ရူးသွပ်ဖွယ် ရှာဖွေတွေ့ရှိမှု (အပိုင်းတစ်)
Vol. 73 Ch. 1070
တောအုပ်ထဲမှ မိစ္ဆာစွမ်းအင်၏ အရင်းအမြစ်ကို မဖော်ထုတ်နိုင်သဖြင့် သုံးဦးသာစိတ်ပျက်လက်ပျက်ဖြင့် လေသင်္ဘောထံပျံသွားလိုက်၏။
ယခုအချိန်တွင်း အောင်လမ်းဖုတ်ကောင်ဆင့်ခေါ်မှော်ဆရာ ဟေဇယ်ဘဏ် က ခရီးဝေးသွားအကူးအပြောင်း အစီအရင်သုံး၍ လေသင်္ဘောပေါ်ရောက်လာခဲ့သည်။
ဖေးဟာ အချိန်မဖြုန်းဘဲ ဟေဇယ်ဘဏ် တောရက်စ်နဲ့ လက်ရွေးစင်စစ်သား ၁၀၀ တို့နဲ့အတူ ညစ်ညမ်းနေသည့် တောအုပ်ထဲကို ပြန်သွားလိုက်၏။
" ဒါ... အောင်လမ်းဖုတ်ကောင် မှော်ပညာ မဟုတ်ဘူး " ပတ်ဝန်းကျင်ကို သေချာစွာ လေ့လာပြီး စမ်းသပ်မှုအချို့ကို လုပ်ဆောင်ပြီးနောက် ဟေဇယ်ဘဏ်က နိဂုံးချုပ်လိုက်သည်။
ယခင် ဖုတ်ကောင်နတ်ဘုရားနန်းတော်၏ အဆင့်မြင့်အကြီးအကဲတစ်ယောက်အနေနှင့် ဟေဇယ်ဘဏ်၏ အဇာရို့သ်တိုက်ကြီးပေါ်မှ အောက်လမ်းဖုတ်ကောင်မှော်ပညာအပေါ် နားလည်မှုက နောက်တစ်ဆင့်ရောက်သွားပြီဖြစ်သည်။ သူ့လက်ရှိအစွမ်းက တောက်ပခြင်းနေအဆင့်၏ အလယ်အလတ်အဆင့်ကို ပြန်ရောက်သွားပြီး သူ့ယခင် အထွတ်အထိပ်အဆင့်နှင့် အလွန်နီးစပ်နေပြီဖြစ်သည်။
သူ့ကို အသိပညာအရှိဆုံး ဖုတ်ကောင်မှော်ဆရာများထဲက တစ်ယောက်ဟု သတ်မှတ်၍ရသည်။ ဟေဇယ်ဘဏ်စကားများကြားသည်နှင့် ဖေးလည်း သူ့ယူဆချက်မှန်ကန်ကြောင်းသိလိုက်၏။
" တကယ့်ကို ကြောက်စရာကောင်းပြီး မှောင်မိုက်တဲ့ စွမ်းအင်ပဲ ဒါကို ကျွန်တော် ပထမဆုံးအကြိမ် မြင်ဖူးတာပဲ ကျွန်တော်သိသလောက်တော့ ဒီတိုက်ကြီးမှာ ဒီလိုစွမ်းအင်မျိုးကို မှတ်တမ်းတင်ထားတဲ့ စာရွက်စာတမ်းတွေ မရှိဘူး ဘုရား
ရေမယုံနိုင်စရာပဲ ဒါက သတ်ဖြတ် ဖျက်ဆီးဖို့များရှိနေတာလား "
ဟေဇယ်ဘဏ်သည် အတွေ့အကြုံရှိပြီး ဉာဏ်ပညာရှိသော်လည်း ဤစွမ်းအင်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် အံ့အားသင့်နေဆဲဖြစ်သည်။
" စမ်းကြည့်လိုက်ပါဦး ဖုတ်ကောင် သတ္တဝါတွေကို သတ်ပြီးရင် တစ်ခုခု ရှာတွေ့နိုင်မလားဆိုတာ ကြည့်ဦး " ဖေးက ဟေဇယ်ဘဏ်၊ တောရက်စ်နှင့် လက်ရွေးစင်စစ်သား ၁၀၀ အား တောအုပ်ထဲမှ ဖုတ်ကောင်အချို့ကို သတ်ရန် အမိန့်ပေးခဲ့သော်လည်း ထိုတွေ့ရှိချက်က သူ့ကို ပို၍ပင် ဇဝေဇဝါဖြစ်စေခဲ့သည်။
