← Chapters

ဆိုးရွားသောအခြေ‌အနေကိုကျော်လွှားခြင်း  (အပိုင်းတစ်)

Vol. 73 Ch. 1073

ဆိုးရွားသောအခြေ‌အနေကိုကျော်လွှားခြင်း  (အပိုင်းတစ်)

Vol. 73 Ch. 1073

" မေမေ ဖေဖေ ကြယ်တွေက ဖေဖေ့တို့ကို ပွေ့ဖက်ထားချိန်မှာ ကျွန်တော့်ကို ကောင်းချီးပေးကြပါခင်ဗျာ ကျွန်တော် အစားအစာရှာရမယ်ခင်ဗျ ကျွန်တော့ညီမတွေကို ရှင်သန်အောင် ကူညီရမယ်..." လီယို မျက်လုံးထဲတွင် အမုန်းတရားများ ဒေါသများ ပေါ်လာပြီး သူ့ဘာသာသူ တွေးနေသည်။ " ဒီကပ်ဘေးကို အန်ဂျီတွေက ဖြစ်ပေါ်စေခဲ့တာ "

အာလန်နီးယားအင်ပါယာတွင် အန်ဂျီးသားများက အာလန်နီးယားအင်ပါယာကို ဖျက်ဆီးရန် ကြောက်စရာကောင်းသည့် ကပ်ရောဂါနဲ့ ဖုတ်ကောင် ကပ်ဘေးကို ဖန်တီးခဲ့သည်ဟု ယုံကြည်ကြသည်။ အာလန်နီးယန်းများ၏ ခုခံမှုကို ဖယ်ရှားရန် အာလန်နီးယန်းများကို အောင်နိုင်ရန် ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းကို အသုံးပြုခဲ့ကြတယ်လို့ ယုံကြည်ကြသည်။

" ဒီကောင်တွေကို အာလန်နီးယားက ဘယ်တော့မှ လက်နက်ချမှာ မဟုတ်ဘူး "

ကောင်လေးမှာ စစ်သည်တော် အခြေခံစိတ်ရှိ‌သည်။ သူက ကြယ်အဆင့် စစ်သည်တော် မဟုတ်သော်လည်း ကြောင်တစ်ကောင်လို လျင်မြန်ဖျတ်လတ်သည်။ ပတ်ဝန်းကျင်ကို အလွန်အမင်း သတိထားပြီး တောအုပ်အစွန်းနားတွင် ရွှေ့လျားသွားလာနေသည်။

ပုံမှန်အားဖြင့် လူသားများက အစားအစာလိုချင်ပါက အနီးနားမှ မြို့များကို သွားတတ်ကြသည်။ သို့သော် လီယိုက ဇာတ်ညွှန်းကို ပြောင်းပြန်လှန်ပြီး လူသူနည်းသည့် တောအုပ်အစွန်တွင်ရှာ‌ဖွေနေသည်။ ယခု ဖုတ်ကောင်ကပ်‌ဘေးတွင် မြို့သူမြို့သားအများစုက ဖုတ်ကောင်များဖြစ်သွားကြကြောင်း သူသိထားသည်။ ယခင်တုန်းက လူစည်ကားခဲ့သည့် နေရာများက ယခု ဖုတ်ကောင်များနှင့် ပြည့်နေပြီဖြစ်သည်။

မျိုးရိုးဗီဇပြောင်းလဲသွားသည့် သားရဲများက တောထဲတွင် နေထိုင်ကြသော်လည်း တောစပ်နားတွင် နည်းပါးလှ၏။ ထိုအပြင် တောထဲက တိရစ္ဆာန်အားလုံး မျိုးရိုးဗီဇ သွားသည်မဟုတ်ချေ။ သာမန် တောရိုင်းတိရစ္ဆာန်တချို့သည်လည်း တောစပ်တွင် နေကြသည်။ လီယိုသာ ကံကောင်းပြီး တောရိုင်းတိရစ္ဆာန်တစ်ကောင်ကို ဖမ်းမိနိုင်မည်ဆိုပါက သူနှင့် သူ့ညီမများ တစ်ရက်စာ နှစ်ရက်စာ စားစရာတော့ရကြမည်ဖြစ်သည်။

