← Chapters

ညစ်ညမ်းနေသော သစ်တော (အပိုင်းတစ်)

Vol. 73 Ch. 1069

ညစ်ညမ်းနေသော သစ်တော (အပိုင်းတစ်)

Vol. 73 Ch. 1069

"ဒါ... ဘာဖြစ်နေတာလဲ "

တွေ့ကြုံရသည်များကို ဖေး နက်နက်ရှိုင်းရှိုင်းစဉ်းစားလိုက်၏။

ထိုစွမ်းအင်က ဖုတ်ကောင်အလောင်းမှ လာသည်ဖြစ်သော်လည်း မိစ္ဆာစွမ်းအင်များပါမနေသည်က အံ့ဩစရာပင်ဖြစ်သည်။

၎င်းက သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားပြီးနောက် ဖေးသည် သူ့ကိုယ်သူ ဂရုတစိုက် စောင့်ကြည့်ခဲ့ရာ မသက်မသာဖြစ်ခြင်းမရှိသည့်အပြင် ထူးဆန်းသော အရာလည်း မဖြစ်ပျက်ခဲ့ချေ။

ထိုစွမ်းအင်စီးကြောင်းက ပါလာဒင်၏ နတ်ဘုရားစွမ်းအားနှင့် အောင်မြင်စွာ ပေါင်းစပ်သွားခဲ့သည်။

ဖေးက အစွမ်းထက်ပြီး ရဲရင့်သူဖြစ်ရာ ထိုစွမ်းအင်ကို စုပ်ယူရဲခဲ့သည်။ အခြားတစ်ယောက်ယောက်ဆိုပါက သူတို့ သေလောက်အောင် ကြောက်နေကြမှာဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဖုတ်ကောင်များမှ ထွက်လာသည့်စွမ်းအင်က ဖုတ်ကောင်အဖြစ်ပြောင်းလဲစေနိုင်သည်မဟုတ်ပါလော။

ဖေး က သူ့တွေ့ရှိချက်များကို ကိန်းနှင့် အာကာရာ ကို မပြောပြသေးချေ။ ထိုအစား တိရစ္ဆာန်များမှ ပြောင်းလဲသွားသည့် ဖုတ်ကောင်များကို ဆက်လက်ရှင်းလင်းနေလိုက်၏။

ထိုဖုတ်ကောင်ငယ်လေးများက အလွန်အားနည်းနေ၍ ဖြစ်နိုင်သည် ဖေး သူတို့၏ အလောင်းများထဲက စွမ်းအင်များကို ခံစာနိုင်‌သော်လည်း စွမ်းအင်များက အပြင်ယိုစိမ့်ထွက်ပြီးသည်နှင့် လေထဲတွင် ပြိုကွဲပျောက်ကွယ်သွားသည်။

ဖေးသည် စွမ်းအင်အစုအဝေးအချို့ကို ဆွဲယူစုပ်ယူရန် ကြိုးစားခဲ့သော်လည်း ဘာထူးခြားမှုမျှ ဖြစ်မလာခဲ့ချေ။

" ဒါက ဘာလို့လဲ "

ဖေးလိုအစွမ်းထက် သခင်တစ်ဦးပါဝင်သည်ဖြစ်ရာ မိနစ်သုံးဆယ်အတွင်း ဖုတ်ကောင်များကို ရှင်းလင်းနိုင်လိုက်သည်။

နောက်ဆုံးတွင် ဖေးသည် မြို့လယ်သို့သွားပြီး ပါလာဒင်ကျွမ်းကျင်မှု - [သန့်စင်ခြင်း] ကို အသုံးပြုခဲ့သည်။ ကြီးမားသည့် သန့်ရှင်းသောစွမ်းအင်သည် အရပ်မျက်နှာအားလုံးသို့ ပြေးလွှားသွားပြီး မြို့တစ်မြို့လုံးကို လုံးဝဖုံးလွှမ်းသွားသည်။

မကြာမီတွင် မိစ္ဆာစွမ်းအားက ညစ်ညမ်းစေခဲ့သမျှ အရာအားလုံးကို သန့်စင်ပေးနိုင်ခဲ့သည်။

အဖွဲ့ထွက်ခွာသွားသောအခါ မြို့သည် ယခင်တည်ရှိမှုကို ပြန်လည်ထိန်းသိမ်းထားနိုင်ခဲ့သည်။ သို့သော် သေဆုံးသွားသောလူများနှင့် တိရစ္ဆာန်များကို ပြန်လည်အသက်သွင်းနိုင်ခြင်းမရှိပေ။

