← Chapters

ရန်သူနယ်မြေသို့ ဝင်ရောက်ခြင်း (အပိုင်းတစ်)

Vol. 73 Ch. 1066

ရန်သူနယ်မြေသို့ ဝင်ရောက်ခြင်း (အပိုင်းတစ်)

Vol. 73 Ch. 1066

ချမ်းဘော့ဒ်ပြည်သူများ၏ စိတ်အားထက်သန်စွာအားပေးမှုများကြားတွင် ကျူးကျော်ရေးအဖွဲ့မှာ သူတို့ခရီးကိုစတင်လိုက်ကြ၏။

ရွှေသူတော်စင် အားလုံးသည်ကျူး‌ေကျာ်ရေးတပ်ဖွဲ့တွင် ပေါ်လာပြီးနောက် နေရာကူးပြောင်းရေးအစီအရင်ကိုအသုံးပြုကာ ဇူလီမြစ်ကို ဖြတ်ကျော်၍ မြစ်၏တစ်ဖက်ကမ်းရှိ မြို့သစ်တွင် ပေါ်လာကြသည်။

တပ်သားများက လျှင်မြန်စွာ ရွေ့လျှားနေရာ မကြာခင်မှာပင် မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

ချမ်ဘော့ဒ်မြို့အထက် ကောင်းကင်ယံတွင် မိဖုရားနှစ်ပါးသည် ဘလက်ကီ၏ကျောပေါ်တွင် ထိုင်ပြီး ကျူးကျော်ရေးအဖွဲ့ ခရီးထွက်သည့် ဦးတည်ရာကို ကြည့်နေကြသည်။ ပျံသန်းနေသော သားရဲများ၊ သဘာဝအလှတရားများ၊ အဖြူရောင်တိမ်တိုက်များနှင့် အပြာရောင်ကောင်းကင်တို့သည် ညှင်သာစွာတိုက်ခတ်သွားသော လေပြေညှင်းတို့ဖြင့် ချမ်းဘော့ဒ်မှာ သာယာလှပနေသည်။

တစ်ချိန်တည်းမှာပင် ဘရွတ်နှင့် ဘတ်စ် တို့က တံတိုင်း၏ ကင်းမျှော်စင်ထိပ်တွင်ရပ်ကာ လျှို့ဝှက်ဆန်းကြယ်စွာပြုံးနေကြ၏။

" အခု မြို့ထဲမှာ ပုန်းအောင်းနေတဲ့ အင်းဆက်ပိုးမွှားတွေ မကြာခင် လှုပ်ရှားကြတော့မှာပဲ မဟုတ်လား " ဟု ဘတ်စ်က မေးလိုက်သည်။ သူသည် အပြာရောင်ဖျော့ဖျော့ဝတ်ရုံကို ဝတ်ဆင်ထားပြီး ချမ်းဘော့တော်ဝင် အဝတ်ဆိုင် မှ ချုပ်လုပ်ထားခြင်းကြောင့် ဤချောမောသော အဘိုးကြီး၏ ခမ်းနားထည်ဝါမှုနှင့် ဂုဏ်သိက္ခာကို ပိုမိုပေါ်လွင်စေသည်။

ချမ်းဘော့ဒ်၏ အင်အားတိုးတက်လာသည်နှင့်အမျှ သက်တော်ရှည်အမတ်များလည်း ဩဇာကြီးမားကာ ထင်ရှားလာကြသည်။

ရှေးတုန်းက ဘတ်စ် ဟာ ကျဆုံးသွားတဲ့ မင်းမျိုးမင်းနွယ်တစ်ယောက်သာဖြစ်ပြီး သူ့ အနာဂတ်သားမက်ကို ထီးနန်းဆက်ခံနိုင်အောင် ကူညီပေးဖို့ ပတ်ပတ်လည်ပြေးလွှားကာ အကောင်းဆုံးကြိုးစားခဲ့ရသည်။ ရလဒ်အနေနှင့် သူဟာ အမြဲတမ်း မောပန်းနွမ်းနယ်နေပြီး ချမ်းဘော့ဒ်တွင် မြင့်မားသည့် ရာထူးအဆင့်အတန်း မရှိတော့ပါချေ။ ယခုတောါ သူက ချမ်းဘော့ဒ်တွင် ဘုရင့်ထက် တစ်ဆင့်သာ နိမ့်သည့် လူအများထဲမှ တစ်ဦးဖြစ်လာပြီဖြစ်သည်။