တောအုပ်အစွန်းနား ရောက်သည့်အခါ ပတ်ဝန်းကျင်ကို ပိုပြီး အာရုံစိုက်မိသည်။

မီတာ ၅၀၀ လောက်အကွာတွင် လူသားဖုတ်‌ကောင်လေးကောင် လှည့်လည်သွားလာနေကြ၏။ သူတို့၏ အဝတ်အစားများအရ သူတို့အသက်ရှင်တုန်းက မုဆိုးများဖြစ်ကြောင်း လီယိုသိနိုင်သည်။ အမဲလိုက်ခရီးအပြီး အိမ်ပြန်မရောက်ခင်မှာပင် ဗီဇပြောင်းသတ္တဝါများ၏ အတိုက်ခံရပြီး ဖုတ်ကောင်ဖြစ်သွားခြင်းဖြစ်သည်။

မုဆိုးအများစုက သာမန်လူများထက် ပိုအားကောင်းကြသဖြင့် ဖုတ်ကောင်အဖြစ် ပြောင်းသွားရန် ပိုခက်သည်။ အမဲလိုက်ရင်း ဒဏ်ရာရ၍ အားနည်းသွားမှသာ ကူးစက်ခံကြရသည်။

ဤကြောက်စရာကောင်းသည့် ပတ်ဝန်းကျင်၌ ရက်သတ္တပတ်အနည်းငယ်ကြာ အသက်ရှင်ကျန်ရစ်ပြီးနောက် လီယိုဟာ ဖုတ်ကောင်ကပ်ဘေးနှင့်ပတ်သက်ပြီး အနည်းငယ်နားလည်လာခဲ့သာ်။ ပုံမှန်လူများထက် အများကြီးပိုအားကောင်းသည့် စစ်သည်များက အသက်ရှင်ရန် အခွင့်အလမ်းပိုများသည်ကို သူသိထားသည်။ သို့သော်လည်း မည်မျှ သန်မာပါစေ ဖုတ်ကောင်များကြောင့် ဒဏ်ရာရသွားပါက ကိစ္စပြတ်ပြီဖြစ်သည်။

လီယိုဟာ ဖုတ်ကောင်များပေါ်ရှိ ဓား ဆေဘာမိားကို မနာလိုစွာကြည့်ပြီး သူ့ကိုယ်သူ ထိန်းချုပ်ကာ အရယူချင်စိတ်ကို ဖိနှိပ်ထားရသည်။ သူနှင့် သူ့ညီမများအတွက် လက်နက်ရပါက အသက်ရှင်ဖို့ အခွင့်အလမ်းပိုများသော်လည်း ဗိုက်ဆာပြီး အားနည်းနေသည်ဖြစ်ရာ ထိုအမဲလိုက်ဖုတ်ကောင်များနှင့်ယှဉ်မရတော့ချေ။

သူနဲ့ ထိုဖုတ်ကောင်များကြားတွင် မီတာရာနှင့်ချီကာ အကွာအဝေး ထိန်းသိမ်းထားသရွေ့ သူတို့၏ အာရုံကို သူဆွဲဆောင်နိုင်မည် မ‌ဟုတ်ချေ။ပတ်ပတ်လည်ကို သေချာစွာကြည့်ရှုပြီးနောက် သူသည် တိရစ္ဆာန်များ မကြာခဏသွားလေ့ရှိသော လမ်းကြောင်းအချို့ကို ရွေးချယ်ပြီး ထောင်ချောက်ငယ်အချို့ကို ထောင်ထားခဲ့သည်။

လွန်ခဲ့သောလအနည်းငယ်အတွင်း သူ့အဖေက သူ့ကို ယုန်နှင့် ကြွက်ကြီးကဲ့သို့သော တိရစ္ဆာန်ငယ်များကို အမဲလိုက်ရန် ဤနေရာသို့ ခေါ်ဆောင်လာခဲ့သည်။ ထို့ကြောင့် လီယိုသည် ဤအရာအားလုံးကို မည်သို့လုပ်ဆောင်ရမည်ကို သိခဲ့သည်။