မွန်းစတားအလောင်းများမှ စွမ်းအင်များယိုစီးကျလာသော်လည်း မည်သူမျှ မတွေ့နိုင်သလို စုပ်လည်းမစုပ်ယူနိုင်ကြပေ။
" အဲဒီစွမ်းအင်မျိုးကို ငါတစ်ယောက်တည်းပဲ ခံစားမိသလိုပဲ ငါဘာကိုသတိမထားမိတာလဲ ဒါမှမဟုတ် ငါက တစ်နည်းနည်းနဲ့ ထူးခြားနေတာလား " ဖေး စဉ်းစားမိသည်။ " ငါစုပ်ယူပြီးရင် ဒီလိုစွမ်းအင်မျိုးက ငါ့အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိမှာလဲ ငါတကယ်သုံးလို့ရပါ့မလား ပြီးတော့ ဒါတွေအားလုံးက အန်ဂျီဧကရာဇ် ကရီမော့ဗ် ကွယ်လွန်ခင်မှာ ထုတ်ဖော်ပြသခဲ့တဲ့ နတ်ဘုရားနဲ့ ဆက်စပ်နေတာလား ဒီနတ်ဘုရားက ဒိုင်ယာဘလိုကမ္ဘာက မိစ္ဆာသခင်လား "
ဖေးက အရာအားလုံးကို အရင်ဆုံး ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်သည်။
တပ်ဖွဲ့တစ်ခုလုံး သတိအပြည့်နှင့် တောအုပ်အထက်တွင်ရှိနေကြ၏။ အန်ဂျီအင်ပါယာထဲ မဝင်ခင် ဖေးဟာ ဒီတောအုပ်ကို လုံးဝသန့်စင်ဖို့ စီစဉ်ထားသည်။ ယခုအချိန်တွင် သူ့ ပါလာဒင်ဇာတ်ကောင်က ငရဲပုံစံ အဆင့်၁၀၀ရှိနေပြီဖြစ်သဖြင့် သိပ်မခက်ခဲသော်လည်း နှစ်ရက်သုံးရက်တော့ကြာမည်ဖြစ်သည်။ ထိုသို့မလုပ်ခင် ဖေးအနီးအနားရှိ စာတိုက်ရုံးများသို့ စာပို့ငှက်လွှတ်၍ အင်အားသုံးကာ အမှောင်စွမ်းအင်၏ ရင်းမြစ်ကိုရှာဖွေရန်အမိန့်ပေးလိုက်၏။
အားလုံးစီစဉ်ပြီးသည်နှင့် ဖေးသည် တောထဲသို့ တစ်ယောက်တည်း ပြန်လာခဲ့သည်။
သူ့ရှေ့တွင် ဖုတ်ကောင်များ အန္တရာယ်များပြည့်နေသည့် သစ်တောကြီးတစ်ခုရှိနေ၏။
ဖေး ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်သည့်အခါ ရွှေရောင်စွမ်းအင်မီးတောက်များ သူ့ပတ်ပတ်လည်တွင်တောက်ပသွားသည်။ သူ့ အဖြူရောင်ဝတ်ရုံပေါ်တွင် သံချပ်ကာအသစ်တစ်စုံ ပေါ်လာပြီး ဖေး ဟာ ကိုရိုနာသရဖူ ချပ်ဝတ်၊ ဖိနပ်များ ဝတ်ဆင်ထားသည့် ကြီးကျယ်သော ပါလာဒင် တစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ သူ့လက်တစ်ဖက်တွင် ဗို့တက်ဒိုင်းရှိပြီး တစ်ဖက်တွင် ကဒူဆီးယက် လှံတံကိုကိုင်ထားသည်။
၎င်းက ကြီးမြတ်သော ပါလာဒင်ဂရစ်ဝိုးလ်၏ အမွေအနှစ်များဖြစ်သည်။ ထိုအရာများကိုအသုံးပြုသည်နှင့် ပါလာဒင်တိုင်းများ စွမ်းအားအများအပြားသုံးနိုင်မည်ဖြစ်သည်။ ရွှေရောင်၊ သန့်ရှင်းသော အလင်းရောင်ဖြင့် ဖေး သည် လေးနက်သော တိုက်ပွဲဆုတောင်းချက်များကို သီဆိုပြီး ပါလာဒင်အစွမ်း – [သန့်စင်ခြင်း] ကို အသုံးပြုလိုက်သည်။