ထို့အပြင် သူဟာ ယခု ဘုရင်ရဲ့ ယောက္ခမဖြစ်နေသည့်အတွက် သူ့ ရာထူးအဆင့်အတန်းဟာ ပိုပြီးတောင် ဂုဏ်သိက္ခာရှိလာသည်။ ဇင်းနစ် အင်ပါယာ၌ လူအနည်းငယ်သားဤချောမောပြီး နူးညံ့သိမ်မွေ့သည့် မင်းမျိုးမင်းနွယ်ကို စော်ကားရဲကြသည်။

“အရှင်မင်းကြီးက ဉာဏ်ပညာကြီးမားပြီး အခြေအနေအားလုံးအတွက် စီစဉ်ထားပါတယ် အခု ကျုပ်တို့ အစီအစဉ်ကို အကောင်အထည်ဖော်ရုံပါပဲ ဒီပိုးကောင် တွေကို ရှင်းလင်းဖို့ လွယ်ကူပေမယ့် ကောင်းကင်ရဲတိုက် ကို ရွှေ့ပြောင်းဖို့ကိုပဲ အာရုံစိုက်ရပါမယ် အဲဒါကို လက်လွတ်စပယ် လုပ်လို့မရပါဘူး ” ဘရွက်က တံတိုင်းကို ပွတ်သပ်နေရင်းပြောသည်။

ချမ်းဘော့ဒ်၏ အလျင်အမြန်ကြီးထွားလာမှုက သစ္စာရှိပြီး အတွေ့အကြုံရှိတဲ့ အရာရှိတွေကို အံ့အားသင့်စေခဲ့သည်။ ရုတ်တရက် သူတို့ကိုင်တွယ်ရမည့် ကိစ္စရပ်များ၊ တာဝန်ဝတ္တရားများကလည်း အရေအတွက်ရော ရှုပ်ထွေးမှုတွင်ပါ အများကြီးတိုးလာခဲ့သည်။ ထို့ကြောင့်သူတို့ဟာ မရပ်မနား လှုပ်ရှားနေကြရသည်။

ကံကောင်းထောက်မစွာပင် ဘုရင်က ဒီအရာရှိအိုကြီးများကို အရမ်းဂရုစိုက်ခဲ့ပြီး သူတို့ကို လျှို့ဝှက်ဆန်းကြယ်သည့် ဆေးရည်များ အများအပြား ပေးခဲ့သည်။ ထိုဆေးရည်များက ပင်ပန်းနွမ်းနယ်မှုကို ဖယ်ရှားပေးရုံသာမက သူတို့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို တိုးတက်ကောင်းမွန်စေပြီး သူတို့၏သက်တမ်းကို တိုးချဲ့ပေးခဲ့သည်။ ထို့ကြောင့် အရာရှိအားလုံး အလုပ်များလာသည့်တိုင် ဘာမျှနောင်တမရဘဲ ဘုရင်အပေါ် အလွန်ကျေးဇူးတင်ခဲ့ကြသည်။

"ဟားဟား ဒီတစ်ခါ ဘုရင်မင်းမြတ်က ဘယ်လိုဂုဏ်ကျက်သရေမျိုး ပြန်ယူဆောင်လာမှာလဲမသိဘူး " ဟုဘရွတ် တွေးပြီး စိတ်အားထက်သန်သွားသည်။

သူဟာ စစ်တပ်မှဖြစ်ပြီး သူ့နှလုံးသားထဲတွင် ချမ်းဘော့ဒ်၏ နယ်မြေကို ချဲ့ထွင်ပြီး တိုင်းပြည်၏ ဩဇာကို မြှင့်တင်ချင်ခဲ့သည်။

နောက်တန်းတွင်နေ၍ တိုင်းပြည်ကို တည်ငြိမ်အောင် မလုပ်ရဘူးဆိုပါက ဘုရင်နဲ့အတူထွက်၍ သူရန်သူများကိုတိုက်ခိုက်မည်ဖြစ်သည်။

