အခန်း ၄၇
Vol. 5 Ch. 47
အခန်း (၄၇) ဆုကြေးအနေနဲ့ လမ်ဘော်ဂီနီကားပေးမယ်
ဝန်ထမ်းတစ်ဦးက ဝမ်းသာအားရဖြင့် ပြောဆိုလိုက်ပေ၏။
"ရှယ်ယာရှင်အသစ်က တကယ်ကို စေတနာကောင်းတာပဲ... ငါတို့အတွက်တောင် လက်ဆောင်တွေ ပြင်ဆင်ပေးထားသေးတယ်"
"ဘာလက်ဆောင်များလဲ မသိဘူးနော်..."
"ဘာဖြစ်နိုင်မှာလဲ... အရင်တစ်ခေါက်တုန်းက ဘုတ်အဖွဲ့က ငါတို့တစ်ယောက်ချင်းစီအတွက် သကြားမပါတဲ့ ကိုလာတစ်ဖာစီ ပေးခဲ့တာလေ... ဒီလူတွေက သူတို့ပိုက်ဆံ ထုတ်ပေးမယ်လို့ တကယ် မျှော်လင့်နေတာလား..."
"ဟုတ်တယ်... ငါတို့ လစာကိုပဲ ပိုဂရုစိုက်တာက ကောင်းပါတယ်... ဘယ်လိုလက်ဆောင်ကမှ လစာတိုးတာလောက် မကောင်းပါဘူး..."
အဘယ်ကြောင့်ဆိုသော် ယခင် ရှယ်ယာရှင်များက လက်ဆောင်များပေးမည်ဟု အကြောင်းပြကာ ဟန်ရေးပြလေ့ရှိသောကြောင့် ယခုအခါတွင် လူတိုင်းက ဤကိစ္စကို အလွန်အမင်း အကဲဆတ်နေကြခြင်း ဖြစ်ပေ၏။
ဤသည်မှာ စုယွမ် မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။
"အားလုံးပဲ လာကြည့်ကြပါဦး..."
စုယွမ်က အနည်းငယ် ပြုံးလျက် ပြောဆိုလိုက်၏။
ဤသည်ကို ကြားချိန်တွင် လူတိုင်းက လျှောက်လာကြသည်။ ပြတင်းပေါက်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ ဂရုမစိုက်သော မျက်နှာအမူအရာများသည် ချက်ချင်းပင် ပျောက်ကွယ်သွားပြီး အံ့အားသင့်မှုများဖြင့် အစားထိုးသွားလေ၏။
ဘာကြောင့်လဲဆိုတော့ အောက်ဘက်မှာ အားကစားကား တစ်စီးတည်းသာ ရပ်ထားလို့ပဲ...
"သခင်လေးစု... လက်ဆောင်ကို ကားပေါ်ကနေ ထုတ်ဖို့ မေ့သွားလို့လား..."
"လူတိုင်းကို ဒီလို မြင်ခိုင်းလိုက်မယ်ဆိုရင် အားလုံးက သခင်းလေးစု ဒီကားကို လူတိုင်းကို လက်ဆောင်အဖြစ် ပေးမယ်လို့ ထင်သွားနိုင်တယ်..."
ဖုန်းရှင်းက အလျင်အမြန် သတိပေးလိုက်သည်။
"မဟုတ်ပါဘူး... အားလုံးအတွက် ကျွန်တော် ပြင်ဆင်လာတဲ့ လက်ဆောင်က ဒီကားပါပဲ..."
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ မျက်လုံးများတွင် တောက်ပသော အလင်းရောင်များ ပေါက်ကွဲထွက်ပေါ်လာတော့၏။
ကားပေးမှာလား...
ဒါ တကယ်လား ဟန်ဆောင်နေတာလား...
အောက်ဘက်ရှိကားမှာ အသစ်စက်စက်ဖြစ်ပြီး ယခုလေးတင် ထုတ်လာခဲ့ကြောင်း ရှင်းလင်းနေပေသည်။
ပြီးတော့ ကားမော်ဒယ်ကလည်း လမ်ဘော်ဂီနီ အဗန်တေးဒိုး ကွ...
