← Chapters

စွမ်းအား ဆက်လက်တိုးပွားလာခြင်း (အပိုင်းတစ်)

Vol. 73 Ch. 1071

စွမ်းအား ဆက်လက်တိုးပွားလာခြင်း (အပိုင်းတစ်)

Vol. 73 Ch. 1071

ဖေးဟာ သူ့ခွန်အားများ တိုးလာသည်ကို တွေ့ရှိခဲ့ပါသည်။

သူ့ လူရိုင်းနှင့် ပါလာဒင် ဇာတ်ကောင်နှစ်ခုလုံး ငရဲပုံစံအဆင့်၁၀၀ ရောက်ပြီးနောက် ဖေး ဒိုင်ယာဘလိုကမ္ဘာတွင် နည်းလမ်းအမျိုးမျိုးကို စမ်းသပ်ခဲ့သည်။ သူမည်မျှကြိုးစားပါ‌စေ အသုံးမဝင်သည့် အရာများသာ ရရှိခဲ့သည်။ သူ့ လူရိုင်းနှင့် ပါလာဒင် ဇာတ်ကောင်များ ရှိ အတွေ့အကြုံအမှတ်များက ရပ်တန့်နေပြီး သူရှေ့ဆက်မတက်နိုင်တော့ချေ။

ရလဒ်အနေနှင့် ဖေး ဟာ သူ့ဇာတ်ကောင်တွေ ငရဲပုံစံ ကို ကျော်ဖြတ်ပြီးနောက် မွန်းစတားများသတ်ပြီး ခွန်အားမြှင့်မည့်အစီအစဉ်ကို ရပ်တန့်ခဲ့ရသည်။

အခုတော့ တောအုပ်တစ်ခုလုံးကို သန့်စင်ပြီးတဲ့နောက် ကြာမြင်စွာရပ်တန့်နေသည့် သူ့ပါလာဒင်အစွမ်းက တိုးလာသည်ကို ဖေးတွေ့လိုက်ရသည်။

ဖေး ချက်ချင်းပင် ဝမ်းသာအားရဖြစ်သွား၏။

မကြာခင်မှာပဲ သူဘာကြောင့် ဒီလိုဖြစ်ရသည်ကို နားလည်သွား၏။

ထိုဖုတ်‌ကောင်များကိုသတ်ပြီးနောက် သူတို့၏အလောင်းများမှယိုစိမ့်ထွက်လာသော လျှို့ဝှက်ဆန်းကြယ်စွမ်းအင်များသည် ဖေး ၏ခန္ဓာကိုယ်ထဲသို့ပေါင်းစပ်သွားပြီး သူ၏ခွန်အားကိုကြီးထွားစေရန်ကူညီပေးခဲ့သည်။

မည်သည့်ဂုဏ်သတ္တိမှမရှိသော သန့်စင်သည့်စွမ်းအင်များ၏ လမ်းကြောင်းများသည် ဖေး ၏ ပါလာဒင် ဇာတ်ကောင်၏ သန့်ရှင်းသောစွမ်းအားနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားသည်။ မည်သည့်ငြင်းဆန်မှုမျှ မဖန်တီးဘဲ ထိုသန့်စင်သောစွမ်းအင်များ၏ လမ်းကြောင်းများသည် သန့်ရှင်းသောစွမ်းအားအဖြစ်သို့ ပြောင်းလဲသွားပြီး ဖေး မှ ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်သည်။

ဖေး၏ လက်ရှိအဆင့်နှင့်ဆိုပါက သူ့ခန္ဓာကိုယ်ထဲက အရာအားလုံးကို ရှင်းရှင်းလင်းလင်း ခံစားမိနိုင်ပြီး အသေးငယ်ဆုံးပြောင်းလဲမှုကိုတောင် အမှားအယွင်းမရှိဘဲ ခံစားမိနိုင်ပါသည်။

သူ့ခွန်အားများက အမှန်ပင်တိုးလာသည်။ ထိုခွန်အားတိုးတက်မှုက အလွန်နည်းပါးပြီး ဒိုင်ယာဘလိုကမ္ဘာတွင် မွန်စတားသတ်၍ရသည့်ခွန်အား၏ ဆယ်ပုံတစ်ပုံမျှရှိသော်လည်း ဖေးအတွက် လမ်းစတစ်ခုဖြစ်နေဆဲပင်။

