← Chapters

အခန်း ၂၂၁

Vol. 22 Ch. 221

အခန်း ၂၂၁

Vol. 22 Ch. 221

အခန်း ၂၂၁ ပုန်းနေသော နဂါး

“ချင်းချင်း... အာ... မဟုတ်ပါဘူး"

ချန်လျိုယီ၏ဇနီးက ရင်းနှီးစွာခေါ်ဝေါ်လိုက်၏။

"ညီမလေးချင်းချင်း၊ ညီမလေးပြောတဲ့ ဆေးတက္ကသိုလ်ဆိုတာ ဘယ်ချိန်‌ လောက်တည်ထောင်မှာလဲ"

"သခင်လေး ပြောတာတော့ ဒီနှစ် ဆောင်းဦး ဒါမှမဟုတ် ဆောင်းတွင်းလောက်မှာ ဖြစ်လိမ့်မယ်၊ အနောက်ကျဆုံး နောက်နှစ် နွေဦးပေါ့"

"ကောင်းတယ်၊ ကောင်းတယ်။ အဲဒီအချိန်ကျရင် ညီမလေးအနေနဲ့ ငါ့သားကို ကျောင်းအပ်နိုင်အောင် ကူညီပေးပါဦး"

"ရပါတယ်၊ ကိစ္စမရှိပါဘူး"

ချင်းချင်း၏ စိတ်ကူးထဲတွင်မူဤအရာသည် သေးငယ်သော ကိစ္စရပ်တစ်ခုမျှသာ ဖြစ်၏။

"အစ်မချန်၊ ဒီကိစ္စကျွန်မကို လွှဲထားလိုက်ပါ။ သခင်လေး ဆေးတက္ကသိုလ် တည်ထောင်ဖို့ ပြင်ဆင်တာနဲ့ ညီမလေးက အစ်မရဲ့ သားကို ပထမဆုံး ကျောင်းအပ်ပေးပါမယ်"

"ဒီကြက်ဥတောင်းကညီမလေးချင်းချင်း ခန္ဓာကိုယ် အာဟာရပြည့်အောင် စားဖို့အတွက်ပါ"

ချန်လျိုယီ၏ဇနီးက ကြက်ဥတောင်းကြီးကို ချင်းချင်း၏ လက်ထဲသို့ အတင်းထိုးထည့်ရန် ကြိုးစားသော်လည်း ချင်းချင်းက လက်မခံဘဲ ငြင်းပယ်လိုက်သည်။

ချန်လျိုယီ၏ဇနီးမှာ သူမ၏သားဖြစ်သူသည် ဝူကျိရှန်း တည်ထောင်သော ဆေးတက္ကသိုလ်တွင် နှစ်အနည်းငယ်မျှ စာသင်ရုံဖြင့် အစိုးရရာထူးတစ်ခုကို မုချရရှိလိမ့်မည်ဟု တွေးထင်နေ‌ တော့၏။ ထိုကဲ့သို့အခွင့်အရေးကောင်းမျိုးသည် လူများစွာ၏စိတ်ကို ဆွဲဆောင်နိုင်မည်မှာ သေချာသည်။ ထိုအချိန်တွင် နေရာတစ်ခု ရရှိရန်အတွက် လူမည်မျှအထိ အသက်လု တိုက်ခိုက်ကြမည်ကို မည်သူမျှ မသိနိုင်သဖြင့် သူမအနေဖြင့် သားဖြစ်သူအတွက် နေရာတစ်ခုကို ကြိုတင်ရယူထားရခြင်း ဖြစ်သည်။

အကယ်၍ ချင်းချင်းသာ ကြက်ဥတောင်းကို လက်ခံလိုက်လျှင် ကိစ္စသည် ပြီးမြောက်သွားပြီဟု သူမကယူဆလိုက်ပေမည်။

ချင်းချင်းသည် ကြက်ဥများကို စိတ်မဝင်စားမုန့်ပဲသရေစာကိုသာစိတ်ဝင်စသူဖြစ်၍ကြက်ဥတောင်းကိုမယူလိုက်ချေ။

