက်ရင်း ကော်ရစ်ဒါဆီသို့ ပြန်လည်ထွက်ခွာလာခဲ့သည်။

ယခုအခိုက်အတန့်တွင် ကလပ်တွန်သည် “စူပါရာဇဝတ်ကောင်” တစ်ဦးနှင့် ဆုံတွေ့ခဲ့ရခြင်း ဖြစ်ကြောင်း အခြေခံအားဖြင့် သိရှိသွားခဲ့ပြီ ဖြစ်သည်။

ဖုန်းပုကြွယ်၏ ယခင်လုပ်ရပ်များနှင့် သူ၏ တည်ငြိမ်လှသောအမူအရာ အားလုံးက ဤ “အနောနီးမတ်” မှာ သာမန်လူတစ်ယောက် မဟုတ်ကြောင်း အထင်အရှား ပြသနေလေသည်။ သူ့အပြုအမူများမှာ ခန့်မှန်းရခက်လှပြီး ဝေခွဲမရနိုင်ချေ။ သူသည် ဓားပြများကို သတ်ဖြတ်ခဲ့သည်။ ထို့နောက် ဓားစာခံများကို ဖမ်းဆီးခဲ့သည်။ ရဲများကို လှည့်စားခဲ့သည်။ လမ်းမပေါ်သို့ ဒေါ်လာသန်းပေါင်းများစွာရှိသော ပိုက်ဆံများကို လှမ်းပစ်ခဲ့သည်။ ဓားစာခံအားလုံးကို ပြန်လွှတ်ပေးခဲ့သည်။ ရဲအရာရှိ သုံးဦးကို သတ်ဖြတ်ခဲ့သည်...။

ဟီးရိုးလား။ ဥပဒေပြင်ပကလူလား။ ရော်ဘင်ဟုဒ်လား။ အကြမ်းဖက်သမားလား။ လူသားချင်းစာနာထောက်ထားသူလား။ ကွင်းဆက်လူသတ်သမားလား။

သူသည် ကြိမ်နှုန်းတိုင်းစက်တစ်ခုကဲ့သို့ ကောင်းမှုနှင့် မကောင်းမှုကြားတွင် ဟိုဘက်ဒီဘက် လွင့်ပျံနေပြီး ရူးသွပ်မှုအရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သော်လည်း စေ့စပ်သေချာလှသော တွေးတောမြော်မြင်မှုနှင့် ထူးချွန်လှသော လုပ်ဆောင်နိုင်စွမ်း အရည်အချင်းများ ရှိနေသူဖြစ်သည်။ အကယ်၍ ကလပ်တွန်သည် ဓားစာခံများဖော်ပြသော ဖုန်းပုကြွယ်၏ ရုပ်ရည်သွင်ပြင်များကို မကြားခဲ့ရပါက ထိုလူအား အာခမ်စိတ်ကျန်းမာရေးဆေးရုံထဲက စိတ်ဝေဒနာရှင်တစ်ဦးနှင့် သေချာပေါက် ဆက်စပ်တွေးတောမိပေလိမ့်မည်။

“ဆရာ... ဖြစ်နိုင်တာက သူလေထွက်ပေါက်ထဲမှာပဲ ပုန်းနေသေးတာလား မသိဘူးနော်”

လူငယ်ရဲအရာရှိတစ်ဦးက ကော်ရစ်ဒါတွင် လှမ်းမေးလိုက်သည်။

“မင်းပြောတာ မှန်တယ်၊ ဒါဆိုရင် မင်းပဲ အဲဒါကို စစ်ဆေးဖို့ တာဝန်ယူလိုက်ပေါ့”

ကလပ်တွန်က ခြောက်ကပ်ကပ်အပြုံးဖြင့် ပြန်လည်ဖြေကြားလိုက်သည်။ သူ့စိတ်ထဲတွင်မူ ဖုန်းပုကြွယ်မှာ သေချာပေါက် လွတ်မြောက်သွားပြီ ဖြစ်သည်။ တစ်ဖက်လူသည် သူနှင့် မီတာအနည်းငယ်ခန့်သာ ကွာဝေးသော နေရာလေးတွင် ပုန်းအောင်းနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားချေ...။

“အာ... တစ်ယောက်တည်းလား၊ ကျွန်တော် ဘယ်ကနေ စရမလဲ”