"ဒါက အမှန်ဆိုရင် ဒီ မျိုးဗီဇပြောင်းလဲ

သွားတဲ့ မွန်းစတားတွေကို ဆက်သတ်နေသရွေ့ ဒိုင်ယာဘလိုကမ္ဘာ မပါဘဲနဲ့တောင် ငါ့ ခွန်အားကို မြှင့်တင်နိုင်သေးတယ် မျိုးဗီဇပြောင်းလဲထားတဲ့ မွန်းစတားတွေက လုံလောက်အောင် သန်မာရင် ငါမြန်မြန် ပိုသန်မာလာမှာပေါ့ "

ဤရှာဖွေတွေ့ရှိမှုသည် လမ်းကြောင်းအသစ်တစ်ခုကို ရှာဖွေတွေ့ရှိခြင်းဖြစ်ရ ဖေး အလွန်ပျော်ရွှင်သွားသည်။

မကြာခင်မှာပင် သူ့ကိုယ်သူ စိတ်ငြိမ်သက်အောင် ထိန်းသိမ်းလိုက်၏။

" သက်ရှိတွေကို ဗီဇပြောင်းလဲစေတဲ့ မိစ္ဆာစွမ်းအင်

က ဒိုင်ယာဘလိုကမ္ဘာက ငရဲရဲ့စွမ်းအင်နဲ့ အရမ်းဆင်တူတယ် ဒီနှစ်ခုကြားမှာ ဆက်စပ်မှုတွေ ရှိလား ဒိုင်ယာဘလိုကမ္ဘာမှာ မွန်းစတားတွေနဲ့ နတ်ဆိုးတွေကို သတ်တာက အတွေ့အကြုံအမှတ်တွေ ရနိုင်ပြီး ဇာတ်ကောင်တွေရဲ့ ခွန်အားတိုးလာတာ‌ကြောင့် အပြင်မှာပါ လိုက်ခွန်အားတိုးလာတယ် အဲ့လိုပဲ တကယ့်ကမ္ဘာမှာ မျိုးရိုးဗီဇပြောင်းသွားတဲ့ သတ္တဝါတွေကို သတ်ပြီး ဒီလို လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအင်မျိုးကို စုဆောင်းနိုင်တယ် သန်မာလာဖို့ နည်းလမ်းနှစ်ခုလုံးက အရမ်းဆင်တူတယ်... ဖြစ်နိုင်မလားဘဲ..."

ဖေးဟာ သူ့စိတ်ထဲတွင် မြူခိုးများ ဖုံးလွှမ်းနေပြီး အမှန်တရားက မြူခိုးများထဲတွင် မိုးကြိုးများလို လင်းလက်တောက်ပနေ၏။ သူ့အတွက် ထိုအရာများကို ဖမ်းယူရန် ခက်ခဲနေသည်။

" ဒိုင်ယာဘလို ကမ္ဘာက အဲဒီလောက်မရိုးရှင်းဘူးလို့ ထင်ရတယ် အခုကစပြီး လျှို့ဝှက်ချက်တွေ မကြာခင် ပေါ်လာတော့မယ်ထင်တယ် "

ဖေး သူ့အတွေးများကို စုစည်းပြီးတဲ့နောက် လေသင်္ဘောထံ အလျင်စလို ပြန်မသွားတော့ချေ။

ဘေးကင်းစေရန်အတွက် ဖေး က ပုလဲနက် နှင့် ဆိုက်ကလော့ တို့ကို သူသန့်စင်ပြီးသော တောထဲသို့ ဆင်းသက်ရန် အမိန့်ပေးခဲ့သည်။ လက်ရွေးစင်စစ်သား ၁၀၀၀ လုံးကို ရွှေ့ပြောင်းခဲ့ပြီး တော၏တစ်ဖက်မှ တစ်ဖက်သို့ မည်သည့်နေရာကိုမျှ မချန်ဘဲ အပြည့်အဝရှာဖွေခဲ့သည်။

