ချမ်းဘော့ဒ်သားများကံကောင်းကြသည် (အပိုင်းတစ်)
Vol. 73 Ch. 1065
ဖေးမသိခဲ့သည်က ချမ်းဘော့ဒ် ဘုရင် ထွက်သွားပြီးနောက် သြဇာလွှမ်းမိုးမှု ဆုံးရှုံးတော့မည်ဟူသည့် ကောလာဟလ အမျိုးမျိုးကို စိန့်ပီတာဘတ်တစ်ဝိုက်မှာ ဖြန့်ဝေခဲ့ကြသည်ဆိုသည်ကိုပင်။
အချို့က ဧကရာဇ်ရက်ဆင်ဟာ ချမ်းဘော့ဒ် ဘုရင်၏ လွှမ်းမိုးမှုကို မကျေမနပ်ဖြစ်ပြီး ချမ်းဘော့ဒ် ဘုရင်က ချမ်းဘော့ဒ် စစ်သားများကို ပဲ အသုံးချခိုင်းကာ အန်ဂျီးအင်ပါယာကိုသုံး၍ ချမ်းဘော့ဒ်အင်အားကို လျှော့ချရန်ကြံသည်ဟု ဆိုကြသည်။
တချို့က ဧကရာဇ်ရက်ဆင်မှာ ချမ်းဘော့ဒ်ဘုရင်ကို ရှင်းလင်းရန် ဤအစီအမံကို စိတ်ရှည်လက်ရှည်စီမံခဲ့သည်ဟုဆိုသည်။
အချို့လူများက ချမ်းဘော့ဒ် ဘုရင်၏ မင်းမျိုးမင်းနွယ်များကို သတ်ဖြတ်သည့် အပြုအမူသည် တော်ဝင်မိသားစုကို ဒေါသထွက်စေပြီး တော်ဝင်နန်းတော် နယ်နိမိတ်ကို မကျော်ဖြတ်မီ သူက မင်းမျိုးမင်းနွယ် ၂၃ ဦးကို ကွပ်မျက်ခဲ့သဖြင့် တော်ဝင်မိသားစုမှာ ချမ်းဘော့ဒ်ကိုမကျေမနပ်ဖြစ်ကာ ဖျက်ဆီးရုံသာရှိတော့သည်ဟု ထင်ကြ၏။
အခြားသူများက တော်ဝင်မိသားစုသည် ချမ်းဘော့ဒ် အင်အားကို မနာလိုဖြစ်ပြီး ချမ်းဘော့ဒ် ကို တဖြည်းဖြည်းဝါးမျိုရန် စီစဉ်နေကြသည်ဟု ဆိုကြပြန်သည်။ ချမ်းဘော့ဒ် ဘုရင်ကို တော်ဝင်မိသားစုက ဤမျှကြာမြင့်စွာ သည်းခံနိုင်ခဲ့ခြင်းမှာ ထိုအကြောင်းရင်းတစ်ခုတည်းသာ ဖြစ်သည်ဟုဆိုကြ၏။
ကောလဟာလ အမျိုးမျိုးက တစ်ရက်မပြည့်သည့်အချိန်လေးတွင် နေရာအနှံ့ပျံ့နှံ့သွားသည်။ ပြည်သူတိုင်းလည်း ထိုအကြောင်းကို ပြောဆိုနေကြသည်။
ဤအရာအားလုံး၏နောက်ကွယ်တွင် တစ်စုံတစ်ယောက်က မတည်ငြိမ်စေရန် လှုံ့ဆော်ပြီး အားကြိုးမာန်တက် ကြိုးစားနေသည်မှာ ထင်ရှားလှသည်။
