← Chapters

မှောင်မိုက်စွမ်းအား (အပိုင်းတစ်)

Vol. 73 Ch. 1068

မှောင်မိုက်စွမ်းအား (အပိုင်းတစ်)

Vol. 73 Ch. 1068

သူတို့ ဖုတ်ကောင်အုပ်နှင့် မီတာ၅၀အကွာအရောက်တွင် ဖုတ်ကောင်များက လှုပ်လှုပ်ရွရွဖြစ်လာကြသည်။ ၎င်းတို့က သက်ရှိအနံရသွားသလို ဖေးတို့သုံးယောက်ဆီပြေးဝင်လာ၏။ ထိုအချိန်တွင် ဖေးက လူရိုင်းပုံစံတွင်ရှိနေဆဲဖြစ်သည်။

သူက လက်ကိုမြှောက်လိုက်သည့်အခါ ကြီးမားသည့်စွမ်းအားတစ်ခုက ဖုတ်ကောင်တစ်ဒါဇင်လောက်ကို ချည်နှောင်လိုက်ပြီး သူတို့ရဲ့လှုပ်ရှားမှုတွေကို ကန့်သတ်လိုက်သည်။ ထို့နောက် သူတို့သုံးယောက် အနားကပ်ပြီး ဖုတ်ကောင်များကိုလေ့လာလိုက်သည်။

-ခဏအကြာတွင်-

" ကျုပ် မမှားဘူးဆိုရင် ဒီဖုတ်ကောင်တွေအားလုံးက ဒီမြို့က နေထိုင်သူတွေပါ" ဟု ကိန်းက သက်ပြင်းချကာ ပြောလိုက်သည်။

" သူတို့က ဖုတ်ကောင်တွေအဖြစ် ပြောင်းလဲသွားတာ ဆယ်ရက်‌တောင်မကြာသေးပေမယ့် သူတို့ကို ကယ်တင်လို့ မရတော့ဘူး ဒီမြို့က ပြီးဆုံးသွားပါပြီ မြို့သားအားလုံးက မကောင်းဆိုးဝါးစွမ်းအင်ကြောင့် ပျက်စီးသွားပြီး ဖုတ်ကောင် သတ္တဝါတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီ သူတို့ထဲက အသက်စွမ်းအင်တွေကို ကျွန်တော် မခံစားရဘူး သူတို့ကို ဒီလိုဖြစ်လာစေတာက သာမန် အောက်လမ်းဖုတ်ကောင် မှော်ပညာ မဟုတ်ဘူး ငရဲမှာပဲ ရှိတဲ့ မှောင်မိုက်တဲ့ အရှိန်အဝါကို ကျုပ် ခံစားမိတယ် အရမ်းရင်းနှီးလွန်းတယ် ဒီမှော်ပညာက ဒီလောကမှာ ဘာလို့ရှိနေရတာလဲ "

အဆုံးတွင် သက်ပြင်းချကာ ပြောဆိုနေသော ကိန်း၏ အသံက သံသယဖြစ်ဟန်ပြောင်းသွား၏။

အာကာရာက မျက်မှောင်ကြုတ်နေပြီး သူမရဲ့ မျက်ခုံးတွေက ကောက်ကွေးကာ ပူးကပ်နေသလိုပင်။ ရုတ်တရက် သူမ လက်ချောင်းကို ဆန့်ထုတ်လိုက်ရာ အဖြူရောင် မီးတောက်များ ထွက်လာပြီး မီတာ ၂၀ လောက်အကွာက ယိုင်ထိုးနေသည့် ဇွန်ဘီတစ်ကောင်ကို ချိန်ရွယ်လိုက်၏။

ပြင်းထန်စွာ ဒဏ်ရာရရှိထားသကဲ့သို့ ထိုဖုတ်ကောင်သည် ဟိန်းဟောက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

၎င်းက အာကာရာ သိသည့် တစ်ခုတည်းသော တိုက်ခိုက်ရေးမှော်ပညာဖြစ်ပြီး ဒိုင်ယာဘလိုကမ္ဘာရှိ မသေမျိုးသတ္တဝါများကိုသာ ထိရောက်မှုရှိပေသည်။ "ဟုတ်တယ် သူတို့က ဒိုင်ယာဘလိုကမ္ဘာမှာပဲ ရှိသင့်တဲ့ အမှောင်ဖုတ်ကောင် သတ္တဝါတွေ ဒီကမ္ဘာမှာ ဘာလို့ပေါ်လာရတာလဲ" စမ်းသပ်ပြီးနောက် အာကာရာ လည်း အခြေအနေကို သေချာသိလိုက်သည်။