ယခုတစ်ကြိမ်တွင် ၎င်းတို့သည် ရှာဖွေတွေ့ရှိမှုအချို့ ရရှိခဲ့၏။

ကပ္ပတိန် ဂျက်စပဲရိုးနှင့် လူဖီလေးတို့သည် တောအုပ်အလယ်ရှိ ချိုင့်ဝှမ်းတစ်ခုသို့ လှည့်လည်သွားလာစဉ် ထူးဆန်းသော ယဇ်ပလ္လင်ပုံစံ အဆောက်အအုံအချို့ကို တွေ့ရှိခဲ့ကြသည်။

သန့်ရှင်းသောစွမ်းအားက သစ်တောကို သန့်စင်ပြီးနောက် ယဇ်ပလ္လင်များသည် ၎င်းတို့၏လုပ်ဆောင်ချက်များနှင့် အကျိုးသက်ရောက်မှုများ လုံးဝဆုံးရှုံးသွားသည်။

သို့သော် ၎င်းတို့ပေါ်ရှိ ပုံစံများနှင့် ထွင်းထုမှုများကို ကြည့်လျှင် ဆင့်ခေါ်ရန်အတွက် အသုံးပြုသော မှော်ကိရိယာများဖြစ် ကြောင်းသိနိုင်သည်။ ထို့အပြင် ကိရိယာများ၏ စီရင်ပုံများနှင့် အသုံးပြုထားသော မှော်အခြေခံများသည် ယနေ့ခေတ် တိုက်ကြီးတွင် လူကြိုက်များပြီး လူသိများခြင်းမရှိချေ။ အချိန်ကုန်လွန်မှုကို ကိုယ်စားပြုသည့် အမှတ်အသားများ ၎င်းတို့တွင် မရှိချေ။ ထို့ကြောင့် စီမံထားသည်က တစ်လပင် မပြည့်တတ်‌ကြောင်းသိနိုင်သည်။

ဟေဇယ်ဘဏ်နှင့် ကိန်းတို့သည် ထိုအစီအရင်များကို ဂရုတစိုက်လေ့လာစောင့်ကြည့်ခဲ့ပြီး ဤကောက်ချက်ကိုချခဲ့ကြသည်။

အခန်း ၁၀၇၁: စွမ်းအား ဆက်လက်တိုးလာခြင်း (အပိုင်းနှစ်)

“ ဒီချိုင့်ဝှမ်းတဝိုက်က နေရာက အသန့်စင်ရဆုံးဖြစ်ခဲ့တာပဲ ပြီးတြောချိုင့်ဝှမ်းထဲက သန့်ရှင်းတဲ့ဓာတ်တွေကလည်း တခြားနေရာတွေနဲ့ ယှဉ်ရင် နည်းနည်း အားနည်းတယ် ဆိုလိုတာက အမှောင်မိစ္ဆာ စွမ်းအင်တွေက ဒီမှာ အပြင်းထန်ဆုံးဖြစ်ပြီး [သန့်စင်ခြင်း] ရဲ့ စွမ်းအားတွေ အများကြီးကို ချေဖျက်ပစ်ခဲ့လို့ပဲ " အာကာရာက ထိုနေရာကို လေ့လာပြီးနောက် ပြန်လာပြီး ဖေးကိုတင်ပြသည်။ “ ကျုပ်အတွေး မမှားဘူးဆိုရင် ဒီပျက်စီးနေတဲ့ မှော်ကိရိယာတွေက ညစ်ညမ်းမှုရဲ့ အရင်းအမြစ်ပဲ ငရဲရဲ့ အနက်ရှိုင်းဆုံးနေရာကနေ မကောင်းဆိုးဝါး စွမ်းအားကို ဆင့်ခေါ်ခဲ့တဲ့ ကိရိယာတွေပဲ ”