ပြင်ဆင်မှုအားလုံးပြီးသွားပြီးနောက် သူက ရှည်လျားသောစောင့်ဆိုင်းမှုကို စတင်လိုက်သည်။

၎င်းက သူလုပ်နိုင်တဲ့ တစ်ခုတည်းသောအရာဖြစ်သည်။ သူက ထောင်ချောက်များကို အားမကိုးပါက သူ့ရဲ့ လက်ရှိအခြေအနေတွင် တိရစ္ဆာန်များကိုပင် ဖမ်းနိုင်မည် မဟုတ်ချေ။

ကံဆိုးစွာဖြင့် ယနေ့ လီယို၏ကံက ကောင်းမွန်ခြင်းမရှိပေ။ နေပူထဲ၌ နှစ်နာရီ သုံးနာရီစောင့်ပြီးသည့်နောက်ပင် သူ ဘာမျှမရခဲ့ချေ။

သူက သူ့ခြောက်သွေ့နေသည့်နှုတ်ခမ်းများကို သပ်လိုက်ပြီး သမင်သားရေရေဘူးကို ပုတ်ကာ ရေသွားရှာရန်ဆုံးဖြတ်လိုက်၏။ မိုးမချုပ်မှီ ကျောက်ဂူသို့ ပြန်သွားရမည်ဖြစ်သည်။ ညဘက်၌ မျိုးရိုးဗီဇပြောင်းလဲသွားသည့် သတ္တဝါများနှင့် ဖုတ်ကောင်များက ပိုမိုရန်လိုလာကြမည်ဖြစ်သည်။

သူ့ကျောကိုင်းပြီး ရှေ့သို့ ဂရုတစိုက် ဆက်သွားနေလိုက်၏။

မြစ်များထဲမှ ရေများက ညစ်ညမ်းနေပြီဖြစ်ရာ အသုံးပြုမရတော့ချေ။ ထို့ကြောင့် သူက စမ်းရေတချို့ ရှာရမည်ဖြစ်သည်။

လီယိုဟာ ပုန်းကွယ်နေသည့် စမ်းရေတွင်းတစ်ခုကို သိထားပြီး ရေအရည်အသွေးလည်း အလွန်ကောင်းမွန်လှသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းမှာ သူနှင့်အတူ သူ့ညီမများဟာ ထိုရေကိုမှီခို၍ အသက်ဆက်ခဲ့ရခြင်းဖြစ်သည်။

ခရီးက သူ့အတွက် မိနစ် ၄၀ ကျော် ကြာခဲ့သည်။

ကံကောင်းထောက်မစွာပင် သူဟာ မျိုးရိုးဗီဇပြောင်း သတ္တဝါများ ဖုတ်ကောင်များနှင့် မတွေ့ခဲ့ရချေ။

သို့သော်လည်း ထောင်ချောက်များဆီသို့ ပြန်ရောက်သောအခါ သူ့ရင်ထဲတွင် ဆို့နစ်သွားရသည်။ ထောင်ချောက်နှစ်ခုစလုံးတွင် မည်သည့်အရာမျှ မတွေ့ရှိရပေ။

" နေဝင်တော့မယ် တစ်နာရီကျော်ကျော်လေးအတွင်းမှာ နေဝင်တော့မယ် နေမဝင်ခင် စားစရာရှာမတွေ့ရင်..." မှောင်မိုက်နေသည့် ကျောက်ဂူထဲတွင် ဆာလောင်ပြီး ကြောက်လန့်နေရမည့် သူ့ ညီမငယ်နှစ်ယောက်ကို ပြန်တွေးမိတော့ လီယို စိုးရိမ်စိတ်ဝင်လာ၏။ သူ နောက်ထပ် မစောင့်နိုင်တော့ဘူးဆိုတာ သိလိုက်သည်။