“ကဲပါ၊ အစ်မချန်၊ အစ်မရဲ့ ဆန္ဒကို ကျွန်မနားလည်ပါပြီ။ လက်ဆောင်ကို လက်မခံပေမဲ့လည်း ဒီကိစ္စကို သေချာပေါက် အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်လို့ အာမခံပါတယ်။ စိတ်အေးအေးသာ ထားပါ”

ချင်းချင်း၏ စကားကြောင့်ချန်လျိုယီ၏ဇနီးမှာ စိတ်သက်သာရာ ရသွားရှာသည်။

အမှန်တွင်၎င်းတို့ မျှော်လင့်ထားသော ကိစ္စသည် လုံးဝမဖြစ်နိုင်သောအရာဖြစ်သည်။သူမ၏သားမှာသူ၏နာမည်ကိုပင် မမှတ်မိနိုင်သူဖြစ်ရာ ဆေးတက္ကသိုလ်၏ ကျောင်းသားတစ်ဦး မည်သည့်နည်းနှင့်မျှမဖြစ်လာနိုင်ပေ။

ချင်းချင်းတို့သည် ဆေးတက္ကသိုလ်နှင့် ပတ်သက်ပြီးအခြေဗဟုသုတပင် မရှိသူများဖြစ်၍၎င်းတို့သည် ကျောင်းသားနှင့် တပည့်ဟူသော အယူအဆကို လုံးဝ ရောထွေးနေကြခြင်း ဖြစ်သည်။

ဆေးတက္ကသိုလ်သည် ရိုးရာအတိုင်း ဆရာနှင့် တပည့်စနစ်အတိုင်း သွားမည်ဖြစ်ပြီး ဝူကျိရှန်းသည် ဆရာတစ်ဦးအနေဖြင့် တပည့်တိုင်းကို ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးလိမ့်မည်ဟု ၎င်းတို့က ရိုးသားစွာ ယုံကြည်နေကြ၏။

ဆေးတက္ကသိုလ်သည် သင်ကြားမှုအတွက် ရိုးရာ ဆရာနှင့် တပည့် ဆက်ခံမှုစနစ်ကို အသုံးပြုရန် မဖြစ်နိုင်ချေ၊ ၎င်းသည် ဆရာနှင့် ကျောင်းသား ဆက်ခံမှုစနစ်သာ ဖြစ်လာလိမ့်မည်။

စာသား တစ်လုံးတည်းသာ ကွာခြားသော်လည်း ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားမှု ရှိ၏။

ရိုးရာ ဆရာနှင့် တပည့် ဆက်ခံမှုစနစ်မှာ ပုဂ္ဂိုလ်ရေးအရ အစေခံရသော ဆက်ဆံရေးမျိုး ဖြစ်၏၊ တပည့်ဖြစ်သူသည် ဆရာအပေါ် လုံးဝ ဥဿုံ သစ္စာရှိရမည် ဖြစ်ပြီး သို့မဟုတ်ပါက ဆရာ့ဂိုဏ်းကို သစ္စာဖောက်ခြင်း သို့မဟုတ် ဆရာ့ကို လှည့်စား၍ ဘိုးဘေးတို့ကို ဖျက်ဆီးခြင်းဟူ၍ ဖြစ်ကာ ရိုးရာကျင့်ဝတ်များအရ လုံးဝ ရှုံ့ချခြင်းကို ခံရမည်ဖြစ်သည်။

ဆရာနှင့် တပည့်ဆိုသည်မှာ သားအဖကဲ့သို့ပင် ဖြစ်သည်ဟူသော အချက်ကို ဆွဲကိုင်ကာ မိမိ၏ ဆရာကို မိမိ ဖခင်အရင်းကဲ့သို့ ပြုစုလုပ်ကျွေးသရွေ့ ဆရာဖြစ်သူသည်လည်း မိမိ၏ အသိပညာအားလုံးကို သေချာပေါက် လက်ဆင့်ကမ်းပေးမည် ဖြစ်ပြီး တပည့်၏ အနာဂတ်နှင့် ရှေ့ရေးအတွက်လည်း တာဝန်ယူပေးလိမ့်မည်။