တိုက်ကြီး၏ ရှုပ်ထွေးမှုများက ဇင်းနစ်အင်ပါယာကို နောက်ဆုံးတော့ သက်ရောက်မှုရှိလာပြီဖြစ်သည်။ ဖေးဟာ ရှုပ်ထွေးမှုများကို ထိန်းချုပ်ဖို့ အကောင်းဆုံးကြိုးစားနေခဲ့ပြီး ဧကရာဇ် ရက်ဆင်ကလည်း နတ်ဘုရားတစ်ပိုင်းဖြစ်လာပြီး စိန့်ပီတာဘတ်တွင် တပ်စွဲထားသည့်တိုင် ဤမြေပေါ်တွင် ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုကို အပြည့်အဝထိန်းသိမ်းနိုင်ခြင်းမရှိခဲ့ပေ။
ငြိမ်သက်နေသော မျက်နှာပြင်အောက်တွင် အောက်စီးကြောင်းများသည် တဟုန်ထိုး စီးဆင်းနေခဲ့သည်။
ချမ်ဘော့ဒ်မြို့ကိုပြန်ရောက်ပြီးနောက် ဖေးဟာ တစ်ရက်နားပြီး အုပ်ချုပ်ရေးတာဝန်များကို စီမံခန့်ခွဲခြင်း၊ စစ်တပ်ကို ကြီးကြပ်ခြင်း၊ လေ့ကျင့်ခြင်း အစရှိသည်တို့ကို မလုပ်ကိုင်တော့ပေ။ ထို့အစား နဂါးနဲ့တူသည့် ဘက်ကီ ရထားကိုစီးပြီး ချမ်ဘော့ဒ် နောက်ဘက်က အကန့်အသတ်မရှိသည့် သစ်တောများ တောင်များထံ လှပသည်ြ အိန်ဂျလာ အယ်လီနာတို့နှင့်အတူ လေ့လာရေးခရီးထွက်ခဲ့သည်။ သူတို့နောက်တွင် နဂါးသုံးကောင်က ဘုရင်အဆင့် နတ်ဆိုး ၄၂ ကောင်ပါဝင်သည့် ချမ်ဘော့ဒ် နတ်ဆိုးတပ်ကို ဦးဆောင်ပြီး လိုက်လာခဲ့ကြ၏။
အဇာရိုသ့်တိုက်ထံ ရောက်လာပြီးနောက် သူရရှိခဲ့သည့် အရာအားလုံးထဲတွင် ဖေးဟာ ကြင်နာတတ်ပြီး စိတ်အားထက်သန်ကာ ချစ်ခင်တတ်သည့် ဤလှပသော မိဖုရားနှစ်ပါကို လက်ထပ်နိုင်ခဲခြင်းက သူ့ အကြီးမားဆုံး အောင်မြင်မှုဟု ခံစားရသည်။
အစမှပင် ဘုရင့်ထံတွင် ဖိအားများပြည့်နေပြီး ဤရှုပ်ထွေးသော ကမ္ဘာ၏ အန္တရာယ်များအကြားတွင် ချမ်းဘော့ဒ်ကို ရှင်သန်နိုင်ရန်ရွေးခြယ်ခဲ့ရသည်။ သူ့ထံတွင် အနားယူရန် အချိန်ပင်မရှိရာ ဇနီးအများအပြားယူရန်မသင့်တော်ချေ။ ထို့ကြောင့် ဇနီးများအပေါ် အချိန်မပေးနိုင်မှုအတွက် သူအပြစ်ရှိသည့်နှယ် ခံစားရပေသည်။
ချမ်းဘော့ဒ်၏ အနောက်ဘက်ရှိ အဆုံးမဲ့ တောအုပ်နှင့် တောင်တန်းများပေါ်တွင် နတ်ဆိုးသားရဲတပ်ဖြင့် ကင်းလှည့်မှုကို တစ်ရက်ခြားတစ်ခါ ပြုလုပ်သည်။ ဖေးမရှိသည့်နောက် ချမ်းဘော့ဒ် မြို့နှင့် ကီလိုမီတာ ၅၀၀ အတွင်းရှိ ဒေသကို ချမ်းဘော့ဒ် မြို့သူမြို့သားများနှင့် အခြားမှ စွန့်စားသူများ ဝင်ရောက်လည်ပတ်သည်အခါ ဘေးကင်းစေရန် အိန်ဂျလာနှင့် အယ်လီနာ တို့က သေချာအောင် လုပ်ဆောင်ကြသည်။