" တောနဲ့ ပိုနီးအောင် သွားရမယ် အဲဒီမှာ တိရစ္ဆာန်တွေ ပိုများတယ် "

သူ့ဘေးကင်းရေးကို လျစ်လျူရှုပြီး လီယိုဟာ ဒီတစ်ခါတော့ စွန့်စားရန်ဆုံးဖြတ်လိုက်သည်။ မဟုတ်ပါက အလွန်ဆာလောင်နေသည့် သူ့ညီမနှစ်ယောက် နောက်တစ်နေ့ ခံနိုင်ရည်ရှိမည်မဟုတ်ချေ။

သူသည် ထောင်ချောက်များကို ဖြုတ်ပြီး ခါးတွင် ချည်နှောင်လိုက်သည်။ ထို့နောက် တောအုပ်အစွန်းသို့ သတိထား၍ ချဉ်းကပ်သွားသည်။

နှစ်ကီလိုမီတာခန့်အကွာတွင် သစ်တောငယ်အချို့ရှိပြီး တောင်တန်း၏အပြင်ပိုင်းလေးဖြစ်သည်။

သူသာ ဆယ်ကီလိုမီတာလောက် ရှေ့ဆက်တိုးသွားမည်ဆိုပါက ပိုမြင့်မားသော သစ်ပင်များကိုတွေ့ရမည်ဖြစ်သည်။ အမှောင်မိစ္ဆာစွမ်းအင်များက ထိုသစ်တော့ကို လွှမ်းခြုံထားပေသည်။

အခန်း ၁၀၇၃: ဆိုးရွားသောအခြေအနေကို ကျော်လွှားခြင်း (အပိုင်းနှစ်)

လွန်ခဲ့သည့် တစ်ရက်၊ နှစ်ရက်ခန့်က တောထဲတွင် ထူးဆန်းမှု တစ်ခုခု ဖြစ်ပျက်ခဲ့ပြီး တချို့က သန့်ရှင်းသောနတ်ဘုရား အရှိန်အဝါကို ခံစားမိသည်ဟု ဆိုကြသော်လည်း အဓိပ္ပာယ်မရှိချေ။ အာလန်နီယန်လူမျိုးများက သန့်ရှင်းသော ဘုရားကျောင်းနှင့် သန့်ရှင်းသော ဘုရားသခင်အပေါ် မျှော်လင့်ချက်၊ ယုံကြည်မှုများ ဆုံးရှုံးသွားကြသည်။

ဤကပ်ဘေးတွင် သန့်ရှင်းသော ဘုရားကျောင်း၏ ဘုန်းတော်ကြီးများပင် ဖုတ်ကောင်များအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။

လီယို တောအုပ်ငယ်လေးမှ မီတာ ၂၀၀ ခန့်အကွာသို့ ရောက်လာသည့်အခါ ရုတ်တရက် ပြင်းထန်သည့်အန္တရာယ်ကို သတိထားမိသွား၏။

လေတိုးသံများ ထွက်ပေါ်လာပြီး အနက်ရောင်ပုံရိပ်တစ်ခု ပြေးထွက်လာကာ လီယိုထံ ခုန်အုပ်လာသည်။ ချက်ချင်းပင် ရွံရှာဖွယ်ကောင်းသည့် အနံ့ဆိုးတစ်ခု လေထုထဲကို ပျံ့နှံ့သွား၏။

" မျိုးရိုးဗီဇပြောင်းလဲသွားတဲ့ နတ်ဆိုးဝံပုလွေလား ဒါက တောအုပ်ရဲ့ အပြင်ဘက်အစွန်အဖျားပဲ ဒီသတ္တဝါက ဘယ်လိုလုပ် ဒီမှာပေါ်လာရတာလဲ "

လီယိုက အသက် ၁၅ နှစ်ခန့်သာရှိသည့် သာမန်ကောင်လေးတစ်ယောက်ဖြစ်ပြီး ဤကဲ့သို့အဖြစ်အပျက်မျိုး တစ်ခါမျှ မကြုံဖူးချေ။

