← Chapters

အခန်း ၅၇

Vol. 6 Ch. 57

အခန်း ၅၇

Vol. 6 Ch. 57

အခန်း (၅၇) - သင် မျက်နှာကို ဖုံးကွယ်ထားသင့်သည်

ကျူးလင်က ထိုလူငယ်နှင့် ခေတ္တမျှ စကားပြောဆိုပြီးနောက် သက်လတ်ပိုင်း အမျိုးသားက သူ၏အိတ်ကပ်ထဲမှ သာမန်ပုံဆောင်ခဲအမြုတေ ခြောက်ခုကို ထုတ်ယူကာ ပြောလိုက်သည်။

"မိန်းကလေး... ကျွန်တော့်ကို ရေသုံးလီတာလောက် ပေးပါ... ဒါက ရေဖိုးပါ..."

သူက ပုံဆောင်ခဲအမြုတေများကို ကျူးလင်၏ ဘေးနားတွင် ချထားလိုက်ပြီးနောက် သူ၏ကျောပိုးအိတ်ထဲမှ ဗလာရေဘူး သုံးဘူးကို ထုတ်ယူလိုက်လေသည်။

ကျူးလင်က ပုံဆောင်ခဲအမြုတေများကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီးနောက် ရေဘူးများကို စတင်ဖြည့်ပေးလိုက်တော့သည်။

သူမက ရေအပြည့်ဖြည့်ထားသော ရေဘူးကို ထိုအမျိုးသားထံသို့ ကမ်းပေးရင်း ပြောလိုက်သည်။

"အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်..."

သူမ၏ဘေးတွင် ထိုင်နေသော ထူထူက မိမိ၏သခင်မသည် တိုတောင်းလှသော အချိန်လေးအတွင်း သာမန်ပုံဆောင်ခဲအမြုတေ တစ်ဆယ့်ရှစ်ခုအထိ ရှာဖွေနိုင်သည်ကို စောင့်ကြည့်နေပြီးနောက် စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။

“သခင်မလေး... သခင်မ‌လေးရဲ့ အကြံက တကယ်ကို ပြောင်မြောက်တာပဲ..."

“ကျွန်‌တော်တို့သာ နေ့တိုင်း ရေလီတာတစ်ထောင် ရောင်းနိုင်ရင် နေ့တိုင်း သာမန်ပုံဆောင်ခဲအမြုတေ နှစ်ထောင်လောက် ရနိုင်မှာ..."

“ဒီလို ငွေရှာရတာက အပြင်ထွက်ပြီး ရိက္ခာတွေ လိုက်စုနေရတာထက် အများကြီး ပိုလွယ်ကူသေးတယ်...”

ကျူးလင်က ခေါင်းညိတ်လိုက်ပြီး ပြန်ပြောလိုက်သည်။

“ဟုတ်တယ်... ဒါပေမဲ့ တစ်ရက်တည်းနဲ့ ဒီလောက်အများကြီး ရောင်းနိုင်ပါ့မလားတော့ မသိဘူး...”

သူမက ထူထူကို ထိုသို့ပြောပြီးနောက် အမျိုးသားသုံးဦးသည် သူမ၏ ဆိုင်ခန်းဆီသို့ လျှောက်လှမ်းလာကြလေသည်။ ထူထူက သူတို့၏ မျက်နှာများကို မြင်လိုက်ရသောအခါ အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

'သူတို့ကို ကျွန်တော်တို့ အရင်က တွေ့ဖူးတယ်...'

ကျူးလင်က မော့ကြည့်လိုက်ပြီး သူတို့၏မျက်နှာများကို မြင်သောအခါ ပြောလိုက်သည်။

'အာ... သူတို့ပဲ... မြွေကြီးကို သတ်ခဲ့တဲ့လူတွေပဲ...'

သူတို့ထံမှ ရရှိခဲ့သော အကျိုးကျေးဇူးများကို တွေးတောမိရင်း သူမက ခပ်ဖွဖွလေး ပြုံးကာ မေးလိုက်သည်။

"ရေဝယ်မလို့လားရှင်..."

