← Chapters

အာလန်နီးယန်းများ၏ ကပ်ဘေး (အပိုင်းတစ်)

Vol. 73 Ch. 1072

အာလန်နီးယန်းများ၏ ကပ်ဘေး (အပိုင်းတစ်)

Vol. 73 Ch. 1072

အာလန်နီယန်လူမျိုးများသည် ခုခံခြင်း မရပ်တန့်ခဲ့သော်လည်း အန်ဂျီးလူမျိုးများက သူတို့၏ ရှေးကျသော်လည်း ဖြစ်ထွန်းသည့် နယ်မြေကိုထိန်းချုပ်ပြီးဖြစ်သည်ကိုတော့ ဝန်ခံရမည်ဖြစ်သည်။

လွန်ခဲ့သော သုံးလခန့်က ဇင်းနစ်ဧကရာဇ် ရက်ဆင်သည် ရက်စက်ကြမ်းကြုတ်သော အန်ဂျီးဧကရာဇ် ကရီမော့ဗ်ကို သတ်ပစ်ခဲ့ပြီး ဇင်းနစ်သည် အန်ဂျီးနှင့် စစ်ဆင်နွှဲတော့မည်ဟု ကြားသိခဲ့ရသည်။ ထို့အပြင် ဇင်းနစ်အင်ပါယာ၏ စစ်သည်တော် အလက်ဇန္ဒားသည် အန်ဂျီးအင်ပါယာသို့ စစ်ဆင်ရေးတစ်ခုအတွက် ဦးဆောင်လာမည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ ထို့ကြောင့် အန်ဂျီးများ၏ ဖိနှိပ်မှုကို ခုခံတွန်းလှန်ပြီး ၎င်းတို့၏ ဂုဏ်သိက္ခာကို ပြန်လည်ရယူရန် ကြိုးစားနေဆဲဖြစ်သော အာလာနီးယန်းများသည် စိတ်လှုပ်ရှားစွာဖြင့် ကြွေးကြော်ခဲ့ကြပြီး နယ်မြေတစ်ခွင်လုံးတွင် ခုခံမှုမီးတောက်များ လောင်ကျွမ်းခဲ့သည်။

ကံဆိုးစွာဖြင့် ရုတ်တရက် ကပ်ဘေးတစ်ခုထွက်ပေါ်လာပြီး စိတ်လှုပ်ရှားနေသည့် အာလာနီယန်လူမျိုးအားလုံးကို ဖျက်ဆီးပစ်ခဲ့၏။

၎င်းက ဖုတ်ကောင်ကပ်ဘေးပင်ဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းသော ဖုတ်ကောင်ကပ်ဘေးကြီးသည် အာလန်နီးယန်းတို့၏ ယခင်မြေ၏ ထက်ဝက်ကျော်ကို ဆယ်ရက်အတွင်း ပျံ့နှံ့သွားခဲ့သည်။ အာလန်နီးယန်းသန်းပေါင်းများစွာသည် အန္တရာယ်ရှိသောအခြေအနေများထဲသို့ ကျရောက်ခဲ့ကြပြီး ၎င်းတို့သည် ၎င်းတို့၏ချစ်ရသူများနှင့် သူငယ်ချင်းများသည် အမှောင်စွမ်းအင်များကူးစက်ခံရပြီး သတ်ဖြတ်လိုစိတ်သာရှိကာ အသိစိတ်မဲ့သော ဖုတ်ကောင်များဖြစ်လာသည်ကို မြင်တွေ့ခဲ့ရသည်။ ထို့နောက် ဖုတ်ကောင်များသည် ၎င်းတို့ပတ်ဝန်းကျင်ရှိ သက်ရှိအားလုံးကို စားသုံးခဲ့ကြသည်။