အကယ်၍ ချန်လျိုယီ၏ သားသည် ဝူကျိရှန်းကို မိမိဖခင်ကဲ့သို့ လုပ်ကျွေးပြုစုမည်ဆိုပါက ဝူကျိရှန်းသည်လည်း သူ့အတွက် ကောင်းမွန်သော အနာဂတ်တစ်ခုကို ဖန်တီးပေးရန် သဘာဝအတိုင်း တာဝန်ရှိလာမည် ဖြစ်သည်။

ဝူကျိရှန်းသည် လက်ရှိတွင် တော်ဝင်ဆေးရုံ၏ အကြီးအကဲ ဖြစ်နေသဖြင့် မိမိ၏ တပည့်ကို တော်ဝင်ဆေးရုံတွင် တော်ဝင်သမားတော်တစ်ဦး ဖြစ်လာစေရန် စီစဉ်ပေးဖို့မှာ သဘာဝကျလှပေသည်။

ဝူကျိရှန်း တည်ထောင်လိုသော ဆေးတက္ကသိုလ်သည် ဤကဲ့သို့သော အရာမျိုး မဟုတ်သော်လည်းချန်လျိုယီ၏ ဇနီးနှင့် ချင်းချင်းတို့သည်ရိုးရာလမ်းကြောင်းအတိုင်းသာ တွေးတောနေကြခြင်းဖြစ်သည်။

“ကောင်းပါပြီ၊ ကောင်းပါပြီ၊ ကောင်းပါပြီ”

ချန်လျိုယီ၏ ဇနီးက အလွယ်တကူပင် သဘောတူလိုက်၏။

"ငါ့ကလေးက စကားအပြောအဆို ညံ့ဖျင်းပေမဲ့ စိတ်ကတော့ရိုးသားတယ်၊ သူ့အဖေထက်တောင် ရိုးသားသေးတယ်။ သခင်ကြီးဝူရဲ့ တပည့် ဖြစ်သွားတာနဲ့ သူဟာ အသက်ရှင်နေရင်လည်း သခင်ကြီးဝူရဲ့လူ၊ သေရင်လည်း သခင်ကြီးဝူရဲ့ သရဲပဲ။ တကယ်လို့သူသာ သခင်ကြီးဝူ မကျေနပ်အောင် လုပ်ရဲရင် ငါကိုယ်တိုင် သူ့ခြေထောက်ကို ရိုက်ချိုးပစ်မယ်"

တပည့်တစ်ဦးက ဆရာအပေါ် သစ္စာရှိခြင်းသည် သားတစ်ဦးက ဖခင်အပေါ် သိတတ်ခြင်းကဲ့သို့ပင် သဘာဝကျလှသော ကိစ္စရပ်တစ်ခု ဖြစ်သည်။

“ဒါဆိုရင်... ဒီကိစ္စကို ညီမလေးချင်းချင်းကိုပဲ အပ်နှံပါရစေတော့”

"သခင်မချန်၊ စိတ်အေးအေးထားပါ”

ချင်းချင်းက ထိုကိစ္စအတွက် တာဝန်အပြည့်ယူလိုက်သဖြင့် ချန်လျိုယီ၏ ဇနီးသည် အမှန်တကယ်ပင် စိတ်အေးသွားတော့သည်။

“နေပါဦး၊ကျွန်မအစ်မချန်ရဲ့က‌လေးအမည်ကိုမသိသေးဘူး”

ကျောင်းအပ်သည့်အချိန်တွင် ကလေး၏ နာမည်ကို သေချာပေါက် လိုအပ်မည် ဖြစ်သည်။

“ကော်စိမ့်လေးပါ၊ ငါ့ကလေးနာမည်ကချန်ကော်ရှန့်လို့ ခေါ်တယ်”

