အခန်း ၅၅
Vol. 6 Ch. 55
အခန်း (၅၅) - ရေရောင်းချခြင်း
စကားပြောပြီးနောက် မုန့်ကျယ်လန်သည် ကျူးလင်က ရေဈေးနှုန်းကို မေးမြန်းလာမည်ကို စောင့်ဆိုင်းနေခဲ့သည်။ ကျူးလင်ကမူ ခေါင်းလေးကို အနည်းငယ်စောင်းကာ သူမကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့လေသည်။
မည်သူမျှ စကားမပြောကြသဖြင့် သူတို့နှစ်ဦးမှာ အချိန်အတော်ကြာအောင် တစ်ဦးကိုတစ်ဦး တိတ်တဆိတ် စိုက်ကြည့်နေမိကြချေသည်။
မုန့်ကျယ်လန်က သူမထံသို့ ရည်ရွယ်ချက်ရှိရှိ သတင်းလာပေးခြင်းဖြစ်သည်ကို ရိပ်မိသွားသဖြင့် ကျူးလင်က သူမကို အသာအယာ ပြုံးပြရင်း ပြောလိုက်သည်။
"ဒီသတင်းကို လာပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျွန်မ ရေမဝယ်ချင်ဘူး..."
မုန့်ကျယ်လန်က ပြုံးလျက် ပြန်ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး... ကျွန်မတို့က တစ်ထပ်တည်းမှာ အတူတူနေကြတာပဲလေ... အချင်းချင်း ကူညီရမှာပေါ့..."
ကျူးလင်သည် မုန့်ကျယ်လန်၏ အပြုံးကို ကြည့်ကာ ဤမိန်းကလေးငယ်မှာ အမှန်တကယ်ပင် စိတ်နှလုံးကောင်းရှိကြောင်း ခံစားလိုက်ရသည်။။
သူမက ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။
"အပြင်မှာ အရမ်းပူတယ်... မင်းလည်း အိမ်ကို မြန်မြန်ပြန်တော့လေ..."
မုန့်ကျယလလန် စကားမပြောနိုင်ခင်မှာပင် ကျူးလင်က သူမကို တစ်ဖန်ခေါင်းညိတ်ပြလိုက်ပြီး တံခါးကို ပိတ်လိုက်လေသည်။
မုန့်ကျယ်လန်မှာ ပိတ်သွားသော တံခါးအပြင်ဘက်တွင် ရပ်ကျန်ခဲ့ပြီး ဇဝေဇဝါဖြစ်စွာဖြင့် ခေါင်းကို ကုတ်နေမိတော့သည်။
ခဏအကြာတွင် သူမ၏ ခန္ဓာကိုယ်အပူချိန် မြင့်တက်လာသည်ကို ခံစားလိုက်ရသဖြင့် အိမ်သို့ အပြေးအလွှား ပြန်သွားရလေတော့သည်။
တံခါးပိတ်ပြီးနောက် ကျူးလင်သည် ဟောင်းနွမ်းနေသော ဆိုဖာပေါ်တွင် ထိုင်ကာ ခုနက မုန့်ကျယ်လန် ပြောသွားသော စကားများကို စဉ်းစားနေမိသည်။
သူမ စဉ်းစားနေစဉ်မှာပင် ထူထူသည် နောက်ဆုံး၌ နိုးလာခဲ့ချေပြီ။
ယုန်လေးသည် မျက်လုံးများကို ပွတ်သပ်ကာ သူမကို ကြည့်ရင်း မေးလိုက်သည်။
"သခင်မလေး... ဘာတွေ စဉ်းစားနေတာလဲ..."
ကျူးလင်သည် အတွေးများထဲမှ နိုးထလာပြီး ပြောလိုက်သည်။
"ခုနက ကြားလိုက်ရတဲ့ သတင်းအကြောင်း စဉ်းစားနေတာ..."
ထူထူက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"သတင်းဟုတ်လား... ဘာသတင်းလဲဟင်..."
