မြို့တော်သို့ ပြန်လာခြင်း (အပိုင်းတစ်)
Vol. 73 Ch. 1064
သူ့ခွန်အားကို မြှင့်တင်နေချိန်မှာပင် ဖေး က အမိန့်ထုတ်ပြန်ပြီး ချမ်းဘော့ဒ် ကို ခရီးစဉ်အတွက် ပြင်ဆင်ဖို့ စတင်စေခဲ့သည်။
အန်ဂျီဧကရာဇ် ကရီမော့ဗ် နတ်ရွာစံခြင်းမပြုမီတွင် နတ်ဘုရားတစ်ပါးသည် အန်ဂျီအင်ပါယာကို ကာကွယ်ပေးခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့အပြင် ဖေးသည် အန်ဂျီဧကရာဇ် ကရီမော့ဗ်နှင့် ဇင်းနစ်ဧကရာဇ် ရက်ဆင်တို့၏ တိုက်ပွဲကို ကြည့်ရှုစဉ် အံ့အားသင့်ဖွယ် တွေ့ရှိချက်အချို့ကို တွေ့ရှိခဲ့သည်။ အန်ဂျီးဧကရာဇ် ကရီမော့ဗ်၏ ရုပ်အလောင်းမှ ယောင်ဝါးဝါး တစ္ဆေများ ပေါ်လာခြင်းက ဖေးအား အံ့အားသင့်စေခဲ့ပြီး သူ၏ တွေ့ရှိချက်အချို့ကို အတည်ပြုရန် အန်ဂျီအင်ပါယာသို့ သွားလိုသည်။
ခရီးစဉ်က သူ့အတွက် အရေးကြီး လျှို့ဝှက်အချက်အလက်များကို ဖော်ထုတ်နိုင်မည်ဖြစ်၍ ဖေး ဟာ ဇင်းနစ် တပ်များကို ခေါ်လာဖို့ မစီစဉ်ထားချေ။ ယခု ခရီးတွင်ချမ်းဘော့ဒ်၏ စစ်အင်အားကိုသာ အသုံးပြုရန် ဆုံးဖြတ်ထားသည်။
ထို့ကြောင့် ဤခရီးစဉ်သည် ချမ်းဘော့ဒ် ၏သမိုင်းတွင် တိုင်းပြည်သည် ၎င်း၏မိခင်အင်ပါယာပြင်ပတွင် ကြီးမားသောစစ်ရေးလှုပ်ရှားမှုတစ်ခုပြုလုပ်နေခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သောကြောင့် ပိုမိုအလေးပေးခဲ့ပြီး ထိပ်တန်းဦးစားပေးဖြစ်ခဲ့သည်။
ဘုရင်က အမိန့်ထုတ်ပြန်ပြီးနောက် ချမ်းဘော့ဒ် ၏ အရာရှိအားလုံး အလုပ်များသည့် အခြေအနေရောက်သွားကြ၏။ ချမ်းဘော့ဒ်က အမဲဆီဝနေသော စက်ယန္တရားကြီးအလား လှုပ်ရှားလာသည်။
ထို့အပြင် စစ်တပ်သည် စစ်သည်များကို တက်ကြွစွာ ရွေးချယ်ပြီး စစ်ထုတ်ခဲ့သည်။ ချမ်းဘော့ဒ် တပ်တွင် ယခုအခါ စစ်သည် ၂၀,၀၀၀ ရှိပြီး ၎င်းတို့အားလုံးသည် ကျယ်ပြန့်သော လေ့ကျင့်မှုကို ဖြတ်သန်းခဲ့သော လက်ရွေးစင်များ ဖြစ်ကြသည်။ ဘုရင်၏ အမိန့်အရ အလွန်သစ္စာရှိပြီး ကြယ်သုံးပွင့် ထက် ပိုမိုအားကောင်းသော လက်ရွေးစင်များသာ ဤစစ်ဆင်ရေးတွင် ပါဝင်နိုင်သည်။
ခရီးစဉ်မှာ စစ်ရေးလျှို့ဝှက်ချက်မဟုတ်သည့်အတွက် ဖေး လျှို့ဝှက်မထားခဲ့သလို အခြားသူများဆီကလည်း မဖုံးကွယ်ထားခဲ့ချေ။
