← Chapters

အခန်း ၂၆၇

Vol. 27 Ch. 267

အခန်း ၂၆၇

Vol. 27 Ch. 267

အခန်း (၂၆၇) ဝတ်ရုံလုပွဲ - ၉

ဖုန်းပုကြွယ်သည် ထိုသတ္တဝါကြီး၏ မည်သည့်တိုက်ကွက် သို့မဟုတ် မည်သည့်သာမန်တိုက်ခိုက်မှုကိုမှ ကိုယ်တိုင်မစမ်းသပ်လိုချေ...။ ထို့ကြောင့် သူသည် အဆုံးမဲ့လက်ပစ်ဗုံးနှစ်လုံးကို ပြတ်သားစွာ ထုတ်ယူ၍ ကျောက်တုံးမိစ္ဆာကြီးထံသို့ ပစ်ပေါက်လိုက်ပြီး ဗုံးဆန်များ ထိမှန်ခြင်းမှ ရှောင်ရှားရန် နောက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်တော့သည်။

လက်ပစ်ဗုံးများ၏ ပေါက်ကွဲမှုတည်နေရာမှာ ဗျူဟာမြောက်စွာပင် သွေးကျောက်တုံးမိစ္ဆာနှင့် အရိပ်ဘုရင်ကြားရှိ ကွက်တိနေရာ၌ ဖြစ်သဖြင့် သူတို့နှစ်ဦးလုံးကို တစ်ပြိုင်နက်တည်း ဒဏ်ရာရသွားစေသည်။

ကျယ်လောင်သော ပေါက်ကွဲသံနှစ်ချက် ထွက်ပေါ်လာပြီး...

တိုက်ခိုက်မှုမှာ မမျှော်လင့်ဘဲ အဆင်ပြေချောမွေ့သွားခဲ့သည်။ သွေးကျောက်တုံးမိစ္ဆာ၏ ခန္ဓာကိုယ် ထက်ဝက်ခန့်မှာ အပိုင်းပိုင်းအစစ ပေါက်ကွဲသွားပြီး အရိပ်ဘုရင်သည်လည်း ဗုံးဆန်များ ထိမှန်မိသွားခဲ့သဖြင့် ဒဏ်ရာက အတော်လေး ပြင်းထန်ပုံရသည်။

“မဆိုးဘူးပဲ၊ ဒီနှစ်ချက်က ထိခိုက်မှု ၃၇ ရာခိုင်နှုန်းအထိ ပေးနိုင်ခဲ့တာပဲ”

ကျောက်ရင်းဝမ်၏ လေသံမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။

“နှမြောစရာကောင်းတာက... ဒီဒဏ်ရာတွေက ချက်ချင်း ပြန်ပျောက်သွားလိမ့်မယ်”

ဖုန်မှုန့်များပင် မငြိမ်သက်သေးမီ ဖုန်းပုကြွယ်သည် သွေးကျောက်တုံးမိစ္ဆာ၏ ခန္ဓာကိုယ်က လျင်မြန်စွာ ပြန်လည်ကောင်းမွန်သည်ကို သတိပြုမိလိုက်သည်။ကျောက်ရင်းဝမ်သည်လည်း အလားတူပင် ဖြစ်ပြီး သူ့ခန္ဓာကိုယ်အတွင်း စိုက်ဝင်နေသော ဗုံးဆန်များကို အသစ်ထွက်ပေါ်လာသော အသားစများက အပြင်ဘက်သို့ တွန်းထုတ်ပစ်လိုက်ကြသည်။

“အသက်အမှတ်ကို မျှဝေထားရုံတင်မကဘဲ ကိုယ်ပိုင်ကုသရေးစွမ်းရည်ကိုပါ မျှဝေနေတာကိုး...”