ဤဒေသကို ထိန်းချုပ်ထားသော ရက်စက်ကြမ်းကြုတ်သည့် အန်ဂျီးလူမျိုးများသည် မြင့်မားသော တံတိုင်းများဖြင့် ကာကွယ်ထားသော မြို့ကြီးများကို သိမ်းပိုက်ထားပြီး အမှောင်မိစ္ဆာစွမ်းအင်များကို ကာကွယ်ရန် မှော်အကာအကွယ်အစီအရင်များကို အသုံးပြုခဲ့ကြသည်။ သူတို့သည် လှပသော အဝတ်အစားများနှင့် ကောင်းမွန်သော အစားအစာများကို စားသုံးကြပြီး အာလန်နီယန်လူမျိုးများ၏ ကံဆိုးမှုကို ဝမ်းမြောက်နေကြ၏။ ထို့အပြင် မကောင်းဆိုးဝါးစွမ်းအင်များ အန်ဂျီးလူမျိုးများထံ ပျံ့နှံ့မသွားစေရန်အတွက် အာလန်လူမျိုး အရပ်သားများစွာကို မြို့များမှ နှင်ထုတ်ခဲ့ကြသည်။

အမြဲလိုပင် နေမင်းက အကန့်အသတ်မရှိ အပူစွမ်းအင်များကို ထုတ်လွှတ်ပြီး မြက်ပင်များစွာပေါက်ရောက်နေသည့် အဆုံးမရှိ မြေပြင်ပေါ်၌ ထွန်းလင်း တောက်ပနေသည်။ လေတိုက်ခတ်လာသည်နှင့်အမျှ မြက်ပင်များက အစိမ်းရောင်လှိုင်းတစ်ခု အလားမှတ်ထင်ရပေသည်။

သို့သော် ဤမြေဩဇာကောင်းသောမြေသည် ယခင်ကကဲ့သို့ အသက်ဝင်လှုပ်ရှားခြင်း မရှိတော့ချေ။

ဖုတ်ကောင်များသည် လွင်ပြင်တွင် ရည်ရွယ်ချက်မဲ့စွာ လှည့်လည်သွားလာနေကြပြီး အဓိပ္ပာယ်မဲ့သော နက်ရှိုင်းသော ဟိန်းဟောက်သံများကို အခါအားလျော်စွာ ထုတ်လွှတ်ကြသည်။

အလောင်းများ၏ ပုပ်သိုးနေသည့်အနံ့က လေထဲတွင် ပျံ့နှံ့နေသည်။ ဖုတ်ကောင်များမှလွဲ၍ မြေပြင်ပေါ်တွင် တခြားလှုပ်ရှားနေသည့် သတ္တဝါများမရှိချေ။

ဆောင်းဦးရာသီ၏နေ့တစ်နေ့တွင် နေရာတိုင်း ပြန့်ကျဲနေသည့် အလောင်များကို မြူနှင်းများအကြားမြင်ရမည် ဖြစ်သည်။ ထို့အပြင် မျက်လုံးနီနီနှင့် မျိုးရိုးဗီဇပြောင်းလဲသွားသည့် ကြောင်၊ ခွေးနှင့် ကြွက်များက အလောင်းများကြား

တွင် ပြေးကာ ပုပ်သိုးနေသည့် အသားများ ပြတ်ထွက်နေသည့် ခြေလက်များကို စားသုံးနေကြသည်။

ကောင်းကင်တွင် လင်းတများစွာသည် ကျိုင်းကောင်အုပ်ကြီးကဲ့သို့ နေရောင်ခြည်ကိုပင် ဖုံးအုပ်ကာ ပျံသန်းနေကြသည်။ ၎င်းတို့သည် ကြီးကျယ်ခမ်းနားသော ပါတီပွဲတစ်ခုတွင် ပါဝင်နေသကဲ့သို့ စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြ၏။ လက်ရှိ အခြေအနေအရ ၎င်းတို့၏ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သည့် တစ်ခုတည်းသော သတ္တဝါများမှာ ဤလင်းတများသာဖြစ်သည်။

သို့သော်လည်း မြေပြင်ပေါ်ရှိ ပုပ်သိုးနေသော အနက်ရောင်အလောင်းများကို ဆက်လက်စားသုံးနေပါက ဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲသွားမည့် ကံကြမ္မာမှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း ထင်ရှားပါသည်။