သူမက ယုန်လေးကို ကြည့်ကာ ပြောလိုက်သည်။
"ခုနက မိန်းကလေးတစ်ယောက် လာသွားတယ်... သူမပြောတာတော့ ဒီနေ့မနက်ပိုင်းမှာ လူအများကြီး အပူလျှပ်ပြီး သေဆုံးကုန်ကြပြီတဲ့... ပြီးတော့ ဒီစခန်းရဲ့ ရေအရင်းအမြစ်လည်း ခန်းခြောက်သွားပြီလို့ ပြောတယ်..."
ထူထူက ထပ်မံမေးလိုက်သည်။
"ဒါဆို အဲဒီသတင်းက ကျွန်တော်တို့နဲ့ ဘာဆိုင်လို့လဲ..."
ယုန်လေး၏ မေးခွန်းကို ကြားသောအခါ ကျူးလင်သည် အပြင်ဘက်ရှိ တောက်ပနေသော ကောင်းကင်ကြီးကို လှမ်းကြည့်ရင်း ပြောလိုက်သည်။
"ရေမရှိရင် လူအများကြီး သေဆုံးရလိမ့်မယ်... အပူလျှပ်လို့ပဲဖြစ်ဖြစ်... ရေဓာတ်ခန်းခြောက်လို့ပဲဖြစ်ဖြစ်ပေါ့..."
ထူထူက သူမ၏ မျက်နှာအမူအရာကို ကြည့်ကာ မေးလိုက်သည်။
"သခင်မလေး... သူတို့ကို ကူညီချင်လို့လား..."
ကျူးလင်က ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။
"အင်း..."
ထူထူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"သခင်မလေး... သခင်မလေးက..."
သူမက ယုန်လေး၏ ခေါင်းကို အသာအယာ ပုတ်ပေးကာ စကားကို ဖြတ်ပြောလိုက်သည်။
"မင်း ဘာပြောချင်လဲဆိုတာ ငါသိပါတယ်... ဒါပေမဲ့ နတ်ဘုရားမတစ်ပါးအနေနဲ့ ငါကူညီနိုင်ရဲ့သားနဲ့ သူတို့ကို ဒီအတိုင်း သေခွင့်မပြုနိုင်ဘူး... ပြီးတော့ ငါဆက်လုပ်မယ့်အရာက ငါတို့အတွက်လည်း အကျိုးရှိစေမှာပါ..."
ထူထူက ခေါင်းလေးကို အနည်းငယ်စောင်းကာ မေးလိုက်သည်။
"သခင်မလေးမှာ ဘာအစီအစဉ် ရှိလို့လဲ..."
ကျူးလင်က ပြုံးလျက် ပြောလိုက်သည်။
"သူတို့မှာ ရေပြတ်လပ်နေတော့... ငါတို့ သူတို့ကို ရေရောင်းကြမယ်..."
သူမ၏ အဖြေကို ကြားသောအခါ ထူထူမှာ ဇဝေဇဝါဖြစ်သွားပြီး မေးလိုက်သည်။
"ရေရောင်းမယ် ဟုတ်လား... အဲဒါက ကျွန်တော်တို့အတွက် ဘာအကျိုးရှိမှာလဲ..."
သူမက ယုန်လေး၏ နူးညံ့သော အမွေးအမျှင်များကို သပ်ပေးရင်း ပြောလိုက်သည်။
"ငါ့ရဲ့ ကျင့်ကြံမှုကို မြှင့်တင်ဖို့ လိုအပ်နေပြီး သူတို့ကတော့ ရေကို လိုအပ်နေတယ်... “
“ငါက သူတို့ကို ရေနဲ့ ပုံဆောင်ခဲအမြုတေတွေ လဲလှယ်ခိုင်းလို့ ရတာပဲ..."
“ဒီလိုဆိုရင် သူတို့ကို ကူညီပေးရင်းနဲ့ ငါလည်း ပုံဆောင်ခဲအမြုတေတွေကို ပိုပြီးမြန်မြန် စုဆောင်းနိုင်လိမ့်မယ်..."
“ဒါက နှစ်ဦးနှစ်ဖက်လုံးအတွက် အဆင်ပြေတဲ့ နည်းလမ်းမဟုတ်ဘူးလား..."
ထူထူက ခေတ္တမျှ စဉ်းစားပြီးနောက် သူမကို ကြည့်ကာ ပြောလိုက်သည်။
"သခင်မလေးရဲ့ အကြံက တကယ်ကောင်းတာပဲ... ဒါဆို ကျွန်တော်တို့ ဘယ်တော့ စကြမလဲ..."