ဖုန်းပုကြွယ်က ဆိုလိုက်သည်။

“တစ်နည်းအားဖြင့် ပြောရရင်... ဒီကောင်ကို သတ်ချင်တယ်ဆိုရင် အရမ်းတိုတောင်းတဲ့ အချိန်အတွင်းမှာ ပြင်းထန်တဲ့ဒဏ်ရာတွေ အများအပြား ပေးနိုင်ဖို့ လိုအပ်တာပဲ”

“မှန်တယ်”

ကျောက်ရင်းဝမ်က ဆိုလိုက်သည်။

“ဒါကြောင့်လည်း တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးဆယ်ယောက်အပြင်ဘက်ကလူတွေ ငါ့ကို မနိုင်ဘူးလို့ ပြောခဲ့တာပေါ့”

သူက ခေါင်းကို ခါယမ်းလိုက်ရင်း “မင်းတို့လိုလူတွေမှာ ဒီကျောက်တုံးမိစ္ဆာကို သတ်နိုင်တဲ့ ဖျက်ဆီးရေးစွမ်းအားမျိုး လုံးဝ မရှိကြပါဘူး”

သူစကားပြော၍ မဆုံးသေးမီ သွေးကျောက်တုံးမိစ္ဆာကြီးက သူ၏ ဧရာမလက်ကြီးကို ဝှေ့ယမ်းလျက် ဖုန်းပုကြွယ်ရှိသော နေရာဆီသို့ ရိုက်ချလိုက်တော့သည်။

ယင်းကိုမြင်သောအခါ ဖုန်းပုကြွယ်သည် မြင်မြင်ချင်း ကိုယ်ကိုလှည့်လိုက်ပြီး အပေါ်သို့ လှမ်းခုန်လျက် လေထဲ၌ အလွန်သပ်ရပ်လှသော နောက်ဂျွမ်းတစ်ချက်ပစ်ကာ တိုက်ကွက်ကို သီသီလေး ရှောင်တိမ်းလိုက်သည်။ ဧရာမလက်ကြီး၏ ရိုက်ခတ်မှု စွမ်းအင်လှိုင်းက ဖုန်းပုကြွယ်၏ ကျောပြင်ကို ဖြတ်သန်းသွားသည့်အချိန်တွင် လေပြင်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ ထင်ထင်ရှားရှား ခံစားလိုက်ရပြီး ပြင်းထန်လှသော ရိုက်ခတ်မှုကြောင့် လေထဲ၌ အပေါ်သို့ အနည်းငယ်ပင် ပင့်တင်ခံလိုက်ရသည်။

ယခုတစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်မှုသည် ဖုန်းပုကြွယ်၏ တစ်ဖက်လူကို ထိပ်တိုက်ရင်ဆိုင်လိုသော စိတ်ကူးကို လုံးဝပျက်စီးသွားစေတော့သည်။ သူ၏ တွက်ချက်မှုအရ... သူ၏ ဒါကိုခံစားလိုက်စမ်း တိုက်ကွက်ပင် ဤကျောက်တုံးမိစ္ဆာ၏ သာမန်ဖျက်ဆီးနိုင်စွမ်းအဆင့်ကို လိုက်မှီရန် မဖြစ်နိုင်ချေ (ငရဲဘုံအနှိုင်းမဲ့ပေါက်ကွဲအားပြင်းလှိုင်းလုံးအမြောက် ပေါ်ထွက်လာသည့် တိုက်ဆိုင်မှုမျိုးမှလွဲ၍)။ သို့ဖြစ်ရာ သူ ၎င်းကို မည်သို့ ဆက်လက်တိုက်ခိုက်ရပါမည်နည်း။

“တော်တော်လွန်နေပြီ... ခန္ဓာကိုယ် အရွယ်အစားအရ တိုက်ခိုက်မှုအကွာအဝေးနဲ့ စွမ်းအား မြင့်တာက သဘာဝကျပေမယ့် ဒီအရှိန်နှုန်းကတော့ လွန်လွန်ကဲကဲ ဖြစ်နေပြီ...”