သာမန် အရပ်သူအရပ်သားများ၏ ကလေးများသည် များသောအားဖြင့် တရားဝင် နာမည် မရှိကြချေ။ ၎င်းတို့သည် ကလေးကို ပြုစုပျိုးထောင်ရလွယ်ကူစေရန် နာမည်ဆိုးပေးခြင်းဟူသော ကျေးလက်ရိုးရာအတိုင်း ကလေးကို တမင်တကာ ထူးဆန်းသော နာမည်များ ပေးလေ့ရှိကြသည်။

ကော်ရှန့်ဟူသော နာမည်သည် ထိုခေတ်အခါက ယောက်ျားလေးများအတွက် အသုံးအများဆုံး နာမည်များထဲမှ တစ်ခု ဖြစ်သည်။ အကယ်၍ လမ်းပေါ်တွင် ကော်ရှန့်ဟု အော်ခေါ်လိုက်လျှင် လူပေါင်းများစွာက လှည့်ကြည့်ကြပေမည်။

“ကောင်းပြီ၊ ဒီကိစ္စကို ကျွန်မကိုသာလွဲထားလိုက်ပါ”

ကျေးဇူးတင်စကားများနှင့်အတူ ချန်လျိုယီ၏ ဇနီးက သူမ၏ သားကို ရှေ့သို့ ဆွဲထုတ်လိုက်သည်

"နင့်ရဲ့ တစ်သက်တာ လုပ်ကိုင်စားသောက်မှုနဲ့ အနာဂတ်ဟာ ညီမလေးချင်းချင်း ပေးသနားတာပဲ။ နောင်တစ်ချိန်မှာ နင်ကြီးပွားတိုးတက်လာရင် ညီမလေးချင်းချင်းရဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့နဲ့"

ချန်လျိုယီ၏ သားသည် စကားမပြောဘဲ တဟီးဟီးနှင့်သာ ရယ်မောနေ၏။

“ဒီကလေးကတော့ တကယ်ပဲ အသိဉာဏ်ကို မရှိဘူး”

ချန်လျိုယီ၏ ဇနီးက သားဖြစ်သူကို တိုးတိုးလေး သတိပေးလိုက်သည်။

"ညီမလေးချင်းချင်းက ဒီလောက်တောင် ကူညီပေးတာကို နင်က ကျေးဇူးတင်စကားတောင် မပြောတော့ဘူးလား"

ထွားကျိုင်းလှသောချန်ကော်ရှန့်သည် မိခင်ဖြစ်သူ၏ ညွှန်ကြားချက်အတိုင်း အမြန်လိုက်နာကာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ ချင်းချင်း..."

“ဒီငတုံးလေး”

သားဖြစ်သူ၏ ခေါင်းကို ရိုက်နှက်လိုက်ရင်း အစ်မချန်က စိတ်ပျက်လက်ပျက် အော်ဟစ်လိုက်သည်။

"ချင်းချင်း ဆိုတာ နင်ခေါ်ရမယ့် နာမည်လား။ နင်က အဒေါ်ချင်းလို့ ခေါ်ရမှာ၊ ဒါမှမဟုတ် ဒေါ်ဒေါ်ချင်းလို့ ခေါ်ရင်လည်း ရတယ်။ ဒီကလေးကတော့ တကယ်ပဲ ယဉ်ကျေးမှု မရှိဘူး။ ညီမလေးချင်းချင်း၊ သူ့ကိုဗွေမယူနဲ့နော်"

“ရတယ်၊ ရတယ်၊ ကျွန်မက ကလေးတစ်ယောက်ကို စိတ်ဆိုးမှာ မဟုတ်ပါဘူး”

ချင်းချင်းအတွက်မူ သူမရှေ့မှ အရွယ်မရောက်တရောက် ကောင်လေးသည် ကလေးတစ်ယောက်မျှသာ ဖြစ်သည်။ သူမက ပြုံးရင်း ပြောလိုက်၏။