မကြာမီတွင် ဇင်းနစ် အင်ပါယာရှိ တပ်ဖွဲ့များနှင့် တိုင်းပြည်များအားလုံးသည် ဤအကြောင်းကို သိရှိသွားကြသည်။ သတင်းသည် ထိုဒေသတစ်ဝိုက်တွင် လေဆင်နှာမောင်းများကဲ့သို့ ပျံ့နှံ့သွားပြီး ဇင်းနစ် မှ ကီလိုမီတာ ၅၀၀,၀၀၀ အတွင်းရှိ အင်ပါယာအားလုံးသည် ဇင်းနစ် အင်ပါယာက အန်ဂျီး အင်ပါယာသို့ တပ်တစ်တပ် စေလွှတ်တော့မည်ဟူသော သတင်းအချက်အလက်ကို ရရှိခဲ့ကြသည်။
ရလဒ်အနေဖြင့်၊ ငြိမ်းချမ်းသော အဇာရို့သ် မြောက်ပိုင်းဒေသ၏လေထုသည် တင်းမာလာပြီး ရည်ရွယ်ချက်အမျိုးမျိုးရှိသော မျက်လုံးများစွာသည် ချမ်းဘော့ဒ် ဆီသို့ ကြည့်နေကြသည်။
အဇာရို့သ် မြောက်ပိုင်းဒေသရှိ တပ်ဖွဲ့အားလုံးသည် အခြေအနေတိုးတက်မှုကို အနီးကပ်အာရုံစိုက်ခဲ့ကြသည်။
ဤစစ်ပွဲက မြောက်ပိုင်းဒေသတစ်ခုလုံးကို ထိခိုက်စေမည့် စစ်ပွဲတစ်ခုဖြစ်လာမည်ဆိုသည်က ထင်ရှားလှသည်။ ဇင်းနစ်အင်ပါယာရဲ့ စစ်ရေးအင်အား လူဦးရေမှာ စူပါအင်ပါယာတချို့နဲ့ မယှဉ်နိုင်သော်လည်း ဧကရာဇ်ရက်ဆင် နတ်ဘုရားတစ်ပိုင်းဖြစ်လာပြီးနောက် ဒေသတွင်း၌ သူ့ဩဇာဟာ နံပါတ် ၁ အဆင့်မှာ ရှိလာပြီဖြစ်သည်။
အန်ဂျီအင်ပါယာသည် အလျင်အမြန် အစွမ်းထက်လာပြီး စစ်အာဏာရှင်စနစ်ကို ယုံကြည်ကြသည်။ အန်ဂျီပြည်သားအားလုံးသည် လိုအပ်သည့်အခါ စစ်သည်များအဖြစ် ပြောင်းလဲနိုင်သည်ဟု ဆိုနိုင်သည်။
အန်ဂျီဧကရာဇ် ကယ်ရီမော့ဗ်သည် တိုက်ပွဲတွင် ကျဆုံးခဲ့သော်လည်း ဤအင်ပါယာ၏ အစွမ်းသတ္တိကို လျစ်လျူရှု၍မရပါ။
နတ်ဘုရားတစ်ပိုင်းဖြစ်သော ဧကရာဇ် ရက်ဆင် မလှုပ်ရှားပါက အန်ဂျီအင်ပါယာသည် ဇင်းနစ်တပ်တစ်တပ်ကို တိုက်ခိုက်ရန် အခွင့်အရေးရှိနေဆဲဖြစ်သည်။
အကြမ်းဖျင်းအားဖြင့် ဤစစ်ပွဲသည် အဇာရို့သ်မြောက်ပိုင်းဒေသ၏ နိုင်ငံရေးနယ်ပယ်နှင့် အာဏာပြောင်းလဲမှုများအပေါ် မရေမတွက်နိုင်သော သြဇာလွှမ်းမိုးမှုရှိတော့မည်ဖြစ်သည်။ အဇာရို့သ်တိုက်ကြီးသည်လည်း ဆူပူအုံကြွသည့်ခေတ်သို့ရောက်လာပြီဖြစ်ရာ ဤတိုက်ပွဲက လက်ရှိအခြေအနေအရ အလွန်အရေးပါနေသည်။