ယခုအချိန်တွင် တောအုပ်အတွင်းရှိ အခြားဒေသမှလာသော စွန့်စားသူနှစ်ဦးမှာ ကောင်ကင်ဖုံးလုနီးပါး နတ်ဆိုးသားရဲတပ်ကြီးကို မော့ကြည့်မိသွားကြသည်။ ရလဒ်အနေနှင့် သူတို့ မနာလိုစွာ ဆွေးနွေးမိသွားကြ၏။
" ဝိုး ကြည့်စမ်း ဟိုမှာချမ်ဘော့ဒ်ရဲ့ နတ်ဆိုးသားရဲတပ်ဘဲ ဟား ဒီနေ့ ကင်းလှည့်တဲ့ ဘုရင်အဆင့် နတ်ဆိုးသားရဲအရေအတွက်က အများကြီးတိုးလာတယ် ၁၊ ၂၊ ၃... ၄၁၊ ၄၂... ဝိုး စုစုပေါင်း ဘုရင်အဆင့် မှော်သားရဲ ၄၂ ကောင်တောင် သူတို့က လအဆင့် လက်ရွေးစင် ၄၂ ကောင်နဲ့ ညီမျှတယ် အရမ်းအစွမ်းထက်တာပဲ "
" ဒီနေ့ နတ်ဆိုးသားရဲတွေနဲ့ ကင်းလှည့်တာ ဩဇာကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လိမ့်မယ် ပုံမှန်ဆိုရင် နတ်ဆိုးသားရဲ ငါးကောင် ခြောက်ကောင်လောက်သာ ကင်းလှည့်တာ "
အခန်း ၁၀၆၅: ချမ်းဘော့ဒ်သားများ ကံကောင်းကြသည် (အပိုင်းနှစ်)
"ချန်ဘော့ဒ်ဘုရင်က ဒီတစ်ခါ ကိုယ်တိုင်ကင်းလှည့်နေတာ ဖြစ်နိုင်မလား ဟားဟား ချန်ဘော့ဘုရင်က လွန်ခဲ့တဲ့သုံးလက ချန်ဘော့မြို့ကို ပြန်ရောက်လာခဲ့တယ် "
" ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ပြောရရင် ချမ်းဘော့ဒ်သားတွေ တကယ်ကောင်းတယ် သူတို့ဘုရင်က သူတို့ကိုဆုတ်ယုတ်နေတဲ့အခြေအျနက ကယ်ထုတ်ပေးတာ ခုလိုဆူပူအုံကြွတဲ့ခေတ်ကြီးမှာ သူတို့အခြေအနေကောင်းတယ် ဒါတောင်ခုက တကယ့် ဆူပူအုံကြွတဲ့ကာလမရောက်သေးဘူး အဲ့ကာလကြရင် ချမ်းဘော့ဒ်က ဇင်းနစ်ရဲ့ တစ်ခုထဲသော မြင့်မြတ်နယ်မြေတောင်ဖြစ်လာနိုင်တယ် "
"ဟုတ်တယ် ချမ်းဘော့ဒ် မှာဝင်ပြီး ချက်ချင်းနေထိုင်သူဖြစ်ချင်တယ် ဟဲဟဲ ဒါပေမယ့် ငါသိပ်မဝေးတော့ဘူး ပံ့ပိုးကူညီမှုအမှတ်လေးတွေ နည်းနည်းပိုရှိရင် အခွန်ဌာနကို လျှောက်လွှာတင်နိုင်မယ် "