ဖုန်းပုကြွယ် ရေရွတ်လိုက်သည်။ သူ အနည်းငယ် အံ့အားသင့်သွားသော်လည်း ခန္ဓာကိုယ်မြင့်တင်ခြင်းအတတ်ကိုတော့ လက်ရှိတွင် အသုံးမပြုသေးချေ။အဘယ်ကြောင့်ဆိုသော် သူ၏ အမြန်နှုန်းကလည်း မနှေးလှဘဲ တစ်ဖက်လူ၏ တိုက်ကွက်ကို ရှောင်တိမ်းနိုင်ခဲ့ပြီး ဖြစ်သောကြောင့်ပင်။

ကျောက်ရင်းဝမ်ကမူ သူ့တိုက်ကွက် လွဲချော်သွားခြင်းကို ဂရုမစိုက်ချေ။ သူသည် ဓားမြှောင်ကို ကိုင်ဆောင်ထားရင်း ကျောက်တုံးမိစ္ဆာနောက်မှ အေးအေးလူလူ လိုက်ပါလာကာ ပြိုင်ဘက်ထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာလေသည်။

ဖုန်းပုကြွယ်သည် နောက်သို့ ဆုတ်ခွာရင်း သေမင်းဖဲချပ်များကို မြှောက်လိုက်ပြီး “straight flush” ကတ်များကို ထပ်မံပစ်လွှတ်လိုက်ပြန်သည်။

သူ့ပစ်မှတ်မှာ ကျောက်ရင်းဝမ်ဖြစ်နေဆဲ ဖြစ်သော်လည်း ဤအကြိမ်တွင်မူ တစ်ဖက်လူက ကျောက်တုံးမိစ္ဆာကြီးကို ရှေ့မှကာကွယ်ခိုင်းခြင်းမျိုးပင် မလုပ်တော့ချေ...။ ကျောက်ရင်းဝမ်သည် ဖဲချပ်ငါးချပ်က သူ့ပါးပြင်တစ်ဖက်ကို စုတ်ပြဲသွားစေရန် အလိုအလျောက် ခွင့်ပြုထားခဲ့သည်။ သူသည် ပုံပျက်နေသော ထိုမျက်နှာကြီးဖြင့် ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်သည်။

“ဟဲ... အတိတ်တုန်းက ငါ့လက်ထဲမှာ ရှုံးနိမ့်ခဲ့တဲ့လူတွေလိုပဲ မင်းလည်း ‘အသက်အမှတ် မျှဝေခြင်း’ ဆိုတဲ့ စကားစုကို အထင်မှားနေတာ ဖြစ်ရမယ်”

သူက စကားကို ခဏရပ်ပြီးမှ ဆက်ပြောသည်။

“မင်းက ငါ့ကို တိုက်ခိုက်တာက ကျောက်တုံးမိစ္ဆာကို တိုက်ခိုက်တာထက် မင်းအတွက် အသက်အမှတ် ပိုရစေမယ်လို့ ထင်နေတာလား”

သူက လက်တစ်ဖက်ကို ဆန့်ထုတ်၍ လက်ချောင်းများကို ဖြန့်ပြလိုက်သည်။

“ဒါပေမဲ့ စိတ်မကောင်းစရာပဲ၊ ငါ့ခန္ဓာကိုယ်က ငါ့ရဲ့ စုစုပေါင်းအသက်အမှတ်ရဲ့ ၅ ရာခိုင်နှုန်းပဲ ရှိတာ၊ မင်းငါ့ကို ပြာဖြစ်အောင် လုပ်လိုက်ရင်တောင်မှ ဒဏ်ရာက ၅ ရာခိုင်နှုန်းပဲ ရှိလိမ့်မယ်... အဲ့ဒီနောက် ကျောက်တုံးမိစ္ဆာက သူ့ရဲ့ သွေး ၅ ရာခိုင်နှုန်းကို ခွဲထုတ်ပေးလိုက်ရုံနဲ့ ငါ့ကို ပုံသဏ္ဍာန်အသစ် ပြန်လည်ဖန်တီးပေးနိုင်လိမ့်မယ်၊ ပြီးတော့ အဲဒီအသက်အမှတ် ၅ ရာခိုင်နှုန်းကလည်း ချက်ချင်း ပြန်ပြည့်သွားမှာပဲ”

“အိုး...”