သူတို့က သူမကို ငေးမောကြည့်နေကြသည်ကို မြင်သောအခါ ကျူးလင်က သူမ၏မေးခွန်းကို ထပ်မံမေးမြန်းလိုက်ပြန်သည်။

"ရေဝယ်မလို့လားရှင်..."

သူမ၏မေးခွန်းကို ဒုတိယအကြိမ် ကြားလိုက်ရမှသာ ရန်ယွမ်နှင့် သူ၏သူငယ်ချင်းနှစ်ဦးမှာ သတိပြန်ဝင်လာကြတော့သည်။

သူတို့၏ ရှက်ရွံ့ထစ်ငေါ့နေသော အမူအရာများကို မြင်သောအခါ ထူထူက ခေါင်းကို ခါယမ်းရင်း ပြောလိုက်သည်။

'သခင်မလေး... သခင်မလေးရဲ့ မျက်နှာကို ဖုံးကွယ်ထားသင့်တယ်လို့ ငါထင်တယ်... ဒီလူသားတွေက သခင်မ‌လေးရဲ့ ရုပ်ရည်နဲ့ အသံဒဏ်ကို မခံနိုင်ကြဘူး...'

ကျူးလင်က သူမ၏ယုန်လေးကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

'ငါကတော့ ကျင့်သားရနေပါပြီ... ဒါတင်မကသေးဘူး... လောကဘုံခြောက်ပါးမှာတောင် ငါ့ရဲ့ရုပ်ရည်နဲ့ အသံကြောင့် စိတ်မလှုပ်ရှားဘဲ နေနိုင်တဲ့ နတ်ဘုရားက အနည်းငယ်ပဲ ရှိတာ...'

သူမက ထူထူနှင့် စကားပြောနေစဉ်အတွင်း ရန်ယွမ်က သူ၏ကျောပိုးအိတ်ထဲမှ ဘူးအသေးလေးတစ်ဘူးကို ထုတ်ယူကာ ပြောလိုက်သည်။

"မိန်းကလေးက သန္ဓေပြောင်းသားရဲတွေရဲ့ သွေးတွေကို လက်ခံတယ်လို့ ကြားလို့ပါ... ဒါနဲ့ဆိုရင်ကော... ဒီသွေးတစ်ဘူးကို ရေဘယ်လောက်နဲ့ လဲလှယ်ပေးနိုင်မလဲ..."

ကျူးလင်က သူ၏လက်ထဲမှ ဘူးကို လှမ်းယူလိုက်ပြီး အဖုံးကိုဖွင့်ကာ သွေးများကို ကြည့်လိုက်လေသည်။

သူတို့က သွေးများကို သိုလှောင်ရန် သာမန်ပလတ်စတစ်ဘူးကို အသုံးပြုထားခြင်းမှာ နှမြောစရာကောင်းလှပေသည်။ ဝိညာဉ်စွမ်းအင် ထက်ဝက်ကျော်ခန့် ဆုံးရှုံးသွားသည်ကို မြင်လိုက်ရသဖြင့် ကျူးလင်က ဘူးအဖုံးကို ပြန်ပိတ်လိုက်ပြီး ပြောလိုက်သည်။

"ရေတစ်ဆယ့်နှစ်လီတာနဲ့ လဲပေးမယ်..."

ဝေ့ပိုင်က သူမကို ပြုံးပြရင်း ပြောလိုက်သည်။

"မိန်းကလေး... ကျွန်တော်တို့ကို နည်းနည်းလောက် ပိုပေးလို့ မရဘူးလား... ဒီသန္ဓေပြောင်းတောဝက်ကို သတ်ဖို့ ကျွန်တော်တို့ တော်တော်လေး ကြိုးစားခဲ့ရတာမလို့ပါ..."

သူမက သူ့ကို ကြည့်ကာ ပြောလိုက်သည်။

"ဒီသွေးက မလတ်ဆတ်တော့ဘူး... ပြီးတော့ အာနိသင်တွေလည်း အများကြီး ဆုံးရှုံးသွားပြီ... ရေတစ်ဆယ့်နှစ်လီတာက ကျွန်မပေးနိုင်တဲ့ အများဆုံးပဲ..."