"ဟားဟား ငါတို့နီးလာပါပြီ ချမ်းဘော့ဒ် မှာနေထိုင်သူတွေဖြစ်ချင်ရင် စစ်တပ်မှာသုံးနှစ်ကြာတာဝန်ထမ်းဆောင်ပြီးရင် ငါတို့ချစ်ရသူတွေကို ချမ်းဘော့ဒ် မြို့ကိုပြောင်းရွှေ့နိုင်လိမ့်မယ် အဲဒီအချိန်ရောက်ရင် သူတို့ဟာ ချမ်းဘော့ဒ် ဘုရင် အလက်ဇန္ဒား ရဲ့ကာကွယ်မှုကိုခံရပြီး စစ်ပွဲတွေနဲ့ ကြေကွဲဖွယ်အဖြစ်အပျက်တွေကနေလွတ်မြောက်ကြလိမ့်မယ် "
"ဟုတ်တယ် အစ်ကို ပိုကြိုးစားပြီး ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင် လုပ်ကြရအောင် "
-သုံးရက်အကြာတွင်-
ချမ်းဘော့ဒ် မှ စစ်သည် ၁၀၀၀ သည် ယဇ်ပူဇော်ပွဲအခမ်းအနားကို ကျင်းပပြီး အလံကို အလေးပြုခဲ့ကြသည်။ တခြားသောစစ်ထွက်ဓလေ့များလည်း လုပ်ကြ၏။ ထို့နောက် ချမ်းဘော့ဒ် မြို့သူမြို့သားများ၏ ဝမ်းသာအားရ သြဘာပေးသံများနှင့် ကောင်းချီးမင်္ဂလာများကြားတွင် အန်ဂျီးအင်ပါယာသို့ ကျူးကျော်ခရီးစကြသည်။
ချောမောလှပသော အဖြူရောင်မြင်းကိုစီးကာ ရိုးရှင်းပြီး အဖြူရောင်တော်ဝင်ဝတ်စုံကိုဝတ်ဆင်ထားသော ဖေးသည် ခါးတွင်ချိတ်ထားသော ဓားကိုထုတ်ကာ အမိန့်ပေးရင်း ဓားကိုမြှောက်လိုက်သည်။
ချက်ချင်းပင် အားပေးသံများ ပိုမိုကျယ်လောင်လာခဲ့သည်။ ချမ်းဘော့ဒ် များအတွက် ဤခရီးစဉ်သည် သမိုင်းဝင်အဓိပ္ပာယ်ရှိသည်။
ချမ်းဘော့ဒ်ပြည် တည်ထောင်ပြီးချိန်မှစ၍ ရိုက်ခက်မှုများ ကြုံခဲ့ရသည်။ အတိတ်ကာလက ရန်သူများ ချမ်းဘော့ဒ်ကို ကျူးကျော်သည့်တိုင် ချမ်းဘော့ဒ်သားတို့မှာ ပြည်ပရှိ ရန်သူများကိုသွားမတုန့်ပြန်နိုင်ခဲ့ပေ။ ၎င်းက အရှက်ရစရာဖြစ်သည်။
ယနေ့တွင် ချမ်းဘော့ပြည်သည် ချမ်းဘော့ဒ်၏ ကြီးမြတ်သောဘုရင်၏ ဦးဆောင်မှုအောက်တွင် ပထမခြေလှမ်းကို လှမ်းလိုက်နိုင်ပြီဖြစ်သည်။
ချမ်းဘော့ဒ်လူမျိုးများသည် ၎င်းတို့၏ဘုရင်အတွက် အားပေးနေကြပြီး ချစ်ရသူများကိုလည်း နှုတ်ဆက်နေကြသည်။