ကျူးလင်၏ နှုတ်ခမ်းထောင့်စွန်းများမှာ အနည်းငယ် ကွေးညွတ်သွားပြီး ပြောလိုက်သည်။
"ဒီညပေါ့..."
ရေရောင်းရန် ဆုံးဖြတ်ပြီးနောက် ကျူးလင်သည် နေဝင်ချိန်အထိ စောင့်ဆိုင်းပြီးမှ အပြင်သို့ ထွက်ခဲ့လေသည်။
သူမ မျှော်လင့်ထားသည့်အတိုင်းပင် နေ့ဘက်တွင် ပူပြင်းလှသော ရာသီဥတုနှင့် မြင့်မားလှသော အပူချိန်ကြောင့် လူအများစုမှာ နေ့ဘက်တွင် အိမ်၌သာ ပုန်းအောင်းနေကြပြီး ညဘက်မှသာ အပြင်သို့ ထွက်လာကြချေသည်။
ယနေ့ညတွင် လမ်းမပေါ်၌ လျှောက်လှမ်းရင်း ကျူးလင်သည် လမ်းမများမှာ ယခင်ကလောက် လူမစည်ကားတော့သည်ကို သတိပြုမိလိုက်သည်။
လေထုထဲတွင် ပုပ်စော်နံသော အသားပုပ်နံ့ သင်းပျံ့နေသည့်အပြင် လူအများစု၏ မျက်နှာအမူအရာမှာလည်း ဝမ်းနည်းပူဆွေးကာ မှိုင်တွေနေကြသည်ကို သူမ သတိပြုမိလိုက်သည်။
အပူလျှပ်၍ လူများ သေဆုံးကုန်ကြသည့် သတင်းကို တွေးမိကာ ဤလူများသည် သူတို့၏ ဆွေမျိုးသားချင်းများကို ဆုံးရှုံးလိုက်ရခြင်း ဖြစ်နိုင်ကြောင်း သူမ ခန့်မှန်းမိလေသည်။
လူများကို အကဲခတ်ရင်း သူမသည် ဈေးနေရာသို့ ရောက်ရှိလာခဲ့သည်။ ယခင်တစ်ခေါက် ဈေးသို့ လာခဲ့စဉ်ကနှင့်မတူဘဲ ယနေ့ညတွင် ပစ္စည်းရောင်းချသူ အလွန်နည်းပါးလှချေသည်။
ဈေး၏ အလယ်ဗဟိုနေရာတွင် လွတ်နေသော နေရာအများအပြား ရှိနေသေးသည်ကို မြင်သဖြင့် ကျူးလင်သည် ထောင်စုနှစ်ရေခဲပိုးသားဖြင့် ပြုလုပ်ထားသော ပိတ်စတစ်စကို ထုတ်ယူလိုက်သည်။
သူမသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ သင့်တော်သော နေရာတစ်ခုကို ရှာဖွေပြီး အခြားကုန်သည်များကဲ့သို့ပင် ပိတ်စကို မြေပြင်ပေါ်တွင် ဖြန့်ခင်းလိုက်သည်။
ရေရောင်းချမည် ဖြစ်သောကြောင့် သူမသည် ထူထူပေးထားသော ကျောက်စိမ်းဇလုံကို ထုတ်ယူကာ သူမ၏ ရှေ့တွင် ချထားလိုက်ပြီး ပထမဆုံး ဖောက်သည်ကို စောင့်ဆိုင်းနေလိုက်တော့သည်။
မကြာမီပင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် သူမ၏ ဆိုင်ခန်းထံသို့ ရောက်ရှိလာကြသည်။
့ထိုစုံတွဲသည် ရေအပြည့်ထည့်ထားသော ကျောက်စိမ်းဇလုံကို အလွန်စိတ်ဝင်တစား ကြည့်ရှုနေကြပြီး အမျိုးသမီးက မေးလိုက်သည်။
"ဆိုင်ရှင်... ဒီကျောက်စိမ်းဇလုံကို ဘယ်လောက်နဲ့ ရောင်းမှာလဲ..."