ဤမြေဩဇာကောင်းသော လွင်ပြင်သည် လူ့လောကတွင် ငရဲအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။

ဤကဲ့သို့အခြေအနေမျိုးတွင် နတ်ဘုရားများပင် လူသားများက ဇွဲလုံ့လပြင်ထန်းသည်ကို ဝန်ခံရမည်ဖြစ်သည်။ လူသားများကို အကန့်အသတ်အထိ တွန်းပို့လိုက်သည့်အခါ ပိုးဟပ်များထက်ပင် သတ်ရန် ပိုခက်သွားမည်ဖြစ်သည်။

ငရဲလိုပတ်ဝန်းကျင်တွင် အာလန်နီယန်တချို့ဟာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး ကြွက်များသဖွယ် နေထိုင်ခဲ့ကြသည်။ သူတို့၏ ချစ်ခင်ရသူများ ဖုတ်ကောင်များအဖြစ်ပြောင်းလဲသွားသော်လည်း သူတို့က ကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့သည်။ သူတို့က အချိန်မရွေးဖြစ်ပေါ်လာနိုင်သည့် သေခြင်းတရားကိုကြံ့ကြံ့ခံကာ ဆက်လက်ရှင်သန်ခဲ့ကြသည်။

-နေ့လည်ခင်းအချိန်

ဒိုင်ယက်ဖောက် အင်ပါယာနှင့် ယခင် အာလန်နီယား အင်ပါယာကြား နယ်နိမိတ်မှ မဝေးလှသောနေရာတွင် ရှုပ်ထွေးနေသော ကျောက်ကမ်းခြေတစ်ခုရှိသည်။

ကျောက်ကမ်းခြေအစွန်းတွင် လေတိုက်ပြီး တုန်ရီနေသည့် ချုံပုတ်ရှည်ကြီးတစ်ခု၏ နောက်ကွယ်၌ တောက်ပသည့် မျက်လုံးတစ်စုံက မြက်ပင်မြင့်များကို ဖြတ်ကာ ကျောက်ဂူငယ်လေးတစ်ခုထဲ၌ ပုန်းအောင်းနေရင်း ပတ်ဝန်းကျင်ကိုအကဲခတ်နေ၏။

ထို့နောက် တံတွေးယိုသံအချို့နှင့် ဗိုက်ထဲမှဆာလောင်သံအချို့လည်း ထွက်ပေါ်လာသည်။

ခဏအကြာတွင် ကျောက်ဂူငယ်လေး၏ ဝင်ပေါက်ကို ပိတ်ဆို့ရန်အသုံးပြုခဲ့သော ကျောက်ပြားကို တွန်းထုတ်လိုက်ပြီး ပိန်ပိန်ပါးပါး ကလေးသုံးယောက် တွားထွက်လာကြသည်။

ထိုကလေးသုံးယောက်က စုတ်ပြဲနေသည့် အဝတ်အစားတွေကို ဝတ်ဆင်ထားကြသည်။

အခန်း ၁၀၇၂: အာလာနီးယန်းများ၏ ကပ်ဘေး (အပိုင်းနှစ်)

ရှေ့က ကလေးက အသက် ၁၅ နှစ် ၁၆ နှစ်လောက်သာ ရှိပုံရသည့် ယောက်ျားလေးတစ်ယောက်သာဖြစ်သည်။ သူ့ဆံပင်များက ရှုပ်ပွနေပြီး ခြောက်သွေ့နေသည့် မြက်ဖုတ်လေးအလားဖြစ်နေ၏။

ယခုအချိန်တွင် သူ့ဝတ်ရုံရှည်ကြီးက အပေါက်များနှင့်ပြည့်နေပြီး မျက်နှာတွင်လည်း သေးငယ်သောဒဏ်ရာများစွာရှိနေ၏။ သို့သော် သူ့မျက်လုံးများကတောက်ပနေရာ ထက်မြတ်သူဖြစ်ကြောင်း သိနိုင်သည်။