မြင်ကွင်းက ဝမ်းနည်းစရာ မြင်ကွင်းတစ်ခု မဟုတ်ပေ။ ချမ်ဘော့ဒ်လူမျိုးတိုင်းဟာ ပြိုင်ဘက်ကင်း ချမ်ဘော့ဒ်ဘုရင် အလက်ဇန္ဒား၏ ကွပ်ကဲမှုအောက်တွင် ဒီစစ်ဆင်ရေးတပ်ဖွဲ့ဟာ အောင်ပွဲခံလိမ့်မယ်လို့ ယုံကြည်ကြသည်။ သို့သော် စစ်ဆင်ရေးတပ်ဖွဲ့မှာ စစ်သည် ၁၀၀၀ သာရှိပြီး သူတို့၏ ရန်သူမှာ အင်အားကြီး အန်ဂျီအင်ပါယာဖြစ်သည်။
" အင်ဒရူး အိမ်ကိုစိတ်မပူဘဲ ငါတို့ဘုရင်နဲ့အတူ နယ်မြေကျော်စစ်ဆင်ရေးကိုလိုက်သွားပါ တစ်လနှစ်လ ဒါမှမဟုတ် တစ်နှစ် နှစ်နှစ်ပဲဖြစ်ဖြစ် အရေးမကြီးပါဘူး ငါ ဂျန်းနီ အမြဲတမ်း မင်းရဲ့ချစ်သူဖြစ်နေမှာပါ "
ဒါက မိန်းကလေးတစ်ယောက် သူ့ချစ်သူကိုပြောသည့် အမှာစကားဖြစ်သည်။
" သား မှတ်ထားပါ ငါတို့ဘုရင်ရဲ့ အမိန့်ကို အမြဲနားထောင်ပါ ဘယ်လောက်ပဲ အန္တရာယ်များပါစေမင်းသေသွားရင်တောင် ငါတို့ဘုရင်ကို ကာကွယ်ပြီး သူဘေးကင်းအောင် သေချာလုပ်ရမယ် "
ဒါက ဖခင်တစ်ယောက် သူ့သားဖြစ်သူကို မှာကြားချက်ဖြစ်၏။
" ဟားဟား အဖေ စိတ်မပူပါနဲ့ ကျွန်တော် ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်လာခဲ့ပါ့မယ် အဖေနဲ့ တိုင်းပြည်ကို ဂုဏ်တက်အောင် လုပ်ပါ့မယ် "
" ဂျန်းနီ စိတ်အေးအေးထားပါ ငါပြန်လာရင် မင်းနဲ့ချက်ချင်းလက်ထပ်မယ် အဲဒီအချိန်ကျရင် မင်းက ဗိုလ်ချုပ်တစ်ယောက်ရဲ့ဇနီးဖြစ်နေပြီ ဟားဟား "
ကျူးကျော်ရေးခရီးတွင် လိုက်ပါသွားသော စစ်သည်များသည် ကြောက်ရွံ့ခြင်းမရှိဘဲ ယုံကြည်မှုအပြည့်ရှိနေကြသည်။ အန္တရာယ်များသော စစ်မြေပြင်တစ်ခုထဲသို့ လျှောက်လှမ်းနေသူများကဲ့သို့ မထင်မှတ်ထားပေ။
သူတို့ဟာ သူတို့ဘုရင်ကို ယုံကြည်မှုရှိသည်။ ထို့အပြင် သူတို့၏ အစွမ်း သတ္တိကိုလည်း ယုံကြည်မှုရှိခဲ့ကြသည်။ သူတို့ဟာ ချမ်းဘော့ဒ်ရဲ့ ကြယ်အဆင့်စစ်သည်များတွင် အတော်ဆုံးစစ်သည်များဖြစ်သည်။
အခြားအင်ပါယာတစ်ခုခုမှာဆိုရင် အနည်းဆုံး သူတို့ဟာ တပ်မှူးများဖြစ်နေပြီဖြစ်သည်။ ချမ်းဘော့ဒ်တွင် သာမန်စစ်သည်အဆင့်သာရှိသော်လည်း သူတို့ကကျေနပ်သည်။
End