← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

အခန်း (၃၉) တစ်ယောက်တည်း ထမင်းစားခြင်း

​ကျောက်ယွမ်က ချန်ကျီ၏ အိမ်တော်မှ ထွက်လာခဲ့ပြီးနောက် ဝမ်နန်မြို့တွင် တာ့ချန်မင်းဆက်၏ မြေပုံတစ်ခုကို ဝယ်ယူကာ ခရီးထွက်ခြင်း လမ်းကြောင်းပေါ်သို့ ခြေချလိုက်တော့သည်။

​ကျောက်ယွမ်တွင် သီးသန့်သွားလိုသည့် နေရာရယ်လို့ မရှိသဖြင့် မြေပုံပေါ်တွင် စိတ်ကူးတည့်ရာ နေရာတစ်ခုကို ကျပန်း ရွေးချယ်လိုက်ပြီး ထိုဦးတည်ရာအတိုင်း လျှောက်လှမ်းသွားခဲ့၏။

​သံနက်မိုင်းတွင်းထဲတွင်

​ယဲ့ကျန်းဖျင်က နောက်ဆုံးရ အမိန့်အသစ်ကို လက်ခံရရှိထားပြီး ဖြစ်သည်။

​ယဲ့မိသားစု၏ မိသားစုဝင်များကိုမူ ယခင်က ယဲ့မိသားစုဝင်များက မိုင်းလုပ်သားများအပေါ် ဆက်ဆံခဲ့သကဲ့သို့ပင် မိုင်းတွင်းထဲ၌ အတင်းအကျပ် မိုင်းတူးခိုင်းထားလိုက်သည်။

​သို့သော်လည်း ထိုမိုင်းလုပ်သားများကို နောက်ဆုံး နောက်ထပ် တစ်လလောက်ပဲ မိုင်းတွင်း ဆက်တူးခိုင်းပြီးတာနဲ့ လွှတ်ပေးမယ်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍မူ ​သူတို့ထဲက လူအများစုက မယုံကြည်ကြချေ၊ အကြောင်းမှာ သူတို့ကို ဤစကား ပြောနေသည့်သူများက ယဲ့မိသားစုဝင်များ ဖြစ်နေသောကြောင့်ပင်။

​ယဲ့မိသားစုဝင်များ၏ စကားကိုမူ သူတို့အနေဖြင့် မည်သို့မျှ ထပ်မံ၍ မယုံကြည်နိုင်ကြတော့ပေ ။

​စောစောက ဖြစ်ပွားခဲ့သည့် တိုက်ပွဲကို သူတို့ မြင်တွေ့ခဲ့ရသည် ဆိုသော်လည်း သူတို့၏ မျက်စိထဲတွင်မူ ထိုအရာက ယဲ့မိသားစုဝင် အချင်းချင်း အတွင်းပဋိပက္ခဖြစ်ပြီး ရိုက်နှက်နေကြခြင်းဟုသာ ထင်မှတ်နေကြသည်။

​ကိုယ်ပွားများလည်း ဘာမှမတတ်နိုင်တော့ချေ၊ ဤယဲ့မိသားစုဝင်များ၏ ပုံရိပ်က တကယ့်ကို ဆိုးဝါးလွန်းလှပေသည်။

​နောက်ဆုံးတွင် ကိုယ်ပွားများ ဘယ်လိုပင် ပြောပြော အရာမထင်ခဲ့ပါချေ။

​မယုံကြည်ချင်သည့်သူများကတော့ အခုထိ မယုံကြည်ကြသေးဘဲ ယခင်က စည်းမျဉ်းဟောင်းများအတိုင်းပင် မိုင်းတွင်း ဆက်တူးနေကြဆဲ ဖြစ်သည်။

​ကိုယ်ပွားများလည်း သူတို့ ဤသို့ဖြစ်နေသည်ကို မြင်သောအခါ ထပ်ပြီး ရှင်းပြမနေတော့ချေ။

​တစ်လ ပြည့်သွားသည့်အခါ သူတို့ကို တိုက်ရိုက် ပို့ဆောင်ပေးလိုက်ရုံသာ ရှိတော့သည်၊ ဤမျှလောက် အများကြီး လိုက်လံ ရှင်းပြနေခြင်းက အချိန်ဖြုန်းတီးခြင်းသာ ဖြစ်ပေသည်။