ဖေး မျက်မှောင်ကြုတ်ပြီး "ဒါဆို ဒါက အဓိပ္ပာယ်မရှိဘူး ငါ [သန့်စင်ခြင်း] ကို မသုံးခင် ဘာလို့ ဒီနေရာကို စောစောစီးစီး မတွေ့ခဲ့တာလဲ ငါတို့ ပထမဆုံးရောက်လာတုန်းက တောထဲမှာ ရှာခဲ့တယ် ဒီနေရာကို စောစောစီးစီး ရှာတွေ့ခဲ့ရင် အချက်အလက်တွေ ပိုရပြီး လျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းနိုင်လောက်တယ် စိတ်မကောင်းစရာပဲ "

" ဒီချိုင့်ဝှမ်းကို လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအင်တစ်မျိုး ဒါမှမဟုတ် ထူးခြားတဲ့ မှော်အစီအရင်တစ်ခုနဲ့ ဖုံးကွယ်ထားတယ်ဆိုတာ ရှင်းတယ် ကျုပ်တို့ ဝိညာဉ်စွမ်းအင်တွေနဲ့ ရှာတုန်းက အဲ့တာတွေက ဝိညာဉ်စွမ်းအင်ကို ကာကွယ်နိုင်ခဲ့လို့ပဲ ဘာပဲဖြစ်ဖြစ် ကျုပ်တို့သုံးယောက်က တစ်တောလုံးအနှံ့လမ်းလျှောက် ရှာခဲ့တာမှမဟုတ်တာ " ကိန်းက လျင်မြန်စွာ အဖြေကို ရှာတွေ့ခဲ့ပြီး သူလည်း စိတ်ပျက်သွားခဲ့သည်။

ဖေးပြောခဲ့သလိုပင် သစ်တောတစ်ခုလုံးမသန့်စင်မှီ ဤနေရာကို ရှာတွေ့ခဲ့ပါက နောက်ကွယ်ကလူကိုပိုမိုလွယ်ကူစွာ ဖော်ထုတ်နိုင်မည်ဖြစ်သည်။

" ဆက်လက်ရှာဖွေဖို့ မလိုအပ်တော့ပုံပဲ..."

ဖေးဟာ စစ်သည်များကို လေသင်္ဘောပေါ်သို့ ဆုတ်ခွာရန် အမိန့်ထုတ်ပြန်ခါနီးတွင်ပဲ ကောင်းကင်မှ အနီရောင်အလင်းတန်း တစ်ခု ဆင်းသက်လာသည်။ ဖေးနှင့် မီတာ ၁၀၀ ခန့်အကွာရောက်သည့်အခါ ၎င်းက လက်မအရွယ်ခန့်ရှိ ချစ်စရာကောင်း ဉာဏ်ကောင်းသည့် ငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ဖေးရဲ့ပခုံးပေါ်ကို ဆင်းသက်ကာ တေးဆိုနေ၏။

ငှက်ကလေးတစ်ကောင် ၎င်းက[စာတိုက်] ၏ သတင်းအချက်အလက် ပေးပို့ရေးကွန်ရက်များ၏ အဓိက အစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်သည်။

ထိုငှက်၏လည်ပင်းမှ နူးညံ့သည့် သိုလှောင်လက်စွပ်တစ်ကွင်းကို ဖြုတ်ပြီးနောက် ဖေးဟာ ထူးခြားတဲ့ကြိမ်နှုန်းနှင့် လက်စွပ်ထဲသို့မှော်စွမ်းအင်အနည်းငယ် ထိုးသွင်းလိုက်၏။ ထို့နောက်

သူက ထောက်လှမ်းရေးအစီရင်ခံစာကို ရယူပြီး ဖတ်သည်။

“ မကောင်းဆိုးဝါးစွမ်းအင်ညစ်ညမ်းမှုဟာ အန်ဂျီအင်ပါယာရဲ့ နယ်နိမိတ်အထိ ပျံ့နှံ့သွားခဲ့ပြီ မကောင်းဆိုးဝါးစွမ်းအင်က အာလန်နီးယန်းတွေရဲ့ နယ်မြေထဲ ဆိုးဝင်နေတာ ဒါ့အပြင် အန်ဂျီတော်ဝင်မိသားစုဟာ ဒီကြောက်စရာကောင်းတဲ့ ပြောင်းလဲမှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတာကို အထောက်အထားတချို့က ပြသနေတယ် ငါ့အမိန့်ကို ထုတ်ပြန်လိုက် လေသင်္ဘောကိုချက်ချင်းစတင်ဖို့ပြင်ပါ တောအုပ်ကိုကျော်ပြီး အာလန်နီယားကို ဝင်ကြရအောင် "