ယွမ်သန်းပေါင်းများစွာတန်တဲ့ ဇိမ်ခံကားတစ်စီးကို သခင်လေးစုက ဒီတိုင်း ပေးလိုက်မယ်လို့ ပြောနေတာလား...
ဘုရားရေ... ဒါက တကယ့် အကျိုးခံစားခွင့် အစစ်ပဲ...
အရင် ရှယ်ယာရှင်တွေ ပေးခဲ့တာတွေကို ကြည့်ပါဦး... သခင်လေးစုကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး...
ယွမ်သန်းပေါင်းများစွာတန်တဲ့ ကားတစ်စီး... တကယ်လို့ တစ်ယောက်ယောက်ကသာ အဲဒါကို ရသွားမယ်ဆိုရင်... သူဌေးဖြစ်သွားသလိုပဲ...
"သခင်လေးစု... လူကြီးမင်းက ကုမ္ပဏီရဲ့ အဓိက ရှယ်ယာရှင်လေ... ကတိဖျက်မှာတော့ မဟုတ်ပါဘူးနော်... တကယ်လို့ နောက်နေတာဆိုရင် ကျွန်တော်တို့ကို မနောက်ပါနဲ့ဗျာ..."
စိတ်လှုပ်ရှားနေသော်လည်း အချို့လူများမှာ စုယွမ်၏
စကားများ မှန်ကန်မှုရှိ၊ မရှိကို မလွဲမသွေ စိုးရိမ်ပူပန်နေကြပေသည်။
"ကျွန်တော် ဘယ်တော့မှ မနောက်ဘူး..."
"ဒီ လမ်ဘော်ဂီနီ အဗန်တေးဒိုး ကားက ယွမ် ခုနစ်သန်း တန်တယ်... ဒါက လူအများကြီးရဲ့ အိမ်မက်မက်နေတဲ့ ကားလို့ ထင်ပါတယ်..."
"အခုကစပြီး ဒီကားကို နေရာတစ်ခုမှာ သိမ်းထားမယ်... ပြီးတော့ အများဆုံး စွမ်းဆောင်ပေးနိုင်တဲ့သူကို ရွေးချယ်ပြီးတဲ့အခါ သူကိုယ်တိုင် သွားရောက်ထုတ်ယူရမှာ ဖြစ်ပါတယ်..."
"ဒါက အားလုံးအတွက် ကျွန်တော့်ရဲ့ စိတ်ဓာတ်ခွန်အား ပေးမှုပါပဲ..."
"သေချာတာပေါ့... ကားက တစ်စီးတည်း ရှိတာပါ..."
စုယွမ်၏ စကားများ ပြီးဆုံးသွားချိန်တွင် လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
ကုမ္ပဏီ၏ နည်းပညာဝန်ထမ်း အရေအတွက်မှာ ဒါဇင်အနည်းငယ်မျှသာ ရှိပြီး ၎င်းတို့တစ်ဦးချင်းစီတွင် ဤကားကို ရရှိရန် အခွင့်အရေး ရှိနေပေသည်။
ဖြစ်နိုင်ခြေက အလွန်များပြားနေဆဲပင်။
"သခင်လေးစု... ဒီလိုပြောမှတော့ ကျွန်တော် ဒီမှာ ဆက်ရပ်မနေနိုင်တော့ဘူး... အခုချက်ချင်း အလုပ်သွားလုပ်မှ ရမယ်..."
"ဟုတ်တယ်... အခုချက်ချင်း အလုပ်စလုပ်ရမယ်... အဲဒါဆိုရင် ဒီကားက သေချာပေါက် ငါ့ကားဖြစ်လာမှာပဲ..."
"ဥက္ကဋ္ဌဖုန်း... ကျွန်တော် ခွင့်နှစ်ရက် ယူထားတယ် မဟုတ်လား... အခု အဲဒါကို ပယ်ဖျက်ခွင့်ပြုပါ... အလုပ်ကို အခုချက်ချင်း ပြန်လုပ်ချင်လို့ပါ..."
"ဥက္ကဋ္ဌဖုန်း... အဲလိုလုပ်လို့ မရဘူးလေ... သူက ခွင့်ယူထားပြီးပြီပဲ... အလုပ်ပြန်ဆင်းခွင့် မပေးပါနဲ့... တကယ်လို့ သူ ပြန်လာမယ်ဆိုရင် လမ်ဘော်ဂီနီ အဗန်တေးဒိုး နဲ့ တစ်လှမ်း ပိုဝေးသွားမှာပေါ့..."