ဖုန်းပုကြွယ်က ဆိုလိုက်သည်။

“ဒါဆို... မင်းကို သတ်ချင်တယ်ဆိုရင် ငါက အရမ်းတိုတောင်းတဲ့ အချိန်အတွင်းမှာ ကျောက်တုံးမိစ္ဆာကို အပိုင်းပိုင်းအစစဖြစ်အောင် ဖောက်ခွဲပစ်ရမယ့်အပြင် မင်းကိုပါ တစ်ပြိုင်တည်း သတ်ရမှာပေါ့၊ မဟုတ်ရင်တော့... မင်းရဲ့ ၅ ရာခိုင်နှုန်းသော တည်ရှိမှုကနေတစ်ဆင့် ကျောက်တုံးမိစ္ဆာကို သွေးအိုင်ထဲကနေ တဖြည်းဖြည်း ပြန်ရှင်လာအောင် လုပ်နိုင်မှာပဲ မဟုတ်လား”

သည် တစ်ဖက်လူ၏ အရည်အချင်းအပေါ် အခြေခံ၍ အခြားဖြစ်နိုင်ခြေတစ်ခုကို ပြောင်းပြန်တွေးခေါ်မှုပုံစံဖြင့် ချက်ချင်း ဆင်ခြင်တွက်ချက်လိုက်ခြင်း ဖြစ်သည်။

“မင်းရဲ့ တုံ့ပြန်မှုက တကယ့်ကို လျင်မြန်တာပဲ...”

ကျောက်ရင်းဝမ်က လေးနက်သော လေသံဖြင့် ဆိုသည်။

“လူအများကြီးက ဒီလှည့်ကွက်ထဲမှာပဲ ကျဆုံးခဲ့ရတာ...”

“ဟမ့်... ဒါက စိတ်ဝင်စားဖို့ကောင်းတာပဲ”

ဖုန်းပုကြွယ်က ပြန်လည်တုံ့ပြန်လိုက်သည်။

“ဒါဆို မင်းက ဘာဖြစ်လို့ ဒီကျောက်တုံးမိစ္ဆာနဲ့ ခွဲမနေတာလဲ၊ မင်းရဲ့ အဆင့်မြင့် ခြေရာခံနိုင်တဲ့ စွမ်းရည်နဲ့ဆိုရင် မင်းက ကျောက်တုံးမိစ္ဆာနဲ့ မိုင်ပေါင်းများစွာဝေးတဲ့ နေရာတစ်ခုခုမှာ ပုန်းနေလို့ ရတာပဲ မဟုတ်လား၊ အဝေးကနေ ကြိုးကိုင်ပြီး လူတွေကို သတ်ခိုင်းတာက ပိုမကောင်းဘူးလား၊ အဲ့ဒါဖျက်ဆီးခံရရင်တောင်မှ မရေမတွက်နိုင်အောင် ပြန်လည်ရှင်သန်နိုင်တာပဲလေ”

သူက လှောင်ပြုံးပြုံးလိုက်သည်။

“ဒါမှမဟုတ်...”

ကျောက်ရင်းဝမ်သည် ထိုစကားကို ကြားလိုက်ရသောအခါ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်၊

“မင်းက တကယ့်ကို အံ့ဩစရာကောင်းတဲ့ ကောင်လေးပဲ...”

ဖုန်းပုကြွယ်၏ မျက်ဝန်းများမှာ တစ်ဖက်လူ၏ စိတ်ဝိညာဉ်ကို ဖောက်ထွင်းမြင်နိုင်သည့်အလား အလွန်အမင်း ထက်ရှလာခဲ့သည်။

“ငါ သိတာပေါ့... မင်းနဲ့ ဒီကျောက်တုံးမိစ္ဆာကြားထဲမှာ... တခြားအရာတစ်ခုကိုလည်း မျှဝေနေရတာ ဟုတ်တယ်မလား”

ထိုခဏ၌ ကျောက်တုံးမိစ္ဆာကြီးက ရှေ့သို့ လျင်မြန်စွာပြေးဝင်လာပြီး အောက်ဘက်သို့ ပြင်းထန်စွာ ထပ်မံနင်းချလိုက်ပြန်သည်။