ရက် ၂၀ ကြာပြီးနောက် ဖေး ရဲ့ လုပ်ကြံသတ်ဖြတ်သူ ဇာတ်ကောင်မှာ အိပ်မက်ဆိုးပုံစံ ၈၀ ကို ရောက်ရှိသွားပြီး ၎င်းက အစစ်အမှန်ကမ္ဘာတွင် လပြည့်အဆင့်ကျွမ်းကျင်သူနှင့် ညီမျှပေသည်။
လျှို့ဝှက်ဆန်းကြယ်သည့် လုပ်ကြံသတ်ဖြတ်သူ၏ ကျွမ်းကျင်မှုများ၊ သိပ္ပံရူး ဓာတ်ခွဲခန်းက ဖန်တီးထားသည့် ပစ္စည်းများနှင့် နေအဆင့် ကို နားလည်ထားသူဖြစ်သဖြင့် ဖေးမှာ နေအဆင့်အရှင်သခင်ကို ကို အဆင့်နိမ့် လပြည့်အဆင့် လုပ်ကြံသတ်ဖြတ်သူအနေနှင့် တိုက်ခိုက်ရန် ယုံကြည်ချက်ရှိသည်။
ထိုကိစ္စအပြင် သူ ကောင်းမွန်သည့် ပစ္စည်းအနည်းငယ်ကိုလည်း ရရှိခဲ့သည်။ သူဟာ လုပ်ကြံသတ်ဖြတ်သူမိားအတွက် သင့်တော်တဲ့ နာတာလျာ ပစ္စည်းအစု အစိတ်အပိုင်းနှစ်ခုကို ရရှိခဲ့ပြီး ထိုပစ္စည်းနှစ်ခုက [နာတာလျာအမှတ် – ဆာဝါရာကတ်ကြေးနှင့်] နဲ့ [ နာတာရာအရိပ်-လိုရီကိတ်တက်မေးလ်] တို့ဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ ဒဏ္ဍာရီလာယစ်ပလ္လင် က ဖေး လူရိုင်း ဇာတ်ကောင်ပုံစံမှ လွန်ခဲ့သည့် သုံးလနီးပါးရခဲ့သည့် ငရဲပုံစံ ကမ္ဘာကျောက်တုံး ကို နောက်ဆုံးတွင် သန့်စင်ပေးခဲ့သည်။ သူ့အရွယ်အစားဟာ ထက်ဝက်ကျော်လျော့ကျသွားပြီး ယခု အိပ်မက်ဆန်တဲ့အလင်းရောင်များ ဖြာထွက်နေသည့် သန့်စင်သော ကောင်းကင်ပြာရောင် ကျောက်တုံးတစ်ခု ဖြစ်လာပြီဖြစ်သည်။
ဤသန့်စင်ထားသည့် ပုံဆောင်ခဲဟာ အဖိုးမဖြတ်နိုင်ချေ။
ခဏမျှစဉ်းစားပြီးနောက်၊ ဖေးသည် ၎င်းကို စွမ်းအားအရင်းအမြစ်အဖြစ် ကောင်းကင်ရဲတိုက် တွင်ထားရန် ဆုံးဖြတ်လိုက်ပြီး အလယ်ဗဟိုနတ်ဘုရားတောင်ပေါ်မှ နတ်ဘုရားဘုရင်နတ်းတော်ရှိ ရှိ နတ်ဘုရားအဆင့်ယန္တရားတွင် ထားရှိလိုက်ရာ ဤကြီးကျယ်သောမြို့အတွက် အကန့်အသတ်မရှိ စွမ်းအင်ပမာဏကို ပေးစွမ်းနိုင်လာသည်။
အခန်း ၁၀၆၄: မြို့တော်သို့ ပြန်လာခြင်း (အပိုင်းနှစ်)
အာကာရာ နှင့် ကိန်း တို့၏ ခန့်မှန်းချက်အရ ဤ ကမ္ဘာ့ကျောက်တုံးသည်မြို့ကို အမြင့်ဆုံးစွမ်းရည်ဖြင့် အသုံးပြုနေချိန်တွင် နှစ်ပေါင်း ၁၀၀၀ ခန့် ကြာရှည်စွာ စွမ်းအင်ထုတ်ပေးနိုင်သည်။