သူက ဒရယ်သားရေဘွတ်ဖိနပ်တစ်ရံကို ဝတ်ဆင်ထားပြီး ဖိနပ်က သူ့ထက် ကြီးနေသည်ဖြစ်ရာ ကျွတ်မကျအောင် ကြိုးဖြင့် အထပ်ထပ်ချီထားသည်။

ကြက်မကြီးတစ်ကောင်က သူ့ ကြက်ပေါက်လေးများကို ကာကွယ်ပေးသလို အနက်ရောင်ဆံပင်နှင့်ကောင်လေးကလည်း သူ့နောက်က မိန်းကလေးငယ်နှစ်ယောက်ကို ကာကွယ်ပေးခဲ့သည်။ ဒီမိန်းကလေးနှစ်ယောက်က အသက် လေးနှစ် ခြောက်နှစ်ခန့် ရှိကြ၏။

" အကို လီယို ကျွန်တော် ဗိုက်အရမ်းဆာနေပြီ "

" ဟုတ်တယ် အစ်ကို လီယို သမီးဘဲကင်စားချင်တယ် "

ဆံပင်အနက်ရောင်နဲ့ လီယို၏နောက်က မိန်းကလေးငယ်နှစ်ယောက်ဟာ သူတို့နဲ့ မလိုက်ဖက်လောက်အောင် ကြီးလွန်းတဲ့ ဂါဝန်နှစ်ထည်ကို ဝတ်ဆင်ထားကြသည်။ ထိုမိန်းကလေးနှစ်ယောက်၏ အသားအရေက လီယိုထက် ပိုဖြူပြီး သူတို့၏ ရွှေရောင်ဆံပင်ကောက်ကောက်များက မြေကြီးများ မြက်ခြောက်များ ကပ်ညိနေသည်။

နေရောင်ခြည်အောက်တွင် သူတို့က ချစ်စရာကောင်းသည့် နတ်သမီးလေးနှစ်ပါးအလားပင်။ သူတို့၏ ပန်းနုရောင်ပါးပြင်များတွင် ဖုန်များပေနေပြီး မောပန်းနွမ်းနယ်နေပုံ ပေါက်နေ၏။ သူတို့က လီယို၏နောက်တွင် ကြောက်ရွံဟန်ဖြင့် ရပ်နေကြသည်။

ဒီကလေးသုံးယောက်ဟာ အတော်ကြာကြာ ဘာမှမစားရသေးကြောင်းထင်ရှားလှသည်။ သူတို့၏ နှုတ်ခမ်းများက ခြောက်ကပ်နေပြီး ယိုင်ထိုးနေကြသည်။ မိန်းကလေးနှစ်ယောက်၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြင်းထန်နေပြီး သူတို့၏ သေးငယ်သည့် ခန္ဓာကိုယ်များကလည်း အကြောက်တရားကြောင့်လား ဆာလောင်၍လားမသိ တုန်ယီနေ၏။

သူတို့က ကြောက်လန့်နေသော ယုန်လေးနှစ်ကောင်ကဲ့သို့ပင်။

သူ့ညီမနှစ်ယောက်၏ စကားများကို ကြားပြီးနောက် လီယိုက ထိုကိစ္စကိုဖြေရှင်းရန် ထရပ်လိုက်၏။ သူက မြင့်မားသော ကျောက်ဆောင်တစ်ခုပေါ်သို့ ဂရုတစိုက်တက်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

ဘာမှထူးဆန်းသည်ကိုမတွေ့ရတော့ သူလှည့်ပြီး "စိတ်မပူပါနဲ့ အခုချက်ချင်း မင်းအတွက် စားစရာသွားရှာပေးမယ် ငါ့စကားနားထောင် အဆင်ပြေလား ကျောက်ဂူကိုပြန်သွားပြီး ငါ့ကိုစောင့် ငါပြန်မလာရင် ထွက်မလာနဲ့ ဘာအသံမှမထွက်နဲ့ နားလည်လား " ဟုပြောလိုက်သည်။