အခန်း ၁၀၇၀: ရူးသွပ်သော ရှာဖွေတွေ့ရှိမှု (အပိုင်းနှစ်)
ဖေး၏ ခန္ဓာကိုယ်မှ အဆုံးမဲ့ အလင်းစွမ်းအင်များထွက်လာပြီး ဧရာမလှိုင်းလုံးကြီးများသဖွယ် အရပ်မျက်နှာအားလုံးဆီ ပျံ့နှံ့သွား၏။ အလင်းစွမ်းအင်၏ ဗဟိုချက်မှ ဖေးမှာ နတ်ဘုရားတစ်ပါးသဖွယ် သူဘယ်သွားသွား အမှောင်စွမ်းအင်များ သန့်စင်ခံရလေသည်။
အလင်းရောင်နှင့် မျှော်လင့်ချက်သည် ဤမြေကို တစ်ဖန်ပြန်လည် ဖုံးလွှမ်းလာပြန်သည်။ ငရဲပုံစံ ပါလာဒင်အဆင့်၁၀၀က မယုံနိုင်စရာပင်ဖြစ်သည်။
ဂရစ်ဝိုလ်းပစ္စည်းစု၏ အစွမ်းမြှင့်တင်ပေးမှုကြောင့် ဖေး၏ အစွမ်းက နတ်ဘုရားတစ်ပိုင်းအဆင့်အလားဖြစ်နေသည်။ ငရဲအဆင့်ကို ပါလာဒင်ဇာတ်ကောင်ဖြင့် အဆုံးသတ်ပြီးနောက် ယခြက ပထမဆုံးအကြိမ် အစွမ်းကုန်သုံးခြင်းဖြစ်သည်။
ကြီးမားပြီး သန့်ရှင်းသော စွမ်းအင်သည် သူ့ပတ်လည်ရှိ ကီလိုမီတာ ၅၀ ပတ်လည်ကို ဖုံးလွှမ်းထားသည်။ ရှိရှိသမျှ အမှောင်စွမ်းအင်များမှာ ဖြည်းဖြည်းခြင်း ပျောက်ကွယ်နေသည်။
ဖေး၏ စွမ်းအားအောက်၌ ဗီဇပြောင်းသွားသော အပင်များ တိရစ္ဆာန်များမှာ နာကျင်စွာသေဆုံးသွားကြရသည်။
ဖေးထိုမျှသာ တတ်နိုင်သည်။ မိစ္ဆာစွမ်းအင်ကြောင့် ဖုတ်ကောင်ဖြစ်ခဲ့သည့် သတ္တဝါအားလုံးသေဆုံးသွားကြသည်။ အစွမ်းထက်ပါလာဒင် ဖေးမှာ ထိုအထိသာ စွမ်းစဆာင်နိုင်၏။
ဖေးတတ်နိုင်သည့်အရာက ထိုသတ္တဝါများ၏ ဝိညာဉ်ကို အေးချမ်းစွာအနားယူနိုင်စေရန် သန့်စင်ပေးခြင်းသာဖြစ်သည်။ သန့်ရှင်းပြီး တည်ကြည်သော တောင်းဆုပြုချက်များ နေရာအနှံ့ပျံ့သွား၏။
ဖေး ပါလာဒင်၏ ကျွမ်းကျင်မှု သန့်စင်ခြင်းကို အားကုန်သုံးလိုက်သည့်အခါ နတ်ဘုရားစွမ်းအားက နေရာအနှံ့ပျံ့သွားပြီး ဆန်းကြယ်သည့ မြင်းကွင်းတစ်ခု ကောင်းကင်ယံတွင် ပေါ်လာ၏။
တစ်စုံတစ်ယောက်သည် အဝေးမှ ဤဘက်သို့ ကြည့်မည်ဆိုပါက သန့်ရှင်းပြီး စုံလင်သည့် ကောင်းကင်တမန်များစွာက သန့်စင်သော အလင်းရောင်တွင် ကခုန်သီဆိုနေစဉ် ၎င်းတို့၏ တောက်ပသော အဖြူရောင် အတောင်များကို ဖြန့်ကျက်နေသည်ကို မှုန်ဝါးဝါး မြင်တွေ့ရလိမ့်မည်။ ထိုအရာက ပါလာဒင်၏ ကျွမ်းကျင်မှုကို အားကုန်သုံးသည့်အခါ ထွက်ပေါ်လာသည့် ပုံရိပ်ယောင်ဖြစ်၏။