လမ်ဘော်ဂီနီ အဗန်တေးဒိုး ၏ လှုံ့ဆော်မှုဖြင့် ဝန်ထမ်းများအားလုံးသည် အချိန်မဆွဲတော့ဘဲ ၎င်းတို့၏ လုပ်ငန်းခွင် နေရာများသို့ အလျင်အမြန် ပြန်သွားကာ အလုပ်လုပ်ကြလေတော့၏။
ဤသည်မှာ ဇိမ်ခံကားတစ်စီး၏ စိတ်ဓာတ်ခွန်အားပေးနိုင်စွမ်းပင် ဖြစ်သည်။ ဤကားသာ မရှိခဲ့ပါက Ar နည်းပညာကုမ္ပဏီသည် နောက်ဆုံး အခက်အခဲကို ကျော်လွှားရန် တစ်လခန့် အချိန်ယူရပေလိမ့်မည်။
သို့သော် ဤကားနှင့်ဆိုလျှင် အချိန်ကို လဝက် သို့မဟုတ် တစ်ပတ်အတွင်းသို့ပင် လျှော့ချနိုင်ပေသည်။
အမြန်နှုန်း တိုးမြှင့်လာမှုက Ar နည်းပညာကုမ္ပဏီ၏ အနာဂတ် စတော့ရှယ်ယာဈေး အမြင့်ဆုံးကို သက်ရောက်မှုရှိစေမည်ဖြစ်ပြီး ကုမ္ပဏီ၏ ပရောဂျက် ပူးပေါင်းဆောင်ရွက်မှုအပေါ် ပိုမိုကြီးမားသော သက်ရောက်မှု ရှိလာစေမည် ဖြစ်သည်။
နိုင်ငံ၏ အဆင့်အမြင့်ဆုံး ဉာဏ်ရည်တု နည်းပညာ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရင်းနှီးမြှုပ်နှံထားသော ရန်ပုံငွေ အားလုံးကို ရက်သတ္တပတ် အနည်းငယ်အတွင်း ပြန်လည်ရရှိစေမည် ဖြစ်ပေ၏။
သူ၏ ဤရင်းနှီးမြှုပ်နှံမှုသည် မောင်းတံတစ်ခုကဲ့သို့ ယွမ် သန်း ၉၀ ကို အသုံးပြု၍ အနာဂတ်တွင် ဘီလီယံချီ တန်ဖိုးရှိမည့် ကုမ္ပဏီကြီးတစ်ခုကို မောင်းနှင်လိုက်ခြင်း ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
ဤနေရာမှ ကိစ္စများကို ဖြေရှင်းပြီးနောက် စုယွမ်သည် အငှားယာဉ်တစ်စီးကို ပေါ့ပေါ့ပါးပါး ခေါ်ကာ အိမ်သို့ ပြန်လာခဲ့သည်။
ယခုအခါ သူသည် ရင်းနှီးမြှုပ်နှံမှုများကို စတင်ပြုလုပ်နေပြီဖြစ်ရာ ကုမ္ပဏီတစ်ခု တည်ထောင်ရန် လိုအပ်ပေသည်။
ပထမဆုံး တည်ထောင်မည့် ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှုများနှင့် သဘာဝကျကျ သက်ဆိုင်နေမည် ဖြစ်၏။
တွေးတောနေစဉ် စုယွမ်သည် ဗိုက်ဆာလာသဖြင့် စားသောက်ဆိုင်တစ်ဆိုင်ကို ပေါ့ပေါ့ပါးပါး ရှာဖွေကာ ဟင်းအနည်းငယ် မှာယူပြီး စတင်စားသောက်လေသည်။
ထျန်းရီအရင်းအနှီးမြှုပ်ကုမ္ပဏီ။
ကျန်းချန်ရှိ အလွန် သြဇာကြီးမားသော ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခု။
သူဌေးဖြစ်သူ ကျန်းထျန်းရီသည် သူ၏ လက်အောက်ငယ်သားများထံမှ အစီရင်ခံစာကို နားထောင်ရင်း လက်ဆစ်များဖြင့် စားပွဲကို ညင်သာစွာ ခေါက်နေခဲ့ပေ၏။
"သုံးသပ်ချက်တွေအရ Ar နည်းပညာကုမ္ပဏီက မဝေးတော့တဲ့ အနာဂတ်မှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရှိလာလိမ့်မယ်..."