ကံမကောင်းစွာပင် အဘယ့်ကြောင့် ဤသို့ဖြစ်ရသည်ဆိုသည့် သဲလွန်စကိုရှာမတွေ့ခဲ့ပေ။ အမည်မဖော်လိုသော ဖိအားတစ်ခုသည် လူတိုင်း၏ခေါင်းပေါ်တွင် မှောင်မိုက်သောတိမ်တိုက်တစ်ခုကဲ့သို့ ပေါ်လာသည်။ ဖေးလည်း အန်ဂျီအင်ပါယာသို့ ဤခရီးစဉ်သည် လွယ်ကူမည်မဟုတ်ဟု ခံစားခဲ့ရသည်။

လေသင်္ဘော ကိုပြန်ရောက်ပြီးနောက် ဖေး မြန်မြန်ရှေ့ဆက်သွားဖို့ အမိန့်မပေးခဲ့ချေ။ ထို့အစား ပုလဲနက်နှင့် ဆိုက်ကလောကို အနိမ့်ဆုံးနှုန်းဖြင့် လေဟုန်စီးနေရန် ညွှန်ကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဘုရင်က ချမ်းဘော့ဒ် မြို့တွင် တပ်စွဲထားသည့် ဖုဝ်ကောင်မှော်ပညာရှင် ဟေဇယ်ဘဏ် ကို ခေါ်ပြီး သင်္ဘောပေါ်မှ ခရီးဝေးသွားပို့ဆောင်ရေး အစီအရင်ဖြင့် အမြန်ဆုံးလာရင် ညွှန်ကြားခဲ့၏။

လေသင်္ဘောအောက်တွင် သစ်တောကြီးက အစိမ်ရောင် ပင်လယ်ကြီးအလားပင်။

ဤတောက အန်ဂျီးအင်ပါယာနှင့် အာလန်နီယား အင်ပါယာကြားရှိ နယ်စပ်သစ်တောဖြစ်ပြီး ချမ်းဘော့ဒ်အနောက်ရှိ သစ်တောလောက်မကြီးသော်လည်း သားရဲများစွာရှိနေဆဲဖြစ်သည်။

လူများ ကုန်သညမျ်ား တောကို ဖြတ်သွားချင်သည့်အခါ သူတို့ကို ကာကွယ်ရန် အစောင့်များနှင့် ကြေးစားစစ်သားများကို ငှားရမ်းရသည်။

တောထဲတွင် အမြင့်ဆုံးဘုရင်အဆင့် နတ်ဆိုးသားရဲများမရှိသော်လည်း သားရဲဟိန်းသံများက အစဉ်မပြတ်ထွက်ပေါ်နေ၏။

သို့သော်လည်း ယနေ့တွင် တောအုပ်က တိတ်ဆိတ်ငြိမ်သက်နေသည်။ အမှောင်မိစ္ဆာစွမ်းအင်များက ကောင်းကင်ယံထိ ထိုးတက်နေပြီးကောင်းကင်တွင် တိမ်များသဖွယ်စု‌စည်းတော့မည့်အလားပင်။

လေသင်္ဘောထိုနေရာရောက်တော့ ရှေ့ဆက်မသွားဘဲ ရပ်တန့်ရန်ဖေးအမိန့်ပေးလိုက်သည်။

" တကယ့်ကို ထူထဲပြီး မကောင်းဆိုးဝါးတဲ့ စွမ်းအင်ပဲ ဒိုင်ယာဘလိုကမ္ဘာရဲ့ ပုံမှန်နေရာတွေက ငရဲစွမ်းအင်ရဲ့ ဆယ်ပုံတစ်ပုံလောက်ရှိတယ် "

လေသင်္ဘောနှင့် စစ်သားများကို ငြိမ်နေရန်အမိန့်ပေးပြီးနောက် ဖေးမှာ ကိန်း အာကာရာတို့နှင့်အတူ သစ်တောထဲဆင်းသက်လိုက်၏။

အခန်း ၁၀၆၉: ညစ်ညမ်းနေသော သစ်တော (အပိုင်းနှစ်)