သူမ ပြောပြီးနောက် ရန်ယွမ်က ပြောလိုက်သည်။

"ရေတစ်ဆယ့်နှစ်လီတာဆိုရင် လုံလောက်ပါပြီ..."

ကျူးလင်က ခေါင်းညိတ်လိုက်ပြီး သူတို့လက်ထဲမှ ဗလာဘူးများကို လှမ်းယူကာ ရေအပြည့် ဖြည့်ပေးလိုက်လေသည်။ မြွေကြီး၏ အသားကို တွေးတောမိရင်း သူမက သူတို့ကို ကြည့်ကာ ပြောလိုက်သည်။

"ရှင်တို့ဆီမှာ သန္ဓေပြောင်းသားရဲရဲ့ အသားတွေရှိရင်လည်း ကျွန်မဆီ ယူလာပေးလို့ရတယ်... အရည်အသွေးက လက်ခံနိုင်လောက်တဲ့ အခြေအနေမှာ ရှိရင် ကျွန်မဝယ်မယ်..."

ယခုတစ်ကြိမ်တွင် သူမ ပြောပြီးနောက် ပုံမှန်အားဖြင့် စကားနည်းလှသော လျန်မင်ပင် သူမကို အံ့အားသင့်စွာ ကြည့်ကာ မေးလိုက်တော့သည်။

"မိန်းကလေးက သန္ဓေပြောင်းသားရဲတွေရဲ့ အသားကို စားတာလား..."

ကျူးလင်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်..."

သူမ၏ အဖြေကြောင့် သူတို့သုံးဦးသာမက ဘေးပတ်ဝန်းကျင်ရှိ ဆိုင်ရှင်များပါ ဆွံ့အသွားကြလေသည်။

အဆိပ်အတောက်များ ရှိနေသော ထိုအသားများကို သူမက စားဝံ့သဖြင့် အားလုံးက သူမကို လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်လိုက်ကြတော့သည်။

ရေဘူးများကို ရေအပြည့် ဖြည့်ပေးပြီးနောက် သူမက ပြောလိုက်သည်။

"အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်..."

လူတိုင်းက သူမကို အမျိုးမျိုးသော အမူအရာများဖြင့် စိုက်ကြည့်နေကြစဉ် ကျူးလင်က သန္ဓေပြောင်းတောဝက်၏ သွေးကို တည်ငြိမ်စွာ သိမ်းဆည်းလိုက်လေသည်။

ဝိညာဉ်စွမ်းအင်အများစု ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း သာမန်မင်ရည်ထက်မူ ပိုမိုကောင်းမွန်သော အာနိသင် ရှိနေဆဲပင် ဖြစ်သည်။

နောက်ထပ် ဝယ်ယူသူတစ်ဦး ရောက်ရှိလာသည်ကို မြင်သောအခါ ရန်ယွမ်သည် သူငယ်ချင်းနှစ်ဦးနှင့်အတူ ထွက်ခွာသွားတော့သည်။

ရှေးဟောင်းဝတ်စုံကို ဝတ်ဆင်ထားသော ချောမောလှပသည့် အမျိုးသမီးငယ်လေးတစ်ဦးက ဈေးနှုန်းချိုသာစွာဖြင့် ရေရောင်းချနေသည်ဟူသော သတင်းမှာ စခန်းတစ်ခုလုံးသို့ တောမီးပမာ ပျံ့နှံ့သွားလေသည်။

မကြာမီအချိန်အတွင်း ကျူးလင်၏ ဆိုင်ခန်းရှေ့တွင် ရှည်လျားလှသော လူတန်းကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။

ကျောက်စိမ်းရေကန်အတွင်းရှိ ရေများ ကုန်ဆုံးသွားသည်ကို မြင်လိုက်ရသဖြင့် တန်းစီနေဆဲဖြစ်သော လူများမှာ အလွန်ပင် စိုးရိမ်ပူပန်သွားကြလေသည်။ သက်ကြီးရွယ်အို အမျိုးသားတစ်ဦးက ကျူးလင်ကို ကြည့်ကာ မေးလိုက်သည်။

"မိန်းကလေး... ရောင်းဖို့ ရေတွေ ကျန်သေးလားကွယ်..."