ဖုန်းပုကြွယ်မှာမူ နောက်သို့ ဆက်တိုက်ဆုတ်ခွာခြင်းမှတစ်ပါး အခြားရွေးချယ်စရာ မရှိချေ။ သူသည် ရှောင်တိမ်းခြင်းကိုသာ ပြုလုပ်နေပြီး ထိပ်တိုက်ရင်မဆိုင်တော့ချေ။

“အဲဒီလက်ကြီး ငါ့ကို တားဆီးဖို့အတွက် သွေးအိုင်ထဲကနေ ထွက်လာခဲ့တုန်းက ငါ ဇဝေဇဝါ ဖြစ်နေခဲ့တာ၊ ဒီဆင့်ခေါ်သတ္တဝါက ဘာအမိန့်မှလည်း မရသေးဘူး၊ ခေါင်းတောင် ပေါ်မလာသေးဘူး၊ ဒါပေမဲ့ အဲဒီလို လှုပ်ရှားမှုမျိုးကို လုပ်ခဲ့တယ်...”

ဖုန်းပုကြွယ်သည် အောက်စည်းရောက်နေသော်လည်း ဆက်လက် တည်ငြိမ်နေဆဲ ဖြစ်သည်။

“ပြီးတော့ လက်ပစ်ဗုံးပေါက်ကွဲတဲ့အချိန်တုန်းက ကျောက်တုံးမိစ္ဆာက အရွယ်အစားကြီးလွန်းလို့ မရှောင်နိုင်တာက သဘာဝကျပေမယ့် မင်းက ဘာမှမလုပ်ဘဲ ငြိမ်နေတာကတော့ တကယ့်ကို ထူးဆန်းလွန်းတယ်... တကယ်လို့ ငါ့ရဲ့ လက်ပစ်ဗုံးနှစ်လုံးက မင်းနဲ့ ဒီကျောက်တုံးမိစ္ဆာကို ချက်ချင်းသေသွားစေနိုင်ရင် ဘာဖြစ်မလဲ”

သူက နှုတ်ခမ်းကို လျှာဖြင့် သပ်ရင်း ပြုံးလိုက်သည်။

“ငါ့အထင်တော့... အဓိကအကြောင်းရင်းက မင်းက ဒီသတ္တဝါကြီးနဲ့ အဝေးကြီးကို ခွဲသွားလို့ မရတာကြောင့်ပဲ ဖြစ်ရမယ်”

ဖုန်းပုကြွယ်သည် သွေးချင်းချင်းနီနေသော ကျောက်တုံးမိစ္ဆာကြီး၏ ဦးခေါင်းဆီသို့ လက်ညှိုးထိုးပြလိုက်သည်။

“အဲ့ဒါက မင်းအရိပ်နဲ့ အတူတူပဲ၊ မင်းရဲ့ အရိပ်ကို ပုံကြီးချဲ့ပြီး ရုပ်ဝတ္ထုအဖြစ် ပြောင်းထားတဲ့ ဗားရှင်းတစ်ခုပေါ့၊ ဒါကြောင့်လည်း မင်းက သူ့ကို စကားလုံးတွေနဲ့ အမိန့်ပေးဖို့မလိုဘဲ စိတ်ကူးနဲ့တင် ခိုင်းနေနိုင်တာ ဖြစ်ရမယ်”

သူကပြောရင်း နံရံကို ခြေထောက်ဖြင့် အားပြုလျက် လျင်မြန်စွာပျံသန်း၍ မြေပြင်ပေါ်သို့ ထောင့်ဖြတ်ကျရောက်လာသော ဧရာမ လက်သီးချက်ကြီးတစ်ချက်ကို ရှောင်တိမ်းလိုက်သည်။

“ငါ မင်းကို လေးစားမိသွားပြီ”

ကျောက်ရင်းဝမ်က ပေါ့ပါးသော အပြုံးတစ်ခုဖြင့် ဆိုလိုက်သည်။

“ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ဒီအရာအားလုံးကို တွက်ချက်နိုင်လိမ့်မယ်လို့ မထင်ထားမိဘူး”