လူငယ်ရဲအရာရှိက ထပ်မေးလိုက်ပြန်သည်။

“ဟေး... နားထောင်စမ်း လူသစ်လေး၊ မင်း ဂေါ့သမ်မြို့ကြီးမှာ အချိန်အကြာကြီး နေဖူးလာရင်တော့ ရာဇဝတ်ကောင်အချို့ကို သာမန်နည်းလမ်းတွေနဲ့ ကိုင်တွယ်လို့မရဘူးဆိုတာကို မင်း သဘောပေါက်သွားပါလိမ့်မယ်”

ကလပ်တွန်က ဆရာလုပ်သော လေသံဖြင့် ဆို၏။

“နည်းနည်းလေး အာရုံက လွတ်သွားတာနဲ့တင် သူတို့က စနိုက်ပါသမားရဲ့ မြင်ကွင်းကနေ လျှောခနဲ ထွက်သွားပြီး ထာဝရ ကွယ်ပျောက်သွားနိုင်ကြတယ်၊ ဒီကောင်တွေထဲက တချို့က နံရံတွေကို တွားတက်နိုင်ကြတယ်၊ တချို့က ခန္ဓာကိုယ်ကနေ အာရုံကြောအဆိပ်ငွေ့တွေ ထုတ်လွှတ်နိုင်ကြတယ်၊ ပြီးတော့ တချို့က မင်းရဲ့ ခန္ဓာကိုယ်တစ်ဝက်လောက်ကို ကိုက်ဖြတ်ပစ်နိုင်ကြတယ်၊ ဂျိုကာက လေထွက်ပေါက်ထဲမှာ ပုန်းနေလိမ့်မယ်လို့ မင်းထင်သလား၊ တူးဖေ့စ်တို့၊ ရစ်ဒလာတို့ကကော လေထွက်ပေါက်ထဲမှာ ပုန်းနေကြမှာလား”

ကလပ်တွန်က ခေါင်းသာ ယမ်းလိုက်သည်။

“ငါ ဒီလိုအခြေအနေတွေကို ဒီနေ့တင် အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ရပြီးပြီ... မင်း စစ်ဆေးချင်ရင်လည်း သွားစစ်ဆေးနိုင်ပါတယ်၊ ကျန်တဲ့လူတွေ ငါနဲ့ လိုက်ခဲ့ကြ”

ကလပ်တွန်၏ တွေးတောပုံမှာ ဂေါ့သမ်မြို့တော်ရှိ ရဲအရာရှိအများစု၏ စိတ်ဓာတ်ကို ထင်ဟပ်နေလေသည်။ ရဲမင်းကြီးဂေါ်ဒွန်ပင်လျှင် ဤမြို့ကို ကယ်တင်နိုင်မည့်သူမှာ ဘက်မန်းသာဖြစ်ပြီး ရဲများ၏အလုပ်မှာ သူချန်ထားခဲ့သော အခြေအနေများကို ရှင်းလင်းရန်သာဖြစ်ကြောင်း မငြင်းပယ်နိုင်ချေ။

လူငယ်ရဲအရာရှိသည် သူ့ဦးထုပ်ကို ပြန်လည်ပြင်ဆင်လိုက်ပြီး အလေးအနက် ပြန်လည်ဖြေကြားလိုက်သည်။

“ဟုတ်ကဲ့ပါ ဆရာ”

သူ ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်ရာ သူ့အကြည့်များက စောင့်ကြည့်ရေးခန်းအတွင်းရှိ လေဝင်လေထွက်ပြွန်ပေါက်ဆီသို့ လျင်မြန်စွာ ရောက်ရှိသွား၏။

လေဝင်လေထွက်ပြွန်ပေါက်မှာ နံရံ၏ အပေါ်ဆုံးအပိုင်း၊ မျက်နှာကြက်နှင့် အနီးဆုံးတွင် တည်ရှိနေခြင်းဖြစ်သည်။ ပေါက်ကွဲမှုကြောင့် ပစ္စည်းသိမ်းဆည်းသည့်ဗီရိုက ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့သော်လည်း ရဲအရာရှိလေး အပေါ်သို့ တွားတက်ရန်အတွက်မူ အဟန့်အတား မဖြစ်ခဲ့ချေ။

သူသည် လက်နှစ်ဖက်ကို အားပြု၍ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ဗီရိုပေါ်သို့ တင်လိုက်ပြီး ကိုယ်အလေးချိန်ကို အပေါ်သို့ ရွှေ့ပြောင်းကာ ခြေထောက်များကိုလည်း အပေါ်သို့ ဆွဲတင်လိုက်လေသည်။ ထို့နောက် သူသည် လေဝင်လေထွက်ပြွန်ပေါက်ပေါ်ရှိ အကန့်ပြားဆီသို့ လက်လှမ်းလိုက်ပြီး...။

All Chapters