"အဒေါ်တို့ ဒေါ်ဒေါ်တို့ ခေါ်ရင် အကြောင်းမရှိဘဲ အသက်ကြီးသွားသလို ခံစားရတယ်။ တကယ်တော့ ငါလည်း နင့်ထက် သိပ်မကြီးပါဘူး။ နောင်ကျရင် နင်ငါ့ကို မမချင်းချင်း လို့ပဲ ခေါ်နိုင်ပါတယ်"

“ဟုတ်ကဲ့၊ မမချင်းချင်း”

“နင်ကတော့ တကယ်ကို အူကြောင်ကြောင် ငတုံးလေးပဲ။ ညီမလေးချင်းချင်းက နင့်ကို ယဉ်ကျေးပြနေတာကို နင်က တကယ်ကြီး ခေါ်ရဲတယ်ပေါ့”

ချန်ကော်ရှန့်၏ မျက်နှာတွင် မခံချင်စိတ်များ ပြည့်နှက်သွားရာ ချင်းချင်းကို ရယ်မောမိစေတော့သည်။ အကြောင်းမှာ သူ့မိခင်ပြောသည့်အတိုင်းကလေးသည် အမှန်တကယ်ပင် ငတုံးလေးတစ်ဦး ဖြစ်ကာ အူကြောင်ကြောင်နိုင်လှသည်။

ချန်ကော်ရှန့်ကဲ့သို့ အလွန်အမင်း ရိုးအလွန်းသော၊ မိမိနာမည်ကိုပင် မိမိမသိသော စာမတတ်ပေမတတ် လူငယ်တစ်ဦးသည် ရောဂါဝေဒနာများကို ကုသပေးပြီး အသက်များကို ကယ်တင်ရသော ဆေးကျောင်းသားတစ်ဦး ဘယ်လိုမှ ဖြစ်မလာနိုင်ချေ၊ တော်ဝင်ဆေးရုံသို့ ဝင်ရောက်ကာ တော်ဝင်လစာကို စားသုံးရန်ဆိုသည်မှာ... လုံးဝ တွေးတော၍ပင် မရနိုင်သောအရာ ဖြစ်၏။

မိမိသားအတွက် တော်ဝင်လစာ စားနိုင်မည့် လမ်းစကို ရှာဖွေရန် ကြိုးပမ်းမှုသည် ချင်းချင်း၏ စိတ်အားထက်သန်စွာ ကူညီမှုကြောင့် နောက်ဆုံးတွင် မျှော်လင့်ချက် အလင်းရောင်ကလေး မြင်တွေ့လိုက်ရသကဲ့သို့ ရှိသော်လည်း ၎င်းသည် ဘယ်သောအခါမျှ ဖြစ်မြောက်လာလိမ့်မည် မဟုတ်ပေ။

ချင်းချင်းက အနည်းငယ် ဉာဏ်ထိုင်းသည်ဟု ယူဆထားသောလူငယ်လေးသည် နားလည်မှုလွဲမှားခြင်းတစ်ခုကြောင့် နောင်တစ်ချိန်တွင်သူ၏ ငြိမ်းချမ်းပြီး အေးချမ်းလှသော ဘဝလမ်းကြောင်းကို မတ်စောက်ပြီး မြင့်မားလှသော ထောင့်ချိုးတစ်ခုအဖြစ် ပြောင်းလဲပစ်တော့မည် ဖြစ်ကာ မင်မင်းဆက်၏ ကောင်းကင်ယံတွင် အတောက်ပဆုံးသော ကြယ်တစ်ပွင့် ဖြစ်လာ‌လိမ့်မည်။

လက်ရှိအချိန်တွင်မူချန်ကော်ရှန့်သည် အနည်းငယ် ဉာဏ်ထိုင်းပြီး ရိုးသားလှသော လူငယ်လေးတစ်ဦးမျှသာ ဖြစ်သည်။

*********

All Chapters