ရေစွမ်းရည်ရှိသော စွမ်းအားရှင်တစ်ဦးသည် တစ်ရက်လျှင် ထုတ်လုပ်နိုင်သော ရေပမာဏမှာ ကန့်သတ်ချက်ရှိသည်ကို လူတိုင်း သိရှိထားကြပေသည်။

ယခုအခါ သူမက ရေအမြောက်အမြား ရောင်းချပြီးဖြစ်သဖြင့် ယနေ့အတွက် ရေထပ်မံထုတ်လုပ်နိုင်လိမ့်မည်ဟု သူတို့ မထင်ကြတော့ပေ။

ထို့ကြောင့် ထိုအဘိုးအိုက မေးမြန်းလိုက်သောအခါ လူတိုင်းက ကျူးလင်ကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြလေသည်။

ကျူးလင်က ထိုအဘိုးအိုကို ကြည့်ကာ ပြောလိုက်သည်။

"ရှိပါတယ်ရှင်... ခဏလောက် စောင့်ပေးပါဦး..."

သူမက ထိုသို့ပြောလိုက်သည်နှင့် မငြိမ်မသက်ဖြစ်နေသော လူအုပ်ကြီးမှာ တဖြည်းဖြည်း ငြိမ်သက်သွားကြတော့သည်။

သူမ၏ ဆိုင်ခန်းနှင့် မလှမ်းမကမ်းတွင် မုန့်ကျယ်လန်သည် သူမ ရေရောင်းချနေသည်ကို မြင်တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားရလေသည်။

သူမ၏ဘေးတွင် ရပ်နေသော အခြားအမျိုးသမီးငယ်တစ်ဦးက မေးလိုက်သည်။

"ကျယ်လန်... နင် သူ့ကို သိလို့လား..."

မုန့်ကျယ်လန်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"သူက ငါ ခုနကပြောတဲ့ အိမ်နီးနားချင်းအသစ်ပဲ... ဒါကြောင့်မလို့ ငါ့ဆီက ရေဝယ်ဖို့ ငြင်းဆန်ခဲ့တာကိုး... သူကလည်း ရေစွမ်းအားရှင် ဖြစ်နေတာပဲ..."

သူမ၏သူငယ်ချင်းက ကျူးလင်၏ ဆိုင်ခန်းရှေ့ရှိ ရှည်လျားလှသော လူတန်းကြီးကို ကြည့်ကာ ပြောလိုက်သည်။

"သူ့ရဲ့ စွမ်းရည်အဆင့်က နင့်ထက် ပိုမြင့်ပုံရတယ်..."

မုန့်ကျယ်လန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အင်း... ငါက တစ်ရက်ကို အများဆုံး ရေသုံးဆယ်လီတာပဲ ထုတ်နိုင်တာ... ဒါပေမဲ့ ဒီလူတန်းကြီးကို ကြည့်ရသလောက်တော့ သူက တစ်ရက်ကို အနည်းဆုံး ရေနှစ်ရာလီတာလောက် ထုတ်နိုင်ပုံရတယ်...”

“တစ်ရက်ကို ဒီလောက်အများကြီး ထုတ်နိုင်တယ်ဆိုရင် သူက အနည်းဆုံးတော့ အဆင့်သုံးစွမ်းအားရှင် ဖြစ်ရမယ်..."

မုန့်ကျယ်လန်နှင့် သူမ၏သူငယ်ချင်းတို့က ကျူးလင်၏ စွမ်းရည်အဆင့်ကို ခန့်မှန်းနေကြစဉ် ကျူးလင်က ရေခဲပန်းပွင့်ဆွဲသီးထဲမှ ရေမန္တန်အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူလိုက်လေသည်။

All Chapters