​ချန်ကျီ၏ အိမ်တော်ထဲတွင်

​"လင်းအာ၊ ဒီတစ်ခေါက် သံနက်မိုင်းတွင်းကို သိမ်းပိုက်လိုက်တဲ့ ဝင်ငွေ ဘယ်လိုလဲ"

​"သခင်၊ သခင့်ရဲ့ တောင်းဆိုချက်အရ အဲ့အုတ်မြစ်ချခြင်းအဆင့် သုံးယောက်ရဲ့ ဆေးလုံးတွေအားလုံးကို ချန်ထားတာကလွဲလို့ ကျန်တဲ့ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေ အားလုံးကို ရှင်းလင်းပြီးပါပြီ"

​"ကောင်းပြီ၊ သွားမယ်၊ အနန္တနေရာလွတ် ထဲကို တစ်ခေါက် သွားကြစို့" ချန်ကျီက ပြော နေရင်းကနေ သဘောကျစွာဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်မိသည်။

​သူ့မှာ အရင်းအမြစ် လုံးဝ ပြတ်တောက်လုနီးပါး ဖြစ်နေခဲ့ရခြင်း ဖြစ်ကာ နောက်ဆုံး ကိုယ်ပွား သုံးယောက်ကို ဝယ်ယူပြီးနောက် အမှတ်များက သုည ဖြစ်သွားခဲ့ပြီး ဝိညာဉ်ကျောက်တုံးလည်း ရှစ်ရာခန့်သာ ကျန်ရှိတော့သည်။

​သို့သော်လည်း အခုတော့ သူ မစိုးရိမ်တော့ချေ၊ သူက မကြာခင်မှာပဲ ချမ်းသာတဲ့သူတစ်ယောက် ဖြစ်လာတော့မည် မဟုတ်ပါလား။

​ကျောက်လင်းအာက သူ့အတွက် တွက်ချက်ပေးပြီး ဖြစ်သည်၊ လက်ရှိ သံနက်မိုင်းတွင်းထဲရှိ လူဦးရေနှင့် တွက်ချက်မည် ဆိုပါက ​မိုင်းလုပ်သား ၁၀၀ နှင့် ယဲ့မိသားစုဝင် ၃၀ ပါဝင်ကာ ပျမ်းမျှအားဖြင့် တစ်ယောက်လျှင် တစ်ရက်ကို သံနက်မိုင်း ၅၀ ကီလိုဂရမ် တူးနိုင်ကြသည်။

​တစ်ရက်တာ အချိန်အတွင်းမှာတင် သံနက်မိုင်း ၆၅၀၀ ကီလိုဂရမ်ကို တူးဖော်ရရှိနိုင်မည် ဖြစ်၏။

​သံနက်မိုင်းတွင်း၏ တန်ဖိုးအရ တွက်ချက်မည်ဆိုလျှင် တစ်ရက်ကို အမှတ် ၁၃၀၀ ဝင်ငွေ ရရှိနိုင်မည် ဖြစ်သည်။

​ဒါက တစ်နေ့လုံး မနားတမ်း မိုင်းတွင်း တူးနိုင်သည့် ကိုယ်ပွားများ၏ ဝင်ငွေကို မတွက်ချက်ရသေးချေ၊ လက်ရှိတွင် ကိုယ်ပွား တစ်ယောက်က တစ်ရက်အတွင်း တတ်နိုင်သမျှ အနည်းဆုံး သံနက်မိုင်း ကီလိုဂရမ် ရာဂဏန်းအထိ တူးနိုင်ပေသည်။

​မိုင်းတွင်းတူးသည့် ဤဝင်ငွေ တစ်ခုတည်းကို ကြည့်ရုံနှင့်ပင် ချန်ကျီကို ဘယ်လိုလုပ်ပြီး မပျော်ရွှင်ဘဲ နေပါအံ့နည်း။

​ချန်ကျီက စိတ်ထဲတွင် မအော်ဟစ်ဘဲ မနေနိုင်တော့ချေ။ "ငါ ဘယ်တုန်းက ဒီလောက်အထိ ကြွယ်ဝတဲ့ တိုက်ပွဲမျိုး တိုက်ခဲ့ဖူးလို့လဲ"

​အနန္တနေရာလွတ် ထဲတွင် ချန်ကျီက ထိုသံနက်ပုံကြီးကို ကြည့်ပင်မကြည့်ဘဲ ​အနန္တစျေးဆိုင် ဆီသို့ တိုက်ရိုက် လျှောက်လှမ်းသွားကာ ဝတ်စုံစိမ်းနှင့် အမျိုးသမီးကို အားလုံးကို ပြန်လည် ရောင်းချခိုင်းလိုက်သည်။