ကီလီအမည်ရှိသည့် မိန်းကလေးငယ်က မော့ကြည့်ပြီး လီယို၏ဝတ်ရုံကို ဆွဲကိုင်ကာ စိုးရိမ်တကြီးနှင့် "အစ်ကို မေမေနဲ့ဖေဖေလို ထွက်သွားပြီးရင် ပြန်မလာဘဲနေမှာလား ပြန်လာမှာလား ညီမကြောက်တယ် " ဟုမေးလိုက်၏။

ဒီလီဟု အမည်ရသော အခြားမိန်းကလေးတစ်ယောက်လည်း တစ်ခုခုကို တွေးမိပြီး လီယို၏ဝတ်ရုံနောက်ကျောကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သည်။ မျက်ရည်များကျရင်း သူမက “အစ်ကို ငါ ဗိုက်မဆာတော့ဘူး မသွားနဲ့ ကီလီနဲ့ ဒီလီကို မထားခဲ့နဲ ညီမတို့ကြောကတယ်” ဟုပြောလိုက်၏။

လီယိုက သူ့နှုတ်ခမ်းကို ကိုက်ပြီး သူ့ညီမနှစ်ယောက်၏ မျက်နှာပေါ်က မျက်ရည်များကို သုတ်ရင်း တည်ငြိမ်ဟန်ဆောင်လိုက်သည်။ သူတို့၏ အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်စေရန် ပြင်ပေးပြီးနောက် သူက တိုးတိုးလေးပြောလိုက်၏။ “မကြောက်ပါနဲ့ ကီလီနဲ့ ဒယ်လီ မင်းတို့ ရဲရင့်ရမယ် ငါ အစားအစာရှာဖို့ပဲ ထွက်တာ ကင်ထားတဲ့ ဘဲတစ်ကောင် ရှာတွေ့လောက်တယ် ကျောက်ဂူထဲမှာပဲ နေလိုက် မှောင်မလာခင် ငါ သေချာပေါက် ပြန်လာမှာပါ မေမေနဲ့ ဖေဖေလည်း ပြန်လာလိမ့်မယ် ”

မိန်းကလေးငယ်နှစ်ဦးကို အားပေးပြီးနောက် လီယိုသည် နောက်ဆုံးတွင် ကြောက်ရွံ့မှုများရှိနေသော်လည်း ကျောက်ဂူသို့ ပြန်သွားရန် စွမ်းဆောင်နိုင်ခဲ့သည်။ ထို့နောက် လီယိုသည် ဝင်ပေါက်ကို ပိတ်ဆို့ရန် ကျောက်တုံးကြီးအချို့ကို ရွှေ့လိုက်ရာ လေဝင်လေထွက်အတွက် အပေါက်ငယ်လေးတစ်ခုသာ ချန်ထားခဲ့သည်။ နောက်ဆုံးတွင် သူသည် ခြောက်သွေ့သော မြက်ခြောက်တစ်ဆုပ်ကိုယူပြီး ဝင်ပေါက်တစ်ဝိုက်တွင် ဖြန့်ကြဲလိုက်ရာ ကျောက်ဂူငယ်လေးကို ပို၍ပင် ဖုံးကွယ်ထားနိုင်ခဲ့သည်။

ထိုနေရာကို တတ်နိုင်သမျှ သဘာဝကျအောင် သေချာစစ်ဆေးပြီးနောက် သူသည် ကျောကိုင်း၍ ခါးအထိရှည်သော မြက်ပင်များထဲတွင် ပုန်းပြီးနောက် ဖြည်းဖြည်းချင်း ရှေ့သို့ ရွေ့လျားလိုက်သည်။

ယခု ကောင်လေး၏ ကြည်လင်နေသော မျက်လုံးများထဲမှ မျက်ရည်များစီးကျလာသည်။ ငယ်ရွယ်၍နားမလည်သေးသော ညီမလေးများက မသိသော်လည်း သူ့အနေနှင့် သူမိဘများက ဖုတ်ကောင်များ၏ လက်ချက်မိ၍ ပြန်မလာနိုင်တော့ကြောင့် သိထားသည်မဟုတ်ပါလော။

ယခုတော့ သူ့ညီမလေးနှစ်ယောက်ကိုသာ သူကာကွယ်နိုင်တော့သည်။

End

All Chapters