" ဒီတောက လုံးဝညစ်ညမ်းနေတယ်။း ဒီမှာနေထိုင်တဲ့ နတ်ဆိုးသားရဲတွေအားလုံးက ဖုတ်ကောင်သတ္တဝါတွေအဖြစ် ပြောင်းလဲသွားကြတယ်..." ကိန်းက နေရာအနည်းငယ်ကို ကျပန်းကြည့်လိုက်ပြီး ကောက်ချက်ချလိုက်၏။ သူဟာ ထိုမိစ္ဆာစွမ်းအင်ကို အတော်လေးရင်းနှီးလှသည်။

“ ဟုတ်တယ် မကောင်းဆိုးဝါးစွမ်းအင်က တစ်လခွဲတောင် မပြည့်ခင်ကမှ ပေါ်လာတာ ဒါပေမယ့် ဒီတောအုပ်လေးက လုံးဝပျက်စီးသွားပြီ။း ဂရစ်ဝိုလ်း အဆင့်ရှိတဲ့ ဒဏ္ဍာရီဆန်ဆန် ခမ်းနားထည်ဝါတဲ့ ပါလာဒင် တစ်ယောက် ပေါ်လာပြီး [သန့်စင်ခြင်း] ကို အသုံးမပြုဘူးဆိုရင် အမှောင်စွမ်းအင်တွေက ထပ်ပြန့်သွားမှာပဲ ကျုပ်တို့ မြင်ခဲ့ရတဲ့မြို့က ဒီကဟာတွေသက်ရောက်ခံရတာ မိစ္ဆာစွမ်းအင်က ဒီနေရာမှာစတင်ညစ်ညမ်းစေပြီးမှ မြို့ထဲ ဆက်သွားတာ အဲ့တာ ဒီအ‌မှောင်စွမ်းအင်ရဲ့ ကြောက်စရာကောင်းတဲ့ အင်အားပဲ ဒါကို ထိထိရောက်ရောက် မထိန်းချုပ်နိုင်ရင် လေထဲက ဒန်ဒီလီပန်းစေ့တွေလို တိုက်ကြီးတစ်ခုလုံးကို ပျံ့နှံ့သွားလိမ့်မယ် ” ဟု အာကာရာက လေးနက်စွာပြောသည်။

“ဒီတောအုပ်က အခုဆိုရင် အမှောင်စွမ်းအားရဲ့ ဗဟိုချက်လိုပဲ ဒီအတိုင်းထားရင် တစ်နယ်လုံးပြန့်ကုန်မှာ ”

ဖေး ဘာမှ မပြောဘဲ ပတ်ဝန်းကျင်ကိုသာ ဂရုတစိုက် စောင့်ကြည့်နေသည်။

တောအုပ်တစ်ခုလုံး၏ အရောင်ပြောင်းလဲသွားသည်။ မြေပြင်ပေါ်မှ သစ်ပင်များမှာ ညှိုးနွမ်းသွားခြင်းမရှိသော်လည်း စိမ်းစိုခြင်း မဲမှောင်နေကာ အသက်ကင်းမဲ့နေသည်။

အသက်ဝင်မှုနှင့် စွမ်းအင်ကို ကိုယ်စားပြုသော ဤသစ်တောသည် စွန့်ပစ်နယ်မြေအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဘာကြောင့်မှန်းမသိ ထိုမြင်ကွင်းက ဖေး ကို ရင်းနှီးသည့်ခံစားချက်တစ်ခု ပြန်အမှတ်ရစေသည်။ သို့သော်လည်း ထိုမြင်ကွင်းကို ထိုအချိန်က နားမလည်ခဲ့ချေ။

“ဟူး…” မိစ္ဆာစွမ်းအား လွှမ်းမိုးခံထားရသော အဆင့် ၃ အနီရောင်ဦးခေါင်းရှိသော စပါးအုံးတစ်ကောင်သည် မီးခိုးရောင်ချုံပုတ်တစ်ခုထဲမှ ပြေးထွက်လာသည်။

ထိုနတ်ဆိုးသားရဲက လုံးဝကို ဖုတ်ကောင်အဖြစ် ပြောင်းလဲနေပြီဖြစ်သည်။ သူ့ အနီရောင်ဦးခေါင်းဟာ အနက်စိမ်းရောင်အဖြစ် ပြောင်းလဲသွားပြီး ငွေရောင်အကြေးခွံများလည်း အနက်ရောင်အဖြစ် ပြောင်းလဲသွား၏။ အပြင်းထန်ဆုံးပြောင်းလဲမှုက သူ အရွယ်အစားပင်ဖြစ်သည်။