​ဆေးလုံးများကိုသာ သီးသန့် ချန်ထားလိုက်၏၊ ဆေးလုံးကဲ့သို့သော အရာမျိုးကို အပြင်ဘက်သို့ သွားရောက် ရောင်းချမည် ဆိုပါက သဲလွန်စ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိချေ။

​ဘာမှမတတ်နိုင်ချေ၊ ချန်ကျီက လက်ရှိတွင် ဝိညာဉ်ကျောက်တုံး အချို့ကို အရေးတကြီး လိုအပ်နေသဖြင့် ဆိုင်တစ်ဆိုင် ဖွင့်လှစ်မည့် အစီအစဉ်ကိုလည်း အကောင်အထည်ဖော်ရန် ပြင်ဆင်ရတော့မည် ဖြစ်သည်။

​မကြာမီပင် ဝတ်စုံစိမ်းနှင့် အမျိုးသမီး၏ တည်ငြိမ်အေးဆေးသော အသံ ထွက်ပေါ်လာခဲ့သည်။

​"ပစ္စည်းအားလုံးကို ပြန်လည် ရောင်းချ ပြီးပါပြီ၊ စုစုပေါင်း အမှတ် ၁၀၀၀၀ ရရှိပါတယ်"

​ဝတ်စုံစိမ်းနှင့် အမျိုးသမီး၏ အသံကို ကြားလိုက်ရသည့်အခါ ချန်ကျီက ခဏမျှ ဆွံ့အသွားရသည်။ "မမျှော်လင့်ထားဘူး၊ ယဲ့မိသားစုရဲ့ ဒီလူတွေ ကိုယ်ပေါ်မှာ အဖိုးတန် ပစ္စည်းကောင်းတွေ မနည်းဘူးပဲ၊ ဒီတစ်ခေါက်တည်းတင် အရင်ကထက် ဝင်ငွေ ပိုများတယ်။ အဲဒီလိုဆိုရင် ငါတို့က အမှတ်တွေ ရဖို့ ဒီလောက်အထိ ပင်ပင်ပန်းပန်း ကြိုးစားနေစရာ ဘာလိုလဲ၊ ယဲ့မိသားစုဆီ တိုက်ရိုက် သွားလုလိုက်ရင် ပြီးတာပဲ"

​ဤစကားက အကြောင်းအကျိုး ရှိလှသည် ဆိုသော်လည်း ချန်ကျီက စိတ်ကူးယဉ်ရုံသာ တွေးတောခြင်း ဖြစ်သည်။

​ယဲ့မိသားစုကို တကယ် သွားရောက် လုယက်ရန်အတွက်မူ လက်ရှိ အချိန်က မတန်သေးချေ။

​ယဲ့မိသားစုနှင့် နှိုင်းယှဉ်မည်ဆိုလျှင် သူ၏ ခွန်အားက အများကြီး ကွာခြားနေသေးသည်။

​"လင်းအာ၊ မင်း ပြောကြည့်၊ ဒီအမှတ် ၁၀၀၀၀ ကို အခုပဲ အနန္တနေရာလွတ် ကို အဆင့်မြှင့်တင်ဖို့ သုံးလိုက်ရမလား၊ ဒါမှမဟုတ် အရင် သိမ်းထားရမလား"

​ချန်ကျီက စိတ်ထဲတွင် အလွန် ရှင်းလင်းစွာ သိရှိထားသည်၊ အကယ်၍ အနန္တနေရာလွတ် ကို အဆင့် ၃ သို့ မြှင့်တင်လိုက်မည် ဆိုပါက ဝိညာဉ်စိုက်ခင်း အရေအတွက်က သေချာပေါက် ဆတိုး မြင့်တက်လာမည် ဖြစ်ပြီး အချိန်မြန် မှုကလည်း ထပ်မံ၍ တိုးတက်လာလိမ့်မည်။

​အနန္တစျေးဆိုင် ထဲတွင်လည်း လဲလှယ် နိုင်သည့် ပစ္စည်းများက သေချာပေါက် ရွှေအူတိုင် အဆင့် အထိ မြင့်တက်သွားနိုင်သည်။