ယခုတော့ ကိန်းနှင့် အာကာရာ နှစ်ယောက်စလုံး အလွန် အံ့အားသင့်သွားကြသည်။ သူတို့အားလုံး ဒိုင်ယာဘလိုကမ္ဘာတွင် မကောင်းဆိုးဝါး၏ ကြောက်စရာကောင်းသည့် စွမ်းအားကို ကြုံတွေ့ခဲ့ရပြီး ၎င်းက မည်မျှအထိ ဖျက်ဆီးနိုင်သည်ကို သိရှိကြသည်။

ဒိုင်ယာဘလို တိုက်ကြီးဟာ ထွန်းလင်းတောက်ပပြီး ငြိမ်းချမ်းသည့် ကမ္ဘာတစ်ခု ဖြစ်ခဲ့သော်လည်း ငရဲရဲ့ စွမ်းအားများ ကျူးကျော်ဝင်ရောက်လာပြီးနောက် ပျက်စီးခြင်းလမ်းကြောင်းပေါ် ရောက်သွားခဲ့သည်။ ဒိုင်ယာဘလို ကမ္ဘာ၌ ဖုတ်ကောင် မှော်ပညာများက ဖုတ်ကောင် သတ္တဝါအမြောက်အများဖန်တီးပြီး နတ်ဆိုးများ မွန်းစတားများကြောင့် တိုက်ကြီးမှာ အလျင်အမြန်ပြိုလဲခဲ့ရသည်။

ဤအမှောင်စွမ်းအားသည် လူသားများနှင့် အခြားသက်ရှိအားလုံး၏ ရန်သူဖြစ်သည်။

ဖြေဆေးမရှိသည့် အဆိပ်လိုပင် ထိုအမှောင်စွမ်းအားက ကုသမရသောဖျက်ဆီးမှုဖြစ်ကာ ၎င်း ပေါ်လာသည်နှင့် ကမ္ဘာကြီးတစ်ခုလုံး ပျက်သုဉ်းရမည်ဖြစ်သည်။

" မကောင်းဆိုးဝါးစွမ်းအားက လင်းလက်တောက်ပပြီး သက်ဝင်လှုပ်ရှားနေတဲ့ ဒီ ကမ္ဘာမှာ ရုတ်တရက် ဘယ်လိုပေါ်လာတာလဲ ဒီတိုက်ကြီးလည်း ဒိုင်ယာဘလိုကမ္ဘာ နဲ့ လမ်းကြောင်းတူတူပဲ လျှောက်တော့မှာလား" ဟု အာကာရာနှင့် ကိန်းတို့တွေးလိုက်ကြသည်။

လူများအနေဖြင့် ဆုံးရှုံးပြီးမှသာ တန်ဖိုးကိုနားလည်ကြသည်မဟုတ်ပါလော။ ဒိုင်ယာဘလိုကမ္ဘာမှ ကြေကွဲဖွယ်ဖြစ်ရပ်များကြောင့် အဇာရို့သ်တိုက်ကြီးကိုလည်း ထိုကဲ့သို့မဖြစ်စေချင်ပေ။ ဤနေရာက သူတို့အတွက် ဒုတိယအိမ်သဖွယ်ဖြစ်နေပြီဖြစ်သည်။

ဖေးလည်း ဂရုတစိုက် ဆက်လက်ကြည့်ရှုရင်း မျက်မှောင်ကြုတ်လိုက်သည်။

အဝေးတွင် လှည့်လည်သွားလာနေသည့် ဖုတ်ကောင်များက မသေခင်က အဝတ်အထည်များ ချပ်ဝတ်များကို ဝတ်ဆင်ထားသော်လည်း ၎င်းတို့၏အသားများက စိမ်းပုတ်နေသည်ကို ဖေးမြင်နေရသည်။

ဖုတ်ကောင်များက အဆစ်အမြစ်များ တောင့်တင်းနေပြီး ပုံပျက်ပန်းပျက်ဖြစ်နေကြပြီဖြစ်သည်။

သူတို့၏ မျက်လုံးတချို့က မျက်လုံးအိမ်မှ ကျွတ်ထွက်နေသည်။ လက်သည်းများသည်လည်း ချွန်ထက်လာကာ နေရောင်အောင်တွင်သံထည်များသဖွယ် တလက်လက်တောက်ပနေ၏။

" သူတို့က ဒိုင်ယာဘလိုကမ္ဘာ ဇွန်ဘီအပိုင်းက အားနည်းတဲ့ ဖုတ်ကောင်မွန်းစတားတွေနဲ့အတူတူပဲ ပုံပန်းသဏ္ဌာန်တူပြီး အရှိန်အဝါလည်း တူတယ် အဝတ်အစားတွေကလွဲရင်အတူတူပဲ ဒါကငါ့ကိုမကောင်းတဲ့ ခံစားချက်တွေပေးနေတယ် "