သူ့အရွယ်အစားက သုံးဆကြီးလာသလို ခံနိုင်ရည်လည်းသုံးဆရှိလာသည်။ သူ့အသားများက သံမဏိသဖွယ်မာကျောနေပြီး နာကျင်မှုကိုလည်း ခံစားနိုင်စွမ်းမရှိချေ။ သူ့ကို လူသတ်ဝိညာဉ်တစ်ခုက ထိန်းချုပ်ထားပြီး မြင်သမျှအရာအားလုံးကို ဖျက်ဆီးပစ်ချင်နေသည်။

၎င်း၏ အနက်ရောင်ကွဲအက်နေသော လျှာသည် တဖျပ်ဖျပ်ခတ်နေပြီး ဖေး၊ ကိန်း နှင့် အာကာရာ တို့ထံသို့ ခုန်အုပ်လာသည်။

" မြင့်မြတ်သော ဘော့။"

ဖေးဟာ မျိုးရိုးဗီဇပြောင်းသွားခဲ့သည့် စပါးကြီးမြွေကို လက်ချောင်းတစ်ချက် လှုပ်လိုက်ရုံနဲ့ သတ်ပစ်လိုက်ပြီး အခြားသူများ မမြင်နိုင်သည့် စွမ်းအင်တန်းတစ်ခုမှာ စပါးကြီးမြွေ၏ အလောင်းမှ ယိုစိမ့်ထွက်လာပြီး သူ့လက်ထဲပေါင်းစပ်ဝင်သွားသည်။

"ဘာတွေဖြစ်နေတာလဲ ဒီမကောင်းဆိုးဝါးစွမ်းအင်က ဒီလောကမှာ ဘယ်လိုပေါ်လာတာလဲ ဒါတွေအားလုံးရဲ့နောက်ကွယ်မှာ တစ်ယောက်ယောက်ရှိလို့လား တိုက်ဆိုင်မှုလား ဒီတောထဲမှာ ဘာလျှို့ဝှက်ချက်တွေ ဝှက်ထားတာလဲ "

တောအုပ်ဟာ ကြမ်းတမ်းပြီး ဖုတ်ကောင်များဖြငါပြည့်နေသည်။ သုံးဦးသာရှာနေသည့်တိုင် အချိန်တိုအတွင်း ဘာမျှမတွေ့ရသေးပေ။

" ဒီတောကို သန့်စင်ရမယ် မဟုတ်ရင် မကောင်းဆိုးဝါးစွမ်းအင်တွေ ပျံ့နှံ့သွားရင် ဒီဒေသက သက်ရှိသတ္တဝါအားလုံး ပြောင်းလဲသွားလိမ့်မယ် ချမ်ဘော့ဒ်မြို့ဟာ ဒီကနေ ကီလိုမီတာ သိန်းချီဝေးပေမယ့် ဒီအခြေအနေကို မထိန်းချုပ်နိုင်ရင် ထိခိုက်လိမ့်မယ် ဂရုမစိုက်ဘဲ ထားခဲ့မယ်ဆိုရင် မရေမတွက်နိုင်တဲ့ ကပ်ဘေးကြီးတစ်ခု ဖြစ်လာလိမ့်မယ် "

" ပထမဆုံးအနေနဲ့ ဒီလူသေကောင်တွေရဲ့ အလောင်းတွေကနေ ယိုစိမ့်ထွက်လာတဲ့ စွမ်းအင်တွေက ဘာတွေလဲဆိုတာ ငါအတည်ပြုဖို့ လိုတယ် ဘာတွေဖြစ်နေတာလဲ "

ခဏလောက်စဉ်းစားပြီးနောက်

ဖေး က ကိန်းနှင့် အာကာရာ တို့ကို သူ့လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအင်အစုအဝေး ရှာဖွေတွေ့ရှိမှုတွေအကြောင်း ပြောပြလိုက်သည်။ သူတို့ကတော့ ဘာမျှ မခံစားကြရပေ။

" ဒီအကြီးအကဲနှစ်ယောက်က

ဒိုင်ယာဘလိုကမ္ဘာ ကဆိုတော့ ဒီလိုစွမ်းအင်မျိုးကို သူတို့ မခံစားမိကြဘူးလား " ထိုအတွေးက တစ်ခုထဲသော ဖြေရှင်းချက်သာဖြစ်သည်။

ထို့ကြောင့် သူသည် အခြားရှုထောင့်မှ ထပ်မံအတည်ပြုရန် ကြိုးစားရမည်။

End

All Chapters