ဖေး လူရိုင်းပုံစံဖြင့် ရခဲ့သည့် အိပ်မက်ဆိုးပုံစံမှ ကမ္ဘာ့ကျောက်တုံးကို ကောင်းကင်ရဲတိုက်တွင်အသုံးပြုခဲ့ပြီး ယခုကျောက်တုံးကိုလည်း မြို့ချဲ့ရာတွင် အသုံးပြုလိုက်သည်။ ငါးရက်ကြာ ကိန်း အာကာရ နှင့် ဖေးတို့ နတ်ဘုရားတစ်ပိုင်းရုန်းများစွာသုံး၍ အစီအရင်များစွာတည်ဆောက်ပြီး မြို့ကိုချဲ့ကာခိုင်မာစေခဲ့ကြသည်။
အရာအားလုံး နေရာတကျဖြစ်ပြီးနောက် နေအဆင့်အရှင် အောက်ရှိ မည်သူမျှ ချမ်းဘော့ဒ်မြို့ ၏ ခံစစ်ကို တိုက်ရိုက်မဖောက်ထွက်နိုင်ပေ။
အရာအားလုံးတည်ဆောက်ပြီးသောအခါ ချမ်းဘော့ဒ် စစ်တပ်သည်လည်း ရွေးချယ်ရေးလုပ်ငန်းစဉ်ကို ပြီးမြောက်ခဲ့သည်။ ဘရွတ်က က ကြယ်သုံးပွင့် ထက် ပိုအားကောင်းသည့် စစ်သညါ ၁၀၀၀ ကို ရွေးချယ်ခဲ့ပြီး သူတို့ဟာ ဘုရင်နဲ့အတူ စစ်ဆင်ရေးကို သွားကြမည်ဖြစ်သည်။ စစ်သားအရေအတွက် နည်းသယောင် ထင်ရသော်လည်း အစွမ်းကအံ့မခန်းဖ့စ်သည်။ သူတို့ကို မှန်ကန်စွာ အမိန့်ပေးနိုင်ပါက တပ်မကြီးတစ်ခုလုံးကိုပင် ဖြိုခွင်းနိုင်မည်ဖြစ်သည်။
ချမ်းဘော့ဒ်၏ ရွှေသူတော်စင်များထဲမှ ဖေး၏ ကိုယ်ရံတော် တောရက် တစ်ယောက်တည်းသာ ဘုရင်နှင့်အတူ လိုက်သွားမည်ဖြစ်သည်။ ကျန်သူတော်စင်များက ကျန်ခဲ့ပြီး တိုင်းပြည်ကိုကာကွယ်ကြမည်ဖြစ်၏။ အော်မွန်များအနေနှင့် ဇင်းနစ်တွင် သူတို့၏ မင်းသားနှစ်ပါးကျဆုံးခဲ့သည်ကို မေ့ပစ်မည်ဟု ဖေးမထင်ချေ။
ထို့ပြင် ကောင်းကင်အရှင်သခင်ဟု လူသိများသည့် အော်မွန်၏ လေသင်္ဘောများကို ချမ်းဘော့ဒ်က သိမ်းပိုက်လိုက်သဖြင့် သူတို့က ချမ်းဘော့ဒ်ပြည်နှင့် ဘုရင်ကိုအလွန်မုန်းတီ းနေကြသည်။ အဇာရို့သ်တိုက်ကြီး၏ အခြေအနေက မတည်မငြိမ်ဖြစ်နေပြီး အခွှင့်ကောင်းလည်းမရသေး၍သာ အော်မွန်ပြည်က လက်စားမချေကြသေးခြင်းဖြစ်သည်။
ဖေးသာ ချမ်းဘော့တပ်ဖွဲ့ဝင်အားလုံးကိုခေါ်သွားပါက တစ်ချို့ရဲရင့်သူများ လှုပ်ရှားလာသည်အခါ ဒုက္ခတွေ့နိုင်သည်။ ထို့ကြောင့် အားလုံးကို ခေါ်မသွားခြင်းဖြစ်သည်။
