ရုတ်တရက်ပြောင်းလဲမှု (အပိုင်းတစ်)
Vol. 73 Ch. 1067
ပုလဲနက် ၏ ကုန်းပတ်တွင် ရပ်နေရင်း ဖေး သည် အောက်ဘက်ရှိ မြေပြင်ကို ငုံ့ကြည့်ကာ နက်နက်နဲနဲစဉ်းစားနေလိုက်သည်။
ချမ်းဘော့ဒ် ၏ ဤစစ်ဆင်ရေးတပ်ဖွဲ့သည် ငါးရက်ကြာ တစ်နေ့လျှင် ပျမ်းမျှ ၅၀၀ ကီလိုမီတာဖြင့် ရှေ့သို့ချီတက်ပြီးနောက် ကီလိုမီတာ ၇၀,၀၀၀ နီးပါး ခရီးနှင်ခဲ့ပြီး အင်ပါယာနှင့် အန်ဂျီးအင်ပါယာနှင့် အလွန်နီးကပ်လာခဲ့သည်။
ထို့အပြင် ချမ်းဘော့ဒ် မြို့မှ ကျူးကျော်တပ်ဖွဲ့နှင့်အတူ ထွက်လာသော ရွှေသူတော်စင် များအားလုံးသည် ချမ်းဘောဒ့်ကို တိတ်တဆိတ်ပြန်သွားကြပြီဖြစ်သည်။ ယခု ချမ်းဘော့ဒ်ပြည်သည် ဤစစ်ပွဲတွင် ၎င်း၏အင်အားအားလုံးကို အသုံးပြုခဲ့ပြီး ယခုအချိန်တွင် ခုခံကာကွယ်နိုင်စွမ်း နည်းပါးသည်ဟု လူအများက ထင်မြင်ကြမည်ဖြစ်၏။
ယခုအချိန် ချမ်းဘော့ဒ်ကို လာကစားရဲပါက တန်ဖိုးကြီးကြီးမားမား ပေးဆပ်ရမည်ဖြစ်သည်။
ရွှေသူတော်စင်များအပြင် ချမ်းဘောဒ်၏နတ်ဆိုးသားရဲတပ် ဒေသတွင်း၌ နာမည်မကြီးသော တောက်ပခြင်းနေအဆင့်အယ်လီနာ၊ ဘတစ်စတုတာတို့လို ဝတ်ရုံနတ်ကျောင်းဆောင်၏ အရှင်သခင်များလည်း ရှိနေသည်။
လေသင်္ဘောက လျှင်မြန်စွာခရီးသွားနေ၏။ ၎င်း၏ ပတ်လည်တွင် အကာကွယ်စက်ဝိုင်းနှစ်ခုရှိနေသည်။
ကုန်းပတ်ပေါ်တွင်ရပ်နေသည့် သာမန်လူသားများပက် လေပြင်းတိုက်ခတ်မှုကို မခံစားရသလို လှုပ်ခါမှုများကိုလည်း ခံစားရမည်မဟုတ်ချေ။ ထို့အပြင် သိပ္ပံရူးဓာတ်ခွဲခန်း က လေသင်္ဘော ကို တိုးတက်ကောင်းမွန်အောင် အဆင့်မြှင့်တင်ပြီးနောက် စွမ်းအင်စက်ဝိုင်းများက ဖုန်းကွယ်နိုင်စွမ်းရှိလာသည်။ ထို့ကြောင့် လေသင်္ဘောခရီးသွားနေချိန် အောက်မှ လူများက ဘာမျှ ခံစားရမည်မဟုတ်ပေ။
ချမ်းဘော့ဒ် မှ စစ်သည်တော်အားလုံးသည် သူတို့၏ဘုရင်ကို လေးစားအားကျစွာ ကြည့်ကြသည်။ သူတို့သည် သူတို့၏အရှင်သခင်ကို ကိုးကွယ်ကြသည်ဟု ဆိုနိုင်သည်။
လေသင်္ဘောစီးနှင်းသည်က ခရီးသွားရခြင်းကို လွယ်ကူလာစေပြီး ပုံမှန်အခက်အခဲများကိုမခံစားရတော့ချေ။
စစ်သည်များသည် ညတိုင်း တောကန္တာရတွင် စခန်းချပြီး အန်ဂျီအင်ပါယာသို့ ဖြည်းဖြည်းချင်း ခရီးသွားရာ ခရီးက စိတ်ဝင်စားစရာအပြည့်ဖြစ်နေသည်။ ပျင်းရိဖွယ်ရာ ကျူးကျော်စစ်ခရီးမှာ ယခုတော့ ပျော်ရွှင်စရာဖြစ်နေ၏။
လေသင်္ဘောရှေ့သို့ အရှိန်တင်ပြေးပြီးနောက် ပိုမိုအရှိန်မြှင့်ရန် ပေါက်ကွဲအားစုနေ၏။
ဖေး လှည့်ပြီး ကွပ်ကဲရေးပဲ့ကိုင်းသို့ ပြန်သွားတော့မည်အပြုတွင် တစ်စုံတစ်ခုကို သတိထားမိပြီး သူ့မျက်လုံး၌ အလင်းတစ်ချက်လက်သွား၏။
" ငါ့အမိန့်ကို ပို့လိုက် နောက်ထပ်ညွှန်ကြားချက်တွေ မရမချင်း ခရီးသွားတာကို ရပ်ပြီး ကောင်းကင်ထဲမှာ ငြိမ်နေပါ "
အမိန့်ကို မြန်မြန်ဆန်ဆန် ထုတ်ပြန်ခဲ့ပြီး ပုလဲနက် နောက်မှ လိုက်နေသည့် ဆိုက်ကလော့ လည်း အမိန့်ကို လက်ခံပြီး ရပ်တန့်လိုက်သည်။ စစ်သည်များက သူတို့၏ နေရာတွင် စောင့်ကြပ်နေပြီး လေသင်္ဘော ပေါ်က လက်နက်များကို ထိန်းချုပ်ကာ ဖေး၏ နောက်ထပ်ညွှန်ကြားချက်များကို စောင့် နေကြသည်။
ဖေးသည် ကုန်းပတ်ပေါ်တွင် ရပ်နေသည်။ သူ ပိုခံစားမိလေ သူ၏အမူအရာက ပိုရှုပ်ထွေးလာလေဖြစ်သည်။
"အလက်ဇန္ဒား ဘာတွေဖြစ်နေတာလဲ ဘာလို့ ငါတို့ ရပ်လိုက်ကြတာလဲ" အာကာရာနှင့် ကိန်းတို့သည် စူးစမ်းလိုစိတ်ဖြင့် တဲထဲမှ ထွက်လာကြသည်။ သူတို့နောက်တွင် ကျူးကျော်ရေးခရီးတွင် လိုက်ပါရန် အရည်အချင်းပြည့်မီသော တက္ကသိုလ်ကျောင်းသား တစ်ဒါဇင်ကျော်ရှိသည်။
" မင်းတို့လည်း သတိထားမိလောက်တယ် မဟုတ်လား တစ်ခုခုထူးဆန်းနေပုံပဲ " ဖေးက ရှုပ်ထွေးသောအမူအရာဖြင့် ပြောလိုက်သည်။
သူစကားပြောပြီးသည်နှင့် ကိန်းနှင့် အကာရာတို့၏ မျက်နှာအမူအရာများလည်း ပြောင်းလဲသွားပြီး ဖေး၏စကားများက သူတို့၏ ခန့်မှန်းချက်များကို အတည်ပြုလိုက်သည်။
" သွားကြည့်ကြရအောင် ငါတို့ မှားနေမယ်လို့ မျှော်လင့်ပါတယ် " ဟု ကိန်းက လေးနက်သော မျက်နှာထားဖြင့် ပြောသည်၊ သူ့တွင် ဤကဲ့သို့ မျက်နှာထားမျိုး မြင်ရခဲသည်။
-ဒိုင်ယက်ဖောက် အင်ပါယာ၏ တောင်ဘက်နယ်နိမိတ်-
ဤနေရာက တောင်ကုန်းများ ထူထပ်သည်။ နွေရာသီဖြစ်သဖြင့် နေရာတိုင်း စိမ်းလန်းစိုပြေနေသည်ကို မြင်နိုင်သည်။ သစ်ပင်များ မြက်ခင်းများ အားလုံး စိမ်းလမ်းစိုပြေနေသည်။ ယခုအချိန်ကာလက တစ်နှစ်တာအတွက် အကောင်းဆုံးအချိန်ပင်ဖြစ်သည်။
ဤမြို့က နယ်စပ်နှင့် အလွန်နီးကပ်ပြီး ဒိုင်ယက်ဖောက်နှင့် အန်ဂျီး ပြည်သားများ ကုန်သွယ်မှုများစွာ ပြုလုပ်သည့် နေရာဖြစ်သည်။ ဆူညံပြီး ကြွယ်ဝချမ်းသာသည့် မြို့တစ်မြို့ ဖြစ်သင့်သော်လည်း ဘာကြောင့်မှန်းမသိ ယနေ့ငြိမ်သက်နေ၏။
ကြေးစားစစ်သားများနှင့် စွန့်စားသူ လူအုပ်များကို မမြင်ရသလို လယ်ကွင်းတွေမှာ အလုပ်လုပ်နေရမည့် လယ်သမားများကိုလည်း မတွေ့ရပေ။
အခန်း ၁၀၆၇: ရုတ်တရက်ပြောင်းလဲမှု (အပိုင်းနှစ်)
မြို့က လူသူကင်းမဲ့နေပုံရသည်။ ရုတ်တရက် ရွှေရောင်အလင်းတန်းတစ်ခု ကောင်းကင်ယံတွင် တောက်ပလာပြီး မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။
စွမ်းအင်မီးတောက်များ ပျောက်ကွယ်သွားပြီးနောက် လူငါးယောက်ခြောက်ယောက်လောက်ပေါ်လာသည်။ ထိုသူများက ဖေးတို့ဖြစ်ကြသည်။
ဖေးက ရှေ့ဆုံးမှဦးဆောင်ရှာဖွေလိုက်သည်။ဘုရင်ရဲ့ မျက်နှာအမူအရာက တည်ကြည်နေသည်။
ခဏကြာတော့ သူက လှည့်ပြီး ကိန်းနဲ့ အာကာရာကို ခေါင်းညိတ်ပြပြီးနောက် " ငါတို့ မှန်နေပုံပဲ ဒါပေမယ့် တကယ့်အဖြေရဖို့ အချိန်နည်းနည်း စောင့်ကြည့်ရဦးမယ် " ဟုပြောလိုက်၏။
" ရှေ့က မြို့ကို သွားကြည့်ကြရအောင် " ကိန်းသည် လမ်းလျှောက်တုတ်တစ်ချောင်းဖြင့် ရှေ့သို့ လျင်မြန်စွာ လျှောက်သွား၏။ သူ့ စိတ်ခံစားချက်များက ပုံမှန်ဟုတ်မနေပေ။
မကြာခင်မှာပင် ထိုလူအုပ်စုက မြို့ဝင်ပေါက်သို့ ရောက်လာ၏။
မြို့တံခါးများကို လေးလံသောသစ်သားများဖြင့် ပြုလုပ်ထားပြီး သတ္တုကွင်းများဖြင့် ချည်နှောင်ထားသည်။ ယခုအချိန်တွင်တော့ ၎င်းတို့က လုံးဝပွင့်နေသည်။ မြို့ ကာကွယ်ရေးနံရံက ခြောက်မီတာလောက်မြင့်ပြီး သာမန်သားရဲတွေနဲ့ ဓားပြတွေရဲ့ တိုက်ခိုက်မှုကို တားဆီးနိုင်တာကြောင့် မြို့သူမြို့သားတွေကို အနည်းငယ်ပိုလုံခြုံသည်ဟု ခံစားရစေသည်။
သို့သော်လည်း ဂိတ်တွင်ရပ်နေသင့်သော ကင်းသမားများကို မည်သည့်နေရာတွင်မျှ မတွေ့ရဘဲ ကာကွယ်ရေးနံရံပေါ်တွင် မည်သူမျှ ကင်းလှည့်နေခြင်းမရှိပေ။
အလံများသည်သာ လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး ဆက်တိုက် တဖျပ်ဖျပ်မြည်သံများ ထွက်ကာ သေစေနိုင်သော တိတ်ဆိတ်မှုကို ဖြိုခွင်းနေသည်။
ကိန်းသည် မြို့ဆီသို့ လျင်မြန်စွာ လျှောက်သွားလိုက်သည်။
ဤအချိန်တွင် အနက်ရောင်ပုံရိပ်တစ်ခုသည် သစ်သားတံခါးမှ ရုတ်တရက်ပြေးထွက်လာပြီး ဆံပင်ဖြူနှင့် အဘိုးအိုထံ ခုန်အုပ်လိုက်သည်။
"သတိထား..." ဖေးသည် ကိန်းအား လက်ညှိုးထောင်ကာ သတိပေးရန် အော်ဟစ်လိုက်သည်။
ဘမ်း ထိုအနက်ရောင်ပုံရိပ်မှာ ပေါက်ကွဲသွားပြီး အစိမ်းရောင်မီးခိုးများအဖြစ်ပြောင်းလဲသွားကာ လေထဲပျံ့နှံ့သွား၏။ အဖွဲ့ထဲမှ အခြားသူများ အမြန်ရောက်လာပြီး တိုက်ခိုက်ရေးစွမ်းရည် မရှိသော ကိန်းနှင့်အာကာရာတို့ကို ကာကွယ်ဝိုင်းရံပေးလိုက်၏။
" အမှောင်စွမ်းအား ထိန်းချုပ်ခံထားရတဲ့ ဖုတ်ကောင်ခွေးတစ်ကောင် " ကိန်းက သွားတွေကို ကြိတ်ပြီး ပြောလိုက်၏။
အန္တရာယ်များသော်လည်း သူသည် တိုက်ခိုက်သူကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး ထိုထူထဲသော မကောင်းဆိုးဝါး စွမ်းအင်ကို ခံစားလိုက်ရသည်။
ဖေးနှင့် အာကာရာက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး သူတို့ရဲ့ယူဆချက်များ မှန်ကန်ကြောင်းအတည်ပြုနိင်လိုက်၏။
မြို့တံခါးများ၏ နောက်ကွယ်တွင် လူအများအပြား လမ်းမများပေါ် ဦးတည်ရာမဲ့ လှည့်လည်သွားလာနေကြ၏။ သူတို့က နှေးကွေးပြီး သူတို့၏ လှုပ်ရှားမှုများကလည်း ထူးဆန်းနေသည်။
" သူတို့က...ဖုတ်ကောင်တွေလား " ဟု အော်စကာက ချက်ချင်းအော်ဟစ်လိုက်သည်။
ထိုတက္ကသိုလ်ကျောင်းသားက ထူးဆန်းသည့်သတ္တဝါများ၊ အရာဝတ္ထုအမျိုးမျိုးအကြောင်း လေ့လာရသည်ကို နှစ်သက်ပြီး ထူးဆန်းသည့်စာပေအများအပြားဖတ်ရှိထားပြီး ထူးဆန်းသောမှော်ပညာများ မွန်းစတားများအကြောင်းကို သိရှိထားသည်။
ထို့ကြောင့် ထိုသတ္တဝါများ၏ ပုံစံကို တစ်ချက်ကြည့်ပြီးနောက် သူမှတ်မိသွားသည်။
အဇာ့ရို့သ် တိုက်ကြီးတွင် ဖုတ်ကောင်များကို ဖုတ်ကောင်မှော်ပညာရှင်များက ဖန်တီးခဲ့ခြင်းဖြစ်ပြီး ဖုတ်ကောင်များက ဖုတ်ကောင်မှော်ပညာရှင်များ၏ ထိန်းချုပ်မှုကို ခံထားရသည်။ ထိုမှော်က ကပ်ရောဂါတစ်ခုသဖွယ်ကူးစက်တတ်သည်။
တိုက်ကြီးရဲ့သမိုင်းတွင် လူအများအပြားကိုဖုတ်ေကာင်သတ္တဝါများအဖြစ် ပြောင်းလဲသွားစေသည့် ဖုတ်ကောင်ကပ်ဘေးအများအပြားရှိခဲ့သည်။
ဒဏ္ဍာရီများတွင်လည်း ဒဏ္ဍာရီခေတ်တွင် အလားတူဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် နတ်ဘုရားများနှင့် နတ်ဆိုးများ နှစ်မျိုးလုံးသည် ဖုတ်ကောင်များကို ကြောက်ရွံ့ကြသည်။
ထို့ကြောင့် ငရဲနှင့်ဆိုင်သော ဖုဝ်ကောင်စွမ်းအင်မှာ တားမြစ်အရာတစ်ခုဖြစ်လာပြီး သက်ရှိများ၏ ဘုံရန်သူသဖွယ်ဖြစ်လာခဲ့သည်။
အစွမ်းထက်ဆုံးပုဂ္ဂိုလ်များပင် ဖုတ်ကောင်များကို အနည်းငယ်ရွံ့သည်။ ထို့ကြောင့် ဤတက္ကသိုလ်ကျောင်းသားများ စိတ်လှုပ်ရှားနေကြခြင်းဖြစ်၏။
" ဒီနေရာကို စောင့်ကြည့်ပြီး ကင်းစောင့်ထား တောရက်စ် တက္ကသိုလ်ကျောင်းသားတွေကို ကာကွယ်ပေး "
ထိုအမိန့်များပေးပြီးနောက်၊ ဖေး၊ ကိန်း နှင့် အကာရာတို့သည် ဖုတ်ကောင်အုပ်များဆီသို့ လျှောက်သွားကြသည်။
End