​အနန္တစျေး ဆိုင် ထဲတွင်လည်း ကျွမ်းကျင်မှု အသစ်များနှင့် လုပ်ဆောင်ချက်အသစ်များ သေချာပေါက် ပိုမို ထွက်ပေါ်လာလိမ့်မည်။

​သို့သော်လည်း လက်ရှိတွင် ဤကဲ့သို့ အမှတ် တစ်သောင်းလုံးကို တိုက်ရိုက် အကုန်အစင် သုံးပစ်လိုက်ရန်အတွက်မူ ​ချန်ကျီက စိတ်ထဲတွင် နည်းနည်းတော့ မကျေနပ်သကဲ့သို့ ခံစားနေရသည်၊ ဤအမှတ် တစ် သောင်းကို ရရှိရန်အတွက်လည်း ထိုမျှလောက် မလွယ်ကူခဲ့ချေ။

​နောက်တစ်ကြိမ် အမှတ် တစမ သောင်းကို ထပ်မံ ရရှိလိုပါက ဘယ်အချိန်အထိ စောင့်ဆိုင်းရဦးမည်ကို မသိနိုင်သေးချေ။

​"သခင်၊ လက်ရှိမှာ သခင်က အုတ်မြစ်ချခြင်းအဆင့်ကို မရောက်သေးပါဘူး၊ အနန္တစျေး ဆိုင်ထဲက လဲလှယ်နိုင်တဲ့ ပစ္စည်းတွေကလည်း လောလောဆယ် အသုံးပြုဖို့ လုံလောက်နေပါသေးတယ်။ ဒါ့အပြင် လက်ရှိ ရှိနေတဲ့ လုပ်ဆောင်ချက်တွေနဲ့ ကျွမ်းကျင်မှု တွေကလည်း လုံလောက်နေပြီဖြစ်လို့ လုပ်ဆောင်ချက်တွေနဲ့ ကျွမ်းကျင်မှု တွေ အများကြီး ရှိနေရင်လည်း လောလောဆယ် အသုံးချနိုင်ဦးမှာ မဟုတ်ပါဘူး။ လက်ရှိမှာ ကိုယ်ပွားတွေသာ လုံလောက်နေမယ် ဆိုရင်တော့ သံနက်မိုင်းတွင်းဘက်ကနေ မပြတ်တောက်တဲ့ ဝင်ငွေတွေ အဆက်မပြတ် သယ်ဆောင်လာပေးပါလိမ့်မယ်"

​တကယ်တော့ ချန်ကျီ၏ စိတ်ထဲတွင်လည်း အစီအစဉ် ရှိပြီးသား ဖြစ်သည်။

​ထို့အပြင် ကျောက်လင်းအာက ဤသို့ ပြောဆိုလာသည့်အခါ သူက စိတ်ထဲက အတွေးကို ပိုမို သေချာသွားခဲ့သည်။

​"လင်းအာ၊ မင်း ပြောတာ မှန်တယ်၊ ကိုယ်ပွားတွေ ရှိနေသရွေ့တော့ ဒီအမှတ် တစ်သောင်းက ဘာမှ မဟုတ်ဘူး။ ကိုယ်ပွားကလည်း ငါ့ရဲ့ ခွန်အား တစ်ခုပဲ၊ လက်ရှိမှာတော့ ခွန်အား မြှင့်တင်ဖို့ကိုပဲ အဓိက ထားရမယ်"

​ချန်ကျီက ပြော ပြီးနောက် အနန္တစျေး ဆိုင်၏ ဝယ်ယူခြင်း မျက်နှာပြင်ကို တိုက်ရိုက် ဖွင့်လိုက်သည်။

​အများကြီး ဝေခွဲမနေတော့ဘဲ ကိုယ်ပွား ၆ ယောက်ကို တိုက်ရိုက် လဲလှယ်လိုက်ရာ တစ်ခဏချင်းမှာပင် အမှတ် ၉၃၀၀ အကုန်အစင် သုံးစွဲသွားခဲ့သည်။

​လက်ရှိတွင် ချန်ကျီ၌ ကိုယ်ပွား ၁၈ ယောက် ရှိသွားပြီ ဖြစ်သည်။

​ချင်းယွမ်ဂိုဏ်းတွင် ရှိနေသည့် ချန်ဖန်၊ ​အပြင်ဘက်တွင် ခရီးထွက်နေသည့် ကျောက်ယွမ်၊ ​ဘေးနားတွင် လိုက်ပါနေသည့် ကျောက်လင်းအာ တို့ကလွဲလို့ ​ကျန်ရှိသည့် ကိုယ်ပွားများ အားလုံးကတော့ သံနက်မိုင်းတွင်းထဲတွင် မိုင်းတူးနေကြသည်။