ကျူးလင်က မော့ကြည့်ကာ ပြောလိုက်သည်။
"ဒါက မရောင်းဘူး..."
သူမ၏ အဖြေကို ကြားသောအခါ အမျိုးသမီးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"မရောင်းဘူးဆိုရင် ဘာလို့ ဒီမှာ လာချထားတာလဲ..."
ပြောပြီးနောက် သူမသည် ကျူးလင်၏ ရှေးဟောင်းဝတ်စုံကို တစ်ဖန်ပြန်ကြည့်လိုက်သည်။ သူမက ပြုံးလိုက်ပြီး လှောင်ပြောင်သရော်သော လေသံဖြင့် မေးလိုက်သည်။
"ရှင်က ဒီမှာ ကော့စပလေး လာလုပ်နေတာလား..."
ကျူးလင်က ခေါင်းလေးကို အနည်းငယ်စောင်းကာ ပြောလိုက်သည်။
"ကော့စပလေးလုပ်တယ်ဆိုတာ ဘာလဲ ကျွန်မသိဘူး... ဒါပေမဲ့ ကျွန်မက ရေရောင်းတာ..."
ထိုစုံတွဲသည် သူမ၏ စကားကို ကြားလိုက်ရသောအခါ မျက်လုံးများ တောက်ပသွားကြသည်။
နေ့စဉ်နှင့်အမျှ အပူချိန် မြင့်တက်လာသည်နှင့်အမျှ ရေဈေးနှုန်းမှာလည်း ဆက်တိုက် မြင့်တက်နေခဲ့သည်။
သူတို့၏ လက်ရှိစွမ်းအားဖြင့် တစ်နေကုန် အလုပ်လုပ်ပြီးမှသာ တစ်နေ့လျှင် ရေသန့်ဘူး နှစ်ဘူးသာ ဝယ်ယူနိုင်ကြချေသည်။
ထို့ပြင် သူတို့သည် တာဝန်များ မလုပ်ဆောင်သည်မှာ တစ်ပတ်ခန့် ရှိနေပြီဖြစ်ရာ သူတို့၏ ပံ့ပိုးမှုအမှတ်များမှာလည်း ရေလဲလှယ်ရန် မလုံလောက်တော့ပေ။
အမျိုးသမီးသည် သူမ၏ ခြောက်သွေ့ကွဲအက်နေသော နှုတ်ခမ်းများကို လျှာဖြင့်သပ်ကာ မေးလိုက်သည်။
"ရေက ဘယ်လောက်လဲ..."
ကျူးလင်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
"ရေတစ်လီတာရဲ့ ဈေးနှုန်းက သာမန်ပုံဆောင်ခဲအမြုတေ နှစ်ခုပဲ..."
ဤဈေးနှုန်းအရဆိုလျှင် သူမသည် အဆင့်နိမ့်ရေမန္တန်အဆောင်လက်ဖွဲ့ တစ်ခုမှ အနည်းဆုံး သာမန်ပုံဆောင်ခဲအမြုတေ တစ်ရာ့ငါးဆယ်ခန့် ရရှိနိုင်မည် ဖြစ်သည်။
ဈေးနှုန်းကို ကြားပြီးနောက် ထိုစုံတွဲမှာ အလွန်အမင်း အံ့အားသင့်သွားကြသည်။ သူတို့၏ အံ့ဩနေသော မျက်နှာအမူအရာများကို မြင်သောအခါ ကျူးလင်က တွေးလိုက်မိသည်။
“ဈေးနှုန်းက အရမ်းကြီး ကြီးသွားလို့လား... ဒါပေမဲ့ ငါ အနည်းဆုံးတော့ ဒီလောက် ရသင့်တယ်လေ...”
“မဟုတ်ရင် ငါ ဒီမှာ အချိန်ဖြုန်းနေသလို ဖြစ်သွားလိမ့်မယ်..."
“ဒါမှမဟုတ် ဒီကမ္ဘာက လူသားတွေက အရမ်းအားနည်းလွန်းလို့ ဖုတ်ကောင်တွေဆီကနေ သာမန်ပုံဆောင်ခဲအမြုတေ အနည်းငယ်တောင် မရနိုင်ကြတာလား...'