အခန်း ၁၀၆၈: မှောင်မိုက်စွမ်းအား (အပိုင်းနှစ်)

ဖေး အဇာ့ရိုသ်တိုက်ကြီးမှ ဖုတ်ကောင်မှော်ပညာကို ကောင်းကောင်းနားလည်ထားသည်။ ၎င်းက ယခုလိုမျိုး မြင်သမျှမကူးစက်နိုင်ချေ။

အဇာရို့သ် ကုန်းမြေပေါ်က ဖုတ်ကောင် မှော်ပညာ၌အသုံးပြုသည့် ဓာတ်များကို သဘာဝဓာတ်များအဖြစ်မှတ်ယူနိုင်သော်လည်း ဤနေရာရှိစွမ်းအင်က မိစ္ဆာဆန်ကာ အရာအားလုံးကိုတိုက်စား‌နိုင်ပေသည်။

" ဒီစွမ်းအင်က တိုက်ကြီးတစ်ခုလုံးကို ပျံ့နှံ့သွားရင် ဒိုင်ယာဘလိုကမ္ဘာ မှာ ဖြစ်ပျက်ခဲ့တာတွေက ဒီမြေပေါ်မှာလည်း ဖြစ်ပျက်လာလိမ့်မယ် ပြီးတော့ သိပ်မကြာလောက်ဘူးလို့ ငါယုံကြည်တယ် ဒီကမ္ဘာက တစ်နှစ် နှစ်နှစ်အတွင်း ပျက်သွားနိုင်တယ် " ကိန်းက အစောပိုင်း ထိတ်လန့်မှုကနေ နိုးလာပြီး ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

" မြို့လယ်ခေါင်ကို သွားကြရအောင် နောက်မှ ကောက်ချက်ချလို့ရတယ် " ဖေးသည် ဤဖြစ်ရပ်၏ ပြင်းထန်မှုကို သဘောပေါက်သော်လည်း သက်သေအထောက်အထားမရှိဘဲ မည်သည့်ကောက်ချက်မှ မချလိုပါ။

သူ ပါလာဒင်ပုံစံ ကိုပြောင်းလိုက်တော့ သန့်ရှင်းသည့်အရှိန်အဝါက သူ့ပတ်ပတ်လည်တွင် ပျံ့နှံ့သွားသည်။ အစောပိုင်းက သူချုပ်နှောင်ထားသည့် ဖုတ်ကောင် ဆယ်ဂဏန်းလောက်က ဘာမှမလုပ်နိုင်ခင်မှာပင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကမ်းခြေမှ သဲပန်းပုရုပ်များ ရေလှိုင်းထိသလို ပျောက်ကွယ်သွားခဲ့သည်။

ယခုအချိန်မှာ ဖေး၏ ပါလာဒင်ကျွမ်းကျင်မှုက ငရဲပုံစံအဆင့်၁၀၀ဖြစ်သည်။ သူအနေဖြင့် ဒိုင်ယာဘလိုကမ္ဘာအစပိုင်းမှ ဖုတ်ကောင်များကို အရှိန်အဝါဖြင့်ပင် သတ်နိုင်ပေသည်။

သူတို့သုံးယောက် မြို့ထဲမှာ လှည့်လည်ကြည့်ရှုရင်း အခြေအနေက သူတို့ထင်ထားသည်ထက်ပင် ပိုဆိုးနေသည်ကို တွေ့ရှိလိုက်၏။ နေထိုင်သူအားလုံး သေဆုံးခဲ့ရုံသာမက မကောင်းဆိုးဝါးစွမ်းအင်ကလည်း တိရစ္ဆာန်များကို တိုက်စားခဲ့သည်။

ကပ်ရောဂါကဲ့သို့ပင် မကောင်းဆိုးဝါးစွမ်းအင်သည် မြို့တစ်မြို့လုံးသို့ ပျံ့နှံ့သွားပြီး အလွန်ကြောက်မက်ဖွယ်ကောင်းလွန်းသည်။ ဤမကောင်းဆိုးဝါးစွမ်းအင်ကို မည်သည့်အရာကမျှ တန်ပြန်နိုင်မည်မဟုတ်ဟု ထင်ရသည်။

" ဟမ် ဒီမှာ အကောင်ကြီးကြီးတစ်ကောင် ရှိနေတာလား "