"ဒါပေမဲ့ ကျန်းချန်က ရင်းနှီးမြှုပ်နှံသူ တစ်ယောက် ပေါ်လာပြီး ငါတို့ ထျန်းရီအရင်းအနှီးမြှုပ်ကုမ္ပဏီထက်တောင် ပိုမြန်နေသေးတယ်..."
"ဒီလူက ဘယ်သူလဲဆိုတာ ငါ့အတွက် စုံစမ်းပေး... ပြီးရင် အဆက်အသွယ်ရအောင် သူ့ကို ဖုန်းဆက်လိုက်..."
"သူ့ရဲ့ ရှယ်ယာတွေကို ဝယ်ဖို့အတွက် သူ့ပေးထားတဲ့ ဈေးရဲ့ နှစ်ဆကို ငါ ပေးချင်တယ်..."
ကျန်းထျန်းရီက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"သူဌေး... နှစ်ဆတောင်လား... အဲဒါက သေးငယ်တဲ့ ပမာဏ မဟုတ်ဘူးနော်... ထပ်စဉ်းစားဦးမလား..."
တစ်စုံတစ်ယောက်က သူ့ကို သတိပေးလိုက်၏။
Ar နည်းပညာကုမ္ပဏီသည် အလွန် အမြတ်အစွန်းရနိုင်သော အလုပ်တစ်ခုဖြစ်ကြောင်း ၎င်းတို့က ခန့်မှန်းထားသော်လည်း အခြားသူများက ဤအရာကို မသိရှိကြချေ။ ဘာကြောင့် ဘတ်ဂျက်ကို ဤမျှလောက်အထိ များများစားစား သုံးရမည်နည်း။
"ဟားဟား... လူတစ်ယောက်က ဘာမှန်းမသိတဲ့ ကုမ္ပဏီငယ်လေး တစ်ခုမှာ ရှယ်ယာဝယ်ဖို့အတွက် ဘာမှမသိဘဲ ယွမ်သန်းဆယ်ဂဏန်းလောက် သုံးမယ်လို့ မင်း ထင်နေတာလား..."
"တကယ်လို့ ငါက စေတနာမှန် မပြဘူးဆိုရင် သူက ဒီရှယ်ယာတွေကို ဘယ်လိုလုပ် လိုလိုလားလား ပေးမှာလဲ..."
"ငါပြောတဲ့အတိုင်းလုပ်... သူ ယွမ် သန်းတစ်ရာ သုံးထားတာပဲဖြစ်ဖြစ် သန်း ၉၀ ဒါမှမဟုတ် သန်း ၈၀ ပဲ သုံးထားတာဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး... ဒါကို ငါ နှစ်ဆပေးပြီး ဝယ်မယ်..."
ကျန်းထျန်းရီ၏ အမြင်သည် အလွန် စုရှလွန်းလှပြီး အရာဝတ္ထုများ၏ မူလအစကို တစ်ချက်တည်းဖြင့် ထိုးထွင်းသိမြင်နိုင်သည့်အလား ဖြစ်နေပေ၏။
"ကောင်းပါပြီ..."
လက်အောက်ငယ်သားများသည် ကျန်းထျန်းရီ၏ ပြတ်သားမှုကို မြင်တွေ့ပြီးနောက် များများစားစား ထပ်မပြောတော့ချေ။
၎င်းတို့က အရှုံးပေါ်သော အရောင်းအဝယ်တစ်ခုဟု ထင်မြင်နေကြသော်လည်း...
ကျန်းမိသားစု ဗီလာ။
"နင် ဘာပြောလိုက်တယ်... ကျန်းထျန်းရီက ကုမ္ပဏီငယ်လေး တစ်ခုမှာ ရှယ်ယာဝယ်ဖို့ ယွမ်သန်း ၂၀၀ နီးပါး သုံးချင်နေတယ် ဟုတ်လား..."
"သူ တကယ်ကို ရူးသွားပြီလား..."