သူ ပခုံးတွန့်လိုက်သည်။

“ဒါပေမဲ့လည်း အားလုံးတော့ မမှန်သေးပါဘူး၊ မင်းက ဒီဆင့်ခေါ်သတ္တဝါရဲ့ AI စွမ်းရည်ကို အထင်ကြီးလွန်းနေတာပဲ၊ ငါက သူ့ရဲ့ လှုပ်ရှားမှုတိုင်းကို စိတ်နဲ့ ကြိုးကိုင်လို့ မရပါဘူး၊ ငါက အကွာအဝေးတစ်ခုထဲမှာပဲ စိတ်ကူးနဲ့ ရိုးရိုးရှင်းရှင်း အမိန့်တချို့ ပေးနိုင်တာပါ၊ ဥပမာအားဖြင့်... ‘မင်းရှေ့ကလူကို သတ်စမ်း’ ဆိုတာမျိုးပေါ့၊ ပြီးရင်တော့ သူက သူ့ရဲ့ ကိုယ်ပိုင်နည်းလမ်းအတိုင်း လုပ်ဆောင်သွားတာပေါ့”

ဖုန်းပုကြွယ်က ဆက်ပြောလိုက်သည်။

“ဒါကြောင့် မင်းက ဒီဆင့်ခေါ်သတ္တဝါကို အဝေးကနေ အသုံးမပြုနိုင်တာပေါ့...”

“ဟမ့်... မင်း အဲဒါကို သိသွားတော့ရော ဘာဖြစ်မှာလဲ”

ကျောက်ရင်းဝမ်က ဆိုလိုက်သည်။

“ဒီကန့်သတ်ချက်အဆင့်လေးက မင်းငါ့ကို အနိုင်ယူဖို့အတွက် လုံလောက်မယ်လို့ ထင်နေတာလား၊ ဒီ သွေးကျောက်တုံးမိစ္ဆာက အဆင့် B ရှိတဲ့ ဆင့်ခေါ်ခြင်းအထူးပြုသမားတွေပဲ သင်ယူနိုင်တဲ့ ဆင့်ခေါ်ခြင်းစကေးတစ်ခုပဲ၊ သီအိုရီအရပြောရရင် မင်းက အဲ့ဒါကို ယှဉ်နိုင်ဖို့အတွက် အနည်းဆုံးတော့ တိုက်ပွဲမှာ အသုံးပြုနိုင်တဲ့ အဆင့် B ရှိတဲ့ အထူးပြုစွမ်းရည်တစ်ခု ရှိနေဖို့ လိုအပ်တယ်၊ အခု အဆင့် ၂၈ မှာ... မင်းမှာ အဲဒီလိုစွမ်းရည်မျိုး ရှိလို့လား၊ ဖုန်းပုကြွယ်”

“ဟား၊ ဟားဟားဟားဟားဟား...”

ဖုန်းပုကြွယ်၏ မျက်နှာပေါ်တွင် မည်သည့်အပြုံးမှ ရှိမနေတော့ချေ။ သူ၏ ဟန်ဆောင်ရယ်မောသံမှာ ဟိန်းဟောက်သံတစ်ခုနှင့် ပိုမိုတူညီနေလေသည်။

“မရှိဘူးဟေ့”

သူသည် အရှက်မရှိ အော်ဟစ်ကာ ပြန်လည်ဖြေကြားလိုက်တော့သည်။

နောက်ထပ်တစ်စက္ကန့်တွင် ဖုန်းပုကြွယ်သည် နောက်လှည့်၍ စတင်ထွက်ပြေးတော့သည်။ မြောက်ပိုင်းသန့်စင်မြေစက်ရုံ၏ အဆောက်အအုံအတွင်းသို့ အပြေးအလွှား တိုးဝင်ရင်း အော်ဟစ်လိုက်လေသည်။

“ကယ်ကြပါဦး၊ လူသတ်နေလို့ပါ၊ ပရော်ဖက်ဆာ ဖရိဇ်... ထွက်လာပြီး ကူညီပေးပါဦးဗျို့”

All Chapters