အမှန်တော့ ဒိုင်ယာဘလိုကမ္ဘာမှ ဖေး၏ဇာတ်ကောင်းများက အပြင်လောကတွင် အစွမ်းကိုအသုံးချသောအခါ စိတ်ကူယဉ်ဆန်လောက်အောင် မြင်ကွင်းကလှပခန့်ညားသည်။ စိတ်ကူးယဉ်ဆန်ဆန် မီးတောက်များ ကြောက်စရာကောင်းသည့် စွမ်းအားများက မူရင်းဂိမ်းရဲ့ ရိုးရှင်းပြီး အကြမ်းထည်ဆန်သည့် ပုံစံနှင့်မတူလှပေ။
ကောင်းကင်မှ လေသင်္ဘော ပေါ်ရှိ လူတိုင်းသည် သူတို့မြင်တွေ့နေရသည့်အရာကြောင့် အံ့အားသင့်သွားကြသည်။
သူတို့အများစုအတွက် ဘုရင် အစွမ်းကုန်ထုတ်သည်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်ပြီး သူတို့စိတ်များ တုန်လှုပ်သွားသလို ခံစားလိုက်ရ၏။ နေအဆင့်အရှင်သခင် ဟေဇယ်ဘဏ် ဖေး၏ကိုယ်ရံတော် တောရက်၊ ဖေးကိုကောင်းကောင်းသိသည်ဟုထင်နေသော ကိန်းနှင့် အာကာရာတို့ပင် အံ့ဩနေရာ တခြားသူများဆိုပါက ထည့်ပြောရန်မလိုပေ။
အဇာရိုသ့်တိုက်ကြီး၌ နေထိုင်သူများအတွက် ဖေးပြသခဲ့သည့် စွမ်းအားက ဒဏ္ဍာရီခေတ်မှ နတ်ဘုရားနှင့်တူနေသည်။ ကိန်းနှင့်အာကာရိုအမြင်ကမူ ဖေးက ကောင်းကင်ဘုံမှ အစွမ်းကိုသုံး၍ ငရဲမှ နတ်ဆိုးများကို တိုက်ခိုက်ခြင်းဖြစ်၏။ ဘုရင်သည် နတ်ဘုရားများနှင့် ယှဉ်ပြိုင်နိုင်သည့် ဤတားမြစ်အစွမ်းကို မည်သည့်အချိန်တွင် ရရှိခဲ့သည်ကိုလည်း သူတို့ထဲမှ မည်သူမျှ မသိခဲ့ကြပေ။
ထိုအချိန်မှာပင် ဤပုဂ္ဂိုလ်၏ စွမ်းအားက သူတို့စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေသည်ကို သဘောပေါက်သွားကြ၏။ မယုံနိုင်စရာပင်ဖြစ်သည်။
အချိန်များ အလျှင်အမြန်ကုန်ဆုံးသွားသည်။
ခန့်မှန်းထားသည့်အတိုင်း ဘုရင်ဟာ နှစ်ရက်လုံးလုံး အချိန်ယူပြီး နောက်ဆုံးတွင် တောကို သန့်စင်နိုင်ခဲ့၏။
ဖေး၏ ပါလာဒင် ဇာတ်ကောင်က အစွမ်းထက်သော်လည်း လုပ်ငန်းစဉ်က ခက်ခဲသည်။ ဖေး မန်နာပြန်ပြည့်ရန် ဆေးရည်ပုလင်း၁၀၀ကျော်သုံးခဲ့ရပြီး အတော်ကိုပင်ပန်းနေပြီဖြစ်သည်။
ဒါက အဆင့်တူ ပြိုင်ဘက်တစ်ယောက်ကို နှစ်ရက်လုံးလုံး မအိပ်ဘဲ တိုက်ခိုက်နေရသလိုပင်ဖြစ်သည်။
သို့သော်လည်း ဖေးက ထိုကဲ့သို့ လုပ်မိသည့်အတွက် နောင်တမရခဲ့ချေ။
အကြောင်းရင်းကတော့ သူ တစ်ခုခုကို ထူးဆန်းစွာ ရှာဖွေတွေ့ရှိခဲ့၍ဖြစ်သည်။ အစကတော့ ထိုဖြစ်ရပ်ကိုသူ မယုံနိုင်ခဲ့ပေ။
End