အဆင့် ၃ နတ်ဆိုးဝံပုလွေမိားက တောနက်ထဲမှာပင် နေထိုင်ကြပြီး တောစပ်တွင် မည်အခါကမျှ ပေါ်မလာဖူးချေ။

လီယိုသည် ကြောက်ရွံ့မှုကြောင့် မသိစိတ်မှ ခေါင်းလှည့်လိုက်ရာ အနက်ရောင်နတ်ဆိုးဝံပုလွေ၏ ပါးစပ်ကြီးနှင့် အဖြူရောင်ချွန်ထက်သော သွားများကို မြင်လိုက်ရသည်။

သနားစရာကောင်လေးမှာ သူ့ခြေထောက်မိား ဂျယ်လီများသဖွယ် ပျော့ခွေသွားသလို ခံစားလိုက်ရသည်။ သူ့မသိစိတ်မှ ရှောင်တိမ်းရန် ကြိုးစားခဲ့သော်လည်း သူ့ကျောတွင် ပူလောင်သည့်ခံစားချက်ကို ခံစားလိုက်ရသည်။

ကောင်လေး၏ စိတ်ထဲ ဆို့နစ်သွားပြီး သူပြီးသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။

မျိုးရိုးဗီဇပြောင်းလဲသွားသည့် သတ္တဝါများကြောင့် ထိခိုက်ဒဏ်ရာရပါက မိစ္ဆာအမှောင်စွမ်းအင် ကူးစက်ခံရပြီး ကြယ်တစ်ပွင့်စစ်သည်တော်ပင်လျှင် ဖုတ်ကောင်ဖြစ်သွားရမည်ဖြစ်သည်။

သူ့ကျောပေါ်မှ ပူလောင်တဲ့ခံစားချက်ကို ကြည့်ခြင်းအားဖြင့် လီယိုဟာ သူဒဏ်ရာရသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။

သူ့နောက်က နတ်ဆိုးဝံပုလွေ၏ ဟိန်းဟောက်သံမိား ထွက်ပေါ်လာပြီး သွေးစွန်းနေသည့် ပါးစပ်မှ ထွက်လာသည့် စက်ဆုပ်ရွံရှာဖွယ်ကောင်းကာ စိုစွတ်သည့်လေကို သူ ခံစားလိုက်ရ၏။

ကောင်လေး၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး လှုပ်လို့မရတော့ချေ။

သို့သော် ဤအချိန်တွင် သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံး နှေးကွေးသွားသလို ခံစားလိုက်ရသည်။

မှောင်မိုက်နေသည့်ကျောက်ဂူထဲတွင် သူ့ကို စောင့်မျှော်နေမည့် သူ့ ညီမငယ်နှစ်ယောက်ကို သူ ပြန်တွေးမိသွားသည်။ သူတို့က အလွန်ငယ်ရွယ်ပြီး မိဘများကို ဆုံးရှုံးခဲ့ရသည့် သူ့ကိုပါ ထပ်ဆုံးရှုံးပါက မည်သို့မျှ ဆက်လက်ရှင်သန်နိုင်ကြမည်မဟုတ်ချော

" ငါ အသက်ရှင်ရမယ် ငါ မသေနိုင်ဘူး ကီလီ ဒီလီ ငါ့ရဲ့ ချစ်လှစွာသော ညီမငယ်လေးတွေ ငါသေရင် မင်းတို့ ဘယ်လို အသက်ရှင်ကြမလဲ "

လီယို၏ခန္ဓာကိုယ်ထဲတွင် စွမ်းအားတစ်ခု ရုတ်တရက် တောက်ပလာပြီး ဒီ

ကောင်လေးဟာ အရေးကြီးသည့် အချိန်တွင် ဘေးဘက်သို့ လှိမ့်ထွက်နိုင်ခဲ့သည်။

သို့သော်လည်း သူ့ပခုံးပေါ်ရှိ ပူလောင်သောခံစားချက်က သူ ထပ်မံဒဏ်ရာရရှိခဲ့ကြောင်း ပြောပြနေသည်။ မျိုးရိုးဗီဇပြောင်းလဲသွားသော နတ်ဆိုးဝံပုလွေသည် သူ့အသားစိုင်ကြီးတစ်ခုကို ဆွဲဖြဲလိုက်ပြီး ဒဏ်ရာမှ သွေးများ ချက်ချင်းစီးကျလာသည်။