ခရီးစဉ်မထွက်ခွာမီ ဖေး သည် စိန့်ပီတာဘတ်သို့သွားပြီး ဧကရာဇ် ရက်ဆင် ထံ အစီရင်ခံရမည်။ ဇင်းနစ် အင်ပါယာသည် စစ်သားများစေလွှတ်ရန် မလိုအပ်သော်လည်း၊ စစ်ပွဲစတင်သည်နှင့် ထောက်ပံ့ရေးပစ္စည်းများနှင့် အရင်းအမြစ်များစွာ လိုအပ်မည်ဖြစ်သည်။ ဖေး သည် ဇင်းနစ်က ကုန်ကျစရိတ်အားလုံးကို ကျခံမည်ကို သေချာစေရမည်။ မဟုတ်ပါက ချမ်းဘော့ဒ် အတွက် ကြီးမားသော ကုန်ကျစရိတ်တစ်ခု ဖြစ်လာမည်ဖြစ်ပြီး ချမ်းဘော့ဒ်သား များ၏ ပခုံးပေါ်တွင် ဝန်ထုပ်ဝန်ပိုး တိုးစေမည်ဖြစ်သည်။
ဖေးက လူဖီလေးကို စိန့်ပီတာဘတ်တွင်ထားခဲ့ချင်သော်လည်း လူဖီလေးက လေသင်္ဘောများကို အတော်လေးနှစ်ခြိုက်နေသည်။ ထို့ပြင် သူက ဘာဘိုဇာ၊ ဂျက်စပဲရိုးတို့နှင့်တတွဲတွဲဖြစ်နေပြီး လိမ္မာနေရာ ချန်မထားရက်တော့ပေ။ ထို့ကြောင့် သူ့ကိုသင်ကြားပေးခေါ်ခဲ့လိုက်၏။
ဖေး စိန့်ပီတာဘတ်သို့သွားသောအခါ ဧကရာဇ် ရက်ဆင် နှင့် ထပ်မံတွေ့ဆုံခွင့်မရခဲ့ချေ။
ဤနတ်ဘုရားတစ်ပိုင်းသည် သီးသန့်လေ့ကျင့်မှုတွင်ရှိနေပြီး လူတိုင်း၏တွေ့ဆုံရန်တောင်းဆိုမှုကို ငြင်းပယ်နေသည်ဟု ကြားရသည်။ အကြီးအကဲမင်းသား အာရှာဗင်၊ ဒုတိယမင်းသား ဒိုမင်ဂွက်ဇ်နှင့် အကြီးအကဲမင်းသမီး တာနာရှာတို့ပင် ဧကရာဇ်ယာဆင်နှင့် သုံးလကြာ မတွေ့ရသေးပေ။
ဧကရာဇ်စစ်ဌာနချုပ်ကို ထိန်းချုပ်ထားသော အကြီးအကဲမင်းသား အာရှာဗန်က အစည်းအဝေးကို လက်ခံကျင်းပခဲ့ပြီး ခမ်းနားသောခန်းမတွင် ဖေးကို လက်ခံတွေ့ဆုံခဲ့သည်။
သူတို့ စကားပြောဆိုမှုက အဆင်ပြေလှသည်။
ဧကရာဇ်ရက်ဆင်သည် တစ်ကိုယ်တော်လေ့ကျင့်မှုမပြုလုပ်မှီ အန်ဂျီးအင်ပါယာသို့ ကျုးကျော်ရန် ဆုံးဖြတ်ခဲ့သောကြောင့် ဧကရာဇ်စစ်ဌာနချုပ်သည် နောက်ပြန်ဆုတ်နိုင်ခြင်းမရှိပေ။
ဇင်းနစ်၏ စစ်နတ်ဘုရား ဖေး ဟာ ဤစစ်ဆင်ရေးတွင် စစ်သည် ၁၀၀၀ သာ ခေါ်သွားမည်ကို အာရှဗန် သိလိုက်ရတော့ အံ့အားသင့်သွားသည်။ ဇင်းနစ်အကျိုးစီးပွားအတွက် ဖေးကို စစ်အင်အားတစ်သိန်းခွဲဆီပါသော တပ်မနှစ်ခုပေးရန် စဉ်စားထားပြီးသားဖြစ်သည်။
ထို့နောက်တွင် အင်ပါယာစစ်ဌာနချုပ်က ဖေးအတွက် အခက်အခဲမဖြစ်စေဘဲ အကြီးအကဲမင်းသားက က ဖေးတောင်းဆိုသည်အတိုင်း ရိက္ခာထောက်ရန် ကတိပေးသည်။
စိန့်ပီတာဘတ်၌ တစ်ရက်နေပြီးနောက် သိုင်းသူတော်စင်တောင်နှင့် စာရုံး၏ ကိစ္စများကို ဖြေရှင်းအပြီး ဖေးချမ်းဘော့ဒ်သို့ အမြန်ပြေးရလေသည်။
End