" အာ ကျုပ်တို့ ဂုဏ်ပြုချီးကျူးမှုတွေ ထပ်မလိုအပ်တော့ပါဘူး သူတို့အားလုံး ဘေးကင်းလုံခြုံစွာ ပြန်လာနိုင်မယ်လို့ မျှော်လင့်ပါတယ် " ဘတ်စ်က စာပေကို နှစ်သက်သည့် မင်းမျိုးမင်းနွယ်တစ်ယောက်ဖြစ်ပြီး လူသားချင်းစာနာထောက်ထားတတ်သူဖြစ်ကာ စစ်ပွဲကို မနှစ်သက်သူပါ။ သူ့အတွက် ချမ်းဘော့ဒ်၏ လက်ရှိအခြေအနေက လုံလောက်နေပြီဖြစ်သည်။

သူတို့၏ တိုင်းပြည်အပေါ် မျှော်လင့်ချက်များ ရှူမြင်ပုံများ ကွဲပြားနေသော်လည်း ခင်မင်မှုကခိုင်မာပါသည်။

ဘုရင်ကို နှုတ်ဆက်ဖို့ သူတို့ တံတိုင်းပေါ်က ကင်းမျှော်စင်ရှေ့တွင် ရပ်နေသည်က ယခုပထမဆုံးအကြိမ်မဟုတ်ပေ။ ဤကဲ့သို့ ရပ်တိုင်း သူတို့မှာ မတူညီတဲ့ ခံစားချက်များရှိကြသည်။ သူတို့စိတ်ထဲမှာ အနက်ရှိုင်းဆုံး အမှတ်အသား ကျန်ခဲ့သည်က စိန့်ပီတဘတ်မြို့၌ ပထမဆုံးအကြိမ်အဖြစ် ဖေးစစ်သည်တော်များကိုဦးဆောင်၍ ပြိုင်ပွဲဝင်ရန် ထွက်သည့်အချိန်ပင်ဖြစ်သည်။

အခန်း ၁၀၆၆: ရန်သူနယ်မြေသို့ ဝင်ရောက်ခြင်း (အပိုင်းနှစ်)

ချမ်းဘော့ဒ်၏ ကျူးကျော်ရေးတပ်ဖွဲ့သည် တစ်နေ့လျှင် ပျမ်းမျှအားဖြင့် ကီလိုမီတာ ၅၀၀ ခရီးသွားခဲ့ကြသည်။ ပဉ္စမမြောက်နေ့တွင် သူတို့သည် ဇင်းနစ် ၏ အနောက်တောင်ဘက်နယ်စပ်သို့ နောက်ဆုံးတွင် ရောက်ရှိခဲ့ကြသည်။

ထိုညတွင် စူးစမ်းရှာဖွေရေးအဖွဲ့သည် နယ်စပ်နှင့် မဝေးလှသော ချိုင့်ဝှမ်းတစ်ခုတွင် စခန်းချခဲ့သည်။

ကောင်းကင်မှောင်လာသည်နှင့်အမျှ ချိုင့်ဝှမ်း၏ နှစ်ဖက်စလုံးတွင် တစ္ဆေကဲ့သို့သော ပုံရိပ်တစ်ဒါဇင်ကျော် ပေါ်လာပြီး သူတို့၏ မျက်လုံးများဖြင့် ကောင်းစွာအလင်းရောင်ရှိသော ချမ်းဘော့ဒ် စခန်းချရာနေရာကို စိုက်ကြည့်နေကြသည်။

ဦးဆောင်သူထဲမှ ထွားကြိုင်းသော ပုံရိပ်က လှောင်ပြောင်လိုက်သည်။

"ဟွန်း! သူတို့က ကျွန်တော်တို့ရဲ့ အန်ဂျီအင်ပါယာကို စစ်သားအနည်းငယ်နဲ့ သိမ်းပိုက်ချင်နေတာလား ချမ်ဘော့ဘုရင်က အရူးပဲ မဟုတ်လား "

"ဟားဟား သူတို့ရဲ့ ခရီးသွားနှုန်းအရဆိုရင် ငါတို့အင်ပါယာရဲ့ နယ်နိမိတ်နားရောက်ရင် ထောင်ချောက်က ထောင်ပြီးသားဖြစ်သွားလိမ့်မယ် နတ်ဘုရားတစ်ပါး ထောင်ထားတဲ့ ထောင်ချောက်ပဲ ဟီးဟီး ဒီလူမိုက်တွေ ခုန်ဆင်းသွားတဲ့အထိ စောင့်ရုံပဲ "

" သူတို့မှာ နတ်ဘုရားတစ်ပိုင်းရှိတယ် ဒါဆို ဘာလဲ ဇင်းနစ်လူမျိုးတွေက ဧကရာဇ် ကရီမော့ဗ် ကွယ်လွန်ပြီးနောက်မှာ ငါတို့ရဲ့ အန်ဂျီးအင်ပါယာမှာ တခြားသူမရှိတော့ဘူးလို့ တကယ် မိုက်မိုက်မဲမဲ ထင်နေကြတာလား ဟားဟားဟား သူတို့ သဘောပေါက်လာရင် နောက်ကျသွားလိမ့်မယ် ဟားဟား ဇင်းနစ်ရဲ့ မြောက်ပိုင်းဒေသတစ်ခုလုံးက ငါတို့အပိုင်ဖြစ်သွားလိမ့်မယ် "

ဒီအနက်ရောင်ပုံရိပ်တွေအားလုံးက အန်ဂျီရဲ့ ထိပ်တန်းကင်းထောက်တွေပါ။ ချမ်ဘော့ဒ်ရဲ့ စူးစမ်းရှာဖွေရေးတပ်ဖွဲ့ ပထမဆုံးခရီးထွက်တဲ့နေ့ကတည်းက သူတို့ဟာ သတင်းအချက်အလက်အားလုံးကို အန်ဂျီအင်ပါယာကို အမြန်ဆုံးပြန်ပို့ပေးရင်း စောင့်ကြည့်နေခဲ့ကြပါတယ်။

"ပြောနေတာရပ်လိုက်! ခွဲထွက်ပြီး ဆက်စောင့်ကြည့်လိုက်! ချမ်ဘိုဒီးယန်းတွေ လုပ်တဲ့ လုပ်ရပ်တွေကို ငါတို့ လက်လွတ်မခံနိုင်ဘူး" လို့ အဲဒီ သန်မာတဲ့လူက တိုးတိုးလေးပြောလိုက်တယ်။ သူ အမိန့်တွေ ထပ်ပေးတော့မလို့ပဲ သူ့မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အံ့သြတကြီးနဲ့ "ငါတို့ ထွက်ပြေးရမယ်..." လို့ အော်ပြောလိုက်တယ်။

သူစကားပြောမပြီးခင်မှာပဲ ညဘက်မှာ မြားတွေကြောင့် ဖြစ်ပေါ်လာတဲ့ လေထိုးသံတွေ အတော်များများ ထွက်ပေါ်လာတယ်။

တစ်ချိန်တည်းမှာပင်၊ အေးစိမ့်သောအလင်းရောင် ဆယ်ဂဏန်းကျော်သည် ဤကင်းထောက်များဆီသို့ ပြေးဝင်လာကြသည်။

"အာ..." ညအချိန်တွင် အော်ဟစ်သံများ ပဲ့တင်ထပ်သွားပြီး သွေးများ စီးကျလာသည်။ အန်ဂျီမှ ကင်းထောက်သုံးယောက်သည် အချိန်မီ ရှောင်တိမ်းနိုင်ခြင်းမရှိဘဲ သူတို့၏နှလုံးသားများ ချက်ချင်းပင် ဖောက်ထွင်းခံလိုက်ရသည်။

ထို့နောက် မြားများက ကြီးမားသော အရှိန်အဟုန်ဖြင့် သူတို့၏ခန္ဓာကိုယ်များကို နောက်သို့လွင့်စင်စေကာ မြေပြင်ပေါ်သို့ ရိုက်ချသွားသည်။ သူလျို့များ၏ ခြေလက်များမှာ တဆက်ဆက်တုန်နေပြီး အသက်ဆက်ရှင်နိုင်တော့မည်မဟုတ်ကြောင်း ထင်ရှားစွာပြသနေ၏။

" ငါတို့ကို တွေ့သွားပြီ နောက်ဆုတ်ချက်ချင်းဆုတ် " ကင်းထောက်ခေါင်းဆောင် ဒေါသထွက်ပြီး ကြောက်ရွံ့ထိတ်လန့်နေ၏။ ပြီးခဲ့သည့် ရက်များအတွင်း ငြိမ်သက်နေမှုကြောင့် သူတို့က သတိကိုပေါ့လျော့ထားပြီး ချမ်းဘော့ဒ်သားများ စောင့်ကြပ်နေမည်ဟု ထင်မထားချေ။

ကင်းထောက်ခေါင်းဆောင်က ချက်ချင်းပင် နောက်ဆုတ်ရန် အမိန့်ပေးလိုက်သည်။

ကံမကောင်းစွာပင် သူတို့အတွက် အချိန်က နောက်ကျသွားပြီဖြစ်သည်။

ချမ်းဘော့ဒ် စစ်သည်တော်များဟာ စစ်သည်တော်စွမ်းအင်မီးလျှံများထုတ်ဖော်ထားပြီး ကင်းထောက်များကို ဝိုင်းရံထား၏။

ထို့အပြင် လအဆင့်လက်ရွေးစင်များ ကောင်းကင်တွင် ပေါ်လာပြီး သူတို့၏အရှိန်အဝါများကြောင့် ရန်သူကင်းထောက်များ စိတ်ဓာတ်ကျသွားကြ၏။ သာမန်စစ်သည်တော်များက လအဆင့်လက်ရွေးစင်များ၏ အစွမ်းကိုမသိနိုင်ပေ။ ကြယ်အဆင့်စစ်သည်တော်များက လအဆင့်စစ်သည်တော်များကိုတိုက်ခိုက်ခြင်းက ကြက်ဥဖြင့် ကျောက်တုံးကိုပေါက်သလိုပင်ဖြစ်သည်။ အန်ဂျီးစစ်သည်တော်များတွင် လအဆင့်တစ်ဦးမျှမပါချေ။

တိုက်ပွဲက မကြာခဲ့ပေ။ ထိုညတွင် အန်ဂျီးကင်းထောက်များနှင့် ချမ်ဘော့ဒ် တပ်ကို လိုက်လံစောင့်ကြည့်နေသော အခြားတပ်ဖွဲ့များမှ ကင်းထောက်များ အဖမ်းခံလိုက်ရ၏။ တစ်ချိန်တည်းမှာပင် ချမ်ဘော့ဒ်တပ်ဖွဲ့သည် လူတိုင်း၏မျက်စိအောက်တွင် ပျောက်ကွယ်သွားခဲ့သည်။

တပ်ဖွဲ့အသီးသီးက သတင်းကိုလက်ခံရရှိသောအခါ နောက်တစ်နေ့ကူးနေပြီဖြစ်သည်။

အန်ဂျီးအင်ပါယာသည် လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး ထိပ်တန်းကင်းထောက်အဖွဲ့များစွာကို စေလွှတ်ခဲ့သည်။ ချမ်းဘော့ဒ်တပ်ဖွဲ့၏တည်နေရာကို ရှာဖွေရန် လူအင်အားနှင့် အရင်းအမြစ်များစွာကို အသုံးပြုခဲ့သော်လည်း ဘာမှပြန်မရခဲ့ပေ။

ကောင်းကင်က ကြည်လင်ပြီး တိမ်ဖြူတွေက လှပနေ၏။ ​​အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်နေသည်။

ရုတ်တရက် ငွေရောင် လေသင်္ဘောကြီးနှစ်စင်းကောင်းကင်ယံကို ဖြတ်ပြေးလာပြီး ငြိမ်းချမ်းမှုကို နှောင့်ယှက်လိုက်သည်။ လေသင်္ဘောများက ခဏတာ ရပ်တန့်သွားပြီးနောက် ပြန်အရှိန်မြှင့်သည်။ ထိုနောက် လှစ်ခနဲ ပျောက်ကွယ်သွားတော့သည်။

အရှိန်မြှင့်လုပ်ငန်းစဉ်က ဆယ်စက္ကန့်ကျော်လေးပဲ ကြာသော်လည်း လေသင်္ဘောနှစ်စင်းက ကီလိုမီတာ၅၀ကျော် ခရီးနှင်းခဲ့ပြီဖြစ်သည်။

တစ်ရက်ပင်မပြည့်ခင်လေသင်္ဘောနှစ်စင်းမှာ အန်ဂျီးအင်ပါယာအနားရှိ အဆင့်နှစ်အင်ပါယာ ဒိုင်ယက်ဖောက်၏ နယ်နမိတ်ထဲရောက်လာ၏။

အန်ဂျီးအင်ပါယာ၏ နယ်မြေသည် ကီလိုမီတာ ၅၀ အောက်သာ ဝေးတော့သည်။

End

All Chapters