​ထို့အပြင် ယခု နောက်ဆုံးရရှိသည့် ကိုယ်ပွား ၆ ယောက်ကိုမူ ချန်ကျီက သူတို့ကို သီးသန့် ပုံရိပ် မသတ်မှတ်ပေးတော့ချေ။

​ဒီတစ်ခေါက် သံနက်မိုင်းတွင်းထဲတွင် မတော်တဆ အသတ်ခံလိုက်ရသည့် ယဲ့မိသားစုဝင်များ၏ ရုပ်ရည်အတိုင်းသာ တိုက်ရိုက် ပုံဖော်လိုက်သည်။

​ကိုယ်ပွား ၅ ယောက်ကို သံနက်မိုင်းတွင်း ဆီသို့ စေလွှတ်လိုက်ပြီးနောက် ချန်ကျီက ကျောက်လင်းအာနှင့် ၁၈ ယောက်မြောက် ကိုယ်ပွားကို ခေါ်ဆောင်ကာ အနန္တနေရာလွတ် ထဲကနေ ထွက်လာခဲ့ကြသည်။

​"မင်း ဒီဆေးလုံးတွေ အားလုံးကို ဈေးဘက်ကို ယူသွားပြီး ရောင်းချလိုက်၊ နည်းနည်း ပါးပါး ပါးနပ်အောင် လုပ်ဦး၊ ဆိုင်တစ်ဆိုင်တည်းကို အကုန် သွားမရောင်းနဲ့"

​"ဟုတ်ကဲ့"

​ချန်ကျီက ဆေးလုံးများ အားလုံးကို ၁၈ ယောက်မြောက် ကိုယ်ပွားထံသို့ လွှဲအပ်လိုက်သည်။

​၁၈ ယောက်မြောက် ကိုယ်ပွားက ဆေးလုံးများကို သယ်ဆောင်ကာ ချန်ကျီ၏ အိမ်တော်ထဲကနေ ထွက်သွားခဲ့တော့သည်။

​"လင်းအာ၊ တစ်နေ့လုံး အလုပ်ရှုပ်နေတာနဲ့ နည်းနည်း ဆာလာပြီ"

​"ဟုတ်ကဲ့ပါ သခင်၊ လင်းအာ အခုပဲ သွား ပြင်လိုက်ပါ့မယ်"

​ကျောက်လင်းအာက ဟင်းလျာများ ပြင်ဆင်ရန် ထွက်သွားခဲ့ပြီး ချန်ကျီကမူ ပက်လက် ကုလားထိုင်ပေါ်တွင် ထိုင်ရင်း သူ့အနေဖြင့် အုတ်မြစ်ချခြင်းအဆင့်သို့ တက်လှမ်းရန် အချိန် မည်မျှ လိုအပ်သေးသလဲဆိုတာကို တွက်ချက်နေမိသည်။

​"ချီသန့်စင်ခြင်း အဆင့် ၁၀ က ၅၈/၁၀၀ ဆိုတော့ ၄၂ မှတ်ပဲ လိုတော့တာပဲ။ ​လက်ရှိ အကြီးစား အောင်မြင်မှု ကျွမ်းကျင်မှုအဆင့် ရှိတဲ့ ရွှမ်ထျန်းလု ကို တစ်ကြိမ် ကျင့်ကြံရင် ကျင့်ကြံခြင်းအဆင့် ၃ မှတ် တိုးနိုင်တယ်။ ​နောက်ထပ် ၁၄ နာရီ ကြာပြီးရင်တော့ ချီသန့်စင်ခြင်း အဆင့်ကို ကျော်ဖြတ်ပြီး အုတ်မြစ်ချခြင်းအဆင့်ကို ရောက်နိုင်ပြီ။ ​အင်း... မဆိုးဘူး၊ တစ်ခေါက်အိပ်ပြီးရင်တော့ တက် နိုင်ပြီ။ ​ငါက မကြာခင်မှာပဲ အုတ်မြစ်ချခြင်းအဆင့် ကျင့်ကြံသူ ဖြစ်လာတော့မယ်၊ အုတ်မြစ်ချခြင်းအဆင့်ကို ရောက်ရင် ဓားပျံစီးပြီး ပျံသန်းနိုင်ပြီ။ ​နောက်ဆုံးတော့ တကယ့် ကျင့်ကြံသူတစ်ယောက်လိုမျိုး ကောင်းကင်မှာ ပျံသန်းပြီး ကမ္ဘာကို လျှောက်နိုင်တော့မယ်၊ ဒါမှသာ ငါ မျှော်လင့်တောင့်တခဲ့တဲ့ ကျင့်ကြံခြင်းလောကပဲ"

​"အချိန်တွေ ကုန်ဆုံးသွားတာ တကယ် မြန်တာပဲ၊ သတိမထားမိလိုက်ဘဲနဲ့ ဒီကမ္ဘာကို ရောက်လာတာ တစ်လနီးပါး ရှိသွားပြီပဲ"

​သက်ပြင်းချ ညည်းတွားနေသည့် ချန်ကျီက ရုတ်တရက် ကျောက်လင်းအာ၏ အသံကို ကြားလိုက်ရသည်။

​"သခင်၊ ဟင်းလျာတွေ ပြင်ဆင်ပြီးပါပြီ"

​"အင်း"

​ကျောက်လင်းအာ ဟင်းလျာများကို သယ်ဆောင်လာသည့် ပုံစံကို ကြည့်ရင်း ချန်ကျီက ခံစားလိုက်ရသည်။ "ဒီအရာအားလုံးက အိပ်မက်တစ်ခုလိုပဲ၊ ဘာဖြစ်လို့ နည်းနည်း စိတ်ကူးယဉ်ဆန်နေသလို ခံစားရတာလဲ ဒါပေမဲ့ အရာအားလုံးကလည်း ဒီလောက်အထိ အစစ်အမှန် ဖြစ်နေပြန်ရော"

​ထိုအချိန်တွင် ကျောက်လင်းအာက ဟင်းလျာများ အားလုံးကို စားပွဲပေါ်သို့ တင်ပြီးပြီ ဖြစ်သည်။

​"လင်းအာ၊ မင်းလည်း ထိုင်ပြီး အတူတူ စားပါလား"

​ကျောက်လင်းအာက သာယာစွာ ပြုံးလိုက်၏။ "သခင်၊ သခင် မေ့သွားပြီလား၊ လင်းအာက အစားအစာတွေ စားစရာ မလိုပါဘူး"

​"ကိစ္စမရှိပါဘူး၊ အတူတူ စားကြမယ် အရသာရှိတဲ့ ဟင်းလျာတွေ အရှေ့မှာ ရှိနေပေမဲ့ အမြဲတမ်း တစ်ယောက်တည်း စားနေရရင်တော့ နည်းနည်း ပျင်းစရာကောင်းသလို ခံစားရလို့ပါ"

​ကျောက်လင်းအာက ချန်ကျီကို ထူးဆန်းစွာ ကြည့်လိုက်ရာ စိတ်ထဲတွင်လည်း ခံစားချက်တစ်ခု ဖြစ်ပေါ်လာပုံရပြီး တိတ်တဆိတ် ထိုင်ချလိုက်သည်။

​"လာ... လင်းအာ၊ မင်းလည်း မင်းရဲ့ လက်ရာကို မင်း ပြန်မြည်းကြည့်ဦး၊ မင်း ချက်တဲ့ ဟင်းလျာတွေက အပြင်က စားသောက် ဆိုင်တွေထက် အများကြီး သာတယ်"

​ချန်ကျီက ကျောက်လင်းအာ၏ ပန်းကန်ထဲသို့ ဟင်းတစ်ဖတ် ညှပ်ပေးလိုက်သည်။

​ကျောက်လင်းအာက ဟီးဟီး ရယ်မောလိုက်ရင်း တုတ်ချောင်းကို ကိုင်ကာ ဟင်းကို ပါးစပ်ထဲသို့ ထည့်လိုက်ပြီး သေသေချာချာ ဝါးလိုက်၏။

​"အင်း... ပြီးခဲ့တဲ့ အခေါက်က သွားစားတဲ့ စားသောက် ဆိုင်ထက် ပိုပြီး အရသာရှိတယ်"

​"ဟားဟား" ချန်ကျီက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "မင်းကတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ချီးမွမ်းနေတာပဲ"

​"ဟီးဟီး"

​

All Chapters