လီယိုဟာ စစ်သည်တော်အခြေခံရှိတဲ့ ကောင်လေးတစ်ယောက်သာ ဖြစ်သည်။ ကြယ်လေးပွင့်စစ်သည်တော်အဆင့်နှင့် နီးစပ်နေသည့် မျိုးရိုးဗီဇပြောင်းလဲသွားသည့် နတ်ဆိုးဝံပုလွေတစ်ကောင်ကို ရင်ဆိုင်ရတာက သူ့ရဲ့ အကန့်အသတ်ကို‌ေကျာ်‌ေနသည်။ သူ့ အသက်ရှင်ဖို့ အခွင့်အရေးက သုညနှင့် ညီမျှသည်။

ကောင်လေးက လှည့်ပြီး ထွက်ပြေးရန် ကြိုးစားလိုက်၏။

သို့သော်လည်း နတ်ဆိုးဝံပုလွေ၏ ကိုက်ချက်ြ သူ့ကို တစ်ဖန်မိသွားပြီး မြေပြင်ပေါ်သို့ လျင်မြန်စွာ တွန်းချလိုက်သည်။

ဝံပုလွေရဲ့ ရှေ့လက်သည်းတွေက ကောင်လေးရဲ့ ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်သွားပြီး အနက်ရောင်တံတွေးများက သူ့လည်ပင်းပေါ်ကို စီးကျလာသည်။ နတ်ဆိုးဝံပုလွေ၏ မျက်လုံးများထဲတွင် ကြောက်စရာကောင်းသည့် အနီရောင်အလင်းတန်းများ တောက်ပလာပြီး ဓားလို ချွန်ထက်သည့်သွားများက ကောင်လေး၏ လည်ပင်းကို ကိုက်ဖြတ်လာသည်။

" မေမေ ဖေဖေ ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော့်ရဲ့ ညီမငယ်လေးတွေကို ကျွန်တော် မကာကွယ်နိုင်တော့ဘူး..." ကောင်လေးဟာ စိတ်ပျက်လက်ပျက်နှင့် လက်လျှော့လိုက်သည်။

ထိုအချိန်တွင် မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်လာခဲ့၏။

ဝှစ်ရှ်

လေတိုးသံတစ်ခု ထွက်ပေါ်လာပြီး လီယို ပြန်ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ သူ့ခေါင်းကို မသိစိတ်က လှည့်ကြည့်လိုက်တော့ အဆင့် ၃ မျိုးရိုးဗီဇပြောင်းလဲသွားသည့် နတ်ဆိုးဝံပုလွေသည် တောနက်ထဲမှ ပစ်လွှတ်လိုက်သော မြားချက်များ မိသွားသည်ကို ‌တွေ့လိုက်ရသည်ာ

သာမန်ဓားရှည်များက နတ်ဆိုးဝံပုလွေများ၏ လည်ပင်းကိုတောင် မခုတ်ဖြစ်နိုင်ပေ။ သို့သော် သာမန်ပုံစံရှိသည့် ထိုမြားများက ဝံပုလွေ၏ လယ်မျိုကို‌ဖောက်၍ မြေကြီးထဲစိုက်ဝင်သွား၏။ ထိုဝံပုလွေ အသက်ရှင်နိုင်မည်မဟုတ်ချေ။

" ဘယ်သူလဲ "