"ပြီးတော့ ဒီလောက် ကြီးမားတဲ့ ကိစ္စကို သူက ငါနဲ့ မတိုင်ပင်ဘူးလား..."
ဒေါသကြီးပုံရသော အမျိုးသမီးတစ်ဦးသည် သတင်းကို ကြားပြီးနောက် မကျေမနပ် ဖြစ်သွားပေ၏။
သူမသည် ကျန်းထျန်းရီ၏ ဇနီး ဝမ်ဝမ် ပင် ဖြစ်သည်။
"အစ်မ... အစ်မလည်း သိပါတယ်... ယောက်ဖက အမြဲတမ်း အာဏာရှင်ဆန်တယ်ဆိုတာကိုလေ..."
စကားပြောသူမှာ ဝမ်ဝမ်၏ မောင်ဖြစ်သူ ဝမ်ကျို ပင် ဖြစ်လေသည်။
"ဟူး..."
ဝမ်ဝမ်က သက်ပြင်းချလိုက်၏။
အဲဒါက ယွမ်သန်း ၂၀၀ တောင်နော်။
ကျန်းထျန်းရီက ပိုက်ဆံတွေကို ဘယ်နေရာမှာ သုံးရမှန်းမသိအောင် အဲ့ဒီလောက်တောင် ချမ်းသာနေတာလား။
အခြေခံအုတ်မြစ်တောင် မခိုင်မာသေးတဲ့ ဒီလို နည်းပညာကုမ္ပဏီမျိုးမှာ ဒီလောက်ကြီးတဲ့ ပမာဏကို ရင်းနှီးမြှုပ်နှံဖို့က လုံးဝ မတန်ဘူးလေ...
"ကျန်းထျန်းရီ... အို ကျန်းထျန်းရီ... ရှင်က အရမ်း သဘောထားကြီးလွန်းတယ်... ဒီလောက် ကြီးမားတဲ့ ကိစ္စကို ရှင်က ကျွန်မနဲ့ မတိုင်ပင်ခဲ့ဘူး..."
"ဒီတစ်ခါ ကျွန်မသာ ဝင်မပါဘူးဆိုရင် ထျန်းရီအရင်းအနှီးမြှုပ်ကုမ္ပဏီ က ရှင့်လက်ထဲမှာ သေချာပေါက် ပျက်စီးသွားလိမ့်မယ်..."
"ရှင် အသုံးပြုနေတဲ့ ဝန်ထမ်းတွေကို ကြည့်ပါဦး... ရှင့်ကို ဘယ်သူမှ မဆန့်ကျင်ရဲကြဘူး..."
"တကယ်လို့ ရှင်သာ ကျွန်မမိသားစုဝင်တွေကို ကုမ္ပဏီထဲမှာ နေရာချထားဖို့ သဘောတူခဲ့မယ်ဆိုရင် ဒီလိုရလဒ်မျိုး ဘယ်လိုလုပ် ရှိလာတော့မှာလဲ..."
ဝမ်ဝမ်သည် အလွန် မကျေမနပ် ဖြစ်နေခဲ့သည်။ ထျန်းရီအရင်းအနှီးမြှုပ်ကုမ္ပဏီ ကို ဆိုးရွားသော အခြေအနေမှ ကယ်တင်ရန်အတွက် ပြတ်သားသော လုပ်ရပ်တစ်ခု လုပ်ဆောင်ရန် သူမ ဆုံးဖြတ်လိုက်၏။
"ဒီတစ်ခါ ကျွန်မမိသားစုက ရှင့်ကို ကူညီပြီးတာနဲ့ ကျွန်မမိသားစုဝင်တွေကို ကုမ္ပဏီထဲမှာ နေရာချထားပေးဖို့ ရှင့်မှာ ဘာအကြောင်းပြချက်များ ရှိဦးမလဲဆိုတာ ကြည့်ချင်သေးတယ်..."
ဝမ်ဝမ်၏ မျက်နှာပေါ်ရှိ ဒေါသများ ပျောက်ကွယ်သွားပြီး ယုံကြည်မှုရှိသော အမူအရာဖြင့် အစားထိုးသွားကာ တစ်ချိန်တည်းမှာပင် သူမသည် မောင်ဖြစ်သူ ဝမ်ကျိုကို ကြည့်လိုက်သည်...။