-အန်ဂျီအင်ပါယာ၏ အရှေ့မြောက်ပိုင်းဒေသတွင်-

ထိုနေရြာ တောအုပ်ဘေးက လွင်ပြင်တစ်ခုဖြစ်ပြီး အာလာနီးယန်းတို့၏ နယ်မြေဖြစ်သည်။ သစ်တောမှ မြစ်သည် မြေယာစိုက်ပျိုးရန်အတွက် ရေကို ထောက်ပံ့ပေးသောကြောင့် ဤနေရာသည် ဒေသတွင်း အကျော်ကြားဆုံး စားသောက်ကုန်ထုတ်လုပ်သည့် နေရာများထဲမှ တစ်ခုဖြစ်လာခဲ့သည်။

အာလာနီးယန်းလူမျိုးများသည် လွန်ခဲ့သောနှစ်ပေါင်း ၅၀၀ က ဤနေရာတွင် ကြွယ်ဝချမ်းသာသော အာလာနီးယန်းအင်ပါယာကို တည်ထောင်ခဲ့သည်။ ရဲရင့်သော၊ ဇွဲလုံ့လရှိသော နှင့် ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသော အာလာနီးယန်းလူမျိုးများသည် တိုက်ကြီးပေါ်တွင် သူရဲကောင်းဆန်သော နှင့် ဝမ်းနည်းဖွယ်ဇာတ်လမ်းများစွာကို ချန်ထားခဲ့သည်။

ဤဖြစ်ထွန်းသောမြေသည် အာလန်နီးယန်းလူမျိုးများ၏ အရေးပါသောပိုင်ဆိုင်မှုများထဲမှ တစ်ခုဖြစ်ပြီး ၎င်းတို့အား စစ်ပွဲများနှင့် ကပ်ဘေးများကို ယူဆောင်လာပေးသည့်အရာလည်း ဖြစ်သည်။ နှစ်အနည်းငယ်တိုင်းတွင် တပ်ဖွဲ့တစ်ခုသည် အာလန်နီးယန်းအင်ပါယာကို စစ်ဆင်နွှဲလေ့ရှိသည်။ ဤအင်ပါယာသည် စမ်းသပ်မှုများနှင့် ဒုက္ခများကို ဖြတ်သန်း၍ ရှင်သန်ခဲ့သည်။

သို့သော်လည်း အာလန်နီးယန်းများ၏ ကံကောင်းမှုသည် လွန်ခဲ့သော တစ်နှစ်ခန့်က အဆုံးသတ်သွားခဲ့သည်။

၎င်း၏ အိမ်နီးချင်း အန်ဂျီအင်ပါယာသည် ရုတ်တရက် အင်အားကြီးမားလာပြီး အစားအစာများစွာ ထုတ်လုပ်ပေးသည့် ဤမြေဩဇာကောင်းသော နယ်မြေကို အာရုံစိုက်မိလာသည်။

အန်ဂျီအင်ပါယာ၏ အင်အားကြီးမားသော စစ်တပ်၏ တိုက်ခိုက်မှုအောက်တွင် အာလန်နီးယန်းစစ်သားများသည် ခုခံကာကွယ်နိုင်စွမ်းမရှိသဖြင့် ချေမှုန်းခံခဲ့ရသည်။ နှစ်ပေါင်း ၅၀၀ ခန့် တည်ရှိခဲ့သော အာလန်နီးယားအင်ပါယာသည် အားအနည်းဆုံးအခြေအနေသို့ ရောက်ရှိခဲ့ပြီး အန်ဂျီယန်များသည် ဤရှေးဟောင်းအင်ပါယာကို နှစ်လအတွင်း သိမ်းပိုက်နိုင်ခဲ့သည်။

End

All Chapters