ကောင်လေးက ထိုင်ဖို့ ရုန်းကန်နေပြီး မြားများ၏ လားရာဘက်ကိုလှည့်ကြည့်လိုက်၏။

သူ မျက်လုံးထဲတွင် အဖြူရောင်သံချပ်ကာများကို ဝတ်ဆင်ထားသော စစ်သည်လေးငါးဦးအဖွဲ့ကို မြင်လိုက်ရသည်။ သူတို့သည် တောအုပ်ထဲမှ အလျင်အမြန် ထွက်လာရင်း တစ်စုံတစ်ခုကို အော်ဟစ်နေကြပြီး ဦးဆောင်သူမှာ လေးကိုင်ဆောင်ထားသည်။ နတ်ဆိုးဝံပုလွေကို သတ်ပစ်ခဲ့သော မြားများသည် သူ့ထံမှ လာကြောင်း ထင်ရှားသည်။

" သူတို့က ဘယ်သူတွေလဲ သူတို့က အာလန်နီးယားရဲ့ ဘာသာစကားကို မပြောကြဘူ။ သူတို့က အန်ဂျီက ယုတ်မာတွေလား " ဟုကောင်လေးက တွေးမိသွားသည်။ သို့သော် သူအမြန် ခေါင်းခါမိသွား၏။ "မဟုတ်ဘူး အန်ဂျီးသားတွေ သုံးတဲ့ ဘာသာစကားကို ကြားဖူးတယ် ဒါပေမယ့် ဒီလို မဟုတ်ဘူး သူတို့က အနီးနားက ဒိုင်ယက်ဖောက် အင်ပါယာက စစ်သည်တွေလား"

အဖြူရောင်ဝတ်ထားသည့် စစ်သည်တော်များက လီယို၏ဘေးကို မြန်မြန်လျှောက်လာကြသည်။

ထို့နောက် အချက်ပြမှုအချို့ကို ပေးပို့လိုက်သောအခါ သတိလစ်လုနီးပါးဖြစ်နေသော ဤကောင်လေးသည် တောအုပ်ထဲမှ အဖြူရောင်ဝတ်စုံဖြင့် များစွာသော စစ်သည်တော်များ လျှောက်ထွက်လာသည်ကို မြင်လိုက်ရပြီး အဖြူရောင်ဝတ်စုံနှင့် ခွန်အားကြီးမားသော စစ်သည်တော်များသည် ဆံပင်အနက်ရောင်ရှိသော လူငယ်တစ်ဦး၏ နောက်တွင်နေနေကြသည်။

ထိုလူငယ်လေးက အလွန်ချောမောပြီး မျက်နှာတွင်ဖော်ရွေသည့် အပြုံးတစ်ခု ရှိသည်။

လီယိုအမြင်တွင် ထိုလူငယ်ကို ခရီးသွားကဗျာဆရာများ၏ ပုံပြင်များထဲမှ ပြီးပြည့်စုံသောနတ်ဘုရားတစ်ပါးကဲ့သို့ ဖော်ပြ၍မရသော်လည်း ခမ်းနားထည်ဝါသော အရှိန်အဝါတစ်ခုကို ဤလူငယ်ထံမှ ခံစားမိပြီး နတ်ဘုရားအလင်းတန်းများက သူ့ပတ်လည်တွင် ထွန်းလင်းနေသည်။

အာလန်နီးယားမှ ဂုဏ်ဝင့်ထည်သော မင်းမျိုးမင်းနွယ်များနှင့် နိုက်သူရဲ‌ခေါင်းများပင် ဤလူငယ်နှင့် ယှဉ်မရပေ။

နောက်ဆုံး သတိလစ်သွားချိန်တွင် လီယိုမှာ ဤခမ်းနားသည့်လူငယ်လေးက သူ့ဆီကို လျှောက်လာသည်ကို မြင်လိုက်ရသည်။ အဖြူရောင်ဝတ်စုံဝတ်ထားသည့် စစ်သည်တော်များ၏ တင်ပြမှုကိုနားထောင်ပြီးနောက် ထိုလူငယ်မှာ လက်ကိုဆန့်ထုတ်လိုက်ရာ နွေးထွေးသောအလင်းတန်းများ ထွက်ပေါ်လာပြီး လီယိုကိုယ်ထဲဝင်လာသည်။ ထိုအရာများက လီယိုကို သက်တောင့်သက်သာဖြစ်စေ၏။ ထို့နောက် လီယို မေ့လဲသွားသည်။

End

All Chapters