မြို့လယ်ရင်ပြင်ကို ဖြတ်လျှောက်သွားသည့်အခါ ဧရာမအစိမ်းရောင်ဖုတ်ကောင်တစ်ကောင် ရုတ်တရက်ပြေးထွက်လာ၏။ သူ့ အရေပြားဟာ အရိုးချပ်ဝတ်တန်ဆာနဲ့ ယှဉ်နိုင်လောက်အောင် မာကျောသွားပြီး သန်မာလှသည်။ ထို့အပြင် သုံးမီတာလောက်မြင့်ပြီး လက်သည်းများကလည်း တစ်မီတာနီးပါးရှည်လှသည်။ နတ်ဘုရားလက်နက်ဆယ်ခုသဖွယ် လက်သည်းများက အရာဝတ္ထုများကို အလွယ်တကူ ဖြတ်တောက်နိုင်သည်။

ထိုဧရာမဖုတ်ကောင်ဟာ အဆင့်နိမ့် ကြယ်နှစ်ပွင့် အစွမ်းရှိပြီး သာမန်ဖုတ်ကောင်များထက် သုံးဆမှ လေးဆလောက် ပိုကြီးသည်။ ထို့အပြင် အသိညဏ်ရှိပြီး သာမန်ဖုတ်ကောင်များက သက်တော်‌စောင့်များသဖွယ် သူ့ကိုဝိုင်းရံထားသည်။

" သေစမ်း အဲ့ဒါ အလောင်းမီးလားဟ "

ဖေး အံ့အားသင့်သွားသည်။

ထိုဧရာမဖုတ်ကောင်မှာ ခြေသလုံးအိမ်တိုင်စခန်းတွင် ပထမဆုံး တာဝန်ဖြစ်သော မိစ္ဆာသိုက်မှ ဘော့စ်အသေးစားလေး အလောင်းမီးနှင့်သွားဆင်နေသည်။

" ဒါ တိုက်ဆိုင်မှုလား ဒါမှမဟုတ် တခြားတစ်ခုခုလား " ဟု ဖေး သူ့ဘာသာသူ တွေးလိုက်သည်။

ဖေးဟာ ရုတ်တရက် မြူခိုးများဝေနေသည့် တောအလယ်သို့ ရောက်သွားသည်နှယ်ခံစားလိုက်ရသည်။ ဘယ်အရာကမှ ရိုးရှင်းမနေပေ။

သူမြင်နေရသည့် အရာအားလုံးက ဒိုင်ယာဘလိုကမ္ဘာနှင့် ဖြည်းဖြည်းချင်း ပေါင်းစည်းသွားသလို ခံစားရပြီး သူ့ကို နိမိတ်မကောင်းသလို ခံစားရစေသည်။ သူယခင်က နားမလည်နိုင်သော လျှို့ဝှက်ချက်များအားလုံးသည် ဖြည်းဖြည်းချင်း ပေါ်လာသည်။

"မြင့်မြတ်သော ဘော့ "

ဖေး သူ့လက်ကို မြှောက်လိုက်တော့ ငွေရောင်စွမ်းအင်အစုအဝေးတစ်ခု လွင့်ထွက်သွားသည်။

၎င်းသည် ပါလာဒင် ၏ထူးခြားသောကျွမ်းကျင်မှုဖြစ်ပြီး ဖုတ်ကောင် သတ္တဝါများကို သဘာဝအတိုင်းတန်ပြန်တိုက်ခိုက်သည့်အရာတစ်ခုဖြစ်သည်။

ထိုအခါ ဧရာမဖုတ်ကောင်ကြီး ချက်ချင်းပင် မြေပြင်ပေါ် လဲကျသွားတယ်။

တစ်ချိန်တည်းမှာပဲ အာကာရာနဲ့ ကိန်းတို့က သူတို့ပတ်ပတ်လည်က သာမန်ဖုတ်ကောင် ခုနှစ်ကောင် ရှစ်ကောင်ကို တာဝန်ယူပြီး သူတို့၏လက်စွမ်းကိုပြကြသည်။

" ဟမ် ဘာတွေဖြစ်နေတာလဲ " ဖေး ရုတ်တရက် အံ့အားသင့်သွားပုံရသည်။

သူ အလောင်းမီး ကို သတ်ပြီးနောက်၊ ထိုဖုတ်ကောင်၏ အလောင်းမှ သိမ်မွေ့ပြီး သေးငယ်သော စွမ်းအင်တစ်ခု ထွက်လာသည်ကို ခံစားလိုက်ရပြီး သူ့ကို ရင်းနှီးသော ခံစားချက်တစ်ခု ရလိုက်သည်။

မသိစိတ်ဖြင့် သူသည် လက်ကို မြှောက်ပြီး ဆွဲတင်ရန် ကြိုးစားလိုက်သောအခါ စွမ်းအင်လှိုင်းသည် သဘာဝအတိုင်း သူ့လက်ထဲသို့ ပြေးဝင်ပျောက်ကွယ်